← Chapters

မိုးကြိုးကပ်ဘေး၏ သရုပ်မှန်

Vol. 46 Ch. 648

မိုးကြိုးကပ်ဘေး၏ သရုပ်မှန်

Vol. 46 Ch. 648

အဖွဲ့ခေါင်းဆောင်မှာ ကောင်းကင်အား ပြစ်တင်ဆဲဆိုနေသော အဖွဲ့သားများကို လှမ်းအော်လိုက်သည်။

"တော်တော့....ဝိဉာဉ်ဝါးမြိုသားရဲတွေကိုသာ ထိန်းထားပေး။ ကောင်းကင်က မိုးကြိုးလျှပ်စီးတွေက ငါ့အတွက် စမ်းသပ်ချက်ပဲ။"

အဖွဲ့ခေါင်းဆောင်သည် သြဇာအာဏာ ရှိသောကြောင့် အဖွဲ့သားများ အားလုံးမှာ ချက်ချင်းဆိုသလို ဝိဉာဉ်ဝါးမြိုသားရဲများအား ခုခံတိုက်ခိုက်ရန်သာ အာရုံစိုက်ကြတော့သည်။

ဝုန်း.....

ကောင်းကင်ထက်တွင် ပြိုးပြိုးပြက်ပြက် လင်းလက်သွားပြီးနောက် ပြင်းထန်လှသော မိုးကြိုးလျှပ်စီးများ အဖွဲ့ခေါင်းဆောင်ထံ ကျဆင်းလာသည်။

အဖွဲ့ခေါင်းဆောင်မှာ အစွမ်းရှိသမျှ တောင့်ခံနေပါသော်လည်း ခန္ဓာကိုယ်မှာ မီးကျွမ်းထားသော မီးသွေးတုံးသဖွယ် ဖြစ်လာကာ အကန့်အသတ်သို့လည်း ဖြည်းညင်းစွာ ရောက်ရှိလာသည်။

"နာလေး....ဒီကမ္ဘာမှာရော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်အတွက် မိုးကြိုးကပ်ဘေးက လေးဆယ့်ကိုးချက်ပဲလား။"

အန်လင်း မေးမြန်းလိုက်သည်။

တီနာ ခေါင်းခါပြလာသည်။

"ငါလည်းမပြောတတ်ဘူး။ အဲ့ဒါက ဒီကမ္ဘာရဲ့ သဘာဝ နိယာမပဲ။ ဘယ်နချက် ကျလာမလဲဆိုတာ မသေချာဘူး။"

၎င်းတို့စကားစမြည် ပြောဆိုနေစဉ်မှာပင် အချက်လေးဆယ်မြောက် မိုးကြိုးကပ်ဘေးမှာ အဖွဲ့ခေါင်းဆောင်ထံ ကျဆင်းလာသည်။

ဝုန်း.....

မိုးကြိုးလျှပ်စီးမှာ ပြင်းထန်လွန်းလှပြီး အဖွဲ့ခေါင်းဆောင်၏ ဦးခေါင်းတည့်တည့်ကို ထိမှန်သွားသည်။

အဖွဲ့ခေါင်းဆောင်မှာ မျက်နှာတစ်ခုလုံး မည်းတူးကာ မြေပြင်ပေါ် လဲကျသွားပြီးနောက် ပါးစပ်မှ အမည်းရောင် မီးခိုးငွေ့များ ဖြာထွက်လာသည်။

"အဖွဲ့ခေါင်းဆောင်....."

အဖွဲ့သားများအားလုံး စိုးရိမ်တကြီး အော်ဟစ်လိုက်မိကြသည်။

အချို့သော အဖွဲ့သားများဆိုလျှင် မျက်ရည်များပင် စီးကျလာတော့သည်။

"ဝါး....အဖွဲ့ခေါင်းဆောင် ဘာလို့ဒီလိုမျိုး သေသွားရတာလဲ။"

"အဖွဲ့ခေါင်းဆောင်က မိုးကြိုးပစ်ခံရပြီး သေသွားပြီ။ ငါတို့တွေတော့ သွားပြီပေါ့။"

အချို့မှာ ကြောက်စိတ်ဝင်လာကြသည်။

အဖွဲ့ခေါင်းဆောင်၏ အသက်စွမ်းအင်မှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး ကောင်းကင်ထက်မှ တိမ်စိုင်များလည်း စတင်လျော့ပါးလာသည်။

အန်လင်း ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်။

"သူတကယ်ကြီး သေသွားတာလား။"

တီနာ: "......"

၎င်းတို့နှစ်ဦးသည် သမိုင်းတွင်မည့် အဖြစ်အပျက်အား မြင်တွေ့ရတော့မည်ဟု ထင်ထားခဲ့ပြီး ယခုကဲ့သို့ အဆုံးသတ်သွားလိမ့်မည်ဟု မျှော်လင့်မထားကြပေ။

တီနာမှာ လက်ချောင်းများကို လှုပ်လာလိုက်သည်နှင့် အဖြူရောင် အလင်းတန်းများ ဝိဉာဉ်ဝါးမြိုသားရဲများပေါ် ကျဆင်းလာသည်။

စစ်မှန်မိစ္ဆာ လေးကောင်အနီးတွင် ရှိနေသော ဝိဉာဉ်ဝါးမြိုသားရဲများအားလုံး ပေါက်ကွဲသွားတော့သည်။

အဖွဲ့သားများအားလုံးမှာ ထိုမြင်ကွင်းအား ကြောင်တောင်တောင်နှင့် ငေးမိနေမိကြသည်။

ဝိဉာဉ်ဝါးမြိုသားရဲများသည် အဘယ့်ကြောင့် ပေါက်ကွဲသွားရပါသနည်း။

၎င်းတို့သည် အသက်အန္တရာယ်မှ ကင်းလွတ်သွားပါသော်လည်း မပျော်ရွှင်နိုင်ပဲ ခေါင်းသာရှုပ်နေသည်။

"ဒီကမ္ဘာမှာ မိုးကြိုးကပ်ဘေး ဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့တဲ့လူအတွက် ငါဒီလောက်တော့ လုပ်ပေးသင့်တယ်မလား။ သူ့ရဲ့မိသားစုကိုလည်း ကောင်းချီးတချို့ ချီးမြှင့်သင့်တယ်။"

တီနာ အတော်ပင် စိတ်မကောင်း ဖြစ်နေသည်။

ထိုအချိန်တွင် စစ်မှန်မိစ္ဆာတစ်ကောင်မှာ ရုတ်တရက် ထအော်လိုက်သည်။

"အဲ့ဒါ အဖွဲ့ခေါင်းဆောင်ပဲ။"

"အဖွဲ့ခေါင်းဆောင် ဟုတ်လား။ အဖွဲ့ခေါင်းဆောင်နဲ့ ဘာဆိုင်လို့လဲ။"

အခြားသော အဖွဲ့သားများမှာ အူကြောင်ကြောင် ဖြစ်သွားကြရသည်။

"အဖွဲ့ခေါင်းဆောင်က အဆင့်တက်သွားပြီး ဒီခန္ဓာကိုယ်ကို စွန့်ပစ်ခဲ့တာပဲ။ ငါတို့ကိုလည်း သူ့ရဲ့အစွမ်းနဲ့ ကူညီပေးတာပဲဖြစ်မယ်။ မဟုတ်ရင် ဝိဉာဉ်ဝါးမြိုသားရဲတွေကို ဘယ်သူက ရှင်းထုတ်လိုက်တာလဲ။ အဖွဲ့ခေါင်းဆောင်ပဲ ဖြစ်ရမယ်။"

ထိုအဖွဲ့သားမှာ စိတ်လှုပ်ရှားစွာ ရှင်းပြနေသည်။

"အဲ့ဒါဆို အဖွဲ့ခေါင်းဆောင်ကို ဘာလို့မမြင်ရတာလဲ။"

အချို့သော အဖွဲ့သားများမှာ လက်မခံလိုကြပေ။

ထိုအဖွဲ့သားမှာ ခေါင်းမာစွာ ငြင်းဆိုလိုက်သည်။

"ငါတို့ အဖွဲ့ခေါင်းဆောင်က ပိုပြီးမြင့်မြတ်တဲ့ ဘဝကို ရောက်သွားတာဖြစ်မယ်။ ငါတို့က နိမ့်ကျနေတော့ ဘယ်မြင်ရပါ့မလဲ။ အဖွဲ့ခေါင်းဆောင်က မထွက်သွားခင် ငါတို့ကို ကူညီပေးခဲ့တာပဲ။ အခုဆိုရင် ငါတို့ကမ္ဘာနဲ့ဝေးတဲ့ အင်မော်တယ်လောကကို သွားနေလောက်ပြီ။"

အဖွဲ့သားများအားလုံးမှာ ထိုစကားကို ယုံကြည်သွားကြပြီး အထက်ဘုံသို့ ရောက်ရှိသွားသော အဖွဲ့ခေါင်းဆောင်အတွက် အောင်ပွဲခံလိုက်ကြသည်။

၎င်းတို့၏ ပူဆွေးဒေါသများမှာ ပျောက်ကွယ်သွားလေပြီ။

အန်လင်းမှာ မျက်စိမျက်နှာ ပျက်သွားရသည်။ အဖွဲ့ခေါင်းဆောင်၏ ရုပ်အလောင်းသည်ပင် ပူနွေးနေဆဲ ဖြစ်ပါသော်လည်း အားလုံးမှာ အော်ဟစ်အောင်ပွဲခံနေပြီး အချို့ဆိုလျှင် သေရည်ပုလင်းများပင် ထုတ်ယူလာကြသည်။

အန်လင်း ကူကယ်ရာမဲ့စွာ မှတ်ချက်ပြုလိုက်သည်။

"အဲ့ကောင်က စိတ်ကူးယဉ်အားလည်း တော်တော်ကောင်းပြီး လူတွေအပေါ်လည်း လွှမ်းမိုးနိုင်စွမ်း ရှိတာပဲ။ အဲ့လောက် ဖိန့်လုံးကောင်းနေမှတော့ နိုင်ငံရေးသမား ဖြစ်လာနိုင်တယ်။"

တီနာသည်လည်း ဆက်ကြည့်ချင်စိတ် မရှိတော့သဖြင့် အခြားတစ်နေရာသို့ ခုန်ကူးလိုက်သည်။

သူမသည်လည်း ထိုသောက်ရူးများ အောင်ပွဲခံနေသည်ကို ကြည့်ချင်သည့်ပုံ မရပေ။

စစ်မှန်မိစ္ဆာ မျိုးနွယ်စု၏ အဓိကမြို့တော်တွင် ထိုသတင်းမှာ တောမီးသဖွယ် ပျံ့နှံ့နေလေပြီ။

အဖွဲ့တစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူသည် မူလခန္ဓာ၏ အကန့်အသတ်အား ကျော်လွန်သွားကာ ဝိဉာဉ်ဝါးမြိုသားရဲ ဆယ်နှင့်ချီအား သတ်ဖြတ်ပစ်ခဲ့ပြီး အထက်ဘုံဖြစ်သော အင်မော်တယ်ကမ္ဘာထံ ထွက်ခွာသွားသည်ဟူသော အကြောင်းအရာမှာ စစ်မှန်မိစ္ဆာ မျိုးနွယ်စုကြားတွင်သာမက မျိုးနွယ်စု ကိုးခုလုံးထံ ရောက်ရှိသွားခဲ့သည်။

တီနာကိုယ်တိုင်သည်ပင် ထိုမျှအထိ ဟိုးလေးတကျော်ကျော် ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

ထိုအဖွဲ့ခေါင်းဆောင်၏ လမ်းစဉ်အတိုင်း လျှောက်လှမ်းသူ ပိုမိုများပြားလာသည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်ရှိထားပြီးသူများမှာ မိုးကြိုးကပ်ဘေးအား အလုအယက် ခံယူလာကြသည်။

အင်အားကြီး ကျင့်ကြံသူများမှာလည်း မိုးကြိုးကပ်ဘေးကြောင့် တစ်ဦးပြီးတစ်ဦး စမုံတုန်းနေရလေပြီ။

ထိုသေဆုံးမှုများအား သက်ဆိုင်ရာ မျိုးနွယ်စုများမှ အောင်ပွဲခံကာ ဒဏ္ဍာရီလာ သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ကြသည်။

အားလုံးသည် အထက်ဘုံသို့ ရောက်ရှိသွားသော ကျင့်ကြံသူများအတွက် ဝမ်းသာကျေနပ်ပေးကြသည်။

ထိုသို့ဖြစ်လာချိန်တိုင်း တီနာနှင့် အန်လင်းမှာ ဒေါသထွက်စွာ နဖူးရိုက်နေရလေသည်။

"နာလေး... မိုးကြိုးကပ်ဘေးမှာ အောင်မြင်မှု ရာခိုင်နှုန်းက ဘာလို့အရမ်းနိမ့်နေတာလဲ။ ပြဿနာ တစ်ခုခု ရှိနေတာလား။"

ထိုက်ချူကုန်းမြေတွင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်၏ မိုးကြိုးကပ်ဘေးအား အောင်မြင်နိုင်ခြေ ရာခိုင်နှုန်း ငါးဆယ်ကျော် ရှိပါသော်လည်း ဤကမ္ဘာတွင် တစ်ဦးတလေမှ မအောင်မြင်သေးပေ။

"ဒီကမ္ဘာမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ မရှိဖူးသေးဘူးလေ။ အဲ့ဒါကြောင့် ခက်ခဲနေတာ ဖြစ်မယ်။"

တီနာလည်း စိတ်ဓာတ်ကျနေသည်။

သူမသည်လည်း ဖြစ်ပျက်နေသော အကြောင်းအရာများအပေါ် မည်သည့်စကားမှပင် ပြောချင်ပုံမရပေ။

တစ်ဖက်တွင်မူ အန်လင်းမှာ ရယ်ချင်ရက်လက်တို့ ဖြစ်နေသည်။ မိုးကြိုးကပ်ဘေး ကျရှုံးခြင်းအား အထက်ဘုံသို့ ရောက်ရှိသွားသည်ဟု သတ်မှတ်လိုက်ကြခြင်းမှာ အမှန်တကယ် ရယ်ရပေသည်။ ထိုသည်မှာ ဝိဉာဉ်ဝါးမြိုသားရဲများအား လက်စတုံးပေးလိုက်သော တီနာနှင့် စာရေးဆရာ အဖေခေါ်ရလောက်အောင် စိတ်ကူးယဉ်ဆန်သော စစ်မှန်မိစ္ဆာတို့ကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့်ပင် တီနာမှာလည်း ကိုယ့်ကိုယ်ကို အပြစ်တင်နေမိလေသည်။

သုံးနှစ်ကြာပြီးနောက် စစ်မှန်မိစ္ဆာ မျိုးနွယ်စု၏ ဗိုလ်ချုပ်တစ်ဦးဖြစ်သော ဟုန်ကန်းမှာ မိုးကြိုးကပ်ဘေး ခံယူတော့မည်ပင်။

ကျောက်စိမ်းနက်ကွင်းပြင်ကြီးတွင် သောင်းနှင့်ချီသော စစ်မှန်မိစ္ဆာများမှာ သမိုင်းဝင် အဖြစ်အပျက်ကြီးကို လာရောက်ကြည့်ရှုနေကြသည်။

မိုးကြိုးလျှပ်စီးများမှာ ဟုန်ကန်း၏ ခန္ဓာကိုယ်ပေါ် ကျဆင်းလာနေပြီး ၎င်း၏အရှိန်အဝါမှာလည်း ပိုမိုပြင်းထန်လာသည်။

ဆယ်ချက်.....

အချက်နှစ်ဆယ်.....

အချက်သုံးဆယ်.....

အချက်လေးဆယ်......

စစ်မှန်မိစ္ဆာများမှာ ဟုန်းကန် အထက်ဘုံသို့ တက်မည့်အချိန်အား စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။

လေးဆယ့်ခုနစ်ချက်.....

လေးဆယ့်ရှစ်ချက်.....

"ဗိုလ်ချုပ် ဟုန်းကန်က တခြားလူတွေထက် မိုးကြိုးဒဏ် ပိုခံရတာပဲ။"

"အထက်ဘုံ ရောက်သွားတဲ့ ကျင့်ကြံသူတွေထဲမှာ ဗိုလ်ချုပ် ဟုန်းကန်က အသန်မာဆုံး ဖြစ်မယ်။"

လေးဆယ့်ကိုးချက်မြောက် မိုးကြိုးကပ်ဘေးမှာ ဟုန်းကန်၏ ခေါင်းပေါ်သို့ ကြောက်မက်ဖွယ်ကောင်းစွာ သက်ဆင်းလာသည်။

ဗိုလ်ချုပ်ဟုန်းကန်မှာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီးနောက် အဆင့်တက်ခြင်း ပြီးပြည့်စုံသွားသလို အရှိန်အဝါများ ကြမ်းတမ်းခက်ထန်လာသည်။

ကောင်းကင်ထက်တွင် ရှိနေသော တိမ်စိုင်မည်းများလည်း ပျောက်ကွယ်သွားလေပြီ။

ဗိုလ်ချုပ်ဟုန်းကန်၏ ပါးပ်မှ မီးခိုးငွေ့များ ထွက်နေပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာဒဏ်ချက်များ ရှိနေပါသော်လည်း မျက်ဝန်းများမှာ စေ့စေ့မကြည့်ရဲလောက်အောင် တောက်ပနေသည်။

သူသည် အသက်ပြင်းထန်စွာရှူရင်း အားလုံးကို ကြည့်ရှုလိုက်သည်။

စောင့်ကြည့်နေသူများမှာလည်း မျက်လုံးအပြူးသား ဖြစ်နေရသည်။

"ဘာလို့ ဗိုလ်ချုပ်ဟုန်းကန်က လှုပ်ရှားနေသေးတာလဲ။ ဒီခန္ဓာကိုစွန့်ပြီး အထက်ဘုံ ရောက်သွားရမှာ မဟုတ်ဘူးလား။"

"မိုးကြိုးတိမ်တိုက်တွေလည်း မရှိတော့ဘူး။ အဲ့ဒါက မိုးကြိုးကပ်ဘေး ပြီးသွားတဲ့သဘောပဲ။"

"အထက်ဘုံကို မတက်လိုက်နိုင်တာများလား။"

"မဟုတ်သေးဘူး။ ဗိုလ်ချုပ်ဟုန်းကန်ရဲ့ အရှိန်အဝါက အရမ်းကြောက်စရာကောင်းလာတယ်။ အားလုံးထက်သာတဲ့ အနေအထားတစ်ခုကို ရောက်နေပြီ။ အဲ့ဒါကြောင့် မိုးကြိုးကပ်ဘေးက အောင်မြင်သွားတဲ့ သဘောပဲ။"

စစ်မှန်မိစ္ဆာတစ်ဦး စကားဆိုလိုက်သည်။

စစ်မှန်မိစ္ဆာများမှာ ကျပ်မပြည့်သူများ မဟုတ်ကြသောကြောင့် ဗိုလ်ချုပ်ဟုန်းကန်သည် မိုးကြိုးကပ်ဘေး အောင်မြင်သွားသည်ကို တွေ့မြင်နိုင်ကြသည်။

ထို့အတူ အလွန်ကြောက်မက်ဖွယ် အတွေးတစ်ခုကိုလည်း စဉ်းစားလိုက်မိကြသည်။

ခွမ်း......

အချို့သော စစ်မှန်မိစ္ဆာများဆိုလျှင် လက်များတုန်ခါလာကာ လက်ဖက်ရည်ခွက်များပင် လွတ်ကျကုန်သည်။ ကွင်းပြင်တစ်ခုလုံးတွင် ခွက်များပြုတ်ကျသံ တခွမ်းခွမ်းကသာ စိုးမိုးသွားတော့သည်။

အားလုံးမှာ သွေးအန်တော့မလို ခံစားနေရလေသည်။

"ဒါသာအမှန်ဆိုရင်....."

"ပါးစပ်ပိတ်ထား....."

တစ်စုံတစ်ဦးမှ အော်ဟစ်လိုက်သည်။

ထိုအမှန်တရားသည် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလွန်းလှသည်။

၎င်းတို့သည် နှစ်ဆယ်နှင့်ချီကြာအောင် အင်အားကြီး ကျင့်ကြံသူများ၏ မိုးကြိုးကပ်ဘေး ကျရှုံးပွဲကို ပျော်ပျော်ကြီး ကခုန်အောင်ပွဲခံနေခဲ့ကြသည် မဟုတ်လော။

All Chapters