← Chapters

လူတိုင်းကို တုန်လှုပ်စေသော အနှစ်သာရများ…

Vol. 121 Ch. 1668

လူတိုင်းကို တုန်လှုပ်စေသော အနှစ်သာရများ…

Vol. 121 Ch. 1668

“သူ ဘယ်သူလဲ…။ ဒီအချိန်ကြီး ဘယ်သူကများ လေဟာနယ်ဂိတ်တံခါးကို ဆွဲဆောင်ခဲ့တာလဲ…”

“ဒီကိစ္စဟာ အံ့မခန်းပဲ။ ဒါဟာ…တကယ့်ကိုပဲ…”

“ဒီအဘိုးအို တိုက်ပွဲတွေ အများကြီး ကြုံခဲ့ပြီးပြီး။ ဒါပေမဲ့ ခုလိုအရာမျိုး လုံးဝ မတွေ့ဖူးသေးဘူး။ ဒါက နည်းနည်းတော့ မယုံချင်စရာ ကောင်းလွန်းတယ်…”

လေဟာနယ်ဂိတ်တံခါးပေါ်လာခြင်းက ဒီတိုက်ပွဲကိုပါ ရပ်သွားစေ၏။ အတွင်းနယ်မြေနှင့်အပြင်နယ်မြေရှိ ကျင့်ကြံသူများသည် တစ်ယောက်နှင်တစ်ယောက် ကြည့်ကာ သည်ဂိတ်တံခါးကို မည်သူကမျှ စွဲဆောင်လိုက်သည်ကို သိချင်နေကြသည်။

သို့ပေမည့် အဆုံးသပ်၌ သူတို့သည် မည်သည့်အရာကိုမျှ မသိခဲ့ကြပေ။

တုန်ဟည်းသံများ ဆက်တိုက် ဖြစ်ပေါ်နေရင်း လေဟာနယ်ဂိတ်တံခါးမှ အစွမ်းထက်အော်ရာသည် ရပ်တန့်မသွားသေးပေ။ ၎င်းသည် ဆက်လက် တိုးပွားလာကာ အနှိုင်းမဲ့ဖိအားတစ်ခုကို ဖြစ်တည်စေသည်။

ထိုဖိအားသည် ပြင်းထန်လွန်းသည်။ ၎င်းသည် ပျံ့နှံ့လာရင်း အောက်ဘက်ရှိ တိုက်ပွဲကွင်းပြင်ထဲရှိ ကျင့်ကြံသူများကို ရိုက်ခတ်သည်။

ကျိုးကျင်၏အမူအရာသည် တဖန် ပြောင်းလဲသွားပြန်၏။ သူသည် ချက်ခြင်းပင် ဖြူရောသွားသည်။ လေဟာနယ်ဂိတ်တံခါးထံမှ ထွက်ပေါ်လာနေသော ဖိအားသည် သူ စိတ်ကူးနိုင်သည်ထက် ပိုနေ၏။ သည်ဖိအားအောက်တွင် သူသည် စိုးရိမ်တကြီး နောက်ဆုတ်ကာ သူ့စိတ်မှာ တုန်ရီနေသည်။

“ဘယ်တောက်တောင် အစွမ်းထက်လိုက်တဲ့ ဖိအားလဲ။ ဒါ…ဒါဟာ အနှစ်သာရ ဘယ်နှစ်ခုများလဲ။ ဒီလေဟာနယ်ဂိတ်တံခါးဟာ ငါ့တုန်းကထက် အဆများစွာ ပိုအစွမ်းထက်နေတယ်…”

အစိမ်းရောင်ဝတ်စုံနှင့်လူသည်လည်း တုန်လှုပ်နေ၏။ သူ့မျက်လုံးသည် အေးစက်လာသည်။ သူသည် ထိုဖိအားအောက်တွင် နောက်မဆုတ်ပေ။ ထိုအစား သူက ခေါင်းမော့ကာ ပို၍ ပီပြင်လာသော လေဟာနယ်ဂိတ်တံခါးကို ကြည့်သည်။

သိပ်မကြာခင်တွင် သည်ဂိတ်တံခါးသည် လုံးဝ ပေါ်လာကာ ဧရိယာတစ်ခုလုံးကို ခြုံလွှမ်းသည်။ ၎င်းထံမှ ပေးစွမ်းသော တောက်ပသောအလင်းက သည်မှောင်သော ဟင်းလင်းပြင်ကို လင်းလက်စေသည်။

ထိုအလင်းမှ ပေးသောဖိအားသည် ကောင်းကင်ဘုံ၏ခွန်အားအလား။ ထိုဖိအားသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ဒူးညွတ်စေသည်။ သူတို့အားလုံး တုန်ယင်၏။ အချို့ ကျင့်ကြံခြင်းအဆင့်နိမ့်သူများဆို ချက်ခြင်းပင် ဒူးထောက်ကုန်သည်။

မိုးကြိုးတန်းတစ်ခု မြည်ဟည်း၏။ အဆုံးမဲ့မိုးကြိုးများ လေဟာနယ်ဂိတ်တံခါးကို ဝန်းရံသည်။ ထိုအဖြစ်က ဘေးပတ်လည်ရှိ ဟင်းလင်းပြင်ကို တုန်ခါစေသည်။

“မိုးကြိုးအနှစ်သာရ…” အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားသည်။

ထိုသို့ပြောလိုက်ရင်း သူသည် လောင်ကျွမ်းနေသောမီးပင်လယ်က လေဟာနယ်ဂိတ်တံခါးပတ်လည်တွင် ဝန်းရံနေသည်ကိုပါ မြင်လိုက်ရသည်။

“မီးအနှစ်သာရ…” လူငယ်၏အမူအရာမှာ သုန်မှုန်သွားသည်။

ထိုမီး ပေါ်လာသည့်အခိုက်မှာပင် အမည်မသိအားတစ်ခုသည် လေဟာနယ်ဂိတ်တံခါးအပြင်ဘက်တွင် ပေါ်လာ၏။ ထိုစွမ်းအားသည် လူတစ်ယောက်၏ စိတ်ကို စုပ်ယူနိုင်သော စွမ်းရည်ပင်။

ဤကား ကံမ္မစာလုံးပင်။ ၎င်းကို ပုံမှန်လို ရှင်းလင်းစွာ မမြင်နိုင်ပေ။ သင်သည် ၎င်းကို ရှင်းလင်းစွာ မြင်ခဲ့ရလျှင်တော့ ဆိုလိုသည်ကား သင်ဟာ အတွင်းသို့ စုပ်ယူခြင်း ခံရကာ သေဆုံးရသည်နှင့် တူပေမည်။

“ဒါ…ဒါဟာ မဟာကံမ္မတာအိုပဲ။ အနှစ်သာရသုံးခု။ တကယ့်ကိုပဲ အနှစ်သာရသုံးခု…။ လေဟာနယ်ဂိတ်တံခါးကို အနှစ်သာရသုံးခုနဲ့ ပေါ်လာစေတာ။ ဒါဟာ အရင်တုန်းက လုံးဝ မဖြစ်ခဲ့ဖူးဘူးမလား။ သူ ဘယ်သူလဲ…” အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။

အရှင်တောင်ပိုင်းတိမ်သည်လည်း အလားတူ တုန်လှုပ်မိနေသည်ပင်။ အရှင်တောင်ပိုင်းတိမ်၏ ကျင့်ကြံမှုအဆင့်မှာ အလွန်မြင့်မား၏။ သူသည် လေဟာနယ်ဂိတ်တံခါးမှ အနှစ်သာရသုံးခုကို ခံစားမိသည့်အခါ သူ့အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားသည်။ သူ့စိတ်သည် တုန်ယင်ကာ သူ့အကြည့်မှာ ဂိတ်တံခါးပေါ်သို့ မြဲမြံစွာ ကျရောက်နေသည်။

“ဒါဟာ တကယ့်ကို တတိယမြောက်အနှစ်သာရပဲ။ ဒီကျယ်ပြောတဲ့လောကမှာ တတိယအဆင့်ကို ရောက်ဖို့ လူတစ်ယောက်ဟာ ကံကောင်းမှုနဲ့ အနှစ်သာရသုံးခုကို တကယ်ပဲ နားလည်ခဲ့တာလား။ ဒီလိုလူတွေကသာ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်နိုင်လိုက်တာနဲ့ သူတို့ဟာ နိဗ္ဗာနလေဟာနယ်အဆင့်မှာ ရှိနေသေးရင်တောင် စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူတွေကို သတ်ပစ်နိုင်တယ်…”

စစ်ထူနန်၊ အရှင်လုံဖန်၊ အရှင်လုဖူတို့သည်လည်း တုန်လှုပ်နေ၏။ ရုတ်တရက် ပေါ်လာသော လေဟာနယ်တံခါးက သူတို့ကို နှစ်ကြိမ်တိုင် တုန်လှုပ်စေခဲ့လေပြီ။ သည်အရာက သူတို့အတွက် ကောင်းချီးလား၊ ကပ်ဘေးလားကိုမူ သူတို့ မသိပေ။

“ဒါကို ရင်းနှီးနေတယ်။ ဒီအော်ရာဟာ ငါ့ညီရဲ့ အော်ရာနဲ့ ဘယ်လိုများ တူနေရတာလဲ…” စစ်ထူနန်၏မျက်လုံးထဲ၌ မျှော်လင့်မှုနှင့်စိတ်လှုပ်ရှားမှုတို့ကို ကွယ်ဝှက်ထားသည်။ ထိုထင်မြင်ချက်သည် သူ့နှလုံးကို ပိုအခုန်မြန်စေသည်။ သူ့စိတ်လှုပ်ရှားမှုသည် အထွတ်အထိပ် ရောက်လာသည်။

လေဟာနယ်အတွင်း၌ ရှိနေသော ဝမ်လင်းသည် ထိုအခြင်းအရာများကို မသိပေ။ သူသည် လေဟာနယ်ဂိတ်တံခါးပေါ်လာမှုကြောင့် အဝေးမှ တုန်ဟည်းသံကို ကြားရသည်။

“သေခြင်းရှင်ခြင်းအနှစ်သာရ…” ဝမ်လင်းသည် ကြာပွင့်သဏ္ဌာန် ထိုင်ချလိုက်၏။ သူက လက်နှစ်ဖက်ကို ပင့်မြှောက်လိုက်သည်။ သူ့မျက်လုံးကို အနည်းငယ် မှိတ်လိုက်သည်။

လေဟာနယ်သည် တုန်ဟည်း၏။ ဝမ်လင်း ပတ်လည်ရှိ သွေးအလင်းအပြင်ဘက်တွင် လေးခုမြောက်အနှစ်သာရ ပေါ်လာလေပြီ။

“ငါ့ဘယ်လက်ဟာ ရှင်သန်ခြင်း…” ဝမ်လင်း၏စကားလုံးများထဲ၌ အတိုင်းမသိထည်ဝါမှုတို့ ပြည့်သည်။ သူသည် လောက၏အုပ်စိုးသူအလား။ သူ ထိုသို့ ပြောလိုက်စဉ် အဖြူရောင်အော်ရာတစ်ခုသည် သူ့ဘယ်လက်တွင် စုဝေးကာ ချိပ်ဟန်တစ်ခု ဖြစ်ပေါ်သည်။

ထိုချိပ်ဟန်တွင် အဆုံးမဲ့အသက်ဓာတ်များနှင့် ကောင်းကင်ဘုံ၏ စိတ်ဆန္ဒ ပါဝင်သည်။

“ငါ့လက်ဟာ သေဆုံးခြင်း…” သူ့ညာလက်တွင် အနက်ရောင်အော်ရာတစ်ခု ဝန်းရံကာ ခြောက်ချားဖွယ်သေခြင်းအော်ရာ ပေါ်လာသည်။ ထိုအော်ရာတွင် မြေပြင်ထု၏ခွန်အား ပါဝင်သည်။

“ငါ ဝမ်လင်းဟာ ရှင်ခြင်းသေခြင်း ဖြစ်တယ်။ ကောင်းကင်နဲ့မြေကြီး ဖြစ်တယ်…” ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ရှေ့တွင် အတူတကွ ပူးကပ်လိုက်သည်။ သူ့မျက်လုံးကို ဖွင့်၏။ သူ မျက်လုံးဖွင့်လိုက်သည့်အခိုက်တွင် သူ့လက်ကြားထဲမှ အလင်းတစ်ခု မြင့်တက်လာကာ လေဟာနယ်ကို လင်းထင်းစေသည်။

“သေခြင်းရှင်ခြင်းချိပ်ဟန်…”

ဝမ်လင်း၏လက်နှစ်ဖက်ကို ပြန်ခွာလိုက်သည်။ အဖြူနှင့်အမည်းအလင်းတို့ ပျံသန်းထွက်သည်။ ယင်းတို့သည် သေခြင်းရှင်ခြင်းချိပ်ဟန်အဖြစ်သို့ ပေါင်းစပ်သွားသည်။ ၎င်းမှာ ကျန်သည့်အနှစ်သာရသုံးခုနှင့် ပေါင်းစည်းသွားလေ၏။

ဤကား ဝမ်လင်း၏ ငါးခုမြောက်မူလမန္တာန် သေခြင်းရှင်ခြင်းချိပ်ဟန်ပင်။

သေခြင်းရှင်ခြင်းချိပ်ဟန်သည် ကောင်းကင်ကို သတ်ဖြတ်ကာ မြေကြီးကို ရှင်သန်စေဖို့ လုံလောက်သည့်အထိ အစွမ်းထက်သည်။ ၎င်း၏စွမ်းအားမှာ မခန့်မှန်းနိုင်အောင်ပင်။

လေးခုမြောက် အနှစ်သာရသည် ဟင်္သာပြဒါးဂြိုဟ်အပြင်ဘက်တွင် ပေါ်လာသည့်အခါ လေဟာနယ်ဂိတ်တံခါးသည် တဖန် တုန်ဟည်းသည်။ ၎င်းထံမှဖိအားသည် ပိုများပြားသော ကျင့်ကြံသူများကို ဒူးထောက်ကျစေသည်။ ထိုဖိအားအောက်တွင် ကျင့်ကြံသူအားလုံးနီးပါးသည် ထိန်းချုပ်နိုင်စွမ်းမဲ့ကာ ဒူးထောက်ရသည်။

ထိုဖိအား မြင့်တက်လာရင်း အနက်ရောင်အမျှင်တန်းနှင့် အဖြူရောင်အခိုးငွေ့တစ်ခု ပေါ်လာသည်။ ထိုအမျှင်တန်းနှစ်ခုသည် လေဟာနယ်ဂိတ်တံခါးကို လှည့်ပတ်ရာ အပြင်ဘက်မှလူများသည် လေးခုမြောက်အနှစ်သာရကို မြင်လိုက်ရတော့သည်။

လေးခုမြောက်အနှစ်သာရ ပေါ်လာချိန်၌ ပထမဆုံး ပြိုလဲသူမှာ ကျိုးကျင်ပင်။ သူ့ခန္ဓာကိုယ်သည် တုန်ယင်ကာ သူသည် နောက်သို့ ဆုတ်၏။ သူ့မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် အတိုင်းမသိအဆင့်သို့ ရောက်လာသည်။

“အနှစ်သာရလေးခု…။ ငါ့ ပြင်ပနယ်မြေရဲ့ ဘယ်သူကမှ အနှစ်သာရလေးခုနဲ့ လေဟာနယ်ဂိတ်တံခါးကို မဆွဲဆောင်နိုင်ခဲ့ဘူး။ မဖြစ်နိုင်ဘူး။ ဒါဟာ တကယ်ကိုပဲ မဖြစ်နိုင်ဘူး…”

အစိမ်းရောင်ဝတ်စုံနှင့်လူငယ်သည် ဖြူရောနေ၏။ အနှစ်သာရသုံးခုသည်ပင် သူ့ကို တုန်လှုပ်စေခဲ့ပြီး ဖြစ်သည်။ သူသည် ထိုအရာမှာ အကန့်အသတ်ဖြစ်ပြီဟု ခံစားမိခဲ့သည်။ သို့သော် ခုချိန်တွင် လေးခုမြောက်အနှစ်သာရ ပေါ်လာခဲ့ပေပြီ။

“အနှစ်သာရလေးခုနဲ့ တစ်စုံတစ်ယောက်ကို ကောင်းကင်ဘုံရဲ့ ကလေးလို့ ယူဆလို့ရနိုင်ပြီ။ သူသာ ဒီအနှစ်သာရလေးခုနဲ့ ဂိတ်တံခါးကို ချိုးဖျက်နိုင်ခဲ့ရင် စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံသူတောင် သူ့ ပြိုင်ဘက် မဟုတ်နိုင်တော့ဘူး။ သူက ဘယ်လိုလူစားမျိုးလဲဟ…”

“ဘယ်လိုလူကများ ဒီလောက် ကံကောင်းတာလဲ။ ဘယ်လောက် စိတ်ရှည်လိုက်လဲ။ ဘယ်လိုတောင် နားလည်သဘောပေါက်မှုမျိုးလဲ…။ ဒီလူသာ အတွင်းနယ်မြေကဆို သူ့ကို သတ်မှ ဖြစ်မယ်။ မဟုတ်ရင် ရလဒ်ဟာ အဆုံးသပ်တော့မှာ မဟုတ်ဘူး…”

“အနှစ်သာရလေးခုဟာ သူ့အကန့်အသတ် ဖြစ်သင့်တယ်။ လေဟာနယ်ဂိတ်တံခါးကို အနှစ်သာရလေးခုနဲ့ ပေါ်ပေါက်လာစေတာဟာ အနှိုင်းမဲ့အစွမ်းထက်ပြီး ဖြစ်တယ်။ ဒီလူဟာ လေဟာနယ်ဂိတ်တံခါးရဲ့ တားဆီးတာတောင် ခံရနိုင်တယ်…”

ထိုအခိုက်တွင် လေဟာနယ်ဂိတ်တံခါးသည် တုန်ယင်လာကာ ၎င်း၏ဖိအားသည် ရုတ်တရက် တိုးပွားလာသည်။ ၎င်းသည် မုန်တိုင်းတစ်ခုကဲ့သို့ ပျံ့နှံ့ကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို အတင်းအကြပ် နောက်ဆုတ်စေသည်။

ငါးခုမြောက်အနှစ်သာရ လေဟာနယ်ဂိတ်တံခါးပေါ်၌ ပေါ်လာလေပြီ။

ငါးခုမြောက်အနှစ်သာရသည် အမှန်နှင့်အမှား ဖြစ်၏။ ၎င်းပေါ်လာသည့်နောက် ၎င်းသည် ဝေဝါးဝါးပင်။ ၎င်းနောက်တွင် နောက်ထပ်လေဟာနယ်ဂိတ်တံခါးတစ်ခု ပေါ်လာသည့်အလား။ လေဟာနယ်ဂိတ်တံခါးနှစ်ခုသည် နေရာတွင်ပင် ရှိနေကာ တခြားသူများအဖို့ မည်သည်က အစစ်၊မည်သည်က အတုဟု ပြောဖို့ ခက်ပေမည်။

“ငါးခုမြောက်အနှစ်သာရ…။ ဒါ…ဒါဟာ…” အစိမ်းရောင်ဝတ်စုံနှင့်လူငယ်၏အမူအရာသည် လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။ မလှုပ်မယှက် သူ့ခန္ဓာကိုယ်ပါ နောက်ဆုတ်သွားမိသည်။ သူ့မျက်လုံးထဲ၌ ဘယ်တုန်းကမျှ မပေါ်ဖူးခဲ့သော ကြောက်ရွှံ့မှု ပေါ်လာသည်။

“အနှစ်သာရငါးခု။ ဒါဟာ တကယ့်ကိုပဲ အနှစ်သာရငါးခုပဲ။ ဒီလူ လေဟာနယ်ဂိတ်တံခါးကို မဖွင့်လှစ်နိုင်ခဲ့ရင်တော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ဖွင့်နိုင်ခဲ့ရင် သူဟာ စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့် ကျင့်ကြံသူတွေနဲ့တောင် ယှဉ်တိုက်နိုင်လိမ့်မယ်…”

အနီးအနားရှိ ကျင့်ကြံသူအားလုံး၏ စိတ်သည် ထိန်းချုပ်နိုင်စွမ်းမဲ့ကာ တုန်ရီသည်။ လေဟာနယ်ဂိတ်တံခါးမှ တိုးပွားလာသော ဖိအားကြောင့် သူတို့သည် နောက်သို့ ဆက်တိုက် ဆုတ်ရသည်။

အရှင်တောင်ပိုင်းတိမ်၏ မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူသည် ထိုလေဟာနယ်ဂိတ်တံခါးကို မည်သည့်ဘက်က ပေါ်ထွက်လာစေမှန်းကို မသိပေ။ သို့သော် သူ သိသည်မှာ ဤက တစ်သက်တစ်ခါသာ ရနိုင်သည့် အခွင့်အရေးဟူ၏။

“တောက်ပသောလေဟာနယ် ကျင့်ကြံသူတွေ…ဒီလေဟာနယ်ဂိတ်တံခါးကို မကြည့်ကြတော့နဲ့။ ငါတို့ တိုက်ခိုက်ကြမယ်…” အရှင်တောင်ပိုင်းတိမ်သည် ထိုသို့ အော်ဟစ်လိုက်ကာ သူ့အသံသည် အတွင်းနယ်မြေမှ ကျင့်ကြံသူထောင်ချီကို သတိပြန်ဝင်လာစေသည်။ အရှင်တောင်ပိုင်းတိမ်သည် တုန်လှုပ်နေသော အစိမ်းရောင်ဝတ်စုံနှင့်လူငယ်ထံသို့ ဦးတည်ဝင်လာ၏။

စစ်ထူနန်၊ အရှင်လုံဖန်၊ အရှင်လုဖူတို့လည်း ရှေ့တိုးဝင်လာသည်။ သူတို့သည် ပြင်ပနယ်မြေရှိ ကျင့်ကြံသူများကို စတင် တိုက်ခိုက်တော့၏။ လေဟာနယ်ဂိတ်တံခါးထံမှလည်း တုန်ဟည်းသံများ ပဲ့တင်ထပ်နေသည်။

အတွင်းနယ်မြေမှ ကျင့်ကြံသူများသည် သူတို့နောက်မှ လိုက်ပါလာကြ၏။ ချက်ခြင်းပင် သွေးလွှမ်းသောအကြမ်းပတမ်း တိုက်ပွဲ စတင်လေသည်။

ထိုအခိုက်၌ အကွာအဝေးတစ်ခုထံမှ အေးစက်စက်နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။ ခရမ်းရောင်တိမ်စုဝေးတစ်ခုသည် မည်သည့်နေရာကမှန်းမသိ ပေါ်လာ၏။ ၎င်းမှာ မြန်လွန်းကာ တိုက်ပွဲကွင်းပြင်ထံ ချက်ခြင်း ဝင်ရောက်လာပြီး အစိမ်းရောင်ဝတ်စုံနှင့်လူငယ်ဖြင့် တိုက်ခိုက်နေသော အရှင်တောင်ပိုင်းတိမ်ထံ ဦးတည်တိုက်ခိုက်သည်။ ကျယ်လောင်စွာ ပေါက်ကွဲသံ ဖြစ်ပေါ်ကာ အရှင်တောင်ပိုင်းတိမ်၏မျက်နှာသည် ဖြူရောသွားသည်။ သူသည် ဒဏ်ရာ ရထားခဲ့ပြီး ဖြစ်၏။ ခုချိန်၌ သူသည် ဟင်္သာပြဒါးဂြိုဟ်ထံသို့ ပြန်လွင့်ထွက်သွားရပြန်သည်။

“ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ သခင်ငါးပါးထဲမှ တစ်ယောက်…။ မြန်မြန်…ဟင်္သာပြဒါးဂြိုဟ်ထံ ပြန်ဆုတ်ကြ။ အစီအရင်နဲ့အတူ ခုခံကြမယ်…”

သူ ထိုသို့ ပြောလိုက်သည့်အခိုက်တွင် ခရမ်းရောင်မြူသည် စစ်ထူနန်၊အရှင်လုံဖန်နှင့် အရှင်လုဖူတို့ကို ကျော်ဖြတ်လွှမ်းခြုံသွားသည်။ အရှင်လုဖူသည် သွေးများစွာ အန်ထုတ်လိုက်ရပြီး လွင့်ထွက်သွားသည်။ သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားပြီး သူ့မူလစိတ်ဝိညာဉ်မှာ အလွန်အားနည်းသွားကာ သူသည် အလျင်အမြန် ထွက်ပြေးတော့သည်။

စစ်ထူနန်၏ ပတ်လည်တွင် ရွှေရောင်အလင်း တလက်လက် လင်းလက်၏။ ထိုကဲ့သို့ သေရေးရှင်ရေးအခိုက်၌ သူသည် သူ့ဆရာ ချင်းလင်ပေးခဲ့သော လက်ဆောင်ကို ထုတ်ယူလိုက်၏။ ထိုရတနာမှာ ကျောက်စိမ်းတစ်ခုပင်။ ခုချိန်၌ ၎င်းကျောက်စိမ်းပြားသည် ပျက်စီးသွားသည်။ သူ သွေးအန်ကာ နောက်သို့ အမြန်ဆုတ်လိုက်သည်။

အရှင်လုံဖန်၏ခန္ဓာကိုယ်သည် တစစီ ပြန့်ကျဲသွားသည်။ သူ့ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းချိန်၌ သူသည် ဝိုးတဝါးသာ ရှိတော့သည်။ တုံ့နှေးမနေဘဲ သူသည် သူ့လက်ကို ဝေ့ယမ်းကာ စစ်ထူနန်နှင့်အရှင်လုဖူတို့၏ မူလစိတ်ဝိညာဉ်တို့ကို ခေါ်ယူကာ ဟင်္သာပြဒါးဂြိုဟ်ထံသို့ လှည့်ပြန်သည်။

ကျင့်ကြံသူထောင်ချီမှာလည်း အရှင်တောင်ပိုင်းတိမ်၏အမိန့်အတိုင်း နောက်သို့ ချက်ခြင်း ဆုတ်ကြသည်။ သူတို့အားလုံးသည် ဟင်္သာပြဒါးဂြိုဟ်ထံသို့ အဘက်ဘက်မှ ပြန်ဆုတ်ကြသည်။

ခရမ်းရောင်မြူထုသည် နေရာတွင်ပင် မြောလွင့်နေ၏။ ထို့နောက် ၎င်းသည် ပြန့်ကျဲသွားကာ အဘိုးအိုတစ်ယောက် လှမ်းထွက်လာသည်။ ထိုအဘိုးအိုထံမှ အစွမ်းထက်ဖိအားတစ်ခုကို ပေးနေ၏။ သူသည် လေဟာနယ်ဂိတ်တံခါးကို အေးစက်စက် ကြည့်လိုက်သည်။ သူ့မျက်လုံးသူငယ်အိမ်မှာ မဆိုသလောက် လှုပ်ခတ်သွားသည်။

***

All Chapters