← Chapters

လေးတင်ရန် အဆင့်သုံးဆင့်…

Vol. 122 Ch. 1676

လေးတင်ရန် အဆင့်သုံးဆင့်…

Vol. 122 Ch. 1676

သို့ရာတွင် ယနေ့တွင် သူသည် အမှန်နှင့်အမှားအနှစ်သာရကို နားလည်ထားသော ဝမ်လ်ငးနှင့် တွေ့ဆုံနေရခြင်းပင်။

ဝမ်လင်းသည် တစ်စက်လေးမှ မျက်လုံး မဖွင့်ပေ။ အရှင်လေဟာနယ်နတ်ဘုရား၏ အမြုတေသည် ထွက်ပြေးရန် တာဆူသည့်အခိုက်၌ အစိမ်းရောင်ဝတ်စုံလူငယ်မှာလည်း အရှင်လေဟာနယ်နတ်ဘုရား၏ အဖြစ်သနစ်ကို တွေ့မြင်လိုက်ရသည့်နောက် ကြောက်လန့်တကြား နောက်ပြန်ဆုတ်သည်။ ထိုစဉ် ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားသို့ ညာလက်ကို ပင့်မြှောက်လိုက်သည်။

ထိုသို့ဖြင့် အဆုံးမဲ့ရွှေရောင်အလင်း တောက်ပသွားကာ ရွှေရောင်သွေးစက်တစ်စက် သူ့မျက်ခုံးနှစ်ခုကြားမှ ထွက်လာသည်။ သူသည် ၎င်းကို ညာလက်ဖြင့် ဖမ်းဆုပ်လိုက်သည်။

သူသည် ထိုသွေးစက်ကို ဖမ်းယူလိုက်သည့်အခိုက်၌ လေးတစ်လက် သူ့ထံမှ ချက်ခြင်း ပေါ်လာသည်။ ထိုလေးပေါ်လာသည်နှင့် ကြယ်များကြား သတ်ဖြတ်လိုစိတ် ပြည့်နှက်၏။ ဝမ်လင်းသည် လေးထံ လက်ညွှန်လိုက်သည်။

လီကောင်းလေးကို ဝမ်လင်းသာ ရွှေရောင်သွေးစက် မပိုင်ဆိုင်ပါက အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။ တကယ်တော့ သူ၏ကောင်းကင်ဘုံသွေးမျိုးဆက်ကို အတိတ်တုန်းက အတင်းအကြပ် ထုတ်ယူခံခဲ့ရစဉ်က ထိုလေးသည် ဒီသွေးစက်နှင့် ပေါင်းစပ်နှင့်ပြီး ဖြစ်၏။ ထိုသွေးစက်အတွင်း၌ မြားလည်း ရှိသည်။

သို့ပေမည့် သည်သွေးစက်ကို ဝမ်လင်း ပိုင်ဆိုင်ထားဆဲပင်။ သူ့ထံ၌ ဒီသွေးစက် ပိုင်ဆိုင်ထားသ၍ သူသည် လီကောင်းလေးကို ဆင့်ခေါ်နိုင်ပြီး ကောင်းကင်ဖြိုခွဲနိုင်သည့် မြားတစ်စင်း ပစ်လွှတ်နိုင်သည်ပင်။

ထိုလေးနှင့်ဆို ခုလက်ရှိ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် လောကရှိ မည်သည့်ကျင့်ကြံသူကိုမျှ မကြောက်ပေ။

ထိုလေးသည် ဝမ်လင်း၏အစွမ်းထက်ဆုံး တိုက်ခိုက်မှု မည်၏။

သူ မျက်လုံးမှိတ်ထားပြီး ဘယ်လက်ဖြင့် လေးကို ကိုင်၍ ညာလက်ဖြင့် လေးကြိုးကို ဆွဲတင်သည်။ သူသည် ထွက်ပြေးနေသော အရှင်လေဟာနယ်နတ်ဘုရားထံ ဦးတည်၍ လေးကြိုးကို ဆွဲတင်လိုက်ခြင်းတည်း။

ဟင်းလင်းပြင်သည်ပင် ပြိုပျက်စီးတော့မည့်အလား။ ဝမ်လင်းပတ်လည်ရှိ ဟင်းလင်းပြင်သည် သူ့ကို ဗဟိုပြို၍ တစ်လွှာချင်း ပျက်စီးသည်။

အရှင်လေဟာနယ်နတ်ဘုရားသည် အလန့်တကြား ကြိတ်၍ အော်မိသွားသည်။ သူ့ပတ်လည်တွင် သေခြင်းတရားခံစားချက် ခြုံလွှမ်းလာသည်။ သူသည် အရူးအမူး ထွက်ပြေးကာ လောကနှင့် ပေါင်းစပ်သည်။ ချက်ခြင်းပင် သူသည် ဟင်္သာပြဒါးဂြိုဟ် အနီးအနားကနေ ပျောက်ကွယ်သွား၏။

အစိမ်းရောင်ဝတ်စုံနှင့်လူငယ်လည်း ရှိသေး၏။ သူသည် ကြောက်လန့်တကြား အလျင်အမြန် ပြေးနေရင်း အက်ကြောင်းတစ်ခုကို ဖွင့်လှစ်ကာ အတွင်းသို့ ဝင်ရောက်လိုက်သည်။

ဟင်္သာပြဒါးဂြိုဟ် ပတ်လည်တွင် ထွက်ပြေးနေသော ပြင်ပနယ်မြေမှ ကျင့်ကြံသူ ထောင်သောင်းချီလည်း ရှိသေး၏။ သူတို့အားလုံးသည် အစောပိုင်းတည်းက ထွက်ပြေးနှင့်ကြသည် ဖြစ်၍ ဟင်္သာပြဒါးဂြိုဟ် ပတ်လည်တွင် မည်သို့ ဖြစ်ပျက်နေသည်ကို မျက်မြင် မတွေ့ခဲ့ကြပေ။ သို့သော် ထိုအခိုက်၌ သူတို့သည် သူတို့၏စိတ်ဝိညာဉ်တွင်းမှ သေမင်းခေါ်သံကို ခံစားမိရသည်။

“ဒီမြားနဲ့ ငါဟာ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းကို ပြန်ယူဆောင်မယ်…” သူ့အသံသည် တည်ငြိမ်၏။ သူသည် လေးကြိုးကို ဆွဲတင်လိုက်ရာ ပုံရိပ်ယောင်မြားတစ်ခု ဖွဲ့စည်းလာ၏။ မကြာခင်တွင် ၎င်းသည် အစစ်အမှန်မြား ဖြစ်လာသည်။

ထိုမြား ပေါ်လာသည်နှင့် ဝမ်လင်းက သူ့ညာလက်ကို ဖြေလျှော့လိုက်သည်။ သူ လက်လွှတ်လိုက်သည်နှင့် တဝီဝီအသံ ပဲ့တင်ထပ်သည်။ ဟင်းလင်းပြင်သည် တုန်ခါလျက် မြားသည် ထိုးထွက်သွားလေပြီ။

မြားထိုးထွက်သွားသည့်အခါ ဟင်းလင်းပြင်သည် ထပ်မံ ပျက်စီး၍ အဆုံးမဲ့ဝဲကတော့နက်များ ဖြစ်ပေါ်သည်။ မြားသည် အံ့မခန်းစွမ်းအားပမာဏာကို ဆောင်ယူ၏။ မည်သူကမျှ ထိုမြားကို မရပ်တန့်နိုင်ပေ။

မြား ပျံသန်းထွက်လာနေရင်း လှိုင်းဂယက်တစ်ခု ဟင်းလင်းပြင်ထံမှ ပျံ့နှံ့သည်။ အစိမ်းရောင်ဝတ်စုံနှင့်လူငယ်သည် သူ၏အက်ကြောင်းတွင်းမှ ပြန်ကန် ထွက်လာ၏။ သူသည် ကြောက်လန့်တကြား နောက်လှည့်ကြည့်လိုက်ရာ သူ့မျက်နှာသည် ဖြူရော၍ သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်လျှံလာသည်။ အခုတစ်ကြိမ်သည် ပြီးခဲ့သောအကြိမ်ကလို သူ၏ကိုယ်ပွားနှင့် လာခဲ့ခြင်း မဟုတ်ဘဲ သူ့မူလခန္ဓာကိုယ်နှင့် သည်နေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

သူ သေသွားသည်နှင့် အမှန်တကယ် သေဆုံးရလိမ့်မည်။

တွေးနေရန် အချိန်မရဘဲ မြားသည် ချက်ခြင်း နီးကပ်လာ၏။ အစိမ်းရောင်ဝတ်စုံလူငယ်က အော်ဟစ်ကာ အကူအညီတောင်းခံသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေရာ သွေးများစွာ အန်ထုတ်သည်။ သူသည် သူ့အနှစ်သာရအားလုံးကို စုဝေးစေပြီး သူ့ဘဝ၏နောက်ဆုံးချိန်ကို ရင်ဆိုင်တော့သည်။

သူသည် သူ့အပူဇော်ခံမီးတောက်နယ်မြေကို ဖွင့်လှစ်ကာ သူ့အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်အားလုံးကို ထုတ်ယူ၏။ ယင်းတို့သည် သူ့သွေးနှင့် ပေါင်းစပ်ရာ ရေခဲလွှာဘီလီယံချီ ဖြစ်ပေါ်သည်။ ချက်ခြင်းပင် ထိုရေခဲထုက ဂြိုဟ်တစ်ခုအလား ကြီးမားလာ၏။

ထိုအခိုက်တွင် မြား ရောက်လာသည်။ မြားသည် ရေခဲနှင့် ထိမိချိန်၌ ရေခဲမှာ ချက်ခြင်း ပျက်စီးသည်။ ရေခဲလွှာထုအတွင်းရှိ အစိမ်းရောင်ဝတ်စုံလူငယ်သည် မျှော်လင့်ချက်မဲ့လေပြီ။ သူသည် ထိုမြားကို ခုခံဖို့ စွမ်းအားပိုရစေရန် သူ့ကလန်အမှတ်အသားကို ဖျက်စီးလိုက်သည်။

သို့ပေမည့် အဆုံးသပ်၌ မြားက ရေခဲလွှာကို ထွင်းဖောက်လာသည်ပင်။ ထိုမြားက အစိမ်းရောင်ဝတ်စုံလူငယ်ကို ဖြတ်သန်းသွား၏။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်၍ သွေးအန်ထွက်ပြီးနောက် ပေါက်ကွဲထွက်သွားသည်။ သူ့မူလစိတ်ဝိညာဉ်မှာ ထွက်ပြေးလို၏။ သို့သော် အဆုံးသပ်၌ ၎င်းမှာ တုန်ယင်ကာ သေဆုံးသွားတော့သည်။

ဤကား သည်စစ်ပွဲအတွင်း၌ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ပထမဆုံး သေဆုံးခြင်းပင်။

တောက်ပသောလေဟာနယ်၌ ပြင်ပနယ်မြေမှ ကျင့်ကြံသူမြောက်များစွာ ရှိနေ၏။ သို့သော် သူတို့အားလုံး သေမတတ် ကြောက်နေသည်။ မြားသည် တန်းတန်းမတ်မတ် ထိုးခွင်းလာ၏။ သို့သော် ၎င်း၏ လှိုင်းဂယက်များမှာ တောက်ပသောလေဟာနယ်တခွင်လုံးသို့ သက်ရောက်သည်။

ထိုလှိုင်းဂယက်တစ်ခုနှင့် ထိမိသော မည်သည့်ကျင့်ကြံသူမဆို ပေါက်ကွဲကာ သေဆုံးရသည်။

တောက်ပသောလေဟာနယ်၏ အရှေ့ဘက်ပိုင်းတွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူရာချီသည် အတွင်းနယ်မြေရှိ ကျင့်ကြံသူဒါဇင်ချီနောက်သို့ လိုက်လံ သတ်ဖြတ်နေကြ၏။

“သူတို့နဲ့ သေတဲ့အထိ တိုက်ခိုက်မယ်။ ငါ သေရမယ်ဆိုရင်တောင် ငါ့မွေးရပ်မြေမှာပဲ သေမယ်…” ထွက်ပြေးနေသော သက်လတ်ပိုင်းလူတစ်ယောက်၏ ညစ်ပြုံးပြုံးသည်။ ရုတ်တရက် သူက လှည့်၍ သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ဆုံးဖြတ်လိုက်သည်။

သို့ပေမည့် ထိုအခိုက်အခန့်တွင် ကြယ်များကြားမှ လှိုင်းဂယက်တစ်ခု ထွက်ပေါ်လာကာ သူတို့အုပ်စုကို ထွင်းဖောက်သွားသည်။ သို့သော် သူတို့ကို ထိုလှိုင်းဂယက်က ဘာမှ အန္တရာယ် မဖြစ်စေလိုက်ပေ။ သို့ပေမည့် သူတို့သည် သူတို့နောက် လိုက်လံသတ်ဖြတ်နေသော ကျင့်ကြံသူရာချီကမူ ထိုလှိုင်းဂယက်ကြောင့် နာကျင်စွာအော်ဟစ် သေဆုံးသွားသည်ကို တွေ့မြင်လိုက်ရသည့်အခါ သူတို့သည် ပါးစပ်ဟောင်းလောင်း ဖြစ်သွားရ၏။

တောက်ပသော လေဟာနယ်၏ တောင်ပိုင်းတွင်လည်း ပြင်ပနယ်မြေမှ ကောင်းကင်ဘုံဒုက္ခအဆင့်သို့ ရောက်နေသော ကျင့်ကြံသူနှစ်ယောက် ရှိသည်။ သူတို့သည် သူတို့ရှေ့ရှိ လူငယ်တစ်ဘောက်နောက်သို့ လိုက်နေရင်း မကောင်းသောခံစားမှု ရလိုက်သည်။ ထိုလူငယ်ကမူ သွေးများ အလိမ်းလိမ်း ဖြစ်နေသည်။

သို့ပေမည့် ထိုအခိုက်တွင် လှိုင်းဂယက်တစ်ခု ပဲ့တင်ထပ်သည်။ ပြင်ပနယ်မြေမှ ထိုကျင့်ကြံသူနှစ်ယောက်သည် တုန်ယင်ကာ ပျက်စီးသွားတော့သည်။ မင်သက်နေသော လူငယ်သာ ကျန်ခဲ့လေတော့သည်။

တောက်ပသောလေဟာနယ်၏ အနောက်ဘက်ပိုင်းတွင် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိသည်။ ကလန်အများစုသည် ဖျက်စီးခံထားရပြီး ခုချိန်၌ ပြင်ပနယ်မြေမှ ကျင့်ကြံသူများက ဤနေရာကို သိမ်းပိုက်ထားကြသည်။ သူတို့ထဲမှ အချို့သည် သတ်ဖြတ်ခြင်းကြောင့် ရူးသွပ်သွားဟန်ရကာ သေမျိုးများကိုပါ အမှန်တကယ် သတ်ဖြတ်မှု ပြုလေသည်။ အော်သံဟစ်သံများ မြို့များအတွင်း၌ ပဲ့တင်ထပ်နေ၏။

ပြင်ပနယ်မြေမှ ကျင့်ကြံသူအချို့က ကလန်အမျိုးမျိုးမှ အလှပဂေးလေးများကို ဖမ်းဆီးထားကြ၏။

သို့ရာတွင် ထိုအခိုက်တွင့် လှိုင်းဂယက်တစ်ခုက သည်ကျင့်ကြံခြင်းဂြိုဟ်ကို ဖြတ်သန်းသွားသည်။ ထိုလှိုင်း ဖြတ်သန်းသွားချိန်၌ ဂြိုဟ်ပေါ်ရှိ ပြင်ပနယ်မြေ ကျင့်ကြံသူအားလုံး တုန်ယင်ကာ အသွေးအသားပုံအဖြစ် ပျက်စီးသွားရလေသည်။

အလားတူ ဖြစ်ရပ်များသည် တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်း၏ နေရာတိုင်းတွင် ဖြစ်ပွားနေသည်။ ထိုလှိုင်းဂယက်များ ပျံ့နှံ့နေရင်း ပြင်ပနယ်မြေမှ တုန်လှုပ်ဖွယ်ကျင့်ကြံသူပမာဏမှာ သေဆုံးကုန်ရသည်။

တောက်ပသောလေဟာနယ်နှင့် တိမ်ပင်လယ်တို့ကြား နယ်စပ်၌ အရှင်လေဟာနယ်နတ်ဘုရား၏ ကိုယ်ပွားသည် သူ့ခန္ဓာကိုယ်အသွင် ပြန်ဖွဲ့စည်း၏။ သူ့အမူအရာမှာ သုန်မှုန်နေပြီး သူသည် ရှေ့သို့ ကြောက်လန့်တကြား ကြည့်မိသည်။

“သူ့မှာ ဒီမြား ပိုင်ဆိုင်ထားရင် ဘယ်သူကများ သူ့ကို သတ်နိုင်မှာလဲ။ သေစမ်းကွာ။ ဒီမြားသာ မရှိရင် အများဆုံးမှာ ငါ ဒဏ်ရာရရုံပဲ။ ဒါပေမဲ့ အခုတော့ ငါ သူ့ကို သတ်ဖို့ မဖြစ်နိုင်တော့ဘူး။ သူ့ရှိမှာ ဘာကြောင့် ဒီမြားနဲ့လေး ရှိနေရတာလဲ…”

“အုပ်စိုးသူ…သင် သူ့ကို အတိတ်တုန်းက ဒီလေး လက်ဆောင်ပေးခဲ့တယ်။ သင် အမှားကြီးကြီး ပြုလုပ်ခဲ့တာပဲ။ ဒီမြားနဲ့ဆိုရင် အတွင်း၊အပြင်နယ်မြေက ဘယ်သူကများ သူ့ကို ကိုင်တွယ်နိုင်တော့မှာလဲ…”

“ဒီအဘိုးအို ဒီစစ်ပွဲမှာ ဆက်မပါဝင်တော့ဘူး။ ငါ့ကိုယ်ပွားသာ ရှင်သန်နိုင်ခဲ့ရင် ငါ့မူလခန္ဓာကိုယ်ဆီပဲ ပြန်တော့မယ်…” အရှင်လေဟာနယ်နတ်ဘုရား၏ ကြောက်ရွှံ့မှုသည် အကန့်အသတ် ရောက်လာ၏။ ထိုအခိုက်တွင် သူသည် တိမ်ပင်လယ်တွင် ထွက်ပြေးနေခြင်းပင်။ သူက တိမ်ပင်လယ်ရှိ အဟကို ဖြတ်သန်း၍ ပြင်ပနယ်မြေရှိ ထွက်ခွာချင်နေ၏။ သူသည် အတွင်းနယ်မြေသို့ ထပ်မံ မဝင်ရောက်လာတော့ရန် စိတ်ဆုံးဖြတ်လိုက်တော့သည်။

သို့ပေမည့် ထိုစဉ် သူ၏အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားကာ နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ့နောက်မှ ဟင်းလင်းပြင်သည် ချိုးဖျက်ခံရပြီး မြား ထိုးထွက်လာ၏။ ထိုမြား၏ အမြန်နှုန်းမှာ ရှောင်နိုင်ဖို့ငှာ မဖြစ်နိုင်ပေ။ ၎င်းက သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်သွားလေ၏။

အရှင်လေဟာနယ်နတ်ဘုရား၏ခန္ဓာကိုယ်သည် ပျက်စီးသွား၏။ သူ့အော်ရာမှာလည်း သဲလွန်စမရှိ ပျောက်ကွယ်သွားတော့သည်။

သူ့ကိုယ်ပွား သေဆုံးသွားချိန်၌ ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အဆုံးမဲ့မြူများကြား ကြယ်နယ်မြေတစ်ခုထံမှ နာကျင်စွာအော်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုကြယ်နယ်မြေအတွင်းရှိ မြူများသည် အလျင်အမြန် ကြုံ့လာကာ ခန္ဓာကိုယ်တစ်ခုအသွင် ဖြစ်လာ၏။ ယင်းကား အရှင်လေဟာနယ်နတ်ဘုရား၏ မူလခန္ဓာကိုယ်ပင် ဖြစ်၏။

သူသည် ပါးစပ်အပြည့် သွေးအန်လိုက်ရပြီးနောက် နောက်သို့ ခြေလှမ်းအနည်းငယ် တရွတ်တိုက် ဆွဲသွားသည်။ သူသည် အတွင်းနယ်မြေရှိရာသို့ ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် ထိတ်လန့်ဟန်တို့ ရှိနေသည်။

တောက်ပသောလေဟာနယ်၊ ဟင်္သာပြဒါးဂြိုဟ်၏အပြင်ဘက်တွင် ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။ သူ့လက်ထဲမှ လေးသည် ပျောက်ကွယ်သွားသည်။ မြားမှာလည်း လေဟာနယ်အတွင်း ပြန်ရောက်ရှိသွားပြီ။ ၎င်းသည် သူ့ညာလက်အတွင်းရှိ ရွှေရောင်သွေးစက်အတွင်းသို့ ပြန်ရောက်သွားလေပြီ။

သူက ထိုသွေးစက်ကို သူ့နှဖူးထက်သို့ ဖိချလိုက်ပြီး ပျက်စီးနေသော လေဟာနယ်ဂိတ်တံခါးကနေ ဖြစ်ပေါ်သည့် ဝဲကတော့ထံ တိုးဝင်လာ၏။

သူသည် သူ့တတိယအဆင့်ကျင့်ကြံခြင်းကို ပိုခိုင်မာစေရန် အချိန်အနည်းငယ် ပေးရအုံးမည် ဖြစ်၏။

သိပ်မဝေးသောနေရာ၌ လှိုင်းဂယက်များ၏ သတ်ဖြတ်ခြင်းမခံရသော တစ်ယောက်တည်းသော ပြင်ပနယ်မြေကျင့်ကြံသူ ကျိုးကျင် ရှိနေ၏။ သူ့ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူသည် မလှုပ်ဝံ့ပေ။ သူသည် ဝမ်လင်း ဝဲကတော့ထံ ခြေလှမ်းဝင်သွားပြီး လေဟာနယ်ဂိတ်တံခါးမှ စွမ်းအားများကို အရူးအမူး စုပ်ယူနေသည်ကို စောင့်ကြည့်နေမိသည်။

“ဘယ်လောက် အစွမ်းထက်လိုက်လဲ။ သူ….သူ တကယ်ကြီးကို အစွမ်းထက်လာခဲ့ပြီ…” ကျိုးကျင်၏စိတ်မှာ ဗလာကျင်းနေ၏။ သူ့မျက်နှာမှာလည်း သွေးမရှိတော့ပေ။

သူသာမက အတွင်းနယ်မြေရှိ ကျင့်ကြံသူထောင်ချီမှာလည်း မင်သက်နေကြသည်။ ခုလေးတင် သူတို့ မျက်မြင်တွေ့ခဲ့ရသည့် အဖြစ်သနစ်များက မယုံကြည်နိုင်လောက်ဖွယ် ဖြစ်နေ၏။

“ချိပ်ပိတ်နယ်မြေအရှင်…။ ဒါက ငါတို့အတွင်းနယ်မြေရဲ့ မျှော်လင့်ချက်၊ ချိပ်ပိတ်နယ်မြေအရှင်ပဲ…” အရှင်တောင်ပိုင်းတိမ်၏မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုတို့ ပြည့်နေ၏။ နှစ်ပေါင်းများစွာ ကျင့်ကြံလာသော တစ်စုံတစ်ယောက်သည် ခုလိုမျိုး မဖြစ်သင့်ပေ။ သို့သော် တစ်သောင်းလေဟာနယ်အရိုးတံခါး သို့မဟုတ်၊ မြား၏စွမ်းအား မည်သည့်အရာပင် ဖြစ်စေ သူ့ကို တုန်လှုပ်သွားစေဖို့ရာ လုံလောက်နေပေ၏။

စစ်ထူနန်သည် ဝဲကတော့အတွင်းရှိ ဝမ်လင်းကို ကြည့်ကာ ရယ်မောလိုက်၏။ သူ့မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေ၏။

“ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ဂုဏ်ကျက်သရေ…” မည်သူက စပြောလိုက်မှန်းမသိရသော်လည်း မကြာခင်တွင် လူတိုင်းသည် ထိုသို့ သံပြိုင်ဟစ်အော်ကြ၏။ ကျင့်ကြံသူထောင်ချီသည် စိတ်လှုပ်ရှားစွာ အော်ဟစ်ကြသည်။ သူတို့နောက်တွင် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကောင်းကင်ထက် မော့ကြည့်နေသော ဝမ်လင်း၏ရုပ်တု ရှိလို့နေ၏။ သူ့ရုပ်တုက ကောင်းကင်နှင့်မြေကြီးကို ဘာမထီဟန်ဖြင့် ကြည့်နေသည့်နှယ်။

သို့ပေမည့် ဝမ်လင်းသည်သာ နတ်ဘုရားပြစ်ဒဏ်၊ သူ့တတိယအဆင့်အတွက် နတ်ဘုရားပြစ်ဒဏ် ရောက်လာတော့မည်ကို သိနေသည်။

***

All Chapters