← Chapters

ဟို့ဖုန်းဟွမ်

Vol. 25 Ch. 337

ဟို့ဖုန်းဟွမ်

Vol. 25 Ch. 337

အခန်း (၃၃၇) : ဟို့ဖုန်းဟွမ်

ဝမ်ဝေ့က ထိုမေးခွန်းများကို သူ့ဘာသူ မေးပြီးသည့်နောက်တွင် သက်ပြင်းချလိုက်သည်။ လွတ်လပ်ကာ အနှောင်အဖွဲ့ကင်းပြီး ကံကြမ္မာကို ထိန်းချုပ်မည့် သူ့လမ်းစဉ်က လွယ်ကူမည် မဟုတ်ကြောင်း သိလေသည်။

သူက အားကောင်းသော်လည်း သူ ရရှိလိုသည်နှင့် ယှဉ်လိုက်သည့်အခါ သူ့ရည်မှန်းချက်ကို ဖြစ်မြောက်ဖို့အတွက် မနီးကပ်သေးပေ။

ထို့ကြောင့် သူက အတွေးများကို စုစည်းကာ သူ့လက်ရှိအခြေအနေပေါ်သာ အာရုံစိုက်ထားလိုက်သည်။ လော့ချန်၏ ချီကံကောင်းမှုဖြင့် ကံအပြောင်းအလဲ အခွင့်အရေးများက ဤတစ်ကြိမ် ရည်မှန်းချက်ကို ရောက်ရှိဖို့အတွက် မလုံလောက်သေးပေ။

ထို့ကြောင့် သူက တစ်ခုခုလုပ်ဖို့ လိုအပ်နေလေသည်။

ရွေးချယ်စရာတစ်ခုက သူ့ကံကြမ္မာ အပြောင်းအလဲအခွင့်အရေးကို လော့ချန်အတွက် ကူညီပေးခြင်းဖြစ်၏။ အကြောင်းမှာ သူ့အနေနှင့် သူတို့အများစုကို သုံးမည် မဟုတ်ပေ။ ကံဆိုးစွာဖြင့် သူက သူ့ချီကံကောင်းမှုကို လော့ချန်အား ဖြည့်ဆည်းမပေးလိုပေ။ ထို့အပြင် သူ့လက်ရှိအင်အားဖြင့် သူ ပိုင်ဆိုင်ထားသည့် အခွင့်အရေးအများစုက သူ လော့ချန်ခန္ဓာကိုယ်အတွင်းမှ သူ့ကိုယ်ပိုင်စွမ်းအားကို မသုံးမချင်း ရရှိနိုင်မည့် အရာမျိုး မဟုတ်ပေ။

ထို့ကြောင့် လျှို့ဝှက်နယ်မြေအတွင်း ဝင်ရောက်သည့် လူများစွာထံ ထူးထူးဆန်းဆန်း အပြုအမူများဖြင့် သံသယကို မဆွဲဆောင်လိုပေ။ ထို့ကြောင့် သူက မလိုအပ်သရွေ့ လော့ချန်၏ ခန္ဓာကိုယ်အတွင်းမှ သူ့စွမ်းအားကို အသုံးပြုမည် မဟုတ်ပေ။

ထို့ကြောင့် သူ့အတွက် ရွေးချယ်စရာတစ်ခုသာ ကျန်ရှိတော့လေသည်။ တခြားလူများ၏ ကံကောင်းမှုကို ခိုးယူခြင်း ဖြစ်၏။

ထို့ကြောင့် ဝမ်ဝေ့၏ အကြည့်တို့က ပြောင်းလဲသွားကာ တခြားလူများ၏ ချီကံကောင်းမှုကို စတင်ရှာဖွေလိုက်သည်။ သူ့ ကျွမ်းကျင်မှုဖြင့် သူတို့၏ ချီကံကောင်းမှုနဂါးပေါ် မူတည်၍ ထိုလူများ၏ ကျင့်ကြံဆင့် သို့မဟုတ် အင်အားကို ခွဲခြားနိုင်လေသည်။ သူက သဘာဝလွန်အဆင့်နှင့်အောက် ကျင့်ကြံသူများ၏ ချီကံကောင်းမှုနဂါး အသက်ဝင်နေသည့်သူများကို အာရုံစိုက်ထားလိုက်သည်။ ဆိုလိုသည်မှာ သူတို့က မကြာခင် ကံအပြောင်းအလဲ အခွင့်အရေး တွေ့တော့မည် ဖြစ်၏။

ထို့နောက် ဝမ်ဝေ့က မြေကမ္ဘာအဆင့် မျက်နှာအသွင်ပြောင်း ဆေးလုံးကို မျိုချလိုက်သည်။ ထိုအရာက ကိုယ်ပျောက်ဆေးလုံးနှင့်အတူ ဖန်တီးထားသည့် ဆေးလုံးဖြစ်ပြီး သူ့သွင်ပြင်ကို ပြောင်းလဲရန် ဖော်စပ်ထားခြင်း ဖြစ်လေသည်။

သူ့ပြင်ဆင်မှုများ ပြီးဆုံးသွားသည်နှင့် သူက သူ ရွေးချယ်သည့်သူများနောက် တိတ်တဆိတ် လိုက်သွားလိုက်သည်။ ထို့နောက် အခွင့်အရေး သင့်တော်သည့်အခါ သူက သူတို့အား ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ကာ သူတို့အခွင့်အရေးကို ရယူလိုက်မည်။

သို့သော်လည်း သူက ထိုလူများကို သတ်မည် မဟုတ်ပေ။ ဝမ်ဝေ့က လော့ချန်သည် အားနည်းသောကြောင့် တခြားလူများ၏ ချီကံကောင်းမှုကို ခိုးယူခြင်းက ကံကြမ္မာဝဋ်ကြွေး တန်ပြန်သက်ရောက်မှု ခံစားရမည်ဖြစ်ကြောင်း သိလေသည်။ ထိုလူများကို သတ်လိုက်ခြင်းက ကံကြမ္မာဝဋ်ကြွေးကို ပို၍ တိုးပွားသွားစေလိမ့်မည်။

ဝမ်ဝေ့၏ ဂမ္ဘီရအရ ထိုတန်ပြန်သက်ရောက်မှုသည် သူ့ဇစ်မြစ်အကြောင်း မတော်တဆ ဖော်ထုတ်နိုင်ချေ ရှိလေသည်။ လော့ချန်အတွက် ကံကောင်းသွားသည်က သူ့ကို မူလဆေးလုံးတာအိုဂိုဏ်း၏ ကံကောင်းမှုဖြင့် ချီးမြှင့်ခံထားရသောကြောင့် ထိုတန်ပြန်သက်ရောက်မှုကို ခံနိုင်ရည် ရှိလေသည်။ သူသာ သူ့အစ်မ(၃)နှင့် သူမတို့အုပ်စုကို အလျင်အမြန် ရှာဖွေနိုင်သရွေ့ တန်ပြန်သက်ရောက်မှုကို ဖြေရှင်းနိုင်လိမ့်မည်။ ထို့အပြင် ဝမ်ဝေ့၏ လက်ရှိနည်းလမ်းများအရ သူက ထိုတန်ပြန်သက်ရောက်မှုအား ယခုပြဿနာ မရှိအောင် အချိန်ဆွဲထားနိုင်လေသည်။

ထို့ကြောင့် ဝမ်ဝေ့က တခြားလူများ၏ ကံကောင်းမှုကို ခိုးယူရင်း လော့ချန်၏ ချီကံကောင်းမှုနဂါးက ဖြည်းဖြည်းချင်း ရွှေရောင်မှ လိမ္မော်ရောင်သို့ ပြောင်းသွားသည်ကို ကြည့်နေလိုက်သည်။ သို့သော် သူက သိပ်ဂရုမစိုက်ပေ။ သူက လိုအပ်လာသည့်အခါ ကံအပြောင်းအလဲ အခွင့်အရေးများကို ရှင်းပြဖို့ အကြောင်းပြချက်အနေနှင့်သာ အသုံးပြုထားခြင်း ဖြစ်၏။

ဝမ်ဝေ့က ကံကောင်းမှု သူခိုးအဖြစ် ပြောင်းလဲသွားစဉ် ဟို့ဖုန်းဟွမ်နှင့် သူမ၏ လူများက ပင်မဗဟိုချက်နေရာသို့ မသွားကြဘဲ သူတို့၏ သီးသန့်နေရာတစ်ခုသို့ ဦးတည်သွားကြသည်။

ဟို့ဖုန်းဟွမ်က ထူးဆန်းသည့် သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ဆောင်ထားရင်း လျှို့ဝှက်နယ်မြေ၏ အရှေ့ဘက်စူးစူးသို့ သွားလိုက်သည်။ သိပ်မကြာခင် အဖွဲ့က ဘာမှမရှိသည့် အေးခဲနေသော ကွင်းပြင်သို့ ရောက်ရှိသွားကြသည်။ အနည်းဆုံးတော့ အပေါ်ယံတွင် ထိုသို့မြင်ရလေသည်။

အဖွဲ့က မိုင်သိန်းချီ ရှာဖွေသော်လည်း တိရစ္ဆာန်များ မရှိဘဲ ရေခဲရုပ်ထုများနှင့် တူသည့် သစ်ပင်တချို့သာ ရှိလေသည်။ အဖွဲ့က ထိုနေရာသို့ ရောက်ရှိသွားသည်နှင့် အထွတ်အထိပ်အဆင့် ကျင့်ကြံသူများ ပျံသန်းခြင်းမှ တားဆီးနိုင်ဖို့အတွက် ပျံသန်းရေးကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသည့် အားကောင်းသည့် အစီအရင်တစ်ခုကို တွေ့လိုက်ရသည်။

“ သခင်မလေး ကျုပ်တို့ ဒီအစီအရင်ကို ချိုးဖောက်လိုက်ရမလား” လူလတ်အရွယ်အမျိုးသားက မေးလိုက်သည်။ သူက ဟို့ဖုန်းဟွမ်နောက်မှ လျှို့ဝှက်နယ်မြေအတွင်း လိုက်လာသည့် အစစ်အမှန်အုပ်ချုပ်သူ လေးဦးထဲမှ တစ်ဦး ဖြစ်လေသည်။

“ ဒါက ဘယ်လောက်ကြာမလဲ” သူမက ပြန်မေးလိုက်သည်။

“ ကျုပ်တို့လေးယောက်နဲ့ဆိုရင် အချိန်တချို့တော့ ကြာလိမ့်မယ်”

“ အဲလိုဆိုရင်ခြေလျှင်ပဲ သွားကြစို့။ ဒီဟာက ပိုမြန်လိမ့်မယ်” သူမက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည် “ ပြီးတော့ ကျွန်မနောက်က လိုက်လာတဲ့ ကြွက်စုတ်ကို သွားရှင်းလိုက်တော့”

လူတစ်ဦးက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပြီး မိနစ်အနည်းငယ်ကြာပြီးနောက် ပြန်ထွက်ပေါ်လာသည်။

“ ပြီးသွားပြီလား”

“ ဟုတ်ကဲ့ ပြီးသွားပါပြီ သခင်မလေး”

ထို့နောက် လူငါးယောက်အဖွဲ့က ပြဿနာများကို လျစ်လျူရှုကာ အေးခဲနေသည့် ကွင်းပြင်ထက် ဆက်လက်ခရီးနှင်လိုက်သည်။ အပူချိန်က နိမ့်ကျလွန်းသည့်အတွက် လေဟာနယ်ဖြိုခွင်းခြင်း ကျင့်ကြံသူများပင် ဤသို့သော ပတ်ဝန်းကျင်မျိုး၌ ခက်ခဲသည့် အချိန်များ ရှိနေကြသောကြောင့် သူတို့စွမ်းအားဖြင့် ခုခံထားရသည်။ သို့သော်လည်း ဟို့ဖုန်းဟွမ်ကမူ အဆင်ပြေနေလေသည်။ သူမက သူမဘာသာသူမ ကာကွယ်ဖို့ စွမ်းအားများ၊ မန္တန်များ ထုတ်သုံးစရာ မလိုအပ်ပေ။

သံလိုက်အိမ်မြှောင် ညွှန်ပြရာအတိုင်း လာနေစဉ် သူမအနားရှိ မြေပြင်က ရုတ်ချည်းဆိုသလို အက်ကွဲလာကာ မြေပြင်မှ အဖြူရောင် ပုရွက်ဆိတ်ကြီး တစ်ကောင် ထွက်ပေါ်လာသည်။ ထိုအရာက မီတာငါးဆယ် မြင့်မားပြီး ခုနစ်ဆယ်မီတာ ကြီးမားလေသည်။

ထိုအရာက အရွယ်အစား ကြီးမားသော်လည်း အလွန်လျင်မြန်လှပြီး ဟို့ဖုန်းဟွမ်ဆီ သတ်ဖြတ်ငွေ့နှင့်အတူ ပြေးဝင်လာသည်။ သူ့နောက်တွင် အရိပ်များစွာသာ ချန်ထားခဲ့၏။

ကံဆိုးစွာဖြင့် ထိုပုရွက်ဆိတ် မြင်လိုက်ရသည်က စိတ်ပျက်မှုနှင့် အကြောက်တရားကို မဟုတ်ဘဲ နတ်ဘုရားတစ်ပါးက သေမျိုးများကို ကြည့်နေသည့်အလား မထူးမခြားနား တည်ငြိမ်နေသည့် အမျိုးသမီးတစ်ဦးသာ ဖြစ်၏။

ထို့နောက် သူမက လက်ကို အသာဝှေ့လိုက်စဉ် စွမ်းအားတစ်ခုက လေဆင်နှာမောင်းလို ထွက်ပေါ်လာသည်။ ထိုစွမ်းအားက ပုရွက်ဆိတ်၏ ခန္ဓာကိုယ်တစ်ဝက်အား ချက်ချင်းဆိုသလို ဖျက်ဆီးပစ်လိုက်ပြီး လေမုန်တိုင်းက မီတာအနည်းငယ်ထိ ပျံ့နှံ့သွားလေသည်။

ပုရွက်ဆိတ်ကြီးက ခရမ်းရောင်သွေးအိုင်အတွင်း လဲလျောင်းနေရင်း ဤအမျိုးသမီးက သူ့ထက်ပင် အဘယ်ကြောင့် ကြမ်းတမ်းနေရတာလဲဟုသာ စဉ်းစားနေမိသည်။ ခဏအကြာတွင် သူက နတ်ဆိုးလား၊ သူမက နတ်ဆိုးလားဟုပင် ပြန်လည်စဉ်းစားမိလာ၏။ ထို့နောက် ပုရွက်ဆိတ်ကြီးက နောက်ဆုံးထွက်သက်ကို ရှူရှိုက်လိုက်ရသည်။

ဟို့ဖုန်းဟွမ်က ထိုပုရွက်ဆိတ်ကို ကြည့်ကာ ရေရွတ်လိုက်သည် “ ကျွန်မသာ မှတ်မိတာ မှန်မယ်ဆိုရင် ဒါက မြေကမ္ဘာတန်ဒြာပုရွက်ဆိတ်မလား”

“ ဟုတ်ပါတယ် သခင်မလေး။ ဒီအရာတွေက ယုံကြည်မှုခေတ်ကာလကတည်းက မျိုးတုန်းသွားခဲ့ပြီ”

သူမက ခေါင်းညိတ်လိုက်ပြီး ထိုအချက်ကို မအံ့ဩမိပေ။ နောက်ဆုံးတွင် သူမက ထိုအဆင့် ၆ နတ်ဆိုးသားရဲ၏ အလောင်းအား လျစ်လျူရှုကာ အဖွဲ့က ဆက်လက် ခရီးနှင်လိုက်ကြသည်။ ရက်အနည်းငယ်ကြာ မရပ်မနား လျှောက်လှမ်းလာပြီးသည့်နောက်တွင် သူတို့က ရပ်တန့်သွားလေသည်။

သူတို့ရှေ့တွင် ဘာဆိုဘာမှရှိမနေသော်လည်း သံလိုက်အိမ်မြှောင်က သူတို့သည် ဦးတည်ချက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ညွှန်ပြနေသည်။

အစစ်အမှန်အုပ်ချုပ်သူ လေးယောက်က နေရာတစ်ခုကို ရှာဖွေပြီးသည့်နောက်တွင် သူတို့၏ စွမ်းအားကို ထုတ်သုံးလိုက်ကြသည်။ သူတို့ခန္ဓာကိုယ်မှ စည်းမျဉ်းစွမ်းအား ထွက်ပေါ်လာကာ လေဟာနယ်အတွင်း ပဲ့တင်ထပ်သွားလေ၏။ ဤအချိန်တွင် အာကာပြင်လှိုဏ်ခေါင်းတစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာကာ ထိုလေးဦးလုံးက ထိုအရာကို တည်ငြိမ်အောင် ကြိုးစားလိုက်ကြသည်။

အရာအားလုံး ပြီးဆုံးပြီးသည့်နောက် လေးယောက်သား အထဲဝင်လိုက်သည့်အခါ လျှို့ဝှက်နယ်မြေအတွင်း နောက်ထပ် ဒိုင်မေးရှင်းငယ်တစ်ခုထဲ ရောက်ရှိသွားကြသည်။

သူတို့ မြင်လိုက်ရသည်ကား ခရမ်းရောင်အရည်များဖြင့် ပြည့်နေသည့် ရေကန်တစ်ခုသာ ဖြစ်၏။ ထိုအရာကို မြင်ပြီးသည့်နောက်တွင် ဟို့ဖုန်းဟွမ်၏ အကြည့်များက တောက်ပလာသည်။ သူမက ထိုအရာဆီ သွားကာ အနည်းငယ် သောက်ကြည့်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်အနှံ့ လန်းဆန်းတက်ကြွသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာလေသည်။

“ ဒီပင်ကိုချီနဲ့ဆိုရင် သွေးမျိုးဆက်နိုးထရေး အဆင့်ကနေ အစစ်အမှန် ဝိညာဉ်အဆင့်ကို တက်လှမ်းနိုင်တော့မယ်။ အဲဒါဆိုရင် အနာဂတ်အတွက် ပြီးပြည့်စုံတဲ့ အုတ်မြစ်ကို ချနိုင်တော့မှာပဲ”

ဟိုးရှေးဟောင်းဆွေကြီးမျိုးကြီး မျိုးနွယ်၏ ဆက်ခံသူအနေနှင့် သူမက ဧကရာဇ်ချီယွမ် ဖန်တီးထားသည့် မူလနည်းစနစ်ကို မကျင့်ကြံဘဲ အသင်္ချေအင်ပါယာကမ္ဘာ၏ ပထမဆုံးဧကရာဇ် ဖြစ်သည့် ကောင်းကင်ဖွင့်လှစ်ခြင်းဧကရာဇ်၏ ကျင့်စဉ်ကို ကျင့်ကြံလေသည်။

အစစ်အမှန် စိတ်ဝိညာဉ်အဆင့် ဆိုသည်မှာ လက်ရှိနည်းစနစ်၏ ကမ္ဘာဦးစိတ်ဝိညာဉ်အဆင့်နှင့် အတူတူသာ ဖြစ်၏။ ဒီကမ္ဘာဦးစိတ်ဝိညာဉ်ကို ဖန်တီးရမည့်အစား ရှေးဟောင်းကျင့်ကြံသူများက အစစ်အမှန် စိတ်ဝိညာဉ်ကိုသာ ဖန်တီးလေသည်။

ကွာခြားချက်ကဘာလဲ

ကွာခြားချက်က ရှေးဟောင်းကျင့်ကြံရေး နည်းစနစ်များသည် ကမ္ဘာဦးနတ်ဘုရားများနှင့် ပင်ကိုနတ်ဆိုးများ၏ ခန္ဓာကိုယ်ကို လေ့လာပြီးနောက် ဖန်တီးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ခန္ဓာကိုယ်ကို လေ့ကျင့်ဖို့အပေါ် အာရုံအပြည့်အဝ စိုက်ထားလေသည်။ ထို့ကြောင့် အစစ်အမှန်စိတ်ဝိညာဉ်နှင့် ကမ္ဘာဦး စိတ်ဝိညာဉ်တို့၏ ကွာဟချက်နှင့် ပတ်သက်လာသည့်အခါ သူတို့က ကျင့်ကြံသူများအား မိုးမြေကြားမှ စည်းမျဉ်းများကို အလွယ်တကူ အာရုံခံနိုင်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် တူညီသည့် ရည်ရွယ်ချက် ရှိကြသည်။

သို့သော်လည်း ကမ္ဘာဦး စိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ သီးသန့်ဖြစ်တည်နေသည့် အရာဖြစ်ပြီး ခန္ဓာကိုယ်မရှိဘဲ တည်ရှိနိုင်လေသည်။ အကယ်၍ ကျင့်ကြံသူ၏ ခန္ဓာကိုယ်က ပျက်စီးသွားလျှင်ပင် သူတို့၏ ကမ္ဘာဦးစိတ်ဝိညာဉ် တည်ရှိနေသရွေ့ အသက်ရှင်နေနိုင်သည်။ သူတို့က တခြားသူ၏ ခန္ဓာကိုယ်ကို ဝင်ပူးကပ်နိုင်သလို သူတို့သာ အရင်းအမြစ် လုံလောက်ပါက ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်နိုင်သည်။

အစစ်အမှန် စိတ်ဝိညာဉ်နှင့် ပတ်သက်လာသည့်အခါ ထိုအရာက ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသောကြောင့် မခွဲခြားနိုင်ပေ။ ရလဒ်အနေဖြင့် ထိုအဆင့် ကျင့်ကြံသူများက သတ်ဖို့ရာ ခက်ခဲလေသည်။ အကြောင်းမှာ သူတို့၏ သွေးတစ်စက် တည်ရှိနေသရွေ့ ပြန်လည်ရှင်သန်နိုင်၍ ဖြစ်သည်။

ဤသည်က ဝမ်ဝေ့သွေးကို လေ့ကျင့်ပြီးသည့်နောက်တွင် သွေးတစ်စက်ဖြင့် ပြန်လည်ရှင်သန်ထမြောက်ရေးအဆင့်သို့ ရောက်ရှိနေသည့်အဆင့်နှင့် တူညီလေသည်။

ကွာခြားချက် အကြီးကြီး ရှိနေသေး၏။ အစစ်အမှန် စိတ်ဝိညာဉ်အဆင့်ရှိ ကျင့်ကြံသူအများစုက သူတို့ကိုယ်သူတို့ ပြန်လည်ရှင်သန်ထမြောက်နိုင်ဖို့အတွက် စွမ်းအားနှင့် အရင်းအမြစ်များစွာ လိုအပ်စဉ် ဝမ်ဝေ့ကမူ ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီနှင့်သာ ပြုလုပ်နိုင်လေသည်။

ထို့အပြင် ရှေးဟောင်းကျင့်ကြံသူများက သူတို့သေဆုံးကာ ပြန်လည်ရှင်သန်နိုင်သည့် အရေအတွက် အကန့်အသတ် ရှိနေသေးသည်။ အများဆုံးက အသက် ၉ သက်သာ ဖြစ်၏။ ဟို့ဖုန်းဟွမ်လို ပါရမီရှင်မျိုးသာ ထိုအဆင့်သို့ ရောက်ရှိနိုင်ကြသည်။

All Chapters