← Chapters

နတ်ဘုရားမ၏ အမျက်ဒေါသ

Vol. 25 Ch. 340

နတ်ဘုရားမ၏ အမျက်ဒေါသ

Vol. 25 Ch. 340

အခန်း (၃၄၀) : နတ်ဘုရားမ၏ အမျက်ဒေါသ

ချပ်ဝတ်နတ်ဘုရားလျူက တရားထိုင်နေရာမှ မျက်လုံးပွင့်လာခဲ့သည်။ အကယ်၍ တစ်ယောက်ယောက်သာ သူ့ကို အနီးကပ် ကြည့်လိုက်ပါက သူ့ မျက်ဝန်းအတွင်း ထူးဆန်းသည့် သင်္ကေတများ ဖျတ်ခနဲလက်သွားသည်ကို မြင်ရလိမ့်မည်။ သူက အချက်ပြမှုတစ်ခုကို ရရှိလိုက်သည့်အလား တည်နေရာတစ်ခုကို လှမ်းကြည့်လိုက်သည်။

“ အခုအချိန်ကျလာပြီလား”

ထို့နောက် သူက ဉာဏ်များစွာ ပြုံးလိုက်သည်။ ချပ်ဝတ်နတ်ဘုရားလျူ၏ နဂိုမောက်မာမှုများက ပျောက်ကွယ်သွားပြီဖြစ်ကာ တည်ငြိမ်အေးဆေးသည့် အပြုအမူတို့ အစားထိုး ဝင်ရောက်လာလေသည်။ သူက လွန်ခဲ့သည့် တစ်နှစ်ကလူနှင့် မတူညီသည့် လူတစ်ယောက် ဖြစ်သွားဟန်ပေါ်သည်။

သူက သူ့ကျောင်းဆောင်မှ ထွက်လာကာ ကောင်းကင်ဘုံဗိမာန်အတွင်း လျှောက်သွားလိုက်သည်။ သူ သွားလေရာတိုင်း လေ့ကျင့်နေသည့် နတ်ဘုရားများစွာကို မြင်လိုက်ရသည်။ ထိုနတ်ဘုရားများက သူ့အား မြင်တွေ့သည့်အခါ သူတို့၏မျက်ဝန်းများက ချက်ချင်းဆိုသလို သွေးနီရောင် သင်္ကေတအဖြစ် ပြောင်းလဲသွားပြီး သူ့အား ဦးညွှတ်လာကြသည်။

သူက ကောင်းကင်ဘုံဗိမာန်ရှိ အရာအားလုံးကို ပြန်လည်ကြည့်လိုက်ပြီးသည့်နောက်တွင် ယခုအရိပ် ဖြစ်နေသည့် ချပ်ဝတ်နတ်ဘုရားလျူသည် သူ့ဘာသာသူ တွေးလိုက်မိသည်။

ဒီနှစ်တွေမှာ ငါ သွေးပူးကပ်ခြင်း ကျိန်စာကို အသုံးပြုပြီးတော့ မီးနတ်ဘုရား ပိုင်နက်အများစုကို ကျူးကျော်နိုင်ခဲ့တယ်။ ငါ မထိနိုင်ဘဲ ကျန်ရှိနေတဲ့ တစ်ခုတည်းသောနေရာက မီးနတ်ဘုရားရဲ့ ကောင်းကင်ဘုံဗိမာန်ပဲ …

စောင့်ကြည့်နေတဲ့ စည်းမျဉ်းတွေအောက်မှာ နတ်ဘုရားတွေကို တိတ်တဆိတ် ထိန်းချုပ်ဖို့ အရမ်းကိုခက်ခဲလွန်းတယ်။ ပြီးတော့ စတေးမှုက မထိုက်တန်ဘူး။ အခု အားလုံးက မရဏနယ်မြေအပေါ် အာရုံစိုက်နေကြတာဆိုတော့ အခု လှုပ်ရှားဖို့ အချိန်ကောင်းပဲ ….

ထို့နောက် အရိပ်က တခြားနယ်မြေမှ သူ့မိတ်ဆွေများဆီ ဖိတ်ကြားချက် ပို့လိုက်သည်။ နယ်မြေမတူသည့် နတ်ဘုရားအမျိုးမျိုးနှင့် တွေ့ဆုံခြင်းက ပုံမှန်ဖြစ်လေသည်။ အထူးသဖြင့် သူတို့၏ ခေါင်းဆောင်များက မိတ်ဆွေရင်း သို့မဟုတ် မဟာမိတ်များ ဖြစ်နေသည့်အခါတွင် ဖြစ်၏။

တချို့ကိစ္စများတွင် နတ်ဘုရားတစ်ပါးက သူတို့၏ သစ္စာရှိမှုကို ပြောင်းကာ တခြားအထွတ်အထိပ် နတ်ဘုရားတစ်ပါးထံ ခစားဖို့ ရွေးချယ်တတ်ကြသည်။ ထိုအခြေအနေက ရှားပါးလွန်းသော်လည်း မတွေ့ရှိရခြင်းတော့ မဟုတ်ပေ။ သို့သော်လည်း ထိုအရာက အထွတ်အထိပ် နတ်ဘုရားနှစ်ပါးကြား စစ်ပွဲကို ဖြစ်ပွားသွားစေနိုင်သည်။

နတ်ဘုရားတစ်ပါးက ယုံကြည်မှုစွမ်းအားအတွက် အားကောင်းသော အရင်းအမြစ် ဖြစ်ပေသည်။ အထွတ်အထိပ် နတ်ဘုရားများက သူတို့ကို ခစားနေသည့်လူကို တခြားသူဆီ မည်သို့ ပေးနိုင်မည်နည်း။ အထူးသဖြင့် ထိုနတ်ဘုရားများက သူတို့ဘာသာသူတို့ ကိုးကွယ်ယုံကြည်မှုများ ရှိထားသည့် လေဟာနယ် နတ်ဘုရားအဆင့်ဆိုလျှင် ပိုဆိုးပေသည်။ သူတို့အတွက် အရှုံးအကြီးကြီး ဖြစ်လာလိမ့်မည်။

တစ်ပတ်ကြာမြင့်ပြီးသည့်နောက်တွင် တခြားနယ်မြေမှ နတ်ဘုရားအများစုက အရိပ်အား လာတွေ့ကာ ဂုဏ်ပြုပေးကြသည်။ အကြောင်းမှာ အထွတ်အထိပ် နတ်ဘုရားအသီးသီးကြားမှ တင်းကြပ်သည့် ဆက်ဆံရေးများကြောင့် တခြားလူ၏ နယ်မြေအတွင်း ဝင်ဖို့အတွက် သင့်တော်သည့် လောကဝတ်များ သို့မဟုတ် စာရွက်စာတမ်းများစွာ လိုအပ်ပေသည်။

အထွတ်အထိပ်နတ်ဘုရားက သူ့နယ်မြေအတွင်း တခြားနတ်ဘုရားများ ဝင်လာပြီဆိုလျှင်လည်း သိကြလေသည်။ ဤသည်က သူတို့နယ်မြေအတွင်း ဝင်ရောက်ကာ တခြားနတ်ဘုရားများ၏ ယုံကြည်မှုစွမ်းအားများကို တိတ်တဆိတ် မစုဆောင်းနိုင်စေရန် ဖြစ်၏။

များပြားလှသည့် လူဦးရေကြောင့် အရိပ်၏ တွေ့ဆုံပွဲအတွက် တစ်လတာ အချိန်ယူလိုက်ရသည်။ ကြာနေရသည့် အကြောင်းအရင်းမှာ နတ်ဘုရားအများစုကို တစ်ခါတည်း ဧည့်ခံဖို့အတွက် ခက်ခဲနေ၍ ဖြစ်သည်။ ထို့ကြောင့် သူက သူ့ပွဲကို သေးသေးလေးတွေအဖြစ် ပြန်လည်ခွဲလိုက်ရသည်။

ပွဲစတင်သည့်အခါ အရိပ်က အားလုံးဆီ ရောက်လာကာ စကားပြောဆိုခဲ့သည်။ သူက လတ်တလော ပြုလုပ်ထားသည့် နာမည်ကျော် ဝမ်းနည်းမှု မေ့ပျောက် သေရည်ကို ထုတ်တိုက်လိုက်သောကြောင့် ဧည့်သည်များက ပျော်ရွှင်သွားကြသည်။

ထိုအသစ်ဖန်တီးထားသည့် မြင့်မြတ်သေရည်က အရသာကောင်းမွန်ရုံသာမက လူအများအား သူတို့၏ စိတ်ထဲမှ လိုအင်ဆန္ဒများအား ယာယီပုံရိပ်ယောင်အဖြစ် ပြောင်းလဲပေးနိုင်လေသည်။ ထိုအရာက သူတို့အား လက်တွေ့မှ လွတ်မြောက်ကာ ဝမ်းနည်းမှုများကို မေ့ပျောက်သွားစေလေသည်။ ထို့ကြောင့် ထိုနာမည်တွင်နေခြင်း ဖြစ်၏။

သေရည်အပြင် တေးဂီတများ၊ ကခုန်ခြင်း၊ ပြဇာတ်နှင့် တိုက်ပွဲများပင် ပါရှိလေသည်။

အားလုံးက ပျော်ရွှင်နေကြစဉ် လေဟာနယ် နတ်ဘုရားတစ်ပါးက အားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေလေသည်။ အထူးသဖြင့် ချပ်ဝတ်နတ်ဘုရားလျူကို ဖြစ်၏။ သူက သေရည်ကို သောက်လိုက်ရင်း သူ့မျက်ဝန်းက အားလုံးကို စစ်ဆေးနေဟန်ပေါ်သည်။

လူအချင်းချင်း၏ စကားဝိုင်းမှ အပြုအမူ၊ မျက်နှာအနေအထားနှင့် အခြားအရာများလည်း ပါဝင်သည်။ သူက ထိုသို့လုပ်နေစဉ် အရိပ်က သူ့ဆီ အပြုံးလေးဖြင့် ချဉ်းကပ်လာလေ၏။

“ နတ်ဘုရားဟန် ပွဲကို သဘောကျရဲ့လား” အရိပ်က မေးလိုက်သည်။

“ နတ်ဘုရားလျူ”သူက သေရည်တစ်ငုံသောက်ပြီး ပြန်ဖြေလိုက်သည် “ တကယ်ကို သေရည်ကောင်းပဲ။ ဘယ်လိုလုပ် ဒီလိုအရာမျိုး လုပ်နိုင်လဲဆိုတာ သိချင်မိသား။ နတ်ဘုရားလျူက တကယ်ကို ပါရမီရှိတာပဲ ဖြစ်ရမယ်”

နတ်ဘုရားဟန်က ပြုံးနေသော်လည်း သူ့စိတ်ထဲတွင် တခြားတစ်ခုကို တွေးနေလေသည်။

ဒီနှစ်တွေတစ်လျှောက်မှာ နတ်ဘုရားလျူက တော်တော်လေးကို ပြောင်းလဲသွားတယ်။ သူ့ရဲ့ သဘောထားက ပြောင်းလဲသွားပြီးတော့ မိတ်ဆွေတွေတောင် ဖွဲ့နေတယ်။ ဒီတစ်ချက်ထဲက သူ့ကို သံသယရှိဖို့ လုံလောက်နေပြီ။ အထူးသဖြင့် လက်ရှိအခြေအနေမျိုးမှာ ပြီးတော့ ဝမ်းနည်းမှုမေ့ပျောက် သေရည်လိုမျိုးပေါ့။

ဒီလိုမျိုး နတ်ဘုရားတစ်ပါး လုပ်ထားတဲ့ သေရည်က သူ့ဘဝတစ်လျှောက်လုံး သေရည်ကို လေ့လာနေတဲ့ သေရည်နတ်ဘုရားထက်တောင် ကောင်းနေတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါက ယုတ္တိမရှိဘူး

နတ်ဘုရားလျူက ပြင်ပအကူအညီသာ မရှိနိုင်သရွေ့ပေါ့။ နမူနာအနေနဲ့ဆိုရင် ငါတို့ကမ္ဘာကို ကျူးကျော်လာတဲ့ အပြင်လူတွေပဲ။

“ ဒါက ပါရမီနဲ့ ဘာမှမဆိုင်ပါဘူး။ ကံကောင်းလို့ ဖြစ်သွားတာပါ။ ခင်ဗျားလည်း သိတဲ့အတိုင်း ကျုပ်အပြင်လူတွေနဲ့ တိုက်ပွဲရှုံးနိမ့်ပြီးတဲ့နောက်မှာ ကျုပ် နာကျင်မှုတွေကို မေ့ပျောက်ချင်တော့ သေရည်သောက်ချင်တယ်။

ဒါပေမဲ့ ကံဆိုးတာက သေရည်နတ်ဘုရားရဲ့ သေရည်က အရမ်းကို ဈေးကြီးလွန်းပြီးတော့ ကျုပ် အလိုဆန္ဒကို မဖြည့်စည်းပေးနိုင်ဘူး။ အဲဒါကြောင့် ကျုပ်ဘာသာကျုပ် လုပ်ကြည့်ဖို့ ပြင်ခဲ့တာ။ ကြည့်ရတာ ကံကောင်းသွားတယ် ထင်ပါတယ်”

အရိပ်က သူ့မျက်နှာအထက် ပြန်လည်တွေးဆဆ အမူအရာဖြင့် ပြောလိုက်သည်။

ဒီနေ့ အထွတ်အထိပ် နတ်ဘုရားတွေက ငါ့ကို သံသယရှိနေပြီလား။

အရိပ်က တွေးလိုက်မိသည်။ သို့သော်လည်း အစီအစဉ်များက အသက်ဝင်နေပြီဖြစ်၍ ကိစ္စမရှိတော့ပေ။

“ ခင်ဗျားဘာသာ အပြစ်တင်ဖို့ မလိုပါဘူး။ ကျုပ်တို့ကြားမှာ ကျရှုံးမှုကို မခံစားဖူးတဲ့သူက ဘယ်သူရှိမှာလဲ။ အရေးအကြီးဆုံးက ပြန်လည်ထနိုင်လာဖို့ပဲ”

ကြမ္မာနတ်ဘုရားမကများ မှားနေတာလား။ ဒီနတ်ဘုရားနဲ့ပတ်သက်ပြီး ဘာမှမှားယွင်းနေတာ မရှိဘူး။ မဖြစ်သေးဘူး မဖြစ်သေးဘူး။ ငါ နတ်ဘုရားမစကားကို သံသယ မဖြစ်သင့်ဘူး။ ငါ့အလုပ်က ပြောတဲ့အတိုင်း လုပ်ဖို့ပဲ။ အခု ဆက်လက်စောင့်ကြည့်တာပဲ ကောင်းမယ်။

သူတို့ ခေတ္တမျှ ဆက်လက်စကားပြောပြီးသည့်နောက်တွင် အရိပ်က တခြားသူများထံ သွား၍ပြောလိုက်သည်။ ထိုစဉ် နတ်ဘုရားဟန်က အားလုံးကို ဆက်လက်စောင့်ကြည့်နေသည်။ ကံဆိုးစွာဖြင့် ပွဲပြီးဆုံးသွားသည့်နောက်တွင်ပင် သူက ဘာမှမတွေ့လိုက်ရပေ။

ထို့ကြောင့် သူက ပွဲမှထွက်လာပြီးသည့်နောက်တွင် ကြမ္မာနယ်မြေရှိ သူ့ခေါင်းဆောင်ထံ သတင်းသွားပို့ခဲ့သည်။

အဖြစ်အပျက်ကို ကြားပြီးသည့်နောက်တွင် ကြမ္မာနတ်ဘုရားမက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ သူမက အားကောင်းသည့် ဝိညာဉ်ဖြင့် နတ်ဘုရားဟန်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သော်လည်း ဘာမှမတွေ့ရပေ။ ထို့ကြောင့် သူ့အား ပြန်လွှတ်လိုက်၏။

ကြမ္မာနတ်ဘုရားမက ပြောလိုက်သည် “ ရှင်တို့တွေရော ဘယ်လိုထင်တုန်း။ တစ်ခုခုများတွေ့ခဲ့သေးလား”

“ မတွေ့ဘူး” ရှင်သန်ခြင်း နတ်ဘုရားမက ပြောလိုက်သည် “ တခြားအထွတ်အထိပ် နတ်ဘုရားတွေအကုန်လုံးကလည်း အကုန်စစ်ဆေးပြီးသွားပြီ။ ဘာမှမူမမှန်တာ မသိရဘူး”

“ ဒီလူတွေရဲ့ နည်းလမ်းနဲ့ဆိုရင် တစ်ခုခုရှာတွေ့နေတာမှ ထူးဆန်းနေဦးမယ်” ကြမ္မာနတ်ဘုရားမက ခဏရပ်လိုက်ကာ “ ငါ နတ်ဘုရားလျူကို ဖမ်းပြီးတော့ စစ်ဆေးကြည့်ရမယ်”

“ မီးနတ်ဘုရားက ဒါကို ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာကို သိတယ်မလား”

“ ကိစ္စမရှိဘူး။ သူ တကယ်လို့ ငါ့လမ်းမှာ ဝင်ရှုပ်တယ်ဆိုရင် သူ့ကိုပါ သတ်ပစ်မယ်” ကြမ္မာနတ်ဘုရားမက တည်ငြိမ်စွာ ပြောလိုက်သည်။

“ အရာအားလုံး အဆင်ပြေရဲ့လား” ရှင်သန်ခြင်း နတ်ဘုရားမက မေးလိုက်သည်။

“ ငါ့အချိန်က ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီလို့ ခံစားလာရတယ်။ တကယ်လို့ ငါ ဘာမှမလုပ်ဘူးဆိုရင် ဒီကပ်ဘေးအတွင်းမှာ သေဆုံးရမဲ့သူက ငါ ဖြစ်သွားလိမ့်မယ်။ အခုက သတိထားဖို့အချိန်ပဲ”

ထိုသို့ပြောပြီးသည့်နောက်တွင် သူမက လေဟာနယ်ဖြိုခွင်းကာ မီးနတ်ဘုရား နယ်မြေဆီ ဦးတည်လိုက်သည်။ သူမ ရောက်ရှိသည်နှင့် မီးနတ်ဘုရားက သူမ၏ တည်ရှိမှုအား ခံစားမိကာ ပေါ်ထွက်လာသည်။

“ ကြမ္မာနတ်ဘုရားမ ကျုပ်နယ်မြေထဲ ဘာလာလုပ်တာလဲ”

“ နတ်ဘုရားလျူကို လွှဲပေး”

“ မဖြစ်နိုင်ဘူး။ သူ ကျုပ်တို့ကို သစ္စာဖောက်တယ်ဆိုပြီးတော့ သက်သေလည်း မရှိဘဲနဲ့။ အဲဒီမတိုင်ခင် သူက ကျုပ်ကာကွယ်မှုအောက်မှာ ရှိတယ်”

“ မီးနတ်ဘုရား ကျွန်မက ရှင့်လူတွေကို ကာကွယ်ပေးပုံကို လေးစားခဲ့ပေမဲ့ ဒီတစ်ခါက ရှင့်ခွင့်ပြုချက်ကို တောင်းဖို့လာခဲ့တာ မဟုတ်ဘူး”

ကြမ္မာနတ်ဘုရားမ၏ လက်ထဲတွင် အနီရောင်ဓားတစ်ချောင်း ပေါ်ထွက်လာကာ ကြမ္မာစွမ်းအားဖြင့် တလက်လက် တောက်ပနေလေသည်။ သူက မီးနတ်ဘုရားအား သတ်ဖြတ်ငွေ့အပြည့်ဖြင့် ကြည့်လိုက်သည်။

“ ဘေးဖယ်ရင်ဖယ် မဖယ်ဘူးဆိုရင် ကျွန်မ အတင်းအကြပ် လုပ်ရလိမ့်မယ်”

မီးနတ်ဘုရားက ထိုအရာကို ကြားပြီး ရှုံ့မဲ့သွားကာ အော်ပြောလိုက်သည် “ ခင်ဗျားက မြင့်မြတ်ဟန်ချက် သဘောတူညီမှုကို ဖောက်ဖျက်ဖို့ လုပ်နေတာလား”

သူမက ထိုအရာကို ကြားပြီး နှာခေါင်းရှုံ့လိုက်သည် “ ဒီသဘောတူညီမှုက နတ်ဘုရားတွေကြားမှာ သေဆုံးမှုကို ကာကွယ်ဖို့အတွက် ကျွန်မအဆိုပြုခဲ့တာပါ။ ဒါပေမဲ့ နှစ်တွေတစ်လျှောက်လုံးမှာ ရှင်တို့တွေက ဒီသဘောတူညီချက်ကို လျစ်လျူရှုပြီးတော့ အချင်းချင်း တိုက်ခိုက်နေခဲ့ကြတယ်။ ရှင် မိုးကြိုးနတ်ဘုရားနဲ့တိုက်ခိုက်ခဲ့တုန်းကလည်း ဒီသဘောတူညီမှုကို ချိုးဖောက်ပြီးသားပဲ။”

သူမက လက်ကို မြောက်လိုက်ပြီး သူ့အားစိုက်ကြည့်ကာ “ ဘေးဖယ်မှာလား။ မဖယ်ဘူးလား”

“ မင်း”

မီးနတ်ဘုရားက ဒေါသထွက်လာသော်လည်း တစ်ဖက်လူအား အမှတ်ရသွားလေသည်။ ဤသည်က ကြမ္မာနတ်ဘုရားမ ဖြစ်၏။ သူမက အေးချမ်းသည့် သဘာဝကြောင့် လူသိများသော်လည်း အထွတ်အထိပ် နတ်ဘုရားများက သူမ မည်မျှအားကောင်းကြောင်း သိထားကြသည်။

သူမက အားအကောင်းဆုံး နတ်ဘုရားအဖြစ် ဂုဏ်ပုဒ်ကို မကိုင်ဆောင်ထားသည့် အကြောင်းအရင်းမှာ သေခြင်းတရား နတ်ဘုရားတွင် သူ့စည်းမျဉ်းကို ချပ်ဝတ်အဖြစ် ပြောင်းလဲနိုင်သည့် ထူးဆန်းသည့် လျှို့ဝှက်နည်းစနစ်တစ်ခု ရှိနေ၍ ဖြစ်ပြီး ဖျက်ဆီးခြင်း နတ်ဘုရားတွင်လည်း သူ့စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်မည့် ထူးဆန်းသည့် လက်နက်တစ်ခု ရှိနေလေသည်။

မီးနတ်ဘုရားက ထိုအရာများကို သိထားသော်လည်း နောက်ဆုတ်ဖို့ ငြင်းဆန်နေသည်။ သူ့မာနက ခွင့်မပြုပေ။ ထို့ကြောင့် သူက ကြမ္မာနတ်ဘုရားမနှင့် တိုက်ခိုက်လိုက်သည်။

…………..

ထိုစဉ် မီးနယ်မြေအတွင်း အရိပ်က သူ့ကျောင်းဆောင်အတွင်း ရှိနေပြီး သူ့ရှေ့တွင် ပုံရိပ်များစွာ ရှိနေလေသည်။ ထိုပုံရိပ်များက တခြားနယ်မြေများ၏ အခြေအနေများကို ပြသနေလေ၏။ အတိအကျပြောရလျှင် ပွဲကို တက်ရောက်ထားသည့် လူများ၏ အမြင်မှ ဖြစ်လေသည်။

All Chapters