← Chapters

ကံကြမ္မာချိပ်ပိတ်ခြင်းလက်စွပ်

Vol. 122 Ch. 1682

ကံကြမ္မာချိပ်ပိတ်ခြင်းလက်စွပ်

Vol. 122 Ch. 1682

ဝမ်လင်း၏နောက်တွင် ရှေးဟောင်းသူ ပေါ်လာ၏။ ၎င်းသည် ဝေဝါးမနေဘဲ အထည်အဒြပ် ရှိပေ၏။ ၎င်းသည် ဝမ်လင်း၏နောက်တွင် လွင့်မြောနေပြီး ကောင်းကင်တုန်ဟည်းဖွယ်ဟိန်းအော်သံကို ထုတ်ဖော်လိုက်သည်။

ထိုဟိန်းသံသည် ပတ်ဝန်းကျင်ဧရိယာကို တုန်ခါစေသည်။ ဝမ်လင်းသည် စေတီထိပ်သို့ လှမ်းကာ လက်သီးတစ်လုံး ပစ်သွင်းသည်။

ထိုလက်သီးချက်သည် သူ့နောက်ရှိ ရှေးဟောင်းသူ၏ဦးခေါင်းကို ထပ်မံ၍ ဟိန်းသံပေးစေသည်။ ဟင်းလင်းပြင်ပါ တွန့်ခေါက်သွားရသည်။ ထိုဟိန်းသံသည် ဝမ်လင်း၏လက်သီးချက်နှင့် ပေါင်းစပ်ကာ ရှေးဟောင်းစွမ်းအင်များ ပြည့်နှက်နေသော အစွမ်းထက်လက်သီးတစ်လုံးကို ဖန်တီးသည်။

တုန်ဟည်းသံများ ပိုပြင်းထန်လာသည်။ ချက်ခြင်းပင် ဝမ်လင်း၏လက်သီးချက်သည် စေတီထိပ်နှင့် ထိမိသွားသည်။ စေတီသည် တုန်ခါလာသည်။

ဝမ်လင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်၏။ သူ့မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖြတ်ပြေးသွားသည်။ သူသည် မာန်သွင်းလျက် နောက်ထပ်လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။

တစီစီအသံများ ထွက်ပေါ်လာပြီးနောက် သိပ်သာသော အက်ကြောင်းအနည်းငယ် ပေါ်လာသည်။

“စေတီလေးတစ်ခုကများ ငါ့ကို ချိပ်ပိတ်ချင်တယ် ဟလား…” ဝမ်လင်းသည် မာန်သွင်း၏။ လက်သီးဆုပ်၏။ တတိယမြောက်လက်သီးချက်ကို ပစ်သွင်းလိုက်၏။ ထိုလက်သီးချက် ကျရောက်သွားသည့်အခါ အက်ကြောင်းများ စေတီပေါ်၌ ပိုပေါ်လာသည်။ သိပ်မကြာခင်တွင် စေတီတစ်ခုလုံး အက်ကြောင်းများ ပျံ့လာပြီး ပျက်စီးသွားတော့သည်။

မရေမတွက်နိုင်သော အစိတ်အပိုင်းများ အဘက်ဘက်သို့ ပြန့်ကြဲသည်။

ထိုပျက်စီးသွားသော စေတီအတွင်း၌ ရွှေရောင်အလင်းတောက်ပသည်ကိုပါ မြင်နိုင်ပေ၏။ ဝမ်လင်းသည် လက်နောက်ပစ်လျက် ထိုရွှေရောင်အလင်းထံ တည်ငြိမ်စွာ လှမ်းလာသည်။

နတ်ဘုရားပြစ်ဒဏ်သည် သန်မာလှသော်လည်း ဝမ်လင်းသည် ဂရုမစိုက်ပေ။ သူ့အမြင်၌ ဒီနတ်ဘုရားပြစ်ဒဏ်သည် သူ့ကို အပြစ်မပေးနိုင်ချေ။

ဝမ်လင်း လှမ်းလျှောက်လာစဉ် အထက်ရှိ အက်ကြောင်းတွင်းမှ နောက်ထပ် ခပ်အုတ်အုတ်အသံ ထွက်ပေါ်လာပြီး ရွှေရောင်အလင်း တောက်ပကာ တတိယမြောက်ရတနာတစ်ခု သည်အက်ကြောင်းအဟတွင်းမှ ထွက်လာသည်။

ထိုရတနာသည် ရွှေရောင်လက်စွပ်တစ်ခု ဖြစ်၏။ ၎င်းပေါ်လာသည်နှင့် အက်ကြောင်းထံမှ ရွှေရောင်အလင်းသည် ပို၍ အားကောင်းလာကာ အစောပိုင်းကထ အဆများစွာ ပိုပြင်းထန်သောဖိအားတစ်ခုပါ ပေါ်လာသည်။ ထိုဖိအားသည် တိမ်စိုင်များကို ကျော်လွန်သွားသည်။

အပြင်ဘက်ရှိ စစ်ထူနန်နှင့် တခြားသူများသည် ထိုဖိအားကို ခံစားမိကာ သူတို့၏စိတ်နှလုံးမှာ တုန်ယင်ရ၏။ သူတို့သည် ကောင်းကင်ဘုံ၏ အတိုင်းမသိခွန်အားနှင့် ရင်ဆိုင်နေရသည့်နှယ်။

အရှင်တောင်ပိုင်းတိမ်၏ အမူအရာမှာ ပြောင်းလဲသွားကာ သူသည် ပေတစ်ထောင်ထိ နောက်သို့ အလိုလို ဆုတ်မိသွားသည်။ သူပင် ထိုသို့ ဖြစ်နေလျှင် တခြားသူများဆို ပြောနေစရာပင် မလိုတော့ပေ။ စစ်ထူနန်အပါအဝင် သည်နေရာရှိ ကျင့်ကြံသူထောင်ချီသည် နောက်သို့ အမြန်ဆုတ်ရသည်။

အချိန်မီ နောက်မဆုတ်လိုက်နိုင်သော အချို့ကျင့်ကြံသူများမှာ ထိုဖိအား၏ ထိမှန်ခြင်း ခံရာ သွေးများစွာ အန်ထွက်၍ သူတို့၏မျက်နှာများ ဖြူရောကုန်သည်။

“ဒါ…ဒါက ဘယ်လိုရတနာမျိုးလဲ…” အရှင်တောင်ပိုင်းတိမ်၏ မျက်လုံးထဲ၌ မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာသည်။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ထိုဖိအားမှာ ကျင့်ကြံသူတစ်ယောက်ယောက်ထံမှ ပေးစွမ်းသည် မဟုတ်ဘဲ ရတနာတစ်ခုမှ ဖြစ်ကြောင်းကို ပြောနိုင်သည်။

ထိုဖိအား၏ ဖိနှိပ်ခြင်း မခံရသည့် တစ်ဦးတည်းသောသူမှာ တိမ်စိုင်များ၏ တခြားတစ်ဖက်ရှိ တစ္ဆေအိုကြီးကျန့်တစ်ယောက်သာ ရှိသည်။ သူ့ဆံပင်များက လွင့်ဝဲနေလျက် တိမ်စိုင်များကို စူးစိုက်ကြည့်နေရင်း သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတို့ လှစ်ဟပေါ်သည်။ ပထမဆုံးအကြိမ်အဖြစ် သူ့အကြည့်မှာ ဝမ်လင်းထံမှ ရွှေ့လျား၍ ရွှေရောင်လက်စွပ်ထံ ကျရောက်သွားသည်။

“ကံကြမ္မာချိပ်ပိတ်ခြင်းလက်စွပ်…၊ ဒါဟာ သူ့မှတ်ဉာဏ်အရ နတ်ဘုရားပြစ်ဒဏ် ဖြစ်လာရန် သူ ချခင်းခဲ့တဲ့ တတိယမြောက်ရတနာပဲ။ ဒီရတနာဟာ အင်မောတယ်ကောင်းကင်ဘုံကုန်းမြေမှာတောင် အတော်လေး ကျော်ကြားလှတယ်။ ကံမကောင်းစွာနဲ့ ဒီရတနာဟာ နတ်ဘုရားပြစ်ဒဏ် ဖြစ်လာခဲ့တယ်။ ကံမကောင်းစွာနဲ့…ငါ့ခန္ဓာကိုယ်ဟာ…” တစ္ဆေအိုကြီးကျန့်သည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။ သို့သော် သူ့မျက်လုံးမှာ ရုတ်တရက် အရောင်တောက်သွားသည်။

“ဝမ်လင်းသာ ဒီရတနာကို ရနိုင်မယ်ဆိုရင် သူဟာ တတိယသူ ဖြစ်လာဖို့ အခွင့်အရေး အများကြီး တိုးလာပြီ။ ဒါပေမဲ့ ဒီရတနာကို ရဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်လဲ…”

ဝမ်လင်းသည် ထိုရွှေရောင်လက်စွပ်ထံမှ ဖိအားကို ခံစားမိသည်ပင်။ သူ့မျက်လုံးသည် လင်းလက်သွားပြီး ပထမဆုံးအကြိမ်အဖြစ် သူ စိတ်ဝင်တစား ရှိလာသည်။

ဝမ်လင်း လှမ်းကြည့်လိုက်သည်နှင့် ရွှေရောင်လက်စွပ်သည် ရပ်တန့်ကာ ၎င်း၏ဖိအားသည် တိုက်ရိုက်ကြီး တိုးတက်လာ၏။ ထိုအဖြစ်က တိမ်စိုင်များကို အပြင်းအထန် တုန်ဟည်းသွားစေသည်။ အပြင်ဘက်ရှိ ကျင့်ကြံသူများသည်လည်း နောက်သို့ တုန်လှုပ်ခြင်းကြီးစွာ အလျင်အမြန် ဆုတ်လိုက်ရသည်။

တစ်ချိန်တည်းမှာ ရွှေရောင်လက်စွပ်သည် ဖိအားကို ထုတ်လွှတ်လျက် ဝမ်လင်းထံ ပျံသန်းလာသည်။

၎င်းသည် ပျံသန်းလာရင်း ယင်းလက်စွပ်သည် ထူးခြားသောဟန်ဖြင့် ဖောင်းကြွလာကာ ပေထောင်ချီ ရှိလာသည်။ ၎င်းသည် အံ့မခန်းနှုန်းဖြင့် ဝမ်လင်းကို ထွေးပတ်သွားသည်။ ထို့နောက်တွင် ၎င်းသည် မြန်ဆန်စွာ ကြုံ့လေ၏။

ဝမ်လင်း၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်သည်။ သူသည် မရှောင်သလို ၎င်းကြုံ့နေခြင်းကို စောင့်ဆိုင်းနေ၏။ ဖျတ်ခနဲအတွင်း ထိုလက်စွပ်မှာ ပေထောင်ချီကနေ မြန်ဆန်စွာ ကြုံ့သွားပြီး ဝမ်လင်း၏နှဖူး ပတ်လည်တွင် အဝန်းအဝိုင်းငယ်အဖြစ် ဖြစ်တည်သည်။

ထိုစက်ဝန်းငယ်ချိပ်ဟန်က ဝမ်လင်း၏အရေပြားကို တွယ်ကပ်ထား၏။ ၎င်းသည် သူ့နှဖူးပတ်လည်တွင် တင်းကြပ်လာကာ မမြင်ရသောလှိုင်းတစ်ခုသည် သူ့ခန္ဓာကိုယ်တလျှောက် ပျံ့လွင့်သည်။ ထို့နောက် သေးငယ်သောလက်စွပ်တစ်ခု ပေါ်လာကာ သူ၏မူလစိတ်ဝိညာဉ်ကို ချိပ်ပိတ်လေသေည်။

ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ သူ့မူလစိတ်ဝိညာဉ်ကို ချိပ်ပိတ်ပြီးနောက် လှိုင်းဂယက်သည် ဆက်လက် ထွင်းဖောက်သည်။ ၎င်းလှိုင်းသည် ပုံစံအသွင် မရှိသည်ဖြစ်ရာ ဝမ်လင်း၏စိတ်ဝိညာဉ်အတွင်းသို့ ဝင်ကာ ချိပ်ပိတ်လေတော့သည်။

၎င်းကား ကံကြမ္မာချိပ်ပိတ်ခြင်းလက်စွပ် ဖြစ်လေ၏။

ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ သူ့အမူအရာမှာ တည်ငြိမ်နေလျက်သာ။ လက်စွပ်သည် သူ့နှဖူးထက်တွင် မရှိသည့်အလား။ သို့ပေမည့် သူမျက်လုံးမှိတ်လိုက်စဉ်တွင် ကောက်ချက်ချမှုတစ်ခု ဖျတ်ခနဲ ပေါ်သည်။

သူသည် ဒီရတနာကို လိုချင်မိနေ၏။ ထို့ကြောင့် သူက သူ့စိတ်ကို သုံး၍ ၎င်း၏တည်ဆောက်ပုံနှင့် အားနည်းချက်ကို ရှာနေခြင်းပင်။ ထိုသို့ လုပ်နိုင်ရန် အမြန်ဆုံးနည်းလမ်းမှာ သူ့ကိုယ်သူ ၎င်းရတနာ၏အစွမ်းကို တွေ့ကြုံစေခြင်း ဖြစ်သည်။

သူသည် ထိုနတ်ဘုရားပြစ်ဒဏ်ကို မရှောင်ဘဲ သူ့ကိုယ်သူ ထိမှန်ခွင့်ပြုသည်။ ထိုမှသာ သူသည် ၎င်းကို ယူဆောင်နိုင်မည့် နည်းလမ်းကို ရှာကြည့်နိုင်ပေမည်။ ရှေးဟောင်းအချိန်များတည်းက ဝမ်လင်းတစ်ယောက်သာ ထိုသို့သောအရာကို တည်ငြိမ်စွာ လုပ်နိုင်လောက်ပေသည်။

သူသည် ရဲတင်းသောလူတစ်ယောက် ဖြစ်၏။ မရေမတွက်နိုင်သော သေရေးရှင်ရေးကိစ္စရပ်များကို တွေ့ကြုံပြီးနောက် သူ အရာများစွာကို သိမြင်ခဲ့ပြီး ဖြစ်သည်။ ခုချိန်၌ သူ မျက်လုံးမှိတ်လိုက်သည့်အခါ လောကရှိ အရာအားလုံးသည် အတုအယောင် ဖြစ်လာကာ သူ့စိတ်သည် ကြောက်မက်ဖွယ်နှုန်းဖြင့် ဖြစ်ပျက်နေသည်။

သူ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်၊ ကျင့်ကြံခြင်းခန္ဓာကိုယ်၊ အနှစ်သာရငါးခု၊ နှစ်ပေါင်းနှစ်ထောင်ကျော် ကျင့်ကြံခြင်း၊ မဟာပညာရှိအဖြစ် သူ၏ဉာဏ်ပညာ စသည်တို့ကို ပေါင်းစပ်ကာ ကြောက်မက်ဖွယ် ကောက်ချက်ချနိုင်သည့်အားတစ်ခုကို ဖန်တီးလိုက်သည်။

သူ့စိတ်ထဲတွင် သူ့ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီး စာလုံးသန်းချီနှင့် ပြုလုပ်ထားသော ရွှေရောင်လက်စွပ်သာ ရှိလေတော့သည်။ ထိုစာလုံးများသည် မြန်ဆန်စွာ လှည့်ပတ်နေသည်။ ယင်းတို့သည် မြန်ဆန်စွာ လည်ပတ်နေခြင်းကြောင့်သာ အထည်ဒြပ် ဖွဲ့စည်းနေခြင်းပင်။

စာလုံးတိုင်းတွင် ထူးခြားသောအော်ရာတစ်ခု ပါဝင်သည်။ သို့သော် ၎င်းတို့ ပေါင်းစပ်လိုက်သည့်အခါ ယင်းတို့သည် အလွန့်ကို စီးချက်ညီလှသည်။ ယင်းတို့သည် လူတစ်ယောက်၏ အသွေးအသား၊ မူလစိတ်ဝိညာဉ်နှင့် စိတ်ဝိညာဉ်တို့ကိုပါ ချိပ်ပိတ်ပစ်နိုင်သည်။

ထိုရတနာ၏ သက်ရောက်မှုသည် ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်၏ ချိပ်စွမ်းအားနှင့် အလွန်တူ၏။ သို့သော် ကွာခြားမှုအချို့တော့ ရှိသည်။

အဖြစ်အပျက်များမှာ မြန်လွန်း၏။ စက္ကန့်ပိုင်းအတွင် သူသည် တော်တော်များများကို တွေ့မြင်လိုက်သည်။

“ဒီရတနာဟာ တဝက်တပျက်ပဲ အပြီးသပ်ရသေးတယ်။ ဒါကို တစ်စုံတစ်ယောက်က နတ်ဘုရားပြစ်ဒဏ်နဲ့ ပေါင်းစပ်စေခဲ့တာ။ အဲ့လူက နတ်ဘုရားပြစ်ဒဏ်ကို အသုံးပြုပြီး ဒီရတနာကို ပြီးပြည့်စုံလာစေဖို့ လုပ်ခဲ့တာပဲ။ ဒီရတနာဟာ ပြီးပြည့်စုံခြင်းကို နီးကပ်လာပြီ။ နောက်ထပ် နှစ်တစ်သောင်းလောက်ဆို ဒါဟာ ပြီးပြည့်စုံလိမ့်မယ်။ စိတ်ဝင်စားစရာပဲ။ နတ်ဘုရားပြစ်ဒဏ်က ဘာဖြစ်သလဲဆိုတာကို ငါ နားလည်လာသလိုပဲ…” ဝမ်လင်းသည် ပြုံးလိုက်၏။

သို့ရာတွင် သည်အခိုက်၌ အဟကြားထံမှ ဟိန်းသံသည် ပို၍ ရှင်းလင်းလာ၏။ တစ်ချိန်တည်းမှာ ဧရာမပုံရိပ်တစ်ခုသည် အဟအတွင်းမှ ထွက်ပေါ်လာသည်။ ၎င်းသည် ပေထောင်ချီ မြင့်မား၏။ ရှေးဟောင်းနတ်ဘုရားအော်ရာ ပျံ့လွင့်လာသည်။

၎င်းပုံရိပ် အဟအတွင်းမှ ထွက်ပေါ်လာသည့်အခါ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး ပေါ်ထွက်လာသည်။ ၎င်းသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးပင်။ ထိုရှေးဟောင်းနတ်ဘုရား၏ မျက်ခုံးနှစ်ခုကြား၌ ကြယ်ရှစ်လုံးသည် မြန်ဆန်စွာ လည်ပတ်နေပြီး ကြမ်းကြုတ်သောအမူအရာ ရှိသည်။ သို့ပေမည့် ၎င်း၏မျက်လုံးမှာ ဟောက်ပတ် ဖြစ်နေကာ ၎င်း၏ ဆင်ခြင်တုံတရား ဆုံးရှုံးထားသည့်အလားပင်။

ထိုရှေးဟောင်းနတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားမှ ကြယ်များသည် ဝမ်လင်း၏ ကြယ်များနှင့် ကွာခြားပြီး ယင်းတို့သည် ချိပ်ပိတ်ခံထားရသည့်အလား မှိန်ဖျော့လို့နေသည်။

ထိုရှေးဟောင်းနတ်ဘုရားသည် အဟကြားကနေ ထိုးထွက်လာကာ တုန်လှုပ်ဖွယ် ဟိန်းသံကို ထုတ်ဖော်လျက် ဝမ်လင်းထံ တိုးဝင်လာတော့သည်။

ထိုရှေးဟောင်းနတ်ဘုရား ပျံသန်းလာပြီးနောက် အဟအတွင်းမှ ဟိန်းသံများ ပိုထွက်ပေါ်လာသည်။ ပေသုံးသောင်းခန့် မြင့်မားသော ရှေးဟောင်းနတ်ဘုရားသုံးပါး လှမ်းလျှောက်ထွက်လာ၏။ ယင်းတို့သည် ကြမ်းရှသော အသားအရည်ဖြင့် အမာရွတ်များ ပြည့်ဖုံးနေပြီး ဝမ်လင်းထံ တိုးဝင်လာကြသည်။

ထို့နောက်တွင် ကြောက်မက်ဖွယ်မိစ္ဆာစွမ်းအင်များ ထိုးထွက်လာ၏။ ယင်းစွမ်းအင်များသည် ရှေးဟောင်းမိစ္ဆာကြယ်ရှစ်လုံး ပိုင်ဆိုင်သည့် ရှေးဟောင်းမိစ္ဆာများအဖြစ်သို့ ပြောင်းလဲဖွဲ့တည်သည်။ ယင်းတို့သည် ရက်စက်သွေးဆာလိုသည့်ဟန် ပေါက်နေပြီး ဝမ်လင်းထံ တရကြမ်း ဝင်လာကြသည်။

ထိုမျှဖြင့် အဆုံးမသပ်သေးပေ။ ရှေးဟောင်းမိစ္ဆာလေးပါး နောက်တွင် ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်များ ထိုးထွက်လာ၏။ ယင်းစွမ်းအင်များထံမှ ရှေးဟောင်းနတ်ဆိုးလေးပါး ပေါ်လာသည်။ သူတို့၏ ပုံပန်းသွင်ပြင်မှာ ကြောက်မက်ဖွယ်ပင်။ သူတို့၏ ထက်ရှသောလက်သည်းများ၊ အစိမ်းရောင်အသားအရေတို့မှာ တုန်လှုပ်ဖွယ် ကောင်းလှသည်။

ရှေးဟောင်းနတ်ဘုရားလေးပါး၊ ရှေးဟောင်းမိစ္ဆာလေးပါး၊ ရှေးဟောင်းနတ်ဆိုးလေးပါး။ ရှေးလူများ၏ အဖွဲ့ဝင် ဆယ့်နှစ်ယောက်သည် မာန်ဟိန်းလျက် ဝမ်လင်းထံ တရကြမ်း ဝင်လာကြချေပြီ။

ယင်းတို့သည် နီးသထက် နီးလာ၏။

ဝမ်လင်းသည် မျက်လုံးမှိတ်ထားဆဲ ဖြစ်ကာ ရွှေရောင်လက်စွပ်၏ ပြစ်ချက်နှင့် ဖွဲ့စည်းပုံကို ကောက်ချက်ချ ဆင်ခြင်နေ၏။ စာလုံးသန်းချီသည် သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး သူ စာတစ်လုံးကို နားလည်လိုက်ချိန်၌ လက်စွပ်ထံမှ ရွှေရောင်အလင်းသည် အနည်းငယ် လွင့်ပါးလေသည်။

အချိန်တိုအတွင်း ထိုစာလုံးသန်းချီ၏ သုံးဆယ်ရာခိုင်နှုန်းကျော်မှာ ဝမ်လင်း၏ ထိန်းချုပ် ယူဆောင်ခြင်း ခံလိုက်ရပေပြီ။ ထို့အတွက်ကြောင့် ရွှေရောင်လက်စွပ်သည် အရင်ကလောက် မတောက်ပတော့ပေ။

ဝမ်လင်းသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရှေးဟောင်းအမျိုးအနွယ်ဝင် ဆယ့်နှစ်ယောက် သူ့ထံ ချဉ်းကပ်လာသည်ကို မသိသည့်အလား။ အရင်ဆုံး ပေါ်လာသည့်သူမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်လေ၏။

***

All Chapters