← Chapters

ပုန်ကန်မှု

Vol. 25 Ch. 341

ပုန်ကန်မှု

Vol. 25 Ch. 341

အခန်း (၃၄၁) : ပုန်ကန်မှု

အထွတ်အထိပ် နတ်ဘုရားများက သူတို့၏နောက်လိုက်များနှင့် ပတ်သက်ပြီး မှားယွင်းသည့်အချက် ရှာမတွေ့သည့် အကြောင်းအရင်းမှာ အရိပ်က အသင်္ချေအင်ပါယာကမ္ဘာ၌ပင် ထူးဆန်းသည့် နည်းလမ်းကို အသုံးပြုထား၍ ဖြစ်သည်။ မည်သူကမှ ထိုနည်းလမ်းကို အသုံးမပြုကြဖူးပေ။ အကြောင်းမှာ ဝမ်ဝေ့ကိုယ်တိုင် ဖန်တီးထား၍ ဖြစ်၏။

နတ်ဘုရားများ သောက်သုံးသည့် သေရည်ထဲတွင် သူလျှိုဆေးလုံးဟုခေါ်သည့် အပိုပစ္စည်းတစ်ခု ပါဝင်နေသည်။ ထိုနာမည်အတိုင်း အသုံးပြုမှုက သိသာလှသည်။

ဝမ်ဝေ့က ကီလိုမီတာ ထောင်ချီမှ လူများအား စောင့်ကြည့်ဖို့အတွက် အသုံးပြုသည့် ကောင်းကင်စောင့်ကြည့်ရေး အဆောင်ကို ဆေးလုံးနှင့် ပေါင်းစပ်ဖို့ ဂိုဏ်းဆီ တောင်းဆိုထားခြင်း ဖြစ်သည်။ ဤနည်းဖြင့် အဆောင်ကို ချေမွပြီး သူတို့၏ ပစ်မှတ်ထံ ကျွေးလိုက်ခြင်း ဖြစ်ပေသည်။

ထို့နောက် သူတို့က ပစ်မှတ်၏ မြင်ကွင်းထဲမှာ ရှိသမျှ အရာအားလုံးကို တွေ့နိုင်လေသည်။ သူတို့က ထိုလူ၏ ပတ်ဝန်းကျင်ကို စောင့်ကြည့်နိုင်လေ၏။

ဤဆေးလုံးက အဆောင်၏ သင်္ကေတများနှင့် ဆေးလုံးသင်္ကေတများကို ပေါင်းစပ်ထားသောကြောင့် အတော်လေး လက်ရာမြောက်ကာ သူတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်မနေဘဲ အချင်းချင်း လိုက်လျောညီထွေဖြစ်ဖို့ သေချာအောင် လုပ်ရသည်။

နှစ်များစွာ လေ့လာပြီးသည့်နောက်တွင် ဤနည်းလမ်းကို အောင်အောင်မြင်မြင် ဖန်တီးနိုင်သွားပြီ ဖြစ်၏။ ထို့ကြောင့် ဝမ်ဝေ့၏ ကံကြမ္မာအရိပ်နှင့် သူ့အဖေ၏ အရိပ်တပ်ဖွဲ့တို့က ထိုအရာများအား လက်တွေ့အသုံးပြုလာခြင်း ဖြစ်သည်။

ထိုဆေးလုံးကို မျိုချလိုက်သည်နှင့် အံ့ဖွယ်အသိစိတ်လိုမျိုး နည်းလမ်းမျိုးနှင့် ရှာတွေ့ဖို့ အလွန်ကို ခက်ခဲလွန်းလှသည်။ အထူးသဖြင့် ထိုနတ်ဘုရားများက ဆေးလုံးဖော်စပ်ခြင်းနှင့် အဆောင်ပြုလုပ်ခြင်းများအကြောင်း မသိထားကြပေ။

မီးနယ်မြေအတွင်း အရိပ်က သူလျှိုဆေးလုံး အလုပ်လုပ်သည်မှာ အဆင်ပြေကြောင်း အတည်ပြုပြီးသည့်နောက်တွင် ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ပြီးနောက် အဝေးမှ စည်းမျဉ်းစွမ်းအားကို ခံစားလိုက်သည်။

“ အခု ငါ့အလုပ်က ပြီးပြီဆိုတော့ ထွက်သွားရမဲ့အချိန်ပဲ”

ထို့နောက် ချက်ချင်းဆိုသလို နတ်ဘုရားလျူ၏ အကြည့်က တည်ငြိမ်နေရာမှ စိတ်ရှုပ်ထွေးဟန် ပြောင်းလဲသွားလေသည်။ ထို့နောက် ပြန်လည် တည်ငြိမ်သွားလေ၏။ အရိပ်က ထိုခန္ဓာကိုယ်အတွင်း ချန်ထားခဲ့သည့် အသိစိတ်က မူလပိုင်ရှင်ထံ ပြန်ရောက်သွားလေသည်။

တကယ့် နတ်ဘုရားလျူအတွက်မူ ယခင်နှစ်သည် သူ့အတွက် အိပ်မက်လို ခံစားနေရသည်။ သူ လုပ်သမျှ အရာအားလုံးကို မှတ်မိသော်လည်း အသေးစိတ် အချက်အလက်တချို့က သူ့မှတ်ဉာဏ်မှ ဖျောက်ဖျက်ခံလိုက်ရသည်။ သို့သော် သူက သူကိုယ်တိုင် လုပ်နေသည်ဟု မခံစားမိပေ။

သူက သူကိုယ်တိုင် သုံးဖက်မြင်အကြည့်မှ မြင်နေရသလိုမျိုး ခံစားနေရ၏။ သူကိုယ်တိုင် အမှန်ဟုတ်ရဲ့လားဟု စဉ်းစားမိလာသည်။ သို့သော်လည်း မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် ထိုအတွေးများကို ဖယ်ရှားကာ သူသည် စိတ်အခြေအနေ မမှန်ကြောင်း လက်ခံလိုက်သည်။

ထိုစဉ် မီးနယ်မြေ အပြင်ဘက် လေဟာနယ်အတွင်း ကြမ္မာနတ်ဘုရားမက ဓားဖြင့် ဝှေ့ယမ်းလိုက်သည့်အချိန် မီးနတ်ဘုရားက လွင့်စင်သွားလေသည်။

သူ့ခန္ဓာကိုယ်က ဓားချက်များ ပေါ်ထွက်လာကာ ကုသဖို့ ခက်ခဲနေလေသည်။ သူ့စိတ်ထဲတွင် သေခြင်းတရား အရိပ်အယောင်လွှ မ်းခြုံလာသည့်အတွက် ထိန်းချုပ်နိုင်စွမ်း ဖြည်းဖြည်းချင်း ပျောက်ဆုံးလာလေ၏။ ဤသည်က သူ့အတွက် ကံကြမ္မာဖန်လာသည့် သေခြင်းတရား ဖြစ်ပေသည်။ ထိုအရာက သူ့ဝိညာဉ်အပေါ် ဆက်တိုက်ဆိုသလို သက်ရောက်မှု ရှိနေသည်။

အကယ်၍ ဤတိုက်ပွဲသာ ဆက်ဖြစ်နေလျှင် မီးနတ်ဘုရားအနေဖြင့် သူ ရှုံးနိမ့်ရုံသာမက အတော်လေး ဆိုးရွားသွားမည်ဖြစ်ကြောင်း သိလေသည်။ အဆုံးသတ်၌ သူက ကြမ္မာနတ်ဘုရားမအား တင်းတင်းမာမာ ကြည့်လိုက်ပြီးနောက် သူ့ ကောင်းကင်ဘုံဗိမာန်သို့ ပြန်သွားလေသည်။

သူက တတ်နိုင်သမျှ မြန်မြန် ကုသလိုလေ၏။ ဤကမ္ဘာ၏ လက်ရှိအခြေအနေတွင်  အားနည်းသည့် အနေအထားက အရမ်းကို အန္တရာယ်များလွန်းလှသည်။

ကြမ္မာနတ်ဘုရားမက သူ့နောက်သို့ လိုက်မသွားဘဲ မီးနယ်မြေအတွင်း ဝင်ကာ နတ်ဘုရားလျူ၏ ဗိမာန်သို့ ချိုးဖောက်ဝင်ရောက်ခဲ့သည်။ သူမက သူ့ရှေ့တွင် ရပ်ကာ ဘာမှမပြောဘဲ ဝိညာဉ်ကို တန်း၍ရှာဖွေလိုက်ပြီး ယခင်နှစ်ပိုင်းအတွင်းမှ အပြောင်းအလဲတချို့ကို အာရုံစိုက်ထားလိုက်သည်။

နတ်ဘုရားလျူက ခုခံဖို့အတွက် အင်အားမဲ့နေလေသည်။ သူက မုန်းတီးသော်လည်း ခေါင်းငုံ့ကာ ကြိတ်မှိတ်သည်းခံနေရသည်။

သို့သော်လည်း စတင်ပြီးနောက် သိပ်မကြာခင် သူမ မျက်နှာအထက် မျက်မှောင်ကြုတ်မှုတစ်ခု ထွက်ပေါ်လာသည်။ သူမက မည်သည့်အရာမှ မတွေ့ရပေ။ သူ့ မှတ်ဉာဏ်ထဲမှာ သူသည် အပြင်လူနှင့် တိုက်ပွဲရှုံးနိမ့်ပြီးသည့်နောက် စိတ်ဓာတ်ကျကာ ဝမ်းနည်းမှု ပြေပျောက်ဖို့အတွက် သေရည်စတင်သောက်ခဲ့သည်။ ကံဆိုးစွာဖြင့် သူက သေရည်နတ်ဘုရား၏ သေရည်ကို မကျေနပ်ဘဲ သူ့ကိုယ်သူ အသစ်ဖန်တီးဖို့ ကြိုးစားခဲ့သည်။ ကံကောင်းစွာဖြင့် သူက ဝမ်းနည်းမှုမေ့ပျောက် သေရည်အား ဖန်တီးနိုင်ခဲ့သည်။

နောက်ဆုံးတွင် သူက တခြားသော နတ်ဘုရားများနှင့် မိတ်ဆွေအပေါင်းအသင်းလုပ်ကာ ဤအခြေအနေမှ ရုန်းထွက်ဖို့ ကြိုးစားခဲ့သည်။ အမှန်အတိုင်းဆိုရလျှင် နတ်ဘုရားလျူ၏ အပြုအမူများက တခြားသော နတ်ဘုရားများနှင့် အတူတူသာ ဖြစ်လေသည်။ သူ သံသယအဝင်ခံရသည့် အဓိကအကြောင်းအရင်းမှာ သူ့ပြောင်းလဲမှု အချိန်ကိုက် ဖြစ်နေခြင်း ဖြစ်၏။

ထိုသို့သော အချိန်မျိုးအတွင်း ထူးထူးဆန်းဆန်း အပြုအမူတိုင်းက အထွတ်အထိပ် နတ်ဘုရားများ၏ သံသယဝင်မှုကို ခံရနိုင်ချေ ရှိသည်။

ကြမ္မာနတ်ဘုရားမက သူမ လိုချင်သည့် အရာကို ရှာမတွေ့သည့်နောက် လက်ဝှေ့လိုက်သည်။ ထိုစဉ် စာအုပ်တစ်အုပ် ပေါ်ထွက်လာလေ၏။ ထိုစာအုပ်၏ ခေါင်းစဉ်က ကြမ္မာစာအုပ် ဖြစ်သည်။

သူမက နတ်ဘုရားလျူ၏ နာမည်ကို ရှာတွေ့သည်အထိ စာရွက်ကို လှန်လိုက်သည်။ စာအုပ်အတွင်း နတ်ဘုရား ဖြစ်မလာခင် လုပ်ခဲ့သမျှ အရာအားလုံးကို မှတ်တမ်းတင်ထားသည်။ သို့သော်လည်း နတ်ဘုရား ဖြစ်လာပြီးနောက် ကိစ္စတချို့ကိုသာ မှတ်သားထားလေသည်။

ငွေရောင်စာအုပ်က ဖျတ်ခနဲ အလင်းရောင်ထွက်သွားကာ နတ်ဘုရားလျူအား လွှမ်းခြုံသွားသည်။ ထို့နောက် တစ်ဘဝလုံးဇာတ်ကြောင်းက စာအုပ်ပေါ်တွင် ပေါ်ထွက်လာလေ၏။ သူ့ မွေးရက်မှအစ လက်ရှိနေ့အထိ လုပ်သမျှ အရာအားလုံးကို စာအုပ်တွင် မှတ်တမ်းတင်ထားသည်။

ကြမ္မာနတ်ဘုရားမက ယခင်နှစ်မှ အဖြစ်အပျက်ကို ပိုမိုအာရုံစိုက်ထားလိုက်သည်။ သူမအား စိတ်ပျက်သွားစေသည်က စာအုပ်သည်လည်း သူ့မှတ်ဉာဏ်များ ဖတ်ထားသည်နှင့် အတူတူသာ ဖြစ်နေလေသည်။

“ ဒီလူတွေက ကြမ္မာထိန်းချုပ်နိုင်စွမ်းပါ ရှိနေတာလား”

သူမက သက်ပြင်းချလိုက်ပြီးနောက် မီးနယ်မြေမှ ထွက်လာလိုက်သည်။ သူမက ပွဲတက်ရောက်ထားသော တခြားနတ်ဘုရားများအား စစ်ဆေးကြည့်ချင်သော်လည်း သူမ၏ အပြုအမူက လူများစွာကို ရန်ပြုမိမည် ဖြစ်ကြောင်း သိထားလေသည်။ အကယ်၍ သူမသာ ဒီလိုထပ်လုပ်ခဲ့လျှင် တခြားသော အထွတ်အထိပ် နတ်ဘုရားများက ထိုအကြောင်းပြချက်ကို အသုံးပြုကာ သူမအား သတ်ပစ်ကြလိမ့်မည်။ ဤနှစ်များ တစ်လျှောက် သူမက တတ်နိုင်သမျှ သိုသိုသိပ်သိပ် နေခဲ့သော်လည်း သူမတွင် ရန်သူများစွာ ရှိနေသေးလေသည်။

ကြမ္မာနတ်ဘုရားမအနေဖြင့် ထိုလူများကို လက်ရှိအခြေအနေများတွင် ပါဝင်လှုပ်ရှားဖို့ အားကိုးမထားပေ။ သူတို့က အတူတကွပင် အလုပ် မလုပ်ဆောင်နိုင်ကြပေ။

……………………………

အရိပ်က နတ်ဘုရားလျူ၏ အသိစိတ်ကို ပြန်လည်ပေးပြီးသည့်နောက်တွင် သူ့အဓိကခန္ဓာကိုယ်က စစ်နတ်ဘုရားမ၏ ပိုင်နက်အတွင်း ပျံသန်းသွားလေသည်။ သူက မြောက်ဖက်စူးစူး နှင်းကျသည့် တောင်တန်းတစ်ခုဆီ ပျံသန်းသွားလိုက်သည်။ သူ့ ဦးတည်ချက်သို့ ရောက်ရှိပြီးသည့်နောက်တွင် သူ့ အံ့ဖွယ်အသိစိတ်ဖြင့် တောင်၏ မြေအောက်ကို စစ်ဆေးလိုက်သည်။

ကီလိုမီတာ တစ်သောင်းခွဲအနက်တွင် သူ့ အံ့ဖွယ်အသိစိတ်က အဖြူရောင် အလင်းတန်း၏ ပိတ်ဆို့မှုကို ခံလိုက်ရသည်။

“ တွေ့ပြီ”

သူက ရေရွတ်လိုက်ပြီးနောက် ကူးသန်းရေးအဆောင်ကို ထုတ်လိုက်သည်။ ထိုအရာကို အသက်သွင်းလိုက်ပြီးနောက် သူ့လက်ထဲရှိ စာရွက်က လောင်မြိုက်သွားကာ အလင်းတန်းက သူ့အား လွှမ်းခြုံသွားလေသည်။

အရိပ်က ပျောက်ကွယ်သွားပြီး ပြန်လည်ပေါ်ထွက်လာသည့်အခါ သူ့ကိုယ်သူ အိမ်များနှင့် အဆောက်အဦးရာချီရှိနေသည့် နေရာကျယ်တစ်ခုအတွင်း ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။ အဝေးတစ်နေရာတွင် သူက လယ်ကွင်းကိုပင် မြင်တွေ့လိုက်ရသည်။

“ ကောင်းကင်ဘုံဗိမာန်လား” သူက ရေရွတ်လိုက်သည်။

အရိပ်က ပတ်ဝန်းကျင်ကို ဆက်လက်လေ့လာနေစဉ် သူ ရောက်ရှိလာမှုက လူများစွာအား ထိတ်လန့်သွားစေသည်။ နတ်ဘုရားမြောက်များစွာက သူ့နေရာဆီ ရောက်လာကြပြီး ဝိုင်းထားလိုက်ကြသည်။

အရိပ်က ထိုအဖွဲ့အား ဦးဆောင်လာသည့် လူနှစ်ဦးအား ကြည့်လိုက်သည်။ တစ်ဦးက အမျိုးသားဖြစ်ကာ နောက်တစ်ဦးက အမျိုးသမီး ဖြစ်လေသည်။

“ အားအကောင်းဆုံး တိုက်ခိုက်ရေးခွန်အားအဖြစ် မင်းတို့ နတ်ဘုရားငယ် နှစ်ယောက်တည်း ကျန်လောက်အောင် နိမ့်ကျသွားတယ်ဆိုတာ မယုံနိုင်ဘူး” အရိပ်က လှောင်ရယ်လိုက်သည်။

“ မင်းက ဘယ်သူလဲ” သူ့ကိုယ်သူ ဓားနတ်ဘုရားဟု ခေါ်သည့်သူက မေးလိုက်သည်။ သူက အရိပ်အား ခြေဆုံးခေါင်းဆုံးကြည့်နေစဉ် သူက အမူအရာ ပျက်ယွင်းလာလေ၏။

“ မင်းက အပြင်လူထဲက တစ်ယောက်ပဲ”

“ အဲဒါကို သိလို့ ဆုလာဘ်ရော လိုချင်သေးလား” အရိပ်က ပြန်ဖြေလိုက်သည်။

“ သူ့ကို ပြန်ပြောနေစရာ မလိုဘူး။ သူ့ကို ဖမ်းလိုက်ကြရအောင်” လှံနတ်ဘုရားမက ပြောလိုက်သည်။ သို့သော်လည်း သူမက ထိုစကားများ ပြောပြီးသည့်နောက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုက လူအားလုံးကို လွှမ်းခြုံသွားလေသည်။

ချက်ချင်းဆိုသလို ဓားနတ်ဘုရားနှင့် လှံနတ်ဘုရားမတို့က သူတို့သည် ကျင့်ကြံဆင့် မြင့်မားသော်လည်း ထိုလူ၏ ပြိုင်ဘက် မဟုတ်ကြောင်း သိလိုက်ကြသည်။ အကယ်၍ သူတို့က သူ့ကို နှိမ်နင်းနိုင်မည် ဆိုလျှင်ပင် တန်ကြေး ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်။

လက်ရှိ သူတို့က ဆုံးရှုံးမှုကို မတတ်နိုင်သေးပေ။

“ မင်းက ဘာလိုချင်လို့လဲ” ဓားနတ်ဘုရားက အံကြိတ်ကာ မေးလိုက်သည်။

“ မင်းတို့တွေက သာမန်လူတွေကို ကျင့်ကြံရေး နည်းစနစ်ကို ဖြန့်ဝေပြီးတော့ နတ်ဘုရားတွေ လက်အောက်ကနေ လွတ်မြောက်စေဖို့ ကြိုးစားနေတယ်ဆိုတာ သိထားတယ်” အရိပ်က တည်ငြိမ်စွာ ပြောလိုက်သည်။

“ ကံဆိုးတာက မင်းတို့အားလုံးက အားနည်းနေတယ်။ အဲဒါကြောင့် ငါက ကူဖို့ ရောက်လာတာ”

“ ငါတို့က မင်းလိုမျိုး အပြင်လူရဲ့ အကူအညီကို မလိုဘူး” လှံနတ်ဘုရားမက ပြောလိုက်သည်။

“ သေချာရဲ့လား။ ငါ သိထားသလောက် မင်းတို့တွေက ပျက်သုဉ်းခါနီးနေပြီ။ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် မင်းတို့အားလုံးက ပျက်သုဉ်းသွားနိုင်တယ်”

“ ငါတို့ဌာနချုပ် ရှိနေပြီးတော့ ငါတို့ရဲ့ အတွေးအခေါ်တွေကို ယုံကြည်တဲ့သူ တစ်ယောက် ရှိနေသရွေ့ ဘယ်တော့မှ မပျက်သုဉ်းဘူး”

“ စကားလှလှလေး ပြောနေတာပဲ” အရိပ်က ထိုအမျိုးသမီးအား ကြည့်ကာ ပြောလိုက်သည် “ ကံဆိုးတာက မင်းတို့အားလုံးက ပူဖောင်းထဲမှာ‌ နေထိုင်နေကြတာပဲ။ မင်းတို့ခေါ်တဲ့ ဌာနချုပ်က စစ်နတ်ဘုရားမက မင်းတို့တွေကို စစ်ပွဲဖြစ်စေဖို့ လိုအပ်တဲ့အခါမျိုးမှသာ တည်ရှိမှာ။

အဲဒါကြောင့် မင်းတို့အားလုံးကို သူမ ပိုင်နက်ထဲမှာ ဝှက်ထားခွင့်ပြုတာပဲ။ မင်းတို့ရဲ့ အတွေးအခေါ်တွေအတွက်က အချိန်က အကြီးမားဆုံးရန်သူပဲ။ အချိန်ကြာလာရင် မင်းတို့ရဲ့အတွေးအခေါ်တွေကို ဖြည်းဖြည်းချင်း မေ့သွားကြပြီး အထွတ်အထိပ် နတ်ဘုရားတွေရဲ့ လက်အောက်ကျရောက်သွားမှာပဲ။ အဲဒီအခါ မင်းတို့ခေါ်နေတဲ့ တော်လှန်ရေးကလည်း ဟာသတစ်ခုအပြင် ဘာမှပိုလာမှာ မဟုတ်ဘူး။ မင်းတို့အတွက် ကံဆိုးတာက နတ်ဘုရားတွေမှာ မပြတ်လပ်တာဆိုလို့ အချိန်ပဲ ရှိတယ်”

ဓားနတ်ဘုရားမနှင့် လှံနတ်ဘုရားမတို့က ထိုအရာကို ကြားကာ အမူအရာ ပျက်ယွင်းသွားကြသည်။ သူတို့သာလျှင် မဟုတ်ဘဲ သူတို့နောက်မှ လိုက်လာသည့် နတ်ဘုရားအားလုံး ဖြစ်၏။

“ မင်း ပြောတာ အမှန်ဆိုတော့လည်း ဘာဖြစ်လဲ” ဓားနတ်ဘုရားက ပြန်လည်ချေပလိုက်သည်။

“ နောက်ဆုံးမှာ မင်းတို့အပြင်လူတွေက အထွတ်အထိပ် နတ်ဘုရားတွေနဲ့ အတူတူပဲ။”

“ မင်းတို့ ပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ ငါတို့က ယုံကြည်မှုကို ဖြန့်ဝေပြီးတော့ ကျင့်ကြံရေး နည်းစနစ်ကို ထိန်းချုပ်ချင်တာ။ ဒါပေမဲ့ နတ်ဘုရားတွေလိုမျိုး တင်းကြပ်နေမှာတော့ မဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက ငါတို့ရည်မှန်းချက်ကို ရပြီးတာနဲ့ ဒီနေရာက ထွက်သွားမှာ။ အဲဒီအခါ မင်းတို့တွေ မင်းတို့ဘာသာ မင်းတို့ အတွေးအခေါ်တွေ သဘောတရားတွေကို ဖြန့်ဝေပြီးတော့ ကြိုက်တာ လုပ်လို့ရပြီ”

အားလုံးက ထိုအရာကို ကြားပြီး ခေတ္တမျှ ငြိမ်သက်သွားကြသည်။ ကြည့်ရသည်မှာ ခေါင်းဆောင်နှစ်ယောက်က ဝိညာဉ်များမှတစ်ဆင့် ဆွေးနွေးနေဟန်ပေါ်သည်။ ထို့နောက် ဓားနတ်ဘုရားက မေးလိုက်သည်။

“ မင်းက ငါတို့ကို ဘယ်လိုကူညီပေးမှာလဲ။ မဟာမိတ်ဖွဲ့ပြီးတော့လား”

အရိပ်က မတုံ့ပြန်ဘဲ စာအုပ်တစ်အုပ်ကို ပစ်ပေးလိုက်သည်။ ထိုစာအုပ်ပေါ်တွင် ရေးသားထားသည်က …

 နတ်ဘုရားဝါးမျိုရေး ကျင့်စဉ် …

All Chapters