← Chapters

သေမျိုးလွတ်လပ်ခွင့် မဟာမိတ်

Vol. 25 Ch. 342

သေမျိုးလွတ်လပ်ခွင့် မဟာမိတ်

Vol. 25 Ch. 342

အခန်း (၃၄၂) : သေမျိုးလွတ်လပ်ခွင့် မဟာမိတ်

ဓားနတ်ဘုရားက စာအုပ်နာမည်ကို မြင်ပြီးသည့်နောက် မျက်မှောင်ကြုတ်လိုက်သည်။ ထိုခေါင်းစဉ်ကို သဘောမကျပေ။ သူသာလျှင် မဟုတ်ဘဲ သူ့အမျိုးသမီး အပေါင်းအပါကလည်း သဘောမကျပေ။ မည်သို့ပင်ဆိုစေကာမူ နှစ်ဦးသားက စာအုပ်ကို လှန်ကြည့်လိုက်ကြသေးသည်။

ပထမဦးစွာ သူတို့က များများစားစား မစဉ်းစားမိပေ။ သို့သော်လည်း စာရွက်များကို များများစားစား ဖတ်လာလေလေ သူတို့မျက်နှာထက်တွင် အကြောက်တရား ပိုမိုပေါ်ထွက်လာလေလေ ဖြစ်၏။ ဓားနတ်ဘုရား၏ လက်များက တုန်ယင်လာကာ စာအုပ်ပင် လွတ်ကျလုမတတ် ဖြစ်သွားလေသည်။

ဒါက မိစ္ဆာစာအုပ်ပဲ …

သူက သူ့ဘာသာသူ ရေရွတ်လိုက်သည်။ သူ သိထားသလောက် ထိုအရာက မှန်ကန်လေသည်။ သူ့လက်ထဲရှိ စာအုပ်က ဝမ်ဝေ့တစ်ယောက် မိုရှင်းယွင်ဆီမှ ရရှိထားသော ဇူဇကာဝါးမျိုခြင်း ကျမ်း၏ တစ်ပိုင်းတစ်စကို ဆင့်ကဲပြောင်းလဲထားခြင်း ဖြစ်၏။

နာမည်အတိုင်း ထိုအရာက လူတစ်ယောက်အား နတ်ဘုရားတစ်ပါးကို ဝါးမျိုခွင့်ပြုထားသည့် ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။ သူတို့၏ စွမ်းအားသာမက သူတို့၏ ယုံကြည်မှုစွမ်းအားလည်း အပါအဝင် ဖြစ်၏။ ထိုအရာသာ အောင်မြင်သွားပါက သူတို့က နတ်ဘုရား၏ ကောင်းကင်ဘုံဗိမာန်ကိုပင် သူတို့အပိုင်အဖြစ် ထိန်းချုပ်နိုင်လိမ့်မည်။

ထို့အပြင် အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံနိုင်ခဲ့လျှင် ထိုအရာက သူတို့၏ ကိုးကွယ်ယုံကြည်မှုဟု ဆိုနိုင်သည့် စည်းမျဉ်းကိုပါ ဝါးမျိုနိုင်လိမ့်မည်။

ဤနည်းလမ်းဖြင့် ဓားနတ်ဘုရားက သူသည် ယုံကြည်မှုစွမ်းအားများ စုဆောင်းဖို့ ပြဿနာများကို ကျော်ဖြတ်ဖို့ မလိုဘဲ အထွတ်အထိပ်နတ်ဘုရား ဖြစ်လာနိုင်ကြောင်း သဘောပေါက်သွားသည်။ ထို့နောက် သူတို့၏ တော်လှန်မှုက အခွင့်အရေး ရလာလိမ့်မည်။

လက်ရှိဌာနချုပ်တွင် သူက နတ်ဘုရားများအကြား သက်တမ်းအရင့်ဆုံး ဖြစ်၏။ သူက ကျင့်စဉ်များကို သေမျိုးများဆီ ဖြန့်ကျက်ခဲ့သည့် ပျက်သုဉ်းခြင်းစစ်ပွဲကို ကြုံတွေ့ခဲ့သူလည်း ဖြစ်ပေသည်။

ယခင်က နယ်မြေ ၁၀၈ ခု ရှိပြီး အထွတ်အထိပ် နတ်ဘုရား ၁၀၈ပါး ရှိခဲ့သည်။ ယခုတွင် ၃၆ ပါးသာ ကျန်ရှိခဲ့၏။ ကျန်ရှိသောလူများက ရှုံးနိမ့်သွားသော နယ်မြေများကို ဝါးမျိုကာ သူတို့၏ အင်အားကို တိုးမြှင့်ကြသည်။

အတိတ်ကို ပြန်တွေးလိုက်ပြီးသည့်နောက် သူတို့တွင် အထွတ်အထိပ် နတ်ဘုရား မြောက်များစွာ ရှိခဲ့သော်လည်း ယခုတွင်မူ နတ်ဘုရားငယ်များသာ ကျန်ရှိတော့လေသည်။

ဓားနတ်ဘုရားက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်၏။ ဤဆွဲဆောင်နိုင်စွမ်းက မြင့်မားလွန်းလှသည်။ သူက ထိုအရာဖြင့် သူတို့၏ အင်အားက သိသိသာသာ တိုးမြင့်လာပြီး ပြန်လည်ရှင်သန်လာဖို့ အခွင့်အရေး ရလာမည်ဖြစ်ကြောင်း သိလေသည်။ ထို့အပြင် သူက ဆိုးကျိုးကိုလည်း မြင်မိသည်။

သူက အရိပ်အား ကြည့်ကာ ပြောလိုက်သည် “ မင်းရဲ့ ကူညီမှုကိုတော့ အလေးထားပါတယ်။ ဒါပေမဲ့ မင်းရဲ့နယ်ရုပ် မဖြစ်ချင်ဘူး”

သူ့အတွေ့အကြုံများအရ ဓားနတ်ဘုရားအနေဖြင့် အပြင်လူများသည် အထွတ်အထိပ် နတ်ဘုရားများ၏ စွမ်းအားကို နည်းပါးအောင် သူတို့ကို အသုံးချနေပြီ ဖြစ်ကြောင်း မည်သို့ မသိဘဲ နေမည်နည်း။

ဓားနတ်ဘုရား၏ စကားကို ကြားပြီးသည့်နောက်တွင် လှံနတ်ဘုရားမက အတွေးမှ ပြန်လည်နိုးထလာသည်။ သူမက အကျိုးအမြတ်ကြောင့် ခေတ္တမျှ မျက်ကန်းဖြစ်သွားပြီးနောက် ဤသို့သော ကျင့်စဉ်မျိုး၏ ပြဿနာကို သဘောပေါက်သွားသည်။

သူမ နောက်ကျောမှ ချွေးများ စီးကျလာလေ၏။

ခေါင်းဆောင်က စိတ်ပြတ်သားလို့ တော်သေးတယ်။ မဟုတ်ရင် အကျိုးဆက်ကို စိတ်ကူးကြည့်လို့ ရမှာ မဟုတ်ဘူး။

အရိပ်အတွက်မူ ထိုအရာကို ကြားသော်လည်း တည်ငြိမ်နေဆဲ ဖြစ်၏။ သူ့မျက်နှာအထက် ခပ်ယဲ့ယဲ့အပြုံး ပေါ်ထွက်လာကာ “ ခင်ဗျားတို့အတွက် ကံဆိုးတာက နောက်ကျလွန်းသွားပြီ”

“ မင်းက ဘာပြောချင်တာလဲ”

ဓားနတ်ဘုရားက မေးလိုက်သည်။ ထို့နောက် သူက တစ်ခုခုကို သတိပြုမိကာ သူ့နောက်မှ တခြားနတ်ဘုရားများအား လှည့်ကြည့်လိုက်သည်။ သူတို့၏ မျက်ဝန်းအထက် စိတ်လှုပ်ရှားမှုနှင့် လောဘအရိပ်အယောင်များကို မြင်တွေ့ကာ ချက်ချင်းသဘောပေါက်သွားသည်။

ထိုအပြင်လူများသည် ထိုကျင့်စဉ်ကို တခြားသော နတ်ဘုရားများဆီပါ ဖြန့်ဝေပေးခဲ့သည်။ သူ့လို စိတ်ဓာတ်ခိုင်မာသည့်လူပင် ခေတ္တမျှ ယိမ်းယိုင်သွားလေရာ ကျန်လူများက ဆိုထားဖွယ်ရာ မရှိတော့ပေ။

“ မင်း” ဓားနတ်ဘုရားက အရိပ်အား ကြည့်လိုက်သည်။ ထို့နောက် သူက အမိန့်ပေးလိုက်၏ “ မင်းတို့တွေ ဒီကျင့်စဉ်ကို ကျင့်ကြံခွင့် မရှိဘူး။ ဒါက အမြင့်ဆုံးအမိန့်ပဲ။ ဒီဟာကို မနာခံသူတွေအားလုံးကို နေရာမှာတင် သုတ်သင်ခံရမယ်”

အခြားသောနတ်ဘုရားများက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငုံ့ထားကြသည်။ သို့သော်လည်း ဓားနတ်ဘုရားက ဤသည်က သရုပ်ပြမှုသက်သက် ဖြစ်ကြောင်း သိလေသည်။ ကံဆိုးစွာဖြင့် မည်သူက သူ့အမိန့်ကို လိုက်နာပြီး မည်သူက မလိုက်နာမည်ကို သူ့အနေနှင့် မပြောနိုင်ပေ။

ထို့အပြင် ထိုကျင့်စဉ်က ထိုလူများ၏ ရည်မှန်းချက်မျိုးစေ့ကို စိုက်ပျိုးမိသလို ဖြစ်သွားမိလေပြီ။ အကယ်၍ သူတို့က နတ်ဘုရား ဖြစ်နေလျှင်ပင် စိတ်ခံစားချက် ၇ ပါး၊ စိတ်လိုအင်ဆန္ဒ ၆မျိုးတို့မှ ကင်းလွတ်နိုင်မည် မဟုတ်ပေ။

ဓားနတ်ဘုရားက ထိုအရာကို သိပြီး ဒေါသထွက်လာကာ တာဝန်ရှိသူအပေါ် ပုံချဖို့ ဆုံးဖြတ်လိုက်သည်။ ကံဆိုးစွာဖြင့် သူ လှည့်ကြည့်လိုက်သည့်အချိန် အရိပ်က မရှိတော့ပေ။ ဘယ်အချိန်က ပျောက်ကွယ်သွားမှန်းပင် မသိရပေ။

ထိုည၌ ဓားနတ်ဘုရားက ကောင်းကင်ဘုံဗိမာန်အတွင်း လှည့်ပတ်သွားကာ တစ်ယောက်ယောက် ကျင့်စဉ်ကို ခိုးကြောင်းခိုးဝှက် လေ့ကျင့်မနေကြောင်း သေချာအောင် စောင့်ကြည့်နေလေသည်။ နတ်ဘုရားဟူဟု ခေါ်သည့် လေဟာနယ် နတ်ဘုရားတစ်ပါးက သူ့အား အဖန်ရည်နှစ်ခွက်ဖြင့် ချဉ်းကပ်လာသည်။ သူက ဓားနတ်ဘုရားအား တစ်ခွက်ပေးကာ တခြားတစ်ခွက်ကို သူ သောက်လိုက်သည်။

“ ခေါင်းဆောင် ဒီလိုမျိုး စောင့်ကြည့်နေတာက ပြဿနာ ဖြေရှင်းနည်း မဟုတ်ဘူး။ ကျုပ်တို့ သေမျိုးလွတ်လပ်ခွင့် မဟာမိတ်ရဲ့ တခြားအဖွဲ့သားတွေက အဖွဲ့ဝင်တွေကို ခေါ်ဆောင်ဖို့ အပြင်ထွက်ဖို့ လိုသေးတယ်လေ”

ဓားနတ်ဘုရားက အဖန်ရည် တစ်ငုံသောက်ကာ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူက ထိုလူပြောစကားအား သဘောတူလေသည်။ သို့သော် ယခုတွင်မူ သူ့အနေနှင့် ပိုမိုကောင်းမွန်သည့် ဖြေရှင်းနည်းအား မစဉ်းစားနိုင်ပေ။

“ ဒီလိုဆိုရင် ငါ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ”

နတ်ဘုရားဟူက ခေတ္တမျှ စဉ်းစားပြီးနောက် “ ကျုပ်ကို အမှန်အတိုင်း ပြောစေချင်လား”

“ ပြောပါဦး”

“ ကျုပ်တို့ လက်ရှိအခြေအနေအရဆိုရင် ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်မခံသင့်ဘူး။ ပြောရရင် ဒီကျင့်စဉ်က ကျုပ်တို့ကို ချောက်နက်ထဲ ဆွဲခေါ်သွားတယ်ဆိုပေမဲ့ သူတို့ထက်ဆိုးရွားတဲ့ အရာက ရှိဦးမှာမလို့လား”

ဓားနတ်ဘုရားက အဖန်ရည်ကို သောက်ကာ နတ်ဘုရားဟူ၏ စကားကို နားထောင်လိုက်သည်။ နှစ်များစွာ ကြာမြင့်ပြီးနောက် နတ်ဘုရားဟူသည် သူ့ လက်အောက်ခံ ခေါင်းဆောင် ၁၂ယောက်ထဲမှ အယုံကြည်ရဆုံးလူ ဖြစ်ပေသည်။ ထို့ကြောင့် သူ့စကားများအား အလေးအနက် စဉ်းစားပေးလိုက်၏။ သို့သော်လည်း မိနစ်ပိုင်း ကြာမြင့်ပြီးသည့်နောက်တွင် သူက ခေါင်းခါကာ “ မင်းပြောတာ မှန်ပေမဲ့ ရှေ့ဆက်တိုးရမဲ့ နည်းလမ်းမဟုတ်ဘူးလို့ စဉ်းစားမိနေတုန်းပဲ”

နတ်ဘုရားဟူက သက်ပြင်းချကာ “ ဒီလိုဆိုရင်တော့ နှမြောစရာပဲပေါ့”

“ အဲလိုလည်း မဟုတ်ပါဘူး။ ငါတို့ မဟာမိတ်ကသာ ကန့်ကွက်နေသရွေ့…”

ဓားနတ်ဘုရားက ရုတ်ချည်းဆိုသလို ရွှေရောင်သွေး အန်လိုက်ရပြီး အံ့ဩတုန်လှုပ်သည့် အမူအရာမျိုး ဖြစ်နေလေသည်။ သူက ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူ့နှလုံးသားကို ထိုးဖောက်သွားသည့် ဓားကို မြင်လိုက်ရသည်။ ထို့နောက် နတ်ဘုရားဟူကို မြင်လိုက်ရ၏။

“ ဘာလို့လဲ”

“ မဟာမိတ်အတွက်ပဲ” နတ်ဘုရားဟူက ပြန်ပြောလိုက်သည် “ ခင်ဗျားရဲ့ ခေါင်းမာမှုတွေက ကျုပ်တို့အခြေအနေအတွက် အဆင်မပြေဘူး။ ခင်ဗျားက ပျက်သုဉ်းခြင်းစစ်ပွဲကို မျက်မြင်ကြုံတွေ့ခဲ့ရပြီးတော့ မဟာမိတ်က ခင်ဗျားလက်ထဲက ပျက်စီးသွားမှာကို စိုးရိမ်နေတာကို နားလည်တယ်။

ဒါပေမဲ့ ခင်ဗျားနားလည်ဖို့ ဆုံးရှုံးသွားတာက ကျုပ်တို့တွေ အားလုံးက သေခြင်းတရားကို မကြောက်ဘူး။ ကျုပ်တို့တွေရဲ့ အသက်ရှင်နိုင်ချေက နည်းပါးမှန်းသိရက်နဲ့ ရောက်လာခဲ့တာ။ ကျုပ်တို့ ကြောက်နေတာက အဓိပ္ပာယ်မဲ့တဲ့ဘဝမှာ နေထိုင်ပြီး ရည်မှန်းချက်တွေ၊ အတွေးအခေါ်တွေအားလုံး အငွေ့ပျံ ပျက်စီးသွားမှာကိုပဲ။

အပြင်လူတွေပေးထားတဲ့ ကျင့်စဉ်က ကျုပ်တို့အတွက် အခွင့်အရေးပဲ။ ကံဆိုးတာက ခင်ဗျားက အဲဒါကို အလေးမထားသလို မစွန့်စားချင်ဘူး။”

ဓားနတ်ဘုရားက သူ့မြင့်မြတ်စွမ်းအားဖြင့် ဒဏ်ရာကို ကုသဖို့ လုပ်လိုက်သော်လည်းအသုံးမဝင်ပေ။

“ မင်းက ငါ့ကို အဆိပ်ခတ်ခဲ့တာလား”

“ ဟုတ်တယ်။ အဲဒါတင် မဟုတ်သေးဘူး။ ကျုပ်လက်ထဲက ဓားက အသက်စွန့်သတ္တုနဲ့ လုပ်ထားတာ။ ခင်ဗျားရဲ့ ကုသရေးတွေကို တားဆီးပြီးတော့ သေသွားစေလိမ့်မယ်”

နတ်ဘုရားဟူက ဓားနတ်ဘုရား၏ မျက်ဝန်းမှ အသက်ဓာတ် ဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း လက်မြှောက်ကာ ခန္ဓာကိုယ်ကို ထိလိုက်သည်။ ထို့နောက် ရပ်တန့်လိုက်၏။ သူက သူတို့အတူတူ ကုန်ဆုံးခဲ့သည့် အချိန်များ၊ တိုက်ပွဲများနှင့် သေခြင်းရှင်ခြင်း အတွေ့အကြုံများကို အမှတ်ရလိုက်သည်။ အဆုံးသတ်တွင်မူ သူက အံကြိတ်ကာ ရေရွတ်လိုက်သည် “ မဟာမိတ်အတွက်”

သူက ဓားနတ်ဘုရား၏ ခေါင်းပေါ် လက်တင်လိုက်သည်။ ထို့နောက် အနီရောင်အလင်းတစ်ချက် ပေါ်ထွက်လာကာ ဝါးမျိုရေး ဝဲကတော့ တစ်ခုပေါ်ထွက်လာသည်။ ထိုဝဲကတော့က ဓားနတ်ဘုရား၏ သွေး၊ အသက်ဓာတ်၊ ဝိညာဉ်နှင့် မြင့်မြတ်စွမ်းအားများကို စုပ်ယူသွားလေသည်။ သူ ထိန်းချုပ်ထားသည့် ယုံကြည်မှုစွမ်းအားများလည်း ဝါးမျိုသွားလေ၏။

ထို့နောက် နတ်ဘုရားဟူ၏ ခန္ဓာကိုယ်မှ အားကောင်းသည့်အငွေ့အသက် ပေါ်ထွက်လာသည်။

“ အခုကစပြီးတော့ ငါက ဓားနတ်ဘုရားပဲ” သို့သော်လည်း နတ်ဘုရားဟူက မျက်မှောင်ကြုတ်လိုက်သည်။ သူက ယခင်ဓားနတ်ဘုရား၏ ကောင်းကင်ဘုံဗိမာန်ကို မထိန်းချုပ်နိုင်သေးကြောင်း သဘောပေါက်သွားလေသည်။

ကြည့်ရတာ ငါ ဒီကျင့်စဉ်ကို အဆင့်မြင့်တဲ့အထိ ကျင့်မှပဲ ဝါးမျိုသမျှ အရာအားလုံးရဲ့ အမွေဆက်ခံနိုင်မယ် တူတယ်။

ထို့နောက် နတ်ဘုရားဟူက ဒုခေါင်းဆောင်ဖြစ်သည့် ပြောဆိုရေး နတ်ဘုရားမ ရှိရာဆီ လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းအထက် သတိမပြုမိဖွယ် အနီရောင်အလင်းတစ်ချက် ပေါ်ထွက်သွားကာ ရှေ့တိုးလိုက်သည်။

မဟုတ်သေးဘူး။ ငါက ဒီလိုလုပ်လို့ မဖြစ်သေးဘူး။ ငါက အရင်ခေါင်းဆောင်ကို သတ်လိုက်တာက အကြောင်းအရင်းရှိလို့ သတ်တာ။ ဒုခေါင်းဆောင်ကို ဖျောင်းဖျပြီးသွားရင် မဟာမိတ်ဖြစ်လာနိုင်သေးတယ် …

နတ်ဘုရားဟူက သူ့နေရာတွင် ငါးမိနစ်လောက် ရပ်နေပြီးနောက် တခြားဘက်သို့ သွားလိုက်သည်။ သူက တခြားအဖွဲ့ဝင်များအတွက် ထွက်ပေါက်ကို ဖွင့်ပေးရမည်။

……………

မရဏနယ်မြေ

လီကျွင်းက အရိပ်ဆီမှ သတင်းကို လက်ခံရရှိလိုက်သည်။ သူက အဖွဲ့မှ လူများအား ကြည့်ကာ ပြောလိုက်သည် “ ငါတို့တွေ ဒီကမ္ဘာဆီ ကျင့်ကြံရေး နည်းစနစ်ကို ဖြန့်ဝေပြီးတော့ ကမောက်ကမ ဖြစ်အောင် လုပ်ဖို့ အချိန်ကောင်းပဲ”

“ မင်း ပြောတော့ ငါတို့တွေ ယုံကြည်မှု ပိုစုပ်နိုင်အောင် ကျင့်ကြံရေး နည်းစနစ်ကို မဖြန့်ဝေဘူးဆို” ထျဲ့ကန်က အသီးတချို့ စားရင်း ပြောလိုက်သည်။

“ မင်းတို့အားလုံးလည်း အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့ အရေးကြီးတယ်ဆိုတာကို သိကြမှာပါ” လီကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည် “ အခု ငါတို့အားလုံး သိထားသလောက် ဒီကမ္ဘာက မရိုးရှင်းဘူး။ ငါတို့တွေ အမြန်ဆုံးနဲ့ အသက်ရောက်ဆုံး နည်းလမ်းကို သုံးတာက အကောင်းဆုံးပဲ။ အဲဒါကြောင့် ကမောက်ကမ အခြေအနေကို ဖန်တီးပြီး အခွင့်ကောင်းယူရင်း ကြမ္မာနတ်ဘုရားမကို သတ်ဖို့က အဓိက ရည်ရွယ်ချက်ပဲ”

ထျဲ့ကန်က ထိုအရာကို သိထားသော်လည်း လီကျွင်း စိတ်ခုအောင် တမင်ပြောလိုက်ခြင်းသာ ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ သူက လတ်တလော ပျင်းရိနေလေရာ ဘာမှလည်း လုပ်စရာ မရှိပေ။

All Chapters