← Chapters

တစ်လှည့်စီ

Vol. 25 Ch. 348

တစ်လှည့်စီ

Vol. 25 Ch. 348

အခန်း (၃၄၈) : တစ်လှည့်စီ

ရှင်သန်ခြင်း နတ်ဘုရားမ၏ ခန္ဓာကိုယ်မှ အလင်းတန်း ထွက်ပေါ်လာလေသည်။ သို့သော်လည်း ထိုအလင်းတန်းက ရန်သူဘက်ကို ဦးတည်ခြင်း မဟုတ်ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းကာ သေဆုံးနေသည့် နတ်ဘုရားများဆီ ဦးတည်ခြင်း ဖြစ်၏။

ချက်ချင်းဆိုသလို အံ့ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားလေသည်။ သေဆုံးသွားပြီးသော တပ်ဖွဲ့များက မြေပေါ်မှ ပြန်ထလာကြသည်။ သူတို့၏ ဒဏ်ရာများက မည်မျှပင် အခြေအနေဆိုးစေကာမူ ချက်ချင်းဆိုသလို ထရပ်လာကြပြီး လက်နက်များကို ဆွဲကိုင်ကာ တပ်ဖွဲ့တစ်ခုအလား တန်းစီလိုက်ကြသည်။ ထို့အပြင် သေဆုံးသွားသော နတ်ဘုရားများသာမက အဖွဲ့တိုင်းမှ သေဆုံးသွားသော ကျင့်ကြံသူများလည်း ပါဝင်သည်။

“ ဖုတ်ကောင်လား။ သေခြင်းတရား စည်းမျဉ်းလား” ယန်းလီလင်းက ရေရွတ်လိုက်သည်။ သို့သော်လည်း သူမက အလျင်အမြန် လေ့လာပြီးနောက် ခေါင်းခါလိုက်သည်။

ရှင်သန်ခြင်း နတ်ဘုရားမက စည်းမျဉ်းကို အသုံးပြုနေဆဲဖြစ်ကာ အရေးသာနေ၏။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့က ယင်နှင့်ယန်လိုမျိုး ဖြစ်၏။ ထို့ကြောင့် ရှင်သန်ခြင်း၏ အဆုံးစွန်က သေခြင်းတရားဖြစ်သလို သေခြင်းတရား၏ အဆုံးစွန်က ရှင်သန်ခြင်း ဖြစ်ပေသည်။

နမူနာအားဖြင့် အသက်ဓာတ်ကို လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ ထည့်သွင်းပေးခြင်းက ဒဏ်ရာကို ကုသပေးနိုင်လေသည်။ သို့သော်လည်း ထိုစွမ်းအားက သူတို့ခံနိုင်ရည်ထက် များပြားသွားခဲ့လျှင် ထိုလူက ချက်ချင်းသေဆုံးသွားလိမ့်မည်။

ရှင်သန်ခြင်း နတ်ဘုရားမက စည်းမျဉ်းအသုံးပြုလိုက်သည်ကို မြင်ကာ အဖွဲ့က ခဏတာ အံ့ဩသွားကြသည်။ သူမသည် ဤကမ္ဘာမှ ကန့်သတ်မခံထားရကြောင်း မြင်လိုက်ရသည်။ သူမ၏ စွမ်းရည်ဖြင့် သေခြင်းရှင်ခြင်း စည်းမျဉ်းကို နားလည်သင့်လေသည်။ ထိုအခါ ပြန်လည်ဝင်စားခြင်းအဖြစ် ဆင့်ကဲပြောင်းလဲနိုင်လိမ့်မည်။

လီကျွင်းက သက်ပြင်းချလိုက်ပြီးသည့်နောက်တွင် ထိုဖုတ်ကောင်များကို လေ့လာလိုက်သည်။ သူ့အနေနှင့် ရှင်သန်ခြင်း နတ်ဘုရားမသည် သူတို့၏ လက်ကျန်ဝိညာဉ်များကို ယူဆောင်ကာ ခန္ဓာကိုယ်အတွင်း လှုပ်ရှားဖို့ အသုံးပြုထားကြောင်း ပြောနိုင်လေသည်။ သူမက တိုက်ပွဲကွင်းပြင်မှ သွေးစွမ်းအားနှင့် အငြိုးတရားများကို ထိန်းချုပ်ထားကာ သူတို့၏ ခန္ဓာကိုယ်ကို ပိုအားကောင်းလာစေသည်။

တပ်ဖွဲ့နှစ်ခု ထိပ်တိုက်တွေ့ဆုံမှုအတွင်း ဖုတ်ကောင်များက အရေးသာနေလေသည်။ ထျဲ့ကန်၏ တပ်ဖွဲ့ကဲ့သို့ သူတို့က ခံစားချက် မရှိသည့်အတွက် အကြောက်တရား မရှိပေ။

သူတို့၏ ခန္ဓာကိုယ်ကို ထိုးစိုက်ခြင်း သို့မဟုတ် ဖြတ်တောက်ခြင်းတို့က သူတို့အား ရှေ့ဆက်မတိုးအောင် မရပ်တန့်နိုင်ပေ။ ပို၍အရေးကြီးသည်က သူတို့၏ ခန္ဓာကိုယ်က မှော်လက်နက်များ သို့မဟုတ် ချပ်ဝတ်များထက် ပိုမိုအားကောင်းနေသေးသည်။

စစ်သားများက ဖုတ်ကောင်တစ်ကောင်ကို သတ်ဖို့အတွက် အားများစွာ စိုက်ထုတ်နေရသည်။ ခေါင်းဆောင်အနေနှင့် လီကျွင်းအနေနှင့် ထိုတိုက်ပွဲကို အနိုင်ရရှိလျှင်ပင် သူ့လူများသည်  သူတို့၏ မူလအဆီအနှစ်နှင့် သက်လုံက သိသိသာသာ လျော့ကျသွားကာ ပင်ပန်းမည် ဖြစ်ကြောင်း သိလိုက်သည်။

ငါ အထွတ်အထိပ် နတ်ဘုရားတွေရဲ့ တိုက်ပွဲကို စတင်လိုက်ရတော့မလား။ မဖြစ်သေးဘူး။ သူတို့က သူတို့ကန့်သတ်ချက်ကို မရောက်သေးဘူး

ထို့နောက် သူက တပ်ဖွဲ့နှစ်ခုလုံးအား စိတ်ဝိညာဉ်တိုက်ခိုက်မှု စတင်အသုံးပြုဖို့ အမိန့်ပေးလိုက်သည်။ သဘာဝလွန်အဆင့်ရှိ စစ်သားများက သူတို့၏ ဝိညာဉ်ကို ထုတ်သုံးနိုင်ကြသည်။

ချက်ချင်းဆိုသလို ရလဒ်ကောင်း ထွက်ပေါ်လာလေ၏။ ဖုတ်ကောင်များက ပြီးပြည့်စုံခြင်း မဟုတ်ဘဲ လက်ကျန်ဝိညာဉ်များသာ ရှိလေသည်။ ထို့ကြောင့် သူတို့က ဝိညာဉ်တိုက်ကွက်များကို ခံနိုင်စွမ်း မရှိပေ။

အများစုက မျက်စိနှင့် မြန်နိုင်လောက်သည့် အမြန်နှုန်းဖြင့် စတင် သေဆုံးလာကြသည်။ ထိုဖုတ်ကောင်များက နောက်ဆုတ်သွားကြလေသည်။ စစ်သားများက ထိုအရာကို မြင်ပြီး ပျော်ရွှင်နေကြသည်။ သို့သော်လည်း ထိုပျော်ရွှင်မှုက သိပ်ကြာရှည်မခံလိုက်ပေ။

သိပ်မကြာခင် နည်းဗျူဟာတစ်ခု အသက်ဝင်လာလေ၏။ သူတို့က ထိုဖုတ်ကောင်များ၏ ဝန်းကျင်တွင် ဒိုင်းကာတစ်ခုကို ခံစားမိလာကြသည်။ သူတို့အားလုံးတွင် ရုတ်ချည်းဆိုသလို ဝိညာဉ်ကာကွယ်ရေး ရတနာ ရှိလိုက်သလိုမျိုး ဖြစ်၏။

ထိုစစ်သားများက ခေါင်းရှုပ်သွားကြသော်လည်း လီကျွင်းနှင့် အခြားလူများက ရုတ်ချည်းအပြောင်းအလဲ အရင်းအမြစ်ကို ချက်ချင်းသိလိုက်ကြသည်။

ထိုအရာက အထွတ်အထိပ်နတ်ဘုရား နှစ်ဆယ်ထဲမှ တစ်ပါးဖြစ်သည့် ဝိညာဉ်နတ်ဘုရား ဖြစ်၏။ သူက အသားအရည် ဖြူဖျော့ပြီး အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ဖြစ်လေသည်။ သို့သော်လည်း သူ့အရေပြားနှင့် အဝတ်ကို ခွဲခြားလို့ပင် မဖြစ်နိုင်ပေ။

သူ့နဖူးအထက်တွင် ဒေါင်လိုက်အမာရွတ်တစ်ခု ရှိနေကာ တတိယမျက်လုံးနှင့် ဆင်တူနေလေသည်။

ဝိညာဉ်နတ်ဘုရားက ထိုဖုတ်ကောင်များကို ကာကွယ်ပေးထားသူ ဖြစ်၏။

“ ငါတို့ဘာလုပ်ကြမလဲ” ထျဲ့ကန်က အံ့ဖွယ်အသိစိတ်မှ မေးလိုက်သည်။

“ ငါတို့တွေ သူတို့တပ်ကို သတ်တုန်း အထွတ်အထိပ် နတ်ဘုရားတွေကို အချိန်ဆွဲထားရင် ဘယ်လိုလဲ” ဝမ်ကျူက အကြံပြုလိုက်သည်။

“ အဲလိုမဖြစ်သေးဘူး” လီကျွင်းက ပြန်ဖြေလိုက်သည် “ ငါတို့တွေ ဒီလူတွေရဲ့ ဝှက်ဖဲတွေကို အရင်ဆုံး ရှာကြည့်ရမယ်။”

လီကျွင်းနှင့် ထျဲ့ကန်တို့ မနီးမဝေးတွင် အားကောင်းသည့် အာကာပြင် ဝဲကတော့တစ်ခု ထွက်ပေါ်လာလေသည်။ သူတို့၏ သိုလှောင်လက်စွပ်မှ တစ်ခုခုကို ဆင့်ခေါ်လိုက်ဟန်ပေါ်၏။

သိပ်မကြာခင် နောက်ထပ် တပ်ဖွဲ့တစ်ခု ထွက်ပေါ်လာကာ အားလုံး၏ အာရုံကို ဖမ်းစားသွားလေသည်။ ပြောရလျှင် သူတို့၏ အရေအတွက်ကြောင့် မဟုတ်ပေ။ ထိုအဖွဲ့၏ စစ်သားများက မီတာလေးဆယ် ရှည်လျားပြီး တောင်ပံတစ်ခုက မီတာ၁၂၀ ကျယ်ဝန်းသည့် ဧရာမလင်းယုန်ကြီးပေါ်တွင် ရပ်နေကြသည်။ ထိုစစ်သားများက ထိုလင်းယုန်အထက်တွင် ကော်ကပ်ထားသလိုမျိုး ဖြစ်၏။ အတိအကျဆိုရလျှင် သူတို့က တစ်သားတည်း ဖြစ်နေကာ ပေါင်းစပ်ထားဟန်ပေါ်သည်။ တစ်ဦးချင်းစီက လှံရှည်ကို ကိုင်ဆွဲထားကြ၏။

ထိုစစ်သားများက ရောက်ရှိပြီးနောက် အချိန်မဖြုန်းကြပေ။ သူတို့က ညွှန်ကြားချက် ရရှိပြီးသည့်နောက်တွင် နတ်ဘုရားတပ်ဖွဲ့ဆီ ပြေးသွားကာ စတင်သတ်ဖြတ်လိုက်ကြသည်။ မိစ္ဆာလင်းယုန်ကြီးကလည်း သူ့လမ်းတွင် ရှိသမျှ လူအားလုံးကို ထက်ရှသည့် လက်သည်းများဖြင့် ခြေမွပစ်နေ၏။ ထို့အပြင် စစ်သားများက အားကောင်းသည့် တိုက်ကွက်များ ထုတ်လွှတ်နေကြသည်။

မြေပြင်ပေါ်တွင် အလောင်းများက နတ်ဘုရားများ၏ မျှော်လင့်မထားလောက်သည့် အမြန်နှုန်းဖြင့် စုပုံလာလေသည်။ သူတို့က မြေပြင်ပေါ်တွင် နောက်ထပ် တပ်ဖွဲ့တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။ သူတို့က မန္တန်တချို့  ရွတ်ဖတ်နေဟန်ပေါ်သည်။

သူတို့က ရွတ်ဖတ်နေစဉ် ကျရှုံးသွားသည့် တပ်သားများ၏ အငြိုးတရားများက စတင် ပျောက်ကွယ်သွားလေသည်။ သူတို့ သေဆုံးမှုအပြီးတွင် တပ်သားများက ချက်ချင်းဆိုသလို ပြန်လည်ဝင်စားသွားကြသည်။ ထို့ကြောင့် ရှင်သန်ခြင်း နတ်ဘုရားမ၏ စွမ်းရည်က အလုပ်မဖြစ်တော့ပေ။ သူတို့က တပ်သားအသစ်များကြောင့် ဖုတ်ကောင်တပ်ဖွဲ့ကိုလည်း အားမကိုးနိုင်တော့ပေ။

“ ငါတို့ဘာလုပ်ကြမလဲ” အထွတ်အထိပ် နတ်ဘုရားတစ်ပါးက ဝိညာဉ်ဆက်သွယ်ရေးမှ မေးလိုက်သည်။

“ ငါတို့တွေ ထိပ်တိုက်ရင်ဆိုင်ကြတော့မလား”

“ မဖြစ်သေးဘူး။ သူတို့ခေါင်းဆောင်က အရမ်းကို အားကောင်းပြီးတော့ အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်တယ်။ ဒါက အန္တရာယ်အရမ်းများလွန်းတယ်”

“ ဟုတ်တယ်။ ငါတို့တွေ ဒီဟာကို စတင်တဲ့ အကြောင်းအရင်းက အရေအတွက်များတာကို အခွင့်ကောင်းယူပြီး သူတို့ကို ရှင်းထုတ်ပစ်အောင်လို့ပဲ။ ဒါပေမဲ့ သူတို့တပ်ဖွဲ့က အရမ်းအားကောင်းလိမ့်မယ်လို့ ထင်မထားမိဘူး”

“ ငြင်းခုန်နေလို့ အကျိုးမရှိဘူး” ရှင်သန်ခြင်း နတ်ဘုရားမက ပြောလိုက်သည် “ စစ်နတ်ဘုရားမ အခုပျက်သုဉ်းခြင်း တိုက်ပွဲကလိုမျိုး ဗျူဟာကို ထုတ်သုံးရမဲ့အချိန်ပဲ”

“ ပြဿနာမရှိဘူး” သူမက ပြန်ဖြေလိုက်သည် “ ဒါပေမဲ့ ငါတို့တွေ ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် အဆိုးဆုံးအခြေအနေကို ပြင်ဆင်ထားသင့်တယ်”

စစ်နတ်ဘုရားမက သူမ၏ ကောင်းကင်ဘုံဗိမာန်နှင့် ဆက်နွယ်လိုက်သည်။ ထိုစဉ် သူမနှင့် တခြားလူများရှေ့တွင် အာကာပြင် အက်ကြောင်းတစ်ခုပေါ်ထွက်လာသည်။ ထို့နောက် အပြာရောင်နှင့် ခရမ်းရောင် အရေပြားများ ပါဝင်ပြီး ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားကာ လက်နက်အမျိုးမျိုး ကိုင်ဆောင်ထားသည့် လူကောင်အကြီးကြီးများ ပေါ်ထွက်လာလေသည်။ သူတို့ထဲမှ အပုဆုံးကပင် ဆယ်မီတာ ရှည်လျားပြီး အမြင့်ဆုံးလူက မီတာတစ်ရာမြင့်လေသည်။ ဤသည်က ဘီလူးတပ်ဖွဲ့ ဖြစ်၏။

ထိုအရာကို မြင်ပြီးသည့်နောက်တွင် လီကျွင်းက မျက်မှောင်ကြုတ်လိုက်ပြီး သတင်းအချက်အလက်တစ်ခုကို အမှတ်ရသွားသည်။ သူတို့ သိထားသလောက် လွန်ခဲ့သည့် နှစ်များစွာက နတ်ဘုရားခေတ်မတိုင်ခင် ဤကမ္ဘာတွင် နောက်ထပ်မျိုးနွယ်တစ်ခု ရှိခဲ့ဖူးသည်။ ဤသည်က ဘီလူးမျိုးနွယ် ဖြစ်၏။ ထိုဘီလူးမျိုးနွယ်က ဤကမ္ဘာ၏ ဇာတ်ကောင် ဖြစ်ခဲ့လေသည်။ ထို့ကြောင့် ထိုကမ္ဘာကို ဘီလူးသာလွန်ကမ္ဘာဟု ခေါ်ဆိုခဲ့ကြသည်။

လူသားများနှင့် နတ်ဆိုးများက အသေးစားများဖြစ်ပြီး စွမ်းအား အနည်းငယ်သာ ရှိကြသည်။ သူတို့က အရွယ်အစား ကြီးမားသော်လည်း အလွန်ငြိမ်းချမ်းသည့် မျိုးနွယ်ဟု ယူဆနိုင်လေသည်။ သူတို့က တခြားမျိုးနွယ်များကို သတ်ဖြတ်နေခြင်းမျိုး မရှိပေ။

သို့သော်လည်း လူသားမျိုးနွယ်နှင့် ဘီလူးမျိုးနွယ်ကြားရှိ ပဋိပက္ခများ မကြာခင် ဖြစ်ပေါ်လာလေသည်။ အကြောင်းမှာ လူသားမျိုးနွယ်၏ မျိုးပွားနှုန်းက အလွန်မြန်ဆန်နေ၍ ဖြစ်သည်။ အချိန်ကြာမြင့်လာသည်နှင့် သူတို့က ရှင်သန်ဖို့အတွက် အရင်းအမြစ်များစွာ လိုအပ်လာလေသည်။

ထိုဘီလူးများက သဘာဝအားဖြင့် ငြိမ်းချမ်းသော်လည်း တခြားမျိုးနွယ်ကို သူတို့ကမ္ဘာအား အုပ်စိုးခွင့် ပြုမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထို့ကြောင့် လူသားမျိုးနွယ်က ကပ်ဘေးကို ခံစားခဲ့ရသည်။ အကြောင်းမှာ သူတို့အများစုက စစ်ပွဲတွင် အသတ်ခံလိုက်ရ၍ ဖြစ်သည်။

ထိုကမ္ဘာသည် အသင်္ချေအင်ပါယာကမ္ဘာနှင့် ဝေးကွာလှသည့်အတွက် မူလနည်းစနစ်သည် ဤနေရာသို့ မရောက်ရှိခဲ့ပေ။ ထို့ကြောင့် လူသားများ၏ ကျင့်ကြံရေးက အခြေခံအကျဆုံးဖြစ်ပြီး ထိုဘီလူးများ၏ ခန္ဓာကိုယ်ကို အတုခိုးထားခြင်းများ ပါဝင်နေသည်။ ထို့ကြောင့် သူတို့က အနိုင်ရရှိဖို့ အခွင့်အရေး မရှိပေ။

ထိုစစ်ပွဲအပြီးတွင် ဘီလူးစစ်တပ်က လူသားမျိုးနွယ်အား စတင်စောင့်ကြည့်လာကာ သူတို့၏ လူဦးရေအား ကန့်သတ်ဖို့အတွက် စည်းမျဉ်းများ ထုတ်လာကြသည်။ အရာအားလုံးက နတ်ဘုရားဘုရင်ဟု ခေါ်ဆိုသည့် လူ ဤကမ္ဘာသို့ ရောက်မလာခင်အထိ အဆင်ပြေနေခဲ့သည်။

သူက လူသားမျိုးနွယ် ဖြစ်၍ သူတို့အား နတ်ဘုရား ကျင့်ကြံရေးနည်းစနစ်အကြောင်း စတင်ဖြန့်ဝေခဲ့သည်။ သူက ထိုဘီလူးမျိုးနွယ်အား ဘာမှမလုပ်ခဲ့သော်လည်း လူသားမျိုးနွယ်ထိခိုက်ခြင်းမှ ကာကွယ်ပေးခဲ့သည်။ နတ်ဘုရားဘုရင် ထွက်သွားပြီးသည့်နောက်တွင် လူသားများက နတ်ဘုရားများ၏ ကာကွယ်မှုကြောင့် ပိုမိုကြွယ်ဝလာကြကာ တိုက်ပွဲအသစ်ကို စတင်ခဲ့သည်။

ယခင်နှင့်မတူဘဲ ဤတစ်ခေါက်က အထွတ်အထိပ် နတ်ဘုရားများ၏ စွမ်းအားဖြင့် တစ်ဖက်သတ် သတ်ဖြတ်ပွဲ ဖြစ်ခဲ့သည်။ ကံဆိုးစွာဖြင့် ဤစစ်ပွဲ၏ အနိုင်ရရှိသူများ အနေဖြင့် လူသားများက ဘီလူးမျိုးနွယ်ထံ တူညီသည့် သနားကြင်နာမှုမျိုးကို မပြသဘဲ သတ်ဖြတ်ပစ်ခဲ့သည်။

ကျန်ရှိနေသည့် ဘီလူး ထောင်ဂဏန်းကို စစ်နတ်ဘုရားမက ထိန်းချုပ်ထားခဲ့ပြီး သူမ၏ တပ်ဖွဲ့အတွက် ကျွန်ပြုကာ လေ့ကျင့်ပေးခဲ့သည်။

ဘီလူးများဖြင့် ဖွဲ့စည်းထားသည့် တပ်ဖွဲ့ကို မြင်ပြီးသည့်နောက်တွင် လီကျွင်းက သူသည်လည်း အားကောင်းသည့် မူလလှေများဖြင့် တပ်ဖွဲ့ဖြစ်သည့် ဝှက်ဖဲကို ထုတ်ပြလိုက်ရမလားဟု စဉ်းစားမိလာသည်။ ထိုလှေများက အားကောင်းလွန်းသည့် အစီအရင်များ ပါရှိပြီး တပ်သားများစွာက စွမ်းအားပေးထားသည်။ သူတို့၏ ဖျက်ဆီးနိုင်စွမ်းက ဤသို့သော စစ်ပွဲမျိုးတွင် ကပ်ဘေးသာ ဖြစ်၏။

သို့သော်လည်း ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူက တခြားတစ်ခုကိုသာ ရွေးချယ်လိုက်သည်။ တိုက်ပွဲ၏ အခြေအနေက အချိန်မရွေး ပြောင်းလဲသွားနိုင်သည် ဖြစ်ရာ သူက “နင်တစ်လှည့် ငါတစ်လှည့်” ဟူသော ကစားပွဲကို မကစားချင်တော့ပေ။

အထွတ်အထိပ် နတ်ဘုရားများက သူတို့၏ နောက်ဆုံးလျှို့ဝှက်ဖဲကို ထုတ်မပြသေးသည့်အတွက် သူက အတင်းအကြပ် ဖိအားပေးရမည်။ သူတို့ဘက်ကသာ စွမ်းရည်ကို ဝှက်ထားခြင်း မဟုတ်ပေ။

သူက သတိထားသော်လည်း တွန့်ဆုတ်နေသည်ဟု မဆိုလိုပေ။ ထို့ကြောင့် လီကျွင်းက တခြားလူများအား တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အမိန့်ပေးလိုက်ပြီး သူကမူ အထွတ်အထိပ် နတ်ဘုရားများနှင့် ရင်ဆိုင်လိုက်သည်။

All Chapters