← Chapters

လွှမ်းမိုးထားသော ဖိနှိပ်မှု

Vol. 25 Ch. 349

လွှမ်းမိုးထားသော ဖိနှိပ်မှု

Vol. 25 Ch. 349

အခန်း (၃၄၉) : လွှမ်းမိုးထားသော ဖိနှိပ်မှု

လီကျွင်းက အချိန်မဖြုန်းဘဲ လက်ဟန်ပြလိုက်သည်။ သူက အားအပြည့်ဖြင့် လှံကို ပစ်လွှတ်လိုက်သည့်အခါ လေထဲတွင် အသံလှိုင်းများ ထွက်ပေါ်လာသည်။

လှံက အနီရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ အာကာပြင်တွင် ခြစ်ရာများ ချန်ထားခဲ့ပြီး မရပ်တန့်နိုင်လောက်သည့် အလျင်ဖြင့် ထွက်သွားသည်။ အထွတ်အထိပ် နတ်ဘုရားများက ထိုအရာကို မြင်ကာ ကြောက်လန့်သွားကြသည်။

သူတို့က အပြင်လူများသည် ဤကဲ့သို့ ပြောင်းပြန်လှန်ပစ်လိမ့်မည်ဟု ထင်မထားပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က ရလဒ်ကို မျှော်လင့်ထားပြီးသား ဖြစ်၏။

အလင်းနတ်ဘုရားက ပထမဆုံး လှုပ်ရှားလိုက်သည်။ သူ့ခန္ဓာကိုယ်ဝန်းကျင်တွင် စည်းမျဉ်းစွမ်းအားများ ထွက်ပေါ်လာလေသည်။ အလင်းစည်းမျဉ်းကို ထိန်းချုပ်သူ တစ်ယောက်အနေနှင့် သူ့အတွက် ရူပဗေဒ ကန့်သတ်ချက်များကို ချိုးဖောက်ဖို့အတွက် အလွန်လွယ်ကူလှသည်။

ထို့ကြောင့် သူ့အရှိန်က အလင်းနှုန်းထက်ပင် ပို၍ မြန်ဆန်နေသည်။ ဤနည်းဖြင့် သူက ရွှေရောင်အလင်းတန်းဖြင့် ပြောင်းလဲသွားကာ လှံတံနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ အလင်းစည်းမျဉ်းကို ထိန်းချုပ်သူတစ်ယောက်အနေနှင့် ကောင်းကင်က နှစ်ရောင်ကွဲထွက်သွားပြီး သွေးနီရောင်နှင့် ရွှေရောင်တို့ ဖြစ်ကြသည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အလင်းနတ်ဘုရားက မီတာအနည်းငယ် နောက်ဆုတ်လိုက်ရသော်လည်း လှံ၏ အရှိန်ကို ဟန့်တားနိုင်ခဲ့သည်။ ထို့နောက် ဘယ်နေရာကမှန်းမသိ လီကျွင်းက သူ့ရှေ့  ရုတ်ချည်းပေါ်ထွက်လာလေသည်။ ဤတစ်ကြိမ်တွင် သူက ပုဆိန်လှံရှည်ကို ကိုင်ဆောင်ထား၏။

သူက ခုတ်ချလိုက်သည်။

အလင်းနတ်ဘုရားက တောင်တစ်လုံး သူ့အပေါ် ပိကျလာသလိုမျိုး ဖိအားကို လိုက်ရသည်။ ထိုတိုက်ကွက်က သူ့အား မထိခင် သူက ဖိအားကြောင့် မလှုပ်မယှက် ဖြစ်သွားလေသည်။ ထို့ကြောင့် သူက အရှိန်ကို အသုံးပြုကာ ထွက်ပြေးချင်သော်လည်း မလုပ်နိုင်တော့ပေ။

သူ့အတွက် ကံကောင်းသည်က သူ့ဘက်တွင် သူတစ်ယောက်တည်း မဟုတ်ပေ။ သူ့ကို ကာကွယ်ဖို့အတွက် ရေလှိုင်းက ရုတ်ချည်းပေါ်ထွက်လာလေသည်။

ဝုန်း

တိုက်ကွက်ကို ခုခံနိုင်လိုက်သော်လည်း တုန်ခါလှိုင်းများက သူ့အား မီတာဒါဇင်ချီ လွင့်စင်သွားစေကာ သွေးအန်လိုက်ရသည်။

လီကျွင်းက လှုပ်ရှားလိုက်သူအား ကြည့်လိုက်သည်။ သူက ကောင်းကင်တွင် ဧရာမဆူနာမီ ဖန်တီးထားသည့် ရေနတ်ဘုရားကို မြင်လိုက်ရသည်။ သူ့အပေါ် ဧရာမလှိုင်းလုံးများ ကျရောက်လာလေ၏။

လီကျွင်းက လက်မြှောက်လိုက်သည့်အချိန် သူ့ရှေ့တွင် မီးဘောလုံး ပေါ်ထွက်လာသည်။ ထိုမီးက မီးအမြောက်စာကဲ့သို့ ပြောင်းလဲသွားလေသည်။ မီးက ချက်ချင်းဆိုသလို ရောက်ရှိလာသည့်ရေအား အငွေ့ပျံသွားစေသည်။

မီးလုံးက ထိုနေရာတွင် ရပ်တန့်မသွားဘဲ ရေနတ်ဘုရားဆီ တဟုန်ထိုး ပြေးဝင်သွားလေသည်။ ရေနတ်ဘုရားက ကြောက်လန့်သွားကာ ဒီတစ်ခါတော့ ပြီးဆုံးပြီ ဖြစ်ကြောင်း တွေးလိုက်မိသည်။

ထို့နောက် အနက်ရောင်ချပ်ဝတ်နှင့်အတူ ဒိုင်းကာနှင့်လှံကို ကိုင်ဆောင်ထားသည့် စစ်နတ်ဘုရားမက ရုတ်ချည်းပေါ်လာကာ တိုက်ကွက်ကို တားဆီးလိုက်သည်။ သူမ၏ ဆံပင်များက လေထဲတွင် လွင့်မြောနေကာ လီကျွင်းအား တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။

သူမက သက်ပြင်းချလိုက်လေသည်။ ထိုအသံက မီတာရာချီ ပျံ့နှံ့သွားလေ၏။ ထို့နောက် တိုက်ပွဲကွင်းပြင်မှ ထူးဆန်းသည့် စွမ်းအားတချို့ ရုတ်ချည်းထွက်ပေါ်လာကာ သူမခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည်။ သူမ၏ အရှိန်အဝါက ရုတ်ချည်းဆိုသလို တိုးမြင့်သွား၏။

စစ်နတ်ဘုရားမ တစ်ပါးအနေနှင့် သူမ၏ အင်အားက စစ်ပွဲအတွင်း ပိုမိုမြင့်တက်လာသည်။ ယခုအခါ သူမက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၏။ သူမက တုံ့ဆိုင်းမနေဘဲ လီကျွင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

လီကျွင်းက သူ့ ပုဆိန်လှံရှည်ကို မယှဉ်နိုင်လောက်သည့် အမြန်နှုန်းဖြင့် ဝှေ့ယမ်းနေသည့်အတွက် အရိပ်များစွာ ချန်ထားခဲ့လေသည်။ မည်သို့ပင်ဆိုစေကာမူ စစ်နတ်ဘုရားမက သူ့တိုက်ကွက်တိုင်းကို ကာဆီးနိုင်ဟန်ပေါ်၏။ ထို့အပြင် သူမက တိုက်ကွက်၏ အင်အားကို တခြားနေရာကို ပြောင်းပို့နိုင်စွမ်းလည်း ရှိဟန်ပေါ်သည်။

လီကျွင်းက အကြည့်များ တောက်ပသွားပြီး သူ့အင်အားကို တိုးမြှင့်လိုက်သည်။ အင်အားတစ်ခုတည်း သုံးနေမည့်အစား သူက အရာအားလုံးကို စုစည်းပြီး ခွန်အားကို တိုးမြှင့်လိုက်သည်။

ပထမပိုင်းတွင် သူမက တိုက်ကွက်ကို တားဆီးနိုင်ခဲ့သော်လည်း သေချာသည့် အရေအတွက်တစ်ခုသို့ ရောက်ရှိသွားသည့်အခါ စစ်နတ်ဘုရားမ၏ အတွင်းအင်္ဂါများက စတင်တုန်ခါလာသည်။ သူမက သွေးအန်လိုက်ရပြီး လွင့်စင်သွားလေသည်။

ထိုစဉ် ရှင်သန်ခြင်း နတ်ဘုရားမက လှုပ်ရှားလာသည်။ သူမက လီကျွင်းရှေ့တွင် ပေါ်ထွက်လာလေ၏။ သူမ၏ လက်ထဲရှိ ဝဲကတော့ငယ် တစ်ခု ပေါ်ထွက်လာပြီး သူ၏ အသက်ဓာတ်ကို စတင်စုပ်ယူလိုက်သည်။

သူမ၏ အဓိက ရည်ရွယ်ချက်က သူ့အသက်ဓာတ်ကို စုပ်ယူပြီး သတ်ပစ်ဖို့ ဖြစ်သည်။ သူမအတွက် ကံဆိုးသည်က အနက်ရောင်အရာကိုသာ စုပ်ယူမိလေသည်။ ထိုအရာက သူမ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည့်အခါ ရှင်သန်ခြင်း နတ်ဘုရားမက အမူအရာ ပျက်ယွင်းစွာဖြင့် ပြောလိုက်သည်။

“ မရဏချီလား”

လီကျွင်းက သူ့ မူလအဆီအနှစ်ကို မရဏချီအဖြစ် ပြောင်းလဲပြီး သူမအား စုပ်ယူခွင့်ပြုလိုက်ခြင်း ဖြစ်၏။ ထိုအရာက သူမ၏ ခန္ဓာကိုယ်ထဲ ဝင်သွားသည်နှင့် သူမ၏ ညာဘက်လက်က စတင်ခြောက်သွေ့လာကာ ဖြည်းဖြည်းချင်း မံမီလက်ကဲ့သို့ ဖြစ်သွားလေသည်။

ရှင်သန်ခြင်း နတ်ဘုရားမက စည်းမျဉ်းစွမ်းအားကို ထိန်းချုပ်ကာ သူမခန္ဓာကိုယ်အတွင်းမှ မရဏချီနှင့် ထိပ်တိုက်ရင်ဆိုင်ဖို့အတွက် အသက်ဓာတ်ချီကို ဖန်တီးလိုက်သည်။ သူမက ထိုသို့သော စွမ်းအားမျိုးကို လေ့လာဖို့အတွက် သဘောကျလေသည်။ သို့သော် ကံဆိုးစွာဖြင့် ယခုက အချိန်ကောင်း မဟုတ်ပေ။

ရှင်သန်ခြင်း နတ်ဘုရားမက သူမ၏ အသက်ကို ကယ်တင်ဖို့ကြိုးစားနေစဉ် လီကျွင်းက သတ်ဖို့ ပြင်လိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ် ကြမ္မာနတ်ဘုရားမ ဝင်ရှုပ်လာသည်။ သူမက ငွေရောင်ဓားဖြင့် ပုဆိန်လှံရှည်အား တားဆီးလိုက်၏။

လီကျွင်းက သူမကို မြင်ပြီးနောက် ချက်ချင်းဆိုသလို လေးနက်သွား၏။ သူ့တိုက်ကွက်၏ အရှိန်က ပို၍ ပြင်းထန်လာသည်။ ချက်ချင်းဆိုသလို သူက ပုဆိန်လှံရှည်ဖြင့် အကြိမ်တစ်သိန်းကျော် ထိုးစိုက်လိုက်ပြီး  သူ့ဝန်းကျင်ရှိ အာကာပြင်တွင် မငြိမ်သက်မှုများ ဖြစ်လာစေလိုက်သည်။

ထူးဆန်းသည်က ကြမ္မာနတ်ဘုရားမက ထိုတိုက်ကွက်အားလုံးကို စိတ်အေးလက်အေးဖြင့် ရှောင်ရှားလိုက်ခြင်း ဖြစ်၏။ သူမက သူ့တိုက်ကွက်အားလုံးကို ခန့်မှန်းထားနိုင်ဟန်ပေါ်သည်။

အနာဂတ်အမြင်လား။ သူမက သူမရဲ့ ကြမ္မာစွမ်းအင်နဲ့ ငါ့ရဲ့တိုက်ကွက်တွေကို ချောင်းကြည့်ပြီး သူမရဲ့ ကြမ္မာကိုလည်း ကြည့်နေတာလား

လီကျွင်းက ချက်ချင်းဆိုသလို တိုက်ကွက်ကို ရပ်တန့်လိုက်သည့်အတွက် အခြားလူများက အံ့အားသင့်သွားကြသည်။ သူက အထွတ်အထိပ် နတ်ဘုရားများအား ကြည့်ကာ ပြောလိုက်သည်။

“ ခင်ဗျားတို့ နတ်ဘုရားတွေက ဒီကမ္ဘာအတွက် သေတဲ့အထိ တိုက်ခိုက်မယ်လို့ ထင်မထားမိဘူး။ ဒီအတွက် လေးလည်း လေးစားမိပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့အားလုံးလည်း ဒီတိုက်ပွဲက အသုံးမဝင်ဘူးဆိုတာ သဘောပေါက်သင့်တယ်။ ကျုပ် အရင်ကမ်းလှမ်းမှုက အသက်ဝင်သေးတယ်။

တကယ်လို့ ကျုပ်တို့ဘက်ကို ဝင်မယ်ဆိုရင် ကျုပ်တို့ရည်မှန်းချက် ပြီးမြောက်သွားတာနဲ့ ခင်ဗျားတို့က ဒီကမ္ဘာရဲ့ခေါင်းဆောင် ဖြစ်နေဦးမှာပဲ။”

လီကျွင်းက အဖြေကို စောင့်နေသည့်အလား တိတ်ဆိတ်သွားလေသည်။ တချို့သော အထွတ်အထိပ် နတ်ဘုရားများ၏ အမူအရာများအရ တချို့လူများသည် ဆွဲဆောင်ခံလိုက်ရကြောင်း သိလိုက်သည်။

စက္ကန့်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် အထွတ်အထိပ် နတ်ဘုရားနှစ်ဆယ်မှာ ရှစ်ယောက်က လီကျွင်းဘက် ပျံသန်းလာကြသည်။ သို့သော်လည်း စစ်နတ်ဘုရားမက ရုတ်ချည်းပေါ်ထွက်လာကာ တားလိုက်၏။

“ မင်းတို့တွေ ဘာလုပ်နေတာလဲ။ မင်းတို့က တကယ် သစ္စာဖောက်ဖြစ်ချင်လို့လား”

“ ခင်ဗျားတို့တွေလည်း ဒီဟာက မျှော်လင့်ချက် မရှိတဲ့ တိုက်ပွဲဆိုတာကို နားလည်မှာပါ” တိရစ္ဆာန်နတ်ဘုရားက ပြောလိုက်သည်။

“ သူတို့ခေါင်းဆောင်ကို ကြည့်လိုက်။ သူက ကျုပ်တို့အယောက်နှစ်ဆယ်ကို တစ်ခါတည်းရင်ဆိုင်ပေမဲ့ သူ့အသက်ရှူနှုန်းက ပုံမှန်ဖြစ်နေပြီး ချွေးတစ်စက်တောင် မထွက်သေးဘူး။ သူ့အရှိန်အဝါကလည်း အခုထိ တည်ငြိမ်နေသေးတယ်။ သူက အခုထိ အကောင်းဆုံး မလုပ်ရသေးဘူးဆိုတာ သိသာနေတာပဲ။ သူက အရမ်းကို အားကောင်းလွန်းတယ်”

“ တိရစ္ဆာန်နတ်ဘုရား ပြောတာမှန်တယ်” အရိပ်နတ်ဘုရားက ထပ်ပြောလိုက်သည် “ ဒါက အသုံးမလိုတဲ့ တိုက်ပွဲပဲ။ နိုင်တဲ့ဘက်ကို ပူးပေါင်းလိုက်ပြီးတော့ ကျုပ်တို့နတ်ဘုရားအဖွဲ့အစည်းအတွက် တိုးတက်လာအောင် လုပ်ဖို့ အခွင့်ကောင်းပဲ”

“ မင်းတို့က ..” စစ်နတ်ဘုရားမက ပြောလိုက်သည်။ တခြားသော အထွတ်အထိပ် နတ်ဘုရားများအတွက်မူ သူတို့က သက်ပြင်းသာချပြီး ဘာမှမပြောကြပေ။ အမှန်အတိုင်းပြောရလျှင် အများစုက အတူတူသာ ခံစားကြရသည်။ သို့သော်လည်း သူတို့၏ မာန်မာနက တခြားသူများထံ ဦးညွှတ်ဖို့အတွက် ခွင့်မပြုပေ။

သူတို့က သေမျိုးမြောက်များစွာနှင့် နတ်ဘုရားများကို အုပ်ချုပ်ကာ လွှမ်းမိုးထားသည့် အားကောင်းသော အထွတ်အထိပ် နတ်ဘုရားများ ဖြစ်ကြလေသည်။ မည်သူပင်ဖြစ်စေကာမူ သူတို့က တခြားလူထံ ဦးညွှတ်ဖို့ ငြင်းဆန်ကြသည်။

ထိုလူက သူတို့ထက် အားကောင်းနေတယ်ဆိုလျှင်ပင်…

“ ကောင်းပြီ” စစ်နတ်ဘုရားမက ပြောလိုက်သည် “ မင်းတို့ဘာသာ ဒီဟာကို ဖြစ်စေတာပဲ”

သစ္စာဖောက်နတ်ဘုရား ၈ယောက်က ထိုအရာကိုကြားပြီး ချက်ချင်းဆိုသလို သတိကပ်သွားကြသည်။ ကံဆိုးစွာဖြင့် နောက်ကျလွန်းသွားလေပြီ။ ထိုလူများနောက်မှ ဧရာမပါးစပ်ကြီး ပေါ်ထွက်လာကာ ချက်ချင်းဆိုသလို ဝါးမျိုသွားလေ၏။

အားလုံးက အံ့အားသင့်သွားပြီး တုံ့ပြန်ဖို့ အချိန်ပင် မရလိုက်ပေ။ အထွတ်အထိပ် နတ်ဘုရားအများစုက ထိုပါးစပ်ပေါက်ကြီးသည် ဘယ်အရာလဲဟု စဉ်းစားနေကြစဉ် လီကျွင်းကတော့ ထိုအရာသည် နတ်ဘုရားဝါးမျိုခြင်း နည်းစနစ်၏ သရုပ်ပြမှု ဖြစ်ကြောင်း သိလိုက်သည်။ သူက သေမျိုးလွတ်လပ်ခွင့် မဟာမိတ်အဖွဲ့အစည်းနှင့် အခြားလူများထံ ဖြန့်ဝေထားခဲ့သည် မဟုတ်ပါလော။

ဌာနချုပ်က စစ်ပွဲနယ်မြေတွင် ရှိသည့်အတွက် စစ်နတ်ဘုရားမသည် သူ့လူများအား ထိုနေရာသို့ ကျူးကျော်ကာ ဤကျင့်စဉ်အား ရယူခိုင်းသည်မှာ အံ့ဩစရာ မရှိပေ။

လူ၈ယောက်ကို ဝါးမျိုပြီးသည့်နောက်တွင် စစ်နတ်ဘုရားမ၏ အရှိန်အဝါ သိသိသာသာ တိုးမြင့်လာသည်။ သေချာသည့် အနေအထားတစ်ခုသို့ ရောက်သွားသည့်အခါ ငြိမ်ကျသွားလေ၏။ သူမက နောက်တစ်ဆင့် တက်လှမ်းတော့မည့်ပုံ ပေါက်နေသည်။

ကံဆိုးစွာဖြင့် သူမက ကျရှုံးသွားလေသည်။ စစ်နတ်ဘုရားမ၏ အင်အားက တိုးတက်လာသော်လည်း တစ်သားတည်း ဖြစ်မနေပေ။

လီကျွင်း၏ အကဲဖြတ်မှုဖြင့် သူမသည် သူတော်စင်အဆင့်နှင့် နီးကပ်နေပြီဖြစ်ကြောင်း ပြောနိုင်လေသည်။

ကံဆိုးစွာဖြင့် ဤကမ္ဘာတွင် သက်ရှိအားလုံးအပေါ် ကန့်သတ်ချက် ရှိနေလေသည်။ အလယ်အလတ်ကမ္ဘာအနေနှင့် စည်းမျဉ်းသက်ရှိများကို မွေးဖွားနိုင်သည်ကပင် အံ့ဖွယ်ဖြစ်နေလေရာ သူတော်စင်အဆင့် မွေးဖွားပေးဖို့တော့ မဖြစ်နိုင်ပေ။

လီကျွင်းက စစ်နတ်ဘုရားမ၏ မျက်နှာအထက်မှ စိတ်ပျက်နေသည့် အမူအရာကို ကြည့်ကာ ဂရုမစိုက်ပေ။ သူက ကိစ္စများကို အလေးအနက် ကိုင်တွယ်ပြီး တိုက်ပွဲကို မြန်မြန်ဆန်ဆန် အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူက အမြင်အာရုံကို အသုံးပြုလိုက်သည်။

လီကျွင်း၏ ပုံရိပ်ယောင်က ကောင်းကင်အထက် ပေါ်ထွက်လာသည်။ သူက လှံတံကို လက်မှာကိုင်ထားပြီး အရပ်ရှည်ကာ စွမ်းအားကြီးမားဟန်ပေါ်နေသည်။ သူက သူ့ခြေထောက်အောက်တွင် မြောက်များစွာသော အလောင်းများနှင့်အတူ တိုက်ပွဲတစ်ခုရှိနေသည်။ ထိုအရာက ကောင်းကင်အသင်္ချေကမ္ဘာအတွင်း တည်ရှိသည့် အသင်္ချေသက်ရှိများ ဖြစ်သည်။

နောက်ခံတွင် ဖျက်ဆီးခံထားရသည့် ကမ္ဘာများစွာကိုလည်း မြင်တွေ့နေရသည်။ လီကျွင်းက ထိုသတ်ဖြတ်မှုကို အသားကျနေသည့်အလား တည်ငြိမ်နေသည်။

သူ့စိတ်အာရုံ ရုပ်လွှာ သရုပ်ပေါ်လာသည်နှင့် သူ့ ခန္ဓာကိုယ်၏ အရှိန်အဝါက သိသိသာသာ တိုးမြင့်သွားကာ သူ့ခွန်အားကလည်း ကိုးဆ တိုးမြင့်သွားလေသည်။ သူ့ခန္ဓာကိုယ်မှ ထွက်လာသည့် အငွေ့အသက်က တစ်ကမ္ဘာလုံးကိုပင် တုန်ခါသွားစေ၏။

All Chapters