← Chapters

မိမိကိုယ်ကိုယ်နတ်ဘုရားပြစ်ဒဏ်…

Vol. 122 Ch. 1684

မိမိကိုယ်ကိုယ်နတ်ဘုရားပြစ်ဒဏ်…

Vol. 122 Ch. 1684

“ငါက မင်းပဲ…” ဆံဖြူလူငယ်သည် ဝမ်လင်းကို ကြည့်ကာ အရိပ်အကဲဖမ်းရခက်ဟန် ပြုံးသည်။

“ဆန်းပြားသလိုလို ဟန်ဆောင်နေဖို့ မလိုဘူး…” ဝမ်လင်းသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး ဥက္ကာပျံတစ်စင်းအလား တိုးဝင်လာသည်။ သူသည် ဆံဖြူလူငယ်ကို လစ်လျူရှုကာ ဆန်းကြယ်သောကုန်းမြေကို ဖြတ်သန်းလာသည်။

သို့ပေမည့် ပေတစ်ထောင်ခန့် ရွှေ့လျားလာပြီးနောက် ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူ ရပ်တန့်လိုက်သည်။ သူသည် ရှေ့တည့်တည့်သို့ ကြည့်ကာ ရှေ့သို့ လက်ဝေ့ယမ်းလိုက်သည်။

ထိုလက်ဝေ့ယမ်းမှုနှင့်အတူ ဝမ်လင်းရှေ့တွင် လှိုင်းဂယက်များ ပေါ်လာပြီး ရေပြင်လွှာကဲ့သို့ အရံအတားတစ်ခု ပေါ်လာလေသည်။

ထိုအရံအတားသည် ကောင်းကင်ဘုံစွမ်းအင်များ ပါဝင်နေ၏။ ၎င်းသည် ဝမ်လင်း၏တိုက်ခိုက်မှုကို လွင့်ပြယ်သွားစေကာ တန်ပြန်အားတစ်ခုကို ဖန်တီးသည်။ မမြင်ရသော လှိုင်းဂယက်များသည် အဘက်ဘက်ကနေ ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်လာချေသည်။

“မင်း မဝင်နိုင်ပါဘူး…” ထိုအရံအတားအတွင်းရှိ ထူးဆန်းသောဆံဖြူလူငယ် ရှိနေကာ သူသည် ခေါင်းယမ်းလိုက်သည်။

“နတ်ဘုရားပြစ်ဒဏ်က ဘာလဲဆိုတာ မင်း သိချင်တယ်မလား။ နတ်ဘုရားပြစ်ဒဏ်ရဲ့ မူလဇာစ်မြစ်ကို မင်း သိချင်တယ်မလား။ ငါ့ကို အနိုင်ယူနိုင်ရင် မင်း အရာအားလုံးကို သိသွားလိမ့်မယ်။ မင်း ဘာတွေးနေလဲဆိုတာ ငါ သိတာကို အံ့ဩမသွားနဲ့အုံး။ ဘာလို့လဲဆိုတော့ ငါဟာ မင်း ဖြစ်နေလို့ပဲ…” ဆံဖြူလူငယ်သည် ရှေ့သို့ ခြေလှမ်းဝင်လာ၏။

ထိုလူငယ်သည် ပြုံး၍ ခပ်တိုးတိုး ပြောလိုက်သည်။ “ခေတ်ကာလတွေ တလျှောက်မှာ မင်းဟာ ကောင်းကင်ဘုံကိုဖိဆန်ပြီး တတိယအဆင့်ကို ရောက်လာတဲ့ ပထမဆုံးကျင့်ကြံသူတစ်ယောက် မဟုတ်ဘူး။ ဒါပေမဲ့ ဘယ်သူကမှ ဒီနတ်ဘုရားပြစ်ဒဏ်အောက်မှာ ရှင်သန်နိုင်ခဲ့တာ မရှိဘူး။ မင်း ဒါကို လုပ်နိုင်မလား ငါ ကြည့်မယ်…”

ထိုသို့ ပြောရင်း သူသည် ညာလက်ကို မြှောက်ကာ ဝမ်လင်းထံ လက်ညွှန်လိုက်သည်။

“မင်း လုပ်ဝံ့လား၊ မလုပ်ဝံ့ဘူးလား…”

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူသည် အချိန်ဖြုန်းမနေတော့ဘဲ ရှေ့သို့ တိုးဝင်လာသည်။ သူ့ညာလက်ကို ပင့်မြှောက်ကာ ဆံဖြူလူငယ်ထံ နီးကပ်လာသည်။

“မိမိကိုယ်ကိုယ် နတ်ဘုရားပြစ်ဒဏ်…နည်းနည်းတော့ စိတ်ဝင်စားစရာပဲ…”

ဆံဖြူလူငယ်သည် တည်ငြိမ်လျက်ပင်။ သူသည်လည်း ဝမ်လင်းထံ ညာလက်ကို ပင့်မြှောက်၍ တိုးဝင်လာသည်။ ထိုမြင်ကွင်းမှာ ထူးဆန်းလှသည်။ ဘေးလူအနေဖြင့် ဒီမြင်ကွင်းကို တွေ့မြင်ပါက တုန်လှုပ်မိပေလိမ့်မည်။

လူနှစ်ယောက်သည် ထပ်တူတူနေ၏။ သူတို့၏ပုံပန်းသွင်ပြင်ရော၊ အသုံးပြုသည့် မန္တာန်များပါ တူနေသည် မဟုတ်လား။ ထိုနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မြန်ဆန်စွာ နီးကပ်လာကြသည်။

ဝမ်လင်း၏ ညာလက်ဝါးက ဆံဖြူလူငယ်၏ ညာလက်ဝါးနှင့် ထိတိုက်မိသည့်အခါ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်သည်။

သည်ကုန်းမြေအနှံ့ ကျယ်လောင်စွာ မြည်ဟည်းသွားလေ၏။

ဝမ်လင်းနှင့်ဆံဖြူလူငယ်တို့သည် တူညီသောအရာကို လုပ်နေခြင်းပင်။ သူတို့နှစ်ယောက်၏ လက်ဝါးများ ထိတိုက်မိသည်နှင့် သူတို့၏လက်ချောင်းများမှာ တစ်ချိန်တည်းလိုလို ကွေးညွတ်သွားကြသည်။

သူတို့၏ကြား၌ နောက်ထပ် တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ပြင်းထန်သောမုန်တိုင်းတစ်ခု ပေါ်လာသည်။ ထိုမုန်တိုင်းက သူတို့၏ တူညီသောဆံပင်ဖြူ၊ဝတ်စုံဖြူတို့ကို တလွင့်လွင့် ဖြစ်သွားစေသည်။ ဤအခိုက်၌ သူတို့၏အကြည့်များသည်ပင် တူညီစွာ သတ်ဖြတ်လိုစိတ်ကြောင့် သုန်မှုန်နေလေသည်။

သူတို့သည် လက်သီးဆုပ်ဟန် ပြုကာ တစ်ယောက်၏အနှစ်သာရကို တစ်ယောက် ထုတ်ယူဖို့ ကြိုးစားကြသည်။ အဖြစ်အပျက်မှာ တဒင်္ဂမျှသာ ကြာ၏။

သူတို့သည် လက်သီးဆုပ်ကာ နောက်သို့ ဆွဲငင်ယူကြ၏။ ဆံဖြူလူငယ်သည် ချက်ခြင်းသွေးအန်ကာ နောက်သို့ လွင့်ထွက်သွားသည်။ သူ့ဘယ်မျက်လုံးတွင် မီးအမှတ်အသား၊ ညာမျက်လုံးတွင် မိုးကြိုးအမှတ်အသား၊ သူ့ကံမ္မ၊ သေခြင်းရှင်ခြင်း၊ အမှန်နှင့်အမှား အနှစ်သာရများသည်ပင် သူ၏ဒွာရပေါက်များထံမှ အခိုးအငွေ့များကဲ့သို့ ပျံသန်းထွက်လာသည်။ ယင်းတို့သည် ဗရမ်းဗတာဒြပ်ထုတစ်ခုအဖြစ်သို့ ပြောင်း၍ ဝမ်လင်းလက်ထဲ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။

ဝမ်လင်းသည်လည်း အလားတူပင် ဆံဖြူလူငယ်ကဲ့သို့ တူညီစွာ ခံစားလိုက်ရသည်ပင်။ ဆံဖြူလူငယ်မှာလည်း ဝမ်လင်း၏အနှစ်သာရများကို ဆုပ်ကိုင်ထားပေသည်။

သူတို့နှစ်ယောက်လုံး ပေတစ်ထောင်ထိ နောက်ဆုတ်သွားရ၏။ ဘာမှ ကွာခြားခြင်း မရှိလေပေ။

နောက်ဆုတ်နေရင်းဖြင့် သူတို့၏အတွေးများကပါ တူနေသည်။ နှစ်ယောက်လုံးက ကံမ္မစာလုံးကို သုံး၍ တစ်ယောက်၏အနှစ်သာရကို ဆုံးရှုံးစေရန် ထုတ်နှုတ်လိုက်ကြခြင်းပင်။

“သက်သေပြနေဖို့ မလိုဘူး။ မင်းရဲ့အတွေးတွေဟာ ငါ့ရဲ့အတွေးတွေပဲ။ မင်းရဲ့ မန္တာန်တွေဟာလည်း ငါ့မန္တာန်ပဲ။ မင်း မင်းမန္တာန်တွေနဲ့ ငါ့ကို စမ်းချင်တာလား။ ဒါက တခြားသူတွေအပေါ်မှာဆိုရင်တော့ အလုပ်ဖြစ်ကောင်း ဖြစ်မယ်။ ဒါပေမဲ့ ငါ့အပေါ်မှာတော့ အချည်းနှီးပဲ…” ဆံဖြူလူငယ်က ထူးဆန်းစွာ ပြုံး၍ သူ့ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်သည်။

“မင်း ငါ့ကို မယုံကြည်သေးရင် မင်း ယုံကြည်လာအောင် ငါ ကူညီပေးနိုင်တယ်…” ထိုသို့ပြောရင်း သူသည် ဝမ်လင်းထံ တိုးဝင်လာသည်။

သူ့ဘယ်လက်ကို လေထဲသို့ ပင့်မြှောက်လိုက်ရာ အဖြူရောင်အခိုးအငွေ့တို့ လက်ကို ခြုံလွှမ်းသည်။ သူ့ညာလက်ကို ပင့်မြှောက်ရာ အနက်ရောင်အခိုးအငွေ့တို့ ခြုံလွှမ်းသည်။ ဆံဖြူလူငယ်သည် ဝမ်လင်းထံ နီးကပ်လာပြီး လက်နှစ်ဖက်ကို ဖိချလိုက်သည်။

“သေခြင်းရှင်ခြင်းချိပ်ဟန်…”

အလွန်အစွမ်းထက်သည့် သေခြင်းရှင်ခြင်းအော်ရာသည် ဆံဖြူလူငယ်ထံမှ ပေါက်ကွဲထွက်လာ၏။ သူ့ဘယ်လက်တွင် ရှင်သန်ခြင်း ညာလက်တွင် သေခြင်းတရား ပါဝင်နေချေသည်။

သူ နီးကပ်လာရင်း သူ့ဘယ်လက်က ဝမ်လင်းပေါ်သို့ ကျရောက်ကာ အဖြူရောင်အခိုးငွေ့များ ဝမ်လင်းထံ ပျံသန်းလာသည်။ အဖြူရောင်အခိုးငွေ့များသည် ရှင်သန်ခြင်းအား ဖြစ်သည်။ ပုံမှန်ဆို အန္တရာယ် မဖြစ်စေနိုင်ပေ။ သို့ပေမည့် ဝမ်လင်းက ၎င်းမှာ သေခြင်းရှင်ခြင်းချိပ်ဟန်၏ အစိတ်ပိုင်းဖြစ်သည်ကို သိသည်။ ၎င်းအခိုးအငွေ့သာ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် သေဆုံးခြင်းမှာလည်း မကြာခင် ရောက်လာပြီး ပြည့်စုံသော ချိပ်ဟန်ကို ဖြစ်ပေါ်စေလိမ့်မည်ပင်။

ဝမ်လင်း၏အမူအရာသည် သုန်မှုန်နေ၏။ သူသည် အေးစက်စက်နှာခေါင်းရှုံ့လိုက်သည်။ သူ့ဘယ်လက်ကို ပင့်မြှောက်လိုက်၏။ ၎င်းထံ၌ ရှင်သန်ခြင်းအား ပါဝင်ကာ မြူတစ်ခုအဖြစ်သို့ ပြောင်းသည်။ သူ့ဘယ်လက်က မြူထုကို ထွင်းဖောက်ကာ ဆံဖြူလူငယ်၏ ဘယ်လက်နှင့် ထိပ်တိုက်တွေ့သည်။

သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များသည် တုန်ယင်သွားကြပြီး ရှင်သန်ခြင်းအားနှစ်ခုက သူတို့၏ခန္ဓာကိုယ်တွင်း ဝင်ရောက်ကာ နှစ်ယောက်လုံး သွေးအန်ရသည်။ သို့သော် သူက နောက်မဆုတ်ပေ။ ထိုအစား သူတို့က သူတို့၏ညာလက်ကို ပင့်မြှောက်ကာ တဖန် ထိပ်တိုက်တွေ့ပြန်သည်။

ကျယ်လောင်စွာ မြည်ဟိန်း၍ နှစ်ယောက်လုံး နောက်သို့ လွင့်စင်ကာ သွေးအန်လိုက်ရသည်။ သို့ပေမည့် နောက်ဆုတ်နေရင်း နှစ်ယောက်လုံးသည် သံပြိုင် အော်ဟစ်လိုက်ကြသည်။

“သေခြင်းရှင်ခြင်းချိပ်ဟန်…”

“သေခြင်းရှင်ခြင်းချိပ်ဟန်…”

ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်ရင်း ဝမ်လင်းက မြေပြင်ထက်သို့ ကျဆင်းကာ ခြေလှမ်းများစွာ ဆုတ်လိုက်ရ၏။ ခြေလှမ်းတိုင်းသည် မြေပြင်ထုကို တုန်ခါသွားစေပြီးနောက် ခြေလှမ်းတစ်ရာခန့် ဆုတ်ပြီးမှ သူသည် ရပ်တန့်နိုင်သည်။ သူ့မျက်နှာမှာလည်း ဖြူရောနေ၏။

သူ့ခန္ဓာကိုယ်မှာ သေခြင်းရှင်ခြင်းချိပ်ဟန် ပေါက်ကွဲမှုကြောင့် ဆုတ်ပြတ်သပ်သွား၏။ သူသာ သေခြင်းရှင်ခြင်းကို နားလည်ထားခြင်း မရှိပါက အပြင်းအထန် ဒဏ်ရာ ရသွားပေလိမ့်မည်။

ဆံဖြူလူငယ်သည်လည်း နောက်ဆုတ်သွားကာ ရေမျက်နှာပြင်ကဲ့သို့ အရံအတားနှင့် ဝင်ဆောင့်သည်။ သူသည် ၎င်းအရံအတားကို ဖြတ်ကျော်သွားပြီးနောက် ရှေးဟောင်းနတ်ဆိုးရုပ်တုအပေါ်သို့ ကျရောက်သည်။ ရုပ်တုတစ်ခုလုံးပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာတော့သည်။

ထိုရုပ်တုသည် အားအရှိန်ကြောင့် ပျက်စီးကာ ပျောက်ကွယ်သွား၏။ ဆံဖြူလူငယ်၏ပါးစပ်မှ သွေးများ စီးကျနေသည်။ သို့သော် သူသည် ထူးဆန်းစွာ ပြုံးနေဆဲပင်။

“ဘယ်လိုလဲ။ ကံမ္မစာလုံး၊သေခြင်းရှင်ခြင်းချိပ်ဟန်၊ မင်း သိတဲ့မန္တာန်အားလုံးကို ငါ သိတယ်။ မင်း ငါ့ကို ဘယ်လိုလုပ် သတ်နိုင်တော့မှာလဲ။ ဘယ်လိုများ သတ်တော့မလဲ…”

ဆံဖြူလူငယ်၏ အပြုံးသည် ပိုပို ပီပြင်လာကာ သူသည် စတင် ရယ်မောလေ၏။

ထိုနှစ်ယောက်ကို ရေအရံအတားက ခွဲခြားထား၏။ဝမ်လင်းသည် အရံအတားအတွင်းရှိ ဆံဖြူလူငယ်ကို စိုက်ကြည့်ကာ သူ့အမူအရာသည် သုန်မှုန်နေ၏။ သူသည် မျက်လုံးမှိတ်လိုက်လေသည်။

သူ မျက်လုံးမှိတ်လိုက်သည့်အခိုက်တွင် ဆံဖြူလူငယ်၏အမူအရာမှာ ပြောင်းလဲသွားကာ သူလည်း ချက်ခြင်းပင် မျက်လုံးမှိတ်လိုက်သည်။

သူတို့နှစ်ယောက်လုံးသည် မျက်လုံးမှိတ်ထားရင်း အမှန်အမှားတာအို ပေါ်လာ၏။ သူတို့ မျက်လုံးမှိတ်လိုက်ချိန်၌ အရာအားလုံးသည် အတုအယောင်၊ အတွေးတစ်ချက်ဖြင့်ပင် မျက်စိတစ်မှိတ်အတွင်း အမှန်နှင့်အမှားသည် ပြောင်းလဲနိုင်လိမ့်မည်။

သူတို့က တစ်ချိန်တည်း မျက်လုံးမှိတ်လိုက်ကြ၏။ သည်လောကရှိ အရာအားလုံးသည် တကယ်ပင် မတည်ရှိသည့်အလား ပုံရိပ်ယောင်တစ်ခု ဖြစ်လာ၏။ ဤကား သည်လောကသည် အမှန်တကယ် ပုံရိပ်ယောင် ဖြစ်နေခြင်းမဟုတ်လေပေ။ သို့သော် သူတို့နှစ်ယောက်လုံးက ၎င်း၏အနှစ်သာရကို ဖြတ်မြင်နိုင်ကြခြင်းတည်း။

ချက်ခြင်းပင် ဝမ်လင်းက မျက်လုံးဖွင့်လိုက်၏။ တစ်ချိန်တည်းမှာ ဆံဖြူလူငယ်၏မျက်လုံးသည် ပြန်ဖွင့်လာသည်။ သူတို့နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် အေးစက်မှုတို့ ရှိသည်။ မျက်လုံးပြန်ဖွင့်လာသည့်အခါ အရာအားလုံးသည် အစစ်အမှန် ပြန်ဖြစ်လာသည်။ အတုအယောင်ကနေ အစစ်အမှန်သို့ ပြောင်းလဲသည့်အခိုက်အတန့်၌ လူတစ်ယောက်သည် အရာရာကို ဖြတ်မြင်နိုင်ပေမည်။

သူတို့နှစ်ယောက်လုံး မျက်လုံး ပြန်ဖွင့်လာချင်းချင်းမှာပင် နှစ်ယောက်လုံးက မျက်လုံး ပြန်မှိတ်ကြပြန်သည်။ ထိုအခိုက်တွင် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။

“အမှန်နဲ့အမှားတာအိုနဲ့ဆိုရင် ငါ့နှလုံးသားက ဆန္ဒရှိသလို အရာရာဟာ အတုအယောင် ဖြစ်နိုင်တယ်။ ဖုန်မှုန့်ကနေ ဖုန်မှုန့်၊ မြေကြီးကနေ မြေကြီး…အရာအားလုံး ပျောက်ကွယ်စေ…”

ဆံဖြူလူငယ်ကလည်း လက်ဝေ့ယမ်း၏။ သူသည်လည်း တူညီသောအရာကို တွေ့မြင်သည်။

အမှန်အမှားတာအိုကို နှစ်ယောက်လုံး အသုံးပြု၍ လောကကို လွင့်ပါးပျောက်ကွယ်စေ၏။ လူတစ်ယောက်တည်းက ထိုမန္တာန်ကို အသုံးပြုလျှင်ပင် ယင်းကား အတော်လေးကို အစွမ်းထက်နေပြီး ဖြစ်၏။ သို့သော် ခုချိန်၌ နှစ်ယောက်လုံးက တစ်ပြိုင်နက်တည်း ဒီမန္တာန်ကို အသုံးပြုလိုက်ခြင်းပင်။ ထိုအခါ နှစ်ယောက်လုံး သွေးများစွာ အန်ထွက်၍ လွင့်ထွက်ကုန်ပြန်၏။

သို့ပေမည့် ခြေသုံးလှမ်းခန့် နောက်ဆုတ်လိုက်ရသည့်နောက် ဝမ်လင်းက ရပ်တန့်ကာ သူ့ကိုယ်သူ အတင်းအကြပ် ပြန်ထိန်းမတ်လိုက်သည်။ သူသည် ဆံဖြူလူငယ်ထံ တိုးဝင်လာချေသည်။

ဆံဖြူလူငယ်၏ လှုပ်ရှားမှုမှာလည်း ဝမ်လင်းနှင့် အတူတူပင်။ သူတို့နှစ်ယောက် နီးကပ်လာကြရင်း အရံအတား၏ အပြင်ဘက် ဧရိယာ ဗဟိုချက်သို့ ရောက်လာကြ၏။ နှစ်ယောက်လုံးက ညာလက်များကို ပင့်မြှောက်ကာ တစ်ယောက်ထံတစ်ယောက် လက်ညွှန်လိုက်ပြီး တူညီသောစကားနှစ်ခွန်းကိုပင် သံပြိုင်အော်ဟစ်လိုက်သည်။

“ရပ်တန့်ခြင်းမန္တာန်…”

“ရပ်တန့်ခြင်းမန္တာန်…”

ဝမ်လင်း ထိုသို့ ပြောလိုက်သည့်နောက် သူ့လက်ချောင်းနှင့် ဆံဖြူလူငယ်၏လက်ချောင်းတို့မှာ တစ်ယောက်ထံတစ်ယောက် ညွှန်သည်။ နှစ်ယောက်လုံး တုန်ယင်ကုန်၏။

ရပ်တန့်ခြင်းမန္တာန်သည် ခန္ဓာကိုယ်ကိုသာမက မူလစိတ်ဝိညာဉ်နှင့် အရာအားလုံးကို ရပ်တန့်စေနိုင်၏။ အချိန်စီးဆင်းမှုကိုပါ ရပ်တန့်နိုင်သည်။ ထိုအခိုက်တွင် ဝမ်လင်းနှင့် ဆံဖြူလူငယ်တို့သည် နေရာတွင်ပင် နှစ်ယောက်လုံး ရပ်တန့်သွားသည်။

ရပ်တန့်ခြင်းမန္တာန်၏ သက်ရောက်မှုအောက်၌ သူတို့နှစ်ယောက်လုံးသည် လှုပ်ရှားမှု တန့်ကာ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။ ပြုတ်ကျနေရင်း ဝမ်လင်းက သူ့စိတ်ထဲ၌ ကောက်ချက်ချ ဆင်ခြင်မှု ပြုသည်။

“ဒါက ဒီလိုပဲ ဖြစ်လောက်မယ်…”

ကံမ္မစာလုံး တိုက်ကွက်ချင်း ထိပ်တိုက်တွေ့ပြီးနောက် ဝမ်လင်းလုပ်သမျှအရာအားလုံးသည် ကွယ်ဝှက်ထားသောလှုပ်ရှားမှုတစ်ခုသာ ဖြစ်၏။ သို့သော် သူ့ထံ၌ တွေးနေဖို့ အချိန်မရပေ။ သူသာ ဒီလိုမျိုး အသေးစိတ် တွေးနေပါက ရန်သူကလည်း အလားတူ လုပ်ပေမည်။ သတိပြုမိပေလိမ့်မည်။

***

All Chapters