← Chapters

နောက်ဆုံးသော ရုန်းကန်မှု

Vol. 25 Ch. 350

နောက်ဆုံးသော ရုန်းကန်မှု

Vol. 25 Ch. 350

အခန်း (၃၅၀) : နောက်ဆုံးသော ရုန်းကန်မှု

လီကျွင်းက သူ့စိတ်အာရုံ ရုပ်လွှာနှင့် စွမ်းအားအပြည့် ပြသပြီးသည့်နောက်တွင် ကမ္ဘာဆီမှ ပြင်းထန်သည့် တွန်းကန်မှုမျိုးကို ခံစားလိုက်ရသည်။ သူ့စွမ်းအားက ထိုကမ္ဘာ၏ ကန့်သတ်ချက်ကို ကျော်လွန်နေမှန်း သိလိုက်၏။

ကံကောင်းစွာဖြင့် သူက ဤကမ္ဘာ၏ ကောင်းကင်တာအိုကို လျစ်လျူရှုထားနိုင်လောက်အောင် အားကောင်းလှသည်။ သို့သော်လည်း သူက စွမ်းအားအများကြီး သုံးမိလျှင် တစ်ကမ္ဘာလုံး ပျက်စီးသွားနိုင်သောကြောင့် သတိထားဖို့ ဆုံးဖြတ်လိုက်သည်။

လီကျွင်းက သူ့အဖွဲ့မှ တခြားလူများအား ကြည့်လိုက်သည်။ သူက တခြားသုံးယောက်အား လက်ဟန်ပြကာ နတ်ဘုရားနှင့် ဘီလူးတပ်ဖွဲ့အား ဖိနှိပ်ထားဖို့ အချက်ပြလိုက်သည်။ သို့သော်လည်း သူတို့က ထိုလူများကို လက်လွတ်စပယ် သတ်ဖြတ်ဖို့ မဟုတ်ပေ။

ပြောရလျှင် သူတို့ကို မလှုပ်မယှက် ဖြစ်ပြီး စွမ်းအားစည်းပိတ်ရုံမျှသာ ဖြစ်၏။ ထိုလူများသည် ဤစစ်ပွဲအတွင်း အမြောက်စာသာ ဖြစ်၏။ ယခု သူက အထွတ်အထိပ် နတ်ဘုရားများနှင့် ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်၍ လီကျွင်းက သူတို့တွင် ယုံကြည်ကိုးကွယ်သူအဖြစ် တန်ဖိုးရှိနေသည့်အတွက် ချမ်းသာပေးဖို့ ဆုံးဖြတ်လိုက်သည်။

အထွတ်အထိပ် နတ်ဘုရားများက ကျရှုံးသွားလျှင် သို့မဟုတ် သူတို့၏ ပူးပေါင်းမှုကို အသိအမှတ်ပြုလျှင် ထိုလူများက ငြင်းဆန်နေမည် မဟုတ်ပေ။

အရာအားလုံး အဆင်ပြေနေသည်ကို မြင်ပြီးနောက် လီကျွင်းက တိုက်ပွဲကိုသာ အာရုံစိုက်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ပြင်းထန်သည့် သတ်ဖြတ်ငွေ့ ထွက်ပေါ်လာသောကြောင့် အထွတ်အထိပ် နတ်ဘုရားများအား ခဏတာမျှ သွေးများ ရပ်တန့်သွားသလို ခံစားလိုက်ရစေသည်။

သူတို့က ဤလူသည် ဒီလိုမျိုး ကြောက်စရာကောင်းသည့် သတ်ဖြတ်ငွေ့မျိုး ရှိနေအောင် လူမည်မျှ သတ်ခဲ့သည်ကို တွေးကြည့်နေလေ၏။ သို့သော်လည်း ထိုအရှိန်အဝါက မည်မျှသန့်စင်ကြောင်း သတိထားမိသည့်အခါ ထိုအတွေးကို အလျင်အမြန် ဖယ်ရှားလိုက်သည်။

သတ်ဖြတ်ရေး၏ အစစ်အမှန် အနှစ်သာရကို နားလည်ထားသည့်သူ တစ်ဦးသာ ထိုသို့သော အငွေ့အသက်မျိုး ရှိနိုင်လေသည်။ ထိုအရာက ထိုလူသည် သတ်ဖြတ်ရေး စိတ်ဆန္ဒကို နားလည်ဖို့အတွက် လျှောက်ကာ သတ်ဖြတ်နေသည့် လူထက် ပို၍ ကြောက်စရာကောင်းကြောင်း ပြသနေ၏။

လီကျွင်းက ချက်ချင်းဆိုသလို သူ့သတ်ဖြတ်ရေးတာအိုမှ ဖန်တီးထားသည့် ကျဆုံးခြင်းအော်သံကို ထုတ်ဖော်လိုက်သည်။

သူ့ခန္ဓာကိုယ်မှ ထူးဆန်းသည့် အသံများ ထွက်ပေါ်လာလေ၏။ ထို့နောက် နတ်ဘုရားများက ခေါင်းကို ကိုင်ကာ နာနာကျင်ကျင် အော်ညည်းလိုက်ရပြီး တချို့က ညည်းညူနေကြသည်။ အားလုံးက နောက်ဆုံးသော အငွေ့အသက်ကို ရှူရှိုက်လိုက်ရသောသူများ၏ သေဆုံးမှုအသံကို ကြားယောင်နေရ၏။

ထိုအရာထဲတွင် ဝမ်းနည်းမှု၊ စိတ်ပျက်လက်ပျက် ငိုကြွေးမှု၊ နာကျင်စွာ အော်ညည်းမှု၊ စိတ်သက်သာရာရသွားမှု၊ ဝမ်းနည်းပက်လက်ဖြစ်မှုနှင့် မလိုလားသည့် ငိုကြွေးမှုများ ပါဝင်နေသည်။

ထိုအထွတ်အထိပ် နတ်ဘုရားများအတွက် သူတို့က ကောင်းကင်အသင်္ချေကမ္ဘာများတစ်ဝှမ်းတစ်ခုလုံးတွင် သေဆုံးခဲ့သည့် လူအားလုံး၏ အသံကို ကြားယောင်နေရသလိုမျိုး ဖြစ်နေသည်။ အဆိုးဘက် အခြေအနေနှင့် ပြင်းထန်သော စိတ်ခံစားချက်တို့က သူတို့၏ ဝိညာဉ်ကို အုပ်လွှမ်းသွားလေသည်။

ထို့ကြောင့် သူတို့က စည်းမျဉ်းများနှင့် သူတို့ကိုယ်သူတို့ ကာကွယ်ထားလိုက်ရသည်။ အားလုံးထဲတွင် ဝိညာဉ်နတ်ဘုရားမှလွဲ၍ အောင်မြင်ကြလေသည်။ ဝိညာဉ်စည်းမျဉ်းအပေါ် နားလည်နိုင်စွမ်းဖြင့် သူက ထိုတိုက်ကွက်အပေါ် သက်ရောက်ခံရမှု အနည်းဆုံးလူ ဖြစ်သင့်လေသည်။ သို့သော် သူ့အတွက် ကံဆိုးသည်က ထိုတိုက်ကွက်က သူ့အား ဦးတည်နေသည့်အတွက် အပြင်းထန်ဆုံး ထိခိုက်မှုကို ခံစားလိုက်ရသည်။

ဝိညာဉ်နတ်ဘုရားက သူ့ဝိညာဉ်သည် ထိုအော်သံများကြား ဆွဲငင်သွားသလို ခံစားလိုက်ရ၏။ ထိုလူများစွာသည် သူ့အား ပင်လယ်နက်ထဲသို့ ဆွဲချနေသလို ခံစားနေရသည်။ သူက ဝိညာဉ်ဒိုင်းကာကို အသုံးချကာ ကာကွယ်လိုသော်လည်း အသုံးမဝင်ခဲ့ပေ။

ဝိညာဉ်နတ်ဘုရားဆီမှ စိတ်ပျက်လက်ပျက် အငွေ့အသက် ထွက်ပေါ်လာသည်။ ထိုသို့သော စိတ်ခံစားချက် သူ့ဆီမှ ထွက်ပေါ်လာသည်နှင့် တိုက်ကွက်က ချက်ချင်းဆိုသလို ပို၍အားကောင်းလာလေသည်။ အသံများက ပို၍ကျယ်လောင်လာသည်။

ဝုန်း..

သူ့ဝိညာဉ်က ပေါက်ကွဲထွက်သွားလေသည်။ ဝိညာဉ်နတ်ဘုရားက အသတ်ခံလိုက်ရလေပြီ။

“ တစ်ယောက်တော့သွားပြီ။ ၁၂ ယောက်ပဲ ကျန်တော့တယ်” လီကျွင်းက ပြောလိုက်သည်။

စက္ကန့်ပိုင်းလေးအတွင်း သူက ဝိညာဉ်နတ်ဘုရားကို သတ်ဖြတ်လိုက်သည်။ တခြားသူများက သူ့တိုက်ကွက်ကို ရပ်တန့်နိုင်လိုက်ကြသော်လည်း သူတို့၏ အသားအရည် ဖြူဖျော့နေသည်ကို ကြည့်၍ လွယ်ကူသည့် ဖြစ်စဉ်မဟုတ်ကြောင်း ပြသနေလေသည်။

လီကျွင်းက သူ့လှံကို ဆွဲကိုင်လိုက်သည့်အခါ ထိုကျန်ရှိနေသော အထွတ်အထိပ် နတ်ဘုရားများထံ ဧရာမပုံရိပ်ကြီးတစ်ခု တိုးဝင်သွားသည်။

“ မဖြစ်ဘူး။ တားကြ” ကြမ္မာနတ်ဘုရားမက အော်ပြောလိုက်သည်။ ကံဆိုးစွာဖြင့် မည်သူကမှ သူမ၏ ဆိုလိုရင်းကို နားမလည်သလို သူမကလည်း ရှင်းပြနေဖို့ အချိန်မလုံလောက်ခဲ့ပေ။

လှံက အလွန်မြန်ဆန်လွန်းလှသည်။

ထူးဆန်းစွာဖြင့် ထိုအရာက တခြားသူများ စိတ်ကူးထားသလို အားမကောင်းဘဲ အလွယ်တကူ ရပ်တန့်နိုင်ကြသည်။ သို့သော်လည်း သူတို့က သိပ်မကြာခင် တကယ့်အကြောင်းအရင်းနှင့် ကြမ္မာနတ်ဘုရားမ၏ စကားလုံးများ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားလေသည်။

အထွတ်အထိပ် နတ်ဘုရားများက ထိုလှံကို တားဆီးနိုင်လိုက်သော်လည်း သူတို့က အဖွဲ့ကွဲသွားလေသည်။ လီကျွင်း လိုချင်သည့် ပုံစံအတိုင်း အတိအကျ ဖြစ်၏။ သူ့လှံကို နောက်ထပ် ဝှေ့ယမ်းလိုက်သည့်အခါ လေထဲတွင် နောက်ထပ် လက်နက်များစွာ ဖြစ်ပေါ်လာကာ နှစ်ဖွဲ့ထဲမှ တစ်ဖွဲ့ကို ဝန်းရံထားလိုက်သည်။ ဤအဖွဲ့တွင် နတ်ဘုရား ၆ ယောက်ပါရှိပြီး ရှင်သန်ခြင်း နတ်ဘုရားမ၊ ကြမ္မာနတ်ဘုရားမ၊ စစ်နတ်ဘုရားမ၊ ဖျက်ဆီးခြင်း နတ်ဘုရား၊ အမိန့်မှာတမ်း နတ်ဘုရားနှင့် အလင်းနတ်ဘုရားတို့ ပါရှိသည်။

ထိုလူများက အဖွဲ့ပြန်ဖွဲ့ဖို့ ကြိုးစားလိုက်သည်နှင့်  သူတို့ဝန်းကျင်ရှိ လက်နက်များက ကြယ်တာရာများကဲ့သို့ ကျဆင်းလာကာ တိုက်ခိုက်လေသည်။ ထိုလက်နက်များက အားကောင်းရုံသာမက  ဖယ်ရှားဖို့အတွက် အလွန်ကို အခက်တွေ့အောင် လုပ်ထားသည်။

“ ကောင်းပြီ။ အားအနည်းဆုံးကို အရင်ဆုံး ရှင်းပစ်ရအောင်” လီကျွင်းက အေးအေးဆေးဆေး ပြောလိုက်သည်။

သူက သတ်ဖြတ်ငွေ့အပြည့်ဖြင့် ရေနတ်ဘုရားဆီ ပြေးဝင်သွားလိုက်၏။ ထိုလူက ချက်ချင်းဆိုသလို သတိဝင်ကာ ပြန်လည်တိုက်ခိုက်လိုက်သည်။

ကောင်းကင်မှ မိုးက ရုတ်ချည်းဆိုသလို လီကျွင်းအပေါ် ကျရောက်လာလေသည်။ ပို၍ဆိုးသည်က မိုးစက်တစ်စက်ချင်းစီက အင်မတန် လေးလံလွန်းလှသည်။ လီကျွင်းကမူ စိတ်အေးလက်အေးဖြင့် သူ့အပေါ် ကျရောက်လာသည့် ရေစက်တိုင်းကို ဖယ်ရှားနေလေသည်။

ထိုအပြုအမူက ရေနတ်ဘုရားအား ကြောက်လန့်သွားစေသည်။ သူက ထိုရေစက်တစ်စက်တွင် တန်ပေါင်း သန်းတစ်ရာကျော် လေးကြောင်း သိလေသည်။ သို့သော် လီကျွင်းက သူတို့အား အလွယ်တကူ ဖယ်ရှားနိုင်လေ၏။ ထိုလူ၏ ခန္ဓာကိုယ်က မည်မျှအားကောင်းကြောင်း တွေးကြည့်နေမိသည်။

လီကျွင်းက သူ့အရှိန်ဖြင့် ရေနတ်ဘုရားရှိရာသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားလေသည်။ သူက လှံဖြင့် ထိုးစိုက်လိုက်၏။

ရေနတ်ဘုရားက သူ့ခန္ဓာကိုယ်ကို ရေအဖြစ်ပြောင်းကာ ရှောင်ရှားလိုသော်လည်း အားကောင်းသည့် ဖိအားတစ်ခု ထွက်ပေါ်လာကာ သူ့အား မလှုပ်ရှားနိုင်အောင် ချုပ်ကိုင်ထားသည်။

လှံက ရေနတ်ဘုရား မျှော်လင့်ထားသည့်အတိုင်း ထိုးစိုက်မသွားဘဲ အသာသာ ထိသွားလေသည်။ ထို့နောက် သူ့သွေးများက မငြိမ်မသက် ဖြစ်လာသည်ကို ခံစားမိလိုက်၏။ သူက မတုံ့ပြန်နိုင်ခင် လှံထိပ်မှ ဝါးမျိုခြင်းစွမ်းအား ထွက်ပေါ်လာပြီး ရေနတ်ဘုရား၏ အသက်ဓာတ်နှင့် သွေးများကို ဝါးမျိုသွားလေသည်။

စက္ကန့်ပိုင်းလေးအတွင်း သူ့ခန္ဓာကိုယ်က မံမီကဲ့သို့ ခြောက်သွေ့သွားကာ သူ့ဝိညာဉ်၏ အသက်ဓာတ်ပင် စုပ်ယူခံလိုက်ရသည်။

“ ၁၀ ” လီကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့စကားများက ကျန်ရှိနေသည့် အထွတ်အထိပ် နတ်ဘုရားများအား ကြက်သီးထသွားစေသည်။ သူတို့က လယ်တောထဲ အသတ်ခံရဖို့ စောင့်ဆိုင်းနေသည့် ကြက်၊ ငှက်လေးများလို ဖြစ်နေလေသည်။

လီကျွင်းက ပုံရိပ်ယောင် နတ်ဘုရားများဆီ အကြည့်ရောက်သွားလေသည်။ ထိုအကြည့်တစ်ချက်က သူမအား ကြောက်လန့်သွားစေသောကြောင့် နောက်ဆုတ်မိလိုက်သည်။

ထိုစက္ကန့်ပိုင်းအတွင်း လီကျွင်းအနေဖြင့် သူမသည် သူမရှေ့မှ အာကာပြင်ကို တားဆီးဖို့အတွက် ကောင်းကင်ဘုံဗိမာန်ကို အသုံးပြုနေခြင်းအား ရပ်တန့်မိလိုက်သည်ကို သတိပြုမိလိုက်သည်။ ထို့ကြောင့် သူက ထိုအခွင့်အရေးအား အရယူကာ သူမဆီ ချက်ချင်း နေရာပြောင်းရွှေ့လိုက်သည်။

ပုံရိပ်ယောင်နတ်ဘုရားမက အနည်းငယ် အံ့အားသင့်သွားသော်လည်း ဝါရင့် တိုက်ခိုက်သူ ဖြစ်၏။

သူမ၏ စိတ်နှလုံးသားမှ အကြောက်တရားကို ထိန်းချုပ်လိုက်ပြီးသည့်နောက်တွင် သူမက အလျင်အမြန် တုံ့ပြန်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။ လှံက သူမကို ထိုးဖောက်သွားသော်လည်း လေမှအပ ဖြတ်သန်းသွားခြင်း မရှိပေ။

သူမက နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “ ပုံရိပ်ယောင်ကို သတ်နိုင်လို့လား”

သူမက အားမကောင်းသော်လည်း သူမ၏ အသက်ရှင်သန်နိုင်စွမ်းအပေါ် ယုံကြည်ထားလေသည်။

“ သတ်နိုင်တာပေါ့” လီကျွင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူက လှံကို ဝှေ့ယမ်းလိုက်သည့်အခါ သွေးများက ရေပန်းလိုမျိုး ပန်းထွက်သွားလေသည်။ ပုံရိပ်ယောင်နတ်ဘုရားမ၏ ဦးခေါင်းက တုန်လှုပ်အံ့အားသင့်မှုနှင့်အတူ အဖြစ်အပျက်ကို နားမလည်နိုင်သည့် အမူအရာနှင့် လွင့်ထွက်သွားလေသည်။

လီကျွင်းအတွက်မူ သူမအား တစ်ချက်ပင် လှည့်မကြည့်ပေ။ သူက သတ်ဖြတ်ရေးတာအိုကို ကျင့်ကြံသူ ဖြစ်၏။ ထို့ကြောင့် ကောင်းကင်အောက်တွင် သူ မသတ်နိုင်သည့် အရာ မရှိပေ။ အစစ်အမှန် ဖြစ်စေ သို့မဟုတ် အတုအယောင် ဖြစ်နေစေကာမူ သူ အလိုရှိသရွေ့ အားလုံးကို သတ်ဖြတ်နိုင်လေသည်။

“ ၉” သူက ရေရွတ်လိုက်သည်။ ထို့နောက် သူက ၅ယောက်အဖွဲ့အား ကြည့်လိုက်သည်။ သူ့ အာရုံကို ဖမ်းစားသွားသည့် ပြင်းထန်သည့် အငွေ့အသက်တစ်ခုကို ခံစားမိလိုက်၏။ သူက ကြည့်လိုက်သည့်အခါ ဖျက်ဆီးခြင်း နတ်ဘုရားရှေ့တွင် ထူးဆန်းသည့် သတ္တုမျက်လုံးတစ်ခု ပေါလောပေါ်နေသည်ကို မြင်လိုက်ရသည်။

“ သူတော်စင်အဆင့် အသုံးအဆောင်ပစ္စည်းလား” ထိုမျက်လုံး၏ အငွေ့အသက်အပေါ် မူတည်၍ အနည်းဆုံး သူတော်စင်အဆင့် ဖြစ်မည်မှန်း ပြောလိုက်နိုင်သည်။ ထို့အပြင် ထိုပစ္စည်းပေါ်မှ ဖျက်ဆီးခြင်း နတ်ဘုရား၏ စွမ်းအားကို ခံစားမိသည့်အတွက် ပိုင်ရှင်ဖြစ်ကြောင်း ပြသနေသည်။

“ ဖျက်ဆီးခြင်း နတ်ဘုရားက ဒီကမ္ဘာကနေ ထွက်သွားဖူးတဲ့ပုံပဲ။ သူက ကံအပြောင်းအလဲ အခွင့်အရေးနဲ့တောင် တွေ့ခဲ့သေးတဲ့ပုံပဲ”

ထိုစကားများကို ရေရွတ်ပြီးသည့်နောက်တွင် လီကျွင်း၏ လက်ထဲ ဆေးပြင်းမီးဖိုတစ်လုံး ပေါ်ထွက်လာလေသည်။ သူက ထိုအရာကို ဝှေ့ယမ်းလိုက်သည့်အခါ အဖွဲ့ဆီ ပြေးဝင်သွားလေ၏။ ထိုအရာက သူတို့ဆီ ပျံသန်းလာရင်း တဖြည်းဖြည်း ကြီးမားလာသည်။

မီတာ ဒါဇင်ချီ ကြီးမားကျယ်ပြန့်လှပြီးနောက် အထွတ်အထိပ် နတ်ဘုရားများ အထက်တွင် ရပ်တန့်သွားလေသည်။ ထို့နောက် ချက်ချင်းဆိုသလို ၅ယောက်သားက သူတို့သည် ရွှံ့နွံထဲ ရောက်ရှိသွားသလိုမျိုး ခံစားနေရ၏။ သူတို့၏ အပြုအမူများက အင်မတန် နှေးကွေးနေကာ လှုပ်ရှားဖို့အတွက် စွမ်းအားအမြောက်အများ လိုအပ်နေလေသည်။

လက်နက်အတားအဆီးကို ချိုးဖောက်ပြီးနောက် သိပ်မကြာခင် အဖွဲ့က တစ်ဖန် ပိတ်ဆို့ခံလိုက်ရပြန်သည်။ ဖျက်ဆီးခြင်း နတ်ဘုရား၏ လက်ထဲမှ အသုံးအဆောင်ပစ္စည်းပင် ထိုဆေးပြင်းမီးဖိုနှင့် ရင်ဆိုင်နိုင်ရုံမျှသာ ဖြစ်ဟန်ပေါ်သည်။

သူတို့၏ အခြေအနေ လေးနက်မှုကို သိကာ အထွတ်အထိပ် နတ်ဘုရားများက သူတို့၏ လက်ရှိအခြေအနေကို ဖြေရှင်းဖို့ ပြင်လိုက်သည်။ သူတို့က တုံ့ဆိုင်းမနေဘဲ ဖျက်ဆီးခြင်း နတ်ဘုရား၏ လက်နက်ထံ စည်းမျဉ်း၊ စွမ်းအားများနှင့် ဝိညာဉ်အထိပါ  စွမ်းအားတိုးမြင့်ပေးကြသည်။

သူတို့အားလုံးက ဤလက်နက်သည်သာ သူတို့၏ ချုပ်နှောင်မှုကို လွတ်မြောက်စေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း သိထားကြသည်။ လက်ရှိအခြေအနေအရ အပြင်လူများ၏ ခေါင်းဆောင်သည် ကျန်ရှိနေသော နတ်ဘုရားများကို ဖြေရှင်းပြီးသည်နှင့် သူတို့အလှည့် ကျရောက်လာမည်မှန်း အရူးပင် ပြောနိုင်လေသည်။

သူတို့အတွက် ကံဆိုးသည်က သိပ်မကြာခင် သူတို့၏ ရန်သူသည် လက်နက်များကို ထိန်းချုပ်သည်က သူတို့ထက် ပိုကောင်းကြောင်း သဘောပေါက်သွားလေသည်။ အကြောင်းမှာ ထိုမျက်လုံးက အင်အားမည်မျှတိုးလာစေကာမူ ဆေးပြင်းမီးဖိုက အင်အားတိုးနေဆဲ ဖြစ်၏။

နောက်ဆုံးတွင် ကြမ္မာနတ်ဘုရားမက တခြားငါးယောက်နှင့် ဝိညာဉ်မှ ဆက်သွယ်ကာ   ပြောလိုက်သည် “ တုံ့ဆိုင်းနေဖို့ အချိန်မရှိဘူး။ ငါတို့တွေ အစောင့်အရှောက် လုပ်ထုံးကို အသက်သွင်းဖို့ လိုအပ်လာပြီ”

All Chapters