← Chapters

ကောင်းကင်ဘုံသားများ၏ မှတ်ဉာဏ်

Vol. 123 Ch. 1691

ကောင်းကင်ဘုံသားများ၏ မှတ်ဉာဏ်

Vol. 123 Ch. 1691

သို့ရာတွင် ထိုသို့လုပ်နိုင်ရန် တန်ဖိုးတစ်ခု လိုအပ်မည် ဖြစ်၍ ဝမ်လင်းသည် တန်၊မတန် တွက်ချက်နေသည်။

ထိုအဘိုးအို၏ မှတ်ဉာဏ်က ဝမ်လင်း ဘာကိုပဲလုပ်ရလုပ်ရ ထိုက်တန်ပါ၏လော။ သူသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ့စိတ်ထဲ၌ သူဘဝပုံရိပ်များ တဖျတ်ဖျတ် ပြန်ပေါ်သည်။ သူ လောကကို မျှော်လင့်ချက်ထားခဲ့သည့်အချိန်ကစ၍ အခု သူ့ကိုယ်ပိုင်လောကမှာ လှိုဏ်ဂူတစ်ခုမျှသာ ဖြစ်သည်ကို တွေ့ရှိသည့် နေ့အထိ သူ၏ဘဝအကြောင်းကို ပြန်တွေးမိနေသည်။

“ဒီလှိုဏ်ဂူလောကနဲ့ ပတ်သတ်လို့ အမှန်တရား၊ ဒီအရာတွေအားလုံးရဲ့ အကြောင်းရင်းကို ငါ သိချင်တယ်…” ဝမ်လင်း၏မျက်လုံးထဲတွင် ပြတ်သားမှုတို့ ရှိလာသည်။ သူသည် မျက်လုံး မှိတ်လိုက်၏။ ခဏအကြာတွင် မျက်လုံးပြန်ဖွင့်သည်။ သူ၏ရှေးဟောင်းနတ်ဘုရား ကြယ်ခုနစ်လုံးသည် မြန်ဆန်စွာ စတင် လှည့်ပတ်လာသည်။ သူ၏ဘယ်မျက်လုံးနှင့်ညာမျက်လုံးအတွင်းရှိ ရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာကြယ်များသည်လည်း လှည့်ပတ်သည်။ မကြာမီတွင် ကြယ်အလင်းတစ်ခု သူ့ခန္ဓာကိုယ်ကို ခြုံလွှမ်းလာသည်။

ရှေးဟောင်းနတ်ဘုရား၊ ရှေးဟောင်းနတ်ဆိုးနှင့် ရှေးဟောင်းမိစ္ဆာစွမ်းအင်များသည် ဝမ်လင်း၏ခန္ဓာကိုယ်တွင်း၌ ပြည့်နှက်လာ၏။ သူ၏မူလစိတ်ဝိညာဉ်မှာ အထည်ဒြပ် ဖြစ်လာပြီး စတင် ပုံပျက်ယွင်းသည်။ သူ၏နောက်တွင် ရှေးဟောင်းနတ်ဘုရားအရိပ်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။ ဘယ်ဘက်တွင်မူ ရှေးဟောင်းမိစ္ဆာအရိပ်၊ ညာဘက်တွင် ရှေးဟောင်းနတ်ဆိုးအရိပ်တို့လည်း ပေါ်လာကြ၏။

ဤကား ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်း၏နောက်တွင် ရှေးကလန်သုံးခုလုံး တစ်ချိန်တည်း ပေါ်လာခဲ့ခြင်းတည်း။

ဤအရာမှာ ထိုကလန်သုံးခု၏ အော်ရာများသည် သူ၏မူလစိတ်ဝိညာဉ် တလျှောက် ရွှေ့လျားသည်ဟု ဆိုလို၏။ ထိုကလန်သုံးခုအရိပ်များ၏နောက်တွင်မူ ရှေးလူ၏ ဧရာမဦးခေါင်းကြီး ရှိ၏။

ရှေးဦးခေါင်းသည် ကောင်းကင်ကို ဖုံးကွယ်ကာ မြေပြင်ကို ပြည့်ဖုံးနေ၏။ ဝမ်လင်း၏မူလစိတ်ဝိညာဉ်သည် မြန်မြန်ဆန်ဆန် ချဲ့ကားလာသည်။

သို့သော် ၎င်းသည် လုံးဝ မချဲ့ကားနိုင်ခင်မှာပင် ဝမ်လင်းက ဖိသိပ်လိုက်ရာ သူ၏ခန္ဓာကိုယ်တွင်း၌ ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်သည်။ ၎င်းကို အချိန်အတန်ကြာ ဖိသိပ်ပြီးနောက် ဝမ်လင်း၏ခန္ဓာကိုယ်မှာ ပုံမှန်အရွယ်အစားတိုင်း ဖြစ်သွားသည်။ သို့သော် ခုချိန်၌ သူ၏ခန္ဓာကိုယ်ထဲတွင် တုန်လှုပ်ဖွယ်ရှေးကလန်သုံးခု၏ စွမ်းအားများ ပါဝင်သည်။

ထိုစွမ်းအားဖြင့် ဝမ်လင်း၏ပြန်ကောင်းမွန်နှုန်းမှာ ကြောက်စရာအဆင့်ထိ ရောက်ရှိလာ၏။ သို့သော် သူက မကျေနပ်သေးပေ။ အစောပိုင်းတုန်းက သူ၏ လေ့လာမှုအရ ထိုမျှ ပြန်ကောင်းမွန်နိုင်နှုန်းသည် သက်လတ်ပိုင်းလူရှေ့ရှိ သုံးလက်မအရံအတားကို ချိုးဖျက်ဖို့ငှာ မလုံလောက်သေးပေ။

မာန်သွင်းကာ ဝမ်လင်းက သူ၏ရှေးဟောင်းစွမ်းအားအားလုံးကို သူ့ညာလက်ညှိုးထံ စုဝေးစေသည်။ သူ့ညာလက်ညှိုးသည် ဒီရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို လှုပ်ခါစေနိုင်သည့် တုန်လှုပ်ဖွယ်အော်ရာကို ပေးစွမ်းလာ၏။ ထိုအော်ရာနှင့်အတူ သည်လက်ချောင်းကို အင်မောတယ်လက်ချောင်းဟု သတ်မှတ်၍ ရလာ၏။

ယင်းကား သူ၏အိပ်မက်တာအိုအတွင်း၌ သူ နားလည်ခဲ့သော ခုနစ်ခုမြောက် မူလမန္တာန်၊ ရှေးအင်မောတယ်လက်ချောင်းပင်။

ရှေးအင်မောတယ်လက်ချောင်းသည် ရှေးကလန်သုံးခု၏စွမ်းအားကို လက်ချောင်းတစ်ခုတည်းသို့ သိပ်သည်းခြင်း ဖြစ်၏။ ၎င်းလက်ချောင်းထံ၌ ကြောက်မက်ဖွယ် တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်သလို ပြန်ကောင်းမွန်နိုင်စွမ်းမှာလည်း ထိတ်လန့်ဖွယ်ရာပင်။

ထိုသို့ ပြန်ကောင်းမွန်နိုင်စွမ်းကို ဝမ်လင်းကို အင်မောတယ် ဟုပင် ရည်ညွှန်းထားသည်။

ဝမ်လင်း၏ အခုလက်ရှိ ကျင့်ကြံမှုအဆင့်ဖြင့် သူသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အင်မောတယ် ဖြစ်လာစေရန် မလုပ်နိုင်သေးပေ။ သူသည် လက်ချောင်းတစ်ချောင်းကိုသာ အင်မောတယ်ဖြစ်အောင် လုပ်နိုင်သည်။

သည်ရှေးအင်မောတယ်လက်ချောင်းသည် သူ၏ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်အတွင်း၌ တွေ့ကြုံခဲ့ရသည့်အရာကို ငှားယမ်း၍ နားလည်ခဲ့သော အစွမ်းထက်မန္တာန် ဖြစ်၏။

၎င်းမန္တာန်တွင် ကောင်းကင်ဘုံစွမ်းအင် မလိုအပ်ပေ။ ရှေးစွမ်းအားသာ လိုအပ်၏။ သို့သော် ၎င်း၏သက်ရောက်မှုကမူ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ထက် အားမနည်းပေ။

ဝမ်လင်းသည် မနီးမဝေးရှိ သက်လတ်ပိုင်းလူနှင့် ခုနစ်ရောင်စုံအလင်းကို စိုက်ကြည့်၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု လင်းလက်သွားကာ သူသည် ရှေ့သို့ လှမ်း၍ အင်မောတယ်လက်ချောင်းကို ထိုသက်လတ်ပိုင်းလူ၏ မျက်ခုံးနှစ်ခုကြားသို့ ဦးတည် ထိုးချသည်။

ထိုလက်ညွှန်ချက်က နှေးကွေးဟန် ထင်ရ၏။ သို့သော် အမှန်ကမူ လျှပ်စီးအလား မြန်သည်။ ချက်ခြင်း သူ့လက်ချောင်းက ထိုလူ၏ သုံးလက်မအကွာသို့ ရောက်သွားသည်။ ဝမ်လင်း၏လက်ချောင်းသည် စတင်ပျက်စီးကာ ကြောက်စရာနှုန်းဖြင့် ပျောက်ကွယ်သည်။

သို့သော် ဒီအခိုက်၌ ဝမ်လင်း၏လက်ချောင်းမှာလည်း ပျက်စီးနေစဉ် အရူးအမူး ပြန်ကောင်းမွန်‌နေ၏။ ထိုပြန်ကောင်းမွန်နှုန်းနှင့်ပျက်စီးနှုန်းတို့ကို သည်အတိုင်း မြင်ရနိုင်၏။ ဝမ်လင်း၏လက်ချောင်းမှာ ပျက်စီးလိုက်၊ပြန်ကောင်းလိုက် ဖြစ်နေချေသည်။

သုံးလက်မအကွာသည် တိုတောင်းလှ၏။ သို့သော် ဝမ်လင်းအတွက်မူ ၎င်းသည် အလွန့်ကို ရှည်လျားနေသည်။ သူ၏လက်ချောင်းမှာ ပျက်စီးလိုက်၊ပြန်ကောင်းလိုက်ဖြင့် မရေမတွက်နိုင်စွာ သံသရာလည်နေသည်။ ဝမ်လင်း၏လက်ချောင်းသည် သုံးလက်မအကွာကို ဖြတ်သန်းလာစဉ် ပျက်စီးမှုက ပိုဆိုးလာ၏။

စက္ကန့်ပိုင်းအတွင်း သူ့လက်ချောင်းသည် ရာထောင်ချီကနေ သန်းချီထိ ပျက်စီး၏။ သို့သော်ငြားလည်း အလားတူပင် ပြန်ကောင်းမွန်နှုန်းမှာလည်း ရာထောင်ချီကနေ သန်းချီထိ ရှိလာ၏။

ဤကား ရှေးအင်မောတယ်လက်ချောင်းပင် ဖြစ်၏။

ထိုကဲ့သို့ ပြန်ကောင်းမွန်နှုန်းကို မန္တာန်တစ်ခုဟူ၍ပင် ယူဆလို့ မရနိုင်တော့ပေ။ ယင်းမှာ သည်လောကတွင် မတည်ရှိသင့်သော တစ်စုံတစ်ခု ဖြစ်ပေ၏။ ဝမ်လင်း ပို၍ ရှေ့ဆက်တိုးလာလေလေ ပျက်စီးမှုနှုန်းမှာ ပိုဆိုးလာလေပင်။ ဝမ်လင်း၏လက်ချောင်းသည် သုံးလက်မဧရိယာကို ကျော်ဖြတ်ကာ သက်လတ်ပိုင်းလူ၏ မျက်ခုံးနှစ်ခုကြား ဧရိယာသို့ ထိမိတော့မည့် အခါ၌ ပျက်စီးနှုန်းမှာ အတိုင်းအဆမဲ့ ဖြစ်လာ၏။

အဆုံးသပ်တွင်မူ ဝမ်လင်း၏ ပြန်ကောင်းမွန်နှုန်းသည် ပျက်စီးနှုန်းထက် သာလွန်သွားပြီး သူ၏လက်ချောင်းမှာ လုံးဝ ပြန်ကောင်းမွန်လေ၏။ သူသည် ကြောက်မက်ဖွယ်ပျက်စီးခြင်းအားကို လစ်လျူရှုကာ သူ့လက်ချောင်းမှာ ထိုလူ၏ မျက်ခုံးနှစ်ခုကြားသို့ ကျရောက်သွားသည်။

တုန်ဟည်းသံတစ်သံ ထိုအဘိုးအို၏ခန္ဓာကိုယ်တလျှောက် ပဲ့တင်ထပ်သွား၏။ ဂြိုဟ်တစ်ခုကိုဖျက်စီးပစ်နိုင်သော စွမ်းအားမှာ ဝမ်လင်း၏လက်ချောင်းထံမှ ပေါက်ကွဲထွက်လာ၏။ တစ်ချိန်တည်းမှာ သက်လတ်ပိုင်းလူထံမှလည်း ထွက်ပေါ်လာ၏။

ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကာ ပတ်ဝန်းကျင်တစ်ခုလုံး လှုပ်ခါ၏။ ဝမ်လင်း၏မူလစိတ်ဝိညာဉ် ပတ်လည်ရှိ မြူများ ပျက်စီးကာ ထိုအဘိုးအို၏စိတ်မှာလည်း ပျက်စီးခြင်း ဆိုက်၏။ ထိုသက်ရောက်မှုက အဘိုးအို၏ခန္ဓာကိုယ်ပေါ်သို့သာ ကျရောက်၍ သူ၏ခန္ဓာကိုယ်ရော လိုက်ပါ ပျက်စီးသည်။

သက်လတ်ပိုင်းလူ ထုတ်လွှတ်သော ခုနစ်ရောင်စုံအလင်းသည် တုန်ခါနေလေ၏။ ထိုပြင်းထန်သောအား အောက်တွင် သူ့ခန္ဓာကိုယ်သည် ပုံပျက်ယွင်းကာ ဖြည်းဖြည်းချင်း လွင့်ပျောက်လာသည်။ ထိုသို့ဖြစ်နေရင်း လက်သီးစုပ်ခန့် ရွှေရောင်သလင်းတစ်ခု ပေါ်လာ၏။ ၎င်းပေါ်တွင် သိသိသာသာ အက်ကြောင်းများ ထင်းနေပြီး ပျက်စီးလေတော့မည် ဖြစ်သည်။

ထိုသလင်းကျောက်မှာ အဘိုးအို၏မှတ်ဉာဏ် ဖြစ်သည်။ ထိုချိပ်ပိတ်မှုက လွှမ်းမိုးနိုင်လှကာ တခြားသူများ မှတ်ဉာဏ်ရှာဖွေခြင်းကို တားဆီးထားသည့်အပြင် ချိုးဖျက်ခံလိုက်ရသည်နှင့် မှတ်ဉာဏ်များကိုပါ တစစီ ဖြစ်စေမည်။ ထိုအခါ စိတ်ဝိညာဉ်ရှာဖွေသူအဖို့ ၎င်းမှတ်ဉာဏ်ကို ရနိုင်တော့မည် မဟုတ်ပေ။

ယင်းကာ အမှန်အကန် တွက်ချက်ထားသော အစီအစဉ်တစ်ခု ဖြစ်ချေ၏။ သို့သော် ကံဆိုးစွာဖြင့် အခု စိတ်ဝိညာဉ်ရှာဖွေသူသည် ဝမ်လင်း ဖြစ်နေ၏။ ဝမ်လင်းသည် ရှေးအင်မောတယ်လက်ချောင်းကို ပိုင်ဆိုင်ထားရုံသာမက ရပ်တန့်ခြင်းမန္တာန်ကိုပါ ပိုင်ဆိုင်သည့်သူ မဟုတ်လား။

ဤသို့ အရေးတကြီး အခိုက်၌ ဝမ်လင်းသည် တုံ့နှေးမနေပေ။ သူ့ညာလက်ညှိုးက ဆန့်ထွက်ကာ မှတ်ဉာဏ်သလင်းကျောက်ထံ လက်ညွှန်၏။

“ရပ်တန့်ခြင်း…”

စကားတစ်ခွန်းဖြင့်ပင် ထိုပျက်စီးသွားသောမှတ်ဉာဏ်သလင်းကျောက်မှာ တုန့်ခနဲ ရပ်သွား၏။ သည်အခိုက်တွင် ဝမ်လင်း၏နတ်ဘုရားအာရုံသည် မှတ်ဉာဏ်သလင်းကျောက်ကို ရှာဖွေကာ အဘိုးအို၏ ပျက်စီးသွားသော စိတ်ထံမှ ထိုးထွက်ကာ သူ၏ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာ၏။ သူ့မူလစိတ်ဝိညာဉ် သူ့ခန္ဓာကိုယ်ထံ ပြန်ရောက်သည်နှင့် ဝမ်လင်းက လက်မြှောက်လိုက်၏။ သူက နောက်သို့ ခြေလှမ်းများစွာ ထပ်ဆုတ်သည်။ ထိုသို့ ဆုတ်နေရင်း အဘိုးအို၏နာကျင်စွာအော်သံသည် အကန့်အသတ် ရောက်လာသည်။

သူ့စိတ်ထဲရှိ စွမ်းအားက သူ့စိတ်ကို ဖျက်စီး၊ သူ့မူလစိတ်ဝိညာဉ်ကို သတ်ပစ်၊ သူ့အရိုးများကို ချေမွပစ်ပြီး ပေါက်ကွဲထွက်သွားစေသည်။

ပြင်းထန်သောဖိသိပ်အားတစ်ခု အဘက်ဘက်သို့ ပျံ့နှံ့သွားလေ၏။

ထိုအဖျက်အစီးအားကြောင့် ဝမ်လင်း ပတ်လည်ရှိ ခုထိ ဖျက်စီးခြင်းမခံရသေးသော ရုပ်တုများ တစစီ ဖြစ်သွားသည်။

ထိုတုန်ခါလှိုင်းသည် ဝမ်လင်း၏ရှေးဟောင်းစွမ်းအားနှင့် ကောင်းကင်ဘုံစွမ်းအားတို့ ထိပ်တိုက်တွေ့ခြင်းကြောင့် ဖြစ်ပေါ်ခြင်းပင်။ ထိုအားထဲ၌ ခုနစ်ရောင်စုံသက်လတ်ပိုင်းလူ၏ ချိပ်ပိတ်မှုစွမ်းအားလည်း ပါဝင်သည်။ ထိုအဖျက်အစီးအားသည် လောကကို တုန်ခါသွားစေဖို့ရာ လုံလောက်သည်။

ထိုအဘိုးအို၏ခန္ဓာကိုယ် ပေါက်ကွဲသွားသည့်အခါ၌ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ အတွင်းနက်ပိုင်း၊ မြင့်မားလှသောရုပ်တုများ ရှိနေသော နေရာ၌ ကျားဖြူသည် မယုံကြည်နိုင်ဟန်၊ တုန်လှုပ်ထိတ်လန့်ဟန်တို့ဖြင့် အော်ဟစ်မိလေသည်။

“ဒါ…ဒါဟာ…ဒါ မဖြစ်နိုင်ဘူး။ သူက ဘယ်လို လုပ်လိုက်တာလဲ။ သူက ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ချိပ်ပိတ်မှုကို ဘယ်လိုများ ချိုးဖျက်လိုက်တာလဲ။ ဒီချိပ်ပိတ်မှုရဲ့ သုံးလက်မအရံအတား စွမ်းအားဟာ အရာအားလုံးကို ဖျက်စီးပစ်ဖို့ လုံလောက်တယ်။ ဒီအရံအတားရှေ့မှာ မန္တာန်အားလုံးလည်း လွင့်ပျောက်သွားရတာပဲလေ…”

“သူ ဒီလိုချိပ်ပိတ်မှုမျိုးကို ဘယ်လိုများ ချိုးဖျက်လိုက်တာလဲ။ ငါတို့ အထွတ်အထိပ်မှာ ရှိနေတဲ့အချိန်မှာ ဆိုရင်တောင်မှ ငါတို့ ဒီချိပ်ပိတ်မှုကို မချိုးဖျက်နိုင်ဘူး…”

ယင်းအသံသည် ဝဲကတော့တစ်ခုအတွင်းမှ ထွက်ပေါ်လာနေရင်း ဆံဖြူအဘိုးအိုတစ်ယောက် လှမ်းထွက်လာ၏။ သူ့မျက်နှာထက်တွင် တုန်လှုပ်မှုတို့ ကြီးစိုးနေသည်။

တခြားသုံးယောက်မှာလည်း အလားတူပင်။

“ရှေးအချိန်တွေထဲက ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်တဲ့သူ ရှိတယ်လို့ ငါ မကြားဖူးခဲ့ဘူး။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ တခြားအစွမ်းထက်တဲ့ အုပ်စိုးသူတွေတောင်မှ ဒီချိပ်ပိတ်မှုကို ခက်ခက်ခဲခဲ ချိုးဖျက်ရလိမ့်မယ်။ တကယ်တော့ ဒီမန္တာန်ဟာ ကောင်းကင်ဘုံအုပ်စိုးသူ ဖန်တီးခဲ့တာ။ ဒါဟာ ငါတို့တာအိုခုနစ်ခုကလန်၊ ပင်မတပည့်တွေရဲ့ လျှို့ဝှက်ချက်တွေကို ကာကွယ်ပေးတဲ့ အတုမဲ့နည်းလမ်းတစ်ခုပဲ…”

“သူ…သူက နိမ့်ကျတဲ့နယ်မြေကလေ။ ဒါပေမဲ့ သူက တကယ်ပဲ ဒီချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ခဲ့တယ်…” တခြားရုပ်တုတစ်ခုထံမှလည်း လိပ်နက်သည် အလန့်တကြား လှမ်းထွက်လာ၏။ သူ၏မျက်လုံးထဲ၌လည်း မယုံကြည်နိုင်မှုတို့ ထင်းနေသည်။ သူ့ကိုယ်ပိုင်နတ်ဘုရားအာရုံဖြင့် ၎င်းအဖြစ်ကို တွေ့မြင်ရခြင်းကြောင့်သာ မဟုတ်ပါက သူသည် ဒီအဖြစ်ကို ယုံလိမ့်မည် မဟုတ်ပေ။

“ဒီကောင်လေးဟာ သာမန်မဟုတ်ဘူး။ သူ့အတွက်ကြောင့် ငါတို့အစီအစဉ်ကို ပြောင်းလဲပစ်ဖို့ လိုပြီ။ သူ ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ချိပ်ပိတ်မှုကို ချိုးဖျက်နိုင်ခဲ့တာဟာ သူ့ရှိမှာ တုန်လှုပ်ဖွယ်မန္တာန်တစ်ခု ပိုင်ဆိုင်ထားလို့ ဖြစ်မယ်။ ဒီမန္တာန်ဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေကိုတောင် လှုပ်ခါစေဖို့ လုံလောက်လိမ့်မယ်…”

တတိယရုပ်တုထံမှ အဘိုးအိုတစ်ယောက် လှမ်းထွက်လာ၏။ သူသည် အဝေးသို့ ကြည့်ကာ ပင့်သက်ရှိုက်မိနေ၏။

ဟင်္သာငှက်ကမူ စကားမဆိုပေ။ သူသည်လည်း ဝဲကတော့အတွင်းရှိ လောကကို ကြည့်ကာ သူ၏အမူအရာသည် ဆက်တိုက် ပြောင်းလဲနေသည်။

ထိုကောင်းကင်ဘုံတပ်သား အဘိုးအို ပျက်စီးသွားနေစဉ် ဝမ်လင်းသည် ပေါက်ကွဲအားကနေ နောက်ဆုတ်၏။ သူ၏အမူအရာသည် တည်ငြိမ်စွာပင်။ သူသည် အဝေးသို့ လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။

သူတို့သည် ဝမ်လင်းကို တွေ့မြင်နိုင်ကြသလို ဝမ်လင်းကလည်း သူတို့၏တည်ရှိမှုကို အာရုံခံမိသည်မှာ ကြာပြီ ဖြစ်၏။

***

All Chapters