← Chapters

မင်းဟာကျားတစ်ကောင်ကို စီးနင်းရင် ဖယ်ရှားဖို့ ခက်မယ်…

Vol. 123 Ch. 1695

မင်းဟာကျားတစ်ကောင်ကို စီးနင်းရင် ဖယ်ရှားဖို့ ခက်မယ်…

Vol. 123 Ch. 1695

ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းရာ နီးကပ်လာရင်း ရှေးဦးခေါင်းမှ ဟိန်းသံ ပျံ့လွင့်လာသည်။ မြေပြင်ထုသည် ထပ်မံ ပြိုလဲပျက်စီး၏။ တိမ်များလွင့်စင်ပြန့်ကြဲကာ ဟိန်းသံသည် လောက၌ အားအကောင်းဆုံးအသံ ဖြစ်လာသည်။

ယင်းအသံလှိုင်းက ဝမ်လင်းကို ချိုးဖျက်ကာ ကျားဖြူထံသို့ တိုးဝင်လာ၏။

ထိုအသံလှိုင်း ရိုက်ခတ်သွားသည့်အခါ ကျားဖြူသည် ပုံပျက်ယွင်းလာ၏။ ပျက်စီးမည့် အရိပ်အယောင် ပြသလာသည်။ ၎င်းသည် မနည်းတင်းခံထားလေ၏။ သို့သော်ငြား ၎င်းကျားက နောက်သို့ ပိုမိုမြန်ဆန်စွာ ဆုတ်နေသည်။

ထိုကြမ်းကြုတ်လှသော ကျားက ထည်ဝါမှု ပြည့်နှက်နေသော်လည်း ၎င်းသည် ဝမ်လင်းရှေ့တွင်မူ သေးနုပ်နေဆဲပင်။ ဝမ်လင်းက ညာလက်ကို မြှောက်၍ ရှေ့သို့ ညွှန်လိုက်၏။ သူ၏နောက်မှ ရှေးဦးခေါင်းက သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်ကာ ကျားဖြူနောက်သို့ လိုက်လံလေတော့၏။

အဝေးမှ ကြည့်ပါက သည်မြင်ကွင်းမှာ လူတစ်ယောက်၏စိတ်ကို လှုပ်ခါစေနိုင်မည် ဖြစ်၏။ ပြိုလဲနေသော ကောင်းကင်မှာ နှစ်ပိုင်းကွဲထွက်သွားသလား ထင်မှတ်ရ၏။ တစ်ပိုင်းသည် ရှေးဦးခေါင်း၊ ကျန်တစ်ပိုင်းမှာ ဧရာမကျားဖြူကြီး ဖြစ်သည့်အလား။

တစ်ဘက်က အတင်းနောက်ဆုတ်စဉ် ကျန်တစ်ဖက်က အတင်းလိုက်လံလာနေ၏။ ယင်းတို့ကြား အကွာအဝေးသည် ကျဉ်းမြောင်းလာကာ ရှေးဦးခေါင်းက ကျားဖြူကို ဝါးမြိုပစ်ရန် ချက်ခြင်း နီးကပ်လို့လာသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ရှေးဦးခေါင်းနှင့် ကျားဖြူတို့ကြား ထိပ်တိုက်တွေ့မှုက ပြင်းထန်သောတုန်ခါလှိုင်းကို ဖြစ်စေကာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေ အနှံ့သို့ ပျံ့နှံ့လေ၏။ ရုပ်တုလေးခု၏ နောက်ရှိ အချို့ရုပ်တုများသည်ပင် ပေါက်ကွဲပျက်စီးကုန်သည်။

ထိုတုန်ခါလှိုင်းက သည်နယ်မြေတစ်ခုလုံးကို ဖျက်စီးတော့မလား ထင်မှားရ၏။

ပြင်းထန်သောတုန်ခါလှိုင်းအောက်၌ ကျားဖြူ၏ခန္ဓာကိုယ်ကြီးမှာ ပျက်စီးလာကာ အလင်းစက်များအဖြစ်သို့ ပြောင်းလဲသည်။ ဆံဖြူအဘိုးအိုသည် သွေးများစွာ အန်ထုတ်လိုက်ရပြီး နောက်သို့ လွင့်စင်ထွက်သွားသည်။ သူသည် သူ ဒဏ်ရာကုသနေသော ဧရာမရုပ်တုကြီးနှင့် ဝင်ဆောင့်သွားလေ၏။

အက်ကွဲသံများ ပဲ့တင်ထပ်ကာ မရေမတွက်နိုင်သောအက်ကြောင်းများသည် အဘိုးအို ထိမှန်သွားသော ရုပ်တုပေါ်၌ ပေါ်လာ၏။

ဝမ်လင်းသည်လည်း ဖိသိပ်အားကြောင့် နောက်သို့ဆုတ်ရ၏။ သူ့မျက်နှာမှာ မဆိုသလောက် ဖြူရောသွားသည်။ သို့သော် သူ၏တည်ငြိမ်သောအကြည့်ထဲရှိ အေးစက်မှုက ပို၍ အားကောင်းလာသည်။

ယင်းကား လီကောင်း၏လေးကို မသုံးဘဲ ဝမ်လင်း ဆင်နွှဲသည့် အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်လေ၏။ သူသညည် ပြင်ပနယ်နယ်မြေမှ ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်ခြင်း မဟုတ်ဘဲ ကောင်းကင်ဘုံအုပ်စိုးသူလက်အောက်ရှိ ဗိုလ်ချုပ်လေးယောက်ထဲမှ ကျားဖြူဗိုလ်ချုပ်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။

ကျားဖြူဗိုလ်ချုပ်သည် နေထိုင်ရှင်သန်ခဲ့သည်မှာ ကြာမြင့်လွန်းခဲ့ပြီ ဖြစ်၏။ သူသည် ဆန်းကြယ်လှသော အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှလူ ဖြစ်၏။ သူက အစစ်အမှန်ကောင်းကင်ဘုံသား မည်၏။

သူ၏သွေးမျိုးဆက်တွင် ကောင်းကင်ဘုံစွမ်းအင်တို့ ပါဝင်ကာ သူ့ကို ဝမ်လင်းထက် ပိုမြင့်မားသည့် တည်ရှိမှုအဆင့်တစ်ခု ဖြစ်စေသည်။

အတိတ်တုန်းက သူ ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ခုထိ အပြည့်အဝ ပြန်မကောင်းမွန်သေးသည့်အတွက်ကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် ပို၍ ရင်ဆိုင်ရခက်ပေမည်။ သို့ပေမည့် သေရေးရှင်ရေးတိုက်ပွဲအတွင်း မျှတမှုဟူ၍ မရှိ၊ အသေအရှင်သာ ရှိသည် မဟုတ်လား။

ဝမ်လင်းသည် နောက်ဆုတ်နေရင်း ရှေးဦးခေါင်းနှင့် ရှေးကလန်သုံးခု၏ အရိပ်များကပါ နောက်ဆုတ်ကြ၏။ ထိုအရိပ်သုံးခုသည် ပျက်စီးကာ ဦးခေါင်းသည်သာ ကျန်ရစ်သည်။ ယင်းဦးခေါင်းက ကောင်းကင်ထက်၌ ပြည့်ဖုံးထားသည်။ သို့သော် ၎င်းမှာ ဝေဝါးလို့လာသည်။

ဝမ်လင်းသည် စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်တွင်သာ ရှိသေး၏။ သို့ပေမည့် သူ၏ရှေးဟောင်းနတ်ဘုရား ခန္ဓာကိုယ်နှင့် မန္တာန်များကြောင့် သူသည် ဆန်းကြယ်လေဟာနယ်အဆင့် အစောပိုင်းကျင့်ကြံသူများနှင့် တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ သူ၏ ရန်သူမှာ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်ထက် ပိုမြင့်မားလျှင်ပင် သူသည် လီကောင်း၏လေးကို ထုတ်ယူလိုက်ရုံသာ။ ထိုလေးမှ မြား၏စွမ်းအားသည် လောကကို တုန်လှုပ်သွားစေဖို့ လုံလောက်ပေသည်။

ကျားဖြူအဘိုးအို၏ခန္ဓာကိုယ်သည် ရုပ်တနှင့် ဝင်ဆောင့်ကာ သူ၏အမူအရာမှာ ကြမ်းကြုတ်ရန်လိုနေသော်လည်း သူ့မျက်လုံးတွင်း၌မူ ထိတ်လန့်မှု ထင်းနေ၏။ သို့သော် ထိုထိတ်လန့်မှုက သူ့ကို နောက်ဆုတ်စေဖို့ မလုံလောက်ပေ။ သူသည် ကျားဖြူဗိုလ်ချုပ်၊ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ တစ်စုံတစ်ယောက် ဖြစ်၏။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ လက်အောက်ရှိ ဗိုလ်ချုပ်လေးပါးထဲမှ တစ်ယောက် ဖြစ်သည် မဟုတ်လား။

သူသည် မရေမတွက်နိုင်သော တိုက်ပွဲများကို တွေ့ကြုံဖူး၏။ လှိုဏ်ဂူလောကအတွင်းရှိ ကြီးကြီးမားမားအပြောင်းအလဲများကို ကိုယ်တိုင်တွေ့ကြုံဖူးသည်။ သူ့ထံ၌ မာနရှိ၏။ သူသည် နိမ့်ကျသည့်နယ်မြေမှ ပုရွတ်ဆိတ်တစ်ကောင်က သူ့ကို ရိုက်ချမည်အား ခွင့်မပြုနိုင်ပေ။

ထိုပုရွတ်ဆိတ်က သူ့ကို ကြောက်ရွှံ့မှု ခံစားမိစေအောင် လုပ်နိုင်လျှင်ပင် သူသည် အတင်းအကြပ် ဖိနှိပ်ထားသည်။

“အနောက်အရပ်ကျားဖြူတာအို၊ ကောင်းကင်ဘုံရဲ့ ကြယ်ခုနစ်လုံးစွမ်းအား၊ မြက်ပင်တွေကနေ သတ္တုဖြစ်စေ၊ ငါ့ကျားဖြူအမွေအနှစ်ရဲ့ စွမ်းအားအားလုံး သိပ်သည်းပြီး ကျားဖြူကလန်ရဲ့ မဟာမန္တာန်တစ်ခု ဖွဲ့စည်းစေ…”

“ဒီလူ့ကို ချိပ်ပိတ်လိုက်၊ ကျားတစ်ကောင် စီးနင်းဖို့ ဘယ်လောက် ခက်ခဲလဲဆိုတာ ပြသလိုက်…” ကျားဖြူအဘိုးအိုသည် မာန်သွင်းလိုက်၏။ ထို့နောက် သူသည် ရုပ်တုပေါ်သို့ လက်ဖိလိုက်သည်။ ထို့နောက် သူသည် ရုပ်တုထံမှ ပျံသန်းကာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ၏မျက်လုံးထံမှ ကြောက်မက်ဖွယ်အလင်းကို ပေးစွမ်းလာကာ သူသည် ဝမ်လင်းထံ လက်ညွှန်လိုက်သည်။

ထိုလက်ညွှန်ချက်နှင့်အတူ ကျားဖြူထံမှ အလင်းစက်များ ပြန်ပေါ်လာသည်။ ယင်းတို့သည် စုဝေးလျက် ဝမ်လင်းထံသို့ အံ့မခန်းနှုန်းဖြင့် ဦးတည်ဝင်လာသည်။

ချက်ခြင်းပင် အဆုံးမရှိအဖြူရောင်အလင်းတို့က ဝမ်လင်း၏အောက်တွင် တုန်လှုပ်ဖွယ်ကျားဖြူတစ်ကောင်အဖြစ်သို့ ဖွဲ့စည်းသည်။ အဝေးမှ ကြည့်ပါက ထိုအဖြစ်သည် ဝမ်လင်းက ကျားဖြူတစ်ကောင်ပေါ်တွင် ရပ်နေသလိုမျိုး ထင်ရလေ၏။

ကျားဖြူထံမှ ပြင်းထန်သောဖိအားတစ်ခု ပျံ့လွင့်လာ၏။ ဝမ်လင်းပတ်လည်ရှိ ဟင်းလင်းပြင်သည် ချိပ်ပိတ်ခြင်း ခံရသည်။ ဖိအားသည် ပိုပြင်းထန်လာသည်။

ထိုချိပ်ပိတ်မှုသည် ဝမ်လင်းကို ဖိနှိပ်ထားလေ၏။ ၎င်းကို မမြင်ရပေ။ သို့သော် ဝမ်လင်းက ရှင်းလင်းစွာ ခံစားမိနိုင်သည်။ သူ၏အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သော်ည်း သူ့အသက်ရှုသံမှာ လေးလံလာ၏။

ဝမ်လင်း၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာ၏။ သူ့အောက်ရှိ ကျားဖြူထံမှ ချိပ်ပိတ်ခြင်းစွမ်းအားသည် သူ့ကို ၎င်းထံမှ ထွက်ခွာနိုင်ရန် ပိတ်ဆို့ထားသည်။ အချိန်ကြာလာသည်နှင့်အမျှ ချိပ်ပိတ်မှုဖိအားသည် ပိုတိုးလာသည်။ ဧရာမလက်ကြီးနှစ်ဖက်က ဝမ်လင်းကို ဆုပ်ကိုင်ဆွဲချသည့်အလား။ သူ၏ခန္ဓာကိုယ်သည် အောက်ဘက်ရှိ ကျားဖြူထံ ပိုပိုနီးကပ်လာသည်။ နောက်ဆုံးတွင် သူသည် ထိုကျား၏ ထိပ်တွင် ရပ်နေလျက် ဖြစ်ကာ တစ်လက်မပင် မလှုပ်ရှားနိုင်တော့ချေ။

ကျားဖြူသည် ဟိန်းသံပေး၏။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များမှာ ထောင်မတ်လာသည်။ ၎င်း၏အမွှေးအမျှင်တို့သည် မြက်ပင်အသွားများအလား ကခုန်သည်။ ၎င်း၏ခန္ဓာကိုယ်မှ အဖြူရောင်အလင်း ထွက်ပေါ်နေ၏။ ၎င်း၏ကိုယ်ပေါ်တွင် မရေမတွက်နိုင်သော စာလုံးများကိုလည်း တွေ့မြင်ရနိုင်သည်။

ထိုစာလုံးများသည် ချိပ်ပိတ်ဟန်များ ဖြစ်ကြ၏။ ယင်းမြောက်များစွာသော စာလုံးများ ပေါ်လာသည့်အခါ ကျားဖြူသည် သက်ရှိချိပ်ပိတ်ခြင်းတစ်ခု ဖြစ်လာသည့်အလား။ စာလုံးများ ပိုပိုပေါ်လာသည့်အခါ ကျားဖြူ၏ခန္ဓာကိုယ်သည် အဖြူရောင်ဝဲကတော့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဝဲကတော့အတွင်း၌ မရေမတွက်နိုင်သော ချိပ်ပိတ်မှုများ တဝီဝီမြည်ကာ လှည့်ပတ်နေသည်။ သေချာကြည့်ပါက ၎င်းသည် ဝဲကတော့ မဟုတ်လေပေ။ ၎င်းမှာ ဝမ်လင်းအောက်ရှိ ကျားဖြူသည် မြန်ဆန်စွာ ပတ်၍ ပြေးနေရာ မြန်လွန်းသဖြင့် ဝဲကတော့တစ်ခု ဖြစ်ပေါ်ခြင်းပင်။

ထိုဝဲကတော့၌ တုန်လှုပ်ဖွယ်စုပ်အားတစ်ခု ရှိ၏။ ချိပ်ပိတ်ခြင်းစွမ်းအားက ဝမ်လင်းကို အောက်သို့ ဆွဲချနေရာ သူ့အဖို့ လှမ်းထွက်ရန် မဖြစ်နိုင်သလိုပင်။

ဤကား ကျားဖြူဗိုလ်ချုပ်၏ မန္တာန်ဖြစ်၏။ သင်သည် ကျားတစ်ကောင်ကို စီးနင်းပါက ၎င်းပေါ်မှ သက်ဆင်းရန် ခက်ခဲပေမည်ပင်။ ၎င်းမှာ မန္တာန်တစ်ခု ဖြစ်၏။ ချိပ်ပိတ်မှုတစ်ခုဆိုလည်း ဟုတ်သည်။

“ကျားဖြူစိတ်ဝိညာဉ်၊ ဒီလူရဲ့ စိတ်ဝိညာဉ်ကို ယူပြီး အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ တာအိုခုနစ်ခုတောင်အောက်က လှိုဏ်ဂူလောကမှာ ဖိနှိပ်ထားလိုက်…” ကျားဖြူအဘိုးအိုသည် သူ့လက်နှစ်ဖက်ကို ဖြန့်ကားကာ ကြမ်းကြုတ်စွာ အော်ဟစ်လိုက်သည်။

သူ၏အသံ ပဲ့တင်ထပ်နေရင်း ဝဲကတော့အတွင်းမှ တုန်လှုပ်ဖွယ်ကျားဟိန်းသံ ထွက်ပေါ်လာသည်။ ပေရာချီရှိသည့် ကြမ်းကြုတ်သောကျားတစ်ကောင်သည် ဝဲကတော့ထဲမှ ပျံသန်းထွက်လာ၏။

ထိုကျားမှာ ကျားဖြူ၏စိတ်ဝိညာဉ်ပင်။ ၎င်းမှာ ကျင့်ကြံသူတစ်ယောက်၏ မူလစိတ်ဝိညာဉ်ကဲ့သို့ ဖြစ်၏။

၎င်းသည် ဝဲကတော့ထဲမှ ထိုးထွက်လာရာ ၎င်း၏ထည်ဝါမှုသည် ပိုအားကောင်းလာသည်။ ၎င်းသည် ဝမ်လင်းထံ တိုးဝင်လာရင်း ဝမ်လင်းကို တိုက်ရိုက် မဝါးမြိုပေ။ သို့သော် ၎င်းက စပါးအုံးမြွေကဲ့သို့ သူ့ကို လှည့်ပတ်သည်။ ၎င်းက ဝမ်လင်း၏ဦးခေါင်းထံ ဦးတည်ကာ ပါးစပ်ဟ၍ ဝမ်လင်းကို အောက်ဘက်ရှိ ဝဲကတော့ထံ ဆွဲချရန် ဟန်ပြင်သည်။

ဝမ်လင်းသည် ထိုသို့ ဆောင်ယူခြင်း ခံရပါက လှိုဏ်ဂူလောက၏ အနိမ့်ဆုံးအပိုင်းတွင် သေသည့်အထိ ဖိနှိပ်ခြင်း ခံရလေမည်ပင်။

ဝမ်လင်းသည် ထိုကျားဖြူအဘိုးအို၏မန္တာန်ကို အရင်က လုံးဝ မမြင်ဖူးခဲ့ပေ။ ယင်းကာ ဒီလောကမှ မပိုင်ဆိုင်သည့် မန္တာန်တစ်ခု ဖြစ်၏။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ မန္တာန်တစ်ခုပင်။ ဝမ်လင်း၏အမူအရာက သုန်မှုန်နေသည်။ ကျားဖြူ၏ပါးစပ် သူ့ထံ နီးကပ်လာသည့်အခါ ဝမ်လင်းက သူ့ဘယ်လက်ကို ပင့်မြှောက်၍ ကျားဖြူ၏ပါးစပ်ထံ ဆန့်ကျင် ဖိချလိုက်သည်။

“မန္တာန်ကောင်းပဲ။ ဒီနေ့…ငါဟာ ဒီကျားပေါ်ကနေ မခွာဘူး။ မင်းက ငါ့ကို ဝါးမြိုချင်မှတော့ ဒီကျားကပဲ ငါ့ကို ဖိနှိပ်နိုင်မလား၊ ငါကပဲ ဒီကျားကို ဖိနှိပ်နိုင်မလား ကြည့်ရတာပေါ့…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူသည် မည်သည့်မန္တာန်ကိုမျှ အသုံးမပြုပေ။ သူ မျက်လုံးမှိတ်လိုက်၏။ သူ မျက်လုံး ပြန်ဖွင့်လိုက်သည့်အခိုက်တွင် သူ၏အော်ရာသည် ပြောင်းလဲသွားသည်။ သူ့အော်ရာက မဟာပညာရှိတစ်ယောက်၏ အော်ရာအဖြစ်သို့ ပြောင်းလဲသွားခြင်းပင်။

သည်အခိုက်တွင် သူသည် ကျင့်ကြံသူတစ်ယောက် မဟုတ်လေတော့၊ မဟာပညာရှိတစ်ယောက် ဖြစ်လာ၏။ ကောင်းကင်နှင့်မြေကြီး၏ အမှန်တရားကို နားလည်ထားသော မဟာပညာရှိ တစ်ယောက် ဖြစ်လာ၏။ သူသည် ထိုပညာဉာဏ်ကို လှိုဏ်ဂူလောကတွင်သာ သိရှိလာခဲ့ခြင်းပင်။

မဟာပညာရှိတစ်ယောက်၏ အော်ရာဖြင့် ဝမ်လင်းသည် မည်သည့်အရာကိုမျှ မကြောက်လန့်ပေ။ သူ၏မျက်လုံးတို့မှာ တည်ငြိမ်သည်။ သူ့ထံမှ အစွမ်းထက်အရှိန်အဝါ ထွက်ပေါ်နေ၏။ သူသည် ခေါင်းလှည့်ကာ ကျားဖြူစိတ်ဝိညာဉ်ကို ကြည့်သည်။ သူ၏အကြည့်အော်ရာကပင် ကျားဖြူကို ဖိနှိပ်လေ၏။

ထိုကျားစိတ်ဝိညာဉ်သည် မန္တာန်တစ်ခုကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်ဘုံသားရဲတစ်ကောင် မဟုတ်တော့ပေ။ သာမန်ကျားတစ်ကောင် ဖြစ်သွားသည့်နှယ်။

“မင်းက ငါ့ကို ဝါးမြိုချင်တာလား…” ဝမ်လင်းသည် ဖြည်းဖြည်းချင်း ပြောလိုက်၏။ ထို့နောက် သူ့မျက်လုံးကို ဖွင့်သည်။ သူသည် ကျားစိတ်ဝိညာဉ်ကို ကြည့်၏။ ဒေါသအလျင်းမရှိဘဲ ဖိအားတစ်ခုကို ပေးစွမ်းလာသည်။ သူသည် ကောင်းကင်ဘုံကိုပင် မစိုးကြောက်သည့် မဟာပညာရှိတစ်ယောက်၏အော်ရာကို ပိုင်ဆိုင်ပေ၏။ ထို့အတွက် သူသည် ကျားတစ်ကောင်လောက်ကို မည်သို့ ကြောက်လန့်ပါ့မည်နည်း။

သူ့ကို ဝန်းပတ်ထားသော ကျားစိတ်ဝိညာဉ်မှာ တုန်ယင်သွား၏။ ၎င်း၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှု အရိပ်အမြွက် ပေါ်လာသည်။ မထိန်းချုပ်နိုင်သော အတွေးမျှင်များ၏ ၎င်း၏စိတ်ထဲတွင် ပေါ်လာသည်။ ၎င်းသည် ပြန်လည်မွေးဖွားခြင်းစက်ဝန်းများကို ဖြတ်မြင်လိုက်ရသကဲ့သို့ ၎င်းက ၎င်း၏ ကျားဖြူဘိုးဘေးက အင်မောတယ်ကောင်းကင်ဘုံနယ်မြေပေါ်ရှိ ကောင်းကင်နှင့်မြေကြီးကို ဒူးထောက်နေသည်အား တွေ့မြင်လိုက်ရသည့်အလား။

ထိုအတွေးများသည် ၎င်း၏စိတ်ထဲ၌ မည်သို့ တည်ရှိနေသည်ကို ၎င်းကိုယ်တိုင် မသိပေ။ သို့သော် ၎င်းသည် ၎င်း၏စိတ်ဝိညာဉ်မှ လာသည့် ကြောက်ရွှံ့မှုကို ခံစားမိနေသည်။

ဝမ်လင်း ထိုသို့ ပြောလိုက်စဉ် သူသည် ကောင်းကင်နှင့်မြေကြီး ဖြစ်သွားသည့်အလား ကျားစိတ်ဝိညာဉ်ကို ဖိနှိပ်သည်။ ထိုဖိအားတွင် ဝမ်လင်း၏ နားလည်ဆင်ခြင်မှုဉာဏ်အလင်းအားလုံး ပါဝင်၏။ သူ၏ဆန်းကြယ်အနှစ်သာရသုံးခု ပါဝင်၏။ သူ၏ အနှိုင်းမဲ့ခွန်အား ပါဝင်၏။

ကျားဖြူစိတ်ဝိညာဉ်သည် ရှိုက်ငိုကာ ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ ဖယ်ခွာသွား၏။ ၎င်းသည် နောက်ဆုတ်ကာ ဝမ်လင်းထံ ခေါင်းငုံ့လိုက်သည်။ ကျားဖြူအဘိုးအိုသည် ထိုမြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

***

All Chapters