← Chapters

သန်မာခြင်း…

Vol. 124 Ch. 1704

သန်မာခြင်း…

Vol. 124 Ch. 1704

ဝမ်လင်းသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် ရှိနေသည်။

သူသည် အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းထံသို့ တိုက်ရိုက်မသွားသေးပေ။ သူသည် သူ့ကိုယ်ပိုင်ခွန်အားသပ်သပ်ဖြင့် ဒီစစ်ပွဲကို မဖြိုဖျက်နိုင်ပေ။ သူ လီကောင်း၏မြားကို အသုံးပြုလျှင်ပင် သူသည် ဒီစစ်ပွဲကို ယာယီသာ ပြောင်းလဲနိုင်မည် ဖြစ်သည်။

ထို့အတွက် သူသည် သုံးနှစ်တာကို မည်သို့မည်ပုံ တောင့်ခံရမည်အား စဉ်းစားကြံဆထားရသည်။

ရှေးဟောင်းကောင်းကင်ဘုံနယ်မြေမှ လူများသည် သုံးနှစ်ကြာပြီး ထွက်လာသည့်အခါ၌ သူသည် ပြင်ပနယ်မြေရှိ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကို ဖျက်စီးပစ်ရဦးမည် ဖြစ်သည်။ ထိုအရာများအားလုံးအတွက် လီကောင်း၏လေး လိုအပ်သည်။ သူ့ထံ၌ ထိုလေးကို အကြိမ်များစွာ အသုံးပြုနိုင်ဖို့ လုံလောက်သည့် ကောင်းကင်ဘုံစွမ်းအင် မရှိပေ။

ထို့ကြောင့် အလုံးစုံကောင်းကင်၌ တည်ရှိနှင့်ပြီးသော အန္တရာယ်ကို သိ၍ သူသည် ထိုနေရာသို့ သွားသည့်လမ်းတွင် မသတ်ဖြတ်ရန် ရွေးချယ်လိုက်သည်။ သူသည် တခြားကြယ်အဖွဲ့အစည်းသုံးခုရှိ ပြင်ပနယ်မြေကျင့်ကြံသူများကို အရင်ဆုံး သတ်ဖြတ်ခဲ့သည်။ သူ့အတွက် အသန်မာဆုံးအစီအရင်တစ်ခု ပြီးပြည့်စုံစေဖို့ ထိုသူတို့၏ ဦးခေါင်းများနှင့် မူလစိတ်ဝိညာဉ်များကို လိုအပ်သည်။

ဝမ်လင်းသည် ရှေ့ဆက်လာရင်း ကုန်းမြေများစွာကို ဖြတ်ကျော်လာသည်။ သေခြင်းအော်ရာသည် တောမီးလို ပျံ့နှံ့လာရင်း ဝမ်လင်း၏နောက်၌ ဦးခေါင်းအရေအတွက်မှာ ငါးသောင်းကျော်လာခဲ့ပြီ။

ဦးခေါင်းငါးသောင်းကျော် သွားသည့်အခိုက်၌ ဝမ်လင်းက လက်ဝေ့ယမ်းလိုက်ပြီး သူ့ဘယ်လက်ဖြင့် လေဟာနယ်ထံသို့ ညွှန်လိုက်သည်။

“ဘယ်လက်ဟာ ရှင်သန်ခြင်း…” ထိုသို့ ဆိုလိုက်ရာ ဦးခေါင်းပြတ်ငါးသောင်းသည် လှုပ်ရှားသွားသည်။ ယင်းတို့ထဲမှ တစ်ဝက်သည် သူ၏ဘယ်ဘက်ခြမ်းသို့ ပျံသန်းလာကာ ဧရာမဝဲကတော့တစ်ခုအဖြစ်သို့ ဖွဲ့စည်းသည်။

“ညာလက်နဲ့ သေခြင်းကို ထိန်းချုပ်မယ်…” ဝမ်လင်းသည် သူ့ညာလက်ကို ညွှန်လိုက်ရာ ကျန်သည့်ဦးခေါင်းပြတ်တစ်ဝက်သည် သေဆုံးခြင်းဝဲကတော့အဖြစ်သို့ ပြောင်းလဲသွားသည်။

သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို မြန်ဆန်စွာ ဖြစ်စေကာ ဝဲကတော့နှစ်ခုထံ စေလွှတ်နေရင်း သူ့မျက်လုံးသည် အလေးအနက် ဖြစ်လာသည်။ ခဏအကြာတွင် ဝမ်လင်းသည် မာန်သွင်းအော်ဟစ်လိုက်၏။

သေခြင်းနှင့်ရှင်ခြင်းကို ကိုယ်စားပြုသော ဝဲကတော့နှစ်ခုသည် တစ်ခုနှင့်တစ်ခု ထပ်ကာ ချက်ခြင်းပင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားသည်။

ထို့အတွက်ကြောင့် ဟင်းလင်းပြင်သည်ပင် တုန်ခါသွားရ၏။ ပေါင်းစည်းသွားသော ဝဲကတော့က မြန်ဆန်စွာ လှည့်ပတ် ချဲ့ကားလာသည်။ “ပေတစ်သောင်း၊ ပေတစ်သိန်း၊ ပေတစ်သန်း…”

ထိုဧရာမဝဲကတော့သည် ဝမ်လင်း၏အထက်၌ လှည့်ပတ်သည်။ ဟင်းလင်းပြင်သည်ပင် ၎င်းနှင့်အတူ လှည့်ပတ်သည်ဟု ထင်မှတ်ရသည်။

“သေခြင်းရှင်ခြင်းအစီအရင်…ဖြစ်ပေါ်စေ…” ဝမ်လင်းသည် သူ့လျှာထိပ်ကို ကိုက်၍ တတိယအဆင့် အနှစ်သာရသွေးကို ထွေးထုတ်လိုက်သည်။ ထိုသွေးက မြူအဖြစ် ပြောင်းကာ ဝဲကတော့နှင့် ပေါင်းစပ်သွားသည်။

ထိုသို့ ပေါင်းစပ်ရင်း အက်သံများသည် ဝဲကတော့ထံမှ ထွက်ပေါ်လာ၏။ ဧရာမဝဲကတော့သည် လှည့်ပတ်နေရာကနေ ရပ်တန့်သွားသည်။ ရပ်တန့်သွားရုံသာမက ၎င်းသည် သိပ်သည်းခိုင်မာလာသည်။

မျက်စိတစ်မှိတ်အတွင်း ဧရာမဝဲကတော့သည် လုံးဝ သိပ်သည်းသွားပြီး ၎င်းသည် စက်ဝန်းများစွာဖြင့်ဖွဲ့စည်းထားသည့်ပုံပေါ်ကာ ကြောက်မက်ဖွယ်အော်ရာကို ပေးစွမ်းလေသည်။

အဝေးမှ ကြည့်ပါက ထိုသိပ်သည်းသွားသော ဝဲကတော့သည် ဧရာမဘီးကြီးတစ်ခုနှယ်။ ထိုဘီးက သေခြင်းရှင်ခြင်းကို ကိုယ်စားပြုသည်။ ၎င်းသည် လှည့်ပတ်နေခြင်း မရှိပါက အရာအားလုံးသည် ရှင်သန်မည်။ လှည့်ပတ်ပါက အရာအားလုံး သေဆုံးမည်။

ထိုဖြစ်ပေါ်လာသော ဝဲကတော့မှာ ဦးခေါင်းပြတ်ငါးသောင်းကျော်ကြောင့် ဖြစ်လေ၏။

ဝမ်လင်းသည် ခုန်တက်၍ သည်သေခြင်းရှင်ခြင်းဘီးပေါ်တွင် ရပ်လိုက်သည်။ ထိုဘီးသည် လှည့်ပတ်နေခြင်း မရှိသော်လည်း ရှေ့သို့ တရကြမ်း ဦးတည်လေ၏။ ထိုဘီးသည် နောက်ထပ် ကုန်းမြေကုန်းမြေတစ်ခုထံ ရွှေ့လျားသွားနေစဉ် ဝမ်လင်း၏မျက်လုံးထံမှ ထူးဆန်းသောအကြည့် လှစ်ဟပေါ်သည်။

သူသည် သတ်ရပေမည်။ သူသည် ပိုမိုများပြားသော ဦးခေါင်းများနှင့် မူလစိတ်ဝိညာဉ်များကို လိုချင်သေးသည်။ ထိုမှသာ သူသည် ဒုတိယမြောက်အစီအရင်၊ကံမ္မအစီအရင်ကို ဖန်တီးနိုင်မည် မဟုတ်လား။

သူသည် ကုန်းမြေများကို မြန်ဆန်စွာ ဖြတ်သန်းလာပြီး ယင်းတို့သည် သူ၏ရှေ့၌ ပြိုလဲပျက်စီးရသည်။ ထိုကုန်းမြေများ ပေါ်ရှိ ပြင်ပနယ်မြေ ကျင့်ကြံသူများ သေဆုံးကာ သူတို့၏ဦးခေါင်းများမှာ ဝမ်လင်း၏ ယူဆောင်ခြင်း ခံရသည်။ ခုချိန်၌ ဝမ်လင်း၏ နောက်တွင် ကပ်ပါလာသော ဦးခေါင်းမြောက်များစွာ ရှိနေလေပြီ။

ယင်းက သေခြင်းကို ကိုယ်စားပြုချေ၏။ သူ၏ပတ်လည်ရှိ သွေးနံ့မှာ အားကောင်းလွန်းသည်။ ကုန်းမြေတစ်ခုပေါ်ရှိ ပြင်ပနယ်မြေကျင့်ကြံသူ ထောင်ချီကို သတ်ပြီးနောက် သူသည် ရှေ့ဆက်လာသည်။

ဝမ်လင်း၏နောက်ရှိ ဦးခေါင်းများမှာ တဖြည်းဖြည်း ထောင်သောင်းချီ ဖြစ်လာ၏။ သို့သော် သူ၏သတ်ဖြတ်မှုသည် အဆုံးမသပ်သေးပေ။ ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်း၍ လက်ဝါးမြှောက်သည်။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်လျက် သူ၏ရှေ့ရှိ ကုန်းမြေပေါ်မှ ထွက်ပြေးရန် ကြိုးစားနေသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များသည် တုန်ခါလျက် သွေးများ နေရာအနှံ့သို့ ပန်းထွက်သည်။ ထို့နောက်တွင် သူတို့၏ဦးခေါင်းပြတ်များသည် ဝမ်လင်းထံ ပျံသန်းလာကြသည်။

အချိန်သိပ်မကြာလိုက်ပေ။ ဝမ်လင်းသည် ဒီကြယ်အဖွဲ့အစည်းအနှံ့ ဆက်လာနေရင်း ပြင်ပနယ်မြေမှ ပိုမိုများပြားသော ကျင့်ကြံသူများ သေဆုံးကုန်ကြသည်။ ခဏအကြာတွင် သူ၏ရှေ့၌ ဧရာမဂြိုဟ်တစ်လုံး ပေါ်လာ၏။ ထိုဂြိုဟ်ကို ပင်လယ်ရေညှိများ ဖုံးလွှမ်းထားသည်။ သူ ရောက်လာသည့်အခါ၌ ထိုဂြိုဟ်ထံမှ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်၏ အော်ရာ ထွက်ပေါ်လာသည်။

ထိုဂြိုဟ်မှာ လှပသောအမျိုးသမီး ရှိနေသည့်နေရာ ဖြစ်၏။ သူမက ဝမ်လင်းကို သတိပြုမိသည့်အခါ အရင်ဆုံး စမတိုက်ခိုက်ရဲပေ။ သို့သော် သူမသည် ထွက်ပြေးဖို့လည်း နည်းလမ်း မရှာနိုင် ဖြစ်ရ၏။ သူမသည် ဝမ်လင်း ရောက်လာမည်ကိုသာ စောင့်နေရုံသာ တတ်နိုင်ပေ၏။ ထို့နောက်တွင် သူမသည် ဒီဂြိုဟ်ကို အသုံးပြု၍ ဝမ်လင်းကို တိုက်ခိုက်ပေမည်။

ထိုဂြိုဟ်သည် သူမ၏ထိန်းချုပ်မှုအောက်တွင် လုံးဝ ရောက်နေပေပြီ။ အဆုံးမရှိ ပင်လယ်ရေညှိပင်များသည် သူမ၏အပူဇော်ခံမီးတောက်များထံမှ ဖြစ်ပေါ်လာခြင်းပင်။ သူမသည် ဒီနေရာ၌ ဝမ်လင်းကို မနိုင်နိုင်သော်လည်း သူမ၏အသန်မာဆုံးစွမ်းအားကိုမူ ထုတ်ဖော်နိုင်မည် ဖြစ်သည်။

ဝမ်လင်း ရောက်လာသည့်အခါ၌ ၎င်းဂြိုဟ်ထံမှ စူးရှရှနှာမှုတ်သံ ထွက်ပေါ်လာ၏။ ထိုအသံ မြည်ဟည်းလာစဉ် ဂြိုဟ်ပေါ်ရှိ ပင်လယ်ရေညှိများသည် စတင်၍ အရူးအမူး ကြီးထွားလာသည်။ ထိုရေညှိပင်တို့သည် ပေတစ်သောင်း၊ တစ်သိန်းကနေသည် တစ်သန်းထိပင် ကြီးမားရှည်လျားလာသည်။

စက္ကန့်ပိုင်းအတွင်း ထိုကျင့်ကြံခြင်းဂြိုဟ်သည် ထူးခြားစွာ ပြောင်းလဲသွားလေ၏။

အတောမသပ်နိုင်သော ပင်လယ်ရေညှိပင်များ ကြီးထွားလာနေရင်း သည်ဂြိုဟ်မှာ ဦးခေါင်းတစ်ခုအသွင်သို့ ပြောင်းလဲသွား၏။ ပင်လယ်ရေညှိပင်တို့က ထိုဦးခေါင်း၏ ဆံချည်မျှင်အရှည်များအဖြစ် ဆက်လက်ကြီးထွားသည်။

ဂြိုဟ်ပေါ်ရှိ ပန်းပင်မှာ ပွင့်ဟ လာပြီး လှပသောအမျိုးသမီး၏ မျက်နှာ လှစ်ဟပေါ်လာသည်။ သူမ၏ တဖွဖွရေရွတ်သံသည် ဂြိုဟ်ကို ခြုံလွှမ်းလာနေရင်း ဂြိုဟ်ပေါ်ရှိ တောင်တန်းနှင့်မြစ်များသည် ပြောင်းလဲမှု ဖြစ်ပေါ်လာသည်။

အချို့တောင်များ ပြိုလဲကာ အချို့မှာ မြင့်တက်လာ၏။ အချို့မြစ်များ ခြောက်ခမ်းပြီး အချို့မြစ်များ ပျောက်ကွယ်သွားကြသည်။ ထိုအခါ ဂြိုဟ်သည် ဧရာမဦးခေါင်းအသွင်သို့ တိုက်ရိုက်ကြီး ပြောင်းလဲသွား၏။

ယင်းမှာ အမျိုးသမီးတစ်ယောက်၏ ဦးခေါင်းပင်။ ဂြိုဟ်မျက်နှာပြင် ပြောင်းလဲလာနေစဉ် ၎င်းသည် အမျိုးသမီးတစ်ယောက်၏ အသွင်ပုံစံ ဆောင်လေ၏။ ထိုမြင်ကွင်းသည် ဟင်းလင်းပြင်ကြား၌ ထူးခြားလှပေသည်။

ဧရာမကျင့်ကြံခြင်းဂြိုဟ်က သူမ၏ဦးခေါင်း ဖြစ်လာခဲ့ပြီ။ သူမ၏မျက်နှာသည် အလွန်လှပကာ မျက်လုံးမှိတ်ထား၏။ ပင်လယ်ရေညှိပင်များကနေ ဖြစ်ပေါ်လာသော ဆံချည်မျှင်များသည် လေမတိုက်ပါဘဲ ဝေ့ယမ်းနေ၏။ ထိုအဖြစ်က သူမကို ပို၍ လှပစေကာ စွဲညှို့မှု ဖြစ်စေသည်။

တောင်ထိပ်သည် သူမ၏နှာခေါင်း၊ တောင်တန်းများက သူမ၏မျက်ခုံးများ၊ ချောက်နက်များက သူ၏နှုတ်ခမ်း၊ ပင်လယ်များက သူမ၏မျက်လုံးတို့ ဖြစ်လာကြ၏။ ယင်းအရာများအားလုံးသည် သူမ၏ မန္တာန်မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြသနေပေ၏။

ဝမ်လင်းသည် လှမ်းမျှော်ကြည့်လိုက်စဉ် သူ့မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သည်အခိုက်၌ ထိုအမျိုးသမီဦးခေါင်း၏ မျက်ခုံးနှစ်ခုမှာ တုန်ယင်လာ၏။ သူမ၏မျက်တောင်ခတ်လိုက်ခြင်းက အမှန်တကယ်ပင် ဂြိုဟ်ပေါ်ရှိ တောင်တန်းများကို ပြိုလဲပျက်စီးစေသည်။ ထို့နောက်တွင် ထိုအမျိုးသမီးက ရုတ်တရက် မျက်လုံးဖွင့်လာ၏။

ရက်စက်ရန်လိုဟန်အကြည့်ဖြင့် သူမက ဝမ်လင်းကို စိုက်ကြည့်ကာ သူမ၏ပါးစပ်ထံမှ စူးစူးရှရှအသံ ထွက်ပေါ်လာချေ၏။ ယင်းအသံက ဟင်းလင်းပြင်ကိုပါ ပျက်စီးသွားစေသည်။

“ဒီမန္တာန်က မဆိုးပါဘူး။ ဒါပေမဲ့ နင့်ရဲ့ ကျင့်ကြံမှုအဆင့်က အားနည်းလွန်းတယ်…”

ဝမ်လင်းက သူ့ညာလက်ကို ရှေ့ရှိ လေဟာနယ်ထံ ဆန့်ထုတ်၏။ သွေးအလင်းက ထိုဧရိယာကို ခြုံလွှမ်းသွားသည်။ သွေးဓားတစ်လက် ပေါ်လာ၏။ သူ၏ဘယ်မျက်လုံးတွင် မီးပေါ်လာကာ ညာမျက်လုံးတွင် မိုးကြိုးက လင်းလက်သည်။ သူ၏မျက်ခုံးနှစ်ခုကြား၌ သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်အမှားတို့ ပေါ်လာလေ၏။ ယင်းတို့သည် သူ၏ရှေ့ရှိ သွေးဓားနှင့် ပေါင်းစည်းသည်။

သွေးဓားထံမှ စိတ်လှုပ်ရှားနေသည့်အလား ကြောက်မက်ဖွယ်ဓားတေးသံကို ပေးစွမ်းလေ၏။

ကြမ်းကြုတ်သောအကြည့်ဖြင့် အမျိုးသမီးဦးခေါင်းကို စိုက်ကြည့်လိုက်ရင်း ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ညာလက်ဖြင့် သွေးဓားကို ဖမ်းဆုပ်ကာ ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်သည်။

ထိုဓား ကျဆင်းလာသည့်အခါ တုန်ဟည်းသံ ကောင်းကင်အနှံ့ ပဲ့တင်ထပ်၍ အရာအားလုံးကို အစားထိုးသွားချေသည်။ ဓားစွမ်းအင်တန်းတစ်ခုသည် ကျဆင်းလာကာ မျက်စိတစ်မှိတ်အတွင်း ဧရာမဦးခေါင်းပေါ် ကျရောက်သည်။ ထိုအမျိုးသမီး၏ ကြမ်းကြုတ်သောအကြည့်မှာ ပျက်စီးသွားပြီး မျှော်လင့်ချက်မဲ့မှုနှင့် ကြောက်ရွှံ့မှုတို့ ပြည့်နှက်လာသည်။ သူမ၏မန္တာန်သည် နှောက်ယှက်ခြင်းခံရကာ သူမ၏ဦးခေါင်းလည်း ထက်ပိုင်း ပြတ်သွားသည်။

ဖျတ်ခနဲ လင်းလက်သွားကာ ဓားစွမ်းအင်တန်းတစ်ခု ထွင်းဖောက်သွား၏။ ထိုအမျိုးသမီး၏ မူလခန္ဓာကိုယ်၏ ဦးခေါင်းမှာ သူမ၏ခန္ဓာကိုယ်ထံမှ ကင်းကွာသွား၏။ သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်နှက်သွားသည်။

ဝမ်လင်း၏ ညာလက်က ကျဆင်းသွားပြီး သွေးဓား ပျောက်ကွယ်သွားသည်။ သူသည် ဂြိုဟ်ကို ဖြတ်ကျော်၍ လျှောက်လှမ်းသွား၏။ သူ ဖြတ်ကျော်သွားစဉ် သူ့ဘယ်လက်ကို ဦးခေါင်းထံ ဆန့်ထုတ်လိုက်၏။

ချက်ခြင်းပင် ထိုအမျိုးသမီး၏ဦးခေါင်းသည် ဂြိုဟ်ထံမှ ပျံသန်းကာ ဝမ်လင်းလက်ထဲ ကျရောက်သွားသည်။ ထို့နောက် သူက ၎င်းဦးခေါင်းကို သူ၏နောက်သို့ ပစ်သွင်း၍ ဆက်ထွက်ခွာလာသည်။

သူ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် ၎င်းဂြိုဟ်သည် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားလေ၏။

တိမ်ပင်လယ်ရှိ ပြင်ပနယ်မြေမှ ကျင့်ကြံသူများအတွက် အိပ်မက်ဆိုးသည် အဆုံးသပ်လာနေ၏။ ဝမ်လင်းသည် သူ၏နတ်ဘုရားအာရုံ ဝေ့ဝိုက်ဖြန့်ကျက်သော နေရာများတွင် ပေါ်လာပြီး ပြင်ပနယ်မြေမှ ကျင့်ကြံသူများအဖို့ သေခြင်းကနေ လွတ်မြောက်ဖို့ ခက်ခဲလှပေသည်။

ခုချိန်၌ ဝမ်လင်းသည် မူလစိတ်ဝိညာဉ်များ ချိပ်ပိတ်ထားသော ဦးခေါင်းများကို နောက်ကထား၍ ဆက်သွားနေသည်။ သိပ်မကြာခင်တွင် သူ့နောက်ရှိ ဦးခေါင်းအရေအတွက်မှာ ငါးသောင်းမှျ ရှိလာ၏။

မြူများအတွင်း၌ ရှိနေသောလူများကလွဲ၍ ပြင်ပနယ်မြေမှ ကျင့်ကြံသူအားလုံး၏ ဦးခေါင်းများကို ယူဆောင်ပြီးနောက် ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူ့အကြည့်က အကွာအဝေးတစ်ခုထံ မြဲမြံစွာ ကျရောက်နေ၏။ ထိုနေရာမှာ မြူများ ဝန်းရံထားသော ပြင်ပနယ်မြေသို့ ဦးတည်သည့် အပေါက်ဖြစ်လေ၏။

ထိုနေရာတွင် မြောလွင့်နေသော ကုန်းမြေတစ်ခု ရှိကာ မြန်ဆန်စွာ ရွှေ့လျားနေ၏။ ကျင့်ကြံသူထောင်ချီက ထိုကုန်းမြေကို ပြင်ပနယ်မြေသို့ ဝင်ပေါက်ထံ တွန်းနေကြခြင်းပင်။ ဝမ်လင်း လှမ်းမျှော်ကြည့်လိုက်ချိန်၌ ထိုကုန်းမြေ တစ်ဝက်ကျော်သည် ပြင်ပနယ်မြေအတွင်းသို့ ဝင်ရောက်နှင့်နေပြီး ဖြစ်သည်။

“ပြေးချင်တာလား…။ နောက်ကျလွန်းသွားပြီ…” ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သူ၏အောက်ရှိ သေခြင်းရှင်ခြင်းကို ကိုယ်စားပြုသောဘီးသည် ပျံသန်းထွက်သွားသည်။ ၎င်းသည် လေဟာနယ်ကို ချိုးဖျက်ကာ မြူများအတွင်းရှိ နောက်ဆုံးကျန်နေသောကုန်းမြေထံ ဦးတည်ဝင်ရောက်လာသည်။

“မင်းတို့အားလုံးကို ငါ့ရဲ့ သေခြင်းရှင်ခြင်းအစီအရင်မှာ စတေးဖို့ အသုံးပြုမယ်။ တိမ်ပင်လယ်ထဲမှာ သတ်တာဖြတ်တာတွေ အဆုံးသပ်မယ်…”

ချက်ခြင်းပင် ကုန်းမြေပတ်လည်ရှိ မြူထုသည် တဝီဝီလှည့်ပတ်လာပြီး သေခြင်းရှင်ခြင်းဘီးသည် ရုတ်ချည်းပေါ်လာ၏။

၎င်း ပေါ်လာသည့်နောက်တွင် အတိုင်းမသိဖိအားတစ်ခု ကုန်းမြေပေါ်သို့ ကျဆင်းလာ၏။ လင်းနို့ရုပ်တုပေါ်ရှိ အဘိုးအိုသည်။ ထိုဧရာမဘီးကြီး ဖြည်းဖြည်းချင်း လှည့်ပတ်သွားသည်ကို တွေ့မြင်သည့်အခါ သူ၏အမူအရာသည် ပြောင်းလဲသွား၏။

သေခြင်းရှင်ခြင်း တစ်ပတ်လှည့်လည်ပြီး၏။

***

All Chapters