← Chapters

အုပ်စိုးသူ ထွက်ပေါ်လာခြင်း

Vol. 124 Ch. 1707

အုပ်စိုးသူ ထွက်ပေါ်လာခြင်း

Vol. 124 Ch. 1707

ချင်းရွှေ၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူ၏မှိန်ဖျော့နေသော မျက်လုံးထံမှ သူ၏နောက်ဆုံးလက်ကျန်စွမ်းအား ပေါက်ကွဲထွက်လာသည်။ သူသည် သူ့မိဘများ၊ သူ့ဆရာ၊ သူ့ချစ်သူ၊ ကောင်းကင်ဘုံနယ်မြေမှ သူ့မိတ်ဆွေများအားလုံးကို ဆုံးရှုံးခဲ့ရပြီး ဖြစ်၏။ ဝမ်လင်းသည်ပင် သေပြီဟု ထင်မှတ်ရသည်။

သူသည် အရာအားလုံးကို ဆုံးရှုံးထားခဲ့ရပြီး ဖြစ်သည်။

သူသည် သူ၏ရှေ့ရှိ ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီးကို ဆုံးရှုံးဖို့ငှာ သူ့ကိုယ်သူ ခွင့်ပြုနိုင်တော့မည် မဟုတ်ပေ။ သူသည် ထိုအမျိုးသမီးထံမှ သူ့သမီးဖြစ်သူ၏ စိတ်ဝိညာဉ်အော်ရာကို ခံစားမိခဲ့၏။

ထိုအော်ရာသည် ချင်းရွှေကို အတော်လေး စိတ်လှုပ်ရှားစေ၏။ သူသည် အရူးအမူး ရယ်မောကာ ထိုအမျိုးသမီးကို အကြိမ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့၏။ သူမသည် သူ အသက်ရှင်ရသည့်အကြောင်းရင်း ဖြစ်လာသည့်အလား။ သူမသည် သူ၏အရာရာ ဖြစ်လာခဲ့၏။

ချင်းရွှေသည် ဒဏ်ရာအပြင်းအထန်ရထားကာ အရှင်ဟုန်ရှန်၏ အကူအညီမရှိပါက လေးဆယ့်ငါးမိနစ်ကျော် ရှင်သန်နိုင်တော့မည် မဟုတ်လျှင်ပင် သူ အသက်ရှင်နေသေးသော ထိုလေးဆယ့်ငါးမိနစ်အချိန်အတွင်း သူသည် သူ့သမီးကို မည်သည့်ဒဏ်ရာမှ ရခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ဤကား အဖေတစ်ယောက်အဖြစ် သူ လုပ်ရမည့်အရာ ဖြစ်၏။ သူသည် သူ့သမီးအပေါ် အပြစ်ရှိသလို ခံစားမိခဲ့၏။ သူမသည် သူမကို ရှာဖွေနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။

သူ့ပါးစပ်ထံမှ သားရိုင်းတစ်ကောင်လို ဟိန်းအော်သံ ထွက်ပေါ်လာ၏။ သူ့လက်ဖြင့် ပလ္လင်ကို ရိုက်ချလိုက်ရာ ပလ္လင်သည် အက်ကွဲသွား၏။ ပြင်းထန်သောတန်ပြန်ကန်အားတစ်ခု ပလ္လင်ထံမှ ထွက်ပေါ်လာသည်။

ထိုတွန်းကန်အားကို အသုံးချကာ ချင်းရွှေသည် ပလ္လင်ထံမှ တရှိန်ထိုး ထိုးထွက်ကာ အလင်းအကာအရံ တစစီဖြစ်သွားသော ဂြိုဟ်ထံသို့ ပျံသန်းသွားလေ၏။

သူ၏အမြင်မှာ ဝေဝါးနေချေပြီ။ သူသည် လောကကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ သည်အခိုက်၌ သူ မြင်နိုင်သည်မှာ ထိုဂြိုဟ်ပေါ်ရှိ အမျိုးသမီးတစ်ယောက်၏ ပုံရိပ်သာ ရှိ၏။

ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီးက ဖြူရောနေ၏။ သူမသည် အလင်းအကာပျက်စီးသွားသည့်အခါ ဗလတောင့်တောင့်လူက လေနှင့်မိုးကြိုးစွမ်းအားနှင့်အတူ တရှိန်ထိုး တိုးဝင်လာသည်ကို တွေ့မြင်လိုက်၏။ သူ၏နောက်မှ ကျင့်ကြံသူထောင်သောင်းချီမှာလည်း တရကြမ်း တိုးဝင်လာကြသည်။

သူမသည် သူမအောက်ရှိ ဂြိုဟ်မှာ အပြင်းအထန် တုန်ခါသည်ကို ခံစားမိ၏။ ထိုဂြိုဟ်သည် ဗလတောင့်တောင့်လူနှင့် သူ၏နောက်ရှိ ကျင့်ကြံသူထောင်သောင်းချီ၏ ဖိအားကို မခံနိုင်သည့်အလား စတင် ပျက်စီးသည်။

မြေပြင်ထက်၌ ချိုင့်ခွက်များစွာ ပေါ်လာ၏။ မြေပြင်ထုသည် ပင်လယ်အလား အထက်အောက် စုန်ဆန်လှုပ်ရှားသွားသည်။ သူမဘေးရှိ ကျင့်ကြံသူများက နီရဲသောမျက်လုံးများဖြင့် ရှေ့သို့ တရကြမ်း တိုးဝင်သည်။ သူတို့သည် မီးကိုတိုးသည့် ပိုးဖလံအလား ကျူးကျော်လာသူများထံ ဦးတည်၏။

လေပြင်း လှိုက်ထန်နေရင်း ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီး၏မျက်နှာသည် ဖြူရောနေ၏။ သူမ၏မျက်လုံးထဲ၌ လက်မခံနိုင်မှု အရိပ်အမြွက် ရှိနေဆဲပင်။ သို့သော် သူမသည် ထိုစိတ်ဆန္ဒကို ပြတ်ပြတ်သားသား ဖြတ်တောက်ကာ ရှေ့သို့ ခြေလှမ်းလိုက်သည်။

သူမ၏ကျင့်ကြံမှုအဆင့်မှာ မမြင့်လှပါ။ သို့သော် သူမသည် အတွင်းနယ်မြေမှ ကျင့်ကြံသူတစ်ယောက် ဖြစ်၏။

လေနှင့်မိုးကြိုးအစွမ်းဖြင့် ဗလတောင့်တောင့်လူက ညစ်ပြုံးပြုံးကာ အားနည်းလှသော အတွင်းနယ်မြေမှ ကျင့်ကြံသူအားလုံးကို လစ်လျူရှုထား၏။ ထိုအစား သူက ကြမ်းတမ်းစွာ ဖိချလိုက်သည်။

ထိုဖိချမှုနှင့်အတူ အနက်ရောင်လေပြင်းက မုန်တိုင်းအသွင် ပြောင်း၍ မရေမတွက်နိုင်သော မိုးကြိုးလုံးများ ရောယှက်သည်။ ထိုမုန်တိုင်းကနေ မိုးကြိုးနက်နဂါးတစ်ကောင်အသွင်သို့ ပြောင်းကာ အောက်ဘက်ရှိ မြေပြင်ထုထံ တရကြမ်း ဝင်လာ၏။

သူ့ရှေ့တွင် ပိတ်ဆို့နေသည့်သူမှာ ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးတစ်ယောက် ဖြစ်လေ၏။

ထိုလူက သည်မိုးကြိုးနက်နဂါး၏ ဦးခေါင်းပေါ်တွင် ရပ်နေ၏။ သူသည် ချက်ခြင်းပင် ကျင့်ကြံသူထောင်ချီကို ဖြတ်သန်းကာ ပန်းရောင်ဝတ်စုံအမျိုးသမီး၏ ပေရာချီအကွာသို့ ရောက်လာသည်။

“ပုရွတ်ဆိတ်လို ကျင့်ကြံသူတွေ…” ထိုလူက အထင်သေးဟန် လှစ်ဟပြ၏။ ထိုပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီးသည် ခုခံနိုင်ရန် အရည်အချင်း မရှိပေ။ သူ၏ပစ်မှတ်မှာ တစ်ယောက်ပြီးတစ်ယောက်သတ်၍ ဒီဂြိုဟ်ကို ဖျက်စီးပစ်ရန် ဖြစ်၏။

သို့ပေမည့် သူသည် ထိုပန်းရောင်ဝတ်စုံအမျိုးသမီးနှင့် ပေတစ်ရာအတွင်း ရောက်လာသည်နှင့် သူ၏အမူအရာမှာ အကြီးအကျယ်ပြောင်းလဲသွား၏။ သူသည် ဂြိုဟ်အစီအရင်အတွင်းရှိ ပလ္လင်ထံသို့ လှမ်းကြည့်လိုက်သည်။

ထိုပလ္လင်ထံမှ သားရိုင်းတစ်ကောင်အလား ဟိန်းအော်သံ ထွက်ပေါ်လာ၏။ ထိုအော်သံတွင် ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးနိုင်မည့် စွမ်းအားတို့ ပြည့်နှက်နေသည်။ သည်အမျိုးသမီးကို ထိခိုက်ဝံ့သူသည် အဖေတစ်ယောက်၏ ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။

“သေလိုက်တော့…” သွေးအလင်းတန်း ဖြတ်သန်းသွား၏။ မရေမတွက်နိုင်သော အနီရောင်နှင်းပွင့်များ နေရာတိုင်းကနေ ထွက်ပေါ်လာသည်။ ထိုနှင်းပွင့်များ မြန်ဆန်စွာ လှည့်ပတ်လျက် ချင်းရွှေ လှမ်းထွက်လာပြီ။

သူ၏အမြန်နှုန်းသည် အကန့်အသတ်သို့ ရောက်၏။ သူ ရူးသွပ်သွားလေပြီ။ သူ၏သတ်ဖြတ်ခြင်းအနှစ်သာရမှာ ခန္ဓာကိုယ်ကနေ ပေါက်ကွဲထွက်လာသည်။ ကျယ်လောင်စွာ တုန်ဟည်းသံများကြောင့် အဝေးတွင် တိုက်ခိုက်နေသောသူများပါ လှမ်းမျှော်ကြည့်လာ၏။

ဗလတောင့်တောင့်လူ၏ အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူသည် ချင်းရွှေကို သိ၏။ ချင်းရွှေမည်မျှ သန်မာသည်ကို သိသည်။ နိဗ္ဗာနလေဟာနယ်အဆင့် ကျင့်ကြံသူတိုင်းနီးပါးသည် ချင်းရွှေ၏ ပြိုင်ဘက် မဖြစ်နိုင်ကြပေ။ သည်အခိုက်၌ သူသည် ဂြိုဟ်ကို ဖျက်စီးမည့်အကြံကို ရပ်တန့်ကာ မိုးကြိိုးနက်နဂါးကို ချင်းရွှေအတွက် ပြင်ဆင်ထားလိုက်၏။

သို့ရာတွင် သည်အပြုအမူက ချင်းရွှေ၏ ရူးသွပ်မှုကို အထွတ်အထိပ်သို့ ရောက်ရှိသွားစေ၏။

ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးက သူနှင့် နီးကပ်လွန်းနေသည်။ သည်အခိုက်တွင် မိုးကြိုးနဂါးက ခေါင်းမော့လာကာ သူမကို ထိမိတော့ပေမည်။ သည်လောကရှိ မည်သူကမျှ သူတို့နှစ်ယောက်ကြားရှိ ပတ်သတ်မှုကို မသိကြပေ။ ဝမ်လင်းသည်ပင် မသိပေ။ ချင်းရွှေကိုယ်တိုင်သာ နားလည်ထားသည်။

ဤအခိုက်တွင် ချင်းရွှေ၏ မျက်လုံးသည် ချင်းချင်းနီနေ၏။ သူ ချက်ခြင်း နီးကပ်လာသည်။ သူသည် စိတ်ရှုပ်ထွေးနေသော ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီး ရှေ့သို့ ရောက်လာကာ နဂါးကို ဖမ်းကိုင်လိုက်သည်။ ထို့နောက် ၎င်းကို ဘေးသို့ ကြမ်းတမ်းစွာ ပစ်ထည့်လိုက်၏။

“ငါ့အတွက် သေလိုက်တော့…”

ချင်းရွှေသည် မိုးကြိုးနက်နဂါးကို ဖမ်းကိုင်လိုက်ချိန်၌ မရေမတွက်နိုင်သောသ အနီရောင်နှင်းပွင့်များ စုစည်းသည်။ အက်ကွဲသံများ ပဲ့တင်ထပ်ကာ ထိုနဂါး၏ခန္ဓာကိုယ်သည် တောင့်တင်းသွား၏။

သူ၏လက်ထံမှ အသန်မာဆုံးသတ်ဖြတ်သူနှလုံးသား ပေါက်ကွဲထွက်လာကာ ယင်းမိုးကြိုးနဂါးထံ ဝင်ရောက်သည်။ မိုးကြိုးနဂါး၏ခန္ဓာကိုယ်တွင်း၌ ကျယ်လောင်စွာ မြည်ဟည်း၍ ၎င်းသည် ပျက်စီးရသည်။

ဗလတောင့်တောင့်လူသည် သွေးအန်ကာ နောက်သို့ အလန့်တကြား ဆုတ်၏။ သို့ပေမည့် ချင်းရွှေက သူ့ရှေ့သို့ ချက်ခြင်း ရောက်လာ၏။ သူ့လက်ဖြင့် ကြမ်းတမ်းစွာ ခုတ်ပိုင်းချလိုက်သည်။

ထိုခုတ်ပိုင်းချက်သည် ဗလတောင့်တောင့်လူ၏ စဉ်းစားဉာဏ်ကိုပါ ဆုံးရှုံးသွားစေ၏။ သူသည် အသက်အန္တရာယ်ကို ခံစားမိလိုက်ပြီး သေရတော့မည်ကို နားလည်သည်။ ချင်းရွှေ၏လက်ထဲ၌ သတ်ဖြတ်ခြင်းအနှစ်သာရ ပမာဏများစွာ ပါဝင်သည်။

ကျယ်လောင်စွာ မြည်ဟည်းသံတို့ ပေါ်ထွက်နေရင်း ထိုလူသည် အကြိမ်များစွာ သွေးအန်ကာ ပေထောင်ချီနောက်သို့ လွင့်ထွက်သွားသည်။ သူ၏နှဖူးပေါ်တွင် ဒဏ်ရာတစ်ခု ပေါ်လာပြီး သူ့ဝမ်းဗိုက်ထိ ချဲ့ကားလေ၏။ သူသည် ထက်ပိုင်းပြတ်တော့မည့်အလား။

သို့သော် သူ၏ခန္ဓာကိုယ်မှာ ထက်ပိုင်း မဖြတ်ခံရပေ။ ဒေါသပြည့်လျှံသော သတ်ဖြတ်ခြင်းစွမ်းအင်သည် သည်တိုက်ခိုက်မှုအတွင်း ရုတ်တရက် လျော့ပါးကာ ပျောက်ကွယ်သွားသည်။

ဗလတောင့်တောင့်လူသည် သေပြီဟု တွေးကာ သူ၏မျက်နှာမှာ ဖြူရောနေ၏။ သူသည် အပေါ်သို့ မော့ကြည့်လိုက်ရာ သွေးနက်များအန်၍ နောက်လွင့်စင်သွားသော ချင်းရွှေကို မြင်လိုက်ရသည်။

ချင်းရွှေသည် သူ၏သတ်ဖြတ်ခြင်းတိုက်ကွက်ကို အဆုံးမသပ်လိုက်နိုင်ပေ။ သူ၏ခန္ဓာကိုယ်သည် ဆက်၍ တောင့်မခံနိုင်တော့ပေ။ သည်အခိုက်၌ သူသည် သေအံ့မူးမူး ဖြစ်နေပြီ။ သူ၏ခန္ဓာကိုယ်ကို ပန်းရောင်ဝတ်စုံဖြင့်အမျိုးသမီးက ဖမ်းထိန်းထားပေး၏။

သူ့သမီး၏လှပသောမျက်နှာကို ကြည့်ကာ ချင်းရွှေ၏မျက်လုံးထံမှ မျက်ရည်တို့ စီးကျလာသည်။

ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် စိတ်ရှုပ်နေမိ၏။ သူမသည် အောက်နှုတ်ခမ်းကို တင်းတင်း ကိုက်ထားသည်။ သူမသည် ချင်းရွှေ ဘာကြောင့် ထိုသို့လုပ်ပေးသည်ကို နားမလည်နိုင် ဖြစ်ရ၏။ သူမသည် ထိုသူ၏အဆင့်အတန်းက မြင့်မားလှသည်ဟုသာ သိထားသည်။

ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးက တိုးညင်းစွာ မေးလိုက်သည်။ “ဘာကြောင့်လဲ…”

ထိုအခိုက်အတန့်တွင် လေနှင့်မိုးကြိုးနှင့်အတူ ဗလတောင့်တောင့်လူသည် မာန်သွင်းလိုက်၏။ သူ၏မျက်လုံးထဲ၌ ပျော်ရွှင်မှု၊ သတ်ဖြတ်လိုမှုတို့ဖြင့် သူသည် နီးကပ်လာသည်။

တစ်ချိန်တည်းမှာ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်ကာ မူပင်းမေ၏ ပတ်လည်ရှိ အလင်းအကာသည် ပျက်စီးသွားသည်။ မကောင်းဆိုးဝါးဆန်သော လူငယ်က ရယ်မောကာ အစီအရင်အတွင်းသို့ လှမ်းဝင်လာသည်။ သူသည် သူ့ကို အေးစက်စက် စိုက်ကြည့်နေသော မူပင်းမေထံ လှမ်းလာသည်။

“ချိပ်ပိတ်နယ်မြေအရှင်ရဲ့ အမျိုးသမီးက ဒီအရှင်ကို တော်တော်လေး ကျေနပ်မှု ပေးနိုင်လောက်မှာ…”

မူပင်းမေ၏မျက်လုံးထဲတွင် သေဖို့ ဆုံးဖြတ်ထားမှု လှစ်ဟပေါ်လာ၏။ နတ်ဘုရားကလန်မှ လူများသည် တရှိန်ထိုးထွက်လာကာ သူတို့၏ရန်သူနှင့်အတူ သေရန် အသင့်ပြင်ကြသည်။

ထိုအခိုက်တွင် ဂြိုဟ်အစီအရင်၏အပြင်ဘက်၌ ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီး၊ ပြင်ပနယ်မြေမှ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်နေသော အရှင်ဟုန်ရှန်တို့သည်လည်း အသေအကြေ ရုန်းကန် တိုက်ခိုက်နေရသည်။

ထိုသေရေးရှင်ရေးက ဒီတိုက်ပွဲကို အဆုံးသပ်သွးနိုင်သည်။ ဂြိုဟ်အစီအရင်၏အထက်၌ ဒီကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ဖိနှိပ်နိုင်သော ဖိအားတစ်ခု ပေါ်လာသည်။ ထိုဖိအားသည် ဒီကြယ်အဖွဲ့အစည်းအနှံ့သို့ ပျံ့လွင့်ကာ အတွင်းနယ်မြေရှိ ကျင့်ကြံသူတိုင်း၏ စိတ်နှလုံးကို လှုပ်ခါစေသည်။ ပြင်ပနယ်မြေမှ ကျင့်ကြံသူ ထောင်သောင်းချီက တက်ကြွမြူးထူးစွာ ဟစ်အော်လိုက်ကြသည်။

ထိုမရေမတွက်နိုင်သောလူများ၏အကြည့်အောက်၌ ဂြိုဟ်အစီအရင်၏အထက်တွင် ဧရာမအက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းတွင်းမှ ထွက်ပေါ်လာသော အော်ရာမှာ ပြင်ပနယ်မြေမှ ဖြစ်၏။ ယင်းထံမှ ဧရာမနန်းတော်တစ်ခု ပျံသန်းထွက်လာသည်။

ထိုနန်းတော်ကို မရေမတွက်နိုင်သော ပြင်ပနယ်မြေမှ ကျင့်ကြံသူများက ပူဇော်သမှု ပြုကြ၏။ ယင်းကား သူတို့၏ တော်ဝင်ကျောင်းဆောင်၊ အုပ်စိုးသူ၏ နန်းတော်ပင်။

အုပ်စိုးသူသည် အတွင်းနယ်မြေထဲသို့ သူ၏ မူလခန္ဓာကိုယ်နှင့် ဝင်ရောက်လာခဲ့လေပြီ။ အုပ်စိုးသူက ဝတ်ရုံနက်ကို ဝတ်ဆင်ကာ နန်းတော်၏ထိပ်တွင် မားမားရပ်နေသည်။ သူ၏မျက်နှာကိုမူ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သို့သော် သူ၏ သွေ့ခြောက်သောလက်ကိုမူ မြင်ရနိုင်၏။ ထိုလက်သည် အရိုးအလား ခြောက်ကပ်နေ၏။ သို့သော် ၎င်းလက်က အဖျက်အစီးအော်ရာကို ထုတ်လွှတ်နေသည်။

သူ လက်မြှောက်ကာ အရှင်ဟုန်ရှန်၊ ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီး၊ ချင်းလင်တို့ပေါ်သို့ ဖိချလိုက်၏။

“အရာအားလုံး ပြီးသွားပြီ…” အုပ်စိုးသူထံမှ ရှေးကျကာ ရှတတအသံ ထွက်ပေါ်လာ၏။ သူ ထိုသို့ ပြောလိုက်ရင်း ဧရာမလက်ဝါးရာတစ်ခု ပေါ်လာသည်။

ထိုလက်ဝါးရာသည် ဟင်းလင်းပြင်ထံမှ အလင်းကိုပါ ဖုံးလွှမ်းသွား၏။ ၎င်းသည် အောက်ဘက်ရှိ ဂြိုဟ်အစီအရင်ပေါ်သို့ ကျဆင်းလာသည်။

ဟင်းလင်းပြင် ပျက်စီးသွားပြီး အတွင်းနယ်မြေရှိ ကျင့်ကြံသူတိုင်း စိတ်နှလုံးထဲ၌ ဖိနှိပ်ခံရသောခံစားမှုများ ပြည့်လာသည်။ ထိုခံစားချက်သည် မျှော်လင့်ချက်မဲ့ခြင်းသို့ ပြောင်းလဲ၏။

ထိုလက်ဝါးအောက်တွင် လေနှင့်မိုးကြိုးအစွမ်း ပိုင်ဆိုင်သည့် ဗလတောင့်တောင့်လူသည် ချင်းရွှေနှင့် သူ့သမီးနား ရောက်လာသည်။ မကောင်းဆိုးဝါးဆန်သော လူငယ်ကလည်း မူပင်းမေတစ်ယောက်ကိုသာ ချန်ထားပြီး သူ့လမ်းရှိ လူတိုင်းကို လက်ဝေ့ယမ်းကာ လွင့်စင်ထွက်စေ၏။ သူသည် သူမထံ လျှောက်လှမ်းလာသည်။

သို့ပေမည့် ထိုသို့ သေရေးရှင်ရေး အခိုက်အတန့်၌ အလုံးစုံကောင်းကင်နှင့် တိမ်ပင်လယ်ကြားရှိ နယ်စပ်ထံမှ စူးရှရှအသံတစ်သံ ထွက်ပေါ်လာသည်။ ထိုအသံသည် ကျင့်ကြံသူတစ်ယောက်ထံမှ မဟုတ်ပေ။ မြားတစ်စင်းမှ ဖန်တီးသည့်အသံ ဖြစ်၏။

ထိုမြားချက်တွင် အဖျက်အစီး၊ ဒေါသ၊ သတ်ဖြတ်ခြင်းတို့ ပါဝင်လေ၏။ ကြောက်မက်ဖွယ် မြည်ဟည်းသံ ပဲ့တင်ထပ်ကာ အုပ်စိုးသူ၏လက်ဝါးချက်မှ အသံကို ဖိနှိပ်သွားသည်။ ဤအခိုက်တွင် ယင်းအသံသည် လောကရှိ အသံများအားလုံးကို အစားထိုးသွား၏။

ဝမ်လင်း ရောက်လာခဲ့ပြီ။

***

All Chapters