အပိုင်း(၁၇၀၈)
Vol. 124 Ch. 1708
ထိုဗလတောင့်တောင့်လူသည် ညစ်ပြုံးပြုံးကာ ချင်းရွှေနှင့် သူ့သမီးနား ရောက်လာသည်။ ချင်းရွှေ၏ မျက်လုံးသည် မှိတ်တော့မည်ပင်။ ထိုအခိုက်တွင် သူသည် အကွာအဝေးတစ်ခုထံ အကြည့်ရောက်နေ၏။ သူ၏အမြင်သည် ဝေဝါးနေသော်လည်း သူ့စိတ်ထဲကနေ ရင်းနှီးသောခံစားမှုတစ်ခုကို ရလိုက်၏။
ထိုရင်းနှီးသောအော်ရာကို သူ့ညီ၊ သူ၏ဂျူနီယာညီ ပိုင်ဆိုင်ပေ၏။
သူ့ကို ဆုပ်ကိုင်ထားသော ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီးကလည်း ခေါင်းမော့လာ၏။ သူမ၏မျက်လုံးသည် လုံးဝ တောက်ပကာ ရှေ့တည့်တည့်သို့ ကြည့်သည်။
ဗလတောင့်တောင့်လူသည် တုန်ယင်သွားကာ ရုတ်ချည်း လှည့်ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာသည်။
နောက်ထပ်ဂြိုဟ်တစ်ခုပေါ်တွင် မူပင်းမေ၏ ခန္ဓာကိုယ်သည် တုန်ယင်လျက် မျှော်လင့်ချက်မဲ့နေပြီ ဖြစ်၏။ ထိုစဉ် သူမ၏မျက်လုံးသည် ရုတ်တရက် လင်းလက်သွားရာ သူမသည် အလွန်လှသည့်ပုံ ပေါ်သွား၏။
သူမ၏မျက်နှာထက်၌ ပျော်ရွှင်သည့်အပြုံးတစ်ခု ပေါ်လာ၏။ သူမဘဝ၌ ပျော်ရွှင်ရသည်မှာ ရှားပါးလှ၏။ သူမ သိပေသည်။ သူမက သူ မသေသေးသည်ဟု ယုံကြည်ထားသည်။
မူပင်းမေနှင့် ပေတစ်ရာပင် မလိုတော့သော မကောင်းဆိုးဝါးလူငယ် တောက်ဖေရှန်သည် အော်ရာတစ်ခုကို ခံစားမိကာ သူ၏ဦးရေပြားပါ ထုံထိုင်းမိသွား၏။ သူသည် မူပင်းမေမျက်နှာပေါ်ရှိ ညင်သာပျော်ရွှင်ဟန်အပြုံးကို မြင်သည်။ သူသည် ဝမ်လင်းကို လုံးဝ မမြင်ဖူးခဲ့သော်လည်း သူ့စိတ်မှာ တုန်ခါသွားပြီး သူ၏စိတ်ထဲ၌ ကြောက်မက်ဖွယ် ထင်မြင်ချက်တစ်ခု ပေါ်လာ၏။
ရုတ်တရက် သူသည် နောက်လှည့်ကြည့် လိုက်၏။
နောက်ထပ် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုပေါ်၌ ဝမ်လင်းသိသော လူများလည်း ရှိနေကြ၏။ ထိုသူများမှာ ရှီဇီဖန်၊ ကျန်းကုန်းလီ၊ ရှန်းကုန်းဟူ၊ အရှင်မီးတောက်နှင့် တခြားသူများစွာ ပါဝင်သည်။ သူတို့အားလုံးသည် အကွာအဝေးတစ်ခုထံ အကြည့်ရောက်နေ၏။ သူတို့က လေဟာနယ်ကို ထွင်းဖောက်လာသော အစွမ်းထက်မြားတစ်စင်းကို တွေ့မြင်သည်။
သည်မြားက ပေထောင်သောင်းချီ ရှည်လာျးကာ ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးပစ်နိုင်သည့်စွမ်းအား ပိုင်ဆိုင်ထားသည်။ မြားထိပ်သည် စက်ဝန်းတစ်ခုအသွင် ရှိကာ ၎င်းသည် ဟင်းလင်းပြင်ကို မြည်ဟည်း၍ ဖြတ်သန်းလာ၏။ ၎င်း၏ရှေ့တွင် ဟင်းလင်းပြင်ပါ ပျက်စီးရသည်။ မည်သည့်အရာကမျှ ၎င်းကို မတားဆီးနိုင်ပေ။
မြားထိပ်တွင် လူတစ်ယောက် ရှိ၏။ ထိုသူသည် တခေါင်းလုံး ဆံပင်ဖြူရှိကာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏နောက်တွင် နီးကပ်စွာ မလှုပ်မယှက် ကပ်ပါလာသော ဘီးနှစ်ဘီးလည်း ရှိသည်။
ထိုအခိုက်တွင် ချင်းလင်၊ အရှင်ဟုန်ရှန်နှင့် ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီးတို့သည် အကွာအဝေးတစ်ခုထံမှ ကြောက်မက်ဖွယ်မြားတစ်စင်း နီးကပ်လာသည်ကို လှမ်းကြည့်လိုက်ကြ၏။
ချင်းလင်၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှု ပြည့်နှက်သွား၏။ သူသည် ထိုမြားကို ရင်းနှီးသလို ခံစားမိကာ ခပ်ရေးရေး သိရှိသွားသည်။ သို့သော် သူသည် စိတ်ကူးမကြည့်ဝံ့ပေ။
အရှင်ဟုန်ရှန်မှာလည်း လုံးဝ မင်သက်နေ၏။ ဝမ်လင်းသည် မသေသည့်အပြင် သူ၏ကျင့်ကြံမှုအဆင့်ကပါ ဒီမျှအဆင့်ထိ ရောက်လာခဲ့လေပြီ။ သူသည် ဒီနေရာသို့ အံ့မခန်းနည်းလမ်းဖြင့် အကြမ်းပတမ်း ရောက်လာခဲ့သေးသည်။
အတွင်းနယ်မြေမှ ကျင့်ကြံသူများ၏ တုန်လှုပ်မှုသည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများ ခံစားရသည်ကို မယှဉ်နိုင်ပေ။ ထိုအခိုက်တွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်သောင်းချီ၏ စိတ်များသည် တုန်ယင်ကုန်၏။ သူတို့၏မျက်လုံးထဲတွင် အကြောက်တရားနှင့် ပြည့်သည်။ အချို့က ဝမ်လင်းကို သိကြ၏။ သူတို့သည် ကြောက်လန့်နေသည်။
အထူးသဖြင့် ဝမ်လင်းကို သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သော ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများမှာ ထိတ်လန့်တကြား လှည့်ကြည့်လာ၏။
“ဝမ်လင်း…”
“သူ မသေသေးဘူးပဲ…”
“ဒါဟာ လီကောင်းရဲ့ မြားပဲ…” မြားကို ကိုယ်တိုင်ကြုံဖူးသည့် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှစ်ယောက်၏ အမူအရာများသည် ကြီးစွာ ပြောင်းလဲသွားသည်။
အဖြစ်အပျက်များသည် မြန်ဆန်လှ၏။ မြားသည် တဝီဝီမြည်ကာ အကွာအဝေးတစ်ခုထံမှ နီးကပ်လာသည်။ ၎င်းမြား ဖြတ်သန်းသွားသည် ကြယ်နယ်မြေတိုင်း ပျက်စီးရကာ ထာဝရတည်ရှိလေမည့်အလား ဧရာမချိုင့်နက်ကြီးတစ်ခု ဖြစ်ပေါ်သည်။ ထိုချိုင့်နက်သည် နယ်စပ်မှသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းထိ ရှိလေ၏။
ထိုမြားတွင် ဝမ်လင်း၏ဒေါသနှင့် သူ၏သတ်ဖြတ်လိုစိတ် ပါဝင်သည်။ ၎င်းသည် ချက်ခြင်းပင် အုပ်စိုးသူနန်းတော်၏ အပြင်ဘက်ရှိ လက်ဝါးထံသို့ ဦးတည်သည်။
ဤကား ဝမ်လင်းသည် အုပ်စိုးသူနှင့် ထိပ်တိုက် တိုက်ခိုက်ခြင်းပင်။
အဖြစ်အပျက်များသည် လျှပ်စီးထက် မြန်နေ၏။ လူတိုင်း တုန်လှုပ်နေစဉ် ထိုမြားသည် ဆင်းသက်လာသော လက်ဝါးရာထံ နီးကပ်သွား၏။
ဤအခိုက်တွင် လူတိုင်း၏အကြည့်သည် ဝမ်လင်းထံ စုဝေးနေသည်။ ပြင်ပနယ်မြေမှ ကျင့်ကြံသူများ၊ အထူးသဖြင့် တတိယအဆင့် ကျင့်ကြံသူများသည် သူ့ထံ အာရုံစိုက်လာကြ၏။
ထိုသူတို့၏အကြည့်များအောက်တွင် တဝီဝီမြည်ဟည်းကာ တိုးဝင်လာသော မြားသည် အုပ်စိုးသူ၏ လက်ဝါးချက်နှင့် ထိပ်တိုက်တွေ့သည်။
ထိုအခါ လက်ဝါးရာသည် ပြင်းထန်စွာ တုန်ခါကာ ခုနစ်ရောင်စုံအလင်း ပေါက်ကွဲထွက်သည်။ ထိုခုနစ်ရောင်စုံအလင်းသည် တောက်ပ၏။ သို့သော် ၎င်းသည် မြားကို ဖိနှိပ်နိုင်ခြင်း မရှိပေ။
ကျယ်လောင်စွာ တုန်ဟည်းသံများ အရူးအမူး ပဲ့တင်ထပ်ကာ တစ်ခါမျှ မဖြစ်ဖူးသော တုန်ခါလှိုင်းအဆင့်သို့ ရောက်၏။ ထိုတုန်ခါလှိုင်းသည် အဘက်ဘက်သို့ ပျံ့နှံ့ကာ လက်ဝါးရာသည် အပြင်းအထန် တုန်ခါ၍ ပျက်စီးသွားသည်။
ထိုလက်ဝါးရာ ပျက်စီးသွားသည့်အခါ တုန်လှုပ်ဖွယ်မြားသည် ၎င်းကို ထွင်းဖောက်သွားသည်။ ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်ဟု ထင်မှတ်ရသည်။ လူတိုင်းသည် အသက်ရှုထုတ်မိကာ အတွင်းနယ်မြေ ရင်ဆိုင်နေရသော အန္တရာယ်သည် လွင့်ပါးပျောက်ကွယ်သွား၏။ ၎င်းမြားသည် အက်ကြောင်းတွင်းမှ ထွက်လာသော နန်းတော်ထံ ပျံသန်းဝင်လာသည်။
နန်းတော်အပေါ်၌ အုပ်စိုးသူ၏ ဝတ်ရုံနက်သည် လေပြင်းကြောင့် လွင့်ဝဲသွားကာ သူ၏ ခြောက်ကပ်ကပ်ခန္ဓာကိုယ် လှစ်ဟပေါ်သည်။ ဤအခိုက်တွင် သူ့မျက်နှာမှာ ရှုံ့တွသွားပြီး သူ၏မျက်လုံးထဲတွင် ဖြစ်တောင့်ဖြစ်ခဲ ရူးသွပ်မှုအရိပ်အယောင် ပြည့်နှက်သည်။
“ဒီအဘိုးအိုဟာ မင်းရဲ့ လက်ထဲမှာဆို လီကောင်းရဲ့မြားက ငါ့ကို သတ်ဖို့ထိ လုံလောက်တဲ့စွမ်းအား ဖန်တီးနိုင်မယ်ဆိုတာ မယုံဘူး…” အုပ်စိုးသူသည် မာန်သွင်းကာ မြားကို ရင်ဆိုင်တွေ့ရန် ရှေ့သို့ လှမ်းသည်။
ချက်ခြင်းပင် အုပ်စိုးသူ၏ခန္ဓာကိုယ်သည် မြားထိပ်ရှေ့၌ ပေါ်လာ၏။ သူသည် သူ၏ခြောက်ကပ်သောညာလက်ကို ဝေ့ယမ်းလိုက်ရာ ခုနစ်ရောင်စုံအလင်းလိုက်ကာစတစ်ခု ပေါ်လာသည်။ ၎င်းသည် မြားနှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ကြယ်နယ်မြေအနှံ့ ပဲ့တင်ထပ်လေ၏။ ခုနစ်ရောင်စုံအလင်းမျက်နှာပြင်သည် မြားနှင့်ထိမိသည်နှင့် အဝါ၊လိမ္မော်၊ အနီနှင့်အစိမ်း အရောင်များ ချက်ခြင်း ပျက်စီးသွားသည်။ ထို့နောက် အပြာ၊ မဲနယ်၊ ခရမ်းရောင်များသည် တွန့်ခေါက်ပုံပျက်ကာ ပျက်စီးခြင်း ဆိုက်၏။
ခုနစ်ရောင်စုံအလင်းကာသည် သည်မြားကို ရပ်တန့်နိုင်စွမ်း မရှိပေ။ ဝမ်လင်း၏ ကျင့်ကြံမှုအဆင့်သည် အုပ်စိုးသူကို တိုက်ခိုက်နိုင်သည့်ထိ လုံလောက်အောင် မမြင့်မားလှပါ။ သို့သော် သည်လောက၌ ဒီမြားကို ရပ်တန့်နိုင်သည့်သူမှာ အနည်းငယ်မျှသာ ရှိသည်။ အုပ်စိုးသူသည် ထိုအနည်းငယ်သောလူထဲတွင် မပါဝင်ပေ။
အုပ်စိုးသူသည် နောက်သို့ ဆက်တိုက် ဆုတ်နေရ၏။ သူ၏အနက်ရောင်ဝတ်ရုံ လက်အိုးမှာ တစစီဖြစ်ကာ သူ၏သွေ့ခြောက်သောလက်နှစ်ဖက် လှစ်ဟပေါ်၏။ သူသည် သုန်မှုန်စွာ နောက်ဆုတ်နေ၏။ သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်လိုက်၏။
ထိုသွေးတွင် ရွှေရောင်အငွေ့အသက် ပါဝင်ကာ ချက်ခြင်းပင် ကောင်းကင်ဘုံသွေးမျိုးဆက် စွမ်းအားနှင့်အတူ ပေါက်ကွဲထွက်သည်။ သူ၏ရှေ့တွင် ရွှေရောင်နေတစ်စင်း ပေါ်လာပြီး မူလဥပဒေသသည် ဒီကြယ်နယ်မြေကို ခြုံလွှမ်းလာ၏။
“ဒီအဘိုးအို မယုံနိုင်ဘူး…” အုပ်စိုးသူသည် သူ့ရှေ့ရှိ ရွှေရောင်နေမင်းကို မြားထံသို့ တွန်းထုတ်လိုက်၏။
“ဒီနေရာကနေ ထွက်သွားစမ်း…အစေခံကောင်လေး…” ဝမ်လင်း၏အသံ ပဲ့တင်ထပ်လာချိန်၌ မြားသည် ရွှေရောင်နေမင်းနှင့် ထိပ်တိုက်တွေ့သည်။
ပြင်းထန်သောအသံလှိုင်းတစ်ခု ပျံ့လွင့်၏။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် နားစည်များကွဲ၊ သွေးများ ပန်းထွက်၍ အော်ဟစ်ကုန်၏။ ရွှေရောင်နေမင်းသည် အပြင်းအထန် တုန်ခါသည်။ ၎င်းသည် ရှေ့သို့ တစ်စက်လေးပင် မတိုးသာတော့ပေ။ အုပ်စိုးသူပင် နေမင်းကို တွန်းထားလျက် နောက်သို့ ဆုတ်ရလေ၏။
အဆုံးသပ်၌ ကျယ်လောင်စွာ မြည်ဟည်းကာ နေမင်း ပေါက်ကွဲသွားပြီး ပြင်းထန်သောဖိသိပ်အားကို ဖြစ်ပေါ်သွားစေသည်။ သို့ပေမည့် ၎င်းသည် တစစီ မဖြစ်သွားပေ။ သို့ပင်ငြားလည်း မြား၏ဖိအားအောက်၌ ၎င်းနေမင်းပေါက်ကွဲမှုက အုပ်စိုးသူထံ အရှိန်ဖြင့် ဝင်ရောက်လေ၏။
အုပ်စိုးသူသည် သွေးအန်လိုက်ရ၏။ သူ့ပတ်လည်ရှိ ဝတ်ရုံနက်မှာ တစစီ ဖြစ်သွား၍ သူ၏ခြောက်သွေ့သော ခန္ဓာကိုယ် လှစ်ဟပေါ်လာသည်။ သူသည် နောက်သို့ လွင့်ထွက်ကာ သူ၏နန်းတော်နှင့် ဝင်ဆောင့်လေ၏။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ နန်းတော်ပေါ်၌ အက်ကြောင်းများ ပေါ်သည်။ တစ်ချိန်တည်းမှာ မြားသည် နီးကပ်လာ၏။ ၎င်းသည် နန်းတော်နှင့် ထိမိတော့မည့် အခါတွင် အုပ်စိုးသူသည် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ၏ရှေ့၌ ဧရာမရေတွင်းတစ်ခု ရုတ်တရက် ပေါ်လာလေ၏။ သည်ရေတွင်း၌ ကိုယ်ပိုင်လောက ပါဝင်ကာ အတိုင်းမသိဟင်းလင်းပြင်ကော ပိုင်ဆိုင်ထားသည်။
ထိုရေတွင်းမှာ အုပ်စိုးသူ၏ ဒုတိယမြောက် အပူဇော်ခံမီးတောက်နယ်မြေ ဖြစ်၏။ ၎င်းမှာ အတိတ်တုန်းက အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ အရူး သူ့ကို ပေးခဲ့သော ရတနာတစ်ခုလည်း ဟုတ်သည်။ သူ ၎င်းကို ထုတ်ဖော်လိုက်သည်နှင့် မြား ကျရောက်လာတော့သည်။
ရေတွင်းသည် ထောင်မတ်စွာ ရှိနေ၏။ ရေမျက်နှာပြင်သည် လှိုင်းဂယက်များ ထသွားသည်။ သည်အခိုက်တွင် မြားနှင့် တစ်ပုံစံတည်း ပုံစံတူမြားတစ်စင်း ပေါ်လာလေ၏။
ယင်းပုံရိပ်ယောင်မြားသည် ရေတွင်းထံမှ ထိုးထွက်ကာ လီကောင်း၏မြားထံ တိုးဝင်လာသည်။ ယင်းမြားနှစ်စင်း ထိပ်တိုက်တွေ့သည်နှင့် ပုံရိပ်ယောင်မြားသည် ပျက်စီးသွားပြီး အုပ်စိုးသူသည် သွေးအန်လိုက်ရပြန်သည်။ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်လာ၏။
“မင်းဟာ သခင်ရဲ့ အင်မောတယ်ခန္ဓာကိုယ်ကို အသုံးပြုနေတာပဲ။ အင်မောတယ်ကောင်းကင်ခန္ဓာကိုယ်ဟာ အလွန်အဖိုးတန်တယ်။ မင်း တစ်သက်မှာ ဒါကို ရဖို့ တစ်ကြိမ်ပဲ အခွင့်အရေး ရှိနိုင်မှာ။ မင်း ဒါကို တကယ်ပဲ လက်လွှတ်ပြီး အခုလိုမျိုး ဖြုန်းတီးပစ်ချင်တာလား…။ ဒါပေမဲ့ မင်း ဒီမြားကို ဘယ်နှစ်ကြိမ်များ ပစ်နိုင်မှာ မလို့လဲ။ နှစ်ကြိမ်အများဆုံးပဲလို့ ငါ ပြောလိုက်မယ်။ မင်း နောက်ထပ် နှစ်ကြိမ်ပစ်ပြီးရင် မင်းဘဝမှာ ဘယ်တော့မှ ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာနိုင်တော့မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံသွေးမျိုးဆက်ရှိရင် မင်းဟာ အလကားကောင်ပဲ၊ ပုရွတ်ဆိတ်တစ်ကောင်ပဲ…”
မြား သူ့အပေါ်သို့ ကျရောက်လာကာ ထိုစွမ်းအာက သူ၏ခန္ဓာကိုယ်တွင်းသို့ ကူးပြောင်းဝင်ရောက်လာသည့်အခါ၌ အုပ်စိုးသူ၏စကားလုံးများသည် နှောက်ယှက်ခြင်း ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် ပျက်စီးသွား၏။ သူ့နောက်မှ နန်းတော်ပါ သူနှင့်အတူ ပျက်စီးပြိုလဲသည်။
ထိုနန်းတော်သည် ရှေးဟောင်းအချိန်များတည်းက တည်ရှိခဲ့ရာ ပြင်ပနယ်မြေ၏ စိတ်ပိုင်းဆိုင်ရာ ထောက်တိုင်တစ်ခု ဖြစ်၏။ ပြင်ပနယ်မြေ ကျင့်ကြံသူများအတွက် ထိုနန်းတော်သည် လုံးဝ မဖျက်စီးနိုင်သည့် တော်ဝင်နေရာတစ်ခု ဖြစ်နေသည်။
သို့ပေမည့် ထိုအခိုက်အတန့်တွင် သူတို့သည် သူတို့ရှေ့၌ နန်းတော် ပျက်စီးသွားသည်ကို ကြည့်နေရလေပြီ။ ထိုနန်းတော်သည် အပိုင်းပိုင်းအစစ ပြိုကွဲကာ ပေါက်ကွဲထွက်သွား၏။
အုပ်စိုးသူလည်း ဖယ်ရှားခံလိုက်ရသည်။ အသက်ခံရလိုက်ရခြင်းပင်။ နန်းတော်သည်လည်း ပျက်စီးသွားပြီ။ လောကသည် အရောင်များ ပြောင်းလဲသွား၏။
သို့သော် အုပ်စိုးသူသည် လုံးဝ သေဆုံးသွားခြင်း မဟုတ်ပေ။ သူ၏ခန္ဓာကိုယ် ဖျက်စီးခံလိုက်ရသည့်အခိုက်၌ မြားထံမှ စွမ်းအားများလည်း လွင့်ပါးသွားရင်း သူ၏ ပျက်စီးသွားသော အသွေးအသားတို့မှာ စတင် ရွှေ့လျားလှုပ်ရှားကာ မြန်ဆန်စွာ စုဝေး၍ သူ၏ခန္ဓာကိုယ်သည် အက်ကြောင်းအပြင်ဘက်၌ ပြန်ဖွဲ့စည်းသည်။
“ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ရဲ့ သုံးဘဝမန္တာန်…” ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။
ပြန်ရှင်သန်လာသော အုပ်စိုးသူ၏အမူအရာမှာ ဖြူရောနေ၏။ သူသည် နှေးဖင့်မနေဘဲ နောက်သို့ ဆုတ်ကာ အက်ကြောင်းအတွင်းသို့ ပြန်ဝင်ရောက်သည်။ သူ၏ညာလက်ကို သူ့နောက်သို့ ဆန့်ထုတ်လိုက်ရာ ထိုအက်ကြောင်းသည် ပျက်စီးသွားလေ၏။ သူ၏ ထွက်ပြေးသွားရသော ပုံရိပ်သည် အတော်လေး အရှက်ရစရာပင်။
တုန်ဟည်းသံများ ရှိနေဆဲပင်။ ထိုအသံနှင့်အတူ ကျင့်ကြံသူထောင်သောင်းချီသည် ငြိမ်သက်တိတ်ဆိတ်သွား၏။ သူတို့၏အကြည့်များက ဝမ်လင်းထံသို့သာ ကျရောက်နေသည်။
ထိုမြားသည် အလွန့်ကို တုန်လှုပ်ဖွယ် ကောင်းလှ၏။
ပြင်ပနယ်မြေမှ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သော အဘွားအိုသည် ဖြူရောနေ၏။ သူမ၏မျက်လုံးထဲတွင်လည်း ကြောက်လန့်မှုတို့ ကြီးစိုးနေသည်။ ထိုမြားသည် သူမကို လုံးဝ ထိတ်လန့်စေ၏။
ဝတ်ရုံနက်အဘိုးအိုမှာလည်း အလားတူပင်။ သူသည် မြား၏စွမ်းအားကို တွေ့မြင်ရချိန်၌ သေခြင်းတရားကို မြင်တွေ့လိုက်ရသည့်အလား။
ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှစ်ယောက်လည်း ရှိသေး၏။ သူတို့၏အဆင့်အတန်းမှာ မြင့်မားလှသော်လည်း ဝမ်လင်းကို ကြည့်နေသော သူတို့၏အကြည့်ထဲ၌ ကြောက်လန့်မှုတို့ ရှိနေ၏။ သူတို့က အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှ လာရောက်ခဲ့တာ ဖြစ်လျှင်ရော ဘာဖြစ်သေးသနည်း။ သူတို့သည် လှိုဏ်ဂူလောကထဲမှ ကျင့်ကြံသူတစ်ယောက်ဟု သူတို့ ယူဆထားသော ဝမ်လင်းကို ထိတ်လန့်မိကြရသည်ပင်။
အကွာအဝေးတစ်ခု၌ ဆရာသခင်ယွင်လောသည် ထိန်းချုပ်နိုင်စွမ်းမဲ့ကာ တုန်ယင်နေ၏။ သူမ၏နေရာကနေ ဝမ်လင်း၏နောက်ကျောဘက်ကိုသာ မြင်နေရသည်။ သူမသည် ထိုပုံရိပ်ကို တရင်းတနှီး ရှိလှသည်။ သူမ ကြောက်နေမိသည်။ ဤသည်မှာ သူမ၏ ရှေ့ဖြစ်ဉာဏ်တွေ တွေ့မြင်ခဲ့ရသော လောကကို ဖျက်စီးမည့် ပုံရိပ်၏နောက်ကျောဘက် မဟုတ်လား။
“သူမဟာ ငါ့ချစ်သူ မဟုတ်ပေမယ့် သူမဟာ ငါ့သား ဝမ်ပိုင်ရဲ့ အမေ ဖြစ်နေတုန်းပဲ။ မင်း စောစောပိုင်းတုန်းက ဘာပြောခဲ့တာလဲ…” ဝမ်လင်းသည် လှည့်လာ၏။ သူ၏အကြည့်သည် ဓားသွားအလား မူပင်းမေနှင့် ပေတစ်ရာအကွာတွင် ရှိနေသော အထိတ်တလန့် ဖြစ်နေသည့် တောက်ဖေရှန်ထံ ကျရောက်လာသည်။
***