← Chapters

အင်ပါယာကိုယ်လုပ်တော်ရှစ်ယောက်

Vol. 124 Ch. 1714

အင်ပါယာကိုယ်လုပ်တော်ရှစ်ယောက်

Vol. 124 Ch. 1714

ချိပ်ပိတ်နယ်မြေအစီအရင်၏ အဟကြားတွင် ရပ်နေရင်း ဝမ်လင်းသည် ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီးကို ကြည့်လိုက်၏။ ထိုအေးတိအေးစက်အမျိုးသမီးက ဝမ်လင်းနှင့် ပေတစ်ရာအကွာတွင် ရပ်လိုက်၏။

သူမသည် တော်တော်လေး လှသည်။ မူပင်းမေလောက် မလှသော်လည်း သူမ၏အလှမှာ မင်သက်ဖို့ ကောင်းနေဆဲ ဖြစ်၏။ နေရာတွင် ရပ်နေရင်း သူမ၏ခရမ်းရောင်ဝတ်ရုံမှာ တဖျတ်ဖျတ်လွင့်နေ၏။ သူမသည် ကောင်းကင်ဘုံသားတစ်ယောက်အလား။

ထိုအမျိုးသမီးနှင့်ဝမ်လင်းက တစ်ယောက်နှင့်တစ်ယောက် ကြည့်နေကြ၏။ အချိန်အတန်ကြာပြီးနောက် သူမက အေးစက်စက်လေသံဖြင့် ပြောလာသည်။ “ဇီရှ…”

အချိန်ကြာမြင့်စွာ စကားမပြောခဲ့သည့်အလား သူမ၏အသံက တမျိုးဖြစ်နေ၏။

“နင်က လျှပ်စီးကောင်းကင်ဘုံနယ်မြေရဲ့ ကောင်းကင်ဘုံအင်ပါယာ ဇီရှလား…” ဝမ်လင်းသည် ထိုအမျိုးသမီး၏ ပုံရိပ်ကို ခပ်ရေးရေး ခန့်မှန်းမိထားပြီး ဖြစ်၏။ သူက သူ့လက်နှစ်ဖက်ကို သူမထံ ဆုပ်၍ နှုတ်ဆက်၏။

ဇီရှက အနည်းငယ်စဉ်းစားပြီးနောက် အေးစက်စက် ပြောလာပြန်သည်။ “နင် ချိပ်ပိတ်ထားတဲ့ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တောကို လက်လွှဲပေးပါ…”

ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လျက်ပင်။ သို့သော် သူ့မျက်လုံးသည် မသိမသာတောက်ပသွား၏။ သူက မျက်မှောင်ကြုတ်၍ ထိုခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးကို ကြည့်၏။ သူ့မျက်လုံးထဲ၌ အေးစက်မှု စတင်ပေါ်လာသည်။

“ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ကိုယ်လုပ်တော်ထဲမှာ နင့်အဆင့်က ဘာများလဲ…” ဝမ်လင်း၏စကားလုံးများက တုန်လှုပ်ဖို့ ကောင်း၏။ ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် မျက်မှောင်ကြုတ်သွားကာ ဝမ်လင်းကို အေးစက်စက် ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူမက ဖြည်းဖြည်းချင်း ပြောလိုက်သည်။

“ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ရှစ်ယောက်မြောက်ကိုယ်လုပ်တော်…ဇီရှ…”

ဝမ်လင်းက တည်ငြိမ်စွာ ဖြည်းဖြည်းချင်း မေးလိုက်၏။ “ငါ သတ်ခဲ့တဲ့ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ကရော ဘယ်အဆင့်လဲ…”

“နင်သတ်ခဲ့တဲ့သူဟာ ဒုတိယမြောက်ကိုယ်လုပ်တော်ပဲ။ နင်ချိပ်ပိတ်ထားခဲ့တဲသူကတော့ ငါးယောက်မြောက်။ လွတ်သွားတဲ့သူကတော့ ခြောက်ယောက်မြောက်ကိုယ်လုပ်တော်ပဲ…” ဇီရှ၏အသံက ခပ်ကြမ်းကြမ်း ဖြစ်မနေတော့ဘဲ တဖြည်းဖြည်း ချောမွတ်လာ၏။ သို့သော် အေးစက်မှုကမူ လျော့နည်းမသွားပေ။

ဝမ်လင်း၏မျက်လုံးက တလက်လက် ဖြစ်သွား၏။ သူသည် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ရှစ်ယောက်ထဲမှ အများစုနှင့် ဆုံခဲ့ဖူးပြီး ဖြစ်၏။ သည်အခိုက်တွင် သူတို့၏ပုံရိပ်များ သူ့ခေါင်းထဲ၌ ပေါ်လာ၏။ လေးယောက်မြောက်ကိုယ်လုပ်တော်မှာ ထာဆန်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့သောသူ ဖြစ်ပြီး အခု ရှေးဟောင်းသင်္ချိုင်းထဲ၌ ပိတ်မိနေကာ မလွတ်မြောက်နိုင် ဖြစ်နေ၏။

တတိယကိုယ်လုပ်တော်မှာ ဝမ်လင်းနှင့် ပတ်သတ်ဖူးသော အေးစက်စက်အမျိုးသမီး ဖြစ်၏။ သူက သူမကိုမူ ရှေးဟောင်းသင်္ချိုင်းထဲကနေ ထွက်သွားခွင့် ပေးခဲ့၏။ သူမသည် အတွင်းနယ်မြေကို ဆန့်ကျင်သည့် တိုက်ပွဲ၌လည်း မပါဝင်ခဲ့ပေ။

ဒုတိယမြောက်ကိုယ်လုပ်တော်ဟာ ပြင်ပနယ်မြေနှင့် ပတ်သတ်မှုအများဆုံးရှိသူ ဖြစ်လေ၏။ သူ သူမ၏စကားလုံးများထံမှ ရရှိခဲ့သော သဲလွန်စများအရ သူမသည် အုပ်စိုးသူနှင့် ပူးပေါင်းမှုတချို့တလေ ရှိနေသည့်ပုံပင်။ သို့သော် အဆုံးသပ်၌ သူမသည် သူ့လက်ချက်ကြောင့် သေဆုံးခဲ့ရသည်ပင်။

ဝမ်လင်း၏ အင်ပါယာမီးပြင်းဖိုထဲ၌ ချိပ်ပိတ်ထားသော ငါးယောက်မြောက်ကိုယ်လုပ်တော်လည်း ရှိသေး၏။ သူမကိုမူ လုံးဝ သန့်စင်ပစ်နိုင်ခြင်း မရှိသေးပေ။

ထွက်ပြေးသွားသော ကိုယ်လုပ်တော်မှာ ခြောက်ယောက်မြောက်ကိုယ်လုပ်တော်ဖြစ်နေခဲ့လျှင် ဝမ်လင်း မတွေ့ဖူးသည့် ကိုယ်လုပ်တော်မှာ ရှစ်ယောက်တွင် နှစ်ယောက်သာ ကျန်တော့သည်။

ထိုနှစ်ယောက်မှာ ပထမမြောက်ကိုယ်လုပ်တော်နှင့် ခုနစ်ယောက်မြောက်ကိုယ်လုပ်တော်တို့ ဖြစ်ကြ၏။

“တိမ်ပင်လယ်ရဲ့ အဟကြားထဲမှာ ငါနဲ့ သဘောတူညီမှုလုပ်ခဲ့တဲ့ အဲ့အမျိုးသမီးဟာလည်း ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်ပဲ ဖြစ်လိမ့်မယ်။ သူမက ပထမမြောက်လား၊ ခုနစ်ယောက်မြောက်လားတော့ ငါလည်း မသိဘူး…” ဝမ်လင်း၏စိတ်ထဲတွင် အတွေးတစ်ခု ဖျတ်ခနဲ ပေါ်၏။

“နင် ချိပ်ပိတ်ထားတဲ့ ငါးယောက်မြောက်အမဟာ ငါ့အတွက် အတော့်ကို တန်ဖိုးရှိတယ်။ သူမကို ငါ့ရှိ ပေးပါ…” ဇီရှ၏အေးစက်စက်လေးသံထဲ၌ မငြင်းဆန်နိုင်မည့်စိတ်ဆန္ဒတို့ အပြည့်ပါသည်။ သူမသည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ မြင့်မားသောအဆင့်အတန်းနှင့် အသားကျခဲ့သည်မှာ သိသာ၏။ ထို့ကြောင့် သူမသည် မသိစိတ်ကနေ အခုလိုပုံစံမျိုး ပြောနေခြင်းပင်။

ဝမ်လင်းက မျက်မှောင်ကြုတ်သွား၏။ သူမက အတွင်းနယ်မြေကို များစွာ ကူညီပေးခဲ့သည်ကို တွေ့ခဲ့သည့်အတွက် သူက အနည်းငယ် စဉ်းစားနေပြီး ငါးယောက်မြောက်ကိုယ်လုပ်တော်ကို ပေးဖို့ လုပ်နေ၏။

သို့ပေမည့် ထိုအခိုက်တွင် ခရမ်းရောင်ဝတ်စုံအမျိုးသမီးက ထပ်မံ ပြောလာသည်။

“ဒါ့အပြင်…နင်ဟာ ပြင်ပနယ်မြေကို သွားပြီး တခြားကိုယ်လုပ်တော်တွေကိုလည်း ဖမ်းလာပေးရမယ်။ သူတို့ကို ငါ့ရှိ ယူလာခဲ့။ သူတို့က ငါ့အတွက် အတော့်ကို အသုံးဝင်တယ်။ နင် ဒါကို တတ်နိုင်သမျှ မြန်မြန် လုပ်ရမယ်။ ဒီနေရာကို သုံးနှစ်တာ စောင့်ကြပ်နေတာဟာ တကယ်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး။ ကောင်းကင်ဘုံသားတွေ…” ထိုအမျိုးသမီးက အမိန့်ပေးသည့်လေသံဖြင့် မထူးခြားနား ပြောလာ၏။ သို့ပေမည့် သူမ၏စကားမဆုံးခင်မှာပင် ဝမ်လင်းက မျက်မှောင်ကြုတ်သွားပြီး သူ၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။

သူ့မျက်လုံးထဲရှိ အေးစက်မှုက ပို၍ အားကောင်းလာသည်။ သူက အမိန့်များပေးနေသော ဇီရှကို ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။ “တော်လောက်ပြီ…”

“နင် တောင်းဆိုနေတာ များလွန်းပြီ…”

“အဓိပ္ပာယ်မရှိလိုက်တာ။ နင်က ဘယ်သူမလို့ ငါ့ကို ဒီလိုပုံစံမျိုး ပြောနေရတာလဲ။ ကောင်းကင်ဘုံအုပ်စိုးသူ နိုးထလာဖို့အတွက် နင် ဒါတွေကို လုပ်ပေးခဲ့တဲ့အတွက် မဟာကံကောင်းမှုတစ်ခု မရချင်ဘူးလား။ နင် ငါ ပြောသလို လုပ်ရမယ်။ ဒီကိစ္စပြီးတာနဲ့ နင် လုပ်ခဲ့တဲ့အရာတွေကို ငါ ကောင်းကင်ဘုံအင်ပါယာကို ပြောပြပေးမယ်…” ဇီရှက ဝမ်လင်းကို စူးရှစွာ စိုက်ကြည့်၏။ သူမ၏အမူအရာမှာ သုန်မှုန်လာသည်။

ဝမ်လင်းသည် ဇီရှကို ကြည့်ကာ ခဏတာ မင်သက်သွားမိ၏။ ထို့နောက် သူက စတင်ရယ်မောသည်။ ရယ်မောနေရင်း သူ့မျက်လုံးမှာ အေးစက်လာသည်။

“ဒီတော့…ဒါက အဲ့လိုပေါ့။ ကောင်းကင်ဘုံအုပ်စိုးသူရဲ့ ကိုယ်လုပ်တော်ရှစ်ယောက်လုံးက သူ့ကို သစ္စာဖောက်ခဲ့တာ မဟုတ်ဘူးပဲ။ ရှစ်ယောက်မြောက်ကိုယ်လုပ်တော် နင်ကတော့ ခုထိ သူ့အပေါ် သစ္စာရှိနေသားတာကို။ ဒါပေမဲ့ တခြား ကိုယ်လုပ်တော်တွေကို ဖမ်းပေးဖို့ တောင်းဆိုမှု မပြောနဲ့ ငါးယောက်မြောက်ကိုယ်လုပ်တောက်ကိုပါ နင့်ရှိ မပေးနိုင်ဘူး…”

ဝမ်လင်းက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ နှာခေါင်းရှုံ့လိုက်၏။

ဇီရှသည် ဝမ်လင်း၏စကားများကို ကြားသည့်နောက် မျက်မှောင်ကြုတ်သွား၏။ သူမသည် တစ်ခုခုမှားနေပြီဟု ခန့်မှန်းမိသွား၏။ သူမသည် ဝမ်လင်းအကြောင်း များများစားစား မသိထားပေ။ သူမ သိသည်မှာ ဝမ်လင်းသည် အရင်ချိပ်ပိတ်နယ်မြေအရှင်ဟောင်း၏ တပည့်ဟူ၍သာ။ သူမက ဝမ်လင်းသည် အတွင်းနယ်မြေအတွက် အတော်များများ လုပ်ပေးခဲ့သည်ကို သိပေ၏။

သူမ၏အမြင်၌ ဝမ်လင်း လုပ်ခဲ့သမျှအားလုံးသည် ချိပ်ပိတ်နယ်မြေအရှင်ဟူသော ဂုဏ်ပုဒ်ကြောင့်ပင် ဖြစ်၏။ ချိပ်ပိတ်နယ်မြေအရှင်ဟောင်းက ဝမ်လင်းကို အရာအားလုံးအား အသိပေးခဲ့နိုင်လောက်၏။ ဝမ်လင်းက ကောင်းကင်ဘုံအုပ်စိုးသူ ပိုင်ဆိုင်သည့် တစ်စုံတစ်ယောက် ဖြစ်နေသင့်သည် မဟုတ်လား။

ထို့အတွက်ကြောင့် သူ့စွမ်းအားများက သူမကို တုန်လှုပ်စေခဲ့ပြီးနောက် သူမသည် ဝမ်လင်းထံ ရောက်လာပြီး အရေးတကြီးအမိန့်များ လာပေးခဲ့ခြင်းပင်။ သူမသည် ဝမ်လင်းက ငြင်းဆန်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ တကယ်တော့ သူမသည် ကောင်းကင်ဘုံအုပ်စိုးသူ၏ ကိုယ်လုပ်တော်တစ်ယောက် ဖြစ်၏။ သူတို့၏ပန်းတိုင်က အတူတူပင် မဟုတ်လား။ ကောင်းကင်ဘုံအုပ်စိုးသူကို နိုးထစေဖို့ မဟုတ်လား။

ကောင်းကင်ဘုံအုပ်စိုးသူ နိုးထလာသည်နှင့် သူတို့နှစ်ယောက်လုံး ကြီးမားသည့်အကျိုးအမြတ်များ ရနိုင်မည် မဟုတ်လား။

သို့သော် ဝမ်လင်း၏ ရယ်သံနှင့် ငြင်းဆန်မှုက ချက်ခြင်းပင် ဇီရှကို ကြောင်ရီသွားစေ၏။ သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ဝမ်လင်းကို ကြည့်၍ ရုတ်တရက် ပြောလိုက်သည်။

“ချိပ်ပိတ်နယ်မြေအရှင်ဟောင်းက သူ့တာဝန်နဲ့ ပတ်သတ်လို့ နင့်ကို မပြောခဲ့ဘူးလား။ သူ ဘယ်က လာခဲ့တာလဲဆိုတာကိုရော မပြောခဲ့ဘူးလား…”

“အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၊ တာအိုခုနစ်ခုကလန်။ တကယ်တော့ ငါ ဒါကို သိတယ်…” ဝမ်လင်းသည် ဇီရှကို အေးစက်စက် ကြည့်လိုက်၏။ အတွင်းနယ်မြေအတွက် သူမ၏လုပ်ဆောင်မှုက များပြားခဲ့သည့်အတွက်ကြောင့်သာ မဟုတ်ပါက ဝမ်လင်းသည် ထိုအမျိုးသမီးကို ကန်ထုတ်ပစ်နေပြီ ဖြစ်၏။

သူ ထိုသို့ ပြောလိုက်သည့်နောက် ဇီရှ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူမသည် နောက်သို့ ပေတစ်ရာကျော် ထပ်ဆုတ်မိကာ တုန်လှုပ်ဟန်အမူအရာ ဖြစ်ပေါ်သည်။

“ငါ အရာအားလုံးကို သိတယ်။ နင် ထွက်သွားနိုင်တယ်။ ငါ့ရှေ့မှာ ဘယ်တော့မှ ထပ်မပေါ်လာနဲ့တော့…” ဝမ်လင်း၏စကားလုံးများက အေးစက်ပေ၏။ သူက အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။

ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးသည် သေလောက်အောင် ဖြူရောသွား၏။ သူမ၏အမူအရာမှာ ဆက်တိုက် ပြောင်းလဲနေသည်။ နောက်ဆုံးတွင် သူမက ဝမ်လင်းကို စိုက်ကြည့်၍ အံကြိတ်ကာ ပြောလိုက်သည်။

“နင် အားလုံးကို သိမှတော့ ငါနဲ့ဘာကြောင့် မပူပေါင်းတာလဲ။ ငါတို့နှစ်ယောက်ပေါင်းပြီး ကောင်းကင်ဘုံအုပ်စိုးသူကို နိုးထအောင် လုပ်နိုင်တယ်။ သူ နိုးထလာတာနဲ့ သူဟာ ငါတို့ကို မဟာကံကောင်းမှုကြီးတစ်ခု ပေးမှာပဲ…”

“ကောင်းကင်ဘုံအုပ်စိုးသူဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာတောင် အစွမ်းထက်တယ်လို့ ယူဆနိုင်တယ်။ သူ နိုးထလာတာနဲ့ နင့်ကို သူ့ တပည့်အဖြစ် လက်ခံပေးဖို့ ငါ တောင်းဆိုပေးနိုင်တယ်။ နင် ဒီလှိုဏ်ဂူလောကကနေ ထွက်ခွာပြီး တာအိုခုနစ်ခုကလန်ဝင် ဖြစ်လာနိုင်မယ်။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေက ကျင့်ကြံသူဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရနိုင်မယ်။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေဟာ အစစ်အမှန်လောကပဲ။ ဒီလှိုဏ်ဂူလောကထက် အဆပေါင်းသိန်းချီ ပိုကြီးမားတယ်။ ပိုကောင်းမွန်တယ်…”

“ကောင်းကင်ဘုံအုပ်စိုးသူဟာ နင့်ကို အစွမ်းထက်တဲ့ကျင့်ကြံမှုကိုပါ ပေးနိုင်သေးတယ်။ ဒါဆိုရင် နင်ဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာ နေရာတစ်ခု ရလာလိမ့်မယ်။ နင် အဲ့နေရာမှာ ကျော်ကြားမှုအနည်းငယ်တောင် ရနိုင်သေးတယ်။ အဲ့နေရာဟာ တကယ့်အစစ်အမှန် ကောင်းကင်ဘုံနယ်မြေပဲ။ နင့်ကျင့်ကြံမှုအဆင့်ပါ တော်တော်လေး တိုးတက်လာနိုင်လိမ့်မယ်…”

ဝမ်လင်း၏အမူအရာက တည်ငြိမ်နေ၏။ သူသည် ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးကို ဒီတိုင်း ကြည့်နေသည်။ သူမ၏စကားများက သူ့ကို တစ်စက်လေးမှ မလှုပ်ရှားစေနိုင်ပေ။

“ကောင်းကင်ဘုံအုပ်စိုးသူနဲ့ သူ့တာအိုလက်တွဲဖော်တို့ဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ နေကိုးစင်းနဲ့ ယှဉ်နိုင်လို့လား။ အင်မောတယ်ကောင်းကင်ဘုံနယ်မြေရဲ့ စွမ်းအားထောက်တိုင်တွေထဲ တစ်ယောက်တဲ့လား။ ဟာသပဲ။ သူဟာ ဧရိယာတစ်ခုမှာ မင်းမူနေနိုင်တဲ့သူ တစ်ယောက်သာသာပဲ။ နင့်ရဲ့ တာအိုခုနစ်ခုကလန်ဟာ အင်မောတယ်ကောင်းကင်ဘုံနယ်မြေမှာဆိုရင် ကလန်ငယ်လေး တစ်ခုပဲ။ သူ့ကို နိုးထစေချင်တာဟာ နင့်မှာ တခြားရည်ရွယ်ချက်တွေ ရှိနေမှာ ငါ စိုးမိတယ်…”

“နင်…နင် နေကိုးစင်းအကြောင်း တကယ် သိနေတယ်…” ဇီရှ၏အမူအရာသည် ပြောင်းလဲသွား၏။ သူမ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာသည်။ သူမသည် ဝမ်လင်း လီကောင်း၏လေးကို ဆွဲတင်ခဲ့ပုံနှင့် အုပ်စိုးသူ အော်ဟစ်ခဲ့သည့်အရာကို တွေးမိကာ ရုတ်တရက် သူမ၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။

“ထွက်သွားတော့…။ နင် အတွင်းနယ်မြေအတွက် လုပ်ဆောင်ပေးခဲ့တာကြောင့်သာ မဟုတ်ရင် တာအိုခုနစ်ခုကလန်ဝင် ဖြစ်နေတဲ့အတွက် ငါ နင့်ကို သတ်ပစ်နေလောက်ပြီ…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူ၏သတ်ဖြတ်ချင်စိတ်က ဇီရှ၏မျက်လုံးထံ ကျရောက်သွားသည်။

ဇီရှသည် တုန်လှုပ်သွားမိပြီး သူမ၏အမူအရာ ပြောင်းလဲသွား၏။ သူမသည် စကားဆက်မဆိုတော့ဘဲ နောက်သို့ အမြန်ဆုတ်၏။ သူမသည် ခရမ်းရောင်အလင်းတန်းအဖြစ် ပြောင်းကာ မြန်ဆန်စွာ ထွက်သွားတော့သည်။

“ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ။ ငါ သူ့ကို အသက်ပြန်ရှင်နိုင်မယ့် နည်းလမ်းတစ်ခုကို ရှာရမယ်။ ဒါပေမဲ့ ဒါဟာ ကံကောင်းမှုအတွက် မဟုတ်ဘူး။ သူ့ကို သတ်ဖို့။ သူ့ကို သတ်ပြီး ဒီလှိုဏ်ဂူလောကမှာ ဘယ်သခင်မှ မရှိစေရဘူး။ အဲ့ဒီနောက် ငါဟာ ကောင်းကင်ဘုံတာအိုကို ယူဆောင်ပြီး လှိုဏ်ဂူလောကရဲ့ လူတွေကို အင်မောတယ်ကောင်းကင်ဘုံနယ်မြေဆီ ခေါ်ဆောင်သွားမယ်…”

“ငါဟာ တဘလုံး ကောင်းကင်ကို ဖိဆန်ခဲ့တဲ့ ကျင့်ကြံသူပဲ။ ငါ သေရမယ်ဆိုရင်တောင် ငါ ဒီလမ်းကို ဆက်လျှောက်မယ်။ ငါဟာ အသက်ရှင်ဖို့အတွက် တစ်စုံတစ်ယောက်ရဲ့ ခွေးတစ်ကောင် ဘယ်လိုလုပ် ဖြစ်လာနိုင်ပါ့မလဲ။ သူတို့ကို ဒီနေရာကနေ ငါ့ကို ခေါ်သွားပေးဖို့ ငါက ခယတောင်းပန်နေရမှာလဲ…”

“ငါ ထွက်မသွားနိုင်ခဲ့ရင်တောင် ကောင်းကင်ဘုံအုပ်စိုးသူရဲ့ သတ်ဖြတ်ခံရပြီး အဆုံးသပ်ခဲ့ရရင်တောင် ငါဟာ ကောင်းကင်နဲ့မြေကြီးကို ဖိဆန်လျှောက်လှမ်းမယ့် ယောက်ျားတစ်ယောက်ပဲ…” ဝမ်လင်းသည် ပြုံးလိုက်၏။ သူက ထိုစကားလုံးများကို ကျယ်လောင်စွာ ‌ပြောလိုက်ခြင်း မဟုတ်ပေ။ သို့သော် ယင်းစကားလုံးများသည် သူ့စိတ်နှလုံးထဲ၌ ပဲ့တင်ထပ်နေလေ၏။

သူက ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီး ထွက်သွားသောနေရာသို့ ကြည့်လိုက်၏။ သူက ကောင်းကင်ဘုံဖယ်ကျဉ်ခြင်းခေါင်းတလားအကြောင်းကိုပါ မမေးခဲ့ပေ။ သူသည် မေးဖို့မလိုအပ်ပေ။ သူ ဒီနေရာကနေ ထွက်ခွာပြီး အင်မောတယ်ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်နိုင်ခဲ့ပါက သူ အရာအားလုံးကို သိလာမည် ဖြစ်၏။ ဝမ်အာကို ပြန်ရှင်သန်စေနိုင်မည့် နည်းလမ်းကိုပါ သိလာနိုင်လောက်သည်။

သို့ပေမည့် သူ ကျရှုံးခဲ့လျှင်တော့ ပြောနေစရာ မလိုတော့ပေ။ ဝမ်အာနှင့်အတူ သေဆုံးရခြင်းမှာ သူ့အဖို့ တတ်နိုင်သမျှ လုပ်ခဲ့ပြီး ဖြစ်၍ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်ကာ နောက်ပြန်လှည့်လိုက်၏။ သူက မှိန်ဖျော့နေသော နယ်မြေချိပ်ပိတ်ခြင်းအစီအရင်ကို ကြည့်၏။ သူ့မျက်လုံးက တလက်လက် ဖြစ်လာသည်။ သူက ပင့်ကူအိမ်လို ဖြစ်နေသော အစီအရင်နားထိ လျှောက်လာသည်။ သူက ထိုင်ချကာ မျက်လုံးမှိတ်လိုက်သည်။ သူ၏ကျင့်ကြံမှုကို အသက်သွင်းလိုက်၏။ သူက သည်လောကမှ စွမ်းအားကို စတင် စုပ်ယူသည်။

ဝမ်လင်းသည် သူ၏ကျင့်ကြံမှုကို အသက်သွင်းသည့်အခါ တိမ်ပင်လယ်ရှိ မူလစွမ်းအင်များသည် အဘက်ဘက်မှ ထွက်ပေါ်လာ၏။ ထိုမူလစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ကို လှည့်ပတ်စီးဆင်းကာ သူ့မူလစိတ်ဝိညာဉ်က စုပ်ယူ၏။ ထိုအခါ သူ့ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ပြန်ကောင်းမွန်လာမှုကို အကူအညီ ဖြစ်စေသည်။

တစ်ချိန်တည်းမှာ ဝမ်လင်းက သူ့ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ကံမ္မလက်ဝါးဖြင့် အလင်းလုံးများကို ထုတ်နှုတ်လိုက်သည်။ သူက ယင်းတို့ကို ခွဲချေကာ အတွင်းရှိ အနှစ်သာရစွမ်းအားကို ရှိုက်သွင်းလိုက်သည်။ ထိုအနှစ်သာရစွမ်းအားက သူ၏အနှစ်သာရခြောက်ခုထဲ ဝင်ရောက်လေ၏။

တတိယအဆင့်သို့ ရောက်လာပြီးနောက် မူလစွမ်းအင်များက သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားကို ပိုမိုမြန်ဆန်စွာ ကောင်းမွန်အောင် အကူအညီပေးနိုင်၏။ ၎င်းသည် သူ၏ကျင့်ကြံမှုကိုမူ အကူအညီ မဖြစ်စေနိုင်တော့ပေ။

တတိယအဆင့်၌ ကျင့်ကြံသူများ ကုသနိုင်ဖို့၊ တိုးတက်နိုင်ဖို့ အသုံးပြုနိုင်သည့် တစ်ခုတည်းသောအရာမှာ အနှစ်သာရသာ ဖြစ်၏။

အချိန်ကုန်လွန်လာသည်။ နာရီများစွာ ကြာပြီးနောက် ဝမ်လင်းသည် ရုတ်တရက် မျက်လုံးဖွင့်ကာ တုန်လှုပ်ဖွယ်ဖိအားကို လှစ်ဟသည်။

“ချိပ်ပိတ်နယ်မြေအစီအရင်ဟာ သေသွားခဲ့မှတော့ ငါ ဒါကို လုံးဝ ဖျက်စီးပစ်လိုက်တော့မယ်။ ပြီးရင် ငါ့ကျင့်ကြံမှုကို အသုံးပြုပြီး အစီအရင်တစ်ခု ပြန်တည်ဆောက်မယ်…”

***

All Chapters