← Chapters

ချိပ်ပိတ်နယ်မြေအစီအရင်ကို ဖျက်စီးပစ်ခြင်း

Vol. 124 Ch. 1715

ချိပ်ပိတ်နယ်မြေအစီအရင်ကို ဖျက်စီးပစ်ခြင်း

Vol. 124 Ch. 1715

ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်တစ်ခုလုံးကို အားအင်ဖြည့်ဖို့ အပူဇော်ခံမီးတောက်များ၏စွမ်းအားထံမှ အနှစ်သာရကို သိပ်သည်းကြပြီး ထာဝရ ရနိုင်ကြသည်။ သို့ပေမည့် အတွင်းနယ်မြေအတွက်မူ အပူဇော်ခံမီးတောက်များသည် ရှားပါးလှသဖြင့် ပြဿနာတစ်ခု ဖြစ်နေခဲ့သည်။ သည်အဖြစ်က တတိယအဆင့်သို့ ဝင်ရောက်ခြင်းကို ဟန့်တားထားသည့်အပြင် တတိယအဆင့်သို့ ရောက်ပြီးနောက် အနှစ်သာရများစွာ သုံးစွဲကုန်ဆုံးသွားပါကလည်း ပြန်ကောင်းမွန်ဖို့ ခက်ခဲစေသည်။

ဝမ်လင်းက တတိယအဆင့်ကို ရောက်ဖို့ အပူဇော်ခံမီးတောက်များကို မမှီခိုခဲ့ပေ။ သူက သူ၏နားလည်မှုဖြင့်သာ သူ့ဆန်းကြယ်အနှစ်သာရသုံးခုကို ပြီးပြည့်စုံခြင်းကြောင့် တတိယအဆင့်သို့ ရောက်ခဲ့ခြင်း ဖြစ်၏။ သူက သူ၏မိုးကြိုးနှင့်မီးအနှစ်သာရများ ပြီးပြည့်စုံစေဖို့သာ ဝါးမြိုခဲ့ရ၏။

ထို့အတွက်ကြောင့် သူသည် တတိယအဆင့်၌ အပူဇော်ခံမီးတောက်များ မလိုအပ်ပေ။ သူ လိုအပ်သည်မှာ တခြားသူများ ဖြစ်ပေါ်ထားသော အနှစ်သာရများပင် ဖြစ်၏။ အနှစ်သာရများစွာကို ဝါးမြိုခြင်းဖြင့် သူ့ကျင့်ကြံမှုအဆင့်ကို ပြန်ကောင်းမွန်တိုးတက်စေနိုင်မည် ဖြစ်သည်။

အလားတူပင် သူ့ခန္ဓာကိုယ်၌ ပုံမှန်စိတ်ဝိညာဉ်လေဟာနယ်အဆင့် ကျင့်ကြံသူများကဲ့သို့ အပူဇော်ခံမီးတောက်နယ်မြေ မပိုင်ဆိုင်ထားပေ။ ပြီးပြည့်စုံခြင်းအခြေအနေသို့ ရောက်ဖို့အတွက် အပူဇော်ခံမီးတောက်နယ်မြေကို သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်ဖို့လည်း မလိုအပ်ပေ။

ဝမ်လင်း၏ခန္ဓာကိုယ်မှာ ပြီးပြည့်စုံခြင်းကို ကျော်လွန်သောအရာ ဖြစ်သည့် ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ပင်။ သူ၏ရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့် ကျင့်ကြံခြင်းကို ပေါင်းစည်းပါက စိတ်ဝိညာဉ်လေဟာနယ်အဆင့်ဖြင့် သူသည် ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့် ကျင့်ကြံသူများကို သတ်နိုင်စွမ်း ရှိသည်။

ဝမ်လင်းက ဆန်းကြယ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံသူများနှင့်ပါ တိုက်ခိုက်ဝံ့၏။ အနိုင်ရသူကို ဆုံးဖြတ်ရန် ခက်ခဲမည် ဖြစ်သော်လည်း သူတို့အဖို့ ဝမ်လင်းကို သတ်နိုင်ဖို့မှာ သာ၍ ခက်ခဲလိမ့်မည်ပင်။

ဝမ်လင်း ရွေးချယ်ခဲ့သော တတိယအဆင့်လမ်းကြောင်းက တခြားကျင့်ကြံသူများထက် ပိုခက်ခဲလွန်း၏။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူပင် မတူညီသောလမ်းကို လျှောက်လှမ်း၏။ ထိုခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူပင် အပူဇော်ခံမီးတောက်များကို လိုအပ်၏။ သူ စုပ်ယူသော အပူဇော်ခံမီးတောက်များက ဘေးမဖြစ်စေနိုင်သည်သာ ရှိသည်။

မည်သူကမျှ ဝမ်လင်း၏လမ်းကြောင်းမျိုး မလျှောက်လှမ်းခြင်း မဟုတ်ပေ။ ထိုလမ်းကြောင်းမှာ အလွန်တရာခက်ခဲလွန်းလေ၏။ ၎င်းမှာ မရေမတွက်နိုင်သော ဖြစ်နိုင်ချေများနှင့် ပြိုင်ဘက်ကင်းလမ်းကြောင်းတစ်ခု ဖြစ်သည်။ သူ ဆန်းကြယ်လေဟာနယ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာချင်ပါက သူ့အဖို့ နောက်ထပ်အနှစ်သာရအချို့ လိုအပ်ပြီး ယင်းတို့ကို ပြီးပြည့်စုံစေရမည် ဖြစ်သည်။

တခြားသူများ တတိယအဆင့်သို့ ရောက်လာသည့်အခါ၌ နောက်ထပ်အနှစ်သာရတစ်ခုကို ပြီးပြည့်စုံစေဖို့မှာ မဖြစ်နိုင်လုနီးပါးပင်။ ဝမ်လင်းအတွက်လည်း အလွန်ခက်ခဲသည်ပင်။ သို့သော် သူ့အတွက် မဖြစ်နိုင်လုနီးနီးတော့ မဟုတ်ပေ။ သူ့အနေဖြင့် ခုနစ်ခုမြောက်၊ ရှစ်ခုမြောက်၊ ကိုးခုမြောက်နှင့် ဆယ်ခုမြောက်အနှစ်သာရကိုပင် ရရှိနိုင်သေးသည်။

ထို့အပြင် သူသည် အပူဇော်ခံမီးတောက်များကို မစုပ်ယူခဲ့သည့်အတွက်ကြောင့် သူ၏အနှစ်သာရများမှာ တတိယအဆင့်ကို ရောက်ပြီးနောက် တခြားအနှစ်သာရများကို ထပ်မံ မပြီးပြည့်စုံစေနိုင်မည့် ပြစ်ချက်မျိုးလည်း မရှိလေပေ။ ခုချိန်၌ သူ လိုအပ်သည်မှာ ခုနစ်ခုမြောက်အနှစ်သာရကို ရှာရန် ဖြစ်၏။ သူ ခုနစ်ခုမြောက်အနှစ်သာရကို ပိုင်ဆိုင်လိုက်သည်နှင့် စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်မည်ပင်။

ရှစ်ခုမြောက်အနှစ်သာရသာ ပေါ်ထွက်လာပြီး ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်လာခဲ့လျှင် သူက စိတ်ဝိညာဉ်လေဟာနယ်အထွတ်အထိပ်အဆင့်သို့ ရောက်နိုင်မည် ဖြစ်သည်။

အနှစ်သာရကိုးခုဖြင့်ဆိုပါက သူသည် ဆန်းကြယ်လေဟာနယ်အဆင့်သို့ ခြေချနိုင်မည်ပင်။ ထို့နောက် ထိုအနှစ်သာရကိုးခုကို တစ်ခုတည်းအဖြစ်သို့ ပြန်ပေါင်းစပ်ရလိမ့်မည်။ သူ၏ ဉာဏ်ပညာနှင့်ကံတရားကြောင့် သူ၏အနှစ်သာရများကို အတူတကွ ပေါင်းစပ်နိုင်ပါက ယင်းတို့သည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၏ အခေါ် လေဟာနယ်စွမ်းအားအဖြစ်သို့ ပြောင်းလဲသွားခဲ့လျှင် သူသည် တတိယအဆင့်၌ ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရလိမ့်မည် ဖြစ်သည်။ ထိုကပ်ဘေးတွင် သူ ရှင်သန်နိုင်ခဲ့ပါက သူသည် လေဟာနယ်အတိဒုက္ခအဆင့် စွမ်းအားမြင့်ပုဂ္ဂိလ်အဖြစ်သို့ ရောက်နိုင်လိမ့်မည်။

လေဟာနယ်အတိဒုက္ခအဆင့်နှင့် ဆန်းကြယ်လေဟာနယ်အဆင့်ကြား ကွာခြားမှုသည် သေခြင်းနှင့်ရှင်ခြင်း ကပ်ဘေးဖြစ်၏။ အောင်မြင်ပါက ရှင်မည်။ ကျရှုံးလျှင် သေရမည်။ ခေတ်များတလျှောက်တွင် မည်သည့်ခြွင်းချက်မှ မရှိခဲ့ပေ။ ၎င်းမှာ လူတိုင်း ရင်ဆိုင်ရမည့် အဟတစ်ခု ဖြစ်သည်။

ထိုကပ်ဘေးကို ဆန်းကြယ်ဒုက္ခအဆင့်ဟု ရည်ညွှန်းကြ၏။ ၎င်းကို အဆင့်ကိုးဆင့် ခွဲထားသည်။ ထိုအဆင့်ကိုးဆင့်လုံးကို ဖြတ်ကျော် ရှင်သန်နိုင်ပါက လူတစ်ယောက်သည် လေဟာနယ်အတိဒုက္ခအဆင့်သို့ အောင်မြင်စွာ ခြေချနိုင်မည် ဖြစ်သည်။

အုပ်စိုးသူကဲ့သို့ သန်မာလှသူသည်ပင် ဆန်းကြယ်ဒုက္ခသုံးခုကိုသာ ဖြတ်ကျော်ပြီးသေး၏။ လေးခုမြောက်ဒုက္ခကပ်ဘေးကို တောင့်ခံဖို့အတွက် သူ့ထံ၌ သတ္တိ မရှိသေးပေ။

တာအိုသခင်အိပ်မက်ပြာမှာ ပထမဒုက္ခကပ်ဘေးတစ်ခုကိုပင် မဖြတ်ကျော်ရသေးဘဲ ဆန်းကြယ်လေဟာနယ်အဆင့်၏ အထွတ်အထိပ်တွင်သာ ရှိနေလေ၏။ သူသည် သေရမည်ကို ကြောက်၍ မဟုတ်ပါ။ သို့သော် သူ့ထံ၌ မပြီးပြတ်သေးသော ကိစ္စများ ရှိနေသေး၏။ သူသည် ထိုဒုက္ခကပ်ဘေးအဆင့်များကို ဖြတ်ကျော်ရာ၌ ရှုံးနိမ့်မှုကို ရင်မဆိုင်နိုင်သေးခြင်း ဖြစ်သည်။

နှစ်ပေါင်းသောင်းနှင့်ချီအချိန်ကာလ တစ်လျှောက် အတွင်းနယ်မြေနှင့် အပြင်နယ်မြေတို့၌ ပါရမီရှိသူများစွာ မွေးဖွားခဲ့ကြ၏။ အချို့လူများက တတိယအဆင့်သို့ ရောက်နိုင်ခဲ့ကြ၏။ သို့သော် ယနေ့ထိ လူတစ်ယောက်သည်သာ လှိုဏ်ဂူလောကကျင့်ကြံသူတစ်ယောက်၏ အဆင့်အတန်းဖြင့် ဆန်းကြယ်ဒုက္ခကပ်ဘေးရှစ်ခုကို ဖြတ်ကျော်နိုင်သေးသည်။ သူ့ကို အစွမ်းထက်ပုဂ္ဂိုလ်ကြီးဟု ယူဆနိုင်ပေသည်။

သူသည် တစ္ဆေအိုကြီးကျန့် ဖြစ်၏။ အတိတ်တုန်းက သူ ငါးခုမြောက်ဆန်းကြယ်ဒုက္ခအဆင့်၌ ကျရှုံးခဲ့ကာ သေခဲ့ရမည် ဖြစ်၏။ အုပ်စိုးသူကလည်း ထိုအချက်ကို သိထားသည်။ သို့သော် အုပ်စိုးသူ မသိသည်မှာ တစ္ဆေအိုကြီးကျန့်က မဟာကံကောင်းမှုကြီးတစ်ခုကို ရရှိခဲ့ခြင်းကိုပင်။

ထိုမဟာကံကောင်းမှုကြီးက သူ၏ကျင့်ကြံမှုအဆင့်ကို ပေါက်ကွဲထွက်စေခဲ့ပြီး ဆန်းကြယ်ဒုက္ခကပ်ဘေး ရှစ်ခုထိ တောင့်ခံစေနိုင်ခဲ့ခြင်း ဖြစ်သည်။ ကိုးခုမြောက်ဒုက္ခကပ်ဘေးရှေ့တွင်သာ သူ ရပ်တန့်ခဲ့ရခြင်း ဖြစ်၏။

လေဟာနယ်အတိဒုက္ခအဆင့်သို့ ရောက်သွားသည့်သူများကို အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ပင် အစွမ်းထက်ပုဂ္ဂိုလ်ဟု သတ်မှတ်နိုင်၏။ ဤအဆင့်မှာ တတိယအဆင့်၏ အထွတ်အထိပ်ကျင့်ကြံခြင်းအဆင့် ဖြစ်၏။ သင်သည် ရှေ့ဆက်လှမ်းနိုင်ပါက ဒဏ္ဌာရီလာ ကောင်းကင်ဘုံနင်းခြေခြင်းအဆင့်သို့ ရောက်နိုင်ပေလိမ့်မည်။

ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူက လေဟာနယ်အတိဒုက္ခအဆင့် ပုဂ္ဂိုလ်ဖြစ်၏။ သူ၏ကျင့်ကြံမှုအဆင့်မှာ လေဟာနယ်အတိဒုက္ခအဆင့်၏ အထွတ်အထိပ် မဟုတ်သော်လည်း အလယ်အဆင့်သာ ဖြစ်သည်။

သူသည် အလယ်အဆင့်၌သာ ရှိသေးသော်လည်း ထိုအဆင့်ဖြင့်ပင် သူသည် အင်မောတယ်ကောင်းကင်ဘုံနယ်မြေ၌ ကျော်ကြားမှုအချို့ ရှိနေပြီပင်။ သူ့ကိုယ်ပိုင်ကလန်ကိုပါ ထူထောင်နိုင်ခဲ့သည်။ သူက တာအိုခုနစ်ခုကလန်ကို ထူထောင်ခဲ့ပေသည်။

ဝမ်လင်းက ထိုအရာများကို မသိပေ။ ခုချိန်၌ သူ့ထံ၌ ဒီအကြောင်းကို တွေးဖို့ အချိန်လည်း မရှိပေ။ သည်အခိုက်၌ သူက မျက်လုံးဖွင့်လာပြီး မတ်တပ်ရပ်၍ ကြယ်များထံ ကြည့်လိုက်သည်။ သူ့ထံမှ ပေးစွမ်းနေသော အရှိန်အဝါက ကောင်းကင်နှင့်မြေကြီးကို ထောက်ပံ့ပေးထားသည့်အလား။ သူ၏နောက်ကျောဘက်၌ အတွင်းနယ်မြေရှိ၏။ သူက ယင်းနယ်မြေကို စောင့်ကြပ်ပေးမည် ဖြစ်၏။

ဝမ်လင်း၏မျက်လုံးထဲ၌ တည်ငြိမ်မှုတို့ ပြည့်နေသည်။ သူသည် ရှေ့ဆက်လှမ်းသည်။ သည်ခြေလှမ်းဖြင့် သူသည် အသက်ကင်းမဲ့သွားပြီဖြစ်သော ချိပ်ပိတ်နယ်မြေအစီအရင်ပေါ်သို့ ခြေချလိုက်သည်။ ထိုအစီအရင်သည် တုန်ခါကာ အရင်ထက်စာလျှင် အလွန်အားနည်းလှသော အလင်းကို ထုတ်ဖော်သည်။

စဉ်းစားနေရင်း ဝမ်လင်းက သူ့ညာခြေထောက်ကို ပင့်မြှောက်၍ စောင့်ချလိုက်၏။ ဘန်းခနဲ ပေါက်ကွဲကာ ချိပ်ပိတ်နယ်မြေအစီအရင်တစ်ခုလုံးသည် တုန်ခါသွား၏။ ပိုက်ကွန်သဖွယ် ကြီးမားသည့် ဖွဲ့စည်းတည်ဆောက်ပုံတစ်ခု ပေါ်လာသည်။ အတွင်းနယ်မြေတစ်ခုလုံးကို ခြုံလွှမ်းထားသည့် ယင်းချိပ်ပိတ်နယ်မြေအစီအရင်သည် လှစ်ဟပေါ်လာသည်။

အလုံးစုံကောင်းကင်ရှိ ဒဏ်ရာကုစားနေသော ကျင့်ကြံသူထောင်သောင်းချီသည် မျက်လုံးများ ဖွင့်ကြည့်လာရာ ချိပ်ပိတ်နယ်မြေအစီအရင်ကို တွေ့မြင်လေ၏။

ဝမ်လင်းခြေလှမ်းတစ်ချက်က သည်အစီအရင်ကို အလုံးစုံ ပေါ်လာစေခဲ့သည်။ ထိုသို့ ပေါ်လာစေရုံသာမက ဝမ်လင်းက ၎င်းအစီအရင်၏ နောက်ဆုံးလက်ကျန်အသက်ဓာတ်ကိုပါ ခြေတစ်ချက် ဆောင့်၍ အပြီးသပ်ပေးခဲ့သည်။

မင်းဟာ(ချိပ်ပိတ်နယ်မြေအစီအရင်) အတွင်းနယ်မြေနဲ့အပြင်နယ်မြေကို နှစ်ပေါင်းများစွာ ချိပ်ပိတ်ထားခဲ့ပြီး ဖြစ်တယ်။ မင်းဟာ ပြင်ပနယ်မြေကလူတွေ မကျူးကျော်လာနိုင်အောင် တားဆီးပေးခဲ့ပြီး အတွင်းနယ်မြေအတွက် စောင့်ကြပ်ပေးခဲ့တာ နှစ်ပေါင်းမရေနိုင်တော့ဘူး။ ဒါ့ကြောင့် ငါ မင်းကို အသိအမှတ်ပြု ဦးညွှတ်တယ်…”

ဝမ်လင်းသည် သူ့လက်နှစ်ဖက်ကို ဆုပ်၍ ချိပ်ပိတ်နယ်မြေအစီအရင်ထံ ခါးကိုင်းကာ အရိုအသေပေးလိုက်သည်။

“ဒါပေမဲ့ အလားတူပဲ မင်းရဲ့ တည်ရှိမှုကြောင့် ငါ့ရဲ့ အတွင်းနယ်မြေမှာ တတိယအဆင့်ကျင့်ကြံသူဟာ ရှားပါးလွန်းခဲ့တယ်။ ဒါ့ကြောင့် အတွင်းနယ်မြေနဲ့ အပြင်နယ်မြေကြား စွမ်းအားမျှခြေဟာ တဖက်စောင်းနင်း ဖြစ်ခဲ့တယ်။ မင်းရဲ့ တည်ရှိမှုဟာ ငါ့ရဲ့ အတွင်းနယ်မြေကိုလည်း ပိတ်လှောင်ချိပ်ပိတ်ထားခဲ့တာပဲ…” ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်ဘက်သို့ ကြမ်းတမ်းစွာ ဖိချလိုက်၏။

ဝမ်လင်း၏လက်ဝါး ကျဆင်းသွားသည့်အခါ ကံမ္မလက်ဝါး ပေါ်လာလေ၏။ ထို့နောက် သူ၏လက်ချောင်းများကို လက်သီးအသွင် ပြန်ဆုတ်၍ ဆွဲငင်ယူလိုက်သည်။

“ကံမ္မ၊ စိတ်ဝိညာဉ်တွေကို ထုတ်နှုတ်စေ…” ဝမ်လင်းက မာန်သွင်းလိုက်၏။ သူ့ညာလက်ကို ပြန်ဆွဲငင်ယူလိုက်ရင်း အစီအရင်မှာ အပြင်းအထန် တုန်ခါသည်။ ထိုအစီအရင်ထံမှ မိုးကြိုးတန်းတစ်ခု ထုတ်နှုတ်ခြင်း ခံရသည်။

၎င်းမှာ မိုးကြိုးကြောင့် ဖြစ်ပေါ်လာသော ပုံရိပ်ယောင်လှံ ဖြစ်၏။ ထိုလှံတွင် မရေမတွက်နိုင်သောမိုးကြိုးများ ပါဝင်ပြီး ပြန့်ကြဲမိုးကြိုးကလန်၏ တော်ဝင်ရတနာတစ်ခုပင်။

ဝမ်လင်းသည် ထိုမိုးကြိုးလှံကို ညှစ်ချေကာ ပျက်စီးစေ၏။ မရေမတွက်နိုင်သော မိုးကြိုးတန်းများ အဘက်ဘက်သို့ ပျံ့နှံ့ကာ သည်ပတ်ဝန်းကျင်ဟင်းလင်းပြင်ကို လင်းလက်သွားစေသည်။

ထိုမိုးကြိုးလှံသည် အစီအရင်နှင့် စတင် ပေါင်းစည်းခဲ့ချိန်မှစ၍ အခုသည် ပထမဆုံးအကြိမ်အဖြစ် ထုတ်နှုတ်ဖျက်စီးခံလိုက်ရခြင်းပင်။ ခုချိန်မှစ၍ ထိုစိတ်ဝိညာဉ်သည် ဒီအစီအရင်အတွင်း၌ ဆက်၍ တည်ရှိတော့မည် မဟုတ်ပေ။

ထိုလှံရှည် ပျက်စီးသွားသည့်အခါ အစီအရင်က စတင် တုန်ခါလာပြီး ၎င်းပေါ်၌ သိသိသာသာ အက်ကြောင်းများ ပေါ်လာသည်။

“မင်းကို ဘယ်သူ ဖန်တီးခဲ့လဲ ငါ မသိဘူး။ ဒါပေမဲ့ မင်းဟာ ဒီနေ့မှာ သေလုမြောပါး ဖြစ်နေပြီ။ ဒါ့ကြောင့် ပျောက်ကွယ်ရတော့မယ်။ ငါ ဝမ်လင်းဟာ နောက်ထပ်အစီအရင်တစ်ခု ချခင်းမယ်။ အဲ့အစီအရင်ဟာ ငါ့အတွင်းနယ်မြေအတွက်ပဲ ပေါ်ပေါက်လာစေရမယ်…။ ငါ့အတွင်းနယ်မြေအတွက် ထာဝရတည်ရှိရမယ်။ အတွင်းနယ်မြေကပဲ အဲ့အစီအရင်ကို လုံးဝ အပိုင်ဖြစ်ရမယ်…” ဝမ်လင်းက ညာလက်ကို ပင့်မြှောက်ကာ အစီအရင်ပေါ်သို့ ခြောက်ကြိမ်တိုင်တိုင် ရိုက်ချလိုက်၏။

ခြောက်ကြိမ် တုန်ဟည်း၏။ ကံမ္မလက်ဝါး ခြောက်ကြိမ်ပေါ်သည်။ အစီအရင်သည် ချက်ခြင်းပင် အစစ်အမှန် ပျက်စီးခြင်း စတင်တော့သည်။ အတိုင်းမသိပိုက်ကွန်အစီအရင်မှာ စတင် တုန်ဟည်းကာ အက်ကွဲပျက်စီးလာသည်။

ဝမ်လင်း၏ရှေ့တွင် သွေးနီရောင်အလင်းတန်းတစ်ခု ပေါ်လာ၏။ အစီအရင်တစ်ခုလုံးသည် သွေးရောင်ပေးစွမ်းလေသည့်အလား။ နာကျင်စူးရှစွာ မြည်ဟည်းသံ ထွက်ပေါ်လာ၏။ ထိုအော်မြည်သံနှင့်အတူ ဦးခေါင်းကိုးခုဖြင့် ဥက္ကာပျံကျိုင်းတံ ရုတ်တရက် ပေါ်လာသည်။ ထိုကျိုင်းတံသည် တုန်ခါ၍ ၎င်း၏ဦးခေါင်းများထံမှ အနက်ရောင်သွေးစက်များ တစက်စက်ကျသည်။ သို့ပေမည့် အစီအရင်ကနေ ထွက်လာပြီးနောက် ၎င်းသည် ဝမ်လင်းရှေ့တွင် ပျက်စီး ပျောက်ကွယ်သွားသည်။

ဥက္ကာပျံကျိုင်းတံနောက်တွင် အပူလှိုင်းတစ်ခု မြင့်တက်လာကာ ဧရာမီးလောက်လေးခွတစ်ခု ပေါ်လာသည်။ ၎င်းအစီအရင်စိတ်ဝိညာဉ်ကြောင့် အတွင်းနှင့်အပြင်နယ်မြေရှိ လူပေါင်းများစွာ သေဆုံးခဲ့ရဖူး၏။ သို့သော် အများစုကမူ အတွင်းနယ်မြေမှ ဖြစ်၏။

ထိုအခိုက်တွင် သည်လောက်လေးခွ ထုတ်ယူခြင်း ခံရကာ မြူများအဖြစ်သို့ အလျင်အမြန် ဆုတ်ပြဲသွားသည်။ ထို့နောက်တွင် ၎င်းသည် မြန်ဆန်စွာ ပျောက်ကွယ်သွားလေ၏။

၎င်းလောက်လေးခွနောက်၌ ရွှေရောင်အလင်း တောက်ပကာ ရွှေရောင်ဓားသွားတစ်ခု ပေါ်လာသည်။ ရွှေရောင်အလင်းနောက်တွင် ခရမ်းရောင်အလင်း ကပ်ပါလာသည်။ ဧရာမ ခရမ်းရောင်ကျာပွတ်တစ်လက် ပေါ်လာ၏။ ၎င်းပေါ်၌ စာလုံးများ ဖုံးလွှမ်းနေလျက် ရှိကာ ထိုကျာပွတ်သည် မြွေတစ်ကောင်အလား တွန့်လိမ်နေသည်။

ကျာပွတ်နောက်တွင် အစီအရင်ထံမှ ရှေးဟောင်းအော်ရာတစ်ခု ပေါ်လာသည်။ ဧရာမဝံပုလွေတုတ်တံတစ်ချောင်း ပေါ်လာသည်။ ၎င်းတွင် ဆူးချွန်များ ပြည့်ဖုံးနေ၏။ ၎င်းပတ်လည်တွင် မရေမတွက်နိုင်သော အခဲမကျေသည့် တစ္ဆေများ ရှိနေသည်။ ထိုအရာက ၎င်းသည် အရင်က မည်မျှသတ်ဖြတ်ခဲ့သည်ကို ပြသနေသည်။

သို့ရာတွင် ထိုအစီအရင်စိတ်ဝိညာဉ်များမှာ ပေါ်ပေါ်လာချင်းမှာပင် ပေါက်ကွဲကုန်ကြသည်။ ယင်းတို့သည် ဒီလောကကနေ ထာဝရ ပျောက်ကွယ်သွားကြ၏။ ချိပ်ပိတ်နယ်မြေအစီအရင်ကနေ ပျောက်ကွယ်သွားကြလေပြီ။

ခုချိန်၌ အစီအရင်စိတ်ဝိညာဉ်ကိုးခုတွင် ခုနစ်ခုသည် ဖျက်စီးခံလိုက်ရပြီ ဖြစ်သည်။

ဝမ်လင်းသည် အစီအရင်စိတ်ဝိညာဉ်များ ဆုံးရှုံးသွားသော ချိပ်ပိတ်နယ်မြေအစီအရင်ကို တည်ငြိမ်စွာ ကြည့်နေ၏။ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေသည်။ ၎င်းအစီအရင်သည် အတွင်းနယ်မြေအနှံ့အပြား၌ စတင် ပြိုကျပျက်စီးနေ၏။ အတွင်းနယ်မြေမှ ကျင့်ကြံသူတိုင်းသည် ချိပ်ပိတ်နယ်မြေအစီအရင်မှာ တစ်လွှာပြီးတစ်လွှာ ပျက်စီးနေသည်ကို တွေ့မြင်ရလေ၏။ အတွင်းနယ်မြေနှင့် အပြင်နယ်မြေတို့ကြား၌ မည်သည့်အဟန့်အတားမှ ဆက်မရှိလေတော့ပေ။

“ရှစ်ခုမြောက်အစီအရင်စိတ်ဝိညာဉ်ဟာ ငါ့ရှေးဟောင်းကလန်ရဲ့ တော်ဝင်ရတနာ ဖြစ်တဲ့ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ပဲ။ မင်းအနေနဲ့ ငါ့လက်ထဲ ပြန်လာမလား။ ဒါမှမဟုတ် ဒီအစီအရင်နဲ့အတူ ဖျက်စီးခံမလား။ ငါ မင်းကို ရွေးချယ်ခွင့် ပေးလိုက်မယ်…” ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်လေ၏။ ရှစ်ခုမြောက်အစီအရင်စိတ်ဝိညာဉ် ပေါ်လာလေသည်။

ထိုစိတ်ဝိညာဉ်၏စွမ်းအားသည် ပြီးခဲ့သောခုနစ်ခုထက် သာလွန်လေ၏။

ထိုစိတ်ဝိညာဉ်သည် ရှေးဟောင်းနတ်ဘုရား၏ တော်ဝင်ရတနာ၊ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ပင်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်နေပြီးနောက် အစီအရင်သည် ပျက်စီးနေစဉ် ဧရာမပုဆိန်အရိပ်တစ်ခုသည် ဖြည်းဖြည်းချင်း ပျံသန်းထွက်လာသည်။ ထိုပုဆိန်က သိပ်သည်းသောရှေးဟောင်းနတ်ဘုရားအော်ရာကို ပေးစွမ်းနေသည်။

***

All Chapters