← Chapters

ခေတ်သစ်

Vol. 124 Ch. 1716

ခေတ်သစ်

Vol. 124 Ch. 1716

ထိုပုဆိန်ပေါ်လာသည့်အခါ ရှေးဟောင်းနတ်ဘုရားအော်ရာသည် ပင်လယ်လှိုင်းအလား လှိမ့်တက်လာသည်။ ထိုအော်ရာသည် ချိပ်ပိတ်နယ်မြေအစီအရင်ကို ပို၍ ပြင်းထန်စွာ တုန်ခါစေသည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်ကာ ဆက်လက် မြည်ဟည်းနေ၏။ သင်မျက်လုံးမှိတ်ထားလျှင်ပင် ထိုပုဆိန်သည် ၎င်း၏နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိမှုအတွင်း အတိုင်းမသိသတ်ဖြတ်ခြင်းများကို ခံစားမိနိုင်ပေလိမ့်မည်။ ယင်းပုဆိန်ကြောင့် အသက်များစွာ အဆုံးသပ်ခဲ့ရပြီး ဖြစ်သည်။

ထိုပုဆိန်ပေါ်လာသည့်အခါ ဝမ်လင်းက ၎င်း၏ရှေ့တွင် ရပ်သည်။ သူက ပုဆိန်ပတ်လည်၌ မကျေမချမ်းမှုများ ပြည့်နေသော ပုံရိပ်ယောင်စိတ်ဝိညာဉ်များသည် တစ္ဆေငြီးသံများ ထုတ်ဖော်နေသည်ကို မြင်သည်။

ယင်းမှာ တုန်လှုပ်ဖွယ်မြင်ကွင်းပင်။

၎င်းပုဆိန်ပေါ်လာသည့်နောက်တွင် ၎င်းသည် တခြားစိတ်ဝိညာဉ်ခုနစ်ခုကဲ့သို့ ပျောက်ကွယ်မသွားပေ။ ၎င်းသည် မြောလွင့်နေရင်း ပို၍ပင် အထည်ဒြပ်ဆန်လာ၏။ ၎င်းထံ၌ ဉာဏ်ရည်ရှိသည့်အလား ရွေးချယ်မှုတစ်ခု ပြုလုပ်နေသည်။

၎င်းက ဝမ်လင်းကို သခင်အဖြစ် အသိအမှတ်ပြုမလား။ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ဖျက်စီးပစ်မလား ရွေးချယ်နေသည်။

တဖြည်းဖြည်း အချိန်ကုန်လာသည်။ ချိပ်ပိတ်နယ်မြေအစီအရင်၏ တုန်ခါမှုသည် ပို၍ ကျယ်လောင်လာသည်။ ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ဝမ်လင်းသည် မလှုပ်မယှက် ရှိနေသော ပုဆိန်ကို ကြည့်၍ မျက်မှောင်ကြုတ်၏။

“မင်းက ငါ့နောက် လိုက်ဖို့ ဆန္ဒမရှိမှတော့ ဖျက်စီးလိုက်တော့မယ်…” ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်၍ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ထံ ရိုက်ချလိုက်၏။ အစီအရင်တုန်ခါမှုသည် ပိုမြန်လာ၏။ ပုဆိန်သည် တုန်ခါသွားပြီး၏ ဝမ်လင်းထံ ပျံသန်းလာသည်။

ချက်ခြင်းပင် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်သည် အစီအရင်ကနေ ချိုးဖျက်လာ၏။ ၎င်းသည် ကောင်းကင်ခုတ်ပိုင်းခြင်းဟိန်းမြည်သံ တဝီဝီပေးလျက် ဝမ်လင်းကို ခုတ်ပိုင်းချလာသည်။

“တော်ဝင်ရှေးဟောင်းနတ်ဘုရားရတနာလေးကများ ငါ့ကို ထိခိုက်စေချင်တာလား…”

ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူက ရှေ့သို့ ခြေလှမ်း၏။ သူ၏ခန္ဓာကိုယ်မှာ ပေတစ်သောင်းကျော် မြင့်မားသည့်အထိ ချဲ့ကားလာပြီး ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသည်။

ပုဆိန်ချက် နီးကပ်လာစဉ် ဝမ်လင်းက လက်သီးချက် ပစ်သွင်းလိုက်၏။

ကျယ်လောင်စွာ တုန်ဟည်းသံများ အရူးအမူး ပျံ့လွင့်ကာ ဟင်းလင်းပြင်ကိုယ်တိုင် တုန်ခါသည်။ ချိပ်ပိတ်နယ်မြေအစီအရင်သည် တစစီဖြစ်ကာ ပျက်စီးပြိုလဲမှု ပိုလာသည်။ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်က အောက်သို့ မခုတ်ပိုင်းနိုင်ဘဲ ဝမ်လင်း၏လက်သီးစွမ်းအားကြောင့် နောက်ပြန်လွင့်စင်၏။

သို့ပေမည့် ၎င်းမှာ ဝမ်လင်းအတွက်ပင် မလွယ်လှပေ။ သူလည်း ပေထောင်ချီ နောက်သို့ လွင့်သွား၏။ သူ့လက်သီး၏ အရိုးပေါ်တွင် ခက်နက်နက် ပြတ်ရာတစ်ခု ထင်ကျန်သွားသည်။ သူ့အရိုးများပါ အက်ကွဲကုန်၏။ ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်မှာ အလွန်အစွမ်းထက်လှ၏။

နောက်ဆုတ်နေရင်း ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။ သူ့ညာလက်သည် ပြန်ကောင်းမွန်လာစဉ် သူက ရှေ့သို့ ဆန့်တန်းသည်။ ကြောက်မက်ဖွယ်သွေးအလင်းတစ်ခုသည် သွေးဓားနှင့်အတူ ပေါ်လာ၏။ သူက လက်ဝေ့ယမ်းလိုက်ရာ သွေးဓားသည် ပေတစ်ထောင်ထိ ချဲ့ကားသည်။ သွေးအလင်းမှာ မျက်စိစူးလောက်အောင် တောက်ပသည်။

သွေးဓားကို ကိုင်၍ ဝမ်လင်းက ရှေ့တိုးဝင်လာ၏။ သူက သွေးဓားကို ပင့်မြှောက် ခုတ်ပိုင်းလိုက်သည်။ ကြောက်မက်ဖွယ်ဓားစွမ်းအင်အလင်းတန်းတစ်ခု ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ထံ တရှိန်ထိုး ဝင်ရောက်သည်။

ယင်းတို့မှာ ပြိုင်ဘက်ကင်းရတနာများ ဖြစ်ကြ၏။ ထိုဓားနှင့်ပုဆိန်တို့သည် အကြိမ်ပေါင်းများစွာ ထိပ်တိုက်တွေ့ကြရာ မိုးကြိုးပစ်သံတမျှ အသံများ ကျယ်လောင်စွာ မြည်ဟည်းနေလေ၏။ ဓားနှင့်ပုဆိန်က ထိပ်တိုက်တွေ့နေကြသည်။ သို့သော် ပုဆိန်က အနည်းငယ် နောက်ကောက်ကျနေ၏။ တကယ်တော့ ထိုပုဆိန်ကို မည်သူကမျှ ထိန်းချုပ်မထားဘဲ ရတနာစိတ်ဝိညာဉ်အပေါ် အခြေခံ၍ လှုပ်ရှားနေခြင်း မဟုတ်လား။ ၎င်းသည် နောက်သို့ တွန်းထုတ်ခြင်း ခံရသည်။

မရေမတွက်နိုင်သော ဓားရာများ ပုဆိန်ပေါ်တွင် ပေါ်လာ၏။ ပုဆိန်ထံမှ အလင်းသည် မတည်မငြိမ် ဖြစ်လာသည်။

ဝမ်လင်း၏ဓားချက် ကျဆင်းသွားစဉ် သူက အော်ဟစ်လိုက်သည်။ “ငါ မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခုပေးမယ်။ ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုမှာလား…”

ပုဆိန်သည် နောက်သို့ လွင်စင်ထွက်သွားရင်း မြည်ဟည်းသံ ပေါက်ကွဲ၏။ ၎င်းသည် ဟင်းလင်းပြင်ထဲ၌ ဧရာမအဟတစ်ခုကိုပါ ဖွင့်လှစ်သွားသည်။

ဝမ်လင်း၏လက်ထဲရှိ သွေးဓား ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာ သူက ရှေ့သို့ ခြေလှမ်းသည်။ ပုဆိန်ချက်သည် အဟထံသို့ ပျံသန်းသွားရုံ ရှိသေး ၎င်း၏ကြောက်မက်ဖွယ် ရှေးဟောင်းနတ်ဘုရားစွမ်းအား ပျံ့လွင့်လာသည်။ ဝမ်လင်းက ပုဆိန်ရိုးကို ဖမ်းဆုပ်လိုက်သည်။

ဝမ်လင်းသည် သူ့ညာလက်ဖြင့် မြဲမြံစွာ ကိုင်ထားလေ၏။ ပုဆိန်က မည်မျှ ရုန်းကန်ပါစေ မလွတ်မြောက်နိုင် ဖြစ်ရသည်။ သို့ပေမည့် ထိုအချိန်၌ ပုဆိန်၏ထိပ်ဦးပိုင်းပေါ်တွင် ရှေးဟောင်းနတ်ဘုရားအရိပ်တစ်ခုပေါ်လာပြီး ဟိန်းအော်သံ ပြုလိုက်ပုံ ထင်ရ၏။ ထိုအရိပ်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပေ။ သို့သော် ထိုရှေးဟောင်းနတ်ဘုရားအရိပ်သည် ဝမ်လင်းထံ တဟုန်ထိုး ဦးတည်ဝင်လာကာ သူ့ကို ဝါးမြိုပစ်ချင်သည့်နှယ်။

ထိုအရိပ်သည် ပေထောင်သောင်းချီ မြင့်မား၏။

ထိုအရိပ်သည် ဒီပုဆိန်၏ ရတနာစိတ်ဝိညာဉ်ပင်။ ၎င်းသည် ဝမ်လင်းထံ တဟုန်ထိုး တိုးဝင်လာသည်။

ဝမ်လင်း၏ပေတစ်သောင်းခန္ဓာကိုယ်မှာ ထိုအရိပ်၏ ရှေ့တွင် လူကြီးတစ်ယောက်ရှေ့ရှိ ဆယ်ကျော်သက်အရွယ်လို ဖြစ်နေသည်။ ဝမ်လင်းမှာ ခုခံနိုင်ဖို့ အခွင့်အရေးမရှိဟု ထင်မှတ်ရသည့်အလား။ သို့သော် ဝမ်လင်းသည် သူ့ထံ တရှိန်ထိုး တိုးဝင်လာသော အရိပ်၏မျက်လုံးကို ကြည့်၍ အော်ဟစ်လိုက်လေ၏။

“မင်းလုပ်ရဲလား။ ငါဟာ တော်ဝင်ရှေးဟောင်းနတ်ဘုရားပဲ။ ငါဟာ ရှေးကလန်ဝင်သုံးခုရဲ့ အမွေအနှစ်ကိုလည်း ဆက်ခံထားသေးတယ်။ မင်း ငါ့ကို ဝါးမြိုချင်တာလား။ မင်း သေချင်နေတာပဲ…” ဝမ်လင်း၏နောက်တွင် ဧရာမရှေးဦးခေါင်း ပေါ်လာကာ သူနှင့်အတူ ဟိန်းဟောက်သံ ပြုသည်။

ထိုဟိန်းအော်သံက မုန်တိုင်းအလား ပုဆိန်ထံမှ အရိပ်ပေါ်သို့ ကျဆင်းသွား၏။ အရိပ်သည် ကြောက်လန့်တကြား အော်ဟစ်ကာ နောက်သို့ အမြန်ပြန်ဆုတ်သည်။ ထိုအရိပ်၏ ခန္ဓာကိုယ်သည် တစစီဆုတ်ပြဲသွား၏။ သို့သော် မြန်မြန်ဆန်ဆန်ပင် ပြန်ဖွဲ့စည်းသည်။

၎င်း ပြန်ဖွဲ့စည်းပြီးနောက် ၎င်း၏ခန္ဓာကိုယ်သည် တုန်ယင်ကာ ဝမ်လင်းထံသို့ ရုန်းကန်၍ ဦးညွှတ်လိုက်လေ၏။ ထို့နောက် ထိုအရိပ်သည် ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ထံ ပြန်ဝင်ရောက်ကာ ပျောက်ကွယ်လို့သွားသည်။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်သည် ဆက်လက် ရုန်းကန်ခြင်း မပြုတော့ဘဲ ဖြည်းဖြည်းချင်း တည်ငြိမ်လာသည်။

ဝမ်လင်းသည် ပုဆိန်ကို ဖမ်းကိုင်၍ သူ့လျှာထိပ်ကို ကိုက်လိုက်ပြီး‌ သွေးထွေးထုတ်သည်။ သွေးအမှတ်အသားတစ်ခုသည် ပုဆိန်ပေါ်သို့ ကျရောက်၍ ပေါင်းစပ်သွားသည်။

ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်သည် အညံ့ခံလိုက်ပြီပင်။ သည်တစ်ကြိမ်၌ ဝမ်လင်းသည် ထိုပုဆိန်ကို သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ဖိနှိပ်ခဲ့ခြင်း ဖြစ်၏။ အတိတ်တုန်းကမူ သူသည် ကျင့်ကြံမှုအဆင့်ကင်းမဲ့ခဲ့ကာ သည်ပုဆိန်ကို ထိန်းချုပ်ဖို့ ချိပ်ပိတ်နယ်မြေအရှင်ဟောင်း၏ အကူအညီ လိုအပ်ခဲ့သည်။

ထိုပုဆိန်ကို ဆွဲကိုင်လျက် ဝမ်လင်း၏ဆံပင်ဖြူများသည် လွင့်ဝဲနေ၏။ သည်အခိုက်၌ ဝမ်လင်းသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ သူ၏ရုပ်တုနှင့် မကွာခြားလေတော့ပေ။

သူက ညာလက်ကို ပင့်မြှောက်လိုက်ရာ ပုဆိန်သည် ရွှေရောင်အလင်းစက်များအဖြစ်သို့ ပြောင်းသွားပြီး သူ့ရှေးဟောင်းနတ်ဘုရားကြယ်များထဲ ပျောက်ကွယ်သွားတော့သည်။

ဝမ်လင်းက ပျက်စီးပြိုလဲနေသော ချိပ်ပိတ်နယ်မြေအစီအရင်ကို ငုံ့ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ပေါ်လာသည်။ သည်အစီအရင်၏ နောက်ဆုံးစိတ်ဝိညာဉ်မှာ အစွမ်းထက်ဆုံး ဖြစ်ပြီး ပြီးခဲ့သော ချိပ်ပိတ်နယ်မြေအရှင်ဟောင်းက သူ့ကိုယ်သူ အစီအရင်ကို ထိန်းချုပ်ဖို့အတွက် စိတ်ဝိညာဉ်အဖြစ် ပြောင်းပစ်ခဲ့ခြင်းပင်။

သို့သော် အစီအရင်ပေါ်၌ အဟပေါ်လာသည့်အခါ၌ တခြားအရာများစွာ ဖြစ်ပွားလာခဲ့သည့်အခါ၌ ချိပ်ပိတ်နယ်မြေအရှင်ဟောင်း၏ စိတ်ဝိညာဉ်မှာ သေဆုံးခဲ့ပြီ ဖြစ်၏။ ထို့ကြောင့်လည်း နောက်ဆုံးစိတ်ဝိညာဉ်၌ အသက်ဓာတ်အချို့ ဆုံးရှုံးနေသည်။ ထိုသည်မှာ ဒီအစီအရင် ဘာကြောင့် သေအံမူးမူး ဖြစ်နေသလဲ ဟူသော အကြောင်းရင်းပင်။

ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက် လက်ဝါးအသွင် ဖြစ်ပေါ်သည်။ သူက ကံမ္မလက်ဝါးကို အသုံးပြုလိုက်သည်။ ထိုလက်ဝါးချက်သည် ဆင်းသွားသွားပြီး လက်သီးအသွင် ပြန်ပြောင်းသည်။

ပျက်စီးနေသော ချိပ်ပိတ်နယ်မြေအစီအရင်သည် ကျယ်လောင်စွာ ဟိန်းမြည်သံ ထုတ်ဖော်လေ၏။ ၎င်း၏နောက်ဆုံးအကြိမ်အဖြစ် ရုန်းကန်လိုက်သည့်အလား။ ၎င်းသည် တုန်ခါနေလျက် အကျိုးအပဲ့ကျောက်စိမ်းပြားတစ်ခု ထုတ်နှုတ်ခြင်း ခံရသည်။

ထိုကျောက်စိမ်းပြားပေါ်တွင် အက်ကြောင်းခပ်နက်နက်များ ရှိနေ၏။ အက်ကြောင်းများမှာ ဆယ်ခုကျော်လေသည်။ ယင်းတို့ထဲမှ တစ်ခုသည် လွန်ခဲ့သောနှစ်ပေါင်းတစ်ရာက ဖန်တီးခဲ့သည်မှာ သိသာသည်။ ၎င်းထံ၌ အခြားအက်ကြောင်းများတွင် ရှိနေသော ရှေးကျသောအော်ရာ ကင်းမဲ့နေသည်။

ကျောက်စိမ်းပြားပေါ်၌ အက်ကြောင်းအဟများ ရှိနေသော်လည်း လူတစ်ယောက်သည် ၎င်း၏မျက်နှာပြင်ထက်ရှိ ရွေးထွင်းထားသော စာလုံးတစ်လုံးကို မြင်ရနိုင်သေးသည်။

ထိုစာလုံးမှာ ရိုးရှင်း၏။ ၎င်းမှာ ကောင်းကင်ဘုံ ဟုရေးထွင်းထား၏။

ဝမ်လင်း၏ ကံမ္မလက်ဝါးကြောင့် ထိုကျောက်စိမ်းပြား ထုတ်နှုတ်ခံရသည့်အခါ ချိပ်ပိတ်နယ်မြေအစီအရင်သည် နောက်ဆုံးအားဖြင့် ပျက်စီးသွားသည်။ အတွင်းနယ်မြေရှိ ကြယ်အဖွဲ့အစည်းလေးခုကို ဝန်းရံထားသော ပိုက်ကွန်အလွှာများမှာ ပျက်စီးသွားလေပြီ။

ထိုပျက်စီးမှုသည် လုံးဝပျက်စီးခြင်း၊ အကြွင်းမဲ့ ပျက်စီးခြင်းပင်။

၎င်းသည် ပျက်စီးနေရင်း ကြယ်အဖွဲ့အစည်းလေးခုရှိ ကျန်သည့်ကျင့်ကြံသူများမှာ တုန်လှုပ်ကြရသည်။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ မူပင်းမေ၊ ပန်းရောင်ဝတ်စုံနှင့်အမျိုးသမီး၊ ရှီဇီဖန်တို့သည် အတူတကွ စုဝေးနေကြသည်။ သူတို့သည် ပျံသန်းနေရာကနေ ရပ်တန့်ကာ သူတို့ပတ်လည်ရှိ ကြယ်အဖွဲ့အစည်းကို ကြည့်ကြသည်။ သူတို့သည် ဝမ်လင်းနှင့် အကွာအဝေးတစ်ခုတွင် ရှိနေကြဆဲပင်။

သို့ပေမည့် ချိပ်ပိတ်နယ်မြေအစီအရင် ပျက်စီးသွားသည့်အခါ သူတို့သည် ရှေ့ဆက်မသွားနိုင်တော့ရာ အတူတကွ စုစည်းမိသွားခြင်းပင်။ သူတို့က သူတို့အောက်ရှိ ဧရာမပိုက်ကွန်ကြီး တစစီဖြစ်သွားကို ကြည့်နေ၏။ ထိုအဖြစ်က သူတို့၏မျက်နှာများကိုပါ ဖြူရောသွားစေသည်။

ဝမ်လင်းသည် ကျောက်စိမ်းပြားကို ကြည့်နေ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ထိုသို့ဖြင့် ကျောက်စိမ်းပြားသည် ချိပ်ပိတ်နယ်မြေအစီအရင်ထံမှ အလွတ်အကျွတ်ပျံသန်းထွက်သည်။ ၎င်း ပျံသန်းထွက်လာသည်နှင့် ၎င်းမှာ သစ်ပင်တစ်ပင် အမြစ်မှ ကျွတ်ထွက်သွားသည့်အလား သို့မဟုတ် ငါးတစ်ကောင် ရေမျက်နှာပြင်မှ လွတ်ကင်းသွားသည့်အလား ဆင်တူသည်။ ၎င်းသည် ဖုန်မှုန့်အဖြစ်သို့ တစစီဖြစ်သွားလေသည်။

ထိုကျောက်စိမ်းပြား တစစီဖြစ်သွားသည့်အခါ ချိပ်ပိတ်နယ်မြေအစီအရင်သည် ရုတ်ချည်း ပျက်စီးခြင်း ဆိုက်သည်။

ထိုအခိုက်၌ တောက်ပသောလေဟာနယ် ပတ်လည်၌ ချိပ်ပိတ်နယ်မြေအစီအရင် ဆက်၍ မရှိလေတော့ပေ။ ဆင့်ခေါ်ခြင်းမြစ်သည်လည်း ပြင်ပနယ်မြေထံ အလုံးစုံ လှစ်ဟပေါ်သည်။

အလုံးစုံကောင်းကင်နှင့် တိမ်ပင်လယ်တို့မှာလည်း လုံးဝ လွတ်လပ်သွားသည်။ ၎င်းကြယ်အဖွဲ့အစည်းလေးခုကို ဝန်းရံထားသော ချိပ်ပိတ်နယ်မြေအစီအရင်သည် ဆက်၍ မရှိလေတော့ပေ။

ထိုအခါ အတွင်းနယ်မြေနှင့် အပြင်နယ်မြေကြားရှိ အရံအတားသည် ပျောက်ကွယ်သွားပြီး ယင်းနယ်မြေကြီးနှစ်ခုသည် တစ်ခုတည်းအဖြစ်သို့ ထပ်မံ ရောက်ရှိသည်။

ချိပ်ပိတ်နယ်မြေအစီအရင် မရှိတော့သည်နှင့် အတွင်းနယ်မြေမှ အပူဇော်ခံမီးတောက်များကို စုစည်းရာ၌ ဟန့်တားထားသော ဆန်းကြယ်သောအားလည်း ပျောက်ကွယ်သွားသည်။ သည်အခိုက်တွင် အလုံးစုံကောင်းကင်မှ တတိယအဆင့် ကျင့်ကြံသူအားလုံးသည် စိတ်လှုပ်တရှား ဖြစ်ကြ၏။ ချင်းလင်သည်ပင် ခြွင်းချက် မရှိပေ။

ဝမ်လင်းသည် ချိပ်ပိတ်နယ်မြေအစီအရင်ကို ဖျက်စီးပစ်လိုက်ပြီ ဖြစ်သည်။

ခေတ်ကာလတစ်လျှောက် သူသည် ထိုသို့လုပ်သည့် ပထမဆုံးလူပင်။ ကျူးကျော်လာသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို သတ်ဖြတ်ပြီးနောက် ချိပ်ပိတ်နယ်မြေအစီအရင်ကို ဖျက်စီးပစ်ရဲသည့် ပထမဆုံးလူပင်။

သူ၏အမည်သည် သည်ကျင့်ကြံခြင်းလောကတွင် နှစ်ပေါင်းသောင်းနှင့်ချီ လက်ဆင့်ကမ်းခံရတော့မည် ဖြစ်၏။ အကြောင်းမှာ သူသည် ချိပ်ပိတ်နယ်မြေအရှင် ဖြစ်၏။ သူက တာအိုခုနစ်ခုကလန်၏ ချိပ်ပိတ်နယ်မြေအရှင်သခင် မဟုတ်ပေ။ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ၏ အမိန့်အောက်ရှိ ချိပ်ပိတ်နယ်မြေအရှင် မဟုတ်ပေ။ အတွင်းနယ်မြေကျင့်ကြံသူများ၏ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်လေ၏။ သူသည် အတွင်းနယ်မြေမှ ကျင့်ကြံသူများကို ဒီလှိုဏ်ဂူလောကနေ ခေါ်ထုတ်ပြီး အင်မောတယ်ကောင်းကင်ဘုံနယ်မြေကို တုန်လှုပ်စေမည့်သူ ဖြစ်လေ၏။

***

All Chapters