များစွာ မျှော်မှန်းထားမိသည့် အတိဒုက္ခ ကျော်လွှားခြင်း
Vol. 27 Ch. 379
ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြစ်သွားသည့် ထိတ်လန့်ဖွယ်ရာ ပြောင်းလဲမှုများမှာ စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်မှ လူတိုင်းကို ချက်ချင်းပင် နိုးကြားစေလိုက်၏။
ကျက်သရေရှိသည့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက သစ်ကိုင်းတစ်ခုပေါ်တွင် ရပ်နေပြီး အဝေးတွင် တရားထိုင်နေသော ပုံရိပ်ကို တောက်လောင်နေသည့် အကြည့်များနှင့် စိုက်ကြည့်နေလေ၏။
"ကမ္ဘာမြေ အင်မော်တယ် မင်ယွမ်၊ မင်းအခုလောလောဆယ် သင်စရာ အတန်း မရှိဘူးလား။" အဝါရောင် ကုတ်အင်္ကျီနှင့် အနီရောင် အနားသတ် မျက်မှန်တစ်စုံဖြင့် အရပ်ရှည်ရှည် ခပ်သွယ်သွယ် အမျိုးသမီးတစ်ဦးမှာ ခပ်မှန်မှိန်အပြုံးတစ်ခုနှင့် သူ့ဘေးမှ စာအုပ်တစ်ကြီးတစ်အုပ်ပေါ်တွင် အပြုံးတစ်ခုနှင့် ထိုင်နေလေ၏။
"ငါ့အဲ့တာကို စာကြည့်ချိန်အဖြစ် ပြောင်းလိုက်ပြီ။" ကမ္ဘာမြေ အင်မော်တယ် မင်ယွမ်က အားနာမှုလုံးဝမရှိပဲ ပြန်ဖြေလာ၏။
သူက ဆက်မပြောခင် ခဏတုံ့ဆိုင်းသွား၏။ "ကျောင်းအုပ်ကြီးက ပွဲကြည့်ခြင်းက တားမြစ်ထားတယ်လို့ သေချာပြောထားတယ်။ ဒါပေမဲ့ ငါအဝေးကနေပဲ ကြည့်နေတာ အဲ့တာကြောင့် အန်လင်းကို အနှောက်အယှက်မဖြစ်အောင်လို့။ အခုက ငါ့အတွက် ပညာရမဲ့ အခွင့်အရေးပဲ။ အဲ့တာမို့ ငါက လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ဖို့လိုတယ်။"
ထိုအခိုက်အတန့်၌ မရေတွက်နိုင်သော ကျောင်းသားများနှင့် ဆရာများမှာ စာသင်ခန်း ပြတင်းပေါက်များမှာ ငေးကြည့်နေကြလေ၏။
ကျောင်းသားများ အားလုံးမှာ လုံးဝပင် ပြောစကားမဲ့နေလေကြ၏။ သူတို့က ဘာတွေဖြစ်နေသလဲ ဆိုသည်ကို လုံးဝမသိပဲ သူတို့ကြားမှာ စောင့်ကြည့်ရန်သာ တတ်နိုင်ပေ၏။
"ဘုရားရေ... လွန်ခဲ့တဲ့ မိနစ်ပိုင်း အတွင်းမှာပဲ အဲ့တာက တောက်ပပြီး နေသာနေတာလေ။ အပြင်ဘက်မှာ ရုတ်တရက်ကြီး ဘာလို့များ မှုန်မှိုင်းလာရတာလဲ။"
"ချဉ်းကပ်လာနေတဲ့ မုန်တိုင်း ရှိနေတာများလား။"
"မင်းက ငတုံးလား။ ကောင်းကင်ဘုံ ခုံရုံးက မျောနေတဲ့ အသင်းအဖွဲ့ကြီးလေ။ ဒီလို အရပ်ဒေသကြီးမှာ ဘယ်ကနေ မိုးတိမ်တိုက် ထူထူကြီးတွေက ပေါ်လာရတာလဲ။"
"တစ်ချို့ အစွမ်းထက် ရန်သူတွေက ရောက်လာပြီး သူတို့ရဲ့ ရောက်ရှိမှုက ရာသီဥတုဖောက်ပြန်မှုတွေကို ဖြစ်စေတာများ ဖြစ်နိုင်မလား။"
"စောက်ပိုတွေကွာ...။ ဘယ်လို စောက်တုံးမျိုးက ကောင်းကင်ဘုံ ခုံရုံးကိုလာပြီး ရန်စရဲမှာလဲ။ ကိုယ့်ကိုယ်ကို သတ်သေဖို့ ပိုပြီးလွယ်ကူတဲ့ နည်းလမ်းတွေအများကြီး ရှိတာကို။"
"အဲ့တာဆို တစ်စုံတစ်ယောက်က အတိဒုက္ခ ကျော်လွှားနေတာ ဖြစ်နိုင်မလား။ ဒါက တစ်ခုတည်းသော ဖြစ်နိုင်တဲ့ ရှင်းလင်းချက်ပဲ ဟုတ်တယ်မလား။"
"ဘုရားသခင်... အဲ့တာ လျှိုချင်ဟွမ် ဖြစ်နိုင်မလား။"
...
ဆရာများ အားလုံးက ဒုကျောင်းအုပ်ကြီး ယွီဟွားက အင်မော်တယ် မန္တန်အသစ်ဖန်တီးနေခြင်း ဖြစ်သည်ဟု ကျောင်းသားများကို ပြောကာ စုပေါင်း မုသားတစ်ခု လုပ်ဇာတ်ခင်းလိုက်ကြ၏။ သို့ဖြစ်၍ ကျောင်းသားများ အားလုံးမှာ သူတို့၏ အတန်းများဆီသို့ ပြန်အာရုံစိုက်သွားလေတော့သည်။
ထိုသည်က လွန်ခဲ့သော နောက်ဆုံးမိနစ်က လျှို့ဝှက်ဆန်းကြယ်စွာ ကိုယ်ပိုင် စာကြည့်ချိန်သို့ ပြောင်းသွားသော ကျောင်းသားတစ်ဒါဇင်မှလွဲ၍ ကျောင်းသားအားလုံးကို အသုံးပြုမည်မှာ သေချာပေါက်ပင်။
ထိုကိုယ်ပိုင်စာကြည့်ချိန်မှ ကျောင်းသားများအားလုံးမှာ အုတ်အုတ်ကျက်ကျက်ဖြစ်နေကြပြီး စုပေါင်းအတန်းလစ်ကာ စာသင်ခန်းပြင်ပသို့ ထွက်ရန် လက်တစ်ကမ်းသာလိုပေတော့သည်။
ကျောင်းသားများ အားလုံးနီးပါးမှာ ဤပုံမှန်မဟုတ်သည့် နိယာမများအတွက် အကြောင်းပြချက်ကို ရှာဖွေရန် ကြိုးစားနေကြရင်း အသည်းအသန် ဆွေးနွေးနေကြပေတော့သည်။ သူတို့က အထက်တိမ်တိုက်များမှ ဖျက်စီးနိုင်သော စွမ်းအင်များ ပြည့်နှက်နေသည်ကို ခံစားမိသောအခါ သူတို့အများစုမှာ ထိုသည်မှာ အတိဒုက္ခ ကျော်လွှားခြင်းနှင့် တစ်ခုခုပတ်သတ်ပေလိမ့်မည်ဟု ခန့်မှန်းကြ၏။ ထို့ကြောင့် သူတို့အများစုမှာ အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားကိုကြည့်ရာ လျှိုချင်ဟွမ်နှင့် အန်လင်းမှာ အတိဒုက္ခကျော်လွှားရန်အတွက် ပြိုင်ဘက်များ ဖြစ်ပုံရသည်ကို တွေ့လိုက်ရ၏။
သူတို့က အန်လင်းကို တွက်ချက်မှုထဲတွင် အဘယ့်ကြောင့် ထည့်ရသလဲဟု မေးပါကမူ သူက စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သာ ဖြစ်သော်လည်း ဤကဲ့သို့ ဆွေးနွေးမှုထဲတွင် သူ့အားချန်လှပ်ထားရန်မှာ သူကအလွန်သမိုင်းဝင်နေ၍ဖြစ်၏။
သို့သော်လည်း သူတို့ ဘယ်တော့မှ မတွေးမိသည်မှာတော့ သူတို့၏ ထင်ရာမြင်ရာ ခန့်မှန်းချက်များမှာ အမှန်တရားနှင့် အလွန်နီးကပ်နေသည်ကိုပင်...
ဆရာအများစုမှာ လပြည့်ဝန်းတောင်၏ တောထဲ၌ တိတ်တဆိတ် ပေါ်လာကြ၏။ သူတို့အားလုံးမှာ တောင်ထိပ်တွင် ထိုင်နေသော အမျိုးသားငယ်ကို အနှောက်အယှက်ဖြစ်မည်စိုး၍ သူတို့၏ အရှိန်အဝါများကို ချိုးနှိမ်ထားကြ၏။
"ထန်ချင် ရှင်က အင်မော်တယ် မန္တန်ဌာနက ဌာနခေါင်းဆောင်ဇူနဲ့ တစ်နေရာကို ခရီးသွားတာ မဟုတ်ဘူးလား။" ဆရာမတစ်ယောက်က ဆံပင်အဖြူနဲ့ အဘိုးအိုကို တွေ့သောအခါ ဆိုလာ၏။
မြေကမ္ဘာ အင်မော်တယ် ထန်ချင်က သူ့၏ မုတ်ဆိတ်မွေးကို အပြုံးနှင့် သပ်လိုက်ပြီး "ဟီးဟီး... ငါက ငါ့ရဲ့တပည့်တွေထဲက တစ်ယောက်က ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို တက်မှာကို ကြည့်ရဖို့ မလွဲချော်နိုင်ဘူးလေ။ အဲ့တာမို့ ဒီအတွက်ကို အထူးတလှယ်ကို ပြန်လာခဲ့တာ။ အန်လင်းက ငါ့ရဲ့ အုပ်ထိန်းမှုအောက်မှာ တစ်ချိန်လုံး ရှိနေခဲ့တာလေ တာအိုခန္ဓာ ဗလာအဆင့်ကနေပြီး ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်အထိပဲလေ။ သူက ဘယ်လောက်တောင် အရွယ်ရောက်လာလဲ ကြည့်ပါအုံး..."
ထိုဆရာမက ထန်ချင်၏ စကားများတွင် ခပ်ဖွဖွ ပြုံးလိုက်၏။ သူပြောသည်မှာ မည်သည်မှ မမှားပါချေ။ သို့သော် တစ်ချို့သော အကြောင်းကြောင့် မှန်သည့်ပုံလဲ မပေါက်ပါပေ...။
ထိုအခိုက်အတန့်၌ အန်လင်းမှာ သူ့အထက်မှ ကောင်းကင်ပေါ်တွင်သာ အာရုံအပြည့်အဝစိုက်ထားပြီး ထို့ကြောင့် သူ့ပတ်ဝန်းကျင်တွင် ဖြစ်နေသမျှကို သူက မသိရှိပါပေ။
သူ့ကိုယ်ထဲမှ တစ်ခုသော အထိန်းအချုပ်မှာ လွတ်မြောက်သွားသည်ဟု ခံစားရပြီး သူ့၏ သားရဲအမြုတေမှာ တောက်ပသောအလင်းတန်းနှင့် လင်းလက်စပြုလာလေ၏။ ရွှေရောင် အလင်းတန်းမှာ သူ့၏ သက်ရှိစွမ်းအင် အမြောက်အများကို ထုတ်လွတ်လာပြီး သူ့၏ သားရဲအမြုတေသည် အရည်ပျော်သွားတော့မည်ဖြစ်ကြောင်း၏ ရှေ့ပြေးနိမိတ် ဖြစ်ပေ၏။
စိတ်ဝိညာဉ် သားရဲများသည် ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်သို့ တက်ရောက်ပါက သူတို့၏ သားရဲအမြုတေမှာ အပိုင်းနှစ်ပိုင်းအဖြစ် အရည်ပျော်သွား၏။
တစ်ပိုင်းမှာ အဓိက တွင်းအားဗဟိုချက်များဆီသို့ ပေါင်းစည်းမသွားမီ အရည်ပုံစံဟု ယူဆရပြီး ထို့ကြောင့် အတွင်းအား ဗဟိုချက်များကို ခိုင်မာစေပြီး သားရဲအမြုတေမှ အတွင်းအား ဗဟိုချက်များသို့ သက်ရှိစွမ်းအင် လှည့်ပတ်ခြင်း အခန်းကဏ္ဍကို လုပ်ဆောင်ပေး၏။
တခြားတစ်ပိုင်းမှာတော့ ဒြပ်မရှိသော အံ့ချအရှိန်အဝါများဆီသို့ ကူးပြောင်းလာပြီး သိစိတ်နှင့် ပေါင်းစည်းသွားကာ ခံနိုင်ရည်ကို သိသိသာသာတိုးလာစေပြီး အခြေခံအားဖြင့် ဒုတိယ ဘဝတစ်ခုကို ဖန်တီးပေး၏။ ထိုအချက်ဖြင့် သိစိတ်က သိသိသာသာပြောင်းလဲမှုတစ်ခုကို ဖြစ်လာပြီး အံ့ချအာရုံများ အမြားအပြား ဖြစ်ပေါ်လာတော့၏။ တစ်ချိန်တည်းမှာပင် ထိုအံ့ချီး အရှိန်အဝါများက ထိုသူ၏ ပိုငိ်နက်နယ်နှင့် သူတို့၏ သိစိတ်များ ပေါင်းစပ်ပြီး ထို့ကြောင့် ထိုနှစ်ခုကို ပေါင်းစည်းပေးကာ စစ်မှန်သော ဝိညာဉ်ဖွဲ့စည်းခြင်း ပိုင်နက်နယ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။
ထိုသည်က သေချာပေါက်ပင် လျှပ်စီး အတိဒုက္ခအတွင်း၌ လုပ်ဆောင်ရမည်ဖြစ်၏။
ဘုန်း...
နောက်ဆုံးတွင်တော့ မှိန်ပြပြ လျှပ်စီးများက ထွက်ပေါ်စပြုလာလေ၏။
အန်လင်းက ကောင်းကင်ကိုကြည့်လိုက်သောအခါ အလင်းတန်းများက အမှောင်ထုကို ဖြတ်ကာ ထွက်ပေါ်လာသည်မှာ တိမ်တိုက်ထူအလွှာကြီးများကို ဖျတ်စီးပစ်တော့မလိုပင် ထင်ရသည်ကို တွေ့လိုက်ရ၏။
တောက်ပနေသော လျှပ်စီးက တစ်ကီလိုမီတာကျော် ဧရိယာကို ဖုံးလွှမ်းထားပြီး အထက်ကောင်းကင်၌ စုစည်းစပြုလာလေ၏။ အန်လင်းက စုစည်းနေသော စွမ်းအင်များကို ကြည့်ကာ အနည်းငယ် လွှမ်းမိုးခံရသလို ခံစားလိုက်ရ၏။
ဒုကျောင်းအုပ်ကြီး ယွီဟွားမှာ ရှေးဟောင်းပွဲကြည့်စင်တစ်ခု၌ ထိုင်နေပြီး လက်က်ရည်တစ်ချို့သောက်နေလေ၏။ သူက အဝေးရှိ လျှပ်စီး တိမ်တိုက်များကို မော့ကြည့်လိုက်ကာ သူ့မျက်နှာပေါ်တွင် အံ့အားသင့်သောအမူအရာက ပေါ်လာလေ၏။ "ငါးကီလိုမီတာရှိတဲ့ အနက်ရောင် တိမ်တိုက်တွေနဲ့ ၁.၅ကီလိုမီတာရှိတဲ့ လျှပ်စီးတွေ အဲ့တာက ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် အတိဒုက္ခအတွက် အတော်လေးကို ကြောက်စရာကောင်းလွန်းတယ်။ ကောင်းကင်ဘုံခုံရုံးရဲ့ ထိပ်ဆုံးထူးချွန်သူကတော့ ထင်ထားတဲ့အတိုင်းပဲ။"
သူ့၏ တရာထိုင်မှုနောက်တွင် အန်လင်းက သူ့၏ အကောင်းဆုံး ဖြစ်နိုင်သည့် အနေအထားကို ပြင်ဆင်ထားပြီး ဖြစ်၏။
သူက မိစ္ဆာရှင်းဓားကိုကိုင်ကာ မတ်တပ်ရပ်လိုက်ပြီး အတိဒုက္ခလျှပ်စီးကြောင်းကြီးများကို စောင့်နေလိုက်၏။
အံ့ချီးလျှပ်စီးများမှာ ခေါင်းထက်တွင် စတင်၍ တစ်ဖျောက်ဖျောက်မြည်လာပြီး လျှပ်စီးအတွင်း၌ ပြည့်နှက်နေသော စွမ်းအင် အမြောက်အများက ဆရာများကို ကြောက်လန့်စွာ တုန်ယင်လာစေတော့သည်။
ဘုန်း...
ရွှေရောင် လျှပ်စီးကြောင်းကြီးတစ်ခုက တိမ်တိုက်များကို ပြိုင်ဘက်ကင် စွမ်းအားနှင့် ထိုးဖောက်လာကာ အထက်ကောင်းကင်ကို ပြိုကွဲသွားစေ၏။
ဒုကျောင်းအုပ်ကြီး ယွီဟွားမှာ ရုတ်တရက် ထိုရွှေရောင်လျှပ်စီးကို မြင်းပြီးသည့်နောက်တွင်တော့ လက်ဖက်ရည်များ အန်ထွက်လာလေ၏။
ကြည့်ရှုနေသော ဆရာများအားလုံးသည်လည်း သူတို့၏ မျက်လုံးများ ကျွတ်ကျတော့မည်ကဲ့သို့ အသက်ပြင်းပြင်းရှုလိုက်ကြ၏။
ဘာတွေဖြစ်နေတာလဲ။ ရွှေရောင်လျှပ်စီးလား။
လျှိုချင်ဟွမ်က သူမ၏ မျက်လုံးကို မယုံနိုင်စွာ ပွတ်လိုက်၏။ "ငါ အရောင်မခွဲနိုင်တော့ဘူးလို့ ခံစားရတယ်...။ ခုဏက လျှပ်စီးရဲ့အရောင်က ဘာလဲဆိုတာ မင်းတို့ကောင်တွေ ငါ့ကို ပြောပြလို့ရမလား။"
"အဲ့တာက ရွှေရောင်လျှပ်စီးကြောင်းကြီး။ အဲ့တာက ပုံမှန်ဆို ဟာလာပြင်သို့ အပြန်အဆင့် အတိဒုက္ခမှာ တွေ့ရတဲ့ ရွှေရောင်ဟာလာပြင် လျှပ်စီးကြောင်းကြီး..." စုရှောင်လန်က တောင်ထိပ်မှ အမျိုးသားကို စူးစိုက်ကြည့်နေ၏။ သူမ၏ လက်သည်းများမှာ လက်ဖဝါးထဲသို့ စိုက်ဝင်နေသော်လည်း ထိုသည်ကို သူမက လုံးဝ သတိမထားမိပါပေ။
"အဲ့တာက ရာသီဥတုဖောက်ပြန်မှုကြောင့် ဖြစ်တဲ့ မူမမှန်တဲ့ ရလာဒ်ဖြစ်ရမယ်။ ဒီဟာပြီးရင်တော့ လျှပ်စီးကြောင်းကြီးက ပုံမှန် အပြာရောင်ဟလျှပ်စီးကြောင်းဖြစ်မှာပါလေ။"
ဘုန်း...
တခြားသော အသံကျယ်ကြီးက ကောင်းကင်မှထွက်ပေါ်လာ၏။
ရွှေရောင်လျှပ်စီးကြောင်းအထူကြီးတစ်ခုက ကောင်းကင်တစ်လျှောက် လင်းလက်သွားပြန်ကာ တိမ်မဲများကို ပပေါက်သွားစေ၏။
ထို့နောက်ချက်ချင်းပင် မရေမတွက်နိုင်သော ရွှေရောင်လျှပ်စီးကြောင်းများက အထက်မှတိမ်များထဲတွင် စတင်ပေါ်ပေါက်လာပေတော့သည်။ သူတို့မှာ အမဲရောင် တိမ်တိုက်ပင်လယ်ထဲတွင် ကူးခတ်နေသော ရှည်မြောမြော ရွှေငါးတစ်သိုက်ကြီး ကဲ့သို့ပင်။
ရွှမ်ယွမ်ချန် : "..."
ကျုံးရုံရန်က သူ့ရှေ့မှ မြင်ကွင်းကို အမူအရာမဲ့ငေးကြောင်ကြည့်နေကာ သူ့ယပ်တောင်ကို ်တ်ရန်ပင် မေ့နေလေ၏။ သူက အတော်ကြာပြီးမှသာ စကားတစ်ခွန်း တွန်းအားပေးပြောနိုင်လေ၏။ "သေစမ်း... အစ်ကိုကြီးအန်က တကယ်ကြီး ဟာလာပြင်သို့ အပြန်အဆင့်ကို တန်းကျော်တက်တော့မှာလား။"
"မဟုတ်ဘူး။ သူက အဲ့ရွှေရောင် ဟာလာပြင် လျှပ်စီးပစ်ခတ်မှုမှာ အသက်မရှင်နိုင်ဘူး။"
စုရှောင်လန်က သူမ၏ အောက်နှုတ်ခမ်းကို ခပ်တင်းတင်းဖိကိုက်ကာ အန်လင်းဆီသို့ လျှောက်သွားရန်ပြင်လိုက်၏။
ပုံရိပ်တစ်ခုက ရုတ်တရက် သူမရှေ့တွင် ပိတ်ရပ်နေသည်။
"အတိဒုက္ခစတင်လိုက်တဲ့အချိန်ကစပြီးတော့ အရာအားလုံးက ကျောင်းသားအန်လင်းရဲ့ ကံကြမ္မာအတိုင်းဖြစ်လာတာပဲ။ ဘာပဲဖြစ်ဖြစ် ငါတို့က သူ့ကို နှောက်ယှက်လို့မဖြစ်ဘူး။" ဓားအင်မော်တယ် လင်းရှောင်က ညှိနှိုင်း၍ ရနိုင်သော အသံဖြင့် ပြောလာ၏။
မရေမတွက်နိုင်သော လူများသည်လည်း ရွှေရောင်ဟာလာပြင်လျှပ်စီး၏ မြင်ကွင်းကြောင့် အလွန်ထိပ်လန့်နေကြ၏။
အန်လင်းကိုယ်တိုင်သည်ပင် ရွှေရောင်လျှပ်စီးကို ကြောင်တောင်တောင်နှင့် ငေးကြည့်နေလေတော့သည်။
"မဟုတ်သေးပါဘူး။ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်ရောက်ဖို့အတွက် အံ့ချီးလျှပ်စီးက အပြာရောင်ဖြစ်ရမှာမလား။ ရွှေရောင်က ဘာကို ဆိုလိုတာလဲ။ အဲ့တာက ပိုပြီးအစွမ်းထက်တာလား အားပျော့တာလား။" သူက သူ့ကိုယ်သူ ရေရွတ်လိုက်၏။
ဓားအင်မော်တယ် လင်းရှောင်က လူတိုင်းကို နောက်ထပ်ပေတစ်ထောင်နောက်ဆုတ်ရန် ညွှန်ကြားလိုက်သည်။ ရွှေရောင်လျှပ်စီးကြောင့် ဖြစ်လာသည့် စွမ်းအားလှိုင်းများမှ ဒဏ်ရာရလာမည်ကို ကာကွယ်ရန်အတွက်ပင်။
ကောင်းကင်ရှိ မည်သည့် ရွှေရောင် လျှပ်စီးကြောင်းကမဆို ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ဖျက်စီးနိုင်သည့် စွမ်းအင်ရှိပြီး ထိုကဲ့သို့ လျှပ်စီးများ ကောင်းကင်ပေါ်တ္င် စုပြုံနေသည်မှာ ရာကျော်ပင်ရှိ၏။
စောင့်ကြည့်နေသော ဆရာများအားလုံးဆီသို့ ထပ်တူညီသော အတွေးတစ်ခုက ပေါ်လာလေ၏။ အကယ်၍ ရွှေရောင်လျှပ်စီးများအားလုံး တစ်ပြိုင်နက်တည်း ကျရောက်လာပါက ထိုသည်က လပြည့်ဝန်းတောင်တစ်ခုလုံးကို မြေပြင်သို့ ပြားပြားဝပ်ချေမှုန်းပစ်နိုင်ပေလိမ့်မည်။
***