မင်းရဲ့ လျှပ်စီးအတိဒုက္ခက ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ငါမထင်ထားဘူး
Vol. 27 Ch. 380
ရွှေရောင် လျှပ်စီးက လေထဲတွင် ဘောလုံးတစ်ခုပဲ့သို့ စုစည်းသွားပြီး ရူးသွပ်စေနိုင်လောက်သည့် စွမ်းအားများ ပြည့်နေကာ ကောင်းကင်ကြီးကိုပင် စုတ်ဖြဲ ပစ်တော့မလိုပင်။
"ငလူး... အဲ့တာက တကယ်ပဲ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် အတိဒုက္ခလျှပ်စီးကြီးလား။ အဲ့တာက ဘာလို့ အဲ့လောက်တောင် သန်မာရတာလဲ။" အန်လင်းမှာ မူလက ယုံကြည်ချက်အပြည့်နှင့်ဖြစ်သော်လည်း ကောင်းကင်မှ ကြောက်မက်ဖွယ် ရွှေရောင်လျှပ်စီးများကိုမော့ကြည့်ရင်း အတော်အတန် စိတ်ပူလာလေပြီ။
သူက ချက်ချင်းပင် သူ့၏ ဝှက်ဖဲကို ထုတ်ယူလိုက်၏။ သူက အစပိုင်းတွင် ဤဝှက်ဖဲကို လျှပ်စီးအား တောင့်မခံနိုင်တော့မှသာ ထုတ်ယူရန် စီစဉ်ထားခြင်းဖြစ်သည်။
သို့သော်လည်း သူက ဤဝှက်ဖဲအား ချက်ချင်းထုတ်ယူလိုက်သည်က ပညာရှိသော ရွေးချယ်မှုဟု ခံစားရ၏။
သူ့၏ သိုလှောင်လက်စွပ်မှာ လင်းလက်လာသည်နှင့် အန်လင်းက အော်ဟစ်လိုက်၏။
ထို့နောက် ဘာမှဖြစ်မလာပါချေ။
Nani...။ (ဘာလဲဟ...။)
အန်လင်းက ဖရိုဖရဲ သတ္ထုအုတ်ခဲကို ဆင့်ခေါ်ရန် ထပ်မံကြိုးစားလိုက်၏။ သို့သော် သူ့၏ သိုလှောင်လက်စွပ်မှာ မမြင်နိုင်သော အားတစ်ခု၏ ချိပ်ပိတ်ခံထားရသည့်ပုံပင်။
အန်လင်း : "..."
သူက ကောင်းကင်မှ ရွှေရောင်လျှပ်စီးများက စတင်၍ ပြင်းထန်စွာတုန်လှုပ်လာပြီး တဖြည်းဖြည်းနှင့် ပုံစံတစ်ခု ဖြစ်ပေါ်လာသည်ကို မော့ကြည့်လိုက်၏...။
သူက ဘာလို့ သူ့ရဲ့ ဖျက်စီးလို့မရနိုင်တဲ့ အုတ်ခဲနက်ကို ဆင့်ခေါ်လို့မရသနည်း။
အဲ့တာက... အဲ့နတ်ဘုရားတွေက သူ့ကို သတ်ဖို့ ကြိုးစားနေကြတာ ဖြစ်နိုင်သလား။
ထိုအချိန်၌ပင် ပို၍ပင် ထိန့်လန့်ဖွယ် မြင်ကွင်းတစ်ခုက အားလုံး၏ မျက်စိရှေ့တွင် ဖြစ်ပေါ်လာ၏။
ကောင်းကင်မှ ရွှေရောင် ဟာလာပြင် လျှပ်စီးများက တဖြည်းဖြည်း ပေါင်းစည်းသွားကာ ပေတစ်ရာကျော် အရွယ်အစားရှိသော ရွှေရောင် ကီရင်တစ်ကောင်ဖြစ်ပေါ်လာ၏။
ကီရင်က လေကို ဖြတ်သန်းကာ ကခုန်နေပြီး ထိုအရာ၏ အသက်ရှုသံမှာ မိုးကြိုးနတ်ဘုရား၏ ဟိန်းသံနှင့် တူလေ၏။ ထိုအရာ၏ ချွန်ထက်သော လက်သည်းများက လေထဲတွင် လင်းလက်နေပြီး လေထုကို လေထုကို ကျိုးပျက်ကာ မှန်ပြတင်းတစ်ခုကဲ့သို့ အက်ကွဲလာစေ၏။
အန်လင်းက မည်သည်ကိုမှ မသိပင်လျှင်တောင် ထိုသည်မှာ သာမန်လျှပ်စီး အတိဒုက္ခမဟုတ်သည်ကိုတော့ သဘောပေါက်စပြုလာပြီ ဖြစ်သည်။
သူက အဝေးမှ သူ့၏ သူငယ်ချင်းများကို လှည့်ကြည့်လိုက်ရာ ဓားအင်မော်တယ် လင်းရှောင်မှာ သူ့မျက်နှာတွင် အလွန် ပူပန်သောအမူအရာဖြင့် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်၏။ စုရှောင်လန်၏ မျက်လုံးထဲတွင် မျက်ရည်များဝိုင်းနေပြီး သူ့အပွေတွင် မည်သိုဆိုဆို ယုံကြည်ချက်အပြည့်ရှိကြသော သူ့၏ စူပါပရိတ်သတ်များပင်လျှင် စိုးရိမ်သော အရိပ်အယောင်များ ပြစပြုနေလေ၏။
ဟင်... သူက ဒီမှာ ချီးထုတ်ဖြစ်ပုံရတယ်။
လပြည့်ဝန်းတောင်ပေါ်ရှိ ဆရာများ အားလုံးမှာလဲ လုံးဝကို ပြောစကားမဲ့နေကြတော့လေသည်။
"ကျောင်းသားအန်လင်းအခု ကြုံနေရတဲ့ အတိဒုက္ခက ဘာလဲဆိုတာ ငါ့ကို ဘယ်သူပြောပြနိုင်မလဲ။"
"သူက ရွှေရောင်ဟာလာပြင်လျှပ်စီးကို ဝိညာဉ် ဖွဲ့စည်းခြင်း အတိဒုက္ခမှာ ဆွဲဆောင်နိုင်တာ ခဏထားအုံး။ ဘာလို့များ အဲ့ရွှေရောင်ဟာလာပြင်လျှပ်စီးက သက်ရှိ သတ္တဝါတစ်ကောင်ရဲ့ အသွင်ယူနေနိုင်ရတာလဲ။"
"နတ်ဘုရားတွေက သူ့ကို သတ်ဖို့ ကြိုးစားနေတာပဲ။"
"ကျောင်းသား အန်လင်းက အရင်ဘဝတုန်းက ကမ္ဘာကြီးကိုများ ဖျက်စီးပစ်ခဲ့လို့လား။"
"ငါတို့အားလုံးကို နည်းနည်းခပ်ဝေးဝေးကို ဆုတ်သင့်တယ်လို့ ငါထင်တယ်...။"
...
ကောင်းကင်၌ ပြည့်နှက်နေသော တိမ်မဲများက ကောင်းကင်နှင့် မြေကြီးကို အမှောင်ထုနှင့် ဖုံးကွယ်ထားတော့၏။
သို့သော်လည်း ကောင်းကင်ပေါ်မှ ရွှေရောင်ကီရင်က ကောင်းကင်နှင့် မြေကြီးကို သူ့၏ တောက်ပလှသော အလင်းဖြင့် ထွန်းလင်းစေတော့သည်။
လျှပ်စီးအတွင်းမှ ဖျက်စီးစေတတ်သောစွမ်းအားမှာ မသိလိုက်မသိဘာသာနှင့် တွန်းအားတစ်ခုကို အစပျိုးလိုက်ပြီး ကြည့်ရှုသူအပေါင်းကို ထိုအရာ၏ ပြိုင်ဘက်ကင်း ခွန်အား၌ ဦးညွှတ်စေတော့၏။
များစွာသော နောက်ထပ်လူများက လပြည့်ဝန်းတောင်ထိပ်တွင် စုစည်းနေကြ၏။ ထိုသည်မှာ ပြင်းပြသော ဆန္ဒကို မတွန်းလှန်နိုင်ကာ အတန်းများမှ လစ်လာပြီး ပွဲကြည့်ရန် ကိုယ်တိုင်ရောက်လာကြသော ကျောင်းသားများပင် ဖြစ်၏။ သူတို့၏ ခြေလှမ်းများက သိလိုက်ပဲ တုန့်ဆိုင်းမသွားခင်၌ ရွှေရောင် ကီရင်ကို တစ်ချက် ခိုးကြည့်ရန်သာ တတ်နိုင်ပေ၏။
အန်လင်း၏ အသက်ရှုသံများ လျင်မြန်စပြုလာ၏။ ထိုရွှေရောင် ကီရင်ကို ကြည့်လိုက်ရုံနှင့်တင် သူ့၏ ခန္ဓာကိုယ်မှာ အကြောက်တရားတို့ဖြင့် မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်သွားတော့သည်။
ထိုရွှေရောင် ကီရင်ကြီးက သူ့အပေါ်သို့ ဆင်းသက်လာပါက မည်သို့ဖြစ်မည်ကို သူက စိတ်ပင် မကူးရဲပါချေ။
ထိုအခိုက်အတန့်မှာတွင် ရွှေရောင် ကီရင်က ရုတ်တရက် သူ့ခန္ဓာကိုယ်ကို ကွေးလိုက်ပြီး ခေါင်းကို ငုံ့လိုက်ကာ အန်လင်းဆီသို့ ခုန်အုပ်ရန် ပြင်ဆင်သည့်အမူအရာ ပြုလုပ်လိုက်၏။
လျှပ်စီးအတိဒုက္ခက ရိုက်ခတ်လာလေတော့မည်။
စောင့်ကြည့်နေကြသော ကျောင်းသားများနှင့် ဆရာများ အားလုံးမှာ အသက်ရှုရန်ပင်မေ့နေကြသည်မှာ သူတို့၏ နှလုံးသားများက သူတို့လည်ချောင်းဆီသို့ ခုန်ထွက်လာသကဲ့သိုပင်။
အန်လင်းက အံတင်းတင်းကြိတ်လိုက်၏။ သူက နောက်ဆုတ်၍ မရပါပေ။ နတ်ဘုရားများက သူ့အား သေစေရန် ကြိုးပမ်းလာပါလျှင်လည်း သူက ဤမြေ၍ မြဲမြဲရပ်ရပါပေမည်။
"လျှပ်စီး အတိဒုက္ခက ဖြတ်လမ်းနည်းတွေ အသုံးပြုတော့ရော ဘာဖြစ်လဲ။ ငါက ဖြတ်လမ်းနည်းတွေကို တစ်ခါမှ မမြင်ဖူးတာလဲ မဟုတ်ပဲနဲ့။" သူက သူ့ကိုယ်သူရေရွတ်လိုက်ပြီး သူ့၏ အာရုံကြောများအားလုံးကို တည်ငြိမ်စေလိုက်၏။
ထိုအချိန်၌ပင် သူ့စိတ်ထဲ၌ အတွေးတစ်ခုက ရုတ်တရက်ပေါ်လာလေ၏။
ဖြတ်လမ်းနည်း...။ သူက သူ့ရဲ့ကိုယ်ပိုင် ဖြတ်လမ်းနည်းကို အသုံးပြုလို့ရနိုင်မလား။
ရွှေရောင် ကီရင်မှာ အံ့ချီး မကောင်းမှု၏ ကိုယ်စားလှယ် တစ်ဦးသဖွယ် ဆင်းသက်လာလေ၏။ ရွှေရောင် အလင်းများက ချက်ချင်းပင် ကောင်းကင်နှင့် မြေကြီးကို ထွန်းလင်းသွားစေပြီး အရောင်တစ်ခုတည်းသာ တည်ရှိနေသဖွယ် ထင်ရစေ၏။ မိုးကြိုးပစ်သံများမှာ ပို၍ပင် ကျယ်လောင်လာပြီး ၁၀ကီလိုမီတာ အချင်းဝက်ထက်ပင် ကျယ်ပြန့်သော အသံလှိုင်းများကို ထုတ်လွှတ်နေလေတော့သည်။
ရွှေရောင် ကီရင်၏ ဆင်းသက်လာမှုကြောင့် လူတိုင်းက တစ်ချိန်းတည်းမှာပင် မျက်လုံးကန်းကာ နားမကြားတော့သလို ခံစားလိုက်ရ၏။
"အဲ့ရွှေရောင် လျှပ်စီးကြီးက ကြောက်စရာကောင်းလိုက်တာ။ အတန်းဖော် အန်လင်းက အဆင်ပြေပါ့မလား။"
"စောက်ကျိုးနည်း...။ ငါတော့ မျက်စိကန်းတော့မလိုပဲ။"
ကျောင်းသားအမြောက်အများက တောက်ပလွန်းသော ရွှေရောင် အလင်းတန်းနှင့် ရင်ဆိုင်ရသောအခါ သူတို့၏ မျက်လုံးများကို ပိတ်ရန် တွန်းအားပေးခံလိုက်ရ၏။
"အဲ့တာက အဆင်ပြေပါတယ်။ မကြာခင် ပြီးသွားမှာပါ။"
"ဟုတ်တယ်။ ရွှေရောင်ဟာလာပြင် လျှပ်စီးက ခဏလေးပဲ ဆင်းလာတာ ငါတို့မျက်လုံးတွေ အခုဆိုဖွင့်လို့ရပြီ။" အတွေ့အကြုံ ရှိသော ကျောင်းသားတစ်ဦးက ဤကဲ့သို့ လျှပ်စီးအမျိုးအစားကို သတိပြုမိပြီး သူ့၏ အတွေ့အကြုံကို ပြောပြလာလေ၏။
လူတိုင်းက သူတို့၏ မျက်လုံးများကို ဖွင့်လိုက်ပြီး နောက်ထပ်သော တောက်ပလွန်းသည့် ရွှေရောင် အလင်းတန်းတစ်ခုနှင့် မျတ်ဆက်ခံလိုက်ရ၏...။
"ငလူး...။ ငါတော့ ကန်းပြီ ထင်တယ်။"
ကျောင်းသားတစ်သိုက်က ထပ်မံအော်ဟစ်လာပြန်ကာ သူတို့၏ မျက်နှာထက်တွင် မျက်ရည်များစီးကျကာ မျက်လုံးပြန်ပိတ်သွား၏။
"ဘယ်သူက ငါတို့ မျက်လုံးဖွင့်လို့ရပြီလို့ ပြောတာလဲ။ ကိုယ့်အပစ်ကို ဝန်ခံစမ်း အဲ့တာဆို ငါမင်းအသက်ကို ချမ်းသာပေးမယ်လို့ ကတိပေးတယ်။"
"မဟုတ်ဘူး။ အဲ့လျှပ်စီးက တစ်ခုခုမှားနေတာ။"
"အမှန်ပဲ။ မိုးခြိမ်းပြီးကတည်းက အတော်လေး တိတ်ဆိတ်သွားတာလေ။"
"ငါထင်တာ အဲ့တာက ငါတို့အားလုံး နားကန်းသွားလို့များလား..."
...
ထိုအခိုက်၌ အစွမ်းထက် ဆရာများက ရွှေရောင်အလင်းတန်း၏ ရင်းမြစ်ဆီသို့ သူတို့မျက်နှာပေါ်တွင် အလန့်တကြားအမူအရာဖြင့် ငေးကြည့်နေကြ၏။
ဒုကျောင်းအုပ်ကြီး ယွီဟွားပင်လျှင် သရဲတစ်ကောင် မြင်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်နေလေသည်။
ရွှေရောင် ကီရင်မှာ ဒေါသတကြီး အမူအရာဖြင့် အန်လင်းအပေါ်သို့ ဆင်းသက်သွားပြီး ဖြစ်ကာ အဆုံးမရှိသော ခွန်အားများက ထိုအရာ၏ ကိုယ်တစ်လျှောက်တွင် ပြေးလွှားနေ၏။
သို့သော်လည်း အန်လင်းက သူ့၏ လက်ညိုးကို ရွှေရောင် ကီရင် ဆီသို့ တိုက်ရိုက် ညွှန်ပြလိုက်၏။
သူတို့နှစ်ဦးစလုံးမှာ သူတို့၏ သက်ဆိုင်ရာ အနေအထားများကို ကို့ယို့ကားယား ပုံရိပ်ဖြင့် ထိန်းသိမ်းထားလေ၏။
ကီရင်ဆီမှ ဖြာထွက်လာသော ရွှေရောင် အလင်းတန်းမှာ အနက်ရောင် တိမ်တိုက် ကမ်းဗက်ပေါ်တွင် ထင်ရှားပေါ်လွင်သော ပုံရိပ်တစ်ခုကို ဖန်တီးကာ အရောင်နှစ်ခုမှာ ပေါင်းစပ်သွားပြီး ဆရာများအားလုံး အံ့ဩတကြီး ကြည့်ရှုနေသာ မြင်ကွင်းကို ဖန်တီးလိုက်၏။
အန်လင်းသည် နေရာ၌ မြဲမြံစွာရပ်နေလေ၏။ သူက သူ့၏ လျှပ်စီးခြယ်လှယ် နည်းစနစ်မှာ အတိဒုက္ခလျှပ်စီးကိုပင် ကြိုးကိုင်ခြယ်လှယ်နိုင်မည်ဟု မထင်ထားပါပေ။
"ဟားဟားဟားဟား..." အန်လင်းက ရုတ်တရက် စိတ်ရူးဖောက်သွားသကဲ့သို့ ကျယ်လောင်စွာ ရယ်မောလာလေ၏။ "လာစမ်းပါဟ။ ငါ့ကို တိုက်စမ်းပါ။ မင်းက ကီရင်အဖြစ်ပြောင်းနိုင်တော့ရော ဘာဖြစ်လဲ။ အဲ့တာဆိုလဲ ငါက ကီရင်တစ်ကောင်ကို ကြိုးကိုင်ရတာပေါ့။"
သူ့၏ အသံက ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးဆီသို့ ပဲ့တင်ထပ်သွားကာ လူတိုင်းက တဖြည်းဖြည်းနှင့် အသိစိတ်ဝင်လာကြလေတော့၏။
အန်လင်းက သူ့၏ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်သို့ တက်ရာ လုပ်ငန်းစဉ်ကို ပြီးမြောက်ရန်အတွက် အတိဒုက္ခလျှပ်စီးနှင့် ထိတွေ့ရန်လိုသေးသည်ကို သိပေ၏။ သို့သော် သူက ထိုသည်ကို သူ့၏ လျှပ်စီးခြယ်လှယ် နည်းစနစ်ကို အသုံးပြုကာ ထိုသည်အား ပိုမို ညင်သာသောနည်းလမ်းဖြင့် ပြုလုပ်ရန် ကြိုးစားလိုက်၏။
"လာစမ်းပါ။ လာခဲ့။ ဖြည်းဖြည်းလေး လာ..."
အန်လင်းက သူ့၏ လက်ညိုးကို ကီရင်ဆီသို့ ဆက်လက်ညွှန်ပြရာ ထိုသည်က နာခံတတ်သော အကောင်လေး တစ်ကောင်ကဲ့သို့ ဖြည်းညင်းစွာ ဆင်းသက်လာကာ အန်လင်းရှေ့ တစ်ပေအကွာ၌ ရပ်သွားလေ၏။
အန်လင်းက ကီရင်အတွင်း ပြည့်နှက်နေသည့် ရူးသွပ်ဖွယ် စွမ်းအင်ကို ခံစားရပြီး အလွန်စိတ်လှုပ်ရှာစွာနှင့် တံတွေးမျိုချလိုက်၏။
သူက သူ့၏ ညာလက်ကို ကီရင်ဆီသို့ ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်ပြီး စဦးထိတွေ့မှု ပြုလိုက်လေ၏။
ဘုန်း...
ကြောက်မက်ဖွယ် စွမ်းအင်များက အန်လင်းကိုယ်ထဲသို့ တိုးဝင်လာလေသည်။ စွမ်းအင်က သူ့၏ အတွင်းအားဗဟိုချက်များကို ဖြတ်သန်းသွားကာ သူ့ခန္ဓာကိုယ်နှင့် သူ့၏ သားရဲအမြုတေတို့ကို သန့်စင်ပေး၏။ သားရဲအမြုတေမှာ ရွှေရောင်ဟာလာပြင် လျှပ်စီး၏ အစွမ်းအားကြောင့် အရှိန်ပြင်းပြင်း လည်ပတ်စပြုလာပြီး အစွမ်းထက် ရွှေရောင်အလင်းတန်းများနှင့် တောက်လောင်နေသည့် အပူရှိန်များကို ထုတ်လွှတ်စပြုလာပြီး ထိုအရာကို နေမင်းပုံစံငယ်လေးသဖွယ် ပုံပေါ်နေစေ၏။
အန်လင်းက ရုတ်တရက် နာကျင်စွာ ညီးညူလိုက်၏။ "အို... နာတယ်ဟ။ ညင်ညင်သာသာလုပ်စမ်းပါ။"
ရွှေရောင် ကီရင်မှာ သူ့၏ နာနာကျင်ကျင် အော်ဟစ်သံ၌ နာခံစွာနှင့် အနည်းငယ်နောက်ဆုတ်သွား၏။
"ဟေး... နောက်ကို အရမ်းမဆုတ်နဲ့။ နည်းနည်း အနားတိုးလာခဲ့။ ဒါပေမဲ့ နည်းနည်းလေပိုပြီး ညင်သာပေး..."
"ဟုတ်တယ်။ ကောင်းတယ်။"
"ဟုတ်ပြီ... အဲ့အတိုင်း ဆက်လုပ်ထား။"
"အိုး... အဲ့တာကောင်းတယ်..."
...
ကျောင်းသားများအားလုံးမှာ နောက်ဆုံးတွင် မျက်လုံးများ ပြန်ဖွင့်လာနိုင်ကြသော်လည်း သူတို့ကို ဆီးကြိုနေသော မြင်ကွင်းမှာ သူတို့အား အလွန်အမင်း အံ့ဩသွားစေတော့၏။
ဆရာများ အားလုံးသည်လည်း မယုံနိုင်စရာများနှင့် ပြည့်နှက်နေလေ၏။ သူတို့က ဤကမ္ဘာကြီးအား နောက်ထပ်နားမလည်နိုင်တော့ပြီဟု ခံစားနေရ၏။
မြေကမ္ဘာအင်မော်တယ် မင်ယွမ်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေပြီး သူ့၏ အသက်ရှုသံများ မြန်လာကာ တောက်လောင်နေသော အပူလှိုင်းကြီးက သူ့မျက်လုံးထဲတွင် ပေါ်လာလေ၏။ "ဒါပဲ။ အဲ့တာမျိုးကို ငါစောင့်နေတာပဲ။ ဟားဟားဟား... ကျောင်းသား အန်လင်းကတော့ ငါစူးစမ်းဖို့အတွက် အံ့ဖွယ် ဖြစ်ရပ်တွေကို အမြဲတမ်း ဖန်တီးပေးနိုင်တယ်။"
"အတိဒုက္ခလျှပ်စီးက ဘာလို့ အဲ့လိုမျိုး ပြုမူရတာလဲ မင်းသိလား။ ဒါမှမဟုတ် နောက်တစ်နည်းပြောရရင် အန်လင်းက ဘယ်လိုလုပ်ပြီး အတိဒုက္ခလျှပ်စီးကို အဲ့လိုမျိုး ပြုမူစေတာလဲ မင်းသိလား။" မြေကမ္ဘာအင်မော်တယ် မင်ယွမ်က သူ့ဘေးမှ မိန်းမလှလေးဆီသို့ လှည့်လိုက်၏။
မြေကမ္ဘာအင်မော်တယ် ယွဲ့ယင်က သူမ၏ မျက်လုံးထဲတွင် စိတ်ဝင်စားမှုနှင့် တုံပြန်လိုက်၏။ "ဘာလို့လဲ..."
မြေကမ္ဘာအင်မော်တယ် မင်ယွမ်က စိတ်လှုပ်ရှားစွာ ကနေလေ၏။ "ဟားဟားဟား... ဘာလို့လဲဆိုတော့ ဒါတွေအားလုံးက ကံတရားတွေပဲလေ။ အရာအားလုံးက ကြိုတင်စီမံထားတဲ့ ကံတရားတွေပဲ။ မင်းနားလည်ရဲ့လား ဟင်။"
မြေကမ္ဘာအင်မော်တယ် ယွဲ့ယင် : "..."
အန်လင်း၏ သူငယ်ချင်းများက သူတို့၏ မျက်စိရှေ့တွင် မြင်နေရသော မြင်ကွင်းကို ကြုံရပြီး နောက်ဆုံးတွင်တော့ သက်ပြင်းချလိုက်တော့၏။ သူတို့မှာ လုံးဝကို အံ့အားတကြီး ဖြစ်နေလေတော့သည်။ သို့သော်... ကြည့်ရတာက အန်လင်းက ဘေးကင်းတဲ့ပုံပဲ... ဟုတ်တယ်မလား။
သို့ဖြစ်၍ ကောင်းကင်နှင့် မြေကြီးမှ အဆုံးမရှိသော ခွန်အားနှင့် ဆင်းသက်လာသော ရွှေရောင် ကီရင်မှာ ယခုတွင်တော့ နာခံတတ်သော စိတ်ဝိညာဉ် သားရဲသဖွယ် ပြုမူနေလေ၏။ လွန်ခဲ့သော အချိန်အနည်းငယ်က အန်လင်း၏ ဖြစ်တည်မှုကို သုတ်သင်ရန်ပစ်အတွက် ခြိမ်းခြောက်နေသည့် ဖျက်စီးစေတတ်သော အတိဒုက္ခ လျှပ်စီးမှာ ယခုတွင်တော့ အန်လင်း၏ အမိန့်တိုင်းကို ပူးပေါင်းဆောင်ရွက်ပေးနေပါတော့သည်...။
***