← Chapters

ငါဘာကို မွေးလိုက်တာလဲ

Vol. 27 Ch. 381

ငါဘာကို မွေးလိုက်တာလဲ

Vol. 27 Ch. 381

"များလွန်းတယ်။ လျော့အုံးဟ။ ငါ့ကို အသက်ရှုဖို့ အချိန်နည်းနည်းပေးပါအုံး..."

"ဟုတ်တယ်။ အဲ့တာက ကွက်တိပဲ။ ခံစားလို့ကောင်းတယ်။"

အန်လင်းက အတိဒုက္ခလျှပ်စီး၏ စွမ်းအင်များကို ဆက်လက် စုပ်ယူနေပြီး ရွှေရောင် ကီရင်မှာ ထိုအရာစစခြင်းတုန်းကနှင့် ယှဉ်ပါက သတိပြုဖွယ်ပင် ပိန်ပါးလာတော့၏။

သူ့ကိုယ်ထဲရှိ သားရဲအမြုတေမှာလဲ တဖြည်းဖြည်း အရည်ပျော်စပြုလာပြီး သူ့၏ အတွင်းအားဗဟိုချက်များဆီသို့ စီးဝင်သွားကာ ထို့ကြောင့်ပင် သန်မာလာသော အကျိုးသက်ရောက်မှုကို ဖန်တီးနေလေ၏။ သူ့၏ အတွင်းအား ဗဟိုချက်များမှာ တဖြည်းဖြည်းနှင့် ရွှေရောင်ပြောင်းလာပြီး သူ့၏ သိစိတ်မှာလည်း ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို လွှမ်းခြုံရန် ကျယ်ပြန့်လာပေတော့သည်...။

ထိုသည်များအားလုံးက အန်လင်းသည် တဖြည်းဖြည်းနှင့် သူ့၏အတိဒုက္ခကို ကျော်လွှားနေကြောင်း သက်သေပင်ဖြစ်၏။

တဖြည်းဖြည်းဆိုသည်မှာ ဤနေရာတွင် အဓိက စကားလုံးပင်။ သူက စွမ်အင်ကို လျင်မြန်စွာစုပ်ယူပါက နာကျင်မည်ဖြစ်၏။

ပတ်ဝန်ကျင်မှ ကြည့်ရှုသူ မည်သူကမှ ဤကဲ့သို့ အံ့ဖွယ်ရှုခင်းကို ယခင်ကမမြင်ဖူးခဲ့ပေရာ သူတို့၏ စိတ်မှာလည်း ထိတ်လန့်မှုနှင့် မြည်ဟီးနေကြတော့သည်။

သူတို့က အမျိုးသားငယ်တစ်ဦးက တောင်ထိပ်တွင်ရပ်နေကာ သူ့၏ညာဘက်လက်ကို ပေတစ်ရာကျော် အရွယ်အစားရှိ ကြီးမားသော ရွှေရောင် ကီရင်ကြီးဆီသို့ ဆန့်တန်းထားသည်ကို ကြည့်နေကြ၏။ သူမှာ ကောင်းကင်က ကောင်းချီးပေးခံရသော အမျိုးသားတစ်ဦးကဲ့သို့ပင်။

သူတို့သည် ထိုမြင်ကွင်းအား အသက်ရှင်နေသရွေ့ မေ့မည်မဟုတ်ပါလေ။ မဲမှောင်ပြီး ကြောက်မက်ဖွယ် တိမ်တိုက်များ၊ ရွှေရောင်ဟာလာပြင်လျှပ်စီး၏ ဖျက်စီးနိုင်သော စွမ်းအား နှင့် ထိုရာများအားလုံးအလည်တွင် ရပ်နေသော အန်လင်းအမည်ရသည့် အမျိုးသားက အတိဒုက္ခလျှပ်စီးကို ယဉ္ပါးစေခဲ့သည်။

"ညီအစ်ကို ချိုး၊ မင်းအဲ့တာကို ဘယ်လိုထင်လဲ။ ဝုတ်..." တပိုင်က အမူအရာမဲ့ ပြောလာ၏။

"ငါထင်တာကတော့ အစ်ကိုကြီးအန်က စောက်ရမ်းကို ကြမ်းတာပဲ။ အမကြီး ဟုန်၊ နင်ရော ဘယ်လိုထင်လဲ။" ရှောင်ချိုး၏ မီးသီးကဲ့သို့ မျက်လုံးများက အံ့ဩဆန်းကျယ်မှုနှင့် တောက်ပနေ၏။

"သခင်က ပိုပိုပြီးတော့ နှာဘူးကျလာတယ်။ သူက အခုဆို လျှပ်စီး ကီရင်တွေအပေါ်မှာကို အမဲလိုက်နေပြီ..." ရှောင်ဟုန်က အသံချိုချိုလေးနှင့် ပြန်ဖြေလာ၏။

ရှောင်ချိုး : "..."

တပိုင် : "..."

ဓားအင်မော်တယ် လင်းရှောင်မှာ စိတ်သက်သာရစွာ သက်ပျင်းချလိုက်ပြီး အံ့ဩသည့်အမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။ "ငါရဲ့ အဲ့ဒီ့ကျောင်းသားကို နည်းနည်းမှ နားမလည်တော့ဘူးကွာ။ သူ့ရဲ့ လျှပ်စီးအတိဒုက္ခကတောင် ထူးခြားလွန်းတယ်..."

ကျောင်းသားထောင်ချီက လပြည့်ဝန်းတောင်ခြေတွင် စုစည်းနေကြလေပြီ။

သူတို့၏ အဝေးကြည့် အင်မော်တယ် မန္တန်များကို သုံးကာ သူတို့က အတိဒုက္ခကို ကျော်လွှားနေသူမှာ အန်လင်းမှလွဲ၍ တခြားသူမဟုတ်သည်ကို တွေ့နိုင်ပေ၏။ ရလာဒ်အနေနဲ့ သူတို့မှာ အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး လပြည့်ဝန်းတောင်ထိ့်သို့ အောင်ပွဲခံကာ ပြေးလွှားသွားရန် စိတ်ဆန္ဒပြင်းပြနေပေ၏။

ရွှေရောင်ကီရင်မှာ မူလအရွယ်အစားမှ တဝက်လောက်ထိ လျော့ကျသွားပြီဖြစ်ကာ အန်လင်း၏ အရှိန်အဝါမှာ တစ်ခုသော အဆုံးအစွန်အနားသို့ ကျော်လွန်ပြောင်းလဲသွားလေပြီ။

ရွှေရောင် လျှပ်စီးက သူ့ခန္ဓာကိုယ်ထဲသို့ ညာလက်မှ တဆင့် ဆက်လက်စီးဆင်းနေပေ၏။

သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ပြင်မှာ တောက်ပသော ရွှေရောင်အလင်းဖြင့် ပုံဖော်ထားပြီး ဖြစ်၏။ ထိုနေရာ၌ ဘာဖြစ်နေသည်ကို သူမသိပါပေ။ သို့သော် သူ့၏ သားရဲအမြုတေမှာ အပြည့်အဝ အရည်မပျော်သေးသည်ကို ခံစားလို့ရ၏။

အန်လင်းသည် မူလက သူ့၏ ခန္ဓာကိုယ်မှာ လုံးဝပင် ရွှေရောင်ဟာလာပြင်လျှပ်စီး၏ အစွမ်းဖြင့် စုတ်ဖြဲခံရတော့မလို ခံစားနေရခြင်းပင်။

သို့သော်လည်း အချိန်တွေ ကျော်လွန်သွားသည်နှင့် အမျှ သူကိုယ်သူ ပိုပို၍ သန်မာလာသည်ကို ခံစားရပြီး သူ့ခန္ဓာကိုယ်၏ ခံနိုင်စွမ်းရည်မှာ အကန့်အသတ်မှာ တိုးတက်လာပေ၏။ သို့ဖြစ်၍ သူပထမက ကြုံနေရသည့် လောင်းကျွမ်းနေသည့် နာကျင်မှုမှာ မှိန်ဖျော့သွားလေတော့သည်။

"လာစမ်းပါ။ မင်းရဲ့ စွမ်းအင် ထုတ်လုပ်တာကို တိုးလိုက်စမ်း။ မင်း မနက်စာမစားရသေးဘူးလား။" သူက ရွှေရောင်ဟာလာပြင်လျှပ်စီးအား အော်ဟစ်လိုက်လေ၏။

ခဏအကြာတွင် ရွှေရောင်ဟာလာပြင် လျှပ်စီး ကီရင်မှာ လုံးဝပင် ပျောက်ကွယ်သွားလေပြီ။

အန်လင်းက ကောင်းကင်ကို မော့ကြည့်ကာ သူ့အထက်မှ တိမ်မဲများ လွင့်ပါးသွား၍ သက်ပျင်းချလိုက်ပေ၏။

အရာအားလုံးမှာ အလွန်အမင်း ကို့ယို့ကားယားနိုင်ပြီး သူ့အတွက်တော့ အခုထိတိုင် အိပ်မက်ဟု  ခံစားရပြီး သူက အတိဒုက္ခကို အောင်အောင်မြင်မြင်နှင့် ကျော်ဖြတ်ပြီးသွားသည်ကို မယုံကြည်နိုင်သေးပါပေ။ အဲ့တာဆို ထိုသည်မှာ လျှပ်စီးအတိဒုက္ခ၏ ပမာဏပေလား။ သူက ယခုတွင် ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်နေပြီလား။

သူက သူ့၏ လက်နှစ်ဖက်ကို ပြန်ကြည့်လိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်း၌ စွမ်းအင်များ တိုးဝှေ့နေသည်ကို ကြုံတွေ့လိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ အမှန်ပင် အရင်ကအခြေအနေနှင့် ကွာခြားသွားသည်ကို တွေ့လိုက်ရ၏။

"ဟားဟား... အစ်ကိုကြီး အန်က အခု ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ပြီပေါ့။ ဝုတ်..."

တပိုင်က တိမ်မဲများ လွင့်ပါးစ ပြုလာသည်မို့ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

ရွှမ်ယွမ်ချန်နှင့် တခြားများက အန်လင်းဆီသို့ ကျယ်ပြန့်ပြီး အောင်ပွဲခံနေသည့် အပြုံးများဖြင့် ပြေးလာလေ၏။

အန်လင်းက သူတို့ကို ပြန်ပြုံးပြလိုက်ပြီး စိတ်ထဲတွင်တော့ သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ကြီးကို အကဲဖြတ်နေလေ၏။

သူက ချက်ချင်းပင် အဆုံးမရှိသော ရွှေရောင်အလင်း၏ မြင်ကွင်းနှင့် နှုတ်ဆက်ခံလိုက်ရ၏။ ထို့နောက် ချက်ချင်းပင် သူက သူ့၏ သိစိတ်မှာ တစစီ စုတ်ဖြဲခံလိုက်ရပြီး သူ့ခန္ဓာကိုယ်အတွင်းမှ သွေးများ အပြင်းအထန်လှုပ်ရှားသွားသည်ကို ခံစားလိုက်ရ၏။

သူက ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျသွားပြီး တစ်စုံတစ်ခုက သူ့ဝမ်းဗိုက်ထဲတွင် ဖြစ်ပေါ်လာပုံ  ရလေ၏။

လူတိုင်းက အန်လင်း မြေပေါ်လဲကျသွားသည်ကို မြင်သောအခါ ထိတ်လန့်သွားကြလေ၏။

"အန်လင်း၊ နင်အဆင်ပြေရဲ့လား။" စုရှောင်လန်က အလန့်တကြား ငိုကြွေးလိုက်ကာ အန်လင်း၏ လက်မောင်းကို ဆွဲလိုက်ပြီး သူ့၏ အခြေအနေကို အကဲဖြတ်ရန် အင်မော်တယ်မန္တန်များကို အသုံးပြုလိုက်၏။

အသက် လက္ခဏာများအားလုံးမှာ ပုံမှန်ပဲဖြစ်၏။ သို့သော် သူ့၏ သက်ရှိစွမ်းအင်မှာ မည်သည့်အကြောင်းကြောင့် မသိရပဲ ဖရိုဖရဲအနေအထား ဖြစ်နေလေ၏။

ဓားအင်မော်တယ် လင်းရှောင်သည်လည်း အန်လင်း၏ နဖူးပေါ်သို့ လက်ချောင်းထိပ်တစ်ခုကိုတင်လိုက်ပြီး သူ့၏ အခြေအနေကို အကဲဖြတ်လိုက်သည်။ သို့သော်လည်း စိတ်ရှုက်ထွေးသော အမူအရာက ခဏအကြာတွင် သူ့မျက်နှာပေါ်၌လဲ ပေါ်လာလေတော့သည်။ သူသည်လည်းလည်း ပြဿနာကို အာရုံမခံမိသည်မှာ သိသာလှပေသည်။

ထိုအခိုက်၌ပင် အန်လင်းက သူ့၏ ဝမ်းဗိုက်ကို ဆုပ်ကိုင်ကာ နာကျင်စွာ အော်ဟစ်လိုက်၏။ "အီး... နာလိုက်တာ... ငါ့ဗိုက်ထဲက ဘာကြီးလဲ။"

"နင့်ရဲ့ ဗိုက်...။ အဲ့မှာ ဘာမှ မရှိပါဘူး။" ဓားအင်မော်တယ် လင်းရှောင်က စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်လေ၏။

လူတိုင်းက အန်လင်း၏ ပတ်လည်တွင် စိုးရိမ်သော အမူအရာနှင့် ဝိုင်းရံလာကြ၏။ အန်လင်းမှာ အတိဒုက္ခကျော်လွှာနေစဉ်တုန်းက ထက်ပင် ပို၍ သိသိသာသာ နာကျင်နေပုံရ၏။

စုရှောင်လန်က ဘာလုပ်ရမလဲ မသိကာ အန်လင်း၏ နောက်ကျောကိုသာ သူမ၏ လက်ချောင်းသွယ်သွယ်လေးများနှင့် ညင်သာစွာ ပုတ်ပေးနေတော့၏။

သူမအံ့ဩသွားသည်မှာ သူမ၏ ပုတ်ခတ်ခြင်းများမှာ အမှန်တကယ်ပင် တစ်ခုခုကို ရရှိလေ၏။

အန်လင်းက ရုတ်တရက် နှစ်ဆတိုးကာ သံကုန်ဟစ်ပြီး သူ့ဗိုက်၏ ဆန်းကြယ်သည့် ပမာဏကို ဖော်ပြလိုက်၏။ "အားးး"

ထန်း...

တောက်ပသော ရွှေရောင် အရာဝတ္ထုက သူ့ပါးစပ်ထဲမှ ပျံထွက်လာ၏။

"ဝါးးး... ဝါးးး... "မွေးကင်းစ ကလေးငယ် တစ်ဦး၏ ငိုသံက သူတို့ပတ်လည်တွင် လွင်ပျံ့လာလေ၏။

လူတိုင်းက မြေပြင်ပေါ်မှ ရွှေရောင် အရာဝတ္ထုကိုကြည့်အား အသက်ပြင်းပြင်း ရှုလိုက်လေ၏။

စုရှောင်လန်၏ မျက်လုံးများက အထိတ်တလန် ပြူးကျယ်လာကာ သူမစိတ်ထဲ၌ တစ်ခုခုက ပေါက်ကွဲသွားသလို ခံစားလိုက်ရ၏။

"ဟားဟားဟား... မင်းရဲ့ အတိဒုက္ခကို ကျော်လွှားနိုင်ခြင်းကို ဂုဏ်ယူပါတယ် ကျောင်းသား အန်လင်း။" လေဟာနယ် ဂိတ်ပေါက်တစ်ခုက ပွင့်လာပြီး ဒုကျောင်းအုပ် ယွီဟွားက အန်လင်း လဲကျနေသည်ကို တွေရန် အချိန်မီပင် ထွက်လာတော့၏။

သူ့၏ အပြုံးက အေးခဲသွားပြီး သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ မျက်နှာမဲ့သွားလေ၏။ သူက အသိစိတ် ပြန်ဝင်လာသောအခါ သူ့အမူအရာမျက အလန့်တကြား အေးခဲသွားပြန်လေ၏။ သောက်ကျိူးနည်း... သူကဘာကြီး အန်ထုတ်လိုက်တာလဲ။

"ဝါးးး... ဝါးးး..."

မွေးကင်းစ ကလေးငယ်တစ်ဦး၏ ငိုသံက ထွက်ပေါ်နေဆဲပင်။

လူတိုင်းက ပတ်ပတ်လည်တွင် ရွှေရောင်လျှပ်စီးများ တဖြောက်ဖြောက်မြည်နေသော တောက်ပသည့် ရွှေရောင် ကလေးလေးတစ်ယောက်၏ မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရ၏။

ကလေးလေးမှာ ပန်းကန်လုံးအသေးလေး၏ အရွယ်အစားလောက်ရှိ၏။ မျက်ရည်များက သူ့၏ နူးညံ့လှသော သွင်ပြင်များမှ စီးကျနေပြီး သူ့၏ ခြေလက်သေး​သေးလေးများကို လေထဲတွင် ဝှေ့ယမ်းနေ၏။

နားမကြားရတော့သလို တိတ်ဆိတ်မှုက ဆင်းသက်လာလေ၏။ တစ်ခုတည်းသောအသံမှာ ရွှေရောင် မွေးကင်းစ ကလေးလေး၏ အသံပင်ဖြစ်သည်။

အန်လင်းကိုယ်တိုင်ပင်လျှင် မြေပြင်မှ ကလေးကို တိတ်ဆိတ်စွာ ငေးကြည့်နေ၏။ သူ့အမူအရာများက အံ့အားသင့်မှုကြောင့် လုံးဝပင် အမူအရာမဲ့နေကာ ကမ္ဘာပေါ်တွင်သူ့၏ တည်ရှိမှုကို သံသယဝင်စပြုလာလေပြီ။

ငါဘယ်သူလဲ။

ငါက ဘယ်ကလဲ။

ငါက အဲ့ကလေးကို ဘယ်လိုများ အန်ထုတ်လိုက်တာလဲ။

မမျှော်လင့်ထားစွာ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်မှာ ရှောင်ဟုန်ပင်။

ရှောင်ဟုန်၏ ချိုသာသော အသံမှာ ထွက်ပေါ်လာ၏။ "သခင်၊ ဒီဟာက နင့်ဘဝနေထိုင်မှု ရွေးချယ်ခြင်းတွေအတွက် ထုတ်ကုန်ပဲ။ ဒီဟာက မင်း လျှပ်စီး ကီရင်နဲ့ရတဲ့ ကလေးဖြစ်ရမယ်။"

ရှောင်ဟုန်၏ စကားလုံးများမှာ လူတိုင်း၏ နှလုံးသားထဲတွင် မိုးခြိမ်းသံတစ်ခုကဲ့သို့ပင်။

လူတိုင်းက ရုတ်တရက် သဘောပေါက်သွားလေတော့၏။

ဟုတ်တာပေါ့။ ဒါက အဓိပ္ပာယ်ရှိတယ်။

"ငါ့-င်ကြီးကို အဓိပ္ပာယ်ရှိပါ့လား။"

အန်လင်းက အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွား၏။

အဝေးမှ ကြည့်ရှုနေကြသော ဆရာများအားလုံးကလည်း ဂုဏ်ပြုစကားပြောရန်အတွက် တောင်ထိပ်သို့ ရောက်လာကြ၏။ သို့သော် သူတို့ရှေ့မှမြင်ကွင်းကို တွေ့ပြီးနောက် တိတ်တိတ်နေရန်သာ ဆုံးဖြတ်လိုက်ကြသည်။

သူတို့က ဘာမြင်လိုက်ရတာလဲ။ သူတို့ အရမ်းကြီး စောပြီးရောက်လာတာလား။

စုရှောင်လန်သည်တော့ အန်လင်၏ ဗရုတ်ကျမှုများကို ပို၍ နေသားတကျဖြစ်နေသည်မို့ သူမ၏  အာရုံတွင် အတိတ်ဆိတ်ဆုံးဖြစ်နေလေ၏။ သူမက မွေးကင်းစ ကလေးဆီသို့လျှောက်သွားလိုက်ပြီး ထိုအရာကို လက်ထဲ၌ ဂရုတစိုက် ယူလိုက်လေ၏။

သူမ၏ လှပသော မျက်လုံးများက အနည်းငယ် လှိုင်းထနေကာ အန်လင်းဆီသို့ ကလေးငယ်အား ကမ်းပေးလိုက်၏။

"အန်လင်း ကလေးက နင်နဲ့ ရွှေရောင်လျှပ်စီး ကီရင်တို့ ဆက်နွယ်မှုရဲ့ ရလာဒ်ဆိုတော့ သူ့ကို အန်ကီရင်လို့ နာမည်ပေးရင် ဘယ်လိုလဲ။"

"အန်ကီရင် ဟုတ်လား။ ကောင်းလိုက်တဲ့ နာမည်ပဲ။"

"ကလေးကတော့ အန်လင်းလို သမိုင်းဝင် အင်အားကြီး ပုဂ္ဂိုလ်အဖြစ် ကြီးပြင်းလာမှာ အသေအချာပဲ။"

"အန်ကီရင် နာမည်ကတင်ကို ပြင်းထန်တဲ့ စွမ်းအားနဲ့ တောက်ပတဲ့ အနာဂတ်ကို ​ဖော်ပြနေတာပဲ။"

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် သူတို့၏ လက်ခံမှုကို ဖော်ပြရန် သဘောတူညီကြောင်းပြလာလေ၏။

ဓားအင်မော်တယ် လင်းရှောငိ သည်ပင်လျှင် သဘောတူညီစွာ ခေါင်းညိမ့်ပြလာပြီး စုရှောင်လန်က ကလေးငယ်ကို ပေးလိုက်သော အမည်ကို ချီးကျူးလာလေတော့သည်။

စုရှောင်လန်က အန်လင်းဆီသို့ စိတ်လှုပ်ရှားသော အပြုံးလေးနှင့် လှည့်လာ၏။ "ဘယ်လိုလဲ။ ငါ့ရဲ နာမည်ပေးတဲ့ စွမ်းရည်က အတော်လေးကောင်းတယ်မဟုတ်လား။"

နာမည်ပေး စွမ်းရည်။ အန်ကီရင်။

အဲ့ကလေးက တကယ်ပဲ သူ့ကလေးလား။

စုရှောင်လန်၏ လက်ထဲတွင် ပွေ့ဖက်နေသော ရွှေရောင်လျှပ်စီး ကလေးလေးကို ကြည့်ရင်း အန်လင်း၏ မျက်လုံးထဲ၌ မျက်ရည်များ ရစ်သိုင်းလာပေတော့သည်။

***

All Chapters