← Chapters

ငါ့ရဲ့ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်က အတုကြီးထင်တယ်

Vol. 28 Ch. 383

ငါ့ရဲ့ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်က အတုကြီးထင်တယ်

Vol. 28 Ch. 383

အန်လင်းက အန်ကီရင်သည် သူ့ဟာသူ အပိုင်းအစငယ်လေးများအဖြစ် ပေါက်ကွဲသွားသည်ကို မြင်ပြီးသည့်နောက်တွင် ကြောက်လန့်ကာ မေ့မောလုနီးနီး ဖြစ်သွား၏။

တခြားလူတိုင်းမှာလဲ သူတို့၏ နှလုံးများတုန်ယင်နေကာ ကြောက်လန့်တကြားနှင့် ကြည့်လာလေ၏။

သူတို့က ပေါက်ကွဲမှု နောက်ဆက်တွဲအဖြစ် ကျန်ခဲ့သော ရွှေရောင်အလင်းများက အလင်းဘောလုံးတစ်လုံးကဲ့သို့ ပြောင်းသွားပြီး အန်လင်း၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းသွားသည်ကို မမြင်ရခင်တွင် မည်သူကမှ တုံ့ပြန်ရန် အခွင့်အရေးမရလိုက်ပါပေ။

အန်လင်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မထိန်းချုပ်နိုင်အောင် တုန်ယင်လာပြီး တစ်ကိုယ်လုံး ထုံကျင်လာသည်မှာ ထူးထူးဆန်းဆန်းနှင့် ခံစားလို့ကောင်းနေပေတော့သည်။

"နင်အဆင်ပြေရဲ့လား အန်လင်း" လူတိုင်းက သူ့ကို ဝန်းရံလာပြီး မျက်နှာထက်တွင် စိတ်ဝင်စားမှုအပြည့်ဖြင့် မေးလာလေ၏။

"ငါအဆင်ပြေပါတယ်။ ဒီအတိုင်း ထုံကျင်တာလေးပဲ ဘာမှမဟုတ်ပါဘူး။"

အန်လင်းက သူတို့၏ စိုးရိမ်မှုများကို ပယ်ဖျက်ရန် လက်ရမ်းပြလိုက်၏။

စုရှောင်လန်က အနည်းငယ် စိုးရိမ်နေဆဲဖြစ်၏။ "အန်ကီရင်က နင့်ကိုထဲကို ပေါင်းစည်းသွားပုံရတယ်။ နင်သူ့ရဲ့ တည်ရှိမှုကို အာရုံခံလို့ရလား။"

အန်လင်းက စုရှောင်လန်၏ မေးခွန်းကို တွေးတောလိုက်ပြီး အတွေးတစ်ခုက ရုတ်တရက် ပေါ်လာလေ၏။ သူက ပထမဆုံး ပစ်ထုတ်လိုက်စဉ်က သူက သူ့၏ ကိုယ်ပိုင် သက်ရှိစွမ်းအင် ပင်လယ်ကို အကဲဖြတ်ရန် ကြိုးစားနေတာဖြစ်၏။ ဖြစ်နိုင်သည်က သူသည် တူညီသော အရာပြုလုပ်ပါက အန်ကီရင်က ယခုတွင်ဘယ်နေရာ၌ ရှိနေသည်ကို တွေ့ရှိနိုင်လောက်ပေမည်။

အန်လင်းက သူ့၏ ကိုယ်ပိုင် သက်ရှိစွမ်းအင် ပင်လယ်ကို စတင် အကဲဖြတ်လိုက်ပြီး မည်သည့် ပြောင်းလဲမှုများ ရှိနေသလဲဆိုတာကို ကြည့်လိုက်၏။ သူက သူမြင်လိုက်သော အရာကြောင့် လုံးဝပင် ပြောစရာစကားမဲ့သွားလေတော့သည်။

သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ကြီးတစ်ခုလုံးက ရွှေရောင်တောက်တောက် ဖြစ်နေလေ၏။

သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ကြီးအလယ်တွင် ခန္ဓာကိုယ် ပတ်လည်၌ လျှပ်စီးများ တဖြောက်ဖြောက်မြည်နေပြီး တောက်ပသည့် ရွှေရောင် မွေးကင်းစကလေးငယ်လေး တစ်ဦးရှိနေလေ၏။ သူက လက်ရှိတွင် သက်ရှိစွမ်းအင် ပင်လယ်ကြီးပေါ်တွင် ခြေတစ်ချောင်းချိတ်ကာ ထိုင်နေပြီး လောကကြီးတွင် စိတ်ပူစရာတစ်စုံတစ်ရာမှ မရှိသည့်အလား သူ့တစ်ကိုယ်တည်း တစ်ခစ်ခစ်ရယ်နေလေတော့သည်။

ထို့နောက် သူက စိတ်စွမ်းအင် ပင်လယ်ကြီးကို စတင်ကူးခတ်လိုက်ပြီး သူ့၏ ဝတုတ်တု်လက်ကလေးများဖြင့် ရေပေါက်များ ဖန်တီးနေပေ၏။

အန်လင်း : "..."

"ဘာလို့လဲ အန်လင်း။"

စုရှောင်လန်က အန်လင်း၏ ထူးခြားသောအမူအရာကို မြင်သောအခါ ညင်သာသော အသံဖြင့် မေးလာ၏။

အန်လင်းက သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း အတန်ကြာပြီးမှသာ စကားတစ်ခွန်းကို ထုတ်ပြောနိုင်ပေသည်။

"အဲ့... အဲ့ရွှေရောင်ကလေးလေးက ငါ့ရဲ့ သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ ရေကူးနေတယ်..."


လူတိုင်းက အန်လင်းကို တိတ်တဆိတ်ငေးကြည့်နေသည်မှာ သူတို့က ကိုယ့်နားကိုပင် မယုံနိုင်သော ငေးငိုင်နေသည့် အမူအရာတို့ဖြင့် မျက်တောင် တဖြတ်ဖြတ်ခတ်နေကြ၏။

"မင်တို့ကြားတာ မှန်တယ်။ ကလေးက ကူးချက်အားလုံးကို သိတယ်။ နောက်ပြန်ကူး၊ ခွေးကူး၊ အလွတ်ကူး အကုန်ရတယ်။ သူကအဲ့မှာ အပျော်ဆုံး အချိန်တွေရနေတာ။" အန်လင်းက ဆက်ပြောလာ၏။

ဓားအင်မော်တယ် လင်းရှောင်မှာ ဒုကျောင်းအုပ် ယွီဟွားက သူ့နဖူးသူပြန်ရိုက်လိုက်သောအခါ လုံးဝ တိတ်ဆိတ်သွားတော့၏။

ဒုကျောင်းအုပ် ယွီဟွားက အလွန်အံ့ဩစွာ တုံ့ဆိုင်းနေ၏။ "ဘယ်လို... ဘယ်လိုလုပ်ပြီးတော့ သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ ရေကူးနေတာလဲ။ မဟုတ်သေးပါဘူး ငါမေးသင့်တာက မင်းရဲ့ သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ ရေကူးနိုင်ရအောင်အဲ့ကလေးက ဘာကြီးလဲ။"

အန်လင်းက ဒုကျောင်းအုပ်ကြီး ယွီဟွားကို အမူအရာမဲ့ မော့ကြည့်လိုက်၏။ "ကျောင်းအုပ်ကြီး ခင်ဗျ၊ အခုက ဆရာက ကျွန်တော့မေးခွန်းတွေကို ဖြေရမှာမဟုတ်ဘူးလား။ အဲ့အစား ဘာလို့ ကျွန်တော့်ကို ပြန်မေးနေရတာလဲ။"

ဒုကျောင်းအုပ်ကြီး ယွီယွား: "..."

"မင်း အန်ကီရင်ကို ထပ်ပြီး ဆင့်ခေါ်လို့ ရလား။"  ဓားအင်မော်တယ် လင်းရှောင်က မေးလာ၏။

"ကျွန်တော် အဲ့လိုလုပ်ဖို့ ကြိုးစားကြည့်သေးတယ်။ ဒါပေမဲ့ သူနဲ့ ဆက်သွယ်လို့ရတဲ့ ပုံမပေါ်ဘူး..." အန်လင်းက လက်နက်ချရင်း သက်ပြင်း ချလိုက်၏။

"ဟင်... ငါတော့ အန်ကီရင်က မင်းရဲ့ ပိုင်နက်နယ်မြေရဲ့ နီးနီးကပ်ကပ်ဆက်နွယ်နေသင့်တယ်လို့ ခံစားရတယ်။ မင်းရဲ့ ပိုင်နက်နယ်မြေကို အရင်ဆုံးအသက်သွင်းပြီးတော့ အန်ကီရင်နဲ့ ဆက်သွယ်လို့ရလားဆိုတာ ကြည့်ကြည့်ပါ့လား။" ဓားအင်မော်တယ် လင်းရှောင်က အကြံပေးလာ၏။

သူ့ စကားလုံးများတွင် အန်လင်း၏ မျက်လုံးများက ရုတ်တရက် တောက်ပသွား၏။ အဲ့တာ အကြံကောင်းပဲ။

ထို့နောက် အချိန်အကြာကြီး တိတ်ဆိတ်သွားပြန်၏။

"ဘာဖြစ်လို့လဲ ကျောင်းသား အန်လင်း။" ဓားအင်မော်တယ်လင်းရှောင်က မနေနိုင်တော့ပဲ မေးလိုက်၏။

အန်လင်း၏ မျက်နှာပေါ်တွင် ကို့ရိုးကားယား အမူအရာတစ်ခုက ပေါ်လာ၏။ "ကျွန်တော့်ရဲ့ ပိုင်နက်နယ်မြေကို ဘယ်လိုမျိုး အသက်သွင်းရမှာလဲ။"

ဓားအင်မော်တယ် လင်းရှောင်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်သွားပြီး အန်လင်းကို တိတ်တဆိတ် စိုက်ကြည့်လိုက်၏။

ဒုကျောင်းအုပ်ကြီး ယွီဟွားက စတင်၍ လမ်းညွှန်ချက်များ ပေးလာ၏။ "ပိုင်နက်နယ်မြေဆိုတာက ကျင့်ကြံသူတစ်ယောက်ရဲ့ တာအို သရုပ်သကန်ပဲ။ မင်းက မင်းရဲ့ ပိုင်နက်နယ်မြေကို ထုတ်လွှတ်ဖို့အတွက် မင်းရဲ့တာအို စိတ်ဆန္ဒနယ်ပယ်ကို အသက်သွင်းရုံပဲ။"

တာအို စိတ်ဆန္ဒနယ်ပယ်...။ ကောင်းပြီလေ၊ အဲ့တာက စောက်ကျိုးနည်း ထူးဆန်းတာပဲ။ အန်လင်းမှာ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း တစ်ဝက်အဆင့်ကို မရောက်ခဲ့ဖူးပါပေ။ သို့ဖြစ်၍ သူက ဘယ်လိုလုပ်များ တာအို စိတ်ဆန္ဒနယ်ပယ် ရှိပါမယ်နည်း...။

နောက်ထပ်သော တိတ်ဆိတ်မှု အချိန်အကြာကြီးက ထွက်လာပြန်၏။

"ကျောင်းအုပ်ကြီး၊ ကျွန်တော့မှာ တာအို စိတ်ဆန္ဒနယ်ပယ်မရှိဘူးဗျ။ ကျွန်တော်က စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ကနေ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တိုက်ရိုက်ရောက်လာတာ ဆရာသိတာပဲ။ ကျွန်တော်က တကယ်တော့ ပိုင်နက်နယ်ပယ်တစ်ခုကို တွန်းအားပေး ထုတ်လို့မရဘူး..." အန်လင်းက ဝန်ခံလိုက်၏။

ပိုင်နက်နယ်မြေတစ်ခုကို တွန်းအားပေး ထုတ်လို့မရဘူး ဟုတ်လား။ ပိုင်နယ်နယ်မြေတွေက တွန်းအားပေး ထုတ်ရတာလား။

ဒုကျောင်းအုပ် ယွီဟွားက ပါးစပ်ဖွင့်လာပြီး ထို့နောက် ပြန်ပိတ်သွားလေ၏။ သူက လုံးဝပင် ပြောစရာစကား ပျောက်ဆုံးနေလေပြီ။

ဒီ စောက်ကျိုးနည်း အတိဒုက္ခကျော်လွှားခြင်းတစ်ခုလုံးက ဟာသပြဇာတ်လား။ အန်လင်းက အမှန်တကယ်ပင် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထား၏။ သို့သော် မည်သို့သော စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူက ပိုင်နက်နယ်မြေတစ်ခု မရှိပါသနည်း။

အတန်တာ တိတ်ဆိတ်သွားပြီးနောက် ဒုကျောင်းအုပ်ကြီး ယွီဟွားက ဤအခြေအနေမှာ သူ့အတွက်ပင် ကျော်လွန်နေသည်ကို သိ၏။ "အဲ့တာဆိုလဲ အဲ့တာကို မေ့လိုက်တော့။ ငါတို့ ဒီပြဿနာကို နောက်တစ်ခါမှပဲ ရှင်းကြတာပေါ့။ မင်းက အတိဒုက္ခကျော်လွှားခြင်းကြောင့် ပင်ပန်းနေလောက်မှာ ပြန်ပြီး နားလိုက်တော့။ လင်းရှောင်၊ ကျောင်းသား အန်လင်းကို အထူးစောင့်ကြည့်ပြီး တစ်ခုခု မှားတယ်ဆိုရင် ငါ့ကို ချက်ချင်း သတင်းပို့ပေး။"

"အဲ့လို သေချာလုပ်ပါ့မယ် ကျောင်းအုပ်ကြီး။ ကျောင်းသားအန်လင်းက ကျွန်တော်တို့ကျောင်း ဂုဏ်ဆောင်ပဲ။ သူ့မှာ ပြဿနာ တစ်စုံတစ်ရာမရှိအောင် သေချာစောင့်ရှောက်ပါ့မယ်။" ဓားအင်မော်တယ် လင်းရှောင်က အပြုံးလေးနှင့် ခေါင်းငြိမ့်ပြလိုက်၏။

အန်လင်းက ဒုကျောင်းအုပ် ယွီဟွား၏ စကားလုံးများမှ ထိုသည်မှာ သူ့ထက်ပင် ကျော်လွန်နေသော တစ်ခုခု ဖြစ်ကြောင်းကို သိလိုက်ရ၏။

သူ့က ကောင်းကင်ကို မှောင်မဲသော အမူအရာနှင့် ကြည့်ရန် ခေါင်းမော့လိုက်၏။

သူက သူ့၏ ကျင့်ကြံခြင်း လမ်းစဉ်တွင် အနည်းငယ်မျှ မရိုးဖြောင့်သည်ကို သိပါသည်။ သို့သော် ဤမျှ ပမာဏအထိ မရိုးဖြောင့်သည်ကိုတော့ သဘောမပေါက်ခဲ့ပါပေ။

သူက တကယ်ပဲ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ရောက်နေပြီလား။

အန်လင်းက အလွန်အမင်း စိတ်ရှုပ်ထွေးနေလေ၏။

သူက သူ့သူငယ်ချင်းများကို နှုတ်ဆက်လိုက်ပြီး သူ့၏ နေထိုင်ရာ အဆောင်ဆီသို့ပြန်လာကာ မှိန်းမောစွာ ထိုင်နေလေ၏။

သူက သူ့၏ သက်ရှိစွမ်းအင်ပင်လယ်ကြီးထဲတွင် ရှိနေသော သူ့၏ ရေကူးခြင်းမှ မောပန်းနေပုံရပြီး လှိုင်းများထက်တွင် လှဲကာ အသက်ပြင်းပြင်းရှုနေသည့် ရွှေရောင် ကလေးငယ်ကို တစ်ဖန် ကြည့်လိုက်၏။ သူက ပေါလောမောနေရင်းမှ သူ့၏ ဝတုတ်တုတ် ခြေထောက်လေးများကိာ အပေါ်အောက်ကန်လိုက်သည်မှာ အလွန်ကို ချစ်စရာကောင်းပေ၏...။

ငါ့-င်ကြီးကို ချစ်စရာကောင်းပါ့လား။

အန်လင်းက နဖူးပေါ်တွင် လက်တစ်ဖက်တင်လိုက်ပြီး မည်သည်ကို တွေးရမည်ကိုပင် လမ်းပျောက်နေပေ၏။

ရှောင်ချိုး လျှောက်လာပြီး အန်လင်း၏ ပုခုံးကို ပုတ်လိုက်ပြီး နှစ်သိမ့်စကားများ ပြောလာပေ၏။ "အရမ်းလဲ စိတ်ဓာတ်မကျပါနဲ့ အစ်ကိုကြီးအန်။ မင်းရဲ့ သားရဲအမြုတေ ဖြစ်လာတုန်းက ထူးဆန်းတဲ့လမ်းကို လျှောက်ဖို့ ကံပါလာပြီးသားဆိုတာ သိတာပဲ။"

"ပိုင်နက်နယ်မြေမရှိတော့ရော ဘာဖြစ်လဲ။ နင်က စိတ်ဝိညာဉ် စပျိုးခြင်း အဆင့်မှာ တုန်းကကို ပိုင်နက်နယ်မြေရှိတဲ့ စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တွေကို နှိမ်နင်းနိုင်နေပြီကို။ အခုဆို နင်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်တောင် တက်လာပြီလေ။ နင်က ပိုင်နက်နယ်မြေမရှိလဲ အရင်တုန်းက ထက်တော့ အစွမ်းထက်လာတာပဲကို။ နင့်ကို တိုက်ပွဲတစ်ခုမှာ အနိုင်ယူနိုင်တဲ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသာ ဒီကမ္ဘာပေါ်မှာ မရှိဘူးဆိုတာ ငါတော့သေချာတယ်။"

ရှောင်ချိုး၏ နှစ်သိမ့်စကားများက အလွန်ပင် အကျိုးရှိသည်ဟု ဆိုရပေမည်။

ပိုင်နက်နယ်မြေတစ်ခုမှာ အလွန်အမင်း တောက်ပပြီး မျက်စိထဲထင်းနေသည်မှာ သံသရဖြစ်ဖွယ် မရှိဖွယ်ပါပေ။ သို့သော် လက်တွေ့ကျကျ ရှု့ထောင့်က ကြည့်ပါက လူတစ်ဦးက အသုံးပြုသော ကျင့်ကြံခြင်း လမ်းစဉ်နှင့် သူ့တို့၏ လက်တွေ့ အားအင်မှာ တိုက်ပွဲထဲတွင် အများကြီး ပိုအရေးကြီးပေ၏။

အန်လင်းက အသစ်ပြန်လည် ဖြစ်တည်လာသော ယုံကြည်မှုဖြင့် ရှောင်ချိုးဘက်သို့ လှည့်လိုက်၏။ "မင်းပြောတာ မှန်တယ်။ လူတွေ နင်းလျှောက်လို့သာ လမ်းကြောင်းတစ်ခုဆိုတာ ဖြစ်တည်လာတာ။ ငါက ဒီလောက်အကြာကြီး စောက်ရမ်းကြမ်းခဲ့တာ ရှေ့လျောက်လဲ ဆက်ပြီးကြမ်းအုံးမယ်ဆိုတာ သေချာတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းက နည်းနည်း ထူးဆန်းနေတော့ရော ဘာဖြစ်လဲ။ အဲ့တာက အောင်မြင်နေသရွေ့ အဆင်ပြေတာပဲ။ ဒီလို အခက်အခဲသေးသေးလေးကနေ ငါက ပြိုလဲမသွားဘူး။ ငါ့ရှေ့မှာ လမ်းမရှိတော့ဘူး ဆိုရင်တောင် ငါ့လမ်းကို ငါဖောက်မယ်။"

သူ့၏ နှလုံးသားမှာ ပြိုင်ဆိုင်လိုသည့် စိတ်များနှင့် တစ်ဖန်ပြန် တောက်လောင်လာကာ စနစ်ဆီသို့ ကြည့်လိုက်၏။

အန်လင်းက နောင်တစ်ဆင့်ကို တက်ရန်အတွက် မည်သည့်အခြေအနေကို ပြီးမြောက်ရန် လိုအပ်သည်ကို ကြည့်ရန် ဆုံးဖြတ်လိုက်၏။

စနစ်ကို ဖွင့်ဖွင့်ပြီးချင်းမှာပင် အခြေအနေတစ်လုက အသစ်မြှင့်တင်ပြီးပြီ ဖြစ်၏။

စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ်အဆင့်- အခြေအနေ: အန်ကီရင်၏ အလေးချိန်ကို တစ်ကီလိုဂရမ်အထိ တိုးမြှင့်ပါ။

အန်လင်း : "..."

ဘာလားဟ။ စနစ်ကတောင် ထူးဆန်းတဲ့ ရွှေရောင် ကလေးလေးရဲ့ နာမည်ကို အန်ကီရင်လို့မှတ်ထားတာလား။

အန်လင်းက သူ့ရင်ဘက်ကို ဖိလိုက်ပြီး ရုတ်တရတ် သွေအန်ရန် ဆန္ဒပြင်းပြလာ၏။

ဟီးဟီး၊ သူက နောက်ဆုံးတော့လဲ ငကြောင်ကောင်ပါပဲ...။ တခြားသူတွေအားလုံးက စိတ်ဝိညာဉ် ပြန်လည် သန့်စင်ရေး၊ စစ်မှန်တဲ့ စိတ်ဆန္ဒကို သိပ်သည်းစေခြင်းနှင့် စိတ်ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို တက်ရန် ကမ္ဘာကြီး၏ နိရာမများကို ရှာဖွေခြင်းများအပေါ် အာရုံစိုက်နေကြ၏။

အန်လင်းက ကျတော့ရော။ သူက ​စောက်ကျိုးနည်း ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ရမည်လား။

အကယ်၍ သူက သာမန်ကလေးတစ်ယောက်ကို စောင့်ရှောက်ရပါက ထိုသည်က အရမ်းဆိုးသည့် အမိန့်မဟုတ်ပါချေ။ သို့သော် သူက ဤရွှေရောင်တောက်နေသော ကလေးကို မည်သို့ အစားကျွေးရမည်ကို မည်သူက ပြောပြမည်နည်း။ သူ့မှာ နို့မှမရှိတာ။

သူ့မှာ နို့ရှိရင်တောင် အဲ့တာကို ကလေးက သောက်မဲ့ပုံလဲ မပေါ်ပါဘူး။

အန်လင်းက မစ်ရှင်ကိုကြည့်ကာ တိတ်ဆိတ်သွားလေ၏။

ခဏအကြာတွင် သူ့က အတွင်းစိတ်ထဲမှ သူ့၏ စိတ်စွမ်းအင် ပင်လယ်ကြီးကိုစူးစိုက်ကြည့်ကာ အန်ကီရင်က ဘာလုပ်နေသလဲဆိုသည်ကို ကြည့်လိုက်၏။

ရွှေရောင်ကလေးငယ်မှာ အပြည့်အဝ အနားယူပြီးပုံပေါ်ကာ မတ်တပ်ရပ်နေ၏။ ရွှေရောင် အရည်စီးကြောင်းတစ်ခုက သူ့၏ ပေါင်ကြားမှ စီးဆင်းစပြုလာပြီး အန်လင်း၏ သက်ရှိစွမ်းအင်  ပင်လယ်ပြင်ထဲသို့ ကျသွားလေတော့၏။

အန်လင်း : "..."

***

All Chapters