ချန်အယ်၏ လမုန့်များ
Vol. 28 Ch. 384
ငါလခွမ်း သူက ဘာလုပ်နေတာလဲ။ ဒီစောက်ကလေးက သူ့ရဲ့ သက်ရှိစွမ်းအင် ပင်လယ်ပြင်ထဲမှာ ဘယ်လိုများ သေးပေါက်ရဲတာလဲ။
အန်လင်းက စောက်ကျိုးနည်း ရဲကိုခေါ်ပြီးတော့သာ ဒီကလေးကို သူ့ရဲ့ သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ သေးပေါက်လို့ တိုင်ပစ်လိုက်ချင်တယ်။
သို့သော်လည်း သူက မကြာမီပင် မည်သူကမှ သူ့အား ယုံမည်မဟုတ်သည်ကို မချိတင်ကဲနှင့် သဘောပေါက်လိုက်၏။
တစ်စုံတစ်ယောက်က သူ့ကို ယုံကြည်ပေးပါလျှင်တောင် မည်သို့ဆိုဆို မည်သူကမှ သူ့ကို မကူညီနိုင်ပါပေ...။
"ဟင်း... ငါ့ နှလုံးသားလေးက မောပန်းနေပြီ။ ငါ ဒီ စောက်ဘဝကြီးကို ပြောင်းပစ်ချင်နေပြီ...။"
အန်လင်း၏ တက်ကြွနေသော စိတ်ကလေးမှာ အကြီးအကျယ် လျော့ပါးသွားပြီး သူ့က အိပ်ဟာထက်တွင် စိတ်မချမ်းမြေ့သော အမူအရာနှင့် လှဲနေပေ၏။
ဤအရာများအားလုံး ဖြစ်ပွားနေစဉ်တွင် အန်လင်း၏ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်သို့ ထိုးဖောက်ခြင်း သတင်းမှာ ကျောင်းတစ်ခုလုံး ပျံ့နှံ့သွားပြီး အကြီးအကျယ် မွှေနှောက်ပစ်လိုက်တော့သည်။ အထူသဖြင့် သူ့ခံရသော အတိဒုက္ခလျှပ်စီးမှာ ရွှေရောင် ဟာလာပြင် လျှပ်စီး ကီရင်ဖြစ်ကာ သူက ထိုကီရင်ကို ထိန်းချုပ်နိုင်သည်ကို ကျောင်းသားများက ကြားပြီးနောက် လူတိုင်းက တိတ်ဆိတ်ခြင်းသို့ ထိတ်လန့်သွားကြ၏။
သူတို့်က ထို့နောက် အန်လင်းက သူ့၏ အတိဒုက္ခကျော်လွှားခြင်းအပြီး၌ ကလေးမွေးသည်ကိုလဲ ကြားကာ ပြောစရာစကားမဲ့နေပြီး ဖြစ်သော ကျောင်းသားများမှာ ပို၍ပင် စိတ်ရှုပ်ထွေးလာကြသည်မှာ သူတို့က နားမလည်နိုင်ဖွယ်ရာ အဓိပ္ပာယ်မဲ့မှုများကို နားထောင်နေရသကဲ့သို့ပင်။
"စီနီယာ အန်လင်းက တကယ်ကြီး ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်သွားမယ်လို့ ဘယ်သူက ထင်မှာလဲ။"
"သူက ဒီကျောင်းမှာ ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို ကျော်ဖြတ်နိုင်တဲ့ ပထမဆုံး ကျောင်းသားပဲ။ ဟုတ်တယ်မလား။ အတော်ကို ရူးလောက်စရာ တိုးတက်မှုကြီးဟ။"
"အဲ့တာက အဓိက အချက်တောင် မဟုတ်သေးဘူး။ အဓိကက အတန်းဖော် အန်လင်းက ငါ့တို့ရဲ့ ကျင့်ကြံခြင်းအပေါ်အမြင်ကို လုံးဝ တစ်စစီပြိုကွဲသွားစေတာ..."
"သူ့ရဲ့ ရွှေရောင်ဟာလာပြင်လျှပ်စီး အတိဒုက္ခကို သူ့ရဲ့ကိုယ်ပိုင်ကစားစရာလို လုပ်ပြီးနောက် အဆုံးကျတော့ သက်ရှိတစ်ကောင်ကို မွေးလိုက်ပြီးတော့ ရွှေရောင်ဟာလာပြင်လျှပ်စီး အတိဒုက္ခကို ကျော်လွှားလိုက်တာက... အဲ့တာတွေအကုန်လုံးက သေချာပေါက် ငါ့ရဲ့ ကျင့်ကြံခြင်းအပေါ်အမြင်ကို တစစီဖြစ်စေတယ်။"
"ငါအခု ဘယ်လို ခံစားနေရသလဲဆိုတာ ပြောပြဖို့တောင် ငါစကားလုံး ရှာမတွေ့ဘူး။ ငါက အစ်ကိုကြီး အန်လင်းကို ငါ့ရဲ့စိတ်ရင်းနဲ့ ကြီးကျယ်တဲ့ လေးစားမှုကိုပဲ ပေးနိုင်တော့တယ်။"
"အားး~~~ ငါစိတ်လှုပ်ရှားလိုက်တာ ငါတို့က သက်ရှိ ပုဂ္ဂိုလ်ကျော်ကြီးနဲ့ ကျောင်းတစ်ခုတည်း တက်နေရတာ။"
...
သို့ဖြစ်ပါ၍ အန်လင်း၏ အတိဒုက္ခကျော်လွှားခြင်းမှာ ကျောင်းအတွင်း၌ လူပြောအများဆုံး သတင်းဖြစ်လာပေ၏။
ရက်အနည်းငယ်ကြာပြီးနောက်တော့ အန်လင်းက သူ့၏ အတန်းများကို ပြန်စလိုက်၏။ သို့သော်လည်း သူ့၏ကျော်ကြားမှုမှာ အလွန်ကြောက်မက်ဖွယ် ပမာဏအထိ မြင့်တက်သွားသည်ကို သိလိုက်၏။ အရူးအမူး စူပါ ပရိတ်သတ်များက သူ့သွားရာလမ်းတွင် မကြာခဏပေါ်လာပြီး သူတို့၏ အော်သံများနှင့် သူ့အား ကြောက်လန့်စေ၏။
သူတို့က သေချာပေါက်တော့ ရည်ရွယ်ချက်နှင့် အော်ဟစ်ခြင်းမဟုတ်ပါပေ။ သူ့၏ တည်ရှိမှုကို သူတို့က အလွန်အမင်း စိတ်လှုပ်ရှားသွားသည်မို့ ဖြစ်သည်မှာ ရှင်းလင်းလှပေ၏...။
တာအို ဖလှယ်ခြင်းစာများ၊ မိတ်ဆွေဖွဲ့ရန်တောင်းဆိုသည့် စာများနှင့် ရည်းစားစာများက သူ့ဆီသို့ ပုံရောက်လာ၏။ အန်လင်းက သဘာဝအလျှောက်ပင် ထိုသည်များကိုကြည့်ကာ အချိန်အများအပြား မဖြုန်းပစ်ပါပေ။ မည်သို့ဆိုဆို ထိုသည်များအားလုံးကို ကြည့်ရန်လည်း သူ့၌ အချိန်မလောက်ပါပေ။ အများဆုံး ရည်စားစာ အချို့ကိုသာ လှန်လှော ကြည့်ပေလိမ့်မည်...။
အန်လင်းက အန်ကီရင်၏ အလေးချိန်ကို တစ်ကီလိုဂရမ်အထိမြင့်တင်ရန် မစ်ရှစ်ကို ခေတ္တခေါက်ထားလိုက်၏။
သူက အန်ကီရင်နှင့် မည်သို့ ဆက်သွယ်ရမည်ကိုပင် မသိပါချေ။ သူ့ကို မည်သို့ ဝအောင် လုပ်ရမည်နည်း။
အန်လင်းက အန်ကီရင်ကို လက်ထဲ၌ ချီထားသည်ကို ပြန်တွေးကြည့်ကာ သူ့၏ ခန္ဓာကိုယ် အလေးချိန်မှာ အကြမ်းဖျင်း တစ်ကီလိုဂရမ်တစ်ဝက်လောက်ဟု ဆုံးဖြတ်လိုက်၏။ သို့ဖြစ်၍ သူက အန်ကီရင်၏ ကိုယ်အလေးချိန်ကို နှစ်ဆတိုးရန် လိုပေ၏။ ထိုသည်က အလွန်အမင်း ရှည်လျားသော အမိန့်ဟု ပုံပေါက်လေ၏။
တစ်ခုသော အေးချမ်းသည့် ညချမ်းတွင် အန်လင်း၏ နေထိုင်ရာ အဆောင်၏ ရှေ့သို့ မမျှော်လင့်ထားသော ဧည့်သည်တစ်ယောက် ရောက်လာပေ၏။
ဒေါက် ဒေါက် ဒေါက်...
ဒေါက် ဒေါက် ဒေါက်...
စည်းချက်ကျ တံခါးခေါက်သံက ထွက်ပေါ်လာ၏။
အန်လင်းက တံခါးကိုဖွင့်လိုက်သောအခါ ရှည်လျားပြီး အမွေးထူထူ အဖြူရောင် နားရွက်တစ်စုံ၏ မြင်ကွင်းကို တွေ့လိုက်ရ၏။
သူက ထို့နောက် ငုံကြည့်လိုက်သောအခါ လုံးဝန်းကာ ပုတီးသဖွယ် မျက်လုံးတစ်စုံနှင့် ဖြူဖွေးသော ယုန်သွားများကို တွေ့လိုက်ရ၏။
"မင်္ဂလာ ညနေခင်းပါ ငတုံး အန်။"
ချိုသာသော အသံတစ်ခုက ထွက်ပေါ်လာပြီး အရွယ်ရောက် လူကြီးတစ်ဝက်ခန့် အရွယ်အစားရှိသည့် ယုန်တစ်ကောင်က သာမန်ကာလျံကာနှင့် တံခါးပေါက်ကိုဖြတ်ကာ ဝင်လာသည်မှာ သူက အိမ်ရှင်ဖြစ်ပြီး အန်လင်းက ဧည့်သည်ဖြစ်သည့်အလားပင်။
ယုန်က ဇွတ်ဝင်လာသောအခါ အန်လင်း၏ နှုတ်ခမ်းက တွန့်ကွေးသွား၏။ သူမက လက်ထဲ၌ အိတ်တစ်ခုသာ မကိုင်ထားပါက သူက ချက်ချင်းပင် သူမကို တံခါးအပြင် ကန်ထုတ်မည်ဖြစ်သည်။
"သခင် ယွဲ့တု၊ မင်းရဲ့ အလုပ်ရှုပ်လှတဲ့ အချိန်ဇယားတွေကြားကနေ ငါ့ဆီကို လာလည်ဖို့ အချိန်ရှာတွေ့တာကို လုံးဝ ကြည်နူး ဝမ်းသာမိပါတယ်။" အန်လင်းက မျက်နှာလို မျက်နှာရ အပြုံးတစ်ခုနှင့် ပြောကာ ဖြူစင်လှသော ယွဲ့တုအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။
"နန်းတော် ခေါင်းဆောင်က မကြာခင်က မင်း ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို ထိုးဖောက်သွားတယ်လို့ ကြားလို့ ငါ့ကို မင်းအတွက် လက်ဆောင်ယူလာခိုင်းတာ။" ယွဲ့တုက မသိလိုက်မသိဘာသာ ပြန်ဖြေလာ၏။
"အာ... မလိုပါဘူး။ ငါက ကောင်းကင်နတ်သမီး ချန်အယ်ဆီကနေ လက်ဆောင် မတောင်းဝ့ံပါဘူး။ မင်းက ငါ့ဆီလာလည်တာကိုတောင် ငါက အတော်လေး ရင်ထဲထိနေပါပြီ။" အန်လင်းက သူ့လက်ကို အထူးပြုကာ ဝှေ့ယမ်းလိုက်၏။
ယွဲ့တုက ခပ်ဖွဖွရယ်ကာ သူမ၏ နားရွက်ကြီးနှစ်ခုက လေထဲတွင် ပျော်ရွှင်စွာ ယမ်းနေလေ၏။ "ဟုတ်သား။ ချန်အယ်က လုပ်ထားတဲ့ လမုန့်တွေ ယူလာခဲ့တယ်။ လစန္ဒာနန်းတော်မှာ အဲ့တာတွေ အလုံအလောက်မစားခဲ့ရဘူး။ ဒါပေမဲ့ နန်းတော် ခေါင်းဆောင်က ငါ့ကိုထပ်ပေးဖို့ အတော်လေး ကပ်စေးနဲနေတာ... မင်းကိုကျ ဘာလို့ တအား ရက်ရောနေတာလဲဆိုတာ ဘုရားပဲ သိလောက်မယ်။ ဟွန့်..."
အန်လင်း၏ အမူအရာမှာ သူ့စကားများကြားပြီးသောအခါ ချက်ချင်းပင် ပြောင်းသွား၏။ အဲ့တာတွေက တကယ်ပဲ ချန်အယ်ရဲ့ လမုန့်တွေဖြစ်၏။
ထိုသည်က အမှန်ဆိုပါက သူက သေချာပေါက်ပင် ယွဲ့တုကို ထိုအရာတွေအား သူ့ဆီမှ ခိုးယူခွင့် မပြုနိုင်ပါပေ။
ထိုသည်ကို တွေးကာ သူ့လက်မှာ လျှပ်စီးလက်သကဲ့သို့ ယွဲ့တု၏ လက်ထဲမှ အိတ်ကိုလှမ်းဆွဲကာ သူ့၏ သို့လှောက်လက်စွပ်ထဲသို့ သိမ်းလိုက်၏။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ ညင်သာသော ရွေ့လျားမှုတစ်ခုတည်းနှင့်ပြီးဆုံးသွားကာ ကြည့်ရှုသူကို သူ့လက်၏ ညက်ညောမှုနှင့် လျင်မြန်မှုမှာ အံ့ဩတကြီး ဖြစ်ကျန်စေတော့၏။
"သခင် ယွဲ့တုက ဒီကိုလာတယ်ဆိုကတည်းက မင်းရဲ့ အလည်လာမှုကို အချိန်ဖြုန်းတာ မဖြစ်စေချင်ဘူး။ အဲ့တာမို့ မင်းလုပ်ဆောင်ရမဲ့ အလုပ်ကို ပူးပေါင်းဆောင်ရွက်ပြီးတော့ ချန်အယ် မင်းကို ပေးလိုက်တဲ့ တာဝန်ကို ပြီးမြောက်အောင် ကူညီပေးတာပါ။" အန်လင်းက တရားမျှတမှုအပြည့်နှင့် အမူအရာဖြင့် ပြောလိုက်၏။
ယွဲ့တုက ငေးငိုင်သော အမူအရာဖြင့် မျက်တောင် တစ်ဖျတ်ဖျတ်ခတ်လိုက်၏။ "ငါနားလည်ပါတယ်။ ဒါပေမဲ့ မင်းက ဘာလို့ ငါ့ရဲ့ မုန်လာဥနီခြောက် မုန့်တွေကို ယူသွားရတာလဲ။"
သူမ ဆက်မပြောခင်တွင် သူမ၏ လက်ချောင်းမှာ အဖြူရောင်အလင်းတစ်ခု ထွန်းလင်းလာပြီး ရုတ်ထွေးစွာ ထုတ်ပိုးထားသော အဝါရောင် အဝိုင်းပုံ ပန်းကန်ပြားတစ်ခုက စားပွဲပေါ်တွင်ပေါ်လာလေ၏။ "ဒီဟာကမှ ချန်အယ် မင်းကို ပို့ခိုင်းလိုက်တဲ့ လမုန့်တွေ။"
အန်လင်း : "..."
အခြေအနေမှာ အလွန်ကို နေရခက်လာ၏။
အဆုံးတွင်တော့ အန်လင်းက မုန်လာဥနီခြောက်များကို ပြန်လည်ထုတ်ယူလိုက်ပြီး ယွဲ့တုဆီအား ရှက်ကိုးရှက်ကမ်းနှင့် ကမ်းပေးလိုက်လေသည်။ ထိုလုပ်ငန်းစဉ်တွင် ယွဲ့တုက သူ့၏ ဉာဏ်ရည်နည်းပါးမှုကြောင့် ဆက်တိုက်လှောင်ရယ်နေခဲ့၏။
"အဲ့မှာ လမုန့် စုစုပေါင်း ခြောက်ခုရှိတယ်။ တစ်ခုစီက စွမ်းအင် အတော်လေးမြင့်မားတာမို့ အများဆုံး တစ်ပတ်မှာ တစ်ခုစားလို့ရတယ်။ လောဘမကြီးနဲ့။" ယွဲ့တုက သတိပေးလာ၏။
အန်လင်းက သူ့၏ စကားများတွင် ခေါင်းငြိမ့်လိုက်ပြီး စိတ်မရှည်စွာနှင့် သေတ္တာကိုဖွင့်လိုက်လေ၏။
ခွက်ထဲတွင် ရွှေရောင်လမုန့် ၆ခုရှိပြီး အားလုံးမှာ လရောင် မှိန်မှိန်အောက်မှ ပြီးပြည့်စုံသည့် အနုပညာ ဖန်တီးမှုနှင့်တူနေ၏။ Osmanthus ပန်းများ၏ ရနံ့ခပ်ဖျော့ဖျော့က အခန်းတစ်ခုလုံးထဲကို လေနှင့် လွင့်ပါလာပြီး လူတိုင်းက သိမ်မွေ့သော ရနံ့ကို တစ်ချက်ရှုရိုက်မိရာ လူတိုင်းက မသိလိုက်မသိဘာသာနှင့် တုန်ယင်သွား၏။
ရှောင်ဟုန်က ချက်ချင်းပင် အလင်းနှင့် အစာချက်လုပ်ခြင်းကို ရပ်လိုက်ပြီး တပိုင်ကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ လန့်နိုးလာကာ ရှောင်ချိုးက မျက်လုံးထဲတွင် ရွှေရောင်အလင်းတန်းများထကာ အပြင်မှ တစ်ဟုန်ထိုး ပြေးဝင်လာ၏။
အန်လင်းက ကြားနိုင်စွာ တံတွေးမျိုချလိုက်ပြီး ချက်ချင်းပင် လမုန့်များကို အသည်းအသန် စားသောက်ပစ်ချင်စိတ်ကို ချိုးနှိမ်ကာ ခွက်ထဲမှ အဖြူရောင် စာအိတ်ကို ငေးကြည့်လိုက်၏။
သူက အထဲတွင် ပါလာသော စာကို သိလိုစိတ်ပြင်းပြစွာ ဖွင့်လိုက်ရာ ထူးခြားလှပသော လက်ရေး စကားစုက သူ့ရှေ့တွင် ပေါ်လာ၏။
စာမှာ ဤသို့ပင်။ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်တာ ဂုဏ်ယူပါတယ် သခင်လေး အန်လင်းရေ။ ငါ နင့်ကိုတစ်ခါက ကိုယ်တိုင်လုပ် လမုန့်တွေကို တိပေးဖူးတယ်နော်။ အဲ့ကတိက ငါဘယ်တော့မှမမေ့တဲ့ ကတိပါပဲ။ ဒီလမုန့်တွေက နင့်ရဲ့ ကလေးလေးကို ကမ္ဘာကြီးထဲကို ကြိုဆိုတဲ့ မင်္ဂလာ လက်ဆောင်လဲဟုတ်တယ်။ အဲ့အပြင် ရှောင်ယွဲ့ကို မင်းဂရုစိုက်ပေးပါအုံး။ ရှောင်ယွဲ့ရဲ့ ခန္ဓာကိုယ်အလေးချိန်က တစ်လအတွင်းမှာ ၂၅ကီလိုဂရမ်အောက်ကျအောင် လုပ်ပေးပါအုံးနော်။
-ချန်အယ်။
အန်လင်းက စာဖတ်ပြီးသည့်နောက် ယွဲ့တုကို ထူးဆန်းသည့်အမူအရာနှင့် ကြည့်လိုက်၏။ "ဒါက ဘာကိုဆိုလိုတာလဲ။"
ယွဲ့တုက မျက်လုံးလှန်လိုက်ပြီး "အဲ့တာက သူမက နင့်ရဲ့ ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်တာနဲ့ သားလေးမွေးတာကို ဂုဏ်ပြုပါတယ်လို့ ဆိုလိုတာပဲလေ။"
"ငါမေးနေတာ အဲ့တာ မဟုတ်ပါဘူး။" အန်လင်းက ချက်ချင်းပင် သူ့ခေါင်းကိုခါလိုက်ပြီး အတွေးတစ်ခု ရုတ်တရက်ဝင်လာပြီး သူ့ရင်ဘတ်မှာ တင်းကြပ်သွားလေ၏။ "နေပါအုံး။ ငါအဲ့တာလဲ မေးအုံးမလို့ပါ။ ကောင်ကလေးအသစ်နဲ့ ပတ်သတ်ပြီးတော့က ဘာဖြစ်တာလဲ။"
ယွဲ့တုက နုတ်ထွက်ခြင်းဖြင့် ခေါင်းကို ခါလိုက်၏။ "ဟင်း... ငတုံးအန်.. ငါမင်းကို အဓိက အချက်ကို ပြောပြမယ်။ နန်တော်ခေါင်းဆောင်က ငါက အရမ်းဝနေတယ်လို့ ခံစားရပြီးတော့ ငါ့ကို သူမရဲ့ပေါင်ပေါ်မှာ ထပ်ပြီးမချီနိုင်တော့ဘူးလို့ ခံစားရတယ်။ သူမက ငါ့အတွက် ပေါင်ချိန် ၂၅ကီလိုဂရမ်အောက်ကို ကျဖို့အတွက် ၁လအချိန်ပေးထားတာ နင်က ငါ့ကို အဲ့လုပ်ငန်စဉ်အတွင်းမှာ ကြီးကြပ်ပေးရမှာ။ နင် အခုနားလည်ပြီလား။"
အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွား၏။ သူက ယွဲ့တုကို ဝိတ်ကျဖို့ ကူညီပေးရမယ်တဲ့လား။
သူက ရုတ်တရက် ယွဲ့တုကို ဝိတ်ကျရန် ကူညီပေးဖို့ ဆန္ဒရှိသည်ဟု ပြောခဲ့မိသည်ကို သတိရသွား၏။ ဒါပေမဲ့ သူက အဲ့တာကို တကယ်အတည်ကြီး မှတ်လိုက်မယ်လို့ ဘယ်သူကထင်မှာလဲ...
ချန်အယ်၏ လမုန့်များမှာ အလွန်ပင် အဖိုးတန်လှ၏။ သို့ဖြစ်၍ သူမအတွက် တစ်ခုခုပြန်လုပ်ပေးရန် သူ့အားမျှော်လင့်သည်မှာ ကျိုးကြောင်းဆီလျော်လှပေ၏။ သို့သော် သူက တစ်စုံတစ်ယောက်ကို ဝိတ်ကျရန် ကူညီခြင်းနဲ့ ပတ်သတ်၍ မည်သည့် အတွေ့အကြုံမှ မရှိပါပေ။
အန်လင်းမှာ သူ့ကိုယ်ပိုင် ရွှေရောင်ကလေးကို မည်သို့ဝအောင်ပြုလုပ်ရမည်ကို ဖော်ထုတ်ရန် ကြိုးစားနေဆဲဖြစ်ပြီး ယခုတွင် ဝိတ်ချဖို့ ကြိုးစားနေသည့် ယုန်တစ်ကောင်ကလည်း သူ့၏ စဉ်းစားရမည့်အချက်ထဲတွင် ပါဝင်လာပြန်၏။
နောက်ရက်အနည်းငယ်အတွင်း သူ့၏ ဦးခေါင်းက ဗလာဖြစ်နေသော်လည်း ခန္ဓာကိုယ်အလေးချိန်မှာတော့ အသိတရား ရနိုင်ပေလိမ့်မည်။
သူက မနေနိုင်တော့ပဲ စိတ်ခံချက်များနှင့် သက်ပြင်းချလိုက်၏။ ကမ္ဘာကြီးက ဘာတွေ ဖြစ်လာတာလဲ။ သူက စောက်ကျိုးနည်းကို ကျင့်ကြံခြင်းရော လုပ်နေသေးရဲ့လား။
***