ဝိတ်တက်ခြင်းနှင့် ဝိတ်ကျခြင်း
Vol. 28 Ch. 385
တပိုင်က ချက်ချင်းပင် သူ့တို့ဆီသို့ ခေါင်းမော့ကာလျှောက်လာလေ၏။
"ဟေ့... ယုန်၊ မင်းဒီမှာ နေမှာဆိုရင် ဒီက စည်းကမ်းတွေကို လိုက်နာရမယ်။ စိတ်ဝိညာဉ် သားရဲ ရာထူးအဆင့်အတန်းမှာ မင်းက နံပါတ်၅ပဲရမယ်။ ငါက အဆင့်၂၊ အဲ့တော့ မင်းက ငါ့ကို အစ်ကိုကြီးပိုင်လို့ ခေါ်ရမယ်။ နားလည်လား။" တပိုင်က ယွဲ့တုအား မရိုးဖြောင့်သော အပြုံးတစ်ခုနှင့် ကြည့်လိုက်၏။
ယွဲ့တု၏ ပတ္တမြားကဲ့သို့ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်များ ထွက်ပေါ်လာကာ သူမ၏ ကျောက်စိမ်း ကျည်ပွေ့က သူမ၏ လက်ထဲတွင်ပေါ်လာပြီး ပုခုံးပေါ်သို့ ထမ်းလိုက်၏။ "ဟီးဟီး... မင်းက ငါ့ရှေ့က နေရာကို ယူလို့ရမယ်လို့ ထင်တယ်ပေါ့။"
"အသစ်လေး၊ ဒီမှာ မင်းကို ကာကွယ်ပေးမဲ့ ချန်အယ် မရှိဘူးနော်။ လက်နက်ချရင်ချ ဒါမှမဟုတ်ရင်တော့ အစ်ကိုကြီး ပိုင်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကိုပြရသေးတာပေါ့။ ဝုတ်..." တပိုင်က ပန်းကန်းပြားပေါ်တက်ကာ သူ့၏ ကောင်းကင်ပပြိုကွဲစေနိုင်သော လက်သည်းကို ဝတ်ဆင်လိုက်၏။ သူက သူ့လက်သည်းများကို လေထဲသို့ လွှဲခုတ်လိုက်ကာ ဓားမော့အလင်းတန်း တစ်သီကြီးက လေထုကိုဖြတ်ပြီး သူမဆီသို့ အသံပြုတိုးဝင်သွား၏။
"မင်းရဲ့ အစွမ်းကို သရုပ်ပြမယ်ဟုတ်လား။ ငါကသာ မင်းကို မသန်မစွမ်းတဲ့ ခွေးဖြစ်အောင် ရိုက်ပစ်မှာ။" ယွဲ့တုက သူမ၏ ကျောက်စိမ်း ကျည်ပွေ့ကို ကိုင်ဆောင်ပြီး တပိုင်ဆီသို့ ခုန်ဝင်လိုက်လေ၏။
"မင်းနေရာ မင်းသိစမ်းပါ။ ဘဝင်ကိုင်နေတဲ့ ယုန်ကောင်။ ဝုတ်... ဝုတ်..." တပိုင်က ဒေါသနှင့် ဟောင်လိုက်ပြီး ယွဲ့တုဆီသို့ တိုးဝင်လိုက်၏။
အန်လင်းက ဘက်မလိုက်သည့် ပွဲကြည့် ပရိသတ်ကဲ့သို့ ဘေးဖယ်နေလိုက်၏။ သူက တကယ်ကိုပင် ဤကဲ့သို့ ရန်ပွဲမျိုးကို ဖျန်ဖြေရန် အာရုံနောက်မခံနိုင်ပါပေ။
သို့ဖြစ်၍ ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်လာ၏။
ထန်း ထန်း ထန်း... ဘန်း ဘန်း ဘန်း.... ဖြောင်း ဖြောင်း ဖြောင်း... ဝှစ် ဝှစ် ဝှစ်...
...
တိုက်ပွဲက အဆုံးသတ်သွားလေပြီ။
တပိုင်က မြေကြီးပေါ်တွင် အညိုအမဲများ၊ အဖုများနှင့် ခြေကားယား လက်ကားယားလဲနေ၏။ ယွဲ့တုက တပိုင်၏ ဗိုက်ပေါ်တွင်ထိုင်၍ သူမ၏ ကျောက်စိမ်း ကျည်ပွေ့ကို ရမ်းကာ ဟက်ဟက်ပက်ပက် ရယ်မောနေလေ၏။ "အသုံးမကျတဲ့ ခွေး။ မင်းက ငါ့လို ဘယ်လိုလုပ်ပြီးတော့များ ရန်စရဲတာလဲ။ ကိုယ့်နေရာကိုယ် သိစမ်းပါ။"
တစ်နေ့တွင် သူ့ကို ယုန်တစ်ကောင်က စီးတာ ခံရလိမ့်မည်ဟု တပိုင် ဘယ်တုန်းကမှ မတွေးခဲ့မိပါချေ။ သူ့နှလုံးသားထဲတွင် နှိမ့်ချခံရခြင်းက ထိုးထွက်လာသော်လည်း သူ့၏ ဒေါသများမှာ အန္တရာယ်ရှိသော ကျောက်စိမ်းကျည်ပွေ့ကို မြင်သောအခါ အရည်ပျော်သွားလေတော့သည်။ "ဟုတ်ပါပြီ။ အမကြီး တု၊ ငါ အရှုံးပေးပါတယ်။ မင်းက ငါ့ရှေ့ကို ကျော်ပြီး အစ်ကိုကြီး အန်ရဲ့ ထိပ်ဆုံး စိတ်ဝိညာဉ် သားရဲလုပ်လို့ရပါတယ်..."
"လိမ္မာတဲ့ ကောင်လေး။" ယွဲ့တုက ကျေနပ်စွာ ခေါင်းငြိမ့်ပြပြီး တပိုင်ကို နောက်ထက် နှိမ့်ချခြင်းများမှ ချမ်းသာခွင့်ပေးလိုက်၏။
သို့သော် စက္ကန့်အနည်းငယ်အကြာတွင် ယွဲ့တုက ရုတ်တရက် သူ့၏ အမွေးထူထူနားရွက်များကို ထောင်လိုက်၏။ "ခဏလေး။ ငါက ဘယ်တုန်းကများ ငတုံးအန်ရဲ့ စိတ်ဝိညာဉ် သားရဲဖြစ်သွားရတာလဲ။ ဘုရာရေ...၊ ငါက ဘာများ အဲ့လောက် ပျော်စရာရှိနေလို့လဲ။"
"ဟီးဟီး... ငါ့ရဲ့ စိတ်ဝိညာဉ် သားရဲ ဖြစ်လာရတာက မင်းအတွက်တော့ ဂုဏ်ယူစရာပေါ့။" အန်လင်းက ယွဲ့တု၏ နားရွက်ကို ဆွဲလိုက်ပြီး သူမ၏ မြေကြီးမှ ဆွဲထူလိုက်၏။
သူက ထို့နောက်မှာတော့ ယွဲ့တုမှာ တကယ်ကို လေးလှသည်ကို တွေ့ရှိရ၏။ ချန်အယ်က သူမကို ဝိတ်ချရန် အဝေးသို့ ပို့လိုက်သည်မှာ အံ့ဩဖွယ်ရာ မရှိပါပေ။
"နင်က ငါ့ကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ဆက်ဆံရဲတာလဲ။" ယွဲ့တုက ဒေါသတကြီး အော်ဟစ်လိုက်၏။
သူမက သူ့မ၏ ကျောက်စိမ်းကျည်ပွေ့ကို မြှောက်လိုက်ကာ အန်လင်း၏ ဦးခေါင်းကို ရိုက်ရန် ပြင်လိုက်၏။ သို့သော် ထိုအခိုက်အတန့်၌ အန်လင်းက ချန်အယ်သူ့အားရေးပေးလိုက်သည့်စာကို ထုတ်လိုက်ကာ ယွဲ့တု၏ မျက်နှာရှေ့တွင် ဝေ့ယမ်းပြလိုက်၏။ ထူးဆန်းလှသည့် လှိုင်းငယ်များက အပြင်သို့ ထွက်ပေါ်လာပြီး သူမက ချက်ချင်းပင် အတားအတီးအားလုံးကို လက်လျော့လိုက်၏။
အန်လင်းက ယွဲ့တုကို စိတ်ကျေနပ်သော အပြုံးနှင့် ပြန်ထားလိုက်၏။ "အခုကစပြီး ငါက နင့်ရဲ့ အကြီး အကဲပဲ။ အဲ့တော့ ငါပြောသမျှကို နင်နားထောင်ရမယ်။ မင်းက ရှောင်ဟုန်၊ တပိုင်နဲ့ ရှောင်ချိုးပြီးမှ လာတာ အဲ့တော့ မင်းက အဆင့် ငါးပဲရမယ်။ အဲ့အပြင် နင်ဒီမှာနေတဲ့ အတောအတွင်း နင်က စည်းကမ်းတွေကို လိုက်နာရမယ် ပြီးတော့ လေးစားမှုနဲ့ တခြားသူတွေအတွက် တွေးတောခြင်း ဆိုတာကို သင်ယူရမယ်။ အဲ့တော့ တပိုင်ကို အနိုင်မကျင့်ရဘူး နားလည်လား။"
ယွဲ့တု၏ နားရွက်ရှည်ရှည်များက ပြုတ်ကျသွားပြီး သူမ၏ မျက်နှာထက်တွင် နှုတ်ထွက်သော အမူအရာက ပေါ်လာလေ၏။ "နားလည်ပါပြီ..."
သူက ဤကမ္ဘာပေါ်တွင် တခြားသူများကို လျစ်လျူရှုနိုင်၏။ သို့သော် ချန်အယ်၏ ညွှန်ကြားချက်ကိုမူ နာခံရပေမည်။ သို့မဟုတ်ပါက လစန္ဒာနန်းတော်မှ အရသာရှိသော အစားအစာများ အားလုံးမှာ သူမအတွက် အလှမ်းဝေးလှသော အိပ်မက်တစ်ခုမှလွဲ၍ တခြားမဖြစ်နိုင်တော့ပါပေ။
"ဝမ်းမနည်းပါနဲ့ ညီမလေး။ အစ်ကိုကြီးပိုင်က မင်းကို စောင့်ရှောက်ပေးပါ့မယ်။ ဝုတ်..." ဤဗအလှည့်အပြောင်းအဖြစ်အပျက်အပြီးနောက် တပိုင်က ချက်ချင်းပင် ယွဲ့တုဆီသို့ မရိုးသားသော အပြုံတစ်ခုနှင့် ကြောက်ရွံ့စွာ လျှောက်သွား၏။
ယွဲ့တုက သူမလက်ထဲရှိ ကျောက်စိမ်း ကျည်ပွေ့ကို ထပ်မံ မြှောက်လိုက်သောအခါ တပိုင်က ချက်ချင်းပင် ကြောက်လန့်တကြား ထွက်ပြေးသွားပြန်၏။
"ဟုတ်ပါပြီ။ အလုပ်ကိစ္စ စပြောရအောင်။ မင်းက အခု ဘယ်လောက်လေးနေလဲ ယွဲ့တု။" အန်လင်းက မေးလိုက်၏။
ယွဲ့တုက သူမ၏ နှုတ်ခမ်းကို ပိတ်လိုက်ပြီး အေးစက်စွာ ရေရွတ်လိုက်၏။ "မိန်းခလေးတစ်ယောက်ကို ကိုယ်အလေးချိန်မေးတာက အရမ်းရိုင်းတယ်ဆိုတာ နင်မသိဘူးလား။"
အန်လင်း၏ နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးသွား၏။ "ဒါပေမဲ့ မင်းက ယုန်လေ။ ပြီးတော့ ငါက မင်းရဲ့ ဝိတ်ကျတာကို ကြီးကြပ်ပေးဖို့လိုတယ်။"
ယွဲ့တုက သူမ၏ ကျောက်စိမ်း ကျည်ပွေ့ကို သူမ၏ သိုလှောင်လက်စွပ်ထဲတွင် ပြန်သိမ်းလိုက်ပြီး အဖြူရောင် အဝိုင်းတစ်ခုကို ထုတ်လိုက်၏။ သူမက အဖြူရောင် အဝိုင်းကို မြေပေါ်ချကာ ခုန်တက်လိုက်၏။
တောက်ပသော အလင်းတန်း တစ်ခုက အဝိုင်းပေါ်မှ လင်းလက်လာပြီး နံပါတ် ၂၇.၃၇၉ ကို ပြသလာ၏။
"မင်းက တစ်လအတွင်းမှာ ၂ကီလိုမီတာကျော်ကျော် ဝိတ်ချဖို့လိုတယ်။ ငါတို့က အဆီစုတ်ထုတ်တဲ့ အင်မော်တယ် မန္တန်ကို သုံးလို့ရလား။"
အန်လင်းက ရုတ်တရက် ရှေ့ဆက်ရမည့် လမ်းမှာ အလွန်ခက်ခဲမည်ကို ခံစားလိုက်ရ၏။
ယွဲ့တုက အထင်အမြင်သေးသော အမူအရာနှင့် သရော်ပြုံး ပြုံးလာ၏။ "ငါက လမင်းရဲ့ ဒဏ္ဍာရီလာ သားရဲလေ။ အဆီစုတ်ထုတ်တဲ့ မန္တန်နည်းလမ်းဟုတ်လား။ နန်းတော် ခေါင်းဆောင်တောင်မှ ငါ့အပေါ်ကို မသုံးနိုင်ဘူး။"
အန်လင်းကို ဟန့်တား၍ မရပဲ ချက်ချင်းပင် နည်းဗျူဟာပြောင်းလိုက်၏။ "အဲ့တာဆိုလဲ မင်းမှာ ဘာအစီအစဉ်ရှိလဲ။"
"ငါ့မှာ အစီအစဉ် မရှိဘူး။ အဲ့တာက အတော်လေးကို ခက်တဲ့ ပြဿနာပဲ...။ ငါက နန်းတော် ခေါင်းဆောင်က သူ့ရဲ့ စိတ်ကိုပြောင်းပြီးတော့ ငါ့ကို ယုန်ဝတုတ် တစ်ကောင်အနေနဲ့ လက်ခံတော့မှပဲ သူ့ဆီကို ပြန်လို့ရတော့မှာ။" စိတ်ဓာတ်ကျနေသော အမူအရာက ယွဲ့တု၏ မျက်နှာပေါ်တွင် ပေါ်လာပြီး သူမက အမှောင်ကောင်းကင်ကို ဝမ်းနည်းမှုအပြည့်နှင့် ငေးကြည့်နေလေ၏။
အန်လင်းက ဤမြင်ကွင်းမှာ အတော်လေး ရယ် သည်ဟု ခံစားရ၏။
ယုန်က အဝလွန်နေလို့ ချန်အယ်ရဲ့ စွန့်ပစ်ခံလိုက်ရတယ်။ ထိုသည်က ဆိုးဝါးသော ခေါင်းစည်းဟု မထင်ရပါပေ။
"ဟုတ်ပြီ။ ငါမင်းကို ဝိတ်ချတဲ့ အစီအစဉ်တစ်ခု အကြံပေးမယ်ဆိုရင်ရော။ ဟင် ဘယ်လိုလဲ။ မုန်လာဥနီပဲ စားပြီးတော့ တစ်နေ့ကို ၆နာရီ လေ့ကျင့်ခန်းလုပ်ရင်ရော။" အန်လင်းက အပြုံးလေးနှင့် အကြံပေးလိုက်၏။
ယွဲ့တုက သူ့အား ငတုံးတစ်ကောင်ကို ကြည့်နေရသကဲ့သို့ ကြည့်လိုက်၏။ "တကယ်လို့ ငါသာနင့်ရဲ့ ဝိတ်ချတဲ့ အစီအစဉ်ကို လိုက်လုပ်ရင်၊ ငါ့ကို ငါးဆယ် ဂရမ်လောက်လေး ဝိတ်ကျဖို့အတွက် မျှော်လင့်တာက အရမ်းချဲ့ကားနေတာ ဖြစ်နေမှာပေါ့။"
အန်လင်းက အသက်ပြင်းပြင်းရှုလိုက်၏။ "အဲ့တာဆိုလဲ တစ်လလုံး ဘာမှ မစားပဲ တစ်နေ့ကို လေ့ကျင့်ခန်း နာရီ၂၀လုပ်ရင်ရော။"
ယွဲ့တုက ချက်ချင်းပင် ဒေါသတကြီး နှာပွလာ၏။ "အရူးအန်၊ အဲ့တာ ယုန်ညှဉ်းပန်းနှိပ်စက်တာပဲ။ အဲ့အပြင် ငါအဲ့တာကို လုပ်ရင်တောင်မှ ငါက ဝိတ်၂၅၀ဂရမ် ကျနိုင်မှာမဟုတ်ဘူး။"
"အဲ့တော့ မင်းအတွက် ဝိတ်ကျဖို့က အဲ့လောက်တောင် ခက်တယ်ပေါ့။ လမင်းရဲ့ ဒဏ္ဍာရီလာသားရဲကတော့ ထင်ထားသလိုပါပဲ...။" အန်လင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်ဖွယ် အမူအရာတစ်ခုပေါ်လာလေ၏။ သာမန် ဝိတ်ကျ အစီအစဉ်များက ယွဲ့တုကို လုံးဝ သက်ရောက်မှု မရှိသည့်ပုံပင်။ သို့ဖြစ်၍ သူက တခြားတစ်ခုကို စဉ်းစားရပေတော့မည်။
ပြဿနာကို ခဏမျှ တွေးတော့ပြီးနောက် သူက နောက်ထပ်အစီအစဉ်အနည်းငယ်ကို ဆက်လက်ပြောပြသော်လည်း အားလုံးမှာ ယွဲ့တု၏ ဖယ်ချခြင်းကို ခံလိုက်ရ၏။
အဆုံးတွင်တော့ သူက ဤ ပြဿနာကို ချန်လှပ်ထားခဲ့ကာ တခြားပို၍ အဓိပ္ပာယ်ရှိသည်ကို ပြုလုပ်လိုက်၏။ ထို ပို၍အဓိပ္ပာယ်ရှိသော အရာမှာ...
လမုန့်များကို စားခြင်းပင်။
အန်လင်းက သူ့၏ သိုလှောင် လက်စွပ်ထဲမှ လမုန့်ဝိုင်းဝိုင်းတစ်ခုကို ယူထုတ်လိုက်၏။ ထိုသည်က ပန်းကန်လုံး အငယ်စားတစ်ခု၏ အရွယ်လောက်ရှိပြီး လရောင်၏ အောက်တွင် ကောင်းကင်ဘုံအလင်းရောင် တောက်ပနေ၏။
"လှလိုက်တဲ့ လမုန့်လေး..." ရှောင်ဟုန်က အနီရောင် ဝတ်စုံနှင့် မိန်းမလှတစ်ဦးအသွင် ပြောင်းလိုက်ပြီး ဘေးတွင် မျက်လုံးတောက်တောက်ကလေးများနှင့် ရပ်နေလေ၏။ ဤသည်မှာ သူမက နေမင်းထက် တခြားအရာတစ်ခုအပေါ်တွင် စိတ်ဝင်စားမှု ပြင်းထန်သည်မှာ ပထမဆုံး အကြိမ်ဖြစ်၏။
ယွဲ့တုက မျှော်လင့်နေသော အမူအရာနှင့် သူမ၏ နှုတ်ခမ်းများကို သပ်လိုက်၏။ "ဒီလမုန့်တွေက လမင်းရဲ့ စွမ်းအင်တွေနဲ့ ပြည့်နေပြီးတော့ osmanthusပန်းတွေနဲ့ ထူးဆန်းတဲ့ ပါဝင်ပစ္စည်းတွေ ပေါင်းလုပ်ထားတာ။ ဒီလမုန့်တွေက ကမ္ဘာပေါ်မှာ အရသာအရှိဆုံးဖြစ်ရုံတင်မကဘူး၊ သူတို့က စားသုံးသူရဲ့ သက်တမ်းကိုလဲ နှစ်တစ်ထောင် တိုးပေးတယ်။ အဲ့အပြင် လမုန့်ကို စားသုံးခြင်းက အရိုးတွေကို သန်မာစေပြီးတော့ အတွင်းအားဗဟိုတွေကို သက်ရှိစွမ်းအင် စုစည်းပြီး သက်ရှိစွမ်းအင် ပင်လယ်ပြင်ထဲကို လမင်းရဲ့ အစွမ်း သက်ရောက်မှု ရှိစေတယ်။ နင်က ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်ကို တက်ခါစမို့ လမုန့်က မင်းရဲ့ ကျင့်ကြံခြင်း အခြေံကို ကြံခိုင်စေတယ်။"
ယွဲ့တုက ဤအကျိုးကျေးဇူးများအားလုံးကို ပြောပြနေသည်ကို နားထောင်ရင်း အန်လင်း၏ အမူအရာမှာ လုံးဝပင် ငေးငိုင်သွားတော့၏။ သူက စိတ်လှုပ်ရှားစွား သက်ပြင်း မချပဲ မနေနိုင်တော့ပါပေ။ "ချန်အာကိုယ်တိုင် လုပ်ထားတဲ့ လမုန့် ဆိုတဲ့အတိုင်းပဲ အဲ့ဒီ့ လမုန့်တွေက သာမန် အင်မော်တယ် ဆေးတောင့်တွေထက်ကို ပိုပြီးတော့ အစွမ်းထက်တာပဲ။"
ယွဲ့တုက သူမ၏ သခင်သို့ပြောသော ချီးကျူးစကားမှာ သူမကို ပြောသကဲ့သို့ ရွှင်ရွှင်မြူးမြူး ပြုံးလိုက်၏။ "ဒါပေါ့..."
အန်လင်းက လမုန့်ကို စိတ်လှုပ်ရှားသော အမူအရာနှင့် ၅စိတ်လှီးလိုက်ပြီး အတွင်းမှ အစာကို ဖော်ပြလိုက်၏။ အစာမှာ ကျောက်စိမ်းအကြည်ကဲ့သို့ သွင်ပြင်ရှိပြီး osmanthus အနံ့များက လေထုထဲတွင် လွှမ်းခြုံနေပြီး အခန်းထဲမှ လူတိုင်းကို ညှို့ငင်နေလေ၏။
"အနံ့လေးက မွှေးလိုက်တာ... အနံ့နဲ့တင်ကို လူတွေကို လှုံ့ဆော်နိုင်တာပဲ..." အန်လင်းက အားရရွှင်မြူးခြင်း၊ တန်ဖိုးထားခြင်းတို့နှင့် သူ့မျက်လံုးများကို မှေးလိုက်၏။
တပိုင်က ကြမ်းပြင်တစ်ခုလုံးပေါ်တွင် သွားရည်များကျနေပြီးဖြစ်ကာ ရှောင်ချိုးပင်လျှင် တံတွေးမျိုချရန်အတွက် တိုက်ပွဲဝင်နေရ၏။
"လာလေ။ မင်းတို့အားလုံး တစ်ယောက်တစ်စိတ်စီ စားကြ။" အန်လင်းက သူ့၏ စိတ်ဝိညာဉ် သားရဲများကို ပြုံးပြလိုက်၏။
"အစ်ကိုကြီး အန်က အကောင်းဆုံးပဲ။ ငါမင်းကို အသေချစ်တယ်။ ဝုတ်..." တပိုင်က ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်ကဲ့သို့ ခုန်လိုက်ပြီး လမုန့် တစ်စိတ်ကို လက်သည်းဖြင့်ထိုးကာ ပါးစပ်ထဲထည့်လိုက်၏။
သူက လမုန့်ကို ဝါးလိုက်ပြီးပြီးချင်းမှာပင် ရုတ်တရက် မြေပြင်ပေါ်သို့ လဲကျကာ ညီးညူပြီး သူ့ခန္ဓာကိုယ်မှာ တုန်ယင်လာတော့၏။ "ကောင်းလိုက်တာ... အစ်ကိုကြီးအန်၊ အဲ့တာက အရမ်းကောင်းတာပဲ။ အရမ်းအရသာရှိတယ်။ ဝုတ်..."
အန်လင်း၏ မျက်နှာမှာ မဲမှောင်လာပြီး ခွေးနှာဘူးကို ဘေးသို့ ကန်ထုတ်လိုက်သည်။
ရှောင်ချိုးသည်လည်း တစ်ပိုင်းကို ဆွဲယူလိုက်ပြီး ပျော်ရွှင်စွာ စတင်ဝါးလိုက်ကာ သူ့မျက်လုံးထဲမှ အလင်းရောင်မှာ ပိုမိုပြီး တောက်ပသထက် တောက်ပလာတော့သည်။
"သခင်က နောက်ဆုံးတော့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုကို တစ်ခါတော့ လုပ်လိုက်ပြီပေါ့။" ရှောင်ဟုန်ကလည်း လမုန့်တစ်စိတ်ကို ကောက်ကိုင်လိုက်ကာ ပျော်ရွှင်သောအမူအရာနှင့် သူမ၏ ပါးစပ်ထဲထည့်လိုက်လေ၏။
ယွဲ့တုက မလှုပ်ရှားသေးသည်မို့ အန်လင်းက သူမဘက်သို့ လှည့်လိုက်၏။ "ရှောင်ယွဲ့ မင်းလဲ တစ်စိတ်ယူလိုက်လေ။"
ယွဲ့တု၏ မျက်နှာထက်တွင် တုံ့ဆိုင်းသော အမူအရာက ပေါ်လာ၏။ "အာ... အဲ့တာက နန်းတော် ခေါင်းဆောင်မင်းကို ပေးတဲ့လက်ဆောင်လေ ငါကို စားခွင့်ပြုလို့လား။"
အန်လင်းက မာနကြီးသော ယွဲ့တုကို အရမ်းယဉ်ကျေးမည်ဟု မမျှော်လင့်ထားပဲ ခပ်ဖွဖွရယ်လိုက်၏။ "မင်းက အခု ငါ့ရဲ့ ကြီးကြပ်မှုအောက်မှာလေ။ အဲ့တော့ သေချာပေါက် အရာအားလုံးကို မျှဝေလို့ ရတာပေါ့။ အဲ့လိုမှ မဟုတ်ရင် ငါက ဘာလို့ ဒီလမုန့်ကို ၅ပိုင်းပိုင်းမှာလဲ။"
ယွဲ့တုက အနည်းငယ် တုန်ယင်သွားပြီး ဒီတစ်ကြိမ်တော့ သူ့နှင့် စကားမများတော့ပဲ လမုန့် တစ်စိတ်ကို ရှေးကျပြီး အဖြူရောင် လက်တစ်ဖက်နှင့် ကောက်လိုက်၏။ "အဲ့တာဆိုလဲ ငါစားပြီးနော်။"
အန်လင်းက နောက်ဆုံး လမုန့်တစ်စိတ်ကို ကောက်ယူကာ သူ့ပါးစပ်ထဲသို့ ထည့်လိုက်၏။
လမင်း၏ စွမ်းအင်များက သူ့ခန္ဓာကိုယ်ကို အာဟာရပေးသည့် နွေးထွေးသော စီးဆင်းမှု အဖြစ် ပြောင်းသွားပြီး သူ့၏ ကျင့်ကြံခြင်း အခြေခံကို ခိုင်မာစေ၏။ စွမ်းအင် တစ်စိတ်တစ်ပိုင်းက သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ ပေါင်းစည်းသွားပြီး တစ်ခြားတစ်ပိုင်းက သူ့၏ သတိစိတ်ကို လွှမ်းခြုံသွား၏။ သို့ဖြစ်၍ သူ့၏ သတိတရားကို ပိုပြီးကြီးမားသော အာရုံခံ အရာဝတ္ထုအဖြစ် နှိုးဆွပေးလေသည်။
အန်လင်းက သူသည် လမင်းဆီမှ ခရီးတစ်ထောက်ပြန်လာသည်ဟု ခံစားလိုက်ရပြီး osmanthus ပန်းပင်လယ်ထဲတွင် လျှောက်ပတ်နေရသည်ဟု ခံစားလိုက်ရ၏။ ချန်အယ်က သူ့အားပြုံးပြနေကာ ယွဲ့တုက သူ့အားကျော်တက်သွား၏...။
ထို ခံစားချက်များ အားလုံးမှာ သူ့စိတ်ထဲတွင် တစ်ခုတည်းသော စကားလုံးဖြစ်ရန် ပေါင်းဆုံသွားကြ၏။
အံ့မခန်းပဲကွာ။
***