← Chapters

လမုန့်များ၏ စွမ်းအင်များ

Vol. 28 Ch. 386

လမုန့်များ၏ စွမ်းအင်များ

Vol. 28 Ch. 386

အန်လင်းက လမုန့်စားရခြင်း၏ ကြည်နူးမှုထဲတွင် ခိုလှုံနေဆဲမှာပင် ထူဆန်းသော ခံစားချက်က သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ပေါ်လာလေ၏။

အန်လင်းက သူ့၏ စိတ်အာရုံကို သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ လှည့်လိုက်ပြီး သူမြင်လိုက်ရသော မြင်ကွင်းကြောင့် အနည်းငယ် ကြောက်လန့်တကြား ဖြစ်သွားလေ၏။

သူက သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ကို ကြည့်ရှုလိုက်သောအခါ ရွှေရောင်ကလေးလေးက သူ့ပါးစပ်ကိုဖွင့်ကာ လမုန့်မှ လ၏စွမ်းအင်များကို သူ့အစာအိမ်ထဲသို့ မျိုချနေသည်ကို တွေ့လိုက်ရ၏။

"ဂေ့..." ရွှေရောင်ကလေးငယ်က ကျေနပ်မှု အပြည့်နှင့် လေချဉ်တက်လိုက်ပြီး ကျေနပ်သောအမူအရာနှင့် သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ ပြန်လည် လှဲချလိုက်လေ၏။

အန်လင်း၏ မျက်လုံးများက ရုတ်တရက် အရောင်တောက်သွား၏။ ကလေးက လမင်းရဲ့ စွမ်အားတွေကို စားသုံးပြီး သူ့ရဲ့ အလေးချိန် တက်လာနိုင်မလား။

သူက ချက်ချင်းပင် နောက်ထပ် လမုန့်တစ်ခုကို ထုတ်လိုက်ကာ နှစ်ပိုင်း ပိုင်းလိုက်ပြီး တစ်ဝက်ကို ပါးစပ်ထဲသို့ထည့်လိုက်၏။

အလွန်ပျော်ရွှင်သော စိတ်ခံစားချက်က သူ့တစ်ကိုယ်လုံးသို့ ချက်ချင်းပင် တိုးဝှေ့သွားကာ သူ့အား အိပ်ယာပေါ်သို့ လဲကျသွားစေ၏။

လမင်း၏ ကြည်နူးဖွယ် စွမ်းအားမှာ သူ့တစ်ကိုယ်လုံးသို့ ဖြန့်ကျက်သွားပြီး သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ စီးသွားသော အပိုင်းမှာ ရွှေရောင် ထပ်မံတောက်ပလာလေတော့၏။

ရွှေရောင်ကလေးငယ်က ပျော်ရွှင်စွာ ခုန်နေပြီး ဝင်လာသော လမင်း၏ စွမ်းအင်များကို ထပ်မံ မျိုချလိုက်ပြန်လေ၏။

နောက်ဆုံးတွင် အတန်ကြာပြီးနောက် အန်လင်း၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ဂျိုးဂျိန်းသံတစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး လခြမ်းသဏ္ဍာန် အဆောင်အယောင်တစ်ခုက ကလေးငယ်၏ ခေါင်းပေါ်တွင် ပေါ်လာလေ၏။ တစ်ချိန်တည်းမှာပင် သူ့၏ ရင်ဘတ်ပေါ်တွင် နံပါတ်တစ်ခုက ရုတ်တရတ်ပေါ်လာပြီး ၀.၆၅၅မှ ၀.၇၄၅သို့ ပြောင်းသွားလေ၏။ ထို့နောက် ထိုက်ချူစာလုံး သုံးလုံးကလည်း ဂဏန်း၏ ဘေးတွင် ပေါ်လာလေ၏။ : လမင်းက ပြည့်သွားပြီ။

ဂဏန်းများနှင့် စာကြောင်းမှာ မကြာမီပင် ပျောက်ကွယ်သွားတော့၏။

ရွှေရောင် ကလေးငယ်၏ ဝမ်းဗိုက်မှာ အလွန်အမင်း ပြည့်နေပုံရကာ သူက သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ လှဲချကာ စတင်အိပ်စက်သွားတော့၏။

သက်ရှိစွမ်းအင် ပင်လယ်ထဲ၌ လမင်း၏ စွမ်းအင် အနည်းငယ်တော့ ကျန်နေပါသေး၏။ သို့သော် ကြည့်ရသည်မှာ ရွှေရောင်ကလေးငယ်က အပြည့်အဝ စားသုံးပြီးပြီ ဖြစ်ပုံရ၏။

အန်လင်းက ရုတ်တရက် သဘောပေါက်လိုက်၏။ အကယ်၍ သူက ရွှေရောင်ကလေးငယ်၏ ကိုယ်အလေးချိန်ကို ၁ကီလိုဂရမ်အထိ မြင့်တင်ချင်ပါက သူ့ရင်ဘတ်တွင် ပေါ်လာသော ဂဏန်းများကို ၁ရောက်အောင် လုပ်ရမည်ဖြစ်သည်။ သူက အန်ကီရင်ကို မည်သို့ အစားကျွေးမလဲဆိုသည်အတွက်မူ နည်းလမ်းများထဲမှ တစ်ခုမှာ သူကိုယ်တိုင်အတွက် အစာစားပြီး စွမ်းအင်ကို သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ ဦးတည်လိုက်ခြင်း ဖြစ်ပုံရ၏။

ရွှေရောင်ကလေးငယ်၏ ခေါင်းပေါ်မှ လခြမ်းသဏ္ဍာန် အဆောင်အယောင်မှာ လမင်း၏ စွမ်းအင်ကို မလိုအပ်တော့ပါဟု ဆိုလိုခြင်းဖြစ်မည်။ သို့ဖြစ်၍ ရွှေရောင်ကလေးအတွက် တခြားသော အစားအစားအရင်းအမြစ်တစ်ချို့ကို စဉ်းစားရန် အချိန်ဖြစ်၏...။

အန်လင်းမှာ ကျန်နေသော လမုန့်တစ်ဝက်ကို ကြည့်လိုက်သောအခါ သူ့၏ စိတ်ဝိညာဉ် သားရဲ လေးကောင်စလုံးမှာ မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရ၏။ တပိုင်မှာ လမုန့်ဆီသို့ တဖြည်းဖြည်း တိုးတိုးလာပြီး ထိန်းချုပ်မှု ဆုံးရှုံးလုဆဲဆဲဖြစ်နေလေ၏။

အန်လင်းက ပြုံးလိုက်ကာ ကျန်လမုန့်တစ်ဝက်ကို သူ့၏ စိတ်ဝိညာဉ် သားရဲများဆီသို့ ခွဲဝေပေးလိုက်၏။

စိတ်ဝိညာဉ် သားရဲများအားလုံးမှာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး ကျန်နေသော လမုန့်တစ်ဝက်ကို ပျော်ရွှင်စွာ ဝါးစားနေကြလေသည်။

သို့ဖြစ်၍ သူတို့မှာ ချန်အယ်ထံမှ လမုန့်နှစ်ခုကို တစ်ညတည်းနှင့် စားပစ်လိုက်ကြ၏။

အန်လင်းက အတော်လေး စိတ်ခံစားချက် ကောင်းနေပေ၏။ လမုန့်များမှာ သူနှင့် သူ့၏ စိတ်ဝိညာဉ် သားရဲများက စားသုံးလိုက်သည်မို့ အလဟသတစ်ခုမှ မဖြစ်ပါပေ။ ထို့အပြင် သူက ရွှေရောင်ကလေးငယ်ကို မည်သို့အစားကျွေးရမည်ကိုလဲ ဖော်ထုတ်နိုင်ပြီး ထိုသည်မှာ သူ့အတွက်အကောင်းဆုံး ဆုလာဒ်ပင် ဖြစ်၏။

သူက ညကောင်းကင်ယံကိုကြည့်ရင်း သူ့၏ သိုလှောင်လက်စွပ်ကို ပွတ်သပ်လိုက်၏။ နဂိုခြောက်ခုမှ လမုန့်လေးခု ကျန်နေသေးပေ၏။ သူက ဤကဲ့သို့ကောင်းမွန်သောအရာမှာ သူငယ်ချင်းတွေနဲ့ မျှဝေရမည်ဟု ဆုံးဖြတ်လိုက်၏။

ညက ပို၍ နက်လာကာ ကောင်းကင်ယံထက်တွင် ကြယ်တန်းကြီးက ပေါ်လာလေသည်။

သို့သော်လည်း ကျောင်းသားများ နေထိုင်ရာ အဆောင်များမှာ တောက်ပစွာ ထွန်းလင်းနေဆဲပင်။

မည်သူကမှ အစောအိပ်သည့် အလေ့အကျင့် မရှိပါပေ။ လူအများစုက မန္တန်နည်းလမ်းများနှင့် စမ်းသပ်မှုများ ပြုလုပ်နေကြပြီး သို့မဟုတ်ပါက တရားထိုင်နေပြီး သို့မဟုတ်ပါကမူ အချိန်ကုန်ဆုံးခြင်းကို မေ့​ဖျောက်နေကြပေ၏။ သေချာပေါက် ညလုံးပေါက် ကျင့်ကြံနေသူများလည်း ရှိပါ၏။

အန်လင်းက သူ့၏ ချောမောသော သွင်ပြင်များကို ကောင်းမွန်စွာ ပေါ်လွင်စေသော အဖြူရောင် ဝတ်ရုံတစ်ခုလဲလိုက်၏။ သူ့၏ သွင်ပြင်မှာ အစ်ကိုကြီး ချန်ကို ယှဉ်ပြိုင်၍ မရပါသေးသော်လည်း သူ၌ အနည်းဆုံးတော့ အစ်ကိုကြီး ချန်၏ လက်နက်များနှင့် စိတ်စွဲလမ်းမှုထက်သာသော အစွမ်းထက် ဓားအင်မော်တယ် တစ်ဦး၏ ပုံစံရှိပေ၏။

သူက စိတ်ကျေနပ်စွာ မှန်ထဲသို့ ကြည့်လိုက်ပြီး သူ့၏ စိတ်ဝိညာဉ် သားရဲများဆီသို့ လှည့်လိုက်၏။ "တပိုင်၊ ငါမှာပိုကောင်းတဲ့ အနေအထားရှိလား ဒါမှမဟုတ် အစ်ကိုကြီး ချန်မှာ ပိုကောင်းတဲ့ အနေအထားရှိလား။"

သူက သွင်ပြင်လက္ခဏာ အရာတွင် အစ်ကိုကြီးချန်၏ ပြိုင်ဘက်မဟုတ်ပါချေ။ သို့ဖြစ်၍ သူက  တခြားရှု့ထောင့်များမှ ဖြည့်စွက်ရန် လိုအပ်ပေ၏။

"သေချာပေါက် အစ်ကိုကြီး အန်က ပိုကောင်းတဲ့ အနေအထားရှိတာပေါ့။" တပိုင်က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလာ၏။

"ဟုတ်တယ်။ သခင့်ရဲ့ အနေအထားက အကောင်းဆုံးပဲ။" ရှောင်ဟုန်က အသံချိုချိုလေးနှင့် ဝင်ပြောလာ၏။

အန်လင်းက သူတို့၏ ချီးကျူးမှုကြောင့် အပျော်လွန်သွားတော့သည်။ "ဘာလို့ ငါ့မှာ ပိုကောင်းတဲ့ အနေအထားရှိတယ်လို့ ခံစားရတူလဲ။"

"ဘာလို့လဲ ဆိုတော့ ဒီနေ့ နင်က ငါတို့ကို လမုန့်ပေးထားလို့လေ..." တပိုင်က တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလာ၏။

"ဟုတ်တယ်။ မင်းရဲ့ ရှေးတုန်းက အနေအထားတွေက ဒီနေ့မတိုင်ခင်အထိ ဘိတ်ချေးမှာပဲ။" ရှောင်ဟုန်က အတည်ပေါက် အမူအရာနှင့် အတည်ပြုလိုက်၏။

အန်လင်း၏ ရင်ဘတ်က တင်းကြပ်သွားပြီး သွေးအန်တော့မလိုပင် ဖြစ်သွား၏။

ယွဲ့တုက အန်လင်း၏ နာကျင်သွားသော အမူအရာ၌ ဝါးလုံးကွဲအောင် ရယ်ချလိုက်ပြီး သူမ၏ မုန်လာဥနီပါ ပြုတ်ကျတော့မလို ဖြစ်သွား၏။

"ဟွန့်... မင်းတို့က ငါ့ရဲ့ ဓားအင်မော်တယ် အနေအထားကို မမြင်နိုင်ဘူးဆိုရင် မင်းတို့မျက်လုံးတွေကို စစ်ဆေးသင့်တယ်။" အန်လင်းက မကျေမနပ် ရေရွတ်ကာ တံခါးမှ ထွက်သွားတော့၏။

သူ့က သူ့ဘေးမှ အခန်းသို့ လျှောက်လာကာ ခပ်ဖွဖွ တံခါးခေါက်လိုက်၏။

တံခါးက ပွင့်သွားပြီး တာအို ဝတ်ရုံနှင့်ပျော့ပျောင်းပြီး ကျက်သရေရှိသော အမျိုးသမီးတစ်ဦးက ပေါ်လာ၏။ သူမက လရောင်၏ အောက်တွင် လှပသော လနတ်သမီးတစ်ပါး၏ အသွင်အပြင် ရှိလေ၏။

သူမက တံခါးအပြင်ဘက်တွင် အန်လင်းကို မြင်သောအခါ သူမ၏ နှုတ်ခမ်းထောင့်လေးများက လှပလွန်းသောအပြုံးအဖြစ် ကွေးတက်သွား၏။ "နင်က ဒီကို နောက်ထပ် လက်ဖက်ရည်သောက်ဖို့ လာတာလား။ အန်လင်း..."

အန်လင်းက ရှက်ကိုး ရှက်ကန်းနှင့် ရယ်လိုက်၏။ စုရှောင်လန်၏ ဂိုဏ်းမှာ မီတာ သောင်းချီမြင့်သော အံ့ချီးသစ်ပင်တစ်ခုပေါ်တွင် တည်ရှိပြီး ထိုသစ်ပင်မှ အရွက်များက အလွန်အရသာရှိလှသော လက်ဖက်ရည် ပြုလုပ်နိုင်၏။ ထို့ကြောင့် အန်လင်းက စုရှောင်လန်၏ အခန်းသို့ အကြာခဏ လာကာ လက်ဖက်ရည်သောက်ပြီး စကားစမြည်းပြောလေ့ရှိ၏။

"ဟုတ်ပြီ။ အဲ့မှာ ရပ်မနေနဲ့လေ။ လာပါ ဝင်ခဲ့။" စုရှောင်လန်က သူ့အား အပြုံးလေးနှင့် တိုက်တွန်းလာ၏။

အန်လင်းက ချက်ချင်းပင် လျှောက်ဝင်လာပြီး သူ့ကိုယ်သူ သက်တောင့်သက်သာနေလိုက်၏။ သူတို့မှာ ၃နှစ်ကြာအောင် အိမ်နီးချင်းများ ဖြစ်နေကြပြီး သို့ဖြစ်၍ သူက စုရှောင်လန်ဆီသို့ လာလည်သည်မှာ မရှားလှပါပေ။

သူက အခန်းထဲသို့ လျှောက်ဝင်လာပြီး အထဲမှ မွှေးပျံ့သော ရနံ့ခပ်မှိန်မှိန်ကိုရှုရိုက်မိပြီး အပန်းပြေသွားတော့၏။

"ဒီနေ့ ဘာလက်ဖက်ရည် သောက်မလဲ။ အံ့ချီးနေမင်းလက်ဖက်ရည်လား လမင်းဖြူ လက်ဖက်ရည်လား။"

စုရှောင်လန်က အန်လင်းဆီသို့လှည့်ကာ မေးလိုက်၏။

"လမင်းဖြူ လက်ဖက်ရည်" အန်လင်းက ဤလက်ဖက်ရည်က ဒီညအတွက် ပိုသင့်တော်သည်ဟု ခံစားရ၏။

"ဟုတ်ပြီ။" စုရှောင်လန်က ခပ်ဖျော့ဖျော့ ပြုံးကာ သူ့၏ သိုလှောင်လက်စွပ်ထဲမှ ့က်ဖက်ရွက်အနည်းငယ်ကို ထုတ်လိုက်၏။ သူမက ထို့နောက် သူမက ကျက်သရေရှိပြီး အလေ့အကျင့်အပြည့်နှင့် လှုပ်ရှားမှုများဖြင့် သန့်စင်ပြီး ကျက်သရေပြည့်မှုကို ပြသကာ လက်ဖက်ရည်ကို ဖျော်လိုက်၏။

သူတို့နှစ်ဦးက စကားအနည်းငယ် ပြောပြီး နောက်တွင် အန်လင်းက လိုရင်းကို ပြောလိုက်၏။ "ငါဒီည လာရတဲ့ အကြောင်းက နင့်ကို ပေးစရာတစ်ခုရှိလို့။"

"ဘာကြီးလဲ။ အရမ်းတန်ဖိုးကြီးနေရင် ငါမလိုချင်ပါဘူး။"

စုရှောင်လန်က လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး သူမ၏ တောက်ပသော မျက်လုံးများက စိတ်ဝင်စားမှုဖြင့် ခပ်မှိန်မှိန်လင်းလက်နေ၏။

"အဲ့တာက အဲ့လောက်ကြီး အဖိုးတန်တာ မဟုတ်ပါဘူး။ ကိတ်မုန့် တစ်ပိုင်းပါဟာ။" အန်လင်းက ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်၏။

"အို...။ နင်လုပ်ထားတာတော့ မဟုတ်ဘူးမလား။" စုရှောင်လန်၏ စိတ်ဝင်စားမှုများက တိုးလာလေ၏။

အန်လင်းက ပြန်မဖြေပဲ ထိုအစား သူ့သို့လှောင်လက်စွပ်ထဲမှ လမုန့်တစ်ခုကိုထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်၏။

လမုန့်က ထူးထူခြားခြားတောက်ပနေပြီး ပန်းပွင့်များ၏ ကြွယ်ဝသော ရနံ့က အခန်းထဲတွင် ပျံ့နှံ့သွား၏။

စုရှောင်လန်: "... နင်ပြောတော့ ကိတ်မုန့်တစ်ပိုင်းလေးပဲဆို။"

အန်လင်းက စုရှောင်လန်ဆီမှ အမှန်တရားကို ဖုံးထားလို့မရသည်ကို သိသည်မို့ အခြေအနေကို ဝန်ခံလိုက်၏။ "အဲ့တာက တကယ်တော့ ချန်အယ်က ငါ့ကို ပေးတာ။ ဒါပေမဲ့ အဲ့တာက တကယ်ပဲ အဲ့လောက် တန်ဖိုးမကြီးပါဘူး။ ငါ့သိုလှောင်လက်စွပ်ထဲမှာ ထပ်ရှိသေးတယ်။ အဲ့တာမို့ နင်ဒီတစ်ခုကိုတော့ လက်ခံရမယ်။"

စုရှောင်လန်က လမုန့်ကို ကောက်ကိုင်လိုက်ပြီး သူ့မ၏ နှာတံကောက်ကောက်လေးနှင့် အနံ့ခံလိုက်၏။

သူမက လမုန့်ကို ချလိုက်ကာ အန်လင်း၏ မျက်လုံးထဲသို့ စိုက်ကြည့်လိုက်၏။ "ဒီလမုန့်က တကယ့်ကို သာမန်အစားအစာမဟုတ်ဘူး။ ချန်အယ်က နင့်ကို ဒီအတိုင်း တစ်ခုတောင်မဟုတ်ပဲ အများကြီးပေးလိုက်တယ်ပေါ့...။ ငါ့ကို အမှန်အတိုင်းပြောစမ်းပါ နင်နဲ့ ချန်အယ်ရဲ့ ဆက်ဆံရေးကဘာလဲ။"

အန်လင်း : "..."

"ငါတို့က သူငယ်ချင်းလို့တောင် ပြောလို့မရတဲ့ မိတ်ဆွေတွေပါဟာ။ ရိုးရိုးသားသားပြောရရင် ဒီလမုန့်တွေက ငါ့ကို အလကားပေးတာမဟုတ်ဘူး။ အပြန်အလှန်အနေနဲ့ ငါက ယွဲ့တုရဲ့ ကိုယ်အလေးချိန်ကို တစ်လအတွင်း ၂၅ကီလိုဂရမ်အောက်ကျအောင် လုပ်ပေးရမှာ။" အန်လင်းက ဝန်ခံလိုက်၏။

သူက စုရှောင်လန်၏ မေးမြန်မှုကြောင့် ဒေါသမထွက်ပါပေ။ သို့သော် ထိုအစား သူမက အလွန်ဂရုစိုက်သည်မို့ အနည်းငယ် ပီတိဖြာသွားရ၏။

စုရှောင်လန်က စိတ်ရှုပ်ထွေးစွာ မျက်တောင် ခတ်လိုက်၏။ "အဲ့တာက ဘယ်လိုလုပ် ခက်မှာလဲ။ ယွဲ့တုကို ဝိတ်ကျဆေး နည်းနည်းတိုက်လိုက်လေ။"

ဘုန်း...

အန်လင်းက သူ့ခေါင်းထဲတွင် မိုးကြိုး တစ်ချက် ပစ်သွားကာ သူ့အား ချက်ချင်း သဘောပေါက်သွားစေသည်ဟု ခံစားလိုက်ရ၏။

ယွဲ့တုက သာမန်ဝိတ်ကျ အစီအစဉ်များမှ အလွန်အမင်းခက်ခဲနေသည်ကို တွေ့ရ၏။ သို့သော်လည်း ချန်အယ်သတ်မှတ်သော ပန်းတိုင်ကို​ရောက်ရန် ဝိတ်ချဆေးတောင့်များကို အသုံးပြု၍ရပါသေး၏။

သာမန် ဝိတ်ချဆေးတောင့်များမှာ အကျိုးသက်ရောက်မှု မရှိနိုင်သော်လည်း တစ်ချို့သော အဆီပိုများအတွက် ထိုအဆီများက ဒဏ္ဍာရီလာ သားရဲ တစ်ကောင်၏ ခန္ဓာကိုယ်ထဲမှပင် ဖြစ်လင့်ကစား အရည်ပျော်စေနိုင်သည့် အထူးအစွမ်းထက် အဆင့်မြင့် ဆေးတောင့်တစ်ချို့ရှိလေ၏။ သူက မနက်ဖြန် ယီရှီဆီသို့ သွားကာ အကြံတောင်းသင့်၏။

ဉာဏ်ကြီးရှင်လေး။

အန်လင်းက စုရှောင်လန်နှင့် အတော်ကြာအောင် စကားပြောနေပြီး သူစမ်းကြည့်နိုင်သည့် ဝိတ်ကျစေသည့် ဆေးတောင့်များ ရှိသည်ကို သိလိုက်ရ၏။ ထိုသည်က နောက်ရက်တွင် ယီရှီကိုရှာရန် သူ့ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေ၏။

စုရှောင်လန်က အန်လင်းသူမအားပေးသည့် လမုန့်ကို သိမ်းလိုက်၏။ သူမက သူ့၏ လက်ဆောင်ကို အလွန်သဘောကျသည်ကို သူပြောနိုင်ပေ၏။ မည်သို့ဆိုဆို ကောင်းကင်ဘုံခုံရုံး၌ပင် ချန်အယ်၏ လမုန့်များက ရှားပါးလှပေ၏။

စုရှောင်လန်၏ အခန်းမှ ပြန်လာပြီးသည့်နောက် အန်လင်းက အစ်ကိုကြီးချန် နေထိုင်ရာ အဆောင်ဆီသို့ အလွန်တက်ကြွစွာ ထွက်ခွာလာတော့၏။

***

All Chapters