← Chapters

အဆီ ဆွေးနွေးခန်း

Vol. 28 Ch. 387

အဆီ ဆွေးနွေးခန်း

Vol. 28 Ch. 387

အန်လင်းက အစ်ကိုကြီးခန်၏ တံခါးကို ခေါက်လိုက်ပြီး မကြာခင်မှာပင် အလွန်အမင်း ချောမောလှသော အစ်ကိုကြီးချန်၏ မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရ၏။

"ဘာလဲဟ။ အစ်ကိုကြီး ချန်၊ ဘာလုပ်နေတာလဲ။"

အန်လင်းက ရွှမ်ယွမ်ချန်၏ ဝတ်စားပုံကို မြင်ပြီးသည့်နောက် နေရာ၌ ကြောင်ငေးနေလေတော့၏။

ရွှမ်ယွမ်ချန်မှာ အစိမ်းရောင် စစ်ယူနီဖောင်းနှင့် သူ့ပခုံးပေါ်တွင် ရွှေကြယ်များ တောက်ပနေပြီး သူ့၏ ချောမောသော သွင်ပြင်ကို ပိုမို ထင်ပေါ်နေစေ၏။ သို့သော် ထိုသည်မှာ အဓိကအချက်မဟုတ်ပါပေ။ အဓိက အချက်မှာ ဘာကြောင့် အစ်ကိုကြီးချန်က စစ်ယူနီဖောင်း ဝတ်ထားရသနည်း။

အန်လင်း၏ အထိတ်တလန့် တုံ့ပြန်မှုကို မြင်ပြီးနောက် ရွှမ်ယွမ်ချန်၏ မျက်နှာပေါ်တွင် ရှားပါးသော ရှက်သွေးဖြာမှုက ပေါ်လာပြီး ချက်ချင်းပင် ရှင်းလင်းချက်တစ်ခုကို အလျင်အမြန်ပေးလာခဲ့၏။ "အတန်းဖော် အန်လင်း၊ ဒီအဝတ်အစားတွေက ငါ့ကို ဟွမ်ရှန့်ရှန့်က လက်ဆောင်ပေးတာ။ သူမက ဒီအဝတ်တွေက ငါ့ကို ပိုပြီး ချောမောစေမယ်လို့ပြောတယ်။ အဲ့တာကြောင့် သူမက မှန်တယ်ဆိုတာကို ဖော်ထုတ်ဖို့အတွက် စမ်းဝတ်ကြည့်နေတာ..."

အန်လင်းက သက်ပြင်းတစ်ချက်ချလိုက်၏။ ဟွမ်ရှန့်ရှန့်က အစ်ကိုကြီး ချန်ကို လမ်းမှားကို ဦးဆောင်နေတာလား။ သူက အဆုံးမရှိ အင်မော်တယ်လေ။ ဒါပေမဲ့ အခုတော့ စစ်သားတစ်ယောက်လို ပုံပြောင်းနေပြီ။ သူက အဏုမြူဗုံးရဲ့ အကျိုးသက်ရောက်မှုကနေ အတော်လေး ပြင်းပြင်းထန်ထန် အကျိုးသက်ရောက်သွားပြီးတော့ အခုဆိုရင် ကျင့်ကြံခြင်းထက် လက်နက်တွေကိုလေ့လာဖို့ ပိုစိတ်ပါသွားပြီလား။

ရွှမ်ယွမ်ချန်က အတည်ပေါက်ကြီးနှင့် ဆက်ပြောလာ၏။ "ဒီအဝတ်အစားတွေက ဂိုဏ်းတစ်ခုလုံးရဲ့ စုပေါင်းသွင်ပြင်ကို အံ့ဖွယ်တွေ ပြုလုပ်ပေးနိုင်တယ်။ ငါတော့ ငါ့အဖေဂိုဏ်းက တပည့်တွေကို တွန်းအားပေးဖို့ တန်တယ်လို့ ခံစားရတယ်...။"

အန်လင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး တစ်ဂိုဏ်လုံးမှ တပည့်များက စစ်ယူနီဖောင်းများဝတ်ကာ ဓားပျံစီးပြီး အင်မော်တယ် မန္တန်များ အသုံးပြုနေသည်ကို မြင်ယောင်လာ၏။ ပြောရပါက ထိုသည်မှာ အတော်လေး သတိမေ့ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေလိမ့်မည်။

ရွှမ်ယွမ်ချန်က အန်လင်းကို သူ့အခန်းထဲသို့ ဖိတ်ခေါ်လိုက်ပြီး သူ့အဖေ၏ ဂိုဏ်းကို ပုံစံပြောင်းမည့် သူ့၏ အစီအစဉ္ကို ပြောပြလာတော့၏။ သူက ယူနီဖောင်းကို ပထမဆုံး အာရုံစိုက်ထား၏။ ထို့နောက် ဂိုဏ်တစ်ခုလုံးအား စည်းလုံးမှု စိတ်ဓာတ် သွင်းပေးကာ နောက်ဆုံးတွင်တော့ ဂိုဏ်း၏ တပည့်များကို မော်တယ်လောကကြီး၌ စစ်တပ်၏ အရေးပါပုံကို မိတ်ဆက်ပေးမည်။

အန်လင်းက အစ်ကိုကြီး ချန်၏ အကြံ၌ ကြောင်းအသွားပြီး သူ့၏ ခမ်းနားကြီးကျယ်သော အစီအစဉ်ကို ထောက်ပံ့ကြောင်း ထုတ်ပြောလိုက်၏။

ထူးချွန်ပြောင်မြောက်သူတို့က မျှော်လင့်ထားသည့်အတိုင်းပင် မြေကြီး အက်ကွဲစေသော အစီအစဉ်ရှိပေ၏။ အန်လင်းက အနုမြူဗုံး အင်မော်တယ် နိုးကြွလာမှုကို မြင်ယောင်နေပြီး ဖြစ်၏။

အဆုံးတွင်တော့ အန်လင်းက ရွှမ်ယွမ်ချန်အား လမုန့်တစ်ခု လက်တဆာင်ပေးလိုက်၏။

ရွှမ်ယွမ်ချန်က ငြင်းဆိုခြင်းမရှိပဲ လမုန့်ကို လက်ခံလိုက်သော်လည်း သူ့နှလုံးသားမှာတော့ ကျေးဇူးတရားများနှင့် ပြည့်နေလေ၏။

ထို့နောက် အန်လင်းက စုချန်းရန်ဆီသို့အလည်သွားပြီး ပေးရန် လာခဲ့ပေ၏။

ထိုအခါမှသာ စုချန်းရန်က ချန်အယ်၏ လမုန့်ကို နှစ်တိုင်း စားနိုင်သည်ကို သိလိုက်ရ၏။ ထိုသည်သာမက သူမက လမုန့်များကို နွေဦးပွဲတော်၊ မီးအိမ်ပွဲတော်၊ နဂါးလှေပွဲတော်၊ လ ပွဲတော်နှင့် ကိုးနှစ်ထပ် ပွဲတော်များ အတွင်းလဲ လက်ခံရရှိသေးပေ၏။

ဘုရားရေ... သူမက ချန်မင်ပွဲတော်မှာလဲ ဘာလို့ လမုန့်မစားတာလဲ။ (ချန်မင်ပွဲတော်က သေဆုံးခြင်းနဲ့ ဆိုင်တဲ့ပွဲတော်မို့ လမုန့်စားတယ်ဆိုရင် အနည်းငယ်ထူးဆန်းပါတယ်တဲ့။)

စုချန်းရန်က ပြန်ဖြေလိုက်၏။ "ချန်မင်ပွဲတော်မှာကျ osmanthus ဝတ်ရည်သောက်တာ ပိုကောင်းတယ်။"

အန်လင်းက သူ့၏ သိုလှောင်လက်စွပ်ကို မြေကြီးပေါ်သို့ ဒေါသတကြီး ပစ်ချလိုက်၏။

သို့ဖြစ်၍ အန်လင်း သူမအား လမုန့်ပေးမည့် အစီအစဉ်မှာ ပျက်သွားပြီး သူမကို ဘာသာစကား သင်ပေးခြင်းနှင့်သာ အဆုံးသတ်သွား၏။

တစ်နာရီကြာပြီးနောက် သူက သူ့၏ နေထိုင်ရာ အဆောင်ကို ပြန်လာပြီး ယွဲ့တုကို တစ်နှစ်လျှင် လမုန့်စားခွင့်ရသည့် အခွင့်အရေး မည်မျှရသည်ကို မေးလိုက်၏။

ယွဲ့တုက သူမက လပြည့်ပွဲတော်အတွင်း တစ်နှစ်လျှင် တစ်ကြိမ်သာ စားခွင့်ရသည်ဟု ပြန်ဖြေလာ၏။

အန်လင်းက ထို့နောက် မေးလိုက်၏။ "အဲ့တာဆို စုချန်းရန်ကျတော့ တစ်နှစ်ကို လမုန့် ၅ခါစားဖို့ အခွင့်အရေးရတာလဲ။"

ထိုသည်ကို ကြားပြီးနောက် ယွဲ့တု၏ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလာပြီး ပြန်မဖြေပဲ သူမ၏ မုန်လာဥနီကိုသာ တိတ်ဆိတ်စွာ ကိုက်နေပေ၏။

အန်လင်းက ယွဲ့တု၏ တုံ့ပြန်မှုကို တွေ့ပြီးနောက် အနည်းငယ် ပိုပြီးခံစားချက် ကောင်းလာပေတော့သည်။

နောက်ရက်တွင်တော့ အန်လင်းက တုန်ရွှာ နန်းတော်သို့ ပြန်လာခဲ့၏။

သူက ထိုနေရာသို့ ရောက်သည်နှင့် ချက်ချင်းပင် ယီရှီကိုရှာလိုက်ပေ၏။

ယီရှီမှာ အန်လင်းကို VIPစာရင်းထဲတွင် သွင်းထားပြီးဖြစ်၍ သူ့အား အကြောင်းပြချက်ကို မပြောပဲနှင့် တွေ့နိုင်ပေ၏။

"သခင်လေးအန်လင်း ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်တာ ဂုဏ်ယူပါတယ်။ ငါ လွန်ခဲ့တဲ့ရက်တွေက ဆေးတောင့်ဖော်စပ်တာနဲ့  အလုပ်တွေရှုပ်နေတာမို့ နင့်ဆီကို ကိုယ်တိုင်လာမလည်လိုက်နိုင်ဘူး အဲ့အတွက် အနူးအညွတ်တောင်းပန်ပါတယ်။" ယီရှီက ချက်ချင်းပင် အန်လင်းကို ကြည်နူးဝမ်းသာသော အမူအရာနှင့် ကြိုဆိုလိုက်၏။

"အစ်ကိုက အရမ်းယဉ်ကျေးလွန်းနေပါပြီ စီနီယာ ယီရှီ။" အန်လင်းက ယီရှီကို မှန်းဆတိုင်းတာလိုက်ကာ ထပ်မံ၍ လုံးဝန်းလာသည်ကို တွေ့လိုက်ရသော်လည်း တစ်နည်းနည်းနှင့် သူ့၏ လျင်မြန်ဖျတ်လတ်မှုကို ထိန်းထားနိုင်ပေ၏။ ထိုသည်ကိုတော့ အန်လင်းက လေးစားမှုနှင့် စိတ်ထဲမှာ ခေါင်းငြိမ့်ရုံသာ တတ်နိုင်ပေ၏။

သူက ထို့နောက် အလုပ်ကိစ္စကို တန်းပြောလိုက်၏။ "ကျွန်တော်က ဒီကို လာတာက အစ်ကို ယွဲ့တုအတွက် ဝိတ်ကျဆေးတောင့် နည်းနည်းလောက်များ ပြုလုပ်ပေးနိုင်မလားလို့ပါ။"

ယီရှီ၏ မျက်လုံးများက ထိုသည်ကို ကြားသည်နှင့် ချက်ချင်းပင် ပြူးကျယ်သွား၏။ "ယွဲ့တု... နင်က လာနောက်နေတာလား။ သူမက ဘာလို့ ဝိတ်ကျချင်ရမှာလဲ။"

"လူတိုင်းက ဘာလို့ ဝိတ်ကျချင်ရတာလဲ။ အဲ့တာက သူမက အရမ်းဝနေလို့ပဲဆိုတာ အသိသာကြီးပေါ့။" အန်လင်းက တုံ့ပြန်သည့်အနေနှင့် မျက်လုံးလှန်လိုက်၏။

"ထားပါ။ သူမက ငါ့လောက်တောင် မဝပဲနဲ့။ ငါတောင် ငါ့ရဲ့ ကိုယ်အလေးချိန်ကို စိတ်မပူတာ သူမက ဘာတွေ စိတ်ပူနေတာလဲ။" ယီရှီက စိတ်ရှုပ်ထွေးသော အမူအရာနှင့် မေးလိုက်၏။

အန်လင်း၏ မျက်နှာက ပြင်းထန်စွာ တုန်လှုပ်သွား၏။ "သူမကသာ အစ်ကို့လောက်ဝရင်တော့ ချန်အယ်က သေအောင်ညစ်ပြီးနေလောက်ပြီ။ သူမက လောလောဆယ် ၂၇ကီလိုဂရမ်ကျော်နေတာကို ၂၅ကီလိုဂရမ်အောက်ကို ကျဖို့လိုတယ်။ သူမအတွက် ဘာဆေးတွေက အသင့်တော်ဆုံးလဲ။"

"ဖြုန်းတီးလိုက်တာ။ တော်တော်ဆိုးဆိုးကို ဖြုန်းတီးနေတာပဲ...။ ယွဲ့တုက လမင်းရဲ့ ဒဏ္ဍာရီလာ သားရဲလေ သူမရဲ့အဆီတွေက ဘယ်လောက်တောင် တန်ဖိုးရှိသလဲ နင်သိရဲ့လား။" ယီရှီက တက်ကြွသော အမူအရာနှင့် ပြောလာ၏။

"ငါအဲ့တာကို ဂရုမစိုက်ဘူး။ အဲ့တာက ချန်အယ်ရဲ့ ညွှန်ကြားချက်တွေပဲ။ အစ်ကို ကျွန်တော့်ကို ပြောဖို့လိုတာက ဆေးတွေအတွက် ကျွန်တော် ဘယ်လောက်ပေးရမလဲဆိုတာပဲ။" အန်လင်းက တည်ကြည်သော အမူအရာနှင့် နှုတ်ခမ်းကိုက်လိုက်၏။

"ဟင်း... ငါ့ခန္ဓာကိုယ်ပေါ်က အဆီတွေ အားလုံးကို မင်းတွေ့လား။" ယီရှီက သူ့၏ ဗိုက်ပူပုကို ပုတ်လိုက်ပြီး ထွက်လာသောအသံမှာ ဒရမ်တီးသံကဲ့သို့ပင်။

အန်လင်းက ခေါင်းငြိမ့်ကာ တုံ့ပြန်လိုက်၏။ "ငါက မကန်းသေးပါဘူး။"

"ငါ့အဆီတွေက ဆေးတောင့်တွေရဲ့ အဆီအနှစ်တွေပါတယ်။ ငါက ငါ့ခန္ဓာကိုယ်ကို ထပ်တလဲလဲ သန့်စင်နေတာ ပြီးတော့ ဒီစွမ်းအားတွေ အကုန်လုံး ထိုးထွက်လာတော့ ငါ့ရဲ့အဆီ ကီလိုဂရမ်တစ်ဝက်လောက်မှာပါဝင်တဲ့ စွမ်းအားက စစ်မှန်နတ်ဘုရားရဲ့ အားအပြည့်နဲ့ ထိုးနှက်ချက်အပြည့်ထဲမှာ ပါဝင်တဲ့ စွမ်းအင်နဲ့ ညီမျှတယ်။ ဒီဟာက ငါ့ရဲ့ တာအို ဆေးတောင့်ပဲ။ ငါ့စွမ်းအင်တွေက အဆုံးအထိ သိပ်သည်းသွားတဲ့နေ့က ငါ့နာမည်က ကုန်းမြေကြီးတစ်ခုလုံးမှာ ကျော်ကြားလာမဲ့နေ့ပဲဖြစ်မယ်။" ယီရှီက  သူ့မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အလင်းတောက်တောက်နှင့် ပြောလာ၏။

အန်လင်းက သူ့စကားလုံးများတွင် တုန်ယင်သွားတော့၏။ ယီရှီ၏ ကိုယ်အလေးချိန်မှာ ၁၅၀ကီလိုဂရပ်ကျော်နေပြီးဖြစ်ပြီး သို့ဖြစ်၍ သူ့ခန္ဓာကိုယ်ပေါ်၌ အဆီအနည်းဆုံး ၅၀ကီလိုဂရမ်ရှိပေမည်။ သင်က ထိုနည်းအတိုင်း တွေးပါကမူ ထိုသည်မှာ ကြောက်မက်ဖွယ် စွမ်းအင် ပမာဏဖြစ်ပေ၏။

"ယွဲ့တုက လမင်းရဲ့ ဒဏ္ဍာရီလာ သားရဲလေ။ သူမက လမင်း၏ စွမ်းအားနဲ့ အဆက်မပြတ် အာဟာရပေးခြင်းခံရတာ အဲ့တာတွေအပြင်ကို သူမက ဒဏ္ဍာရီလာ သားရဲ ဆေးမျိုးဆက်ရှိတယ်။ သူမရဲ့အဆီက သေချာပေါက်ကို ငါ့ရဲ့အဆီထက် တန်ဖိုးရှိမှာ။ မင်းနားလည်လား။" ယီရှီက ခဏမျှ ရပ်နားလိုက်ပြီး ဆက်ပြောလာ၏။ "ချန်အယ်ရဲ့ ဆေးတောင့် သန့်စင်ခြင်း စွမ်းအင်တွေက ငါ့ထက် ကောင်းတယ်။ သူမက ဘာလို့ ဝိတ်ကျဆေးတောင့်ကို ယွဲ့တုအတွက် သူမကိုယ်တိုင် မပြုလုပ်ပေးတာလဲ။ အဲ့လိုလုပ်တာက ဖြုန်းတီမှုတစ်ခုမို့လို့ပဲပေါ့ကွ။"

ယီရှီ၏ စကားလုံးများက အတော်လေး ကျိုးကြောင်းသင့်တင့်ပုံရပြီး အန်လင်းက အနည်းငယ် တုံ့ဆိုင်းစပြုလာလေပြီ။

"အဲ့အပြင် ယွဲ့တုရဲ့ ဒဏ္ဍာရီလာ သားရဲ ခန္ဓာက သဘာဝမှာ အတော်လေးကို ထူးခြားတာ။ သူမရဲ့ ခန္ဓာကိုယ်က အဆီတွေကို ဖယ်ထုတ်ချင်ရင် မင်းက အဆင့်၆ အင်မော်တယ်ဆေးတောင့်၊ အနန္တ ကြာပန်းရည် ဆေးတောင့်ကို လိုလိမ့်မယ်။  အနန္တကြာပန်းရည် ဆေးတောင့်တစ်ခုကို စိတ်ဝိညာဉ် ကျောက်တုံး ၄သိန်း ကျပြီး ၅ခုဆို စိတ်ဝိညာဉ် ​ကျောက်တုံး နှစ်သန်းကျမှာ။" ယီရှီက ဆက်ပြောလာ၏။

အန်လင်းက ချက်ချင်းပင် ယီရှီ၏ စကားလုံးများကို သဘောတူကြောင်း ခေါင်းငြိမ့်ပြလိုက်၏။ "စီနီယာ ယီရှီ အစ်ကို့ရဲ့ စကားတွေက ကျွန်တော့ခေါင်းထဲမှာ မိုးခြိမ်းသံတစ်ခု ပဲ့တင်ထပ်နေသလိုပဲ။ အခုတော့ ဝိတ်ကျဆေးတောင့်တွေကို အသုံးပြုဖို့ တွေးမိတာက ဘယ်လောက်တောင် တုံးအပြီး ရူးမိုက်သလဲဆိုတာ သိသွားပါပြီ။ အဆီဆိုတာ အဲ့လောက်တောင် လှပတဲ့ အရာတစ်ခုပဲကို။ အဲ့တာက တိုက်ခိုက်မှုတွေနဲ့ ထိုးနှက်မှုတွေကို ခုခံနိုင်တယ်။ အဲ့တာက စွမ်းအင် ရင်းမြစ်အနေနဲ့လဲ လုပ်ဆောင်ပေးတယ် ပြီးတော့ အဲ့တာက ကိုင်လို့လဲ အရမ်းကောင်းတယ်... အရူးတွေကပဲ ဝိတ်ကျဖို့ ကြိုးစားမှာ။"

ယီရှီက အန်လင်း၏ ပခုံးကို ကျေနပ်အားရသော အမူအရာနှင့် ပုတ်လိုက်၏။ "ဟားဟား မင်းလို ဉာဏ်ကောင်းတဲ့လူတွေနဲ့ စကားပြောလို့လွယ်တာ အသေအချာပဲ Mr.အန်လင်းရေ။"

သူကဉာဏ်ကောင်းခြင်း ဟုတ်မနေပါ။ သူက စိတ်ဝိညာဉ် ကျောက်တုံး အများကြီးကို ပေးပစ်ရန် မတတ်နိုင်ခြင်းသာဖြစ်၏။

"စီနီယာ ယီရှီ၊ အစ်ကိုရဲ့ အဆီတွေက အရမ်းကို အဖိုးတန်တာဆိုတော့ အစ်ကိုပြောတာက အဆီကီလိုဂရမ်ဝက်ထဲမှာပါတဲ့ စွမ်းအင်က စစ်မှန်နတ်ဘုရားရဲ့ အားအင်အပြည့် ထိုးချက်တစ်ခုတည်းမှာပါတဲ့ စွမ်းအင်နဲ့ ညီတယ်လို့ အစ်ကိုပြောတယ်နော်။ အဲ့တာဆို အစ်ကို့ရဲ့အဆီတွေကို အမြန်ဆုံးအသုံးပြုတဲ့နည်းရော မရှိဘူးလား။" အန်လင်းက ရုတ်တရတ်မေးလာ၏။

သူ့၏ အတွေးများမှာ ရိုးရှင်းလှပေသည်။ သူက ဝိတ်ချဆေးတောင့်များကို အသုံးမပြုနိုင်ပါက အဆီများလောင်ကျွမ်းရန် တခြားသော နည်းလမ်းကို ရှာရပေမည်။

"ဟင်... ငါက ငါ့အတွက်တော့ နည်းလမ်းတစ်ချို့ အနည်းငယ်အသုံးပြုတယ်။ ဒါပေမဲ့ ငါ့ရဲ့ တာအိုဆေးတောင့်တွေက ယွဲ့တုအတွက် သင့်တော်ပါ့မလားဆိုတာ မသေချာဘူး...။" ယီရှီက တုန့်ဆိုင်းသော အမူအရာဖြင့် ပြောလာ၏။

"အဲ့တာဆိုလဲ ထားပါတော့လေ... ငါ့ရဲ့ တာအိုဆေးတောင့်ကို မင်းဆီက အတုယူပြီးမှ အောင်မြင်နိုင်တာ။ တကယ်လို့မင်းက အဆီတွေ လျင်လျင်မြန်မြန် လောင်ကျွမ်းတဲ့ နည်းလမ်းတစ်ခုလိုချင်တယ်ဆိုရင်တော့ ငါသုံးတဲ့ ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို မင်းကို ပေးလို့ရတယ်။ မင်းအဲ့တာကို ယွဲ့တုကို ပေးလိုက်ပေါ့။ ဒါပေမဲ့ သူမအတွက် ဘယ်လောက် အကျိုးသက်ရောက်မှုရှိမလဲတော့ ငါမပြောနိုင်ဘူးနော်။"

ယီရှီက သက်ပြင်းချကာ ကျင့်ကြံခြင်း နည်းလမ်းကို အန်လင်းဆီသို့ ပေးလိုက်၏။

အန်လင်း၏ မျက်လုံးများက ကျင့်ကြံခြင်းနည်းလမ်းကို နားထောင်ရင်း တဖြည်းဖြည်းခြင်း အရောင်တောက်လာလေတော့သည်။ သူက ထိုကဲ့သို့ မြေပြင်အက်ကွဲစေနိုင်လောက်သည်အထိ စွမ်းအင်ကုန်ခမ်းစေသော နည်းလမ်းကို မကြားဖူးပါချေ။ ဤစကားဝိုင်းမှာ အလွန်အမင်း အကျိုးရှိယုံသာမက အသုံးပြုသူအတွက်လဲ အန္တရာယ်မရှိပါပေ။ သို့သော် ထိုကျင့်ကြံခြင်းနည်းလမ်းမှာ ထိုအတွင်းရှိ တာအို စိတ်ဆန္ဒနှင့်လည်း ပေါင်းစပ်ထားကြောင်း ခံစားမိ၏။

သူက အသက်ပြင်းပြင်းရှုလိုက်ပြီး ယီရှီကို ကြည့်လိုက်၏။ ယီရှီက တာအိုဆေးအသုံးပြုခြင်းတွင် သူကိုယ်တိုင်အတွက် နည်းလမ်းသစ် ဖောက်နိုင်ပေလောက်မည်။

အန်လင်းက ယီရှီ၏ နည်းလမ်းကို ကြားပြီးနောက် ကျေးဇူးတင်စွာ အရိုအသေပေးလိုက်၏။

"မင်းငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ အဲ့တာက ဆေးတောင့် အသုံးပြုခြင်း လုပ်ဆောင်မှုအတွက်မဟုတ်ရင် ငါက ပညာပေးနိုင်တယ်။" ယီရှီက သူ့လက်ကို ဝေ့ယမ်းပြလိုက်၏။ ရှေ့လျောက်ရမည့်လမ်းကာ ရှည်လျားကာ ကြမ်းတမ်းဆဲပင်။ ဤကျင့်ကြံခြင်း နည်းလမ်းမှာ စတင်ခြင်းတစ်ခုသာဖြစ်၏။

အန်လင်းက ယီရှီကို နှုတ်ဆက်ကာ သူ့၏ နေထိုင်ရာ အဆောင်ကို အသစ်ရရှိလာသော ကျင့်ကြံခြင်းနည်းလမ်းနှင့် ပျော်ရွှင်စွာ ပြန်လာလေ၏။

သူ့အတွက် ကမ္ဘာသစ်တစ်ခု ပွင့်သွားသကဲ့သို့ပင်။ ထိုကမ္ဘာ၌ အစားကြီးခြင်းကို အောင်နိုင်ပေမည်။

အဆီအတွက် စိတ်ပူရန်မလိုတော့ပါပေ။ အဆီများက အသန်မာဆုံးသော စွမ်းအင် အရင်းအမြစ်များ ဖြစ်လာပေ၏။

ယခုအတွက် လုပ်ဆောင်ရန် ကျန်ရစ်သည်မှာတော့ ယွဲ့တုက ဉာဏ်ပွင့်လင်းမှုကို ရနိုင်သလားဆိုတာကို စောင့်ကြည်ရန်သာ ဖြစ်၏။

***

All Chapters