အစွမ်းထက် ပါးစပ်အမြှောက်
Vol. 28 Ch. 388
အန်လင်း၏ အဆောင်းအတွင်း၌ ကြိုးနှင့် ကြမ်းပြင် ရိုက်ခတ်သံက စည်းချက်မှန်မှန် ထွက်ပေါ်နေလေ၏။
အရွယ်ရောက်လူကြီး၏ တစ်ဝက်လောက် ရှည်လျားသော ယုန်တစ်ကောင်က ခုန်ကြိုးရှည်ကြီးတစ်ခုကို ကိုင်ထားပြီး တစ်နေရာတည်းတွင် ထပ်တလဲလဲ ခုန်နေလေ၏။
သူမက အန်လင်း ပေးအပ်ထားသော တစ်နေ့တစ်သိန်းခုန်ရမည့် လုပ်ငန်းကို ပြီးမြောက်အောင်လုပ်ရပေမည်။ သူမက တစ်ဝက်ပြီးမြောက်ပြီးဖြစ်သော်လည်း နည်းနည်းမှ ပင်ပန်းသည့်ပုံ မရပဲ သူမ၏ အမူအရာများကလည်း တည်ငြိမ်ကာ မပြောင်းလဲပဲ ကျန်နေလေ၏။
အန်လင်းက သူ့၏ နေထိုင်ရာ အဆောင်သို့ ပြန်လာပြီး ယွဲ့တုက သူအကြံပေးထားသော လေ့ကျင့်ခန်းကို လုပ်ဆောင်နေသည်ကို တွေ့လိုက်ရ၏။
သူက ချက်ချင်းပင် ယီရှီ၏ အဆီလောင်ကျွမ်းစေသော ကျင့်ကြံခြင်းနည်းလမ်းကို ယွဲ့တုကို ပြောပြလိုက်၏။
ကျင့်ကြံခြင်းနည်းလမ်းကိုကြားပြီးနောက် သိသိသာသာ အလန့်တကြားအမူအရာက ယွဲ့တု၏ မျက်နှာထက်တွင် ပေါ်လာလေ၏။ "အဲ့ဒီ့ အဆီကျ ကျင့်ကြံခြင်း နည်းလမ်းကို ဘယ်သူတီထွင်တာလဲ။ အဲ့တာက တကယ့်ကို လန်းတာပဲ။"
အန်လင်းက မျက်နှာတည်ကြီးနှင့် ပြန်ပြောလိုက်၏။ "အဲ့တာက စီနီယာ ယီရှီတီထွင်ထားတာ။ စီနီယာ ယီရှီမသိပဲနဲ့ ဒီကျင့်ကြံခြင်း နည်းလမ်းကို တခြားသူကို မပြောပြမိစေနဲ့နော်။"
"အပိုတွေ။ နင်ပြောတာ အဲ့ဒီ့ အဆီဘောလုံး လူကြီး ယီရှီက ဒီလို အံ့ဩဖွယ် ကျင့်ကြံခြင်းနည်းလမ်းကို တီထွင်နိုင်တယ်လို့ပြောတာလား။" ယွဲ့တုက မယုံနိုင်သော အမူအရာနှင့် ပြောလာ၏။
"ဟီးဟီး... သူ့ကို လျော့မတွက်နဲ့။ သူက တာအို ဆေးတောင့် စားသံုးခြင်းကိုလည်း တီထွင်ခဲ့တာလေ။ ငါက သူ့ကို ချဲ့ကားပြောနေတာ မဟုတ်ဘူး။ သူ့ဗိုက်ထဲမှာရှိတဲ့ စွမ်းအင်တွေက ချက်ချင်းကို ပေါက်ကွဲသွားနိုင်ပြီး ကောင်းကင်ဘုံခုံရုံတစ်ခုလုံးက ဗဟာအဖြစ် ပေါက်ကွဲသွားနိုင်တယ်။" အန်လင်းက ဂုဏ်ယူသော အပြုံးတစ်ခုနှင့် ပြန်ဖြေလာ၏။
ယီရှီ၏ တာအို ဆေးတောင့် စားသံုးခြင်းမှာ အန်လင်းကိုယ်တိုင်ကို အတူယူထားသည်ဖြစ်ပြီး သို့ဖြစ်၍ ယီရှီက သူ့ကြောင့် အလွန်အစွမ်းထက်လာသည်ကို အတော်လေး ဂုဏ်ယူနေသည်မှာ သဘာဝပင် ဖြစ်၏။
ယွဲ့တုက ခတ္တမျှတုံ့ဆိုင်းနေပြီး ပြန်ပြီး မချေပလာတော့ပါပေ။ ထိုအစား သူမက စိတ်အားထက်သန်သည့် အမူအရာတစ်ခု ပြုလာ၏။ "ငါလဲ အဲ့ဒီ့ ကျင့်ကြံခြင်း နည်းလမ်းကို တီးမိခေါက်မိရှိပြီဆိုတော့ ငါတို့ စမ်းကြည့်ကြရင်ရော ဘယ်လိုလဲ။"
အန်လင်းက သဘောတူညီမှုနှင့် ခေါင်းငြိမ့်ပြလိုက်၏။ "ငါ့အတွေးလဲ အတူတူပဲ။"
အန်လင်းနှင့် ယွဲ့တုတို့မှာ အနက်ရောင် အုတ်ခဲနှင့် ကျောက်စိမ်း ကျည်ပွေ့ပေါ်သို့ အသီးသီး ခုန်တက်လိုက်ပြီး ကျောင်းနှင့် အဝေးမှ တိမ်များဆီသို့ ပျံသန်းသွားလိုက်၏။
ကောင်းကင်တွင် တောက်လောင်နေသော နေမင်းကြီးက ထွန်းလင်းနေပြီး တိမ်ဖြူများက ခြေရင်းတွင် ကြိတ်ခြေခံနေရ၏။ အန်လင်းနှင့် ယွဲ့တုမှာ ပခုံးချင်းယှဉ်ရပ်နေပြီး သူတို့၏ ကျင့်ကြံခြင်းနည်းလမ်းများကို အသက်သွင်းလိုက်၏။
အန်လင်းက နွေးထွေးသော စွမ်းအင် စီးဆင်းမှုတစ်ခုကို သူ့၏ ဝမ်းဗိုက်အတွင်းတွင် ခံစားရပြီး ခန္ဓာကိုယ်တစ်ခုလုံးသို့ လျင်မြန်စွာ ဖြန့်ကြက်သွားသည်ကို ခံစားလိုက်ရ၏။
သူက ထို့နောက် သူ့ခန္ဓာကိုယ် တစ်လျောက်တွင် အလွန်အမင်း လောင်ကျွမ်းနေသော အာရုံကို တွေ့ကြုံလိုက်ရ၏။
လောင်းကျွမ်းနေသော စွမ်းအင် စီးကြောင်းက သူ့၏ ကျင့်ကြံခြင်း နည်းလမ်း၏ ကြိုးကိုင်ခြင်းအောက်တွင် အတွင်းအား ဗဟိုချက်များမှ တစ်ဆင့် စီးဆင်းလာပြီး သူ့ပါးစပ်ထဲသို့ စုစည်းလာကြ၏။
အန်လင်းနှင့် ယွဲ့တုမှာ တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ပြီး သူတို့၏ စိတ်လှုပ်ရှားနေသောအမူအရာများကို သူတို့၏ မျက်နှာထက်တွင် ပြန်တွေ့လိုက်ရပေ၏။
သူတို့နှစ်ဦးစလုံးက ထို့နောက်အဝေးသို့ကြည့်ကာ သူတို့၏ ပါးစပ်ကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်၏။
ဘုန်း...
အလွန်အစွမ်းထက်လှသည့် ရွှေရောင်စွမ်းအင်တိုင်ကြီးက အန်လင်း၏ ပါးစပ်မှ ထိုးထွက်လာကာ ကီလိုမီတာ အများအပြားကို ဖြန့်ကျက်သွား၏။ စွမ်းအင်တိုင်ကြီးက ချက်ချင်းပင် တိမ်တိုက်များကို ကောင်းကင်ကို ဖြတ်စီးနေသော မီးတောက်မြစ်ပြင်သဖွယ် ထိုးဖောက်သွားပြီး ထိုအရာပတ်ပတ်လည်က လေကပင် တောက်ပနေပြီး လောင်ကျွမ်းနေသော အပူကြောင့်ထူးခြားနေပေ၏။
ပုံစံတူ ရွှေရောင် စွမ်းအင်တိုင်ကြီးကလဲ ယွဲ့တု၏ ပါးစပ်မှထိုးထွက်လာ၏။ သို့သော်လည်း သူမ၏ စွမ်းအင် တိုင်လုံးကြီးမှာ အန်လင်းထက် ဆယ်ဆပိုမိုအစွမ်းထက်ပြီး ထိုထုတ်လွင့်ခြင်းမှ လှိုင်းများက အန်လင်း၏ အုတ်ခဲနက်ကို တစ်ခြားဖက်သို့ ပျံသန်းသွားစေတော့၏။
ဘုန်း...
ကမ္ဘာမြေအက်ကွဲစေနိုင်သော ပေါက်ကွဲသံကြီးက စွမ်းအင်တိုင်ကြီးများ အဝေးတွင် ပေါက်ကွဲသွားသောအခါ ထွက်ပေါ်လာ၏။ သူတို့ပတ်ဝန်းကျင် ၁၀ကီလိုမီတာတွင် စုစည်းနေသော တိမ်တိုက်များက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး စွမ်းအင်တိုင်ကြီးများက ဖျက်စီးစေတတ်သော ဖရိုဖရဲ အရှိန်အဝါကို ချန်ရစ်ခဲ့၏။
ယွဲ့တုက သူမ၏ နှုတ်ခမ်းကို သပ်လိုက်ပြီး မီးခိုများက သူမ၏ ပါးစပ်မှ ထွက်လာတော့၏။ "အဲ့တာက တကယ့်ကို လောင်ကျွမ်းသွားတာပဲ။"
အန်လင်း၏မျက်လုံးများက အထိတ်တလန့် ပြူးကျယ်လာပြီး အသက်ပြင်းပြင်းရူလိုက်၏။ "ကြောက်စရာကြီး..."
ဤကျင့်ကြံခြင်း နည်းလမ်းကို စမ်းသပ်ရန်အတွက် ကျောင်းထက်မှ ကောင်းကင်ကို ရွေးခဲ့သည်မှာ ကံကောင်း၍ပင်။ သူတို့က ကျောင်းတွင်းမှ မြေကွက်လပ်ကို ရွေချယ်မိပါက ယွဲ့တု၏ ပါးစပ်အမြောက်တစ်ခုတည်းကပင် တောင်တစ်ခုလုံးကို အမှုန့်ချေပစ်လိုက်နိုင်၏။
အန်လင်း၏ ပါးစပ်အမြှောက်ကပင်လျင် အလွန်အစွမ်းထက်လှပြီး သူ့၏ ဝှက်ဖဲ အဏုမြူ လျှပ်စစ် လက်သီး နည်းလမ်းနှင့် ယှဉ်နိုင်ပေ၏။ ထို့အပြင် ထိုသည်မှာ သူ့၏ အဏုမြူလျှပ်စစ် လက်သီးထက်ပို၍ အသုံးပြုရသည်မှာ အန္တရာယ်ကင်းလေ၏။ တစ်ခုတည်းသောဆိုးကျိုးမှာ နည်းလမ်းကိုအသုံးပြုပြီးနောက် ကြုံတွေ့ရသော ပင်းပန်းခြင်း လက္ခဏာများပင်။
"အဲ့တာက ဘယ်လောက် အကျိုးရှိလဲ ကြည့်ရအောင်။" ယွဲ့တုက ချက်ချင်းပင် သူမ၏ အဖြူဝိုင်းကြီးကို ထုတ်လိုက်ကာ ထို့ပေါ်သို့ စိတ်မအေးသော အမူအရာနှင့် ခုန်တက်လိုက်၏။
အဖြူရောင် အဝိုင်းကြီးမှ ဂဏန်း ၂၇.၂၆၈ကို ဖော်ပြနေသည့် တောက်ပသော အလင်းတန်းတစ်ခုထွက်လာ၏။
အန်လင်းနှင့် ယွဲ့တုမှာ ပျော်ရွှင်နေကြ၏။ စမ်းသပ်မှုမှာ အောင်မြင်ပါ၏။
ယွဲ့တု၏ ကိုယ်အလေးချိန်မှာ ၂၇.၃၇၉မှ ၂၇.၂၆၈သို့ ကျသွားလေ၏။
"နှမြောစရာကောင်းတာက အဲ့နည်းကို တစ်နေ့မှ တစ်ခါပဲ အသုံးပြုလို့ ရမယ်ထင်တယ်။ အဲ့တာက အတော်လေးကို ပင်ပန်းတဲ့ နည်းလမ်းတစ်ခုပဲ..." ယွဲ့တုမှာ အနည်းငယ် စိတ်ပျက်သွား၏။
"စိတ်ပူစရာမလိုပါဘူး။ နင်အဲ့တာကို တစ်နေ့မှ တစ်ခါပဲ အသုံးပြုလို့ရရင်တောင်မှ နင်က တစ်လအတွင်း ၃ကီလိုဂရမ် ကျော်ကျော်ချနိုင်သေးတယ်။ နင်က နင့်ရဲ့ ပန်းတိုင်ကို ဘာပြဿနာမှ မရှိပဲနဲ့ကို ရောက်မှာပါ။" အန်လင်းက ပျော်ရွှင်စွာ ရယ်မောလိုက်၏။
ယွဲ့တုသည်လည်း အားရဝမ်းသာဖြစ်နေကာ သူမက သာမန်အရွယ်အစား ယုန်တစ်ကောင်ကဲ့သို့ အန်လင်းပေါ်သို့ စိတ်လှုပ်ရှားစွာ ခုန်အုပ်လိုက်လေ၏။ "ငါက လစန္ဒာနန်းတော်ကို ပြန်ခွင့် ရပြီဆိုတာနဲ့ မင်းကို osmanthus ကိတ်မုန့်တစ်ချို့ကို ပေးမယ်။"
အန်လင်းက ယွဲ့တု၏ တွယ်ကပ်ခြင်းကို ခံရပြီးနောက် အုတ်ခဲပေါ်မှ ပြုတ်ကျတော့မလိုတောင် ဖြစ်သွား၏။
စောက်ကျိုးနည်း... သူမက တကယ်ကို လေးတာပဲ...။
အန်လင်းက ယွဲ့တုကို ဖက်လိုက်ကာ သူ့ကိုယ်သူ ငြီးတွားလိုက်၏။
သို့သော်လည်း သူက ယွဲ့တုကို သူမ၏ ဝိတ်ချ ပန်းတိုင်သို့ရောက်အောင် ကူညီပေးရန် နည်းလမ်းတစ်ခု ရှာတွေ့သည်ကို အတော်ပျော်ပါ၏။ သူကျေးဇူးတင်ရန် လိုအပ်သော လူမှာ ယီရှီပင်။ ယီရှီကြောင့်သာမဟုတ်ပါက သူက ဤကဲ့သို့ အကျိုးရှိသော ဝိတ်ချသည့်နည်းလမ်းကို တွေ့ရန် နည်းလမ်းမရှိပါပေ။
အန်လင်းက တုန်ရွှာနန်းတော်သို့ နောက်ထပ်သွားလည်သင့်ပြီး ယီရှီကို သူ့၏ ကျေးဇူးတင်မှုကို ပြသရန် လက်ဆောင်ပေးသင့်ကြောင်း တွေးတောနေလေ၏။
အဆုံးတွင်တော့ သူ့အား လမုန့်တစ်ဝက်ကို ပေးရန် ဆုံးဖြတ်လိုက်ပေ၏။
သို့ဖြစ်၍ သူတို့နှစ်ဦးက အန်လင်း၏ အဆောင်သို့ ပျော်ရွှင်စွာ ပြန်လာခဲ့၏။
အခန်းထဲသို့ လျှောက်လာပြီးနောက် သူတို့က ချက်ချင်းပင် အိပ်ပျော်သွားကြလေ၏။
အဆီလောင်ကျွမ်းသည့် နည်းလမ်း၏ အကျိုးဆက်မှာ သူတို့မျှော်မှန်းထားသည်ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းပါ၏။ သူတို့နှစ်ဦးစလုံးမှာ အပြည့်အဝ မောပန်းနေသည်သာမက သူတို့ ခန္ဓာကိုယ်တစ်လျှောက်လုံး ခံစားနေရသော လောင်ကျွမ်းနာကျင်မှုလဲ ရှိနေသေးပေ၏။
နောက်တစ်နွေ နံနက်ခင်းတွင်တော့ ယွဲ့တုက သူမ၏ ပါးစပ်အမြှောက်ကို ထပ်မံ ပစ်လိုက်လေ၏။
သူမ၏ ကမ္ဘာမြေ ကွဲအက်စေနိုင်သော အမြှောက်ကို ထုတ်လွတ်ပြီးနောက် သူမက အန်လင်း၏ အဆောင်သို့ပြန်လာကာ ချက်ချင်းပင် အိပ်ပျော်သွားပေတော့၏။
အန်လင်းက ထိုအခွင့်အရေးကိုယူကာ တုန်ရွှာနန်းတော်သို့ ပြန်သွားလိုက်ပြီး သူ့၏ လက်ဆောင် လမုန့်တဝက်ကို ပေးလိုက်လေ၏။
ယီရှီ၏ မျက်လုံးများက သူ့ဦးခေါင်းမှ ကျွတ်ထွက်တော့မလိုပင်ဖြစ်ကာ လမုန့်ကို မြင်သောအခါ သူ့အသက်ရှုသံများက မြန်လာတော့၏။ " Mr. အန်လင်း၊ ဒီ... ဒီလမုန့်က ချန်အာကိုယ်တိုင် လုပ်ထားတာမလား။"
အန်လင်းက တည်ကြည်သော မျက်နှာဖြင့် ခေါင်းငြိမ့်ပြလိုက်၏။ "ဒါပေါ့။ လစန္ဒာနန်းတော်ရဲ့ နန်းတော်ခေါင်းဆောင်က ကျွန်တော့်ကိုပေးတာ။ ကျွန်တော်တစ်ခြမ်းပဲစားပြီးတော့ တခြားတစ်ခြမ်းကို အစိကို့အတွက် သိမ်းထားတာ။ ကျေးဇူးပြုပြီး ကျွန်တော့ကိုမငြင်းပဲနဲ့ ဒီလက်ဆောင်ကို လက်ခံပေးပါ။"
မျက်ရည်များက ယီရှီ၏ မျက်နှာပေါ်တွင် စီးကျလာကာ အန်လင်းအား ခပ်တင်းတင်း ဖက်လိုက်တော့၏။ "ငါ့ညီလေး။ မင်းက တကယ့်ကို ငါ့ညီလေးပါပဲ။ မင်းက ချန်အယ်ရဲ့ လမုန့်တစ်ဝက်ကို ငါ့ကို ခွဲ့ပေးတယ်လို့ တွေးမိတော့ ငါဘာပြောနိုင်အုံးမှာလဲ... ညီလေး အန်လင်း။ ငါဒါကို အသက်ရှင်နေသရွေ့ အမှတ်ရနေမှာပါ။"
ချန်အယ်၏ လမုန့်များက သာမန်ဆေးတောင့်များနှင့် တူညီသော အကျိုးရှိ၏။ သို့သော်လည်း ထိုသည်က အင်မော်တယ်ဆေးတောင့်များထက် အများကြီးပို တန်ဖိုးရှိ၏။ ထို့ကြောင့်လည်း ချန်အယ်က သူ့တစ်ယောက်တည်းကိုသာ လမုန့်များ ပေးပြီး ကောင်းကင်ဘုံခုံရုံးမှ လူအနည်းငယ်သာလျှင် သူမ၏ လမုန့်များကို အရသာခံရခြင်း၏ ကြည်နူးမှုကို ရနိုင်ပေ၏။ သို့ဖြစ်၍ ချန်အယ်၏ လမုန်များက အလွန်ပင် အထိမ်းအမှတ် တန်ဖိုးမြင့်လေ၏။
အန်လင်းက နွေးထွေးစွာ ပြုံးပြပြီး ယီရှီ၏ နောက်ကျောကို ပုတ်ပေးရန် သို့ဖက်လိုက်သော်လည်း အံ့ဩစရာမှာ သူ့က သူ့လက်မောင်းကိုသာ ရောက်နိုင်ပေ၏။
သို့ဖြစ်၍ သူတို့နှစ်ဦးမှာ ခဏကြာအောင် ပွေ့ဖက်နေတော့၏။
အန်လင်းက ယီရှီ ဤမျှအထိ စိတ်လှုပ်ရှားမည်ဟု မထင်ထားခဲ့ပါ။ ဖြစ်နိုင်သည်က အန်လင်းက ချန်အယ်သူ့ကို တစ်ခုတည်းပေးသော လမုန့်ကို တစ်ဝက်ခွဲပေးသည်ဟူသော အချက်ကို ရင်ထဲထိသွားခြင်း သို့မဟုတ် လမုန့်များက အလွန်အဖိုးတန်သောကြောင့် ရိုးရိုးရှင်းရှင်းပင် အပျော်လွန်သွားခြင်း ဖြစ်နိုင်၏။ မည်သို့ဆိုဆို သူက ၁၅၀ကီလိုဂရမ် မွေးကင်းစ ကလေးတစ်ယောက်ကဲ့သို့ မျက်ရည်များနှင့် အပြည့်အဝ ပြိုလဲနေတော့လေသည်။
"စီနီယာ ယီရှီ၊ ကျွန်တော် အစ်ကို့ကို မေးစရာရှိတယ်။" အန်လင်းက စိတ်လှုပ်ရှားမှုအကျိုးဆက် များကို ဖြတ်တောက်လိုက်၏။
"မင်းဘာသိချင်လို့လဲ။ ငါသိသမျှ အကုန်ပြောပြမယ်။"
ယီရှီ သူ့အား ဦးတည်လာသော အလွန်အမင်း ဖော်ရွေပြီး တောက်လောင်နေသော အကြည့်များက အန်လင်းကို အနည်းငယ် သက်တောင့်သက်သာ မဖြစ်စေပါပေ။
"အဲ့တာက မေးခွန်း အကြီးကြီးမဟုတ်ပါဘူး။ ကျွန်တော်မေးချင်တာက သက်ရှိစွမ်းအင် ပင်လယ်ထဲကို စွမ်းအင် တိမ်တိုက် တိုက်ရိုက်ရောက်နိုင်တဲ့ ဆေးတောင့်လေးများ ရှိလားလို့ မေးချင်လို့ပါ။" အန်လင်းက ခေတ္တမျှ တုန့်ဆိုင်းပြီး မေးလိုက်၏။
ယီရှီက အသက်ပြင်းပြင်းရှုလိုက်ကာ သူ့မျက်လုံးထဲရှိ တောက်လောင်နေသော အလင်းများမှာ ပို၍ပင်တောက်ပလာ၏။ "Mr.အန်လင်းက ဆေးတောင့် စားသံုးခြင်း လုပ်ငန်းစဉ်ကို နောက်ထပ် လှည့်စားအံုးမလို့လား။ မင်းရဲ့ မှတ်ကျောက်တွေကို ကျေနပ်စေနိုင်တဲ့ ဆေးတွေက ရှားတော့ရှားတယ်။ ငါသူတို့ကို သိပြီးတော့ အမျိုးအစားအနည်းငယ်ကိုလည်း ဖော်စပ်နိုင်တယ်။"
***