← Chapters

အန်ကီရင်ကို အစာကျွေးခြင်း

Vol. 28 Ch. 389

အန်ကီရင်ကို အစာကျွေးခြင်း

Vol. 28 Ch. 389

"အဲ့တာ ဘာအမျိုးအစားတွေလဲဆိုတာ ကျွန်တော့ကို ပြောပြလို့ရမလား။" အန်လင်း၏ မျက်လုံးများက ချက်ချင်း အရောင်တောက်သွား၏။

ယီရှီက ပြန်မဖြေခင် ခဏရပ်လိုက်ပြီး "အဆင့်၇ အင်မော်တယ်ဆေးတောင့် တိုက်ပွဲစိတ်ဝိညာဉ် အင်မော်တယ်ဆေးတောင့်က တစ်စုံတစ်ယောက်ရဲ့ သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ စိတ်ဝိညာဉ် စွမ်းအားတွေကို ဖြစ်ပေါ်လာနိုင်စေတယ်။ အဆင့်၆ အင်မော်တယ် ဆေးတောင့် အံ့ချီး မြူနှင်း ဝံပုလွေဆေးတောင့်က သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ မြူနှင်းဝံပုလွေရဲ့ စွမ်းအားကို ဖြစ်ပေါ်စေနိုင်တယ်။ အဆင့်၃ အင်မော်တယ် ဆေးတောင့် ကောင်းကင်ဘုံ လောင်းကျွမ်းနယ်မြေ ဆေးတောင့်ကတော့ သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ ကောင်းကင်ဘုံ မီးတောက်တွေရဲ့ စွမ်းအားကို ဖြစ်ပေါ်စေနိုင်တယ်။ အဆင့်၂ အင်မော်တယ်ဆေးတောင့် ထူးကဲ ဝိညာဉ် ဆေးတောင့်ကတော့ သက်ရှိစွမ်းအင်ပင်လယ်ထဲမှာ တိုက်ပွဲ ဝိညာဉ်ကို ဖြစ်ပေါ်စေနိုင်တယ်။"

အန်လင်းက မိတ်ဆက်စကားကို ကြားပြီးနောက် အနည်းငယ် စိတ်ပျက်အားလျှော့သွားလေတော့၏။ ထိုဆေးများထဲမှ စျေးအပေါဆုံးသည် အဆင့် ၇ အင်မော်တယ်ဆေးတောင့် တိုက်ပွဲ စိတ်ဝိညာဉ် ဆေးတောင့်ဖြစ်ပေလိမ့်မည်။ ထိုသည်က သေချာပေါက် စျေးကြီးလှသော စမ်းသပ်မှုတစ်ခုပင်။

"အဆင့်၇ အင်မော်တယ် ဆေးတောင့် တိုက်ပွဲ စိတ်ဝိညာဉ် ဆေးတောင့်ကို အရင် စမ်းကြည့်ရအောင်။" သူက ခဏတွေးနေပြီးနောက်ဆုံးတွင် ဆုံးဖြတ်လိုက်လေ၏။

"ဟုတ်ပြီ။ တိုက်ပွဲစိတ်ဝိညာဉ် ဆေးတောင့် တစ်ခုလာပါပြီ။" ယီရှီက အလွန်အမင်း စိတ်လှုပ်ရှားနေလေ၏။ သူက ချန်အာ၏ လမုန့် တစ်ဝက်ကို လက်ခံထားရပြီးပြီးချင်းဖြစ်ပြီး ယခုတွင်တော့ အန်လင်း၏ ဆေးစားသံုးခြင်း လုပ်ငန်းစဉ် နောက်တစ်ခုကို တွေ့ရတော့မည်ဖြစ်သည်။ ဒီနေ့က သူ့ရဲ့ ကံကောင်းတဲ့ နေ့ဖြစ်ရမည်။

တစ်နာရီအကြာတွင် အင်မော်တယ် အရှိန်အဝါများ တောက်ပနေသော ဆေးတောင့်တစ်ခုကို အန်လင်းဆီသို့ ကမ်းပေးလိုက်၏။

သူက ထိုဆေးတောင့်အတွက် စိတ်ဝိညာဉ် ကျောက်တုံး ၂၅၀ကို သုံးထားရသော်လည်း ထိုသည်က သူ့အတွက် ခံနိုင်ရည်ရှိသော အနေအထားအတွင်း၌ ရှိသေးပေ၏။

သူက အများကြီး မတွေးပဲ ချက်ချင်း ဆေးတောင့်ကို နေရာ၌ပင် မျိုချလိုက်၏။

ယီရှီ၏ မျက်လုံးများက တောက်ပနေပြီး ကြည်ကြည်နူးနူးနှင့် ကြည့်နေလေ၏။ "ဆေးတောင့် စားသံုးခြင်း အစွမ်းထက်ပုဂ္ဂိုလ် ဆိုတဲ့အတိုင်းပဲ ဆေးတောင့် စားသံုးခြင်းမှာ မင်းရဲ့ ကျက်သရေနဲ့ ဆုံးဖြတ်ချက်ကတော့ ပြိုင်ဘက်ကင်းပဲ။ ဆေးတောင့်ကို မျိုချပြီးတာတောင် မင်းရဲ့ အမူအရာက မ​ပြောင်လဲဘူးနော်။ အင်မော်တယ် ဆေးတောင့်အစား သကြားလုံးစား သလိုပဲ... မင်းက တကယ့်ကို ဆေးတောင့် စားသုံးခြင်း နယ်ပယ်မှာတော့ ဦးဆောင် တီထွင်သူပါပဲ။"

အန်လင်း : "..."

အင်မော်တယ် ဆေးတောင့် စုပ်ယူခြင်းကို အရှိန်တင်ရန် အန်လင်းက သူ့၏ အမြဲတမ်းလန်းဆန်း နည်းပညာကို အသက်သွင်းလိုက်ပြီးနောက် လျင်မြန်စွာပင် အကျိုးသက်ရောက်မှု ပြလာလေတော့သည်။

အလွန်သန့်စင်လှသော စွမ်းအင် စီးဆင်းမှုကြီးက အန်လင်း၏ ခန္ဓာကိုယ်ထဲတွင် တစ်ချိန်တည်းမှာပင် ခွန်အားကြီးလာပြီး စွမ်းအင်များ ပြည့်နှက်နေသော လေပြင်း ဓားသွားအများအပြားက အရာအားလုံးကို တဖြည်းဖြည်း ဖြတ်ပြီး သူ့သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် လေပွေငယ်တစ်ခု  ​ဖြည်းညင်းစွာ ဖြစ်ပေါ်လာပေတော့သည်။

အန်လင်းက သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထဲကို ကြည့်ကာ အတွင်းစိတ်က အော်ဟစ်ရင်း နှလုံးခုန်နှုန်းတိုးလာတော့၏။ "ငတုံးကောင်လေး၊ ဟိုက လေပွေငယ်လေးကို သွားစားလေ။"

မျှော်လင့်ထားသည့်အတိုင်းပင် အန်ကီရင်က ချက်ချင်း လေပွေငယ်လေး၏ အသွားများကို သတိထားမိ၏။ သူက စိတ်လှုပ်ရှားစွာ တစ်ခစ်ခစ်ရယ်ပြီး လေပွေငယ်ဆီသို့ ပျံသွားကာ ထိုအရာအား သူ့၏ လက်ဝတုတ်ကလေးနှင့် ရိုက်လိုက်၏။

ဖြန်း...

သက်ရှိစွမ်းအင် ပင်လယ်ပြင်မှာ ရုတ်တရက်တိုးဝှေ့လာပြီး လေပွေငယ်လေးက ရိုက်ခတ်မှုကြောင့် ပျောက်ကွယ်သားလေ၏...။

အန်လင်း : "..."

အန်ကီရင်က လေပွေငယ်ကို ဘာမှမရှိသည်အထိ ရိုက်နှက်ပြီးနောက် သန်းဝေလိုက်ကာ သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ ပြန်လှဲချကာ ဆက်အိပ်နေလေတော့သည်။

အန်လင်း၏ နှလုံးသားက ခပ်မှိန်မှိန်နာကျင်မှုဖြင့်တုန်ယင်သွား၏။ ပိုက်ဆံကုန်သွားတာပဲရှိတယ်။

အန်ကီရင်၏ လမင်း၏စွမ်းအင်ကို စားသုံးနိုင်ခြင်းက တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပြီး သူက တခြားသော စွမ်းအင်ပုံစံများကို စားသုံးရန် မလုပ်ဆောင်နိုင်သည်လား။

စိတ်ဝိညာဉ်ကွဲကြောင်း၏ စွမ်အားများသည် ပျောက်ကွက်ရန်မလွယ်ပါပေ။ ထို့ကြောင့် လေပွေငယ်က တဖြည်းဖြည်းနှင့် သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ထပ်မံပေါ်ထွက်လာ၏။ ယခုကစပြီး အန်လင်း၏ အင်မော်တယ် မန္တန်များမှာ စိတ်ဝိညာဉ် ကွဲကြောင်းများ၏ စွမ်းအင်နှင့် ပြည့်နှက်နေပေလိမ့်မည်။

အန်ကီရင်းက လေပွေငယ်ပြန်ဖြစ်လာသည်ကို သတိမထားမိပဲ ဘာမှမဖြစ်ခဲ့သလို ဆက်အိပ်နေလေ၏။

ယီရှီက အန်လင်း၏ စိတ်ပျက်လက်ပျက်အမူအရာကြောင့် ရလာဒ်ကို အကြမ်းဖျင်း ခန့်မန်းမိ၏။ "အဲ့တာက မအောင်မြင်ဘူးလား။"

အန်လင်းက ဝမ်းနည်းသော အမူအရာနှင့် ခေါင်းငြိမ့်ပြ၏။

ယီရှီသည်လည်း စိတ်ပျက်လက်ပျက်ဖြစ်သွား၏။ သူက အန်းလင်းက မည်သည့်နေရာတွင် ကျဆုံးသည်ကို မသိပါ။ သို့သော် သူ့ကဲ့သို့ ဆေးတောင့် စားသုံးခြင်း ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးက သူတို့စားသုံးလိုက်သော ဆေးတောင့်တိုင်းနှင့် ကောင်းကင်နှင့် မြေကြီးကြားတွင် သဘာဝ ဖြစ်စဉ်များကို အစပျိုးပေးနိုင်သည့်ပေ၏။ ထိုသည်က မဖြစ်ပွားဘူးဆိုသည့် အချက်မှာ သူက သူ့၏ စမ်းသပ်မှုတွင် ကျဆုံးသည်ဆိုသည်ကို အားသာသော အထောက်အထားဖြစ်နေပါ၏။

သူက အားပေးစကား အနည်းငယ်ပြောလိုက်၏။ "သခင်းလေး အန်လင်း၊ အဂ္ဂိရတ်ဆိုတာက ရှုံးနိမ့်မှုတွေ စိတ်ပျက်အားငယ်မှုတွေနဲ့ တိုက်ခိုက်ရတဲ့ လမ်းကြောင်းတစ်ခုပဲ။ ဒါပေမဲ့ မင်းက နှလုံးသားကိုတော့ ဆုံးရှုံးလို့မရဘူး။ အရှုံးမပေးနဲ့။"

အန်လင်း : "..."

သူက ဒီအတိုင်း အင်မော်တယ်ဆေးတောင့်ကိုပဲ စားလိုက်တာလဲ အဂ္ဂိရတ်က ဘာဆိုင်လို့လဲ။

သို့သော်လည်း အန်လင်းမှာ ယီရှီပြောသည့် အရာတစ်ခုကိုတော့ အပြည့်အဝ သဘောတူ ပါ၏။ ယခုကမူ အရှုံးပေးရန် အချိန်မဟုတ်သေးပါပေ။

"ဆရာကြီး ယီရှီ၊ ကျေးဇူးပြုပြီး အဆင့်၆ အင်မော်တယ် ဆေးတောင့် အံ့ချီး မြူနှင်း ဝံပုလွေ ဆေးတောင့်ကို ကျွန်တော့အတွက် ဖော်စပ်ပေးပါ။" အန်လင်းက စိတ်ဆုံးဖြတ်ကာ ပြောလာ၏။

"ဟုတ်ပြီ။ ငါ ချက်ချင်းလုပ်ပေးမယ်။" ယီရှီ၏ မျက်လုံးများက အရောင်တောက်သွား၏။ ဆေးတောင့်စားသုံးခြင်း ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦးက မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့က အမြဲတမ်း ဆေးတောင့်မစားပါပေ။ သို့သော် သူတို့စားလိုက်တိုင်း အညှာအတာကင်းသော စားသောက်ပွဲကြီး ဖြစ်ပေလိမ့်မည်။

နောက်ထပ် တစ်နာရီအကြာတွင် အံ့ချီး မြူနှင်း ဝံပုလွေဆေးတောင့်က အောင်မြင်စွာ ဖော်စပ်ပြီးလေပြီ။

အန်လင်းက အဖြူရောင် အင်မော်တယ် ဆေးတောင့်ကို သူ့လက်ထဲကိုင်ထားသောအခါ မြူထူထူ အရှိန်အဝါတစ်ခုက အတွင်းမှ ထုတ်လွတ်နေသည်ကို တွေ့လိုက်ရ၏။ ရှေးဟောင်း ဝံပုလွေတစ်ကောင်၏ ခွန်အားကြီး ဟိန်းသံက အင်မော်တယ် ဆေးတောင့်မှ ထွက်ပေါ်လာပြီး အန်လင်း၏ နှလုံးသားကို အံ့ဩမှုဖြင့် တုန်လှုပ်သွားစေ၏။

"အဆင့်​၆ အင်မော်တယ် ဆေးတောင့်ကတော့ ထင်ထားတဲ့အတိုင်းပဲ။ သူ့ရဲ့ အရှိန်အဝါတစ်ခုတည်းကတောင် ရင်သပ်ရှုမောဖွယ်ကောင်းပြီး ရိုသေထိုက်ပါတယ်။ ကြည့်ရတာ စိတ်ဝိညာဉ်ကျောက်တုံး ၃၅၀ကို သုံးလိုက်ရတာ တန်တဲ့ပုံပဲ။" အန်လင်းက ခပ်ဖွဖွရယ်ကာ အင်မော်တယ်ဆေးတောင့်ကို ပါးစပ်ထဲသို့ ထည့်လိုက်၏။

ဘုန်း...

ဒီတစ်ကြိမ်တွင်တော့ မြူထူထူ အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားပြီး သူ့ခန္ဓာကိုယ်မှ ဆဲလ်တစ်ခုစီတိုင်းကို အအေးဓာတ်ကြောင့် တုန်ယင်သွားစေ၏။

သူ့၏ အရိုးသိပ်သည်းခြင်းမှာ စတင် မြင့်တက်လာပြီး သူ့၏ ကြွက်သားမျှင်များသည်လည်း ပိုမို အစွမ်းထက်လာပေ၏။ အစွမ်းထက် အရှိန်အဝါတစ်ခုက သူ့ခန္ဓာကိုယ်မှ ထိုးထွက်လာပြီး အလျင်အမြန် နောက်ပြန်ဆုတ်သွားလေ၏။

တစ်ချိန်တည်းမှာပင် သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ထက်တွင် အံ့ချီးဝံပုလွေ အလင်းတန်းတစ်ခုက ထွက်ပေါ်လာ၏။

အံ့ချီးဝံပုလွေ၏ ခန္ဓာကိုယ်မှာ တစ်ခုလုံး အပြာရောင် ဖြစ်ပြီး ထိုသည်က အစွမ်းထက် ဧကရာဇ် တစ်ပါး၏ ဝင့်ကြွားမှုနှင့် ခေါင်းမော့ထားလေ၏။

ထို့အရာ၏ ဦးခေါင်းမှာ ထို့နောက်တွင်တော့ အန်ကီရင်၏ ဝါးမျိုခြင်း ခံလိုက်ရ၏။

ရွှေရောင် ကလေးငယ်မှာ အလွန်တက်ကြွနေပြီး သူ့၏ ခြေလက်များကို ဝေ့ယမ်းနေကာ လက်ဗလာဖြင့် အံ့ချီး ဝံပုလွေကို အပိုင်းပိုင်း ဖြဲပစ်လိုက်၏။ အံ့ချီးဝံပုလွေက မြူထူအရှိန်အဝါ အငွေ့များအဖြစ် ပြောင်းသွားပြီး ထို့နောက် သိပ်မကြာမီတွင် ရွှေရောင် ကလေးငယ်၏ အပြည့်အဝ ဝါးမျိုခြင်းကို ခံလိုက်ရ၏။

ဘုန်း...

ပေါက်ကွဲသံကြီးတစ်ခုက အန်လင်း၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ပေါ်ထွက်လာပြီး နှင်းပွင့် အဆောင်အယောင်တစ်ခုက ရွှေကလေးငယ်၏ နဖူးတွင် ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သူ့၏ ရင်ဘတ်ပေါ်၌ ဂဏန်းတစ်ခုက ရုတ်တရက်ပေါ်လာပြီး ၀.၇၄၅မှ ၀.၈၀၅သို့ လျင်မြန်စွာပြောင်းသွား၏။ ထို့နောက် ထိုက်ချူ စာလုံးသုံးလုံးသည်လည်း ဂဏန်းများဘေးတွင် ပေါ်ထွက်လာ၏ : နှင်းက ပြည့်သွားပြီ။

"ဟုတ်ပြီ။ အောင်မြင်တယ်ကွ။"

အန်လင်းက ရွှေရောင်ကလေးငယ်က ကိုယ်အလေးချိန်တိုးလာသည်ကို တွေ့ပြီးနောက် ပလွန်စိတ်လှုပ်ရှားလာပြီး ပျော်ရွှင်စွာ ခုန်ပေါက်လိုက်၏။

သို့သော်လည်း သူက ရုတ်တရက် ဝမ်းဗိုက်မအီမသာဖြစ်ခြင်း အများအပြားခံစားလိုက်ရ၏။ ဖြစ်နိုင်သည်က အင်မော်တယ် ဆေးတောင့်စားသုံးပြီးပြီးချင်း ပြင်းထန်သော လေ့ကျင့်ခန်းကြောင့်ဖြစ်နိုင်ပေ၏။ သို့သော် သူ့၏ ဝမ်းဗိုက်မှာ ရုတ်တရတ် အလွန်နာကျင်စွာ တုန်လှုပ်လာတော့၏။

"အီး... နာလိုက်တာ။" အန်လင်းက သူ့နာကျင်မှုနှင့် သူ့ဗိုက်ကို ဆုတ်ကိုင်လိုက်၏။

"ဘာဖြစ်တာလဲ ညီလေး အန်လင်း။" ယီရှီက အလန့်တကြားဖြစ်သွားပြီး ချက်ချင်းပင် အန်လင်းကို ဆုတ်ကိုင်လိုက်ပြီး ဆေးတောင့် အလွန်အကျွံစားသုံးခြင်း၏ အကျိုးဆက်ဟု ထင်ကာ ကုသရေး မန္တန်နည်းလမ်းတစ်ခုကို အသက်သွင်းလိုက်၏။

အန်လင်းက သူ့ခေါင်းကို ခါလိုက်၏။ "အဆင်ပြေပါတယ်... ဝေါ့။"

ဘန်း...

ရွှေရောင် ကလေးငယ်တစ်ဦးက မြေပြင်ပေါ်သို့ ကျလာပြီး ချက်ချင်းပင် မျက်လုံးများ ထွက်ကျအောင် ကျယ်လောင်စွာ ငိုကြွေးနေလေ၏။

"ဝါးး... နာတယ်... ဝါးး..."

အန်လင်းနှင့် ယီရှီနှစ်ဦးစလုံးက တိတ်ဆိတ်သွား၏။

အန်လင်းက နေရာ၌ မြဲမြဲရပ်နေသည်မှာ ဤကဲ့သို့ ဖြစ်လာမည်ကို လုံးဝမမျှော်လင့်ထားသည်မှာ ရှင်းလင်းလှပေ၏။

သို့သော်လည်း သူက ဤမြင်ကွင်းကို တစ်ခါမြင်ဖူးပြီးဖြစ်၍ နှိုင်းစာကြည့်ပါက တည်ငြိမ်နေသေး၏။

နှိုင်းယှဉ်ကြည့်ပါက ထိုသည်ကို မျက်မြင်ကြုံတွေ့ရသည်မှာ ယီရှီ၏ ပထမအကြိမ်ဖြစ်ပြီး သူ့မျက်လုံးများက ဦးခေါင်းမှ ထွက်ကျတော့မလိုပင် ဖြစ်သွား၏။ သူက အန်လင်းကို ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်၌ အော်ဟစ်ငိုကြွေးနေသော ရွှေရောင်ကလေးငယ်ကို တစ်ဖန်ပြန်ကြည့်လိုက်ပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေ၏။

သူက အတန်ကြာမှသာ စကားတစ်ခွန်းကို ထုတ်ပြောလာနိုင်၏။ "သခင်လေး အန် မဟုတ်သေးပါဘူး စီနီယာ အန်လင်း၊ ဆေးတောင့်တွေ စားသုံးခြင်းက ကလေးမွေး စေနိုင်လို့လား။"

အန်လင်း : "..."

ယီရှီက အန်လင်းက သိပ်မကြာခင်က ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ကို တက်သွားသည်ကို ကြားသော်လည်း အန်လင်း၏ ကလေးနှင့်ပတ်သတ်၍တော့ ဘာမှမသိပါပေ။ သို့ဖြစ်၍ ထိုမြင်ကွင်း၌ သူကအလွန် အံ့အားသင့်သွားပြီး သူ့ခေါင်းထဲတွင် ကမ္ဘာကြီး ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရ၏။

သူ့စိတ်ထဲ၌ တစ်ခုသော အထိန်းအကွပ်က ပေါက်ကွဲသွားပုံရပြီး သူ့အား ကမ္ဘာသစ်ကြီးတစ်ခုကို မိတ်ဆက်ပေးလိုက်သကဲ့သို့ပင်။

အန်လင်းက မြေပေါ်မှ ရွှေရောင်ကလေးငယ်ကို ညင်သာစွာ ပွေ့လိုက်ပြီး တည်ကြည်သော မျက်နှာဖြင့် ရှင်းပြလိုက်၏။ "ဆေးတောင့် စားသုံးခြင်းက ကလေးမွေးစေတာမဟုတ်ပါဘူး။ ဒီဟာက ကျွန်တော် ဝိညာဉ် ဖွဲ့စည်းခြင်း အဆင့်ကို ရောက်ပြီးတော့ ရုတ်တရက် ပေါ်လာတဲ့ စိတ်ဝိညာဉ် အရာဝတ္ထုတစ်ခုပါ။"

တောက်လောင်နေသော အပူလှိုင်းများက ယီရှီ၏ မျက်လုံးထဲတွင် တောက်ပသွားပြီး သူ့အသံက တုန်ယင်နေလေ၏။ "အဲ့တာက အဲ့တာက ဒဏ္ဍာရီလာ အဂ္ဂိရတ် ဝိညာဉ် ဖွဲ့စည်းခြင်း စိတ်ဝိညာဉ်ဆေးတောင့် ပိုင်နက်နယ်မြေလား။"

ဤတစ်ကြိမ်၌မူ အန်လင်းက အံ့ဩတကြီး ဖြစ်သွားရတော့၏။ သူက သူ့ကိုယ်သူ ပိုင်နက်နယ်မြေ မရှိဟု စိန်ဓာတ်ကျနေခြင်းပင်။ သို့သော် ယီရှီက အခုတွင် သူ့၌ ပိုင်နက်နယ်မြေတစ်ခုရှိပြီး ထိုပိုင်နက်နယ်မြေမှာ ဤရွှေရောင်ကလေးငယ်နှင့် အနီးကပ်ဆုံး ဆက်နွယ်နေသည်ဟု ခန့်မှန်းနေသည်။ ဤသဘောပေါက်မှု အသစ်မှာ သူ့အားအပြည့်အဝ ကြက်သေသေသွားစေ၏။

စောက်ကျိုးနည်း။ အဲ့တာက တကယ့်ကိုပဲ တရားဝင် ရှင်းပြချက်လား။ ယီရှီတွင် အဓိကအချက်တစ်ခု ရှိသည့်ပုံပင်။

"စီနီယာ ယီရှီ ကျွန်တော့်ကို အဂ္ဂိရတ် ဝိညာဉ် ဖွဲ့စည်းခြင်းက ဘာလဲဆိုတာနဲ့ စိတ်ဝိညာဉ် ပိုင်နက်နယ်မြေက ဘာလဲဆိုတာကို ရှင်းပြလို့ရမလား။" အန်လင်းက စိတ်လှုပ်ရှားစွာ မေးလိုက်၏။

အကြီးအကဲ ယီရှီက စိတ်ရှုပ်ထွေးသော အမူအရာနှင့် မျက်တောင် ခတ်လိုက်၏။ "ငါလဲ ဘယ်လိုလုပ် သိမှာလဲ။ ငါက အဲ့အခေါ်အဝေါ်တွေကို ဒီနေရာမှာတင် ဖန်တီးလိုက်တာလေ။ ဒီမှာ ဘာတွေဖြစ်နေသလဲဆိုတာကို မင်းက ငါ့ကို့ ရှင်းပြသင့်တာ မဟုတ်ဘူးလား စီနီယာ အန်လင်းရဲ့။"

အန်လင်း၏ ရင်ဘတ်က သူ့စကားလုံးများကြောင့် တင်းကြပ်သွား၏။ သူက ဘယ်လိုများ အကုန်လံုးကို ရှင်းပြရမှာလဲ။

အန်လင်းက အငိုတိတ်သွားပြီး သူ့လက်မသူ စုပ်နေသော ရွှေရောင် ကလေးငယ်ကို ငုံ့ကြည့်လိုက်ကာ စိတ်ပျက်အားငယ်ခြင်း ခံစားချက်က ပေါက်ကွဲသွားသည်ကို ခံစားလိုက်ရ၏။

ဒုကျောင်းအုပ်ကြီး ယွီဟွားက ဘာတွေဖြစ်နေသလဲ မသိပါပေ။ စိတ်ဝိညာဉ် သားရဲ ရှောင်ချိုးကလဲ ဘာတွေဖြစ်နေသလဲ မသိပါပေ...။ သူလျှောက်နေသော လမ်းကြောင်းမှာ အလွန်အမင်း ကောက်ကွေ့လာပြီး သူက ဘာတွေဖြစ်နေသလဲဆိုသည်ကို မည်သူကမှ မသိတော့ပါချေ။

***

All Chapters