← Chapters

ယီရှီအတွက် နောက်ထပ် ဉာဏ်ပွင့်လင်းစေခြင်း

Vol. 28 Ch. 390

ယီရှီအတွက် နောက်ထပ် ဉာဏ်ပွင့်လင်းစေခြင်း

Vol. 28 Ch. 390

အန်လင်းက ရွှေရောင်ကလေးငယ်ကို သူ့လက်မောင်းများထဲတွင် အသာအယာ လွှဲပိုက်ကာ စိတ်ပျက်အားလျော့စွာ သက်ပြင်းချရင်း ဘာလုပ်ရမလဲဆိုတာ လုံးဝမသိတော့ပါပေ။

ထို့နောက် သူ့တွင် အတွေးတစ်ခုက ရုတ်တရက်ပေါ်လာပြီး သူ့သိုလှောင်လက်စွပ်ထဲမှ ကြက်ကင်တစ်ကောင်ကို ထုတ်လိုက်ပြီး ရွှေရောင်ကလေးကို အမိန့်တစ်ခုပေးလိုက်၏။ "ဒါကိုစား"

ရွှေရောင်ကလေးငယ်က ချက်ချင်းပင် နောက်ပြန်လန်ထိုးပြီး သူ့ပါးစပ်ကို တင်းတင်းပိတ်ကာ အပြင်းအထန် ခေါင်းခါလာ၏။

ယီရှီက ထိုအခိုက်အတန့်၌ ကြားဝင်ပြောလာလေ၏။ "Mr.အန်လင်း မင်းလုပ်တာ မှားနေတယ်။ ကလေးက ငယ်လွန်းသေးတယ်။ သူ့ကို နို့တိုက်သင့်တာ။"

အန်လင်းက မျက်လုံးများကို လှန်လိုက်ကာ ပြောလိုက်၏။ "အစ်ကို့မှာ နို့ရှိလို့လား။"

"တကယ်တော့ ရှိတယ်။" သူက ကြီးမြတ်သော လုပ်ဆောင်ချက်တစ်ခုကို လုပ်နေသကဲ့သို့ ယီရှီ၏ မျက်လုံးများက အရောင်တောက်သွား၏။ သူက ထို့နောက် သူ့၏ သို့လှောင်လက်စွမ်ထဲမှ နို့တစ်ဘူးကို ဂရုတစိုက် ထုတ်လာလေ၏။ "ဒီဟာက ကောင်းကင်ဘုံ ခုံရုံး လယ်ကွင်းတွေက နွားနတ်ဆိုးဘုရင်ရဲ့ ကြီးကြပ်မှုအောက်မှာ ထုတ်ထားတဲ့ အံ့ချီးနွားရဲ့ နို့လေ။ အဲ့တာက အရသာကောင်းရုံတင်မကဘူး လူလုပ်အရောင်တွေ၊ အနံ့တွေ သုံးမထားဘူး ပြီးတော့ အာဟာရ တန်ဖိုး အရမ်းကို မြင့်တယ်..."

သူက မန္တန်နည်းလမ်း တစ်ခုကို အသုံးပြုကာ ဘူး၏ အဖုံးကို နို့သီးခေါင်းပုံစံတစ်ခုသို့ ပြောင်းလိုက်ပြီး ထိုနို့သီးခေါင်းကို အန်ကီရင်ဆီသို့ စိတ်လှုပ်ရှားစွာ တွန်းပို့လိုက်၏။ "ဒီကိုလာ... ကောင်လေး။ မြည်းကြည့်ပါအုံး အဲ့တာက အရသာရှိတယ်..."

အန်ကီရင်က တိုးကပ်လာသော နို့သီးခေါင်းကိုမြင်သောအခါ ကျယ်လောင်စွာအော်ငိုပြီး သူ့၏ ညာဘက်လက်ကို လေထဲသို့ ဝေ့ယမ်းလိုက်၏။

ဘုန်း...

ရွှေရောင်လျှပ်စီးကြောင်းကြီးတစ်ခုက မရပ်တန့်နိုင်သော အားအင်နှင့် ကျဆင်းလာပြီး လေထုကို ထိုးဖောက်ကာ နို့ဘူးနှင့် နို့ကို ဖျက်ဆီးပစ်လိုက်၏။ ယီရှီ၏ လက် လျှပ်စီးထိမှန်သောနေရာမှ အမဲရောင်မီးခိုးများပင် ထွက်လာလေ၏...။

အန်လင်းက နို့ဘူးရှိခဲ့သောနေရာကို ကြောင်ငေးကြည့်ကာ အသိစိတ်ဝင်ဝင်ချင်းပင် အန်ကီရင်၏ ခေါင်းကို ရိုက်ချလိုက်၏။ "မရိုင်းစမ်းနဲ့။"

ယီရှီက ထိုသည်ကို အနည်းငယ်မှ စိတ်မကွက်ပါပေ။ သူက အန်လင်းကို မကြည့်ခင် သူ့လက်ကို ကြည့်လိုက်၏။ ထို့နောက် သူက မျက်နှာပေါ်တွင် အံ့ဩမှုဖြင့် အသက်ပြင်းပြင်းရှုလိုက်၏။ "ငါက ဟာလာပြင်သို့ အပြန်အဆင့် ကျင့်ကြံသူပါ။ ဒါပေမဲ့ ဒီကလေးက ငါ့ကို နာအောင်လုပ်နိုင်တယ်။ စိတ်ဝိညာဉ် ဆေးတောင့် ပိုင်နက် နယ်မြေအတွက်က အရမ်း အစွမ်းထက်လွန်းတယ်... ငါ့မျက်လုံးတွေကတော့ တကယ့်ကို ပွင့်သွားပြီ။"

ယီရှီက စကားပြောနေစဉ်တွင် ပိုပြီး စိတ်လှုပ်ရှားလာပုံရကာ သူ့၏ မျက်လုံးများက ပိုမိုတောက်ပသော အလင်းနှင့် ထွန်းလင်းလာလေ၏။

အန်ကီရင်က အန်လင်း၏ ခေါင်းကို ရိုက်ခံရပြီးနောက် စတင်၍ ပြန်လည် ငိုကြွေးနေလေတော့သည်။

အန်လင်းက သူ့လက်ထဲမှ ရွှေ​ရောင် ကလေးငယ်ကို ဒုက္ခကြီးလှသော အမူအရာဖြင့် ကြည့်လိုက်၏။ သို့သော် ကလေးမှာ သူဘာလုပ်လုပ် အငိုမတိတ်ပါချေ။

"Mr.ယီရှီ ကျေးဇူးပြုပြီး ကျွန်တော့ကို အဆင့်၃ အင်မော်တယ် ဆေးတောင့် ကောင်းကင်ဘုံ လောက်ကျွမ်းနယ်မြေ ဆေးတောင့် ဖော်စပ်ပြီး ကူညီပါအုံး။" သူက ခိုကိုးရာမဲ့ သက်ပြင်းချလိုက်သော်လည်း စမ်းသပ်မှုကို ဆက်လုပ်ရန်မှ လွဲ၍ ရွေးချယ်စရာမရှိပါပေ။

"ငါ့တာဝန်သာ ထားလိုက်ပါ Mr.အန်လင်း" ယီရှီက တက်ကြွသော အမူအရာနှင့် ပြန်ပြောလာ၏။

အဆင့်၃ အင်မော်တယ် ဆေးတောင့်မှာ ဖော်စပ်ရန် ပိုခက်ခဲပြီး ယီရှီက ကောင်ကင်ဘုံ လောင်ကျွမ်း နယ်မြေဆေးတောင့်ကို အောင်အောင်မြင်မြင် ဖော်စပ်ရန် အချိန် ၂နာရီတိတိကြာလေ၏။

ကောင်းကင်ဘုံ လောင်ကျွမ်းနယ်မြေဆေးတောင့် ပေါ်ထွက်လာမှုမှာ ချက်ချင်းပင် အားလုံးကို ဝါးမျိုပစ်မည့် မီးတောက်ကျယ် အလင်းတန်းကြီးက ထွက်ပေါ်လာပြီး ဆေးတောင့်၏ စွမ်းအင်က တစ်ကီလိုမီတာကျော်ကျော် အချင်းဝက်ဖြင့် အပြင်ဘက်သို့ ဖြာထွက်လာ၏။

ယီရှီက မန္တန်နည်းလမ်းတစ်ခုကို သုံးကာ ဆေးတောင့်၏ စွမ်းအင်ကို ချိတ်ပိတ်ကာ အန်လင်းဆီသို့ ပစ်ပေးလိုက်၏။

အန်လင်းက ရွှေနှင့်ကြက်သွေးရောင်ရောနေသည့် အင်မော်တယ် ဆေးတောင့်ကို လက်ထဲတွင် ကိုင်ထားပြီး အသက်ပြင်းပြင်းရှုလိုက်၏။ ဤသည်မှာ စိတ်ဝိညာဉ် ကျောက်တုံး ၈၀၀၀၀၀တန်သော ဆေးတောင့်ဖြစ်ပြီး ထိုသည်က အချည်းအနှီးဖြစ်သွားပါက သူ အသည်းကွဲမည်ဖြစ်၏။

ဆေးတောင့် ဖော်စပ်နေသော အချိန်အတွင်းမှာ အန်လင်းက ရွှေရောင်ကလေးငယ်နှင့် ဆက်သွယ်ရန် ကြိုးစားနေ၏။ သို့သော် ရွှေရောင်ကလေးမှာ ရိုးရှင်းသော စကားလုံးအနည်းငယ်ကိုသာ ပြောတတ်ရန် ကန့်သတ်ထားပုံရ၏။

"ပါးစပ်ဖွင့်။" အန်လင်းက အမိန့်ပေးလိုက်၏။

ရွှေရောင်ကလေးငယ်မှာ နာနာခံခံနှင့် သူ့ပါးစပ်ကိုဖွင့်ကာ ဖြူဖွေးသော သွားတန်းနှစ်ခုနှင့် ချစ်စဖွယ် ရွှေရောင် လျှာတစ်ခုကို လှစ်ဟာပြလာ၏။

အန်လင်း၏ မျက်နှာက အမူအရာမဲ့ဖြစ်သွားကာ ကောင်းကင်ဘုံလောင်ကျွမ်း နယ်မြေ ဆေးတောင့်ကို ရွှေရောင် ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်လိုက်၏။

"ဂလု..."

ရွှေရောင်ကလေးက ဆေးကို့ သူ့ဗိုက်ထဲသို့ မျိုချလိုက်၏။

ယီရှီ၏ ခန္ဓာကိုယ်မှာ အင်မော်တယ်ဆေးတောင့်ကို ကလေးကို ကျွေးလိုက်သည်ကို ကြည့်ကာ တုန်ယင်လာပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် လှိုင်းငယ်များ ဖြစ်ပေါ်လာစေ၏။

"မင်းက အင်မော်တယ်ဆေးတောင့်ကို စိတ်ဝိညာဉ် ဆေးတောင့် ပိုင်နက်နယ်မြေကို စွန့်လွတ်ဖို့အတွက် သုံးနေတာပေါ့။" ယီရှီက သူမျက်နှာသူ ကိုင်လိုက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။ "အား... ငါက ဒီလိုမျိုး သမိုင်းဝင် ထူးထူးခြားခြား ဖြစ်ရပ်မျိုးကို မျက်မြင်တွေ့ခွင့်ရတာ အရမ်းဂုဏ်ယူတာပဲ။"

​ေဖာက်...

နောက်ထပ်အသံကျယ်ကြီးတစ်ခုက ထွက်ပေါ်လာ၏။

ရွှေနှင့်ကြက်သွေးရောင် အင်မော်တယ် ဆေးတောင့်တစ်ခုက ကလေးငယ်၏ -င်ထဲမှ ထွက်လာကာ မြေပြင်ပေါ်သို့ လိမ့်သွား၏။

ရွှေရောင် ကလေးငယ်က သူ့လက်မသူ ပြန်စုပ်ကာ အန်လင်းကို အပစ်ကင်းသော ပုံစံလေးနှင့် ကြည့်နေ၏။

ယီရှီ : "..."

အန်လင်း : "..."

အန်လင်းက ​ကောင်းကင်ဘုံ လောင်ကျွမ်း နယ်မြေ ဆေးတောင့်ကို ကောက်လိုက်ပြီး သူ့ကိုယ်သူ ​ရေရွတ်လိုက်၏။ "အဲ့တာဆို တိုက်ရိုက် စားသုံးခြင်းက အလုပ်မလုပ်ဘူးပေါ့..."

သူက အန်ကီရင်ကိုကြည့်ကာ နောက်ထပ် အမိန့်တစ်ခုပေးလိုက်၏။ "အရင်ဆုံး ငါ့ရဲ့သက်ရှိစွမ်းအင် ပင်လယ်ကို ပြန်လိုက်။"

အန်ကီရင်က သူ့ကို ကြောင်ငေးကြည့်နေကာ ခေါင်းလေးကို တစ်ဖက်သို့စောင်းပြီး နားမလည်နိုင်သော အသံများ ​ထွက်ပေါ်နေစေ၏။ သူက အန်လင်းပြောသည်ကို နားမလည်သည်မှာ သိသာလှ၏။

အန်လင်းက ရုတ်တရတ် အတွေးပေါက်ကာ သူ့လက်ချောင်းကို ဖြတ်လိုက်ပြီး သွေးအဆီအနှစ် တစ်စက်ကို ထုတ်လွတ်လိုက်၏။

မျှော်လင့်ထားသည့်အတိုင်းပင် အန်ကီရင်က သွေးအဆီအနှစ်အစက်ကိုမြင်ပြီး ချက်ချင်းပင် အလွန်စိတ်လှုပ်ရှားလာကာ စိတ်အားထက်သန်စွာ မျိုချလိုက်၏။

"Mr.အန်လင်း အဲ့ဒီ့ ရည်ရွယ်ချက်က ဘာလဲ။" ယီရှီက သိချင်စိတ်ပြင်းပြစွာ မေးလာ၏။

"အဲ့တာကို စိတ်ဝိညာဉ် ဆေးတောင့် ပိုင်နက်နယ်မြေ ပြန်ကျုံ့ခြင်းလို့ ခေါ်တယ်။" အန်လင်းက သူဘာလုပ်နေသလဲဆိုတာကို ရှင်းမပြနေချင်တော့ပဲ ယီရှီစိတ်ကျေနပ်စေရန် မုသားတစ်ခုကို လုပ်ကြံပြောဆိုလိုက်၏။

ယီရှီ၏ မျက်လုံးများက ရွှေရောင်ကလေးငယ်ကို မျှော်တလင့်လင့် ကြည့်ရင်း တောက်ပလာတော့၏။

ရွှေရောင်ကလေးငယ်၏ မျက်လုံးများမှာ ထို့နောက်တွင် ပြူးကျယ်လာကာ ပါးစပ်မှ အမြှုပ်များထွက်လာပြီး ဗိုက်က အပြင်ဖက်သို့ ဖောင်းတက်လာ၏...။

ဘန်း...

ရွှေရောင်ကလေးငယ်က ပေါက်ကွဲသွားလေ၏။

ယီရှီက ကြမ်းပြင်ပေါ်သို့ ပုံကျကာ ပါးစပ်အဟောင်းသားပွင့်နေလေ၏။

ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းက သန်စင်သော စွမ်းအင် အလင်းတန်းအဖြစ်ပြောင်းသွားကာ အန်လင်း၏ သက်ရှိစွမ်းအင် ပင်လယ်ထဲသို့ စုပ်ယူခံရပြီး ကလေးငယ်၏ ပုံစံ ထပ်မံပေါ်လာလေ၏။

"Mr.အန်လင်း၊ မင်း... အဲ့တာက လူသတ်မှု မဟုတ်ဘူးလား။" ယီရှီက ဖြစ်သွားသည်ကို နားမလည်နိုင်ပါပေ။

"မဟုတ်ဘူး။ အစ်ကိုက တကယ်ပဲ ဉာဏ်ပွင့်လင်းမှု ရပြီးသွားပြီလား။" အန်လင်းက ယီရှီဘက်သို့လှည့်ကာ သိမ်မွေ့သော အမူအရာနှင့် မေးလိုက်၏။

ယီရှီက ထိုမေးခွန်း၌ အနည်းငယ် တုံ့ဆိုင်းသွား၏။ ထို့နောက် သူက မပေါက်ကွဲမီက ကလေး၏ ဖောင်းကားလာသော ခန္ဓာကိုယ်ကို ပြန်တွေးမိ၏။ အဲ့တာက သူ့ရဲ့ ကိုယ်ပိုင် ခန္ဓာကိုယ် ပြန့်ကား​ခြင်းမဟုတ်လား။

ထိုသို့ဆိုပါက ကလေးငယ်၏ ပေါက်ကွဲခြင်းက ပြန်လည်မွေးဖွားခြင်းနှင့် နိဗ္ဗာန်၏ သဘောတရားကို ကိုယ်စားပြုသည်လား။

"သင်ပြပေးမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ အန်လင်း။ ငါ ဉာဏ်ပွင့်လင်းမှု ရသွားပါပြီ။" ယီရှီက အန်လင်းကို စိတ်လှုပ်ရှားစွာ ဦးညွတ်ပြ၏။

အန်လင်းက အလန့်တကြား မျက်တောင်ခပ်လိုက်၏။ သူက ဒီအတိုင်း လျှို့ဝှက်ရန် ကြိုးစားနေခြင်းပင် ယီရှီက မည်ကဲ့သို့ ဉာဏ်ပွင့်လင်းမှု ရရှိစေတဲ့ဆီသို့ ဦးတည်သွားရသနည်း။

သူက ထိုအကြောင်းအရာပေါ်တွင် ဆက်လက်တုံ့ဆိုင်းမနေချင်တော့ပဲ ကောင်းကင်ဘုံ လောင်ကျွမ်း နယ်မြေ ဆေးတောင့်ကို မျိုချရန် ပြင်ဆင်လိုက်၏။

သူက ထို့နောက် ရုတ်တရက် ရွှေရောင်ကလေးက အင်မော်တယ်ဆေးတောင့်ကို ချီးပါချသည့် မြင်ကွင်းကို ပြန်မြင်လာ၏...။

အန်လင်းက ယီရှီဆီသို့ လှည့်လိုက်၏။ "ယီရှီ ကျွန်တော် မေးခွန်းတစ်ခုမေးအုံးမယ်။"

"မေးပါ စီနီယာ အန်လင်း" ယီရှီက တက်ကြွနေပြီး ဉာဏ်ပွင့်လင်းမှုရပြီးနောက် အန်လင်း၏ မေးခွန်းများကို ဖြေရန် စိတ်အားထက်သန်နေ၏။

အန်လင်း : "ဒီ အင်မော်တယ်ဆေးတောင့်က ပြန်အမ်း​ငွေရနိုင်မလားဟင်။"

ယီရှီ : "..."

ထို့နောက် အန်လင်းက အလျော့ပေးလာ၏။ "အလိုက်ပေးလဲတာ ဆိုရင်ရော။"

ယီရှီ : "..."

ယီရှီက အန်လင်းက အဘယ့်ကြောင့် ဆေးတောင့်ကို မျိုချရန် မလိုလားသည်ကို ရှာဖွေရမည်ဖြစ်ပြီး လက်နက်ချသည့်အနေဖြင့်သာ သက်ပြင်းချလိုက်၏။ "ကျွန်တော်တို့က ပြန်အမ်းငွေရော လဲလှယ်တာရော မလုပ်ပေးပါဘူး။ ဒါပေမဲ့ သန့်ရှင်းရေး ဝန်ဆောင်မှုကိုတော့ ပျော်ပျော်ကြီး ပေးပါတယ်။"

ဆေးတောင့်က ညစ်ပေသည့်ပုံ မပေါ်သော်လည်း အန်လင်းက ထိုအရာကို မမျိုချမီတွင် ကောင်းကင်ဘုံ ခုံရုံး ရေကန်ထဲ၌ သန့်ရှင်းရန် ဆန္ဒရှိနေသေးပေ၏။

ထို အင်မော်တယ် ဆေးတောင့်ထဲ၌ ပါဝင်သော စွမ်းအားမှာ အလွန်ကြောက်မက်ဖွယ် ဖြစ်ပြီး ထိုသို့ ကြောက်မက်ဖွယ်ကောင်းလွန်းသည်မှာ သူ့ခန္ဓာကိုယ်ကို ပေါက်ကွဲထွက်စေလောက်သည်အထိပင် ခံစားရ၏။

အမြဲတမ်း လန်းဆန်း နည်းလမ်း၏ အကျိုးသက်ရောက်မှု အောက်တွင် ဆေးတောင့်ထဲမှ စွမ်းအင်မှာ စီးကြောင်းနှစ်ခုခွဲသွား၏။ စီးကြောင်းတစ်ခုမှာ သူ့၏ အံ့ချီး မီးတောက် ၄ခုဆီ စီးဆင်းသွားပြီး သို့ဖြစ်၍ မီးတောက်တစ်ခုစီ၏ စွမ်းအားကို တိုးတက်စေပြီး တခြား စီးကြောင်းမှာတော့ သူ့၏ သက်ရှိစွမအင် ပင်လယ်ထဲသို့ စီးဆင်းသွားကာ ကောင်းကင်ဘုံ မီးတောက်များ၏ စွမ်းအားကို သူ့၏ သက်ရှိစွမ်းအင် ပင်လည်ထဲတွက် ဖွဲ့စည်းကာ ထို့နောက် မီးတောက် အဝိုင်းပြားတစ်ခုအဖြစ် ပြောင်းသွားလေ၏။ အဝိုင်းကြီးက သူ့၏ သက်ရှိစွမ်းအင် ပင်လယ်ပေါ်တွင် နေမင်း အသေးစားလေးတစ်ခုကဲ့သို့ ထွန်းလင်းနေပြီး နေရာလပ်တစ်ခုလုံးကို နေရောင်ခြည်ဖြာထွက်ကာ လင်းလက်စေ၏။

ထို့နောက်မှာတော့ ရွှေရောင်က​လေးမှာ ပါးစပ်အကျယ်ကြီး ဖွင့်ကာ မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် တောက်ပနေပြီး နေမင်း အငယ်စားလေးပေါ်သို့ ခုန်အုပ်လိုက်လေ၏။

ဘုန်း...

ပေါက်ကွဲသံနောက်ထပ်တစ်ခုက သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် ထပ်မံပေါ်လာလေ၏။

ထို့နောက် ချက်ချင်းပင် ရွှေရောင်ကလေးငယ်၏ နဖူးပေါ်တွင် နေမင်းအဆောင်အယောင်တစ်ခု ပေါ်လာလေ၏။ တစ်ချိန်တည်းမှာပင် သူ့ရင်ဘတ်၌ ၀.၈၀၅ မှ ၀.၉၁သို့ လျင်မြန်စွာ ပြောင်းသွားသော ဂဏန်းတစ်ခု လျင်မြန်စွာပေါ်လာလေ၏။ ထို့နောက်တွင်တော့ ထိုက်ချုစာလုံး ၃လုံးက ဂဏန်းဘေးတွင် ပေါ်လာလေ၏ : နေမင်းက ပြည့်သွားပြီ။

အန်လင်းက ဆေးတောင့်၏ ကျန်ရစ်သော စွမ်းအင်များကို ချေဖျက်နိုင်ရန် အာရုံမစိုက်မိခင်တွင် ရွှေရောင်ကလေးငယ်တွင် ပြောင်းလဲမှုများ ဖြစ်သည်ကို မြင်ရပြီးမှသာ သက်ပြင်းချနိုင်လေ၏။

ယခုအထိ သူက နေမင်း၊ လမင်းနှင့် မြူနှင်းတို့၏ စွမ်းအားများကို စုဆောင်းပြီးလေပြီ။ ရွှေရောင်ကလေးငယ်၏ ကိုယ်အလေးချိန်မှာ မီးတောက်နှင့် လမင်း၏ စွမ်းအင်ကို စုတ်ယူပြီးနောက် တစ်ကြိမ်တွင် ၀.၁ထက်ပိုပြီး တိုးလာသော်လည်း မြူနှင်း၏ စွမ်းအင်ကို အသုံးပြုပြီးသည့်အခါ ၀.၀၅အထိ တိုးလာပေ၏။ ဤကွဲပြားခြားနားချက်မှာ စုပ်ယူလိုက်သော စွမ်းအင်အမျိုးအစားနှင့် တစ်ခုခုတော့ သက်ဆိုင်ပြီး စွမ်းအင်မည်မျှအထိ စုပ်ယူသည်နှင့်တော့ ဆန့်ကျင်ပေလိမ့်မည်။ မည်သို့ဆိုဆို အနိမ့်ဆုံး တုံ့ပြန်စေသည့် အကန့်အသတ်သို့ ရောက်သောအခါ ရွှေရောင်ကလေးငယ်မှာ တစ်ချို့သော အမျိုးအစား၏ စွမ်းအင်ကို စုပ်ယူရန် ငြင်းဆန်နေလေ၏။

တိုက်ဆိုင်မှု ဖြစ်နိုင်သော်လည်း အင်မော်တယ်ဆေးတောင့် အမျိုးအစားတစ်ခုတည်းသာ ကျန်တော့ပြီး ထိုသည်က စားသုံးသူ၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် စွမ်းအင်များကို သိသာစေသည့် အဆင့်၂ အင်မော်တယ် ဆေးတောင့် အထူးဝိညာဉ် ဆေးတောင့် ဖြစ်ပါ၏။


***

All Chapters