ချွတ်ခြုံကျခြင်း
Vol. 28 Ch. 391
အန်လင်းက သူ့ပါးစပ်ကို ဖွင့်ကာ စကားမပြောမီတွင် သူ့ကိုယ်သူတည်ငြိမ်အောင် အသက်ပြင်းပြင်းရှုလိုက်၏။ "စီနီယာ ယီရှီ ကျေးဇူးပြုပြီး အဆင့်၂ အင်မော်တယ်ဆေးတောင့် အထူးဝိညာဉ် ဆေးတောင့်ကို ကျွန်တော့အတွက် ဖော်စပ်ပေးပါ။"
ယီရှီက လွန်ခဲ့သော ဆေးတောင့် ဖော်စပ်မှုများမှ မျက်နှာထက် သကာလောင်းပြီး ဖြစ်သော်လည်း စိတ်အားထက်သန်မှု အပြည့်ရှိနေဆဲ ဖြစ်၏။ သူက သွေးစိတ်ဝိညာဉ် ဆေးတောင့်တစ်ခုကို မျိုချပြီးနောက် ခေါင်းငြိမ့်ကာ တုံ့ပြန်လာ၏။ "ပြဿနာမရှိပါဘူး။ ဒါပေမဲ့ အထူးဝိညာဉ် ဆေးတောင့်က စိတ်ဝိညာဉ် ကျောက်တုံး ၅.၆သန်း ကုန်ကျမယ်ဆိုတာတော့ သတိပေးထားမယ်နော်။"
အန်လင်းက မျက်လုံးများ ပြူးကျယ်သွားကာ ခန္ဓာကိုယ်မှာ ယမ်းခါသွားတော့၏။ "ဘာလို့ အဲ့လောက်တောင် ဈေးကြီးရတာလဲ။ လွန်ခဲ့တဲ့ အင်မော်တယ် ဆေးတောင့် ၃ခုလုံးပေါင်းတာတောင် ၁.၄ သန်းပဲကျတာကို ဘယ်လိုလုပ်ပြီးတောင့် အဆင့်၂ အင်မော်တယ် ဆေးတောင့် တစ်ခုတည််းက ၅.၆သန်း ကျရတာလဲ။"
ယီရှီက မရှင်းပြမီ မျက်လုံးလှန်လိုက်ပြီး "အထူးဝိညာဉ် ဆေးတောင့် ဖော်စပ်ဖို့အတွက် အဓိက ပါဝင်ပစ္စည်းက ရေနတ်ကောင်းကင်ဘုံ ဆေးပင်လေ။ အဲ့တာတွေက တုန်ရွှာ နန်းတော်မှာ ၂ပင်ပဲရှိတာမို့ အတော်လေးကို အဖိုးတန်တယ်။ အဲ့အပြင် အထူးဝိညာဉ် ဆေးတောင့်က အဆင့်၂ အင်မော်တ်ဆေးတောင့်တွေထဲမှာ အထိပ်အထိပ်ပဲ။ အဲ့တာက သာလွန် ဖန်တီးခြင်းဆေးတောင့်လိုမျိုး အရည်အချင်းတူတဲ့ အင်မော်တယ်ဆေးတောင့်ပဲ။ အဲ့တာကြောင့် ဒီစျေး ဖြစ်နေတာ။"
နောက်ဆုံး အခက်အခက်တွင် ကံခေမှုဖြစ်တတ်သည်ကို အန်လင်းက မတွေးခဲ့မိပါချေ။
ထို့ပြင် ထို ကံခေမှုမှာ ပိုက်ဆံမလောက်တော့ခြင်းဖြစ်၏။ ထိုသည်က ကျိကျိတက် အန် အတွက် လုံးဝ သည်းမခံနိုင်ဖွယ်ပင်။
သူက အစက သူ့၏ သိုလှောင်လက်စွပ်ထဲတွင် စိတ်ဝိညာဉ်ကျောက်တုံး ၆သန်းရှိ၏။ ပထမဆုံး အင်မော်တယ် ဆေးတောင့် ၃ခုအတွက် ၁.၄သန်းကို သုံးလိုက်ပြီးသည့်နောက် သူ့တွင် ၄.၆သန်းကျန်နေပြီး သူက စိတ်ဝိညာဉ် ကျောက်တုံး ၁သန်းလုံးလုံး လိုနေသည်ဟု ဆိုလိုခြင်းပင်။
"စားသုံးသူရဲ့ သက်ရှိစွမ်းအင် ပင်လယ်ထဲကို သူ့စွမ်းအင် ဦးတည်ပေးတဲ့ တခြားဆေးတောင့်တွေရော ရှိသေူလား။" အန်လင်းက နောက်ဆုံးသော အကြမ်းစားလေလံပွဲတွင် မေးလာလေ၏။
ယီရှီက ခေါင်းခါပြပြီး "ငါရဲ့ နည်းစနစ်ထဲမှာတော့ အဲ့လို အကျိုးသက်ရောက်မှုနဲ့ တခြားဆေးတောင့်မရှိတော့ဘူး။ ဒါပေမဲ့ ငါကြားတာကတော့ ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ မြင့်မြတ်ဗာမီလီယမ် မီးတောက်ကတော့ လူတစ်ယောက်ရဲ့ သက်ရှိစွမ်းအင် ပင်လယ်ထဲကို တစ်ခုသော လမ်းကြောင်းကနေ ဝင်ရောက်ပြီးတော့ သူ့ကိုယ်သူ မြင့်မြတ် မီးတောက်အဖြစ် ပြသပေးတယ်လို့တော့ ကြားဖူးတယ်။"
အန်လင်းက ခေါင်းငြိမ့်ပြလိုက်ပြီး ထိုသတင်းအချက်အလက်ကို မှတ်ထားလိုက်၏။
"Mr.အန်လင်း မင်းရဲ့ စိတ်ဝိညာဉ် ဆေးတောင့် ပိုင်နက်နယ်မြေကို အင်မော်တယ် ဆေးတောင့် ဆက်ပြီး ကျွေးအုံးမှာလား။" ယီရှီက မျက်လုံးတောက်တောက်များဖြင့် မေးလာ၏။
"အစ်ကို ကျွန်တော့်ကို စိတ်ဝိညာဉ် ကျောက်တုံး ၁သန်း ငှားမယ်ဆိုရင် ကျွန်တော် အဲ့တာကို စဉ်းစားလို့ရတယ်။" အန်လင်းက မတောင်းဆိုမီ အံတင်းတင်းကြိတ်လိုက်၏။
ကျင့်ကြံခြင်း ကမ္ဘာထဲတွင် ခွန်အားမှာ အကြီးမားဆုံး ရင်းမြစ်ပင်။ ခွန်အားများမှသာ ပိုင်ဆံရှာရသည်မှာ လွယ်ကူမည်ဖြစ်၏။ သို့ဖြစ်၍ အန်လင်းက သူ့၏ ကျင့်ကြခြင်း အခြေခံကို တိုးတက်ရန်အတွက် ပိုက်ဆံသုံးရန် တုံ့ဆိုင်းမနေပါပေ။
ယီရှီက အန်လင်း တောင်းဆိုသည်ကို ကြားပြီးနောက် သက်ပြင်းချလိုက်၏။ "ငါပေးချင်ပါတယ်။ ဒါပေမဲ့ ငါက အရမ်းဆင်းရဲတာ။ ငါ့မှာ စိတ်ဝိညာဉ်ကျောက်တုံး ၃သန်း အကြွေးတင်နေသေးတယ်..."
အန်လင်းကထိုသည်ကို ကြားပြီးနောက် အံ့ဩသွားရ၏။ "စီနီယာ ဒီလို အမြတ်အများကြီးရတဲ့ နေရာမှာ အလုပ်လုပ်ပြီးတော့ ဘယ်လိုတောင် ဆင်းရဲတယ်လို့ ပြောထွက်ရတာလဲ။ ပြီးတော့ ဘယ်လိုလုပ်များ ဒီလောက်အကြွေးတွေ အများကြီး တင်သွားရတာလဲ။"
ယီရှီက သူ့ဗိုက်ကို ဖောင်းပြလိုက်ပြီး ပြန်ဖြေလာ၏။ "အဲ့တာတွေအားလုံးက ငါရဲ့ တာအို အလုပ်အကိုင်မှာ အများကြီး ပေးလို့ဖြစ်တာ။ ငါ့နှလုံးသားက ငါ့ရဲ့တာအိုနဲ့ တည်ရှိတယ်။ ငါရဲ့အလုပ်အကိုင် အတွင်းမှာ သေဆုံးသွားရင်တောင်မှ ငါ့မှာ နောင်တဆိုတာ မရှိဘူး...။"
အန်လင်း : "ကျေးဇူးပြုပြီး အသေးစိတ်ပြောပြပေးပါ။"
ယီရှီက လက်နက်ချသည့် အနေဖြင့် သက်ပြင်းချလိုက်၏။ "ငါပြောတာက ငါက စိတ်ဝိညာဉ် ဆေးတောင့်တွေနဲ့ အင်မော်တယ် ဆေးတောင့်တွေ အများကြီး စားခဲ့တာ။ ငါ ဒီရုပ်သွင်ကို ဘယ်လိုရလာတယ်လို့ မင်းထင်လို့လဲ။ ဒါပေမဲ့ ငါက ငါ့ရဲ့ အဂ္ဂိရတ်လုပ်ငန်းကို ဘာပဲဖြစ်ဖြစ် အရှုံးမပေးပါဘူး။"
အန်လင်းက ယီရှီ၏ ခပ်ဝိုင်းဝိုင်းခန္ဓာကိုယ်ကို ကြည့်ကာ သဘောပေါက်သွားလေ၏။
ဤအဆီများအားလုံးက စိတ်ဝိညာဉ် ဆေးတောင့်များနှင့် အင်မော်တယ် ဆေးတောင့်များ စားသုံးခြင်းကြောင့် ရရှိလာခြင်းဖြစ်၏။ ထိုသည်များက ပိုက်ဆံမည်မျှ ကုန်လောက်မည်နည်း။
သူက အသက်ပြင်းပြင်းရှုလိုက်ကာ နောက်ထပ်စကားမပြောတော့ပဲ ချက်ချင်းပင် နှုတ်ဆက်လက်ပြလိုက်လေ၏။
ကြည့်ရသည်မှာ သူ့၏ ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်သို့ တက်ရောက်မည့် လုပ်ငန်းစဉ်မှာ နှောက်နှေးမည်ဖြစ်ပုံရ၏။
အန်လင်းက သူ့အဆောင်သို့ပြန်လာပြီး သူ့ခန္ဓာကိုယ်တွင်း၌ စီးဆင်းနေသော ဆေးစွမ်းအင်အကြွင်းအကျန်များကို ချေဖျက်နေလေ၏။ သူက အင်မော်တယ်ဆေးတောင့် သုံးခုကို အလျင်အမြန် စားသုံးလိုက်ပြီး ဖြစ်ကာ သူ့ခန္ဓာကိုယ်အတွက် အံ့ဖွယ်များ ပြုလုပ်ပေးပြီးဖြစ်၏။ ဤခရီးစဉ်မှာ သူရရှိလိုက်သော အကြီးမားဆုံး ဆုလာဒ်မှာ အံ့ချီး မီးတောက်များ၏ စွမ်းအင်ကို တိုးတက်စေခြင်းပင် ဖြစ်၏။ ထို့အပြင် ရွှေရောင်ကလေးငယ်၏ အလေးချိန်မှာလဲ ၀.၉၁ကီလိုဂရမ်သို့ ရောက်လာခဲ့၏။ သို့ဖြစ်၍ စနစ်၏ မစ်ရှင်ကို အောင်မြင်ရန် ခြေလှမ်းတစ်ခုသာ လိုပေတော့၏။
ယွဲ့တုက တခြားအခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး သူမက အကြော်မုန့်များက ဘယ်လောက် အရသာရှိသလဲဆိုသည်နှင့် အနာဂတ်တွင် ဝလာမည်ကို သူမမည်မျှ ကြောက်သည်ဆိုသည်အား အိပ်မက်ယောင်ရင်း ပြောနေလေ၏။
အန်လင်းက ယွဲ့တု အနားယူနေသည်ကို မနှောက်ယှက်တော့ပဲ သူ့၏ခက်ခဲ ကြမ်းတမ်းလှသော မစ်ရှင်ကို မည်သို့ ပြီးမြောက်ရမည်ကို တွေးတောနေလေ၏။
သူက ပိုက်ဆံ ကုန်နေပြီ။ သူပထမဆုံး တွေးမိသည်က လူသား ဝက်စုဘူးလေး လင်းကျွင်းကျွင်း ဖြစ်၏။ သို့သော် သူမ၌လည်း ယခုအချိန်တွင် ပိုက်ဆံလုံလုံလောက်လောက် ရှိသလားဆိုသည်ကို သူမသိပါပေ။
အင်မော်တယ် ဆေးတောင့်များစားသုံးခြင်းမှ ကိုယ်အလေးချိန်တက်လာသည့် နည်းလမ်းမှာ ဈေးကြီးလှပေ။။ ထိုသည်က စိတ်ဝိညာဉ် ကျောက်တုံး ၅သန်းထက်ပိုလေ၏။ ထိုသည်က ဟာလာပြင်သို့အပြန်အဆင့် ခွန်အားကြီး ပုဂ္ဂိုလ်တစ်ဦး၏ ပိုင်ဆိုင်မှုနှင့် ညီမျှလေ၏။ သို့ဖြစ်၍ အန်လင်းက ဤနည်းလမ်းကို အသုံးမပြုချင်တော့ပါ။
ဒုတိယနည်းလမ်းမှာ မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို အသုံးပြုရန် ဖြစ်၏။ မြင့်မြတ်ဗာမီလီယမ်မီးတောက်က တစ်စုံတစ်ဦး၏ သက်ရှိစွမ်းအင် ပင်လယ်ထဲတွင် မြင့်မြတ်မီးတောက်များကို ထုတ်ပေးနိုင်သော်လည်း ထိုသည်က ဗာမီလီယမ်ငှက်ဂိုဏ်းတွင် အလွန်အမင်း အရေးကြီးလောက်ပေမည်။ သူ့လို အပြင်လူတစ်ယောက်က စုရှောင်လန်၏ တာအို လက်တွဲဖော် နေရာကို ပိုင်ဆိုင်ထားလျှင်တောင်မှ ထိုမြင့်မြတ်ဗာမီလီယမ်မီးတောက်ကို လက်ခံရရှိရန် အခွင့်အရေး မရှိပါချေ။
သူက အနောက်တံခါးက ဖြတ်ပြီးရော သွားလို့ရလောက်မည်လား။
အန်လင်းက သိပ်မသေချာပါပေ။ သူက ထိုအကြောင်းကို စုရှောင်လန်အား မေးချင်၏။
ထိုညက အန်လင်းသည် သူမအတန်းမှ ပြန်လာလာခြင်း စုရှောင်လန်ကို ရှာရန်သွားလိုက်၏။
"ရှောင်လန် ငါ့ကို မင်းတို့ဂိုဏ်းရဲ့ မြင့်မြတ်ဗာမီလီယမ် မီးတောက်အကြောင်း ပြောပြပါအုံး။" အန်လင်းက စုရှောင်လန် ကျောင်းကန်တင်းမှ ပြန်ယူလာသော အစားအသောက်ကို စားရင်း မေးလိုက်၏။
စုရှောင်လန်က သတိတကြီး အမူအရာနှင့် အန်လင်းဆီသို့ လှည့်လိုက်၏။ "နင်က နောက်ဆုံးတော့ နင့်ရဲ့ ကြမ်းကြုတ်တဲ့ လက်သည်းတွေကို ငါတို့ ဂိုဏ်းရဲ့မြင့်မြတ်မီးတောက်ဆီကို ဆန့်ထုတ်လာပြီပေါ့။ နင်အဲ့တာကို စားဖို့စဉ်းစားနေတာတော့ မဟုတ်ဘူးမလား။"
အန်လင်းက သူမ၏ စွဲချက်ကို ကြားပြီးနောက် အစားသီးမလိုပင် ဖြစ်သွားရ၏။ "အို... အို... ငါက နင့်အမြင်မှာ တကယ်ပဲ အဲ့လို လူစားမျိုးလား။"
စုရှောင်လန်က အန်လင်းကို စူးစိုက်ကြည့်ကာ စကားပြန်ပတ်လိုက်၏။ "နင်က အံ့ဖွယ် မီတောက်လေးခုကိုတောင် စားတာလေ။ နင်က အခု ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ မြင့်မြတ်မီးတောက်ကို မျက်စိကျနေတာက မဖြစ်နိုင်တာမှ မဟုတ်တာကို။ ဒါပေမဲ့ နင်က ဂိုဏ်းကို အန္တရာယ်တစ်ခုခု ဖြစ်စေဖို့ ကြိုးစားနေတာဆိုရင် ငါမကူညီနိုင်ဘူးနော်။"
အန်လင်း၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွား၏။ သာက စုရှောင်လန်၏ အငြင်းအခုံကို မည်သို့ ရင်ဆိုင်ရမည်ကို မသိပါချေ။ သို့ဖြစ်၍ သူက ရှင်းရှင်းလင်းလင်းသာပြောလိုက်ပေ၏။ "ဟုတ်ပြီ။ ငါကြားတာက မြင့်မြတ်ဗာမီလီယမ်မီးတောက်က တစ်စုံတစ်ယောက်ရဲ့ သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ မြင့်မြတ်မီးးတောက်ကို ထွန်းလင်းနိုင်စေတယ်ဆိုလို့။ အဲ့တာက အမှန်ပဲလားဆိုတာ သိချင်ရုံတင်ပါ။"
"ဟုတ်တယ် အမှန်ပဲ။ ငါ့ရဲ့ သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ အဲ့တာရှိတယ်။" စုရှောင်လန်က သူမ၏ အစာကိုစားရင်း ဖြေးညင်းစွာ ပြောလာ၏။
အန်လင်းက ချက်ချင်းပင် စိတ်လှုပ်ရှားမှုနှင့် တုန်သွား၏။ "အဲ့တာဆို ငါလဲ မြင့်မြတ်ဗာမီလီယမ်မီးတောက်ကို ငါ့ရဲ့ သက်ရှိစွမ်းအင် ပင်လယ်ထဲမှာ မြင့်မြတ်မီးတောက် ထွန်းလာဖို့ သုံးလို့ရမလား။"
စုရှောင်လန်က တည်ကြည်သော မျက်နှာဖြင့် ခေါင်းမော့ကာ အန်လင်းကို ကြည့်လိုက်ပြီး စက္ကန့် အနည်းငယ်ကြာမှ ပြန်ဖြေလိုက်၏။ "ပထမဆုံး နင်က ဗာမီလီယမ်ငှက်ဂိုဏ်းရဲ့ အဓိက တပည့်တွေထဲက တစ်ယောက်ဖြစ်ရမယ်။ ဒုတိယက ဗာမီလီယမ်ငှက်ရဲ့ စမ်းသပ်မှုတွေအားလုံးကို ဖြတ်နိုင်ရမယ်။ ပြီးတော့ တတိယကတော့ မြင့်မြတ်ဗာမီလီယမ်မီးတောက်ရဲ့ လက်ခံမှုကို စုဆောင်းရမယ်။"
အန်လင်းက ထိုလိုအပ်ချက်များကို တစ်ယောက်တည်းတွေးတောနေကာ ထိုသည်များက အောင်နိုင်ရန် အနည်းငယ်ခက်ခဲမည်ဟု ဆုံးဖြတ်လိုက်၏။ "ငါအနောက်တခါးက ဝင်လို့ရော ရမလား။"
စုရှောင်လန်က မျက်လုံးလှန်လိုက်ပြီး "နင်တို့ မိသားစုက ဗာမီလီယမ်ငှက်ဂိုဏ်းကို ပိုင်တယ်ထင်နေလား။ အနောက်တံခါးတွေ ဘယ်လိုလုပ်အများကြီး ရှိနိုင်မှာလဲ။"
"ဒါပေမဲ့ နင်တို့မိသားစုက ဗာမီလီယမ်ငှက်ဂိုဏ်းကို ပိုင်တယ်မဟုတ်ဘူးလား။" အန်လင်းက သူ့မျက်လုံးထဲတွင် တဖျတ်ဖျတ်လက်ကာ စနောက်လိုက်၏။
သူအံ့ဩသွားရသည်မှာ သူ့စကားများကို ကြားသောအခါ စိတ်ပျက်ညှိုးငယ်သော အမူအရာက စုရှောင်လန် မျက်နှာထပ်တွင် ပေါ်လာလေ၏။
အန်လင်းက ထိုသည်မှာ စကားဝိုင်း၏ အကောင်းဆုံး ခေါင်းစည်းမဟုတ်သည်ကို ရှာဖွေသိသွား၏။
စုရှောင်လန်က ပြုံးကာ ပြန်ဖြေလိုက်၏။ "ဟုတ်ပြီ။ ငါနောက်လထဲမှာ ဂိုဏ်းကိုပြန်မလို့။ နင်ငါနဲ့ လိုက်ခဲ့ရင် ငါနင်မေးတာကို ကူညီနိုင်တယ်။"
"မလိုပါဘူးဟာ။ ငါအစောက စလိုက်တာပါ။ အတည်မယူပါနဲ့။" အန်လင်းက သူမ၏ ညှိုးငယ်သောအမူအရာကို မြင်ပြီးနောက် ထပ်ပြီး ဒုက္ခမပေးချင်တော့ပါပေ။
"အဲ့တာဆိုလဲ ပြီးရော။ ပါးစပ်ပိတ်ပြီး စားတော့။"
အန်လင်း၏ စကားလုံးများကို ဖြတ်ပြောကာ အပြုံးခပ်ဖွဖွက စုရှောင်လန်၏ မျက်နှာပေါ်တွင် ပေါ်လာလေ၏။
အန်လင်းက စုရှောင်လန်၏ အဖေမှာ နဂါးမျိုးနွယ်စုမှဖြစ်ပြီး သူမ၏ အမေမှာ ဗာမီလီယမ်ငှက်ဂိုဏ်းမှ ဆိုတာကိုသာသိထားခြင်းပင်။ ထိုသည်မှလွဲ၍ သူက ဘာမှမသိပါပေ။ စုရှောင်လန်က သူ့အား မပြောပြချင်ပါက သူက အတင်းမမေးချင်ပါ။
"ရှောင်လန် ကန့်သတ်မဲ့တိုက်ပွဲက မနက်ဖြန်နော်။ နင် ဘယ်နေရာလောက်မှန်းထားလဲ။"
"ငါမှာ ရည်ရွယ်ထားတာ မရှိပါဘူး။ ထိပ်ဆုံး၁၀ယောက်ဆို ရပြီ။"
"အဲ့တာက အတော်လေးနိမ့်တဲ့ အဆင့်ပဲ။ နင့်ရဲ့ ခွန်အားနဲ့ဆို အနည်းဆုံး ထိပ်ဆုံး၅ယောက်ထဲပါမှာပါ။"
"ငါတို့သိရမှာပါ။ ငါတို့က နင့်လို အဆင့်၁ကို ဦးထားလို့မှမရတာ။ အဲ့အချိန်ရောက်လာရင် ကျွန်တော်မျိုးမကို သက်ညှာပေးပါနော် မြေကမ္ဘာ အင်မော်တယ် အန်လင်းရှင့်"
"ပြဿနာမရှိပါဘူး။ ငါက တခြားသူတွေကိုပဲ အနိုင်ကျင့်မှာ နင်တော့မပါပါဘူး။"
***