မိန်းမစိုးတစ်ဦး ဖြစ်လာခြင်း၏ ခြိမ်းခြောက်မှု
Vol. 28 Ch. 392
နှစ်စဉ် ကန့်သတ်မဲ့ တိုက်ပွဲမှာ နောက်ဆုံးတော့ ရောက်လာပြီ ဖြစ်ပြီး ယွဲ့တုက ချန်အယ်ကို သူမ၏ အလေးချိန်ကျခြင်း လုပ်ငန်းစဉ်ကို ပြသရန် လစန္ဒာနန်တော်သို့ ခေတ္တပြန်သွား၏။
ထောင်သောင်းချီသော ကျောင်းသားများက ကျောက်စိမ်းဖြူရင်ပြင်တွင် စုစည်းနေကြ၏။
ဖွင့်ပွဲအခန်းအနားမှာထုံးစံအတိုင်း ဒုကျောင်းအုပ်ကြီး ယွီဟွားက ပြုလုပ်ပြီး ကျောင်းအုပ်ကြီးက မတက်ရောက်ပါပေ။
အန်လင်းက ဤငါးနှစ်အတွင်း၌ ကျောင်းအုပ်ကြီးကို တွေ့ရမည်မဟုတ်ဟု ခံစားရ၏။ ကျောင်း မှတ်တမ်းတင် အဆောက်အဦးထဲတွင် ကျောင်းအုပ်ကြီး၏ ဓာတ်ပုံကိုတော့ ချိတ်ဆွဲထားပါ၏။ သူ့ကို ကြည့်ရသည်မှာ ယဉ်ကျေးသိမ်မွေ့ပြီး ကျက်သရေရှိသော အမျိုးသားတစ်ဦးနှင့်တူသော်လည်း အန်လင်းက ကျောင်းအုပ်ကြီးမှာ မည်သို့ဖြစ်မည်ကို မတွေးတတ်ပါပေ။
သူက ကျောင်းသားငယ်များ ကျောက်စိမ်းဖြူ ရင်ပြင်တွင် တက်တက်ကြွကြွ ပြည့်နှက်နေသည်ကိုကြည့်ကာ စိတ်လှုပ်ရှားမှုများနှင့် ပြည့်လာ၏။
သူက ဤကျောင်းတော်ကြီးသို့ ပထမဆုံးရောက်သောနှစ်ကို ပြန်တွေးမိပါက အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်တွင် ထိပ်ဆုံးကျောင်းသား အယောက်၁၀၀ထဲတွင် ပါရန်မှာပင် သူ့အတွက် မဖြစ်နိုင်ပါပေ။
ယခု သူတတိယနှစ်တွင်မူ သူက အဆင့်၁ကို စုဆောင်းရန် လမ်းကြောင်းပေါ်တွင် ကောင်းကောင်းမွန်မွန်ဖြစ်နေပေ၏။
သူမသိလိုက်ခင်မှာပင် သူက ထိပ်ဆုံးသို့ ရောက်လာပြီးဖြစ်သည်ဟု ခံစားရ၏။
မကျော်လွှားနိုင်တာ အရမ်း... အရမ်း... အထီးကျန်တာပဲ။
နေရာလွှဲပြောင်းခြင်း မန္တန်ဖွဲ့စည်းခြင်း အများအပြားက မကြာမီတွင် ရင်ပြင်ပေါ်၌ ပေါ်ထွက်စပြုလာပြီး ကျောင်းသား၅၀၀၀၀နီပါးမှာ အသစ်ဆုံးသော ကန့်သတ်မဲ့တိုက်ပွဲ ကျင်းပမည့် တောင်ထိပ်တစ်သောင်း၏ တောအုပ်များအတွင်းသို့ ပို့ဆောင်ခံလိုက်ရ၏။
အန်လင်းက ကောင်းကင်သို့ကြည့်လိုက်ရာ မှိန်ဖျော့ဖျော့ အလင်းအတားအဆီးတစ်ခုကို တွေ့လိုက်ရ၏။ ကန့်သတ်မဲ့တိုက်ပွဲကို အကဲဖြတ်ရန် တာဝန်ကျသော ဆရာ၊ ဆရာမများ၏ အရှိန်အဝါများကိုပင် သူက အာရုံခံမိ၏။ လွန်ခဲ့သောနှစ် သူက စိတ်ဝိညာဉ် ပျိုးထောင်ခြင်းအဆင့်တုန်းက ဆိုပါက သူက ထိုဆရာဆရာမများ၏ တည်ရှိမှုကို အာရုံမခံနိုင်ပါပေ။
ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့်သို့ရောက်သွားသောအခါ လူတစ်ဦး၏ သတိစိတ်မှာ အလွန်ကို အစွမ်းထက်လာပေသည်။ သူတို့မှာ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ် စွမ်းအင်စီးဆင်းမှုမှ သစ်ရွက်ခြောက်တစ်ရွက်ပေါ်မှ အလွန်အမင်းသေးငယ်သော သတ္တဝါလေးမှအစ အာရုံခံနိုင်ပေ၏။
အန်လင်းက ခပ်ဖွဖွရယ်လိုက်ပြီး လက်သီးဆုတ်လိုက်၏။ "ဟုတ်ပြီ အမှိုက်ကောင် ငါဘယ်လောက်ထိ ကြောက်စရာကောင်းတယ်ဆိုတာကို မင်းကိုပြမယ်။"
"ဒင်း ဒေါင်..."
ထိုအချိန်၌ပင် စနစ်၏ သတိပေးသံက ထွက်ပေါ်လာ၏။
အန်လင်းက အနည်းငယ်တုန်ယင်သွားပြီး စနစ်ကို ကြည့်ရှုလိုက်ရာ "အထူး မစ်ရှင်"အကွက်မှာ လင်းနေသည်ကို တွေ့ရ၏။
သူက ထိုအကွက်ကို ဖွင့်လိုက်ပြီး စာကြောင်း တစ်ကြောင်းကို မြင်လိုက်ရ၏။
"လက်ခံသူက တောင်ထိပ်တစ်သောင်း၏ တောအုပ်အတွင်း ဝင်လာသည်ကို သိရပါ၍ "နှိမ့်ချတဲ့ လူတစ်ယောက်ဖြစ်ပြီး တခြားသူများ အနိုင်ရအောင် ကူညီပါ"ဟူသော အမည်ဖြင့် မစ်ရှင်ကို ပေးအပ်လိုက်၏။
"မစ်ရှင် အကြောင်းအရာ : လက်ခံသူက နှိမ့်ချတဲ့ လူတစ်ယောက်ဖြစ်ရမည်ဖြစ်ပြီး အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားတွင် ထိပ်ဆုံးကျောင်းသား အယောက်၁၀၀ အပြင်ဘက်သို့ရရှိကာ စုရှောင်လန်ကို ထိပ်ဆုံးနေရာရောက်အောင် ကူညီရမည်။"
"မစ်ရှင် အောင်မြင်ပါက : မှော်ဝင် ရတနာ ကျပန်းထီလက်မှတ်တစ်ခု ရရှိမည်ဖြစ်သည်။"
"မစ်ရှင် ကျဆုံးပါက : သုံးနှစ်တာ မိန်းမစိုး ဖြစ်လာမည်။"
"မှတ်ချက် : ဤမစ်ရှင်မှာ ငြင်းပယ်၍ မရပါ။"
အန်လင်းက မစ်ရှင်း ကျဆုံးမှုအတွက်ပေးအပ်သော အကျိုးဆက်ကြောင့် မေ့မြောလုနီးပါး ဖြစ်သွား၏။
မဟုတ်ပါချေ။ ထိုသည်မှာ အဓိကအချက်မဟုတ်ပါပေ။ ဤနေရာတွင် အရေးကြီးသော အချက်မှာ စနစ်၏ ထိုမစ်ရှင်များက မည်မျှရယ်စရာ ဖြစ်လာသည်ဆိုသည်ပင်။
သူက ထိုအစား ဘာလို့များ အမြုံဖြစ်မလာရသနည်း။ သူ့က အဘယ့်ကြောင့် မိန်းမစိုး ဖြစ်လာရန် လိုပါသနည်း။
အန်လင်းက ဒေါသတကြီး အံကြိတ်ကာ စနစ်ကို အပိုင်းပိုင်းခွဲပစ်ချင်သည်ကလွဲ၍ တခြားမလိုချင်တော့ပါပေ။ သူက ဝိညာဥ် ဖွဲ့စည်းခြင်းအဆင့်ကို ယခုမှ တက်တာဖြစ်ပြီး ဤသည်မှာ သူ့အတွက် ကြွားဝါးရန် အချိန်ကောင်းဖြစ်၏။ နှိမ့်ချတတ်ခြင်းဆိုတဲ့ အဲ့ချီးထုတ်ကြီးက သောက်ကျိုးနည်း ဘာကြီးလဲ။
ငါ့-င်ကြီးကို နှိမ့်ချပါ့လား။
"အာ အဲ့တာက စီနီယာ အန်လင်းပဲ။ ကျွန်တော်က ပထမနှစ် အတန်းက ယန်ဝေးပါ။ ကျေးဇူးပြုပြီး သင်ပြပေးပါအုံး။"
အစိမ်းရောင်ဝတ်ရုံနှင့် ကံကောင်းသော အမျိုးသားတစ်ဦးက အန်လင်းရှေ့တွင် ပေါ်လာပြီး သူ့မျက်လုံးထဲတွင် တယူသန် တောက်ပမှုများနှင့် မိတ်ဆက်လာ၏။
သူ့ရဲ့ စွမ်းရည်တွေကို ဒီလိုမျိုး နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးနှင့် စမ်းသပ်ခွင့်ရသည်မှာ ဂုဏ်ယူစရာပင်ဖြစ်၏။
အန်လင်း၏ ေ-ာများက သူ့ရှေ့မှ အမျိုးသားကို ကြည့်ကာ ကိုက်ခဲလာတော့၏။
ယန်ဝေးဟုတ်လား။ ကျေးဇူးပြုပြီး သင်ပြပေးပါအုံး ဟုတ်လား။
မင်းရဲ့ အမြုံဉာဏ်ပွင့်လင်းမှုကို လွင့်သာပစ်လိုက်ကွာ။ ငါ့မှာ အမြုံနဲ့ပတ်သတ်ပြီးတော့ မျှဝေပေးဖို့ ဘာဗဟုသုတမှ မရှိဘူး။
ဒီကောင်က နတ်ဘုရားတွေက သူ့ကို စမ်းသပ်ဖို့အတွက် ပို့လိုက်တာများလား။
အန်လင်းက ရုတ်တရက် သူ့၏ အထူးမစ်ရှင်၏ အခြေအနေများကို ပြန်တွေးမိသွား၏။ အခြေအနေများမှာ သူက အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်တွင် ထိပ်ဆုံး ကျောင်းသား ၁၀၀၏ အပြင်တွင် ရောက်ရမည်ဟု ဖော်ပြထားပြီး ဆိုလိုသည်မှာ သူက သူ့၏ ကိုယ်ပိုင် တိုက်ခိုက်နိုင်စွမ်းနှင့် အောင်မြင်မှု ရမှတ်များကို ကန့်သတ်ထားရန် လိုသည်ဟုပင်။ သူက တိုက်ပွဲများကို ရွေးချယ်ကာ အဓိပ္ပာယ်မရှိသော တိုက်ခိုက်မှုများကို လျစ်လျူရှုရပေမည်။
အန်လင်း၏ တုန့်ပြန်ချက်မဲ့ခြင်းက ယန်ဝေးကို အန်လင်းက သူ့ပြောသည်ကို မကြားဟုထင်သွားစေ၏။ သို့ဖြစ်၍ သူက သူ့၏ စိန်ခေါ်မှုကို ထပ်ပြောလာ၏။ "စီနီယာ အန်လင်း၊ ကျွန်တော်က ပထမနှစ် အတန်းက ယန်ဝေးပါ။ ကျေးဇူးပြုပြီး သင်ပြပေးပါအုံး။"
အန်လင်းက ခေါင်းခါပြလိုက်၏။ "မင်း လူမှားနေပြီ။ ငါက အန်လင်း မဟုတ်ဘူး။"
သူက စကားပြောနေရင်း သူ့၏ အုတ်ခဲနက်ပေါ်သို့ ခုန်တက်ကာ လေထဲသို့ ပျံသွားပြီး ဖုန်မှုန့် တိမ်တိုက်များ ချစ်ရစ်ခဲ့လေ၏။
ယန်ဝေး : "..."
သူက အန်လင်း၏ ပုံရိပ် အဝေးသို့ ပျောက်ကွယ်သွားသည်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။
သူက လူမှားသွားတာလား။ ချီးပဲ။
သူက စီနီယာအန်လင်း၏ ပုံကို နေ့တိုင်း ကိုးကွယ်နေတာ။ စီနီယာကျောင်းသား အန်လင်းက ဘာပုံလဲဆိုတာကို သူက ဘယ်လိုလုပ် မေ့ရမှာလဲ။
ပြီးတော့ စီနီယာအန်လင်းကလွဲလို့ ဘယ်သူကများ အဲ့လိုမျိုး ရူးကြောင်ကြောင် အုတ်ခဲနက်ကြီးကို သယ်ယူပို့ဆောင်ရေး ပစ္စည်းအဖြစ်သုံးမှာလဲ။
ယန်ဝေး၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားကာ စိတ်ပျက်အားငယ်သော အမူအရာတစ်ခုက ပေါ်လာပြီး ယန်ဝေးက ရုတ်တရက် သဘောပေါက်လာလေ၏။ "စီနီယာ အန်လင်းရဲ့ မျက်လုံးထဲမှာ ငါက တိုက်ခိုက်ဖို့အတွက် မထိုက်တန်ဘူးလို့ ထင်နေတာများလား...။"
ထိုအခိုက်၌ အန်လင်းမှာတော့ အဝေးသို့ပျံလာကာ စနစ်၏ မစ်ရှင်ကိုသာ အာရုံစိုက်နေလေ၏။ သို့ဖြစ်၍ ယန်ဝေး၏ စိတ်ခံစားချက်များကို စဉ်းစားနိုင်ရန် ဉာဏ်စွမ်းမရှိပါချေ။
အကယ်၍ သူက အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်တွင် ထိပ်ဆုံး အယောက် ၁၀၀၏ အပြင်ကို ရောက်ချင်ပါက လွယ်ကူပါသည်။ သူက တိုက်ပွဲအားလုံးကို ရှောင်ရှားရန်သာ လိုအပ်ပေ၏။ သို့သော် ခက်ခဲသော အပိုင်းမှာ စုရှောင်လန်ကို နံပါတ်၁နေရာသို့ ရောက်ရန် ကူညီခြင်းပင်။
စုရှောင်လန်က မည်သည့်ပြဿနာမှ မရှိပဲ ထိပ်ဆုံး၅ယောက်အတွင်း ဝင်နိုင်ပေ၏။
သို့သော်လည်း သူမ ထိပ်ဆုံးနေရာသို့ ရောက်ချင်ပါက ပြိုင်ဘက်တစ်ချို့ရှိပါသေး၏။ ထို့ပြင် အန်လင်းက သူမ၏ ခွန်အားအကြီးဆုံး ပြိုင်ဘက်အများစုနှင့် ရင်းနှီးပေ၏။
လျှိုချင်ဟွမ်၊ ရွှမ်ယွမ်ချန်၊ စုချန်းရန်၊ တန်ရှီမန်နှင့် ဇိုချူးပင်တို့ဖြစ်သည်။
သူတို့ ငါးယောက်စလုံးမှာ စုရှောင်လန်အတွက် သန်မာသော ခြိမ်းခြောက်မှုဟု ပြောနိုင်ပေ၏။ ပထမဆုံးလေးယောက်မှာ မိတ်ဆက်ပေးရန် မလိုပါပေ။
နောက်ဆုံးတစ်ယောက်ဖြစ်သော ဇူချူးပင် အမည်ရ အမျိုးသားမှာ လျိုချင်ဟွမ်နှင့် တစ်နှစ်တည်းဖြစ်၏။ လျှိုချင်ဟွမ်၏ လင်းလက်နေသော ကျော်ကြားမှုကြောင့်သာ သူက ဂုဏ်သတင်း မှေးမှိန်နေခြင််း ဖြစ်၏။ သို့သော် သူ့လမ်းကြောင်းတွင်တော့ သူက အတော်လေး အစွမ်းထက်သည့် ကျင့်ကြံသူတစ်ဦးဖြစ်လေ၏။
သိရသည်မှာတော့ အန်လင်း အတိဒုက္ခကျော်လွှားသည့်အချိန်က သူလည်း ရှိနေခဲ့ပြီး ရွှေရောင် ဟာလာပြင် လျှပ်စီး ကီရင်ကို လေ့လာပြီးနောက် သူ့၏ ကိုယ်ပိုင်လျှပ်စီးနယ်မြေကို ရရှိရန် စီမံနိုင်ခဲ့၏။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သူက လျှိုချင်ဟွမ်ပြီးလျှင် ဝိညာဉ် ဖွဲ့စည်းခြင်း တစ်ဝက်အဆင့်ကို ရောက်နိုင်ခဲ့သော ဒုတိယကျောင်းသား ဖြစ်လာလေ၏။ ထိုသည်က ကျောင်းတစ်ခုလုံးတွင် သတင်းကြီးဖြစ်သင့်သော်လည်း ကံမကောင်းစွာဖြင့် တခြားသူများက အန်လင်းအကြောင်း ဆွေးနွေးရင်း အလွန်အလုပ်များနေသည်မို့ သူ့၏ ကျော်ကြားမှုများမှာ မီးမောင်ထိုးမှု၏ အပြင်သို့ ရောက်သွားရ၏။
အန်လင်းက စုရှောင်လန်အတွက် သူက ဒုတိယ ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်ဟု မဆုံးဖြတ်ခင်တွင် သူ့ကိုယ်သူခေတ္တမျှ တုန့်ဆိုင်းသွားရ၏။
အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ သေချာပေါက်ပင် လျှိုချင်ဟွမ်ဖြစ်၏။ အကယ်၍ သူမက ဓားကို အသုံးပြုလာပါက စုရှောင်လန်မှာ အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပါပေ။
ထို့နောက် သိပ်မကြာခင်တွင် မန္တန်နည်းလမ်းများ ထုတ်လွှတ်ခြင်း၏ အသံမှာ အောက်ဘက်မြေကြီးမှ ထွက်ပေါ်လာ၏။
အန်လင်းက ငုံ့ကြည့်လိုက်သောအခါ ထိုသည်မှာ တာအို ခန္ဓာအဆင့်ကျောင်းသားများကြားတွင် ဖြစ်ပွားနေသည်ကို တွေ့ရှိရ၏။
တာအိုခန္ဓာအဆင့်၉ အမျိုးသားတစ်ဦးက သူ့ပြိုင်ဖက်ဖြစ်သော တာအိုခန္ဓာအဆင့်၁၀ကို အနိုင်ပိုင်းတော့မည်ဖြစ်၏။ ထိုသည်က အန်လင်းကို သူသည်လည်း သူ့ထက် ကျင့်ကြံခြင်း အခြေခံမြင့်သည့် ကျင့်ကြံသူအများကို အနိုင်ပိုင်းလိုက်နိုင်သော သူ့၏ ပထမဆုံးသော ကန့်သတ်မဲ့ တိုက်ပွဲကို သတိရသွားစေ၏။
တာအို ခန္ဓာ အဆင့်၉ ကျင့်ကြံသူမှာ တိုက်ပွဲကို အနိုင်ရသွား၏။ သို့သော် သူက လုပ်ငန်းစဉ်အတွင်း ဒဏ်ရာများစွာ ရရှိသွားပြီး သူ့၏ အရရှိန်အဝါမှာ သူ့တည်ရှိမှု အပြင်တွင် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေလေ၏။
အန်လင်းမှာ သူ့၏ညာဘက်လက်သီးမှ သိုလှောင်လက်စွပ်မှာ ရွှေရောင်လင်းလာသည်ကို မြင်သောအခါ ရှင်းမပြနိုင်သော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရ၏...။
အဆုံးတွင် နောက်ဆုံး အခိုက်အတန့်၌ သူ့ကိုယ်သူ ရပ်တန့်ရန် စီစဉ်နိုင်ပြီး စိတ်ခံစားချက်များ ပါသည့် သပ်ပြင်းတစ်ခုချရင်း ခေါင်းခါရင်းလိုက်ကာ အဝေးသို့ ပျံသန်းသွား၏။ "ငါက အောင်ပွဲရတာနဲ့ အဆင့်တွေကို ထပ်ပြီး ခေါင်းငုံ့ဝင်စရာမလိုတော့ဘူး။ အဲ့တာက တိုးတက်မှု လက္ခဏာ ဖြစ်နိုင်တယ်..."
သူက သူ့၏ ခွန်အားကို ထုတ်မပြပဲ သူ့၏ အောင်မြင်မှု ရမှတ်များကို လျော့ချရန် လိုအပ်ပါသည်။
သူက သူ့အောက်မြေပြင်ပေါ်မှ ကျောင်းသားများကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်ပြီး သူ့၏ ရှာဖွေမှုကို ဆက်လက်ပြုလုပ်ရန် အုတ်ခံပေါ်မှ အဝေးသို့ပျံသန်းလာခဲ့၏။
တောင်ထိပ်တစ်ထောင် သစ်တောမှာ အလွန်ကြီးမားသော ဧရိယာရှိပြီး အန်လင်းက ပျံနိုင်လျှင်တောင်မှ တစ်စုံတစ်ယောက်ကို ရှာဖွေရန်မှာ ခက်ခဲလှ၏။ တတိယမြောက်နေ့မှသာလျှင် အတားအဆီးက ဧရိယာအငယ်လေးအဖြစ် ကျုံ့ဝင်သွားပြီး အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားတွင် ထိပ်ဆုံးနေရာတစ်ချို့ကို ဆုံးဖြတ်ရန် တိုက်ပွဲတစ်ခုဖြစ်လာလေ၏။
တောအုပ်ကြီးက မျက်စိတစ်ဆုံး ကျယ်ပြန့်ပြီး အန်လင်းက သူ့၏ ပစ်မှတ်ကို ဆက်လက် ရှာဖွေနေရင်း စုရှောင်လန်က သူရှာမတွေ့ခင်အထိ ထိန်းထားနိုင်ရန် ဆုတောင်းနေလိုက်၏...။ အကယ်၍ သူမက တစ်ခုခုဖြစ်သွားပါက သူက အသက်ဆက်ရှင်ရန် ရည်မှန်းချက်မရှိတော့ပါပေ။
***