မဟာမိတ်တစ်ခု ဖြစ်ပေါ်လာခြင်း
Vol. 28 Ch. 394
ကျောက်စိမ်းဖြူရင်ပြင်ပေါ်တွင် ယောင်မင်ရှီက ယောင်ရှု၏ ဒဏ်ရာများကို ဆေးထည့်ပေးနေလေ၏။
ယေင်ရှု၏ ခန္ဓာကိုယ်ပေါ်တွင် သူမ၏ အစိမ်းရောင် အပေါ်အင်္ကျီကို နှစ်ပိုင်း ပိုင်းပစ်သော ဓားဒဏ်ရာ ခပ်နက်နက်တစ်ခု ရှိလေ၏။
ယောင်ရှုက ယောင်မင်ရှီကို အြပစ်ရှိသော အမူအရာနှင့် ကြည့်လိုက်ပြီး "တောင်းပန်ပါတယ် အစ်ကိုကြီး၊ ညီမလေးက တော်တော်ကို အသုံးမကျပဲ အစ်ကိုကြီးကိုပါ ညီမနဲ့အတူ ဆွဲချမိပြီ...။"
"အဓိပ္ပာယ်မရှိတာ။ ဒီတစ်ခေါက်က ငါတို့ ကံဆိုးသွားလို့ပါ။ စီနီယာ ထန်ရှီမန်က စတုတ္ထနှစ်ထဲမှာ အသန်မာဆုံးကျောင်းသားဖြစ်ပြီးတော့ အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်မှာ သူက ထိပ်ဆုံးနေရာတစ်ချို့ထဲမှာပါမဲ့ ပြိုင်ပွဲဝင်လေ။ သူက နောက်ဆုံးရက်အထိ တက်ရောက်နိုင်အောင်ကို သန်မာတာ အသေအချာပဲကို။ အဲ့တော့ သူ့ကို ရှုံးတာက ရှက်စရာမရှိပါဘူး။" ယောင်မင်ရှီက သူ့အနာသူ ဆေးထည့်ရင်း ပြောလိုက်၏။
ထိုအချိန်၌ပင် သူတို့နှစ်ယောက်၏ဘေးမှ လေထဲတွင် ရွှေရောင်အလင်းတစ်ခု တောက်ပလာ၏။
ထန်ရှီမန်၏ ခန္ဓာကိုယ်က ယောင်မင်ရှီဘေးတွင် ထွက်ပေါ်လာ၏။ သူ့၏ ရင်ဘတ်မှာ မီးကျွမ်းနေပြီး သူ့ကြည့်ရသည်မှာ အတော်လေး ဒုက္ခရောက်နေသည့် ပုံပေါက်နေ၏။
ယောင်မင်ရှီနှင့် ယောင်ရှုတို့နှစ်ဦးစလုံးမှာ သူတို့၏ ဘေးသို့ကြည့်ရန် လှည့်လိုက်ပြီး အံ့ဩတကြီး ငေးငိုင်မှုသို့ ကျရောက်သွား၏။
သူတို့သုံးယောက်သားမှာ တစ်ယောက်ကို တစ်ယောက်ကြည့်နေပြီး ပတ်ဝန်းကျင်မှာ ရုတ်တရက် အတော်လေး ထူးဆန်းလာ၏။
"ဖွီး... ဟားဟားဟား... အစ်ကိုကြီး၊ စီနီယာ ထန်ကြည့်ရတာ အတော်လေး ဒုက္ခရောက်နေတဲ့ပုံပဲ။" ယောင်ရှုက ဟက်ဟက်ပက်ပက်ရယ်မောလိုက်သော်လည်း သူမ၏ လှုပ်ရှားမှုကြောင့် ဒဏ်ရာများက ပိုမို ဆိုးရွားလားပြီး နာကျင်မှုကြောင့် မျက်နှာ ရှုံ့မဲ့သွား၏။
ယောင်မင်ရှီသည်လည်း မထိန်းနိုင်ပဲ ရယ်မောလာပေတော့သည်။ "ကျွန်တော်က အခုလေးတင်ပဲ စီနီယာ ထန်က နောက်ဆုံးနေ့ထိ သေချာပေါက် တက်လှမ်းနိုင်မှာလို့ပြောနေတာ။ ကျွန်တော်မှားတယ်လို့ သက်သေပြဖို့ အစ်ကိုက ဒီလောက်မြန်မြန်ကြီး ပြန်လာမယ်လို့ ဘယ်သူက ထင်မှာလဲ။"
ထန်ရှီမန်လည်း ခပ်ဖွဖွရယ်ကာ တုန့်ပြန်လိုက်၏။ "တစ်ခါတစ်လေ ဘဝကြီးက ထူးဆန်းတဲ့ နည်းလမ်းတွေနဲ့ အလုပ်ဖြစ်သွားတတ်တယ်။"
သူတို့ သုံးယောက်မှာ သိပ်မကြာခင်ကပင် ကြမ်းတမ်းသော တိုက်ပွဲထဲတွင် ရင်ဆိုင်တိုက်ခိုက်ထားသော်လည်း ယခုတွင်တော့ သူတို့က သူငယ်ချင်းကောင်းများကဲ့သို့ ရယ်မောရင်း စကားစမြည်းပြောနေကြ၏။
တောင်ထိပ်တစ်ထောင် သစ်တောအတွင်း၌မူ...
အန်လင်းနှင့် လျှိုချင်ဟွမ်သည် ကျောက်ဆောင်နက်တောင်ထိပ်သို့ လာကာ League of Valorကို အတူဆော့နေကြ၏။
အကျိုးဆက်မှာတော့ ဤနေရာတွင် အသေးစိတ်မပြောတော့သည့် နောက်ထပ်သော တဖက်သတ် ရိုက်နှက်ခြင်းသာဖြစ်၏။
သူလုပ်နိုင်သည်ကတော့ ဤထိပ်တန်းခြိမ်းခြောက်မှုကို အချိန်ဆွဲကာ စုရှောင်လန်ကို ကူညီရန်အတွက် အစီအစဉ်တစ်ခု ဖန်တီရန်သာဖြစ်၏။
အကြီးဆုံးအကြောက်တရားက မသိနိုင်သောနေရာမှ လာခြင်းဖြစ်၏။ အန်လင်းသည် စုရှောင်လန်က မည်သည့်ရန်သူကို ရင်ဆိုင်ရမည်နှင့် စုရှောင်လန်က မနက်ဖြန်အထိ အခြေအနေများကို ထိန်းထားအုံးမည်လားဆိုတာကို မသိနိုင်ပါပေ။
အန်လင်းက အရှက်ရစေသော အတွေးဖြင့် သူ့၏ ချန်ပီယံ Yasuo the Unforgivenက နောက်တစ်ကြိမ် ဆန့်ကျင်ဘက် ချန်ပီယံက ဆင့်ခေါ်လိုက်သော ဉက္ကာခဲများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်မို့ စိတ်ရှုပ်ထွေးသွား၏။
အသံသာသာဖြင့် ကြည်ကြည်နူးနူး ငိုကြွေးသံက နောက်တစ်ကြိမ်ထွက်ပေါ်လာလေ၏။
...
နောက်တစ်နေ့တွင် တစ်ညလုံး League of Valorဆော့နေပြီးနောက် သူတို့နှစ်ဦးစလုံးက တပြိုင်နက်တည်း သန်းဝေလိုက်၏။
အန်လင်းက တောက်ပနေသော နေရောင်၏အောက်တွင် အထူးလှပနေသော လျှိုချင်ဟွမ်ကို အပြုံးဖြင့် ကြည့်လိုက်၏။ "ဟုတ်ပြီ။ ငါကတိတည်လိုက်ပြီနော်။"
လျှိုချင်ဟွမ်က ခေါင်းငြိမ့်လိုက်၏။ "မင်းက အစစ်အမှန်ကို လုပ်ပေးပြီးပါပြီ။ ငါတို့ သူငယ်ချင်းဆက်ဆံရေးက ရှေ့ဆက်သွားပြီ။"
အန်လင်းက ခတ္တတုံ့ဆိုင်းနေပြီး ဆက်ပြောလာ၏။ "ငါမင်းနဲ့ အပေးအယူတစ်ခုလုပ်ချင်တယ်။ မင်းက လူတစ်ချို့ကို ငါ့အတွက်ထုတ်ပေး ငါမင်းနဲ့ နောက်တစ်ရက် ဂိမ်းအတူတူကစားပေးမယ်။ အဲ့တာဆို ဘယ်လိုလဲ။"
လျှိုချင်ဟွမ်က ထိုကမ်းလှမ်းချက်ကြောင့် အနည်းငယ်စိတ်ရှုပ်ထွေးသွား၏။ "သူတို့ကို ရိုက်ဖို့ ငါ့အကူအညီတောင်လိုတာဆိုတော့ ဘယ်သူကများ အဲ့လောက်ထိ သန်မာနေလို့လဲ။"
"ငါက နှိမ့်ချဖို့ ကြိုးစားနေတာပါ။ ငါ့ကို နင်သိတယ်မလား ငါက ကြွားဝါရတာတို့ ရှိုးထုတ်ရတာတို့ကို မုန်းတဲ့ နှိမ့်ချတတ်တဲ့ လူလေ..." အန်လင်းက အတည်ပေါက် အမူအရာဖြင့် ပြန်ဖြေလာ၏။
လျှိုချင်ဟွမ်က မျက်လုံးလှန်လိုက်ပြီး "အဓိပ္ပာယ်မရှိတာတွေ တော်စမ်း။ နင် တကယ်ကို ထူးဆန်းနေတယ်နော်။ ဘာတွေကြံနေတာလဲ။ နင်တကယ်ကြီး ငါနဲ့ ဂိမ်းကစားဖို့ ဆင်ခြေရှာနေတာလို့တော့ လာမပြောနဲ့နော်...။ အရင်တုန်းကဆို ငါနင့်ကို စိတ်ဝိညာဉ် ကျောက်တုံးတွေပေးတာတောင် နင်က ငါ့နဲ့ မကစားပါဘူး။"
အန်လင်းက ခေတ္တမျှတုံ့ဆိုင်းသွားပြီး လျှိုချင်ဟွမ်ကို ကြည့်လိုက်ရာ ပြီတီတီနှင့် လက်ဦးမှု ရသော အကြည့်နှင့် မိတ်ဆက်ခံလိုက်ရ၏။
"ငါက စုရှောင်လန်ကို အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်မှာ အဆင့်ပထမရပြီး ငါက အဆင့်၁၀၀ရဲ့ အပြင်ကို ရောက်စေချင်တာ။" အန်လင်းက အသက်ပြင်းပြင်းရှုလိုက်ပြီး လျှိုချင်းဟွမ်အား အမှန်တရားကို ပြောပြလိုက်၏။
သူ့အဖြေကြောင့် လျှိုချင်ဟွမ်က အနည်းငယ်ကြောင်သွားသော်လည်း အပြုံးတစ်ခုက သူမ၏ မျက်နှာထက်တွင် ပေါ်လာလေ၏။ "အဲ့လို ထူးထူးဆန်းဆန်း အဖြေက တကယ်ကြီး အမှန်ဖြစ်တဲ့ပုံ ပေါက်နေတယ်။ တကယ်လို့ အဲ့တာသာ အမှန်ဆို ငါက မင်းရဲ့အကြီးမားဆုံး အတားအဆီးဖြစ်လောက်မယ်။"
လျှိုချင်ဟွမ်က လွင့်နေသော သူမ၏ ဆံပင်အနည်းငယ်ကို သူမ၏ နားနောက်သို့ညှပ်လိုက်ပြီး သူမ၏ ရှေ့က အမျိုးသားကို ငေးကြည့်လိုက်၏။ "ငါ့ကို ဘာလို့ အမှန်အတိုင်းပြောပြတာလဲ။ အဲ့အတွက် နင်လဲ ဘာမှ မရပဲနဲ။"
"ဘာလို့လဲဆိုတော့ ငါတို့က သူငယ်ချင်းတွေမို့လေ။ ငါနင့်ကို လိမ်ပြီး အသုံးမချချင်လို့။ အဲ့တာကြောင့် ငါက ရိုးသားဖို့ ဆုံးဖြတ်လိုက်တာ။" အန်လင်းက သူ့၏ စစ်မှန်သော အတွေးများကို ဖော်ပြလိုက်၏။
လျှိုချင်ဟွမ်၏ မျက်လုံးများထဲတွင် လှိုင်းတစ်ခု ဖြတ်လင်းသွားပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးခပ်ဖွဖွတစ်ခုပေါ်လာ၏။ "နင်က ငါ့ကို အရူးတစ်ယောက်လို မဆက်ဆံပဲ သူငယ်ချင်းတစ်ယောက်လို ဆက်ဆံနေတာဆိုတော့ ငါလဲနင့်ကို သူငယ်ချင်းတစ်ယောက်လို ကူညီပေးပါ့မယ်။"
"တကယ်လား..." အန်လင်းက သူမ၏ စကားများကို ကြားပြီး စိတ်လှုပ်ရှားစွာ ထခုန်မိတော့ မလိုပင် ဖြစ်သွား၏။
လျှိုချင်ဟွမ်က သိမ်သိမ်မွေ့မွေ့အပြုံးလေးနှင့် ပြန်ဖြေလာ၏။ "ဒါပေါ့ ငါက မလိမ်ပါဘူး။ ရိုးရိုးသားသားပြောရရင် နင်လုပ်ဖို့ကြိုးစားနေတာက အတော်လေး ပျော်စရာကောင်းမဲ့ပုံပ။"
"နင်က အဲ့တာကို အပျော်လို့ ထင်နေတယ်။ ဒါပေမဲ့ အဲ့တာက ငါ့ရဲ့ကျန်တဲ့ဘဝတစ်လျှောက်လုံးရဲ့ ပျော်ရွှင်မှုကို အတော်လေး သက်ရောက်နေတာ။ အဲ့တော့ ဒီမှာ ဘာမှ မှားလို့မရဘူး။" အန်လင်းက တည်ကြည်သော မျက်နှာထားဖြင့် စကားပြောလာ၏။
"နင့်ရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံးရဲ့ ပျော်ရွှင်မှု ဟုတ်လား။ နင်က ဒီအခွင့်အရေးကို စုရှောင်လန်ကို နင့်ရဲ့ အချစ်တွေကို ဝန်ခံတော့မလို့လား။" လျှိုချင်ဟွမ်က စိတ်လှုပ်ရှားစွာ ပြောလာ၏။
"နင်ဘာတွေ တွေးနေတာလဲ။" အန်လင်းက အလျင်အမြန်ပင် ငြင်းဆန်လိုက်ပြီး "အဲ့တာနဲ့ ဘာမှ မဆိုင်ပါဘူး။ ဒါက တခြားတစ်ခုပါ။"
လျှိုချင်ဟွမ်က သူမ၏ နဖူးကို လက်ချောင်း သွယ်လေးတစ်ချောင်းဖြင့် တို့လိုက်၏။ "ဟင်... တခြားတစ်ခု။ နင့်ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံးအတွက် ပျော်ရွှင်မှု...။ အဲ့တာနဲ့ နင့်ရဲ -စ်နဲ့ ဆိုင်တာ တစ်ခုခုများလား။ နင့်ရဲ့ -စ်က အန္တရာယ်ထဲကျရောက်နေတာလား။"
အန်လင်း၏ ခန္ဓာကိုယ်က ရမ်းခါသွားပြီး အသက်ပြင်းပြင်းရှုလိုက်မိ၏။
သောက်ကျိုးနည်း။ သူမ၏ ဦးနှောဏ်က ဒီလိုမျိုး တစ်စုံတစ်ခုကို မှန်းဆနိုင်အောင် ဘယ်လိုတောင် အလုပ်လုပ်လိုက်သလဲ။
"ဒီစစ်ဆင်ရေးက စုရှောင်လန်နဲ့ သက်ဆိုင်နေတယ်။ အဲ့တော့ အဲ့တာကို 'မင်းကို အနိုင်ရအောင် ကူညီပြီး ငါ့-စ်ကို ကယ်တင်မယ်'ဆိုပြီး နာမည်ပေးရင်ရော။" လျှိုချင်ဟွမ်က အကြံပေးလာ၏။
အန်လင်း : "..."
အန်လင်းက သွေးအန်လိုသည့် စိတ်ကို ထိန်းချုပ်ထားကာ လျှိုချင်ဟွမ်နှင့် နောက်အဆင့်များကို စတင်ဆွေးနွေးလိုက်၏။
လျှိုချင်ဟွမ်က စုရှောင်လန်ထက် ယှဉ်ပြိုင်နိုင်စွမ်း အမှတ်နိမ့်တာ သေချာအောင် သူမ၏ ဓားအသုံးပြုမှုကို ရှောင်ရမည် ဖြစ်၏။ အောင်မြင်မှု အမှတ်အတွက်မူ သူမက အငယ်လေးများကို ရှောင်ကာ စုရှောင်လန်အတွက် အဓိက ခြိမ်းခြောက်မှုများကိုသာ ရွေးချယ်ပြီး တိုက်ရ၏။ ထိုသည်က သူမ၏ အောင်မြင်မှုအမှတ်ကို အနိမ့်ဆုံးမှာ ထိန်းထားပေး၏။
သူတို့က အပြင်းအထန် ပြဿနာ နောက်ထပ်တစ်ခုနှင့် ရင်ဆိုင်ရပြန်၏။ လျှိုချင်ဟွမ်က ရွှမ်ယွမ်ချန်၊ စုရှောင်လန်၊ နှင့် ဇူချူးပင်တို့ကို သူမ၏ ဓားမသုံးပဲ တကယ်ပဲ အနိုင်တိုက်နိုင်မည်လား။ သူမက သူတို့အပေါ်တွင် အသတ်ဖြတ် ရိုက်ချက် ကျရောက်စေပါက ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် အကယ်၍ သူမက သူတို့နှင့် တရားမျှတသော တိုက်ပွဲတစ်ခုတွင် ရင်ဆိုင်ရပါက သူမ၏ အောင်နိုင်မည့် အခွင့်အရေးမှာ အတော်လေး နည်းပါလှ၏။
"ကောင်းပြီ။ တကယ်လို့ ငါက ငါ့ရဲ့ စွမ်းအင်အပြည့်ကို ဇူးချူးပင်ကို အနိုင်ယူဖို့ သုံးပြီးတော့ ငါ့ကိုယ်ငါကျတော့ စုရှောင်လန်ဆီမှာ အရှုံးခံလိုက်မယ်ဆိုရင် သူမရဲ့ တိုက်ခိုက်နိုင်စွမ်းအား အမှတ်က ငါ့ထက်နည်းရင်တောင်မှ သူမရဲ့ အောင်မြင်မှု အမှတ်က အများကြီး ပိုမြင့်နေမှာ အဲ့တာဆို သူမက အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်မှာ နံပါတ်တစ်ရဖို့က အခွင့်အရေး အတော်ကောင်းနေသေးတယ်။" လျှိုချင်ဟွမ်က အကြံပြုလာလေ၏။
အန်လင်းက စိတ်ရှုပ်ထွေးသော အမူအရာနှင့် ခေါင်းငြိမ့်ပြ၏။ "နင်က သေချာပေါက် တိုက်ပွဲတစ်ခုမှာ ခွန်အားအပြည့်နဲ့တိုက်လိုက် ပြီးရင် စုရှောင်လန်နဲ့ တိုက်လိုက်... ဒါပေမဲ့ နင်က ဒါမျိုး လုပ်စရာမလိုပါဘူး။ နင့်ကို ဒီလိုလုပ်ခိုင်းရတာ ငါအပစ်ရှိသလိုတော့ ခံစားရတယ်..."
လျှိုချင်ဟွမ်က အန်လင်း ပခုံးကို ပြုံးဖြဲဖြဲနှင့် ပုတ်လိုက်၏။ "ကောင်းပြီ။ မကူညီရဘူးဆိုရင်လဲ မင်းရဲ့ပျော်ရွှင်မှုကို စတေးဖို့ သေချာအောင် လုပ်ထားလေ။"
အန်လင်းက လျှိုချင်းဟွမ်၏ အမူအရာကြောင့် အလွန်အမင်း ရင်ထဲထိသွားပြီး ချက်ချင်းပင် သူ့၏ သိုလှောင်လက်စွပ်ထဲမှ ကျန်နေသော လမုန့်တစ်ဝက်ကို ချက်ချင်းထုတ်လိုက်၏။ "ဒီလမုန့်က ငါ့ကို ချန်အယ်က ပေးထားတာ။ ငါတစ်ဝက်စားပြီးတော့ နင့်ကို ကျန်တဲ့ တစ်ဝက်ပေးတာ။ ကူညီပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။"
လမုန့်မှ လရောင်ဖျော့ဖျော့လေးက ထွက်ပေါ်လာပြီး ထိုထွက်ပေါ်လာမှုက ချက်ချင်းပင် osmanthusပန်းများ၏ မှိန်ဖျော့ဖျော့ ရနံ့မွှေးမွှေးလေးကို ကျောက်ဆောင်နက်တောင်ထိပ်တစ်ခုလုံးဆီသို့ ပျံ့လွင့်လာစေ၏။
လျှိုချင်ဟွမ်က အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး "အဲ့တာက စောက်ကျိုးနည်း တကယ့် လမုန့်လား။ ဘယ်ဆိုးလို့လဲ အန်လင်း၊ ဒီလိုမျိုး တစ်ခုကို လက်ထဲမှာ အရယူနိုင်တာပဲ။ ဒီဟာကို ငါ့ကို ခွဲဝေးပေးဖို့ တွေးတယ်ဆိုတော့ နင်က တကယ့်ကို မိတ်ဆွေကောင်းတစ်ဦးပဲ။"
အန်လင်းက မသိလိုက်မသိဘာသာနှင့် လက်ယမ်းပြလိုက်၏။ "အဲ့တာက ကိစ္စအကြီးကြီး မဟုတ်ပါဘူး။"
လျှိုချင်ဟွမ်က အန်လင်းဆီမှ လမုန့်ကို ယူကာ သူ့အား ညင်သာသော အကြည့်လေးနှင့် ကြည့်လိုက်၏။ "နင်နည်းနည်းထပ်လိုချင်သေးလား။ ငါနင့်ကို ဒီဟာ တစ်ဝက်ထပ်ခွဲပေးလို့ရတယ်နော်။"
"ရပါတယ်။ ရပါတယ်။ ငါက တစ်ဝက်စားပြီးပြီး။ ဒီတစ်ဝက်က နင့်အတွက်ပါ။" အန်လင်းက စိတ်ဆုံးဖြတ်ထားပြီး ခေါင်းခါပြလိုက်၏။
သူက ယီရှီကို တစ်ဝက်ပေးရန် ဆုံးဖြတ်လိုက်သော အချိန်ကတည်းက အန်လင်းသည် ဤတစ်ဝက်ကို လျှိုချင်ဟွမ်အတွက် ချန်ထားရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး အခုက သူမကို ပေးရန် အကောင်းဆုံး အခွင့်အရေး ဖြစ်လေ၏။
သူတို့နှစ်ဦးက ကျောက်ဆောင်နက် တောင်ထိပ်ပေါ်တွင် ဘေးချင်းကပ်ထိုင်ကာ မြင့်တက်လာသော နေမင်းကြီးကို ကြည့်လိုက်၏။ ရွှေရောင် အရောင်အဆင်းတစ်ခုက တဖြည်းဖြည်း သူတို့မျက်စိရှေ့မှ တောအုပ်ကို ဖုံးလွှမ်းထားသော အမှောင်ထုကို အစားထိုးစပြုလာလေ၏။
လျှိုချင်ဟွမ်က သူမ၏ လမုန့်ကို တမြုံ့မြုံ့ဝါးကာ ထို့အရာ၏ ထူးခြားကောင်းမွန်သောအရသာကို အပြည့်အဝ ချီးကျူးနေလေ၏။
နေမင်းက ကောင်းကင်ထက်တွင် တဖြည်းဖြည်း မြင့်တက်လာပြီး သူတို့နှစ်ဦးက စစ်ဆင်ရေးကို စတင်လိုက်တော့၏။
***