စုရှောင်လန်၏ ဘေးသင့်လုနီးနီး အခြေအနေ
Vol. 28 Ch. 395
အန်လင်းနှင့် လျှိုချင်ဟွမ်တို့က တောင်ထိပ်တစ်ထောင် တောအုပ်ကို သူ့တို့၏ ပစ်မှတ်အတွက် ပိုက်စိပ်တိုက် စတင်ရှာဖွေလိုက်၏။
တိုက်ခိုင်နိုင်စွမ်းကို ဆုံးဖြတ်ခြင်းအတွက် တာဝန်ကျသော ဆရာ၊ ဆရာမများ အားလုံးက သူတို့နှစ်ဦးမှာ မည်သည့်တိုက်ပွဲတွင်မှ ရင်ဆိုင်ရန် ရည်ရွယ်ချက်မရှိပဲ ထိုအစား တစ်စုံတစ်ခုကို ရှာဖွေနေပုံရသည်ကို မကြာမီတွင် သိရှိသွားလေ၏။
သူတို့က ထိုသည်ကို မြင်သောအခါ အတော်လေး စိတ်ရှုပ်ထွေးသွားသော်လည်း ထိုသည်က မည်သည့် စည်းကမ်းကိုမှ မချိုးဖောက်သည်မို့ ထိုအရာနှင့် ပတ်သတ်၍ သူတို့က ဘာမှ မလုပ်နိုင်ပါပေ။
သူတို့နှစ်ဦးမှာ ရှစ်နာရီနီးပါး ပျံသန်းပြီးနောက် အခြေခံအားဖြင့် တောင်ထိပ်တစ်ထောင် တောအုပ်၏ ထောင့်ပေါင်းစုံကို ရှာဖွေပြီးသွားသော်လည်း သူတို့၏ ပစ်မှတ် ၄ခုကို ရှာမတွေ့နိုင်သေးပါပေ။
"ငါတို့ကံကလဲ ဆိုးလိုက်တာနော်။ စုရှောင်လန်၊ ရွှမ်ယွမ်ချန်၊ စုချန်းရန်နဲ့ ဇူချူးပင်တို့ တစ်ယောက်မှကို မတွေ့ရသေးဘူး။" လျှိုချင်ဟွမ်က ဒေါသထွက်ကာ သက်ပြင်းချလာ၏။
"အဲ့တာက သူတို့က နေရာသေးသေးလေးမှာ စုမိနေမဲ့ အခွင့်အရေးများတယ်။ ငါတို့ မြန်မြန်လုပ်ရမယ်။"
အန်လင်းက အတော်လေး တက်ကြွလာ၏။ သူတို့က မိန်းမစိုးဖြစ်လာခြင်း၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရပါက မည်သူကမှ တည်ငြိမ်မနေနိုင်ပါပေ။
သို့ဖြစ်၍ သူတို့က တောင်ထိပ်တစ်ထောင် တောအုပ်၏ တောင်ပိုင်း နယ်မြေတစ်ခုလုံးကို ပိုက်စိပ်တိုက်ရှာလိုက်၏။
အန်လင်းက လမ်းခုလပ်တွင် လျှိုတပေါင်သည် တာအိုခန္ဓာအဆင့်၁၀ ကျောင်းသားတစ်ဦးနှင့် တိုက်ခိုက်နေသည်ကို တွေ့လိုက်ပြီး တခဏချင်းပင် စိတ်ခံစားချက်များ ပေါင်းစုံလာ၏။ လျှိုတပေါင်က အရင်တုန်းကဆိုလျှင် အခြေခံအားဖြင့် အလကားရမှတ်များ၏ လမ်းလျှောက်နေသောအပုံကြီး ဖြစ်သော်လည်း ယခုတွင်မူ ထိုသို့ ထပ်မဟုတ်တော့ပါပေ။
လျှိုတပေါင်၏ အံ့ချီးနေမင်းသိုင်းပညာက သူ့၏ တိုက်ခိုက်မှုတစ်ခုစီတိုင်းကို နေမင်း၏ အသန့်စင်ဆုံးသော အစွမ်းဖြင့် ပြည့်နှက်နေလေ၏။ သူ့၏ ပြိုင်ဘက်မှာမူ ရေခဲအမျိုးအစား မန္တန်နည်းလမ်းတွင် ကျွမ်းကျင်သော ကျောင်းသားတစ်ဦးဖြစ်ပြီး သူက လျှိုတပေါင်၏ တိုက်ကွက်များကို ရှောင်တိမ်းရန် သူ့၏ မြန်ဆန်သော လှုပ်ရှားမှုများကိုသာ အားကိုးနေရ၏။
အဆုံးတွင်တော့ သူက လျှိုတပေါင်၏ သံလက်သီးကို ခံလိုက်ရ၏။
ဤတိုက်ပွဲကို ကြည့်ရှုပြီးနောက် အန်လင်းက သူ့၏ ရှာဖွေမှုကို ဆက်လက် လုပ်ဆောင်လိုက်၏။ ဤတစ်ကြိမ်တွင်မူ သူတို့က တောင်ထိပ်တစ်ထောင် တောအုပ်၏ မြောက်ဘက်ပိုင်းသို့ လာခဲ့ကြ၏။
တဖြည်းဖြည်း ညအမှောင် ကျရောက်လာပြီး သူတို့နှစ်ဦးက အနားမယူပဲ ဆက်လက်ရှာဖွေရန် အစာခံဆေးတောင့်ကို သောက်သုံးလိုက်ကြ၏။
သူတို့ အောက်မှ မြေပြင်တွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကာ မန္တန်နည်းလမ်းများမှ ထုတ်လွှတ်သော အသံကျယ်ကြီးများကို ရန်ဖန်ရန်ခါကြားနိုင်ပေ၏။
အန်လင်းက ပျံသန်းနေရင်း ရုတ်တရက် သက်ရှိစွမ်းအင် အတက်အကျ မှိန်ဖျော့ဖျော့ကို ခံစားလိုက်ရ၏။
"အရှေ့ဘက်ပိုင်းမှာ..." သူက ချက်ချင်းပင် အဝေးဆီမှ တစ်ခုသော တောင်ထိပ်ဆီသို့ လှည့်ကာပျံသန်းသွားလိုက်သည်။
သက်ရှိစွမ်းအင် အတက်အကျမှာ ပိုပို၍ သန်မာလာပြီး အဝေးမှ မိုးကြိုးကြီးတစ်ခုက ရှေးဟောင်းသားရဲတစ်ကောင်၏ ဟိန်းသံကဲ့သို့ ထွက်ပေါ်လာ၏။
နောက်ဆုံးတွင်တော့ ကီလိုမီတာ အနည်းငယ်ထပ်မံ ပျံသန်းပြီးသောအခါ သူတို့က ကောင်းကင်တွင် ကြီးမားသော အနက်ရောင် စွမ်းအင် လေပွေ၏ မြင်ကွင်းနှင့် မိတ်ဆက်ခံလိုက်ရ၏။ လေပွေထဲတွင် လျှပ်စီးများ လင်းလက်နေပြီး အကြီးအကျယ် ဖျက်စီးနိုင်စွမ်းသော စွမ်းအင်များ ပါဝင်နေ၏။
သူတို့နှစ်ဦးက တိုက်ပွဲဖြစ်ပွားရာ နေရာဆီသို့ တဖြည်းဖြည်း ဆင်းသက်လိုက်၏။
ဘုန်း...
နောက်ထပ် အသံကျယ်ကြီးတစ်ခုက ထွက်ပေါ်လာပြီး လျှပ်စီးများက ရုတ်တရက် စတင်လင်းလက်လာကာ ဆန့်ကျင်ဘက် ဦးတည်ရာတွင် ပုံရိပ်နှစ်ခုက ပေါ်လာလေ၏။
အန်လင်းက တိုက်ပွဲထဲမှ လူနှစ်ယောက်ကို ရိပ်ခနဲ မြင်လိုက်ပြီး သူ့နှလုံးသားမှာ တုန်လှုပ်သွားရ၏။ သူက ချက်ချင်းပင် အပြေးဝင်သွားမလို ဖြစ်သွားသော်လည်း နောက်ဆုံး စက္ကန့်တွင် လျှိုချင်ဟွမ်၏ ပြန်ဆွဲထားသည်ကို ခံလိုက်ရ၏။
"စိတ်အေးအေးထားအုံး။" လျှိုချင်ဟွမ်က မျက်နှာတည်ဖြင့် သတိပေးလိုက်၏။
အန်လင်းနဖူးပေါ်တွင် သွေးကြောများထောင်ထွက်လာပြီး သူ့မျက်လုံးထဲတွင် ဒေါသများ မသိမသာထင်ဟပ်နေလေ၏။
တိုက်ခိုက်နေသော သူနှစ်ဦးမှာ စုရှောင်လန်နှင့် ဇူချူးပင် ဖြစ်လေသည်။
စုရှောင်လန်၏ မင်နက်ကျောက်စိမ်း ဝတ်ရုံမှာ သွေးများရွှဲနေပြီး ဖြစ်ကာ သူ့မ၏ ဝမ်းဗိုက်နှင့် လက်မောင်းများတွင် ဒဏ်ရာများ ရထားလေ၏။ သို့သော်လည်း သူမက အလွန်အမင်း တည်ငြိမ်နေပြီး သူမရှေ့မှ အမျိုးသားကို အေးစက်စက်အမူအရာနှင့် ကြည့်လိုက်၏။
ဇူချူးပင်က လျှပ်စီးသံချပ်ကာ တစ်ခုကို ဝတ်ဆင်ထားပြီး သူသည်လည်း အနည်းငယ် အခြေအနေမကောင်းသော အနေအထားတွင် ရှိနေသော်လည်း သူ့ဒဏ်ရာများမှာ စုရှောင်လန်လောက် မပြင်းထန်ပါပေ။ သူ့ပတ်လည် အချင်းဝက် ပေ၅၀လောက်တွင် အပြာရောင် လျှပ်စီး ပိုင်နက်နယ်မြေတစ်ခု ထွက်နေပြီး ၁၀မီတာခန့်မြင့်သော လျှပ်စီးကီရင်ကြီးတစ်ကောင်က သူ့နောက်တွင် ရပ်နေလေ၏။
သူတို့နှစ်ဦးမှာ ရှေ့တစ်လှမ်းဆီတိုးလိုက်ကာ နောက်တစ်ကြိမ် ထိပ်တိုက် တိုက်ခိုက်လိုက်လေ၏။
စုရှောင်လန်က သူမ၏ နဂါးစာကလေးဓားကို ကိုင်ဆောင်ထားပြီး သူမ၏ လမ်းကြောင်းတွင် ရှိနေသော အရာများ အားလုံးကို သူမဓားသွား၏ ပြိုင်ဘက်ကင်း ချွန်ထက်မှုဖြင့် ခုတ်ပိုင်းပစ်ရန် ခြိမ်းခြောက်နေလေ၏။
ဇူချူးပင်၏ အဓိက နည်းဗျူဟာမှာ လျှပ်စီး ကီရင်က သူ့အစားတိုက်ခိုက်နေစဉ်ဝယ် နောက်တွင်ထိုင်နေရန်ဖြစ်၏။ သို့ဖြစ်၍ သူက စုရှောင်လန်၏ တိုက်ခိုက်မှုကို မကြောက်ပါပေ။
"နင်ဒီမှာနေခဲ့။ ငါသူတို့နားကို ကပ်လို့ရအောင်ကြိုးစားကြည့်အုံးမယ်။" အန်လင်းက ဤတိုက်ပွဲကို ဆက်လက်ဖြစ်ခွင့် မပြုနိုင်တော့ပေဟု ခံစားလိုက်ရ၏။ ထို့အပြင် သူ့နှလုံးသားမှာ ထိန်းချုပ်ထားရာမှ ယခုတွင် လွတ်လိုက်သည့်ဒေါသဖြင့် တောက်လောင်နေလေပြီ။
"နင်ရူးနေလား။ ငါတို့အပေါ်မှာ ကြည့်ကြပ်နေတဲ့ ဆရာတွေရှိတယ်ဟ။ နင်သူတို့ရဲ့ တိုက်ပွဲမှာ သွားကြားဝင်ပြီး ဈေးပေါပေါအကွက်တွေ သုံးလိုက်ရင် နင်က ချက်ချင်း ထုတ်ပယ်ခံရမှာနော်။" လျှိုချင်ဟွမ်က ဖျောင်းဖျတားမြစ်လာ၏။
"ငါ့မှာ တခြား လျှို့ဝှက်အစီအစဉ်ရှိပါသေးတယ်။" အန်လင်းက သူမ၏ သံသယကို ဖျောက်စေလိုက်၏။
ထို့နောက် သူ့ခန္ဓာကိုယ်မှာ အမှောင်ထုအဖြစ် အပြည့်အဝ အရည်ပျော်သွားက သူ့၏ အရှိန်အဝါပင်လျှင် ပျောက်ကွယ်သွားလေ၏။
ဤသည်မှာ အရိပ်နတ်ဆိုး၏ အမွေအနှစ်ဖြစ်၏။ အန်လင်း၏ လက်ရှိ ကျင့်ကြံခြငိးအခြေခံနှင့် ဆိုပါက ဆရာတစ်ယောက်ကပင် ည၏ ဖုံးကွယ်မှုအောက်တွင် သူ့၏ တည်ရှိမှုကို အာရုံမခံနိုင်ပါပေ။
လျှိုချင်ဟွမ်က အံ့ဩတကြီးဖြင့် ပါးစပ်အဟောင်းသားဖြစ်နေ၏။ သူမက အန်လင်းကို အပြည့်အဝပျောက်ဆုံးသွားပြီး သူ့၏ တည်ရှိမှုကို သူမ၏ မျက်စိရှေ့မှာတင် ဖျောက်ပစ်လိုက်နိုင်မည်ဟု မမျှော်လင့်ထားပါပေ။
အထက်လေထုထဲတွင် မြေကမ္ဘာ အင်မော်တယ် ဝူတုန်က သူ့အောက်မှ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်ရှုနေပြီး အမှောင်ထုထဲတွင် ချဉ်းကပ်လာသော ဖြစ်တည်မှုပို သတိမထားမိပါချေ။
အန်လင်းက တဖြည်းဖြည်း နီးကပ်လာကာ သူတို့၏ တိုက်ပွဲနှင့် ပေတစ်ထောင်လောက်အကွာတွင် ရပ်လိုက်၏။ စုရှောင်လန်၏ကိုယ်ပေါ်မှ ဒဏ်ရာများကို မြင်သောအခါ အမြတ်ဒေါသက သူ့၏ သွေးကြောများတစ်လျှောက် ဖြစ်ပွားလာ၏။
ကန့်သတ်မဲ့ တိုက်ပွဲအတွင်း၌ ဒဏ်ရာရသည်မှာ အတော်လေး သာမန်ဖြစ်သည်ကို သူသိသော်လည်း စုရှောင်လန်၏ ဒဏ်ရာများကို မြင်ရခြင်းကြောင့် ဒေါသမထွက်ပဲ မနေနိုင်ပါပေ။
ဘုန်း...
စုရှောင်လန်က လျှပ်စီး မီးတောက် နှစ်ခုပေါင်း ဓားအလင်းတန်းတစ်ခုကို ခုတ်ပိုင်းလိုက်ပြီး လျှပ်စီး ကီရင်ကို နှစ်ပိုင်းတိတိပိုင်းပစ်လိုက်၏။
ဇူချူးပင်က ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး သူ့၏ ပိုင်နက်နယ်မြေထဲရှိ လျှပ်စီးမှာ အလွန်မှိန်ဖျော့လာတော့သည်။ လျှပ်စီးကြောင်းကြီးများက မရေမတွက်နိုင်သော လျှပ်စီးမြွေများကဲ့သို့ တွန့်လိမ်နေကာ နောက်ထပ် လျှပ်စီး ကီရင်တစ်ကောင် ပေါ်လာလေ၏။
"လက်နက်ချလိုက်စမ်း စုရှောင်လန်။ နင်က စုချန်းရန်ကို အနိုင်တိုက်ပြီးသွားပြီလေ။ အဲ့တာက အင်မော်တယ် အဆင့်သတ်မှတ်ချက် ဘုတ်ပြားပေါ်မှာ ထိပ်ဆုံး ၅ယောက်နေရာကို သေချာနေစေပါပြီ။ နင်က ရှေ့ကတိုက်ပွဲမှာ ခွန်အားနည်းနေပြီးသား တိုက်ခိုက်ဖို့ အနေအထားလုံးဝ မရှိတော့ဘူး။ နင်က ငါနဲ့ဆက်တိုက်နေရင် ကိုယ့်ကိုကိုယ် ထပ်ပြီးနာကျင်စေမှာပဲ ရှိမှာကို ပြီးရင်လဲ ဘာဖြစ်မှာမို့လဲ။" ဇူချူးပင်က အေးစက်စွာပြောလာ၏။
စုရှောင်လန်က သူမ၏ ဓားရှည်ကို ကိုင်ထားကာ သူ့မ၏ သေစေနိုင်ပြီး ကျက်သရေ အပြည့်နှင့် ခန္ဓာကိုယ်မှာ မီးတောက်များဖြင့် အပြည့်အဝ လွှမ်းခြုံလာ၏။ သူမ၏ အရှိန်အဝါမှာ ပိုပြီး စွမ်းအားပြင် ပေါက်ကွဲလာကာ သူမ၏ မျက်လုံးများက ရွှေရောင်ပြောင်းသွားပြီး အစွမ်းထက် နဂါးများက သူတို့ထဲတွက် ဖြစ်ပေါ်စပြုလာ၏။
"အဲ့တော့ နင်က ငါအားနည်းနေတဲ့အချိန်မှာ ငါ့ကိုလာတိုက်ပြီးတော့ ငါကျဆုံးခါနီးရင် လက်နက်ချဖို့ ကြိုးစားတယ်ပေါ့။ ငါက အလွယ်တကူ သိမ်းသွင်းလို့ ရတဲ့လူမျိုးလို့ နင်ထင်နေတာလား။ ငါက ဘာပဲဖြစ်ဖြစ် ဒီတိုက်ပွဲကို အရှုံးမပေးဘူး။" စုရှောင်လန်၏ အသံမှာ အေးစက်နေပြီး စိတ်ပိုင်းဖြတ်မှုများနှင့် ပြည့်နေလေ၏။
အန်လင်းက ထိုသည်ကို ကြားပြီးနောက် အနည်းငယ် တုံ့ဆိုင်းသွား၏။ သူ့ဒေါသမှာ ပိုပြီးတော့ပင် ပြင်းထန်လာလေ၏။
အဲ့တော့ စုရှောင်လန်က စုချန်းရန်ကို အနိုင်တိုက်လို့ပြီးပြီးချင်းကို ဒီကောင်စုတ် ဇူချူးပင်က လာပြီးတော့ သူမအပေါ်ကို သတ်ဖြတ်ခြင်း ထိုးနှက်ချက် ပြုလုပ်ဖို့ ချက်ချင်း လိုက်လာတာပေါ့။
ငလူး။ သူက ဘယ်လိုလုပ် လုပ်ရဲရတာလဲ။
ဒီ ဇူခြူးပငျက အနျလငျးရဲ့ေ-ာတှကေို သတျဖွတျခွငျး ထိုးနှကျခကြျပွုလုပျဖို့ ကွိုးစားနတေယျပေါ့။
"ဒါက ကန့်သတ်မဲ့တိုက်ပွဲရဲ့ သဘာဝပဲလေ။ နင်က ရှေ့က တိုက်ပွဲမှာ အင်အားနည်းသွားတာ ဟုတ်ဟုတ် မဟုတ်ဟုတ် ဘယ်သူမှ ဂရုမစိုက်ဘူး။" ဇူချူးပင်က အေးစက်စက်အမူအရာဖြင့် စုရှောင်လန်ဆီသို့ စတင်လျှောက်လှမ်းလာ၏။ လျှပ်စီး ကီရင်က သူ့နောက်တွင် စွမ်းအားများကို စုစည်းစပြုလာပြီး မူလ အရွယ်အစား ပေ၃၀မှ တဖြည်းဖြည်း ပေ၅၀သို့ တိုးလာပြီး ကီရင်အတွင်း၌ ပြည့်နှက်နေသော လျှပ်စီးစွမ်းအင်များမှာလည်း အရင်ကထက် အဆပေါင်းများစွာ အစွမ်းထက်လာလေ၏။
အန်လင်းက deja vuမြင်းကွင်းတစ်ခု ပြန်ပေါ်လာပြီး ဇူချူးပင်၏ စကားများက အရင်နေ့က လျှိုချင်ဟွမ် ထန်ရှီမန်သို့ ပြောခဲ့သည်များကို ပြန်သတိရစေ၏။ သို့သော်လည်း ဤစကားများက ဇူချူးပင် ပြောသောအခါ လုံးဝ ကွာခြားနေသည်ဟု ခံစားရ၏။
ဇူချူးပင်က လက်ပိုက်ကာ သူ့မျက်လုံးများထဲတွင် လျှပ်စီးက စတင် တဖျတ်ဖျတ်တောက်စပြုလာ၏။ သူ့၏ ပိုင်နက်နယ်မြေထဲတွင် ရှိသော လျှပ်စီးမှာ အပြင်းအထန် တိုးဝှေ့လာပြီး မိုးခြိမ်သံများက မိုင်ပေါင်းများစွာ အကွာမှ ကြားနိုင်ပေ၏။ "ငါဒီပိုင်နင်နယ်မြေနဲ့ ကီရင်ကို အတန်းဖော် အန်လင်းရဲ့ အတိဒုက္ခစမ်းသပ်မှုအပြီးမှာ ရရှိခဲ့တာ။ မန္တန်နည်းလမ်းတစ်ခုတည်းကတင် ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေနဲ့ ပြည့်နေတာ။ သတိသာထား နေပေတော့ စုရှောင်လန်။"
စုရှောင်လန်က အန်လင်း၏ အတိဒုက္ခ စမ်းသပ်ခြင်းကို ပြန်သတိရသွားပြီး သူမ၏ မေးစေ့ကို ဝင့်ကြွားနေသော ဖီနစ်တစ်ကောင်ကဲ့သို့ မော့ကာ အပြုံးခပ်ဖွဖွ တစ်ပွင့်က သူမမျက်နှာပေါ်တွင် ပေါ်လာလေ၏။ "နင့်ရဲ့ ကီရင်က အဲ့လောက်လဒ အထင်ကြီးစရာမကောင်းပါဘူး။ သူ့ဟာနဲ့ ယှဉ်ရင် အတော်လေးကို အဆင့်နိမ့်နေသေးတယ်။"
အန်လင်းက စုရှောင်လန်၏ စကားများကို ကြားရသည်ကို ကျေနပ်အားရနေလေ၏။
တစ်စုံတစ်ယောက်က သင့်ကို နောက်ကွယ်တွင် ချီးကျူးနေသည်ကို ကြားရသည်မှာ အကောင်းဆုံး ခံစားချက်ဖြစ်လေ၏။ ထိုအရာများက အစစ်မှန်ဆုံးသော ချီးကျုးမှုများ ဖြစ်သောကြောင့်ပင်။
သို့သော်လည်း သူက ချက်ချင်း သတိပြန်ဝင်လာ၏။ မိန်းမစိုးတစ်ယောက်ဖြစ်လာခြင်း၏ ခြိမ်းခြောက်မှုက ကျရောက်လုဆဲဆဲ ဖြစ်နေပြီးဖြစ်၍ အပျော်ကြူးနေစရာ အချိန်မရှိပါပေ။
ဇူချူးပင်၏ မျက်နှာမှာ ညှိုးကျသွားပြီး လက်မောင်းတစ်ဖက်ကို ရှေ့သို့ ဝေ့ယမ်းလိုက်၏။ လျှပ်စီး ကီရင်မှာ စုရှောင်လန်ဆီသို့ တိုဝင်လာကာ ကောင်းကင်နှင့် မြေကြီးကို ဖျက်စီးပစ်နိုင်သော စွမ်းအားနှင့် သက်ဆင်းလာလေ၏။
စုရှောင်လန်က ကြောက်ရွံ့ဟန် အနည်းငယ်တောင်မရှိပဲ ရင်ဆိုင်လိုက်ပြီး အလျားပေတစ်ထောင်ကျော်ပြီး ကောင်းကင်တစ်ခုလုံးကို ထွန်းလင်းသွားစေသော လျှပ်စီး မီးတောက် နှစ်ခုပေါင်း ဓားအလင်းတန်းတစ်ခုကို ထုတ်လိုက်ပြီး လျှပ်စီးကီရင်ဆီသို့ ခုတ်ပိုင်းပစ်လိုက်၏။
***