← Chapters

သေအောင် ကျိန်စာတိုက်ခံရခြင်း

Vol. 17 Ch. 211

သေအောင် ကျိန်စာတိုက်ခံရခြင်း

Vol. 17 Ch. 211

အခန်း (၂၁၁) သေအောင် ကျိန်စာတိုက်ခံရခြင်း

‘ဗိုလ်ချုပ်ချန်ဖောင်’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဂျိရှင်းရှန်က တကယ်ပဲ ဗိုလ်ချုပ်ချန်ဖောင်နဲ့ ဆက်သွယ်နေတာလား’

ဟန်ကျွယ်လက်ပေါ်က အရိပ်နက်ဟာ သေသေချာချာ ရှင်းရှင်းလင်းလင်းမမြင်နိုင်တဲ့ မျက်နှာတစ်ခုအသွင် ဖြစ်ပေါ်လာပြီး အေးစက်တဲ့အသံနဲ့ ပြောလိုက်ပါတယ် “ကောင်လေး... ဗုဒ္ဓဂိုဏ်းရဲ့ ကိစ္စတွေကို ဝင့်မရှုပ်စမ်းနဲ့”

‘ဗုဒ္ဓဂိုဏ်း... ဗိုလ်ချုပ်ချန်ဖောင်က ဗုဒ္ဓဂိုဏ်းရဲ့ သူလျှိုလား’

ဟန်ကျွယ်က မေးလိုက်ပါတယ် “ခင်ဗျားက ဘယ်သူလဲ၊ ဘာလို့ ကျုပ်သူငယ်ချင်း ကိုယ်ထဲမှာ ပုန်းနေရတာလဲ”

“ဟမ်... ငါက ဗုဒ္ဓဂိုဏ်းဝင် ဝူဖားပဲ၊ သူက ငါ့အမွေအနှစ်ကို ဆက်ခံထားလို့ ငါက သူ့ကို ပြိုးထောင်ချင်ရုံပါ”

‘ဗုဒ္ဓဂိုဏ်းက ဝူဖားလား’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ လူမှုဆက်ဆံရေးကနေ စစ်ဆေးလိုက်ပါတယ်။

[ဗိုလ်ချုပ်ချန်ဖောင်: ကျင့်ကြံမှုမသိ။ တာအိုဂိုဏ်း ကျယ်ကျောင်းတော်၏ တပည့်တစ်ဦးဖြစ်ပြီး သရုပ်မှန် ပေါ်သွားခဲ့သည်။ သူ့ရုပ်ခန္ဓာသည် ဖိနှိပ်ခံရပြီး အဓိကဝိညာဉ်သည်လည်း ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ပစ်ချခံခဲ့ရသည်။ သို့သော်လည်း ဗိုလ်ချုပ်ချန်ဖောင်တွင် အရံအစီအစဉ်ရှိ၏။ ဗိုလ်ချုပ်ချန်ဖောင်သည် သူ့ဝိညာဉ်အပိုင်းအစကို အသုံးပြုပြီး သူ့ကိုယ်သူ မကယ်တင်ခင် ဆက်ခံသူတစ်ဦးအား ပြိုးထောင်ချင်သည်။ သူသည် ကောင်းကင်ရုံးတော်နှင့် ဗုဒ္ဓဂိုဏ်း ပဋိပက္ခဖြစ်ပွားအောင်လည်း သွေးထိုးလှုံ့ဆော်ချင်၏။ သင်သည် သူ့အစီအစဉ်ကို နှောင့်ယှက်ခဲ့သောကြောင့် ဗိုလ်ချုပ်ချန်ဖောင်သည် သင့်အား မုန်းတီးသွားခြင်းတည်း။ လက်ရှိ မုန်းတီးမှု:ကြယ်နှစ်ပွင့်။]

‘တာအိုဂိုဏ်းက ကျယ်ကျောင်းတော်ရဲ့ တပည့်လား’

‘သူလျှိုအဖြစ် ရုပ်ဖျက်ထားတဲ့ သူလျှိုပါ့လား’

ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။ ဒါပေမဲ့ တာအိုဂိုဏ်း ကျယ်ကျောင်းတော်ဆိုတဲ့ နာမည်က ဟန်ကျွယ်ကို သတိကြီးကြီး ထားသွားစေပါတယ် ‘တာအိုဂိုဏ်းက အားနည်းနေတာ မဟုတ်ဘူးလား’

ဟန်ကျွယ် စဉ်းစားနေတုန်းမှာပဲ ဗိုလ်ချုပ်ချန်ဖောင်ရဲ့အသံ ထပ်ထွက်လာပါတယ် “ငါ မင်းကို အကြံတစ်ခုပေးလိုက်မယ်၊ သူများကိစ္စကို ဝင်မရှုပ်စမ်းပါနဲ့” ဗိုလ်ချုပ်ချန်ဖောင်ဟာ ဟန်ကျွယ် သတိထားမိသွားမှာစိုးတာကြောင့် တမင်တကာ အသံဖျက်ပြီး ပြောလိုက်ပါတယ်။

‘ကောင်းကင်ဧကရာဇ်သာ ငါရဲ့ အရံအစီအစဉ်ကို သိသွားရင် ငါကိစ္စတုံးပြီ’

ဟန်ကျွယ်ဟာ တစ်ခဏ စဉ်းစားပြီးနောက် ပြောလိုက်ပါတယ် “တစ်ခြားသူကို သွားရှာချည်” အဲဒီနောက် ဟန်ကျွယ်ဟာ လမ်းခြောက်သွယ် စုပ်ယူစွမ်းအားကို ဖြေလျှော့ပေးလိုက်ပါတယ်။ အရိပ်နက်လည်း ဟန်ကျွယ်လက်က လွှတ်တာနဲ့ သုတ်ခြေတင် ပြေးပါတော့တယ်။

[ဗိုလ်ချုပ်ချန်ဖောင်သည် သင့်အား အကောင်းမြင်စိတ် ဝင်သွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်တစ်ပွင့်။]

ဟန်ကျွယ်ဟာ ဒီစာကြောင်းကြောင့် ရယ်ရခက် ဒေါသထွက်ရခက် ဖြစ်သွားပါတယ် ‘တော်တော် အပြောင်းအလဲမြန်တဲ့ လူစားပဲ’

ဒီအချိန်မှာပဲ ဂျိရှင်းရှန်က ရင်တထိတ်ထိတ်နဲ့ မေးလိုက်ပါတယ် “ဗုဒ္ဓဂိုဏ်းက ဘာလိုချင်တာလဲ၊ ဘာလို့ ငါ့ကို ပစ်မှတ်ထားတာလဲ”

ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို စိုက်ကြည့်ပြီး အလွန်လေးနက်တဲ့ မျက်နှာထားနဲ့ ပြောလိုက်ပါတယ် “ကြည့်ရတာ မင်းက အားနည်းလို့ ဖြစ်မယ်၊ ငါသာ မင်းနေရာမှာဆိုရင် သူ အောင်မြင်မှာ မဟုတ်ဘူး”

ဂျိရှင်းရှန်:“.....”

“မင်းဘာလို့ ပြန်လာတာလဲ”

“ငါက အဲဒါကို အတွင်းနတ်ဆိုးထင်လို့ မင်းဆီ ပြန်လာတာ၊ အခု ကိစ္စက ရှင်းသွားပြီးဆိုတော့ ငါတို့တွေ လက်ရည်စမ်းကြရအောင်”

“မင်းသေလိမ့်မယ်”

“မင်းအတည်ပြောနေတာလား”

“အင်း”

“ဒါဆိုရင်လည်း ထားလိုက်ပါတော့” ဂျိရှင်းရှန်ဟာ ဟန်ကျွယ်စကားကြောင့် ကြောက်လန့်သွားပြီး အရဲမစွန့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို မတွေ့ရတာ နှစ်ရာချီပြီမို့ တကယ်ကို သတိရနေတာပါ။ အဲဒီနောက် ဂျိရှင်းရှန်ဟာ သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ချောင်ချောင်... မင်း ဘယ်အဆင့်ကို ရောက်ပြီလဲ”

“ကောင်းကင်စစ်သူကြီး အဆင့်လောက်ပါပဲ”

ဂျိရှင်းရှန်ဟာ ဟန်ကျွယ်အဖြေကြောင့် စိတ်ထဲမှာ သက်သာရာရသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလည်း ကောင်းကင်စစ်သူကြီးဖြစ်နေလို့ပါ။ ဒါပေမဲ့ ဟန်ကျွယ်ပြောတဲ့ ကောင်းကင်စစ်သူကြီးက ထိပ်တန်း ကောင်းကင်စစ်သူကြီးဆိုတာ ဂျိရှင်းရှန် မသိရှာပါဘူး။ ဒါကြောင့် ဂျိရှင်းရှန်ဟာ သူနဲ့ ဟန်ကျွယ်က စွမ်းအားချင်းပဲ ကွာခြားပြီး ကျင့်ကြံမှုအဆင့်က သိပ်မကွာခြားဘူးလို့ မှတ်ယူလိုက်ပါတယ်။

“ကောင်းကင်ရုံးတော်က ဒီနှစ်ထဲ ဘက်ရွေးနေတယ်၊ ကိုယ့်ကိုကိုယ် ဂရုစိုက်အုန်း” ဟန်ကျွယ်က ဂျိရှင်းရှန်ကို သတိပေးလိုက်ပါတယ်။ ဂျိရှင်းရှန်က သူနဲ့အတူ သေမျိုးကမ္ဘာတစ်ခုတည်းက ထွက်ပေါ်လာတာမို့ ဟန်ကျွယ်ဟာ ဂျိရှင်းရှန်ကို စောစောစီးစီး မသေစေချင်ပါဘူး။ ဒါပေမဲ့ ဂျိရှင်းရှန်က ကိုယ်ဘာသာ သေတွင်းတူးရင်တော့ ဟန်ကျွယ်က သွားကယ်မှာ မဟုတ်ပါဘူး။

ဂျိရှင်းရှန်က ခေါင်းညိတ်လိုက်ပါတယ်။

အဲဒီနောက် နှစ်ယောက်သား စကားအနည်းငယ် ပြောပြီးမှာ ဂျိရှင်းရှန် ပြန်သွားပါတယ်။

ဂျိရှင်းရှန်ဟာ အတွင်းနတ်ဆိုးကိစ္စ ရှင်းသွားပြီမို့ ဘာမှစိုးရိမ်စရာမရှိတော့ပါဘူး။ ဒါကြောင့် ဂျိရှင်းရှန်စိတ်ထဲမှာ ပြန်သွားပြီး ကျင့်ကြံဖို့ပဲ ရှိပါတယ်။

ဟန်ကျွယ်လည်း ဝီရိယတောင်ကို ပြန်ပါတယ်။

လေးနှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ကောင်းကင်တာအို တိုကင်ကို ထုတ်ယူပြီး တိထိုက်ပိုင်ကို ဆက်သွယ်ကာ ဗုဒ္ဓဂိုဏ်းဝင်ဝူဖား အယောင်ဆောင်တဲ့ ဗိုလ်ချုပ်ချန်ဖောင်အကြောင်း ပြောပြလိုက်ပါတယ်။ နောက်ပြီး ဒီကိစ္စက သူပြောတယ်လို့ လျှောက်မပြောဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဟန်ကျွယ်ဟာ လေးနှစ်စောင့်ပြီးမှာ တိထိုက်ပိုင်ကို သတင်းပေးရတာက ဗိုလ်ချုပ်ချန်ဖောင် သံသယဝင်မှာကို စိုးရိမ်လို့ပါပဲ။

“မင်းက ဒါကို ဘယ်လိုသိတာလဲ” တိထိုင်ပိုင်က မယုံသင်္ကာနဲ့ မေးလိုက်ပါတယ်။

“သတင်းရရင် ပြီးရောပေါ့၊ ကျန်တာ မမေးပါနဲ့၊ ဒီသတင်း မှန်လား မှားလား စုံစမ်းကြည့်ရင် သိမှာပေါ့” ဟန်ကျွယ်ဟာ လိမ်မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါလိမ်ပြောလိုက်ရင် အဲဒီအလိပ်စကားကို ကာကွယ်ဖို့အတွက် ထပ်ပြီးတော့ အလိမ်စကားတွေ ဆက်တိုက်ပြောရမှာမို့လို့ပါ။

တိထိုက်ပိုင်ဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် တိတ်ဆိတ်သွားပြီး ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပါတယ်။

ဟန်ကျွယ်ကတော့ ဆက်လက်ကျင့်ကြံ အားထုတ်ပါတယ်။

ကျင့်ကြံခြင်းလောကကြီးက ဝရုန်းသုန်းကားဖြစ်ပြီး အမြဲလိုလို တိုက်ခိုက်နေကြတယ်ဆိုပေမဲ့ ကြက်သွေးရောင် တိမ်ကမ္ဘာကနေ ကြည့်မယ်ဆိုရင်တော့ ဘာကပ်‌ဘေးမှ မရှိတာကြောင့် တည်ငြိမ်တယ်လို့ ပြောလို့ရပါတယ်။

ဟန်ကျွယ် ဂူအောင်းကျင့်ကြံနေတုန်းမှာပဲ ဖန်းလျန်ဟာ ဘုံပျံတက်သွားပါတယ်။

ဟန်ကျွယ်ဟာ ဖန်းလျန်ကို တိထိုက်ပိုင်ဆီအပ်ပြီး ကောင်းကင်ရုံးတော်မှာ ဂရုစိုက်ခိုင်းလိုက်ပါတယ်။

တိထိုင်ပိုင်ဟာ ဟန်ကျွယ်ရဲ့ တောင်းဆိုချက်ကို အပြုံးနဲ့ လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်းလျန်က မိုးမြေသားတော်မှန်း တိထိုက်ပိုင် သိနေလို့ပါ။ ဟန်ကျွယ် ဘာမှမပြောဘူးဆိုရင်တောင် ကောင်းကင်ရုံးတော်က ဖန်းလျန်ကို ကျိန်းသေပေါက် လက်ခံမှာပါ။

မျက်စိတစ်မှိတ်အတွင်းမှာပဲ နှစ်သုံးဆယ် ကုန်ဆုံးသွားပါတယ်။

ကျင့်ကြံအားထုတ်လို့ ခဏနားတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ရန်သူတွေကို ကျိန်စာတိုက်ပါတယ်။ ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးပါတယ်။

[သင့်မြေးတပည့် ဖန်းလျန်သည် အမတနတ်ဘုရားတစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားခဲ့သည်။]

[သင့်တာအိုလက်တွဲဖော် ရွှမ်ချင်းကျွင်းသည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၉၄၀

[သင့်မိတ်ဆွေ ဗိုလ်ချုပ်ချန်ဖောင်သည် သင့်မိတ်ဆွေ ကောင်းကင်ဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ဝိညာဉ်အပိုင်းအစ ပျက်စီးသွား၏။ ထို့အပြင် ရုပ်ခန္ဓာကိုလည်း ကောင်းကင်ပြစ်ဒဏ်ပေးခြင်း ခံရ၏။]

[သင့်မိတ်ဆွေ တိထိုက်ပိုင်သည် အမတဧကရာဇ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

[သင့်ကျိန်စာနှင့် သင့်တပည့်စုချီ၏ ကြမ္မာဆိုး ဖြန့်ကျက်မှုကြောင့် သင့်ရန်သူ တာအိုသခင်တန်ချင်းသည် ကျင့်ကြံမှုပျက်စီးပြီး မဟာညီညွှတ်မှု ‌ကောင်းကင်အမတအဆင့်သို့ လျှော့ကျသွား၏။]

[သင့်ရန်သူ ပြဒါးငှက်သည် သင့်ကျိန်စာကြောင့် ချီဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ကြမ်းကြုတ်သော သားရဲတစ်ကောင်အသွင်သို့ ပြောင်းလဲသွား၏။]

[သင့်ရန်သူ ပြဒါးငှက်သည် နယ်မြေတစ်ခုအား ဖျက်ဆီးခဲ့သောကြောင့် နတ်ပြဒါးငှက်မျိုးနွယ်စု၏ တိုက်ခိုက်မှုကို ခံရပြီး အသက်ဆုံးကာ တာအိုလွှင့်ပါး ပျောက်ကွယ်သွား၏။]

[သင့်မိတ်ဆွေ မော့ဖူချိုသည် မိစ္ဆာမျိုးနွယ်စု၏ ကျင့်စဉ်ကို ကျင့်ကြံအားထုတ်ပြီး မိစ္ဆာမျိုးနွယ်စုမှ မိစ္ဆာအစေခံများကို ဆင့်ခေါ်ခဲ့သည်။]

ဟန်ကျွယ်ဟာ ကျေနပ်အံအားသင့်သွားပါတယ်။

‘နောက်ဆုံးတော့ ငါ့ကျိန်စာကြောင့် ပြဒါးငှက် သေပြီ၊ တာအိုသခင်တန်ချင်းလည်း ကျင့်ကြံမှုအဆင့် လျှော့ကျသွားပြီ... အရမ်းကောင်းတယ်’

ဟန်ကျွယ်ရဲ့ ပန်းတိုင်က တာအိုသခင်တန်ချင်း သူ့ကို ပြဿနာမရှာခင် အရင်ဆုံး သတ်ပစ်ဖို့ပါ။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုအဆင့်မြင့်မားလာပေမဲ့ သတိကြီးကြီးထားတုန်းပါပဲ။ သတိဆိုတာ ပိုတဲ့မရှိ မဟုတ်ပါလား။

ရှေးခေတ်ကစလို့ အားနည်းသူက အားကြီးသူက ပရိယာယ်သုံးပြီး အနိုင်ယူတဲ့ အဖြစ်အပျက်တွေ အများကြီးပါ။ ဒါကြောင့် ကျင့်ကြံခြင်းလမ်းစဉ်မှာ သတိမဲ့လို့ မဖြစ်ပါဘူး။ သတိမဲ့တာနဲ့ ရှုံးနိမ့်ပြီး အသက်ဆုံးမှာပါ။

ဟန်ကျွယ်ဟာ ဗိုလ်ချုပ်ချန်ဖောင်ရဲ့ အခြေအနေကို သတိထားမိပါတယ်။ ဒါပေမဲ့လည်း ဟန်ကျွယ်ဟာ ဗိုလ်ချုပ်ချန်ဖောင်အတွက် စိတ်ထဲမှာပဲ စာနာစိတ် ဖြစ်ပေးနိုင်ပြီး ဘက်မတူတဲ့အတွက် ကူညီဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဟန်ကျွယ်အတွက် ကောင်းကင်ရုံးတော်က အင်အားကြီးမားနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကောင်းကင်ရုံးတော်ရဲ့ ရန်သူကို ဟန်ကျွယ်က ဘာအကြောင်းနဲ့မှ ကူညီမှာ မဟုတ်ပါဘူး။

ကောင်းကင်ရုံတော် အင်အားကြီးလေလေ ဟန်ကျွယ်ကျင့်ကြံရတာ ပိုအေးချမ်းလေပါပဲ။

ဟန်ကျွယ်ဟာ စာအိတ်တွေကို ဖတ်လေ ပျော်လေ ဖြစ်လာပါတယ်။

ဒီအချိန်မှာ ဝူတောက်ကျန့်က ရုတ်တရက် ပြောလိုက်ပါတယ် “သခင်... သခင်ဂရုစိုက်နေတဲ့ မိန်းမက အန္တရာယ်ကြားထဲ ရောက်နေပြီ”

ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ အလုပ်ရှုပ်နေတာမို့ ပြန်ပြောလိုက်ပါတယ် “ဘာမှမဖြစ်ဘူး၊ ဒီလောက်နဲ့ သူ မသေဘူး”

“သူ ဝန်းရံခံထားတယ်၊ ရန်သူတွေက တစ်ထောင်ကျော်တယ်”

“သူ့ကို ယုံကြည်လိုက်စမ်းပါ”

“ဒါပေမဲ့ သူက အပြင်းအထန် ဒဏ်ရာရထားတယ်”

“ဟင်...” ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ကြမ္မာဆိုးစာအုပ်ကို အောက်ချလိုက်ပါတယ် ‘ငါ လီယောင်ကို ကယ်တင်သင့်လား’

ဟန်ကျွယ်ဟာ လီယောင်အပေါ် အကောင်းမြင်စိတ်ရှိတာကြောင့် ကယ်သင့် မကယ်သင့် ဆုံးဖြတ်ရခက်သွားပါတယ်။ ဒီအချိန်မှာပဲ ဝူတောက်ကျန့်ရဲ့ အော်သံ ထွက်ပေါ်လာပါတယ်။

“မလိုတော့ဘူး... သူက ရန်သူတွေ အကုန်လုံးကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ပြီ”

ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပါတယ် ‘မဆိုးဘူး’

ဒီလို ယုတ္တိမရှိဘဲ စွမ်းအားတွေ ကောက်ရတာက ဇာတ်လိုက်တွေရဲ့ ဘဝပါ။ ဒါကို ယုံမှားသံသယဖြစ်စရာ မလိုပါဘူး။

“နောက်ထပ် ရန်သူ ရောက်လာပြီ၊ သူက သေမျိုးကမ္ဘာကို ရှင်းလင်းဖို့လာတဲ့ ကောင်းကင်ရုံးတော်က လူတွေလိုပဲ” ဝူတောက်ကျန့်က အံဩတကြီး ထပ်ပြောလိုက်ပါတယ်။

ကြမ္မာဆိုးစာအုပ် ကိုင်ထားတဲ့ ဟန်ကျွယ်ရဲ့လက်ဟာ အနည်းငယ် တုန်သွားပြီး ဘေးကျပ်နံကျပ် ဖြစ်သွားပါတယ် ‘ငါ ကျိန်စာတိုက်တာရပ်ပြီး သူ့ကို ကယ်သင့်လား’

“အထင်ကြီးဖို့ကောင်းလိုက်တာ၊ သူက ရန်သူကို ထပ်သတ်လိုက်ပြန်ပြီ၊ အထင်ကြီးဖို့ အရမ်းကောင်းတာပဲ”

ဝူတောက်ကျန့်ရဲ့ လေသံမှာ လေးစားအားကျမှု အနည်းငယ် စွက်လာပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လီယောင်က ဘယ်လောက်ထိ စွမ်းအားကြီးလဲဆိုတာ သိသာထင်ရှားလှပါတယ်။ ဝူတောက်ကျန့်ဟာ လီယောင်ကို မနာလိုဖြစ်ရာကနေ လေးစားအားကျသွားပါတယ်။

ဟန်ကျွယ်ဟာ နတ်အာရုံနဲ့ တိုက်ပွဲကို မကြည့်မိအောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်ပြီး ကျိန်စာတိုက်တာကို မသက်ရောက်အောင် ထိန်းချုပ်ပါတယ်။

ဝူတောက်ကျန့်ကတော့ တိတ်ဆိတ်သွားပြီး လေးနက်တဲ့မျက်နှာနဲ့ လီယောင်ကို စိုက်ကြည့်နေပါတယ်။

ဟန်ကျွယ်ကလည်း ဘာမှမပြောပါဘူး။

အတန်ကြာတဲ့အခါမှာတော့ ဝူတောက်ကျန့်ဟာ သက်ပြင်းချလိုက်ပါတယ် “ဒီမိန်းမက တော်တော်လေးကို စွမ်းအားကြီးတာပဲ၊ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ဘူးလို့ ခံစားရတယ်”

ဟန်ကျွယ်က မေးလိုက်ပါတယ် “အခြေအနေ ဘယ်လိုရှိလဲ”

“သူက ရန်သူအားလုံးကို သတ်လိုက်တယ်၊ အခုတော့ ထွက်ပြေးတဲ့လမ်းမှာ”

ဟန်ကျွယ်ဟာ လီယောင်ကို ပိုပြီးတော့ စိတ်ဝင်စားသွားပါတယ် ‘အထက်ဘုံက ကျင့်ကြံသူတွေကိုတောင် သတ်နိုင်တယ်ဆိုတော့ စည်းရုံးသိမ်းသွင်းဖို့ ထိုက်တန်တယ်’

ခုနစ်လရှစ်လ အကြာမှာတော့ ဟန်ကျွယ်ဟာ ရန်သူအားလုံးကို ကျိန်စာတိုက်လို့ ပြီးသွားပါတယ်။ အဲဒီတော့မှာ ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ပြန်သိမ်းလိုက်ပြီး ကောင်းကင်ကိုးလွှာရေစင်ဆီ လျှောက်သွားပါတယ်။

လီယောင်က ဂူတစ်ဂူထဲမှာ ကျင့်ကြံနေပါတယ်။ သူဟာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတုန်းဖြစ်ပြီး အရင်လိုပဲ တည်တည်ငြိမ်ငြိမ် ရှိလှပါတယ်။ လွန်ခဲ့တဲ့ခုနစ်လရှစ်လက ပြင်းထန်တဲ့ တိုက်ပွဲကြီးတစ်ပွဲကို တိုက်ခိုက်ခဲ့တယ်လို့ ယုံနိုင်စရာအကြောင်းကို လုံးဝမရှိပါဘူး။

မြန်မာပြည် အမြန်ဆုံး ငြိမ်းချမ်းပါစေ။

All Chapters