← Chapters

ကောင်းကင်ရုံးတော်၏ အစီအစဉ်၊ အစ်ကိုတော် အဖမ်းခံရခြင်း

Vol. 17 Ch. 213

ကောင်းကင်ရုံးတော်၏ အစီအစဉ်၊ အစ်ကိုတော် အဖမ်းခံရခြင်း

Vol. 17 Ch. 213

အခန်း (၂၁၃) ကောင်းကင်ရုံးတော်၏ အစီအစဉ်၊ အစ်ကိုတော် အဖမ်းခံရခြင်း

“နာမည်ရှိသွားပြီဆိုတော့ ဥပဒေရှိရမယ်၊ တိတ်ဆိတ်ဂိုဏ်းရဲ့တပည့်တွေက ပြဿနာမရှာရဘူး၊ အပြစ်မရှိသူကို အနိုင်မကျင့်ရဘူး”

“ဒါပေမဲ့ တစ်ယောက်ယောက်က တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်ယောက်ကို အနိုင်ကျင့်ရင်တော့ မင်းတို့တွေ ပြန်တိုက်နိုင်တယ်”

“မင်းတို့တွေ နောက်ကျလို့ တပည့်လက်ခံရင်လည်း အလျင်စလို မဆုံးဖြတ်ကြနဲ့၊ တပည့်အသစ်တိုင်းကို ငါကိုယ်တိုင်စစ်ဆေးမယ်”

“အရေးကြီးဆုံးကတော့ ဂိုဏ်းဝင်အချင်းချင်း မသတ်ဖို့ပဲ”

ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ်။ တိတ်ဆိတ်ဂိုဏ်းမှာ တပည့်အများကြီး မရှိတာကြောင့် ဥပဒေတွေကလည်း အများကြီးမရှိပါဘူး။

တပည့်တွေဟာ ဒီအချက်တွေကို လေးစားလိုက်နာပါမယ်လို့ ဟန်ကျွယ်ကို ကတိပေးလိုက်ကြပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ မတ်တတ်ရပ် ညာလက်ကို ဝှေ့ယမ်းပြီး လုံဟောင်ကို ကြက်သွေးရောင် တိမ်ကမ္ဘာအထက်က ဟင်းလင်းပြင်ဆီ ခေါ်ဆောင်သွားပါတယ်။ ဒီဟာ လုံဟောင်အတွက် ပထမဆုံးအကြိမ် ဟင်းလင်ပြင်ကို ရောက်ဖူးတာပါ။ တိထိုက်ပိုင်နဲ လာတုန်းက လုံဟောင်ဟာ ဒီဟင်းလင်းပြင်ကို မတွေ့ခဲ့ရပါဘူး။

လုံဟောင်ဟာ အံဩထိတ်လန့်သွားပါတယ်။

“ဆရာသခင်... ကျွန်တော့်ကို ဘာလို့ ဒီနေရာ ခေါ်လာတာလဲ” လုံဟောင်က မေးလိုက်ပါတယ်။ လုံဟောင်ဟာ သူ့စကားပြောမှားပြီး သူ့ဆရာသခင်ကို စိတ်ဆိုးသွားစေတယ်လို့ တွေးလိုက်ပါတယ်။

“ငါ မင်းရဲ့ လက်ရှိအစွမ်းကို မြင်ချင်လို့ပဲ”

“ဝုန်း”

ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ဓားငွေ့ကို တစ်ခါတည်း ထုတ်လွှတ်ပြီး လုံဟောင်ကို ဖိနှိပ်လိုက်ပါတယ်။

ချက်ချင်းဆိုသလို လုံဟောင်ရဲ့ မျက်နှာဟာ သွေးဆုတ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားပါတယ်။ လုံဟောင်ဟာ မွေးဖွားလာတကည်းက ပထမဆုံးအကြိမ် သေခြင်းတရားကို ခံစားလိုက်ရတာကြောင့် စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ကြောက်ရွံ့မှုကို ခံစားလိုက်ရပါတယ်။

အသက်ရှူကြိမ် ဆယ်ကြိမ်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သူ့ပြန်လည်မွေးဖွားခြင်း ဓားငွေ့ကို ပြန်ရုတ်သိမ်းလိုက်ပါတယ်။ ပြီးတဲ့နောက် ဟန်ကျွယ်က မျက်နှာသေနဲ့ ပြောလိုက်ပါတယ် “မင်း နားလည်ပြီလား”

လုံဟောင်ဟာ ကြက်သေသေနေပြီး တစ်ကိုယ်လုံး ချွေးတွေစိုရွှဲနေပါတယ်။ လုံဟောင်ဟာ ဟန်ကျွယ်ကို ဂရုတစိုက် မေးလိုက်ပါတယ် “ဘာကို နားလည်ရမှာလဲ”

ဟန်ကျွယ်က ပြောလိုက်ပါတယ် “မင်းထက် စွမ်းအားကြီးတဲ့လူက အမြဲတမ်းရှိတယ်၊ ဝီရိယတောင်မှာ နေတာကြာပြီဆိုတော့ မင်းကိုယ်မင်း အရမ်းစွမ်းအားကြီးနေပြီလို့ ထင်နေတာလား”

“အပြင်လောကကြီးက မင်းထက်ထားတာထက် ပိုပြီးတော့ အန္တရာယ်ရှိတယ်၊ မင်းရဲ့စီနီယာနဲ့ ဂျူနီယာတွေက သေမျိုးတွေ ဖြစ်တာတောင် ကြိုးကြိုးစားစား ကျင့်ကြံနေကြတယ်၊ မင်းက သူတို့ကို နောက်ချန်ထားနိုင်ခဲ့ပြီ ထင်နေတာလား၊ မင်းက ကောင်းကင်ဧကရာဇ်ရဲ့ သားတော်ပဲ၊ သူတို့တွေထက် အများကြီး ရှေ့ရောက်နေသင့်တယ်၊ ဒါပေမဲ့ မင်းက အဲဒီလို မဟုတ်ဘူး”

“ကောင်းကင်ဧကရာဇ်က စွမ်းအားအကြီးဆုံးလို့ မင်းထင်နေတာလား၊ အဲဒီလိုဆိုရင် အရှင်မင်းကြီးက မင်းကို ငါ့ဆီလွှတ်ပြီး တပည့်ခံခိုင်းမှာ မဟုတ်ဘူး၊ ကောင်းကင်ရုံးတော်မှာ မင်းရှိနေရင် သေသွားတာကြာပြီ၊ အခု ကောင်းကင်ရုံးတော်မှာ အချင်းချင်း တိုက်ခိုက်နေကြတယ်၊ မင်းသာ အခုနေ အမတကမ္ဘာကို သွားမယ်ဆိုရင် အရိုးတောင်ကျန်မှာ မဟုတ်ဘူး”

ဟန်ကျွယ်ရဲ့စကားလုံးတွေက ထက်လှတဲ့ဓားနဲ့ လုံဟောင်ရဲ့ နှလုံးသားကို ထိုးခွဲလိုက်သလိုပါပဲ။ လုံဟောင်ဟာ တကယ်ကို ကြောက်သွားပါတယ်။ ဒါ့အပြင် လုံဟောင်ဟာ သူ့ကိုယ်သူ ဘဝင်မြင့်နေမှန်း သိသွားပါတယ်။

ဒီနေ့မတိုင်ခင်မှာ လုံဟောင်ဟာ သူ့ကိုယ်သူ အရမ်းစွမ်းအားကြီးနေပြီလို့ အမြဲတမ်း ခံစားခဲ့ရတာပါ။ လုံဟောင်ရဲ့ နတ်အာရုံဟာ သေမျိုးကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနိုင်ပါတယ်။ ဝီရိယတောင်မှာ ဟန်ကျွယ်ကလွဲရင် လုံဟောင်ကို ဘယ်သူ့မယှဉ်နိုင်ပါဘူး။ ဒီလိုပတ်ဝန်းကျင်မျိုးမှာ လုံဟောင် ဘဝင်မြင့်လာတာ ဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

ဟန်ကျွယ်က ဆက်ပြောပါတယ် “ဟောင်အာ၊ တိတ်ဆိတ်ဂိုဏ်းအတွက် မင်း တစ်ခုခုလုပ်ပေးဖို့ ငါ မျှော်လင့်မထားဘူး၊ လိုလည်း မလိုဘူး၊ ငါတို့က ဆရာတပည့် ဆက်ဆံရေးရှိတဲ့အပြင် မင်းက ငါ့မျက်စိအောက်မှာပဲ ကြီးပြင်းလာခဲ့တာ၊ ငါ မင်းကို ထာဝရအသက်ရှည်ဖို့ တကယ်မျှော်လင့်တယ်”

[လုံဟောင်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ငါးပွင့်။]

လုံဟောင်ရဲ့ မျက်လုံးတွေဟာ နီရဲသွားပြီး စိတ်လှုပ်ရှားခြင်း အပြစ်ရှိခြင်း စတဲ့ခံစားချက်တွေနဲ့ ပြည့်နှက်သွားပါတယ်။ လုံဟောင်ဟာ လက်သီးဆုပ်ပြီး ပြောလိုက်ပါတယ် “ကျွန်တော် မှားမှန်း သိပါပြီ”

ဟန်ကျွယ်ဟာ အပြုံးနဲ့ ပြောလိုက်ပါတယ် “မင်းက ငါ့တပည့်ပဲ၊ နှစ်တွေကြာပြီဆိုတော့ မင်းလည်း ကြီးပြင်းလာပြီ၊ အရင်လို အငယ်တွေကို အနိုင်မကျင့်တော့နဲ့၊ မင်းက သူတို့တွေ စံနာမူနာယူသင့်တဲ့ စံပြပုဂ္ဂိုလ် ဖြစ်သင့်တယ်၊ ဆရာပြောတာကို နားလည်လား”

လုံဟောင်ဟာ ခေါင်းညိတ်လိုက်ပါတယ်။

အဲဒီနောက် ဟန်ကျွယ်ဟာ လုံဟောင်ကို ဝီရိယတောင်ဆီ ပြန်ခေါ်သွားပါတယ်။

အဲဒီနေ့ကစလို့ လုံဟောင်ဟာ လူသစ်တစ်ယောက်လို့ ပြောင်းလဲသွားပါတယ်။ လုံဟောင်ဟာ အရင်လို စကားအများကြီး မပြောတော့ပေမဲ့ ယုံကြည်မှုတော့ မပျောက်သွားပါဘူး။ သူ့ကိုယ်သူ အရင်ကထက် ထိန်းချုပ်ပြီး မုရုံချီ၊ ကျိုးမင်ယွဲ့နဲ့ ချူရှီရန်တို့ကို အနိုင်မကျင့်တော့ရုံတင်ပါ။

လုံဟောင်ဟာ ကြိုးကြိုးစားစား ကျင့်ကြံတာကြောင့် တစ်ခြားသူတွေကိုလည်း လှုံဆော်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ လုံဟောင်ဟာ နောက်ခံကြီးကြီးရှိတာကြောင့် တကယ်ကြိုးကြိုးစားစား ကျင့်ကြံတဲ့အခါမှာ ဘယ်သူ့မှ သူ့ကို လိုက်မီနိုင်အုန်းမှာလဲ”

ကျင့်ကြံခြင်းလိုဏ်ဂူထဲမှာ...။

ဝူတောက်ကျန့်က မနေနိုင်ဘဲ မေးလိုက်ပါတယ် “သခင်က ဟောင်အာကို ခြောက်လိုက်တာလား” ဝူတော်ကျန့်ဟာ လုံဟောင် ကြီးပြင်းလာတာကို ကြည့်ခဲ့ရသူမို့ လုံဟောင်ကို သာမန်ထက်ပိုပြီး ဂရုစိုက်ပါတယ်။

“မင်း ဘာပြောလိုက်တာနဲ့၊ ငါက သူ့ကို ခြောက်လိုက်တာတဲ့လား၊ မဟုတ်ဘူး... ငါက သူ့ကို ဆုံးမတာ” ဟန်ကျွယ်က စိတ်ဆိုးမာန်ဆိုး ပြောလိုက်ပါတယ်။

ဝူတောက်ကျန့်ဟာ နှုတ်ခမ်းမဲ့လိုက်ပါတယ် ‘အပိုတွေပြောနေပြန်ပြီ၊ ကျွန်မတုန်းကလည်း ဒီအတိုင်းပဲ ခြောက်လှန့်ခဲ့ပြီးတော့’ ဝူတောက်ကျန့်ဟာ ဒီစကားတွေကို ဝမ်းထဲမှာပဲ ထားပါတယ်။ အပြင်မထုတ်ရဲပါဘူး။

စိတ်ဝိညာဉ်နန်းတော်။

ကောင်းကင်ဧကရာဇ်ဟာ ပလ္လင်ပေါ်မှာ ထိုင်နေပြီး ခန်းမထဲ ပေါလောမျောနေတဲ့ ကြေးမုံပြင်ကို ကျေနပ်အားရတဲ့အပြုံးနဲ့ ကြည့်နေပါတယ်။

တိထိုက်ပိုင်က ပြုံးပြီး ပြောလိုက်ပါတယ် “အရှင်မင်းကြီး၊ ဒီဟန်ကျွယ်က သူ့တပည့်တွေကို ဆုံးမတဲ့နေရာမှာ တော်တော်လေး တော်တယ်၊ အရှင့်သားလေးကလည်း သူ့ပုံစံ စပေါက်လာပြီ”

ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “ဒီကောင်လေးက အသက်ဘယ်နှနှစ် ရှိသေးလို့လဲ၊ ငါပလ္လင်ကိုတောင် လိုချင်နေပြီ” တိထိုက်ပိုင်ဟာ မျက်နှာလုံးဝပျက်သွားပါတယ် “အရှင်မင်းကြီး... အရှင်သားလေးက ဒီလိုရည်ရွယ်ချက်နဲ့ ပြောတာ မဟုတ်ပါဘူး၊ ကောင်းကင်ဧကရာဇ်က ဘယ်လိုတာဝန်မျိုး ထမ်းဆောင်ရလဲဆိုတာကို သူ မသိသေးပါဘူး၊ သူက အရှင်မင်းကြီးကို စွမ်းအားကြီးတယ်လို့ပဲ ထင်နေတာပါ” တိထိုင်ပိုင်က အပြုံးနဲ့ ရှင်းပြလိုက်ပါတယ်။

ကောင်းကင်ရုံးတော်ရဲ့ အိမ်ရှေ့မင်းသားနေရာက ရိုးရှင်းတဲ့နေရာတစ်ခု မဟုတ်ပါဘူး။ ကောင်းကင်ဧကရာဇ်နေရာက သားစဉ်မြေးဆက် ဆက်ခံလို့ရတဲ့နေရာတစ်ခု မဟုတ်ပါဘူး။ ဒါ့အပြင် ကောင်းကင်ဧကရာဇ်မှာ သားတော်တွေ ဒီလောက်များတာ ဒီသတင်းသား ပျံ့နှံ့သွားရင် တစ်ခြားမင်းသားတွေက လုံဟောင်ကို မုန်းတီသွားကြမှာပါ။

“ကောင်းကင်ရုံးတော်က အမတနဲ့နတ်ဘုရားတွေကို စုံစမ်းစစ်ဆေးပြီးပြီလား” ကောင်းကင်ဧကရာဇ်က မေးလိုက်ပါတယ်။

တိထိုက်ပိုင်က ခေါင်းညိတ်ပြီး ဖြေလိုက်ပါတယ် “စစ်ဆေးပြီး သေချာမှတ်တမ်းတင်ထားပါတယ်”

“ဒါနဲ့ ရှန်စစ်သူကြီး ဘယ်မှာလဲ၊ သူ့ဒဏ်ရာတွေက သက်သာလာပြီလား”

“သူ ပြန်သက်သာလာပြီ၊ သူက အစွန်းရောက် ဧကရာဇ်လေးပါး နန်းတော်မှာ ကျင့်ကြံအားထုတ်နေတယ်၊ အစွန်းရောက် ဧကရာဇ်လေးပါးက သူ့ကို တော်တော်လေး သဘောကျကြတယ်၊ ရှန်စစ်သူကြီးက သူတို့ဆီကနေ ဆန်းကြယ်စွမ်းအားတောင် သင်ယူခွင့်ရချင် ရနိုင်တယ်”

“သူ ကျင့်ကြံပါစေ၊ ဒါမှ တစ်ခြား ကောင်းကင်စစ်သူကြီးတွေအတွက် အခွင့်အရေးရှိမှာ”

“ဒါဆိုရင် ကျွန်တော်တို့တွေ ဘာဆက်လုပ်ကြမှာလဲ”

“ခွန်လွန်ကို ငါ ကိုယ်တိုင်သွားမယ်”

တိထိုက်ပိုင်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “ကျွန်တော်တို့တွေ အခုအချိန်မှာ ခွန်လွန်ကိုသွားရင်...”

ကောင်းကင်ဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပါတယ် “ဒီနှစ်တွေမှာ တစ်ခြားသူတွေကပဲ ကောင်းကင်ရုံးတော်က ပြဿနလာရှာနေတာ၊ ငါ စိတ်ကုန်လာပြီ၊ ကောင်းကင်ရုံးတော်က အမတကမ္ဘာရဲ့ သခင်ဆိုတာကို သူတို့သိအောင် ပြရလိမ့်မယ်”

တိထိုက်ပိုင်ဟာ ကောင်းကင်ဧကရာဇ်စကားကြောင့် ခေါင်းကိုက်သွားပေမဲ့ မငြင်းဆန်ရဲပါဘူး။ ဒါပေမဲ့ တိထိုက်ပိုင် နားလည်လိုက်တာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ အမတကမ္ဘာ လှိုင်းထန်လာပြီဆိုတာပါပဲ။

…

နှစ် ၂၀ ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတ ထိပ်ဆုံးအဆင့်နဲ့ အလှမ်းဝေးနေပါသေးတယ်။ ရွှေအမတဖြစ်ဖို့က တကယ်ကို မလွယ်တာပါ။

ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ရန်သူတွေကို ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးပါတယ်။

[သင့်မြေးတပည့် ဖန်းလျန်သည် အမတနတ်ဘုရားတစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၂

[သင့်မြေးတပည့် ဖန်းလျန်သည် မိုးကောင်းကင်မြစ်ဘေး၌ ညဏ်အလင်း ပွင့်လင်းပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]

[သင့်မိတ်ဆွေ ဟွမ်ဂျိဟောင်သည် နတ်ဆိုးများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၉၈၇

[သင့်တပည့် စုချီ၏ ကြမ္မာဆိုး ဖြန့်ကျက်မှုကြောင့် နဂါးအမတကျွန်းသည် နှစ်သောင်းချီတွင် ကြုံတွေ့ခဲရလှသော ကောင်းကင်အတိဒုက္ခအား ရင်ဆိုင်ခဲ့ရပြီး ထက်ဝက်ကျော် သေဆုံးသွားခဲ့သည်။]

[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နဂါးစစ်မျိုးနွယ်စု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၀၂၂၈

[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် ရှန်နန်းတော်မှ အမတဧကရာဇ်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]

ဟန်ကျွယ်ဟာ ရုတ်တရက် မျက်မှောင်ကြုတ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းကူရှင်းရှင်းက ရှန်နန်းတော်ရဲ့ အမတဧကရာဇ် တိုက်ခိုက်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားတာကို တွေ့လိုက်ရလို့ပါပဲ။

‘ဘာဖြစ်တာလဲ’

ဟန်ကျွယ်ဟာ ချက်ချင်းပဲ ဓားတာအိုကို သုံးသပ်ပြီး ဓားတာအိုမြစ်ထဲကို အလျင်စလို ရောက်လာပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ကျန်းကူရှင်းရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရပါဘူး။ ဟန်ကျွယ်ဟာ မကောင်းတဲ့ခံစားချက် ဝင်လာပါတယ်။

‘သူ တစ်ခုခု ဖြစ်သွားတာလား’

“မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ”

ဟန်ကျွယ် နားထဲကို အသံတစ်သံဝင်လာပါတယ်။ ဟန်ကျွယ်ဟာ ဒီအသံကြောင့် အလွန်ထိတ်လန့်သွားပြီး အသံလာရာကို ကြည့်လိုက်တဲ့အခါမှာ မနီးမဝေးမှာရပ်ပြီး သူ့ကို စိုက်ကြည့်နေတဲ့ ရုပ်သွင်တစ်ခုကို တွေ့လိုက်ရပါတယ်။

“ကျန်းကူရှင်းက မင်းဆီ စကားအမှာပါးခိုင်းလိုက်တယ်” ရုပ်သွင်က ဆက်ပြောပါတယ်။

ဟန်ကျွယ်ဟာ တအံတဩ မေးလိုက်ပါတယ် “အစ်ကိုတောင် ဘာဖြစ်သွားလို့လဲ”

ရုပ်သွင်က ပြန်ဖြေလိုက်ပါတယ် “သူ့ကို ရှန်နန်းတော်က ပြန်ခေါ်သွားတာ၊ ဒီနေရာကို ဘယ်တော့မှာ ပြန်မလာတော့ဘူး”

“အခုအချိန်ကစပြီး ဓားတာအိုမြစ်ကို မင်းစောင့်ကြပ်ပေတော့၊ နတ်တံဆိပ်တော်ကို ငါ မင်းဆီ လွှဲအပ်ခဲ့မယ်”

ဟန်ကျွယ်ဟာ အသံနှိမ့်ပြီး ပြောလိုက်ပါတယ် “သူ အဆင်ပြေရဲ့လား”

ရုပ်သွင်က သက်ပြင်းချလိုက်ပါတယ် “သူ့ရန်သူက ရာထူးမြင့်မြင့်ရသွားတော့ သူ့ကို အကျဉ်းချထားတယ်၊ ဒီကိစ္စကို ထားလိုက်တော့၊ သူပြောခဲ့တဲ့စကားကို အတိအကျပြောရင် ‘မင်း မှန်တယ်၊ မင်းရဲ့ တာအိုနှလုံးသားကိုနောက်ကို လိုက်နိုင်ပါစေဆို ငါ မျှော်လင့်ပါတယ်’”

‘ငါရဲ့ တာအိုနှလုံးသားနောက်ကို လိုက်ရမလား’

‘ဆက်ပုန်းရမှာပေါ့’

ဟန်ကျွယ်ဟာ အခြေအနေမကောင်းမှန်း သဘောပေါက်သွားပါတယ်။ ဟန်ကျွယ်ဟာ စကားပြောဖို့ ပြင်လိုက်ပေမဲ့ ရုပ်သွင်က သူ့လက်ကို ရုတ်တရက်မြှောက်ပြီး ဟန်ကျွယ်ဆီ လက်ညိုးညွှန်လိုက်ပါတယ်။ ရုပ်သွင်ရဲ့လက်ညိုးက အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး ဟန်ကျွယ်ကို ထိမှန်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters