← Chapters

တိထိုက်ပိုင် ထိတ်လန့်ခြင်း

Vol. 17 Ch. 215

တိထိုက်ပိုင် ထိတ်လန့်ခြင်း

Vol. 17 Ch. 215

အခန်း (၂၁၅) တိထိုက်ပိုင် ထိတ်လန့်ခြင်း

‘သေမျိုးကမ္ဘာကို ထပ်ရှင်းအုန်းမယ်’

‘မင်းတို့ကောင်တွေက ငြိမ်ငြိမ်ကို မနေနိုင်ဘူးပဲ”

ဟန်ကျွယ်ဟာ စိတ်ထဲမှာ ကျိန်ဆဲလိုက်ပြီး အမတတွေက အရူးတွေလို ခံစားလိုက်ရပါတယ်။ သူတို့ချင်း တိုက်ခိုက်ချင်ရင်တောင် သေမျိုးတွေကို သူတို့ကိစ္စထဲ ဆွဲမထည့်သင့်ပါဘူး။

ဒါပေမဲ့ အိမ်ရှေ့မင်းတျန်ဇယ်က မဟာညီညွှတ်မှု ရွှေအမတ အလယ်အဆင့် ဖြစ်တာကြောင့် နည်းနည်းတော့ ပြဿနာများမှာပါ။ ဟန်ကျွယ်ဟာ အိမ်ရှေ့မင်းသားတျန်ဇယ်ကို တစ်ချက်တည်း သတ်နိုင်ရင် ကောင်းမှာပဲလို့ တွေးလိုက်ပါတယ်။

နောက်ပြီး ဒီတျန်ဇယ်က နောက်ခံကောင်းပါတယ်။ တျန်ဇယ်က နတ်ဆိုးဧကရာဇ်ရဲ့ သားတော်ဖြစ်တာကြောင့် တစ်နည်းပြောရရင် လုံဟောင်နဲ့ လုံရှန်လိုပါပဲ။

ဟန်ကျွယ်ဟာ တျန်ဇယ်ရဲ့နောက်ခံကို တွေးမိပြီး စိုးရိမ်စိတ် ဝင်သွားပါတယ်။ ဒီအချိန် ဝေးကွာလှတဲ့ ဟင်းလင်းပြင် တစ်နေရာမှာရှိတဲ့ ကောင်းကင်ရုပ်သေးရုပ်က မျက်လုံးဖွင့်လိုက်ပါတယ်။ ကောင်းကင်ရုပ်သေးရုပ် မျက်လုံးဖွင့်လိုက်တယ် ဆိုရင်ပဲ ကြက်သွေးရောင် တိမ်ကမ္ဘာကို စိုက်ကြည့်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရပါတယ်။

ဒီပုဂ္ဂိုလ်ကတော့ အိမ်ရှေ့မင်းသား တျန်ဇယ်ပါ။

အိမ်ရှေ့မင်းသား တျန်ဇယ်ဟာ ကြေးခွံနက်ကို ဝတ်ဆင်ထားပြီး ရှည်လျားလှတဲ့ ဆံပင်တွေက ဟင်းလင်ပြင်ထဲမှာ လွင့်မျောနေပါတယ်။ သေချာကြည့်လိုက်မယ်ဆိုရင် တျန်ဇယ်ရဲ့မျက်နှာက ရေခဲထက် အေးစက်နေပြီး မျက်လုံးတွေက နက်မှောင်နီရဲနေတာကို တွေ့နိုင်ပါတယ်။ ဘယ်သူမဆို တျန်ဇယ်ကို တစ်ချက်ကြည့်ရုံနဲ့ လူကောင်းမဟုတ်ဘဲ ရက်စက်တဲ့လူဆိုတာ တန်းသိနိုင်ပါတယ်။

တျန်ဇယ်ဟာ ကြက်သွေးရောင် တိမ်ကမ္ဘာကို ချက်ချင်း မတိုက်ခိုက်ဘဲ အရင်ဆုံး လေ့လာအကဲခတ်ပါတယ်။

‘ဒီသေမျိုးကမ္ဘာရဲ့ ကံတရား အထောက်အပံ့ တိုးတက်လာတာ ကောင်းကင်ရုံးတော်မှာ အမြန်ဆုံးပဲ၊ ဒါပေမဲ့ ဒီသေမျိုးကမ္ဘာမှာရှိတဲ့ သေမျိုးတွေက စွမ်းအားလည်း မကြီးပါလား၊ တစ်ခုခုတော့ မဟုတ်သေးဘူး’ အိမ်ရှေ့မင်းသား တျန်ဇယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။

ဒီအချိန်မှာပဲ...။

ကောင်းကင်ရုပ်သေးရုပ်က မေးလိုက်ပါတယ် “မင်း ဘာလာလုပ်တာလဲ”

အိမ်ရှေ့မင်းသားတျန်ဇယ်ဟာ ရုပ်သေးရုပ်ကို တစ်ချက်ကြည့်ရုံနဲ့ ရုပ်သေးရုပ်မှန်း သိလိုက်တာကြောင့် တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်ပါတယ် “ထွက်လာပြီး ငါနဲ့ လာတိုက်ချည်”

‘တော်တော် ဘဝမြင့်တာပဲ’ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပြီး အိမ်ရှေ့မင်းသား တျန်ဇယ်ကို အချိန်ဆွဲထားဖို့ ကောင်းကင်ရုပ်သေးရုပ်ကို ခိုင်းလိုက်ပါတယ်။

“မတိုက်လို့မရဘူးလား၊ ဒီသေမျိုးကမ္ဘာက မင်းကို ဘာလုပ်နေလို့လဲ” ကောင်းကင်ရုပ်သေးရုပ်က မေးလိုက်ပါတယ်။

စကားတစ်လုံးမဆိုဘဲ အိမ်ရှေ့မင်းသားတျန်ဇယ်ဟာ လက်မြှောက်ပြီး လက်ဝါးရိုက်ချက် ထုတ်လိုက်ပါတယ်။ သမုဒ္ဒရာရေလို များပြားလှတဲ့ ဝိညာဉ်စွမ်းအားဟာ ကောင်းကင်ရုပ်သေးရုပ်ဆီ ဦးတည်ထွက်သွားပါတယ်။

ကောင်းကင်ရုပ်သေးရုပ်ဟာ အလိုလို မိုးမြေကမ္ဘာဖောက် ဓားလက်ချောင်းကို အသုံးပြုပြီး တျန်ဇယ်ရဲ့ လက်ဝါးရိုက်ချက်ကို ခုခံလိုက်ပါတယ်။ ကောင်းကင်ရုပ်သေးရုပ်က ပြန်လည်မွေးဖွားခြင်း ဆန်းကြယ်အမတအဆင့် ရှိပေမဲ့ ဟန်ကျွယ်လိုမျိုး တိုက်ခိုက်မှု အတွေ့အကြုံမရှိပါဘူး။ ဒါပေမဲ့ ဝိညာဉ်စွမ်းအားကို အမှီပြုပြီး အိမ်ရှေ့မင်းသားတျန်ဇယ်ရဲ့ လက်ဝါးချက်ကို ခုခံနိုင်လိုက်ပါတယ်။

“ဟင်...”

အိမ်ရှေ့မင်းသား တျန်ဇယ်ဟာ မျက်လုံးကျဉ်းသွားပါတယ်။

‘ရုပ်သေးရုပ်ကတောင် ငါ့ကို ဟန့်တားနိုင်တာလား’

ဒီအချိန်မှာပဲ...။

အိမ်ရှေ့မင်းသားတျန်ဇယ် ဘေးနားမှာ ပုဂ္ဂိုလ်တစ်ယောက် ပေါ်လာပါတယ်။ ဒီပုဂ္ဂိုလ်က တစ်ခြားသူ မဟုတ်ပါဘူး။ ဟန်ကျွယ်ပါ။

‘ချောလှချည်လား’ အိမ်ရှေ့မင်းသားတျန်ဇယ်ဟာ အနည်းငယ် အံအားသင့်သွားပြီး ချက်ချင်းဆိုသလိုပဲ လက်မြှောက်လိုက်ပါတယ်။ အိမ်ရှေ့မင်းသားတျန်ဇယ်ရဲ့ လက်ဝါးဟာ ကြမ်းတမ်းရက်စက်တဲ့ သားရဲတစ်ကောင်ရဲ့ လက်သည်းအသွင် ပြောင်းလဲသွားပြီး အနက်ရောင်ရောင်ဝါတွေ ထွက်ပေါ်လာပါတယ်။

“ဝေါင်း...”

ကြောက်မက်ဖွယ်ကောင်းတဲ့ အသံဟာ မိုးခြိမ်းသံလို ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။

ဟန်ကျွယ်ဟာ ဟွမ်သွမ့်ဓားကို ထုတ်ယူပြီး ခုတ်ချလိုက်ပါတယ်။ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေဟာ လှိုင်းလုံးတွေလို ထွက်ပေါ်လာပြီး အိမ်ရှေ့မင်းသားတျန်ဇယ်ကို နှစ်မြှုပ်ပစ်လိုက်ပါတယ်။ များပြားလှတဲ့ ဓားအရိပ်တွေကြောင့် အိမ်ရှေ့မင်းသားတျန်ဇယ်ဟာ အကြီးအကျယ် မျက်နှာပျက်သွားပါတယ်။

‘အို... မကောင်းတော့ဘူး၊ ဒီကောင်က စွမ်းအားကြီးလှချည်လား’

အိမ်ရှေ့မင်းသား တျန်ဇယ်ဟာ စိတ်ထဲမှာ အော်ဟစ်လိုက်ပြီး ချက်ချင်း ခုန်ထွက်လိုက်ပါတယ်။ ဒါပေမဲ့ အိမ်ရှေ့မင်းသား တျန်ဇယ် ပြန်ပေါ်လာတယ်ဆိုရင်ပဲ နောက်ဘက်ကနေ လိုက်လာတဲ့ ကြောက်မက်ဖွယ်ဓားချီကို ခံစားလိုက်ရပါတယ်။

အိမ်ရှေ့မင်းသား တျန်ဇယ်ဟာ သံလှံတံကို ချက်ချင်းထုတ်ယူပြီး ဝှေ့ယမ်းလိုက်ပေမဲ့ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေကြားမှာ ထပ်နှစ်မြှုပ်သွားပါတယ်။ မကြာခင်မှာပဲ အိမ်ရှေ့မင်းသား တျန်ဇယ်ရဲ့ ခန္ဓာကိုယ်ဟာ မရေမတွက်နိုင်တဲ့ ဓားအရိပ်တွေကြားမှာ လျင်မြန်စွာ ပျက်စီးသွားပါတယ်။

တျန်ဇယ်ရဲ့ ပဓာနဝိညာဉ်ကို လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုကို ကာကွယ်ထားတာကြောင့် ဓားချီရဲ့ ဖျက်ဆီးမှုဒဏ်ကနေ ကင်းလွတ်သွားပါတယ်။

ဒါပေမဲ့ ဟန်ကျွယ်ဟာ အိမ်ရှေ့မင်းသား တျန်ဇယ်ကို အနားမပေးဘဲ ထပ်မံတိုက်ခိုက်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဘယ်လက်ကိုမြှောက်ပြီး လမ်းခြောက်သွယ် စုပ်ယူခြင်းနဲ့ အိမ်ရှေ့မင်းသား တျန်ဇယ်ကို သူ့ရှေ့ဆီ ဆွဲယူလိုက်ပါတယ်။

“နေအုန်း... ငါက နတ်ဆိုးရုံးတော်က နတ်ဆိုးဧကရာဇ်ရဲ့ သားတော်ပဲ၊ မင်း ငါ့ကို သတ်လို့မရဘူး” အိမ်ရှေ့မင်းသား တျန်ဇယ်က အလန့်တကြား အော်ဟစ်လိုက်ပါတယ်။

[အိမ်ရှေ့မင်းသားတျန်ဇယ်သည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်သုံးပွင့်။]

ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။ အဲဒီနောက် စကားတစ်ခွန်းမပြောဘဲ သုံးလောက သန့်ရှင်းခြင်းကို အသုံးပြုပြီး အိမ်ရှေ့မင်းသား တျန်ဇယ်ရဲ့ ပဓာနဝိညာဉ်ကို သတ်ဖြတ်လိုက်ပါတယ်။

ရန်သူဖြစ်လာပြီဆိုမှတော့ ဟန်ကျွယ်က အလွတ်မပေးပါဘူး။ အိမ်ရှေ့မင်းသား တျန်ဇယ်သာ သူ့ကို မမုန်းရင် ထိုင်ပြီးစကားပြောဖို့က ဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ပဲ အိမ်ရှေ့မင်းသား တျန်ဇယ်ဟာ မရဏလမ်းကို မြန်းသွားရပါတယ်။

ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ချက်ချင်း ပြန်ပါတယ်။ ဟင်းလင်းပြင်ဟာ ပြန်တိတ်ဆိတ်သွားပြီး ဓားချီတွေကလည်း နေလာနှင်းပျောက်သလို လွှင့်ပါး ပျောက်ကွယ်သွားပါတယ်။

ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ရဲ့ နှလုံးဟာ တဒုတ်ဒုတ် ခုန်နေပါတယ် ‘အငယ်ကို သတ်လိုက်ပြီဆိုတော့ အကြီးလာမှာလား’

ဟန်ကျွယ်ဟာ ရန်သူအများကြီးပေါ်လာတာကို ရင်ဆိုင်ဖို့ အသင့်ပြင်ထားလိုက်ပါတယ်။

နှစ်နာရီ။

လေးနာရီ။

ဆယ်နာရီ။

နှစ်ရက် ကုန်ဆုံးသွားပါတယ်။

အချိန်တွေ ကုန်ဆုံးသွားပေမဲ့ မုန်းတီးမှု သတိပေးချက် တက်မလာတာကြောင့် ဟန်ကျွယ်ဟာ နားမလည်နိုင်အောင် ဖြစ်သွားရပါတယ် ‘ဒီအိမ်ရှေ့မင်းသား တျန်ဇယ်က နတ်ဆိုးဧကရာဇ်ရဲ့ အလေးထားမှုကို မခံရလို့လား’

‘မဟုတ်သေးပါဘူး... သူက အိမ်ရှေ့မင်းသားပါ’

‘နေအုန်း... သူက နတ်ဆိုးဧကရာဇ်ရဲ့ သားတော်ပဲ၊ နတ်ဆိုးရုံးတော်ရဲ့ မင်းသားမှ မဟုတ်တာ၊ သူသာ နတ်ဆိုးရုံးတော်ရဲ့ အိမ်‌ရှေ့မင်းသားဆိုရင် နတ်ဆိုးဧကရာဇ်က သူ့ကို ရန်သူအသိုက်ဆီ ဘာလို့လွှတ်မှာလဲ’

ဟန်ကျွယ်ဟာ တွေးလေလေ ဖြစ်နိုင်တယ်လို့ ခံစားရလေလေပါပဲ။ ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးသွားပါတယ်။

အိမ်ရှေ့မင်းသား တျန်ဇယ် သေဆုံးပြီးတဲ့နောက် ကြက်သွေးရောင် တိမ်ကမ္ဘာဟာ ထပ်ပြီးတော့ အတိုက်ခိုက် မခံရပါဘူး။

ဆယ်နှစ်ကြာပြီးနောက်။

ဟန်ကျွယ်ဟာ ရန်သူတွေကို ကျိန်စာတိုက်နေတုန်းမှာပဲ တိထိုက်ပိုင်က ကောင်းကင်တိုကင်ကနေ ဆက်သွယ်လာပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ နတ်အာရုံခွဲပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။

“မကြာသေးခင်က ကောင်းကင်ရုံးတော်ကို နတ်ဆိုးရုံးတော်က လာတိုက်တယ်၊ သေမျိုးကမ္ဘာ တော်တော်များများလည်း ပျက်စီးလုနီးဖြစ်အောင် ဖျက်ဆီးခံရတယ်၊ မင်းရော တစ်ခုခု ဖြစ်သေးလား” တိထိုက်ပိုင်က မေးလိုက်ပါတယ်။

ဟန်ကျွယ်က ပြန်ဖြေလိုက်ပါတယ် “ကျွန်တော့်ဆီက မဟာညီညွှတ်မှု ရွှေအမတ ရောက်လာတယ်”

တိထိုက်ပိုင်ဟာ ချက်ချင်းပဲ ရင်ထိတ်သွားပြီး အမြန်မေးလိုက်ပါတယ် “အခြေအနေ ဘယ်လိုရှိလဲ၊ သူ ထွက်သွားပြီလား”

“သေသွားပြီ”

“ဟမ်...”

တိထိုက်ပိုင်ဟာ ထိတ်လန့်သွားပါတယ် ‘ဒီကောင်လေးက ရွှေအမတကို သတ်နိုင်နေပြီလား၊ ဒီလိုဆိုရင် သူက ရှန်နန်းတော်ရဲ့ အမတဧကရာဇ်ဝင်စားထက်တောင် ယုတ္တိမတန်ဘူး’

ဟန်ကျွယ်က အသက်တစ်ထေင်ကျော်လေးပဲ ရှိတာပါ။ ရှန်နန်းတော်ရဲ့ အမတဧကရာဇ်ဝင်စားက အမတစစ်အဆင့်နဲ့ ရွှေအမတကို သတ်နိုင်တာက သက်တမ်းသောင်းချီနေပါပြီ။

တိထိုက်ပိုင်ဟာ ဒီအဖြစ်ကြောင့် ထိတ်လန့်သွားပြီး သူနဲ့ အရှင်မင်းကြီးက ဟန်ကျွယ်ကို လျှော့တွက်မိသွားတယ်လို့ ရုတ်တရက် သဘောပေါက်သွားပါတယ်။

တိထိုက်ပိုင်က အလျင်စလို မေးလိုက်ပါတယ် “မင်းကို ပြဿနာလာရှာတဲ့လူက ဘယ်သူလဲ”

ဟန်ကျွယ်ဟာ ဘာမှမဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြဿနာတက်လာရင် ကောင်းကင်ရုံးတော်ကို မှီခိုရမှာမို့လို့ပါ။

“နတ်ဆိုးဧကရာဇ်ရဲ့ သားတော်... အိမ်ရှေ့မင်းသား တျန်ဇယ်... မင်းက သူ ဘယ်လူလဲဆိုတာကို သိတာတောင် သတ်ရဲသေးတာလား” တိထိုက်ပိုင်က ထူးဆန်းတဲ့လေသံနဲ့ မေးလိုက်ပါတယ်။

ဟန်ကျွယ်က ပြန်ပြောပါတယ် “ကျွန်တော့်နောက်မှာ ကောင်းကင်ရုံးတော်ရှိတယ်၊ ကောင်းကင်ရုံးတော်က နတ်ဆိုးရုံးတော်ကို ကြောက်ရမလား၊ ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး ဟုတ်တယ်မလား၊ ကျွန်တော်တို့ ကောင်းကင်ရုံးတော်က အနန္တကမ္ဘာမှာ နံပါတစ်ပဲ”

တိထိုက်ပိုင်ဟာ ဟန်ကျွယ်စကားကြောင့် တိတ်ဆိတ်သွားပါတယ်။ ဟန်ကျွယ်စကားကို တိထိုက်ပိုင်တစ်ယောက် ငြင်းချက် မထုတ်နိုင်ပါဘူး။

“ဒီအကြောင်းကို ဘယ်သူမှ မပြောနဲ့၊ ငါ ကောင်းကင်ဧကရာဇ်ကို အရင်ပြောလိုက်အုန်းမယ်၊ မစိုးရိမ်ပါနဲ့၊ ကောင်းကင်ရုံးတော်က မင်းကို အမြဲတမ်း ‌ပံ့ပိုးပေးမှာပါ” ဒီစကားပြီးတဲ့အခါမှာတော့ တိထိုက်ပိုင်ဟာ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပါတယ်။

ဟန်ကျွယ်ဟာ စိတ်မရှိဘဲ ရန်သူတွေကို ကျိန်စာဆက်တိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။

ခုနစ်လရှစ်လကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ကိုယ်ပွားကို စဖန်တီးပါတယ်။ ဟန်ကျွယ်ဟာ ဒီပြန်လည်မွေးဖွားခြင်း ကိုယ်ပွားကို ဓားတာအိုမြစ် စောင့်ကြပ်ဖို့ အသုံးပြုမှာပါ။

သုံးနှစ်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူနဲ့ တစ်ပုံစံတည်းတူတဲ့ ကိုယ်ပွားကို ဖန်တီးလို့ ပြီးသွားပါတယ်။ ဒီကိုယ်ပွားကိုကြည့်ပြီး ဝူတောက်ကျန့်ဟာ ကြက်သေသေသွားပါတယ်။ ဟန်ကျွယ်ဟာ မျက်နှာဖုံးတစ်ခုကို ထုတ်ယူလိုက်ပြီး သူ့ပြန်လည်မွေးဖွားခြင်း ကိုယ်ပွားကို ဝတ်ဆင်ပေးလိုက်ပါတယ်။

“အခုအချိန်ကစပြီး မင်းက လျူပေ့ပဲ”

ဟန်ကျွယ်ဟာ ပြုံးလိုက်ပြီး လက်ဝှေ့ယမ်းကာ သူ့ပြန်လည်မွေးဖွားခြင်း ကိုယ်ပွားကို ဓားတာအိုမြစ်ဆီ ပို့လိုက်ပါတယ်။ ပြန်လည်မွေးဖွားခြင်း ကိုယ်ပွားက ဟန်ကျွယ်နဲ့ ကျင့်ကြံမှု အဆင့်တူပေမဲ့ ဟန်ကျွယ်ရဲ့ ကျင့်စဉ်တွေ မှတ်ဉာဏ်တွေတော့ မရှိပါဘူး။ ဟန်ကျွယ်ဟာ ဒီပြန်လည်မွေးဖွားခြင်း ကိုယ်ပွားဆီ နတ်အာရုံ စေလွှတ်ပြီး တစ်ကိုယ်လုံးကို လိုသလို ထိန်းချုပ်လို့ရပေမဲ့ အမှားအယွင်း အဖြစ်မခံနိုင်တာကြောင့် သူ့နဲ့တစ်ပုံစံတည်းဖြစ်အောင် မဖန်တီးတာပါ။

ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “သခင်... လျူပေ့က သခင်ရဲ့...”

“ကိုယ်ပွားတစ်ခု၊ မင်းအရင်က ဓားတာအိုမြစ်ကို မသွားခဲ့ဖူးလား၊ သူက အဲဒီဓားတာအိုမြစ်ကို စောင့်ကြပ်မှာ”

ဝူတောက်ကျန့်ဟာ ဓားတာအိုဟာ အလွန်အရည်အချင်းရှိတာကြောင့် ဓားတာအိုမြစ်ဆီ ရောက်ဖူးပါတယ်။

“အဲဒီစီနီယာကရော...” ဝူတောက်ကျန့်က စပ်စုလိုက်ပါတယ်။

“သူက ကိစ္စတစ်ခု လုပ်စရာရှိလို့ ထွက်သွားတယ်”

ဝူတောက်ကျန့်ဟာ အံဩတကြီး မေးလိုက်ပါတယ် “သခင်... ဘယ်လိုလုပ်ပြီး ဓားတာအိုမြစ် စောင့်ကြပ်တဲ့နေရာကို ရသွားတာလဲ”

“မင်းအရည်အချင်းနဲ့ ငါရှင်းပြလည်း နားလည်မှာ မဟုတ်ဘူး” ဟန်ကျွယ်ဟာ မျက်လုံးပင့်တင်ကာ အဖြေပြန်ပေးလိုက်ပြီး ကောင်းကင်ကိုးလွှာရေစင်ဆီ လျှောက်သွားပါတယ်။

ဟန်ကျွယ်ဟာ လီယောင်က ကြက်သွေးရောင်တိမ်ကမ္ဘာကို အရင်ဆုံးရှာဖွေဖို့ မကြိုးစားဘဲ တောင်ကြားတစ်ခုမှာ ပုန်းအောင်းပြီး ကျင့်ကြံနေတာကို တွေ့လိုက်ရပါတယ်။ လီယောင်က တော်တော်လေး သတိကြီးပြီး ဘယ်လိုနေရာမှာ ပုန်းအောင်းရမလဲဆိုတာ သိပါတယ်။ လီယောင်ဟာ ဟန်ကျွယ်က သူ့ကို လှည့်စားမှာ ကြောက်တဲ့အတွက် အခုလို လုပ်နေတာပါ။

“ဆရာသခင်... မုရုံချီ တစ်ခုခု ဖြစ်နေပြီ” ထူလင်းအာရဲ့ အသံဟာ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကနေ ထွက်ပေါ်လာပါတယ်။ သူ့လေသံကလည်း တော်တော်လေး အလျင်လိုနေပါတယ်။

ဟန်ကျွယ်လည်း ချက်ချင်းပဲ ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ထွက်လိုက်ပါတယ်။

မုရုံချီဟာ ဖူးစန်းသစ်ပင်အောက်မှာ ဆန့်ငင်ဆန့်ငင် ဖြစ်နေပြီး မျက်နှာတစ်ခုလုံးလည်း ကြမ်းကြုတ်ရက်စက်တဲ့အသွင် ဖြစ်နေတာကြောင့် ဘယ်သူမှာ အနားမကပ်ရဲပါဘူး။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters