စစ်နတ်ဘုရား နိုးထခြင်း၊ ကိုးမြီးနတ်ဆိုးဧကရီ
Vol. 17 Ch. 216
အခန်း (၂၁၆) စစ်နတ်ဘုရား နိုးထခြင်း၊ ကိုးမြီးနတ်ဆိုးဧကရီ
ဟန်ကျွယ်ဟာ ချက်ချင်းပဲ မုရုံချီဆီ လျှောက်သွားပြီး ဒူးတစ်ဖက်ထောက် ထိုင်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ မုရုံချီရဲ့ခန္ဓာကိုယ်ကို နတ်အာရုံနဲ့ စစ်ဆေးတဲ့အခါ ရုပ်ခန္ဓာ ဒဏ်ရာရတာမဟုတ်ဘဲ ပဓာနဝိညာဉ်မှာ ပြဿနာတက်နေမှန်း သိလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မုရုံချီရဲ့ ဝိညာဉ်ကို နတ်အာရုံနဲ့ စစ်ဆေးလိုက်တဲ့ဆိုရင်ပဲ အလွန်အံဩထိတ်လန့် ကြောက်မက်ဖွယ်ကောင်းတဲ့ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရပါတယ်။
သွေးမိုးရွာသွန်းပြီး ကမ္ဘာတစ်ခုလုံး မည်းမှောင်နေပါတယ်။ ကောင်းကင်ယံမှာတော့ ကြောက်မက်ဖွယ်ပုဂ္ဂိုလ် ဆယ်ယောက်ကျော်ဟာ တိုက်ခိုက်နေကြပါတယ်။ သူတို့ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ရောင်ဝါနဲ့တင် မြေကြီးဟာ ဆက်တိုက်ပြိုကျကုန်ပါတယ်။ မရေမတွက်နိုင်တဲ့ လျှပ်စီးတွေကလည်း ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ်ထားသလို ဆက်တိုက်ပစ်ခတ်နေပီး လောကကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်နေသလိုပါပဲ။ ဒီမြင်ကွင်းကို တကယ်ကို ကြောက်မက်ဖို့ ကောင်းတာပါ။
ဒီအချိန်မှာ ဟန်ကျွယ်ဟာ ထူးကဲတောက်ပတဲ့ အလင်းရောင်တွေ ဖြာထွက်နေတဲ့ ရောင်ဝါအကောင်းဆုံး ပုဂ္ဂိုလ်တစ်ယောက်ကို တွေ့လိုက်ရပါတယ်။
ဒီပုဂ္ဂိုလ်ဟာ အလင်းလှံတံနှစ်ချောင်းကို ကိုင်စွဲပြီး တဟုန်းဟုန်းတောက်လောင်နေတဲ့ မီးတွေထက်မှာ ရပ်တည်နေပါတယ်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း လျှပ်စီတွေ ဝန်းရံနေပြီး ခေါင်းထက်မှာလည်း ကြီးမားတဲ့ ဆေးအိုကြီးတစ်လုံး ရှိနေပါတယ်။ ဒီဆေးအိုးကြီးဟာ ပတ်ဝန်းကျင်က စိတ်ဝိညာဉ်ချီတွေကို စုပ်ယူပြီး ကမ္ဘာဖျက်လေကို ဖြစ်တည်လာစေပါတယ်။
‘စစ်နတ်ဘုရား’
ဟန်ကျွယ်ဟာ ဒီပုဂ္ဂိုလ်ကို မြင်မြင်ချင်းပဲ ဒီဘွဲ့နာမည်ကို တွေးမိလိုက်ပါတယ်။ ရန်သူ ဘယ်လောက်များများ ဝန်းရံတိုက်ခိုက်ပါစေ စစ်နတ်ဘုရားဟာ မတ်မတ်ရပ်ပြီး ရန်သူအားလုံးကို ဖိနှိပ်ပါတယ်။
“ငါအမိန့်နာခံ ကောင်းကင်တာအို ရန်သူကိုသတ်”
အထက်စီးဆန်လွန်းတဲ့ အသံတစ်သံဟာ အချိန်မြစ်ကိုဖြတ်ပြီး ရှေးဟောင်းနတ်ဘုရားတွေဆီက လာသလိုမျိုး မိုးမြေကြားမှာ ထွက်ပေါ်လာပါတယ်။ ရုတ်ခြည်းဆိုသလို မရေမတွက်နိုင်တဲ့ လျှပ်စီးတွေ ဖြစ်ပေါ်လာပြီး ကမ္ဘာတစ်ခုလုံးကို လင်းထိန်သွားစေပါတယ်။ ဒီမြင်ကွင်းကြောင့် ဟန်ကျွယ်ရဲ့ နတ်အာရုံဟာ ထိတ်လန့်သွားပြီး အပြင်လောကနဲ့ ပြတ်တောက်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ အတွေးနက်သွားပါတယ်။
“ဆရာသခင်... သူ ဘယ်လိုနေလဲ” ထူလင်းအာက မေးလိုက်ပါတယ်။ ကျန်တဲ့လူတွေကလည်း ဟန်ကျွယ်ဆီက စကားကို ရင်တထိတ်ထိတ်နဲ့ စောင့်နေကြပါတယ်။
လုံဟောင်တောင် ရင်ထိတ်နေပါတယ်။ လုံဟောင်ဟာ မုရုံချီကို တော်တော်လေး နှစ်သက်ပါတယ်။ ဖန်းလျန် ထွက်သွားပြီးကတည်းက မုရုံချီနဲ့ လုံဟောင်ရဲ့ ဆက်ဆံရေးဟာ တော်တော်လေး တိုးတက်လာပါတယ်။ မျိုးဆက်မတူဘူးဆိုပေမဲ့ သူတို့နှစ်ယောက်က တအူထုံဆင်း ညီအစ်ကိုတွေလိုပါပဲ။
ရွှင်ချန်အန်းက ရုတ်တရက် ပြောလိုက်ပါတယ် “သူ့ဘဝဟောင်းက မှတ်ဉာဏ်တွေ နိုးထလာပြီး အခုလက်ရှိဘဝ မှတ်ဉာဏ်တွေနဲ့ ပေါင်းစပ်နေတာ ဖြစ်မယ်” ဒီခံစားချက်ကို ရွှင်ချန်အန်းက တရင်းတနှီး ရှိပါတယ်။ ဒါပေမဲ့ ရွှင်ချန်အန်း မှတ်ဉာဏ် နိုးထတုန်း မုရုံချီလည်း ဒုက္ခမရောက်ပါဘူး။
“အို... မုရုံချီမှာ ဘဝဟောင်း ရှိတာလား” ခေါင်းငါးလုံး မြွေနဂါးဘုရင်က တအံတဩ မေးလိုက်ပါတယ်။
ငရဲကြက်နက် ရုတ်တရက် အော်ပြောလိုက်ပါတယ် “ဒီကောင်လေးရဲ့ အရည်အချင်းက ဒီလောက်ထိ ထက်မြက်နေတာ အံဩစရာ မရှိတော့ပါဘူး၊ ဒါကြောင့် ငါ ဘယ်လိုလိုက်လိုက် မမီတာကိုး”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “အခုဘာမှ မဖြစ်တော့ဘူး၊ သူ ပြန်ကောင်းလာတာကို စောင့်ရအောင်”
တစ်ခြားသူတွေကလည်း မုရုံချီရဲ့ ဘဝဟောင်းက သရုပ်မှန်ကို သိချင်သွားပြီး အချင်းချင်း ဆွေးနွေးကြပါတယ်။ သေမျိုးကမ္ဘာမှာ အမတတွေ ပြန်ဝင်စားတဲ့ ဒဏ္ဍာရီတွေ အများကြီး ရှိပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို မပြန်ဘဲ မုရုံချီရှေ့မှာ ထိုင်ပြီး စိတ်ရှည်လက်ရှည် စောင့်ပါတယ်။
ဒီလိုနဲ့ လေးရက်ကြာပြီးမှာ မုရုံချီဟာ သတိပြန်ရလာပါတယ်။ မုရုံချီဟာ မျက်လုံးဖွင့်လိုက်တယ်ဆိုရင်ပဲ ဟန်ကျွယ်ကို အရင်ဆုံး မြင်လိုက်ရပါတယ်။
မုရုံချီရဲ့ မျက်နှာဟာ ရှုပ်ထွေးနေပြီး တစ်လုံးချင်း ခေါ်လိုက်ပါတယ် “ဆရာဘိုးဘိုး...”
“ဘာတွေပဲဖြစ်ဖြစ် ဒီနေရာက မင်းအိမ်ပဲ၊ ဒီမှာ မင်းဘာမှ စိုးရိမ်စရာ မလိုဘူး၊ မင်းပြောချင်တာသာ ပြော၊ ငါ လက်ခံမှာ လက်မခံမှာကို စိုးရိမ်မနေနဲ့၊ တကယ်တော့ မင်းအကြောင်းကို ငါ အကုန်လုံး သိတယ်”
မုရုံချီရဲ့ မျက်ဆံဟာ တင်းကြပ်သွားပြီး ခံစားချက်တွေကလည်း ပိုမိုရှုပ်ထွေးသွားပါတယ်။
ဟန်ကျွယ်က စလိုက်ပါတယ် “မင်းဆရာက ဘယ်ကလာလဲသိလား၊ သူက ဗုဒ္ဓဂိုဏ်းရဲ့ ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်းပဲ၊ သူက ရှန်ဗုဒ္ဓရဲ့ ကျိန်စာကြောင့် ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲမှာ အချစ်ဘေးဒုက္ခကို ခံစားနေရတာ၊ တော်တော်လေးကို ခံစားခဲ့ရတာ” ဟန်ကျွယ်စကားကို တစ်ခြားသူတွေရဲ့ အာရုံကို ဆွဲဆောင်မိသွားပါတယ်။
‘ရွှင်ချန်အန်းမှာ ဒီလိုမျိုး သရုပ်မှန် ရှိနေတာလား၊ ချန်အာကို ဒီလောက်ထိ တမ်းတမ်းစွဲ ဖြစ်နေတာ အံဩစရာ မရှိတော့ပါဘူး’
ရွှင်ချန်အန်းရဲ့ မျက်နှာဟာ တည်ငြိမ်နေပြီး ဒီကိစ္စက သူနဲ့မဆိုင်သလိုပါပဲ။
ငရဲကြက်နက်ဟာ ကျေနပ်အံအားသင့်သွားပတါယ် “ကြည့်ရတာ အရင်ဘဝမှာ ငါက ဖီးနစ် တကယ်ဖြစ်ခဲ့ပုံပဲ၊ သခင်က ငါ့ကို မညာဘူးပဲ”
မုရုံချီနဲ့ ရွှင်ချန်အန်းမှာ နောက်ခံကောင်းကောင်း ရှိတဲ့အတွက် သူ့မှာလည်း ရှိရမယ်လို့ ငရဲကြက်နက်က တထစ်ချ တွေးတောလိုက်ပါတယ်။ တစ်ခြားသူတွေကလည်း စိတ်ကူးယဉ်ဆန်ဆန် တွေးတောကုန်ကြပါတယ်။ ဘယ်သူကများ ဘဝဟောင်းမှာ စွမ်းအားကြီးတဲ့လူ မဖြစ်ချင်မှာလဲ။
မုရုံချီက ပြောလိုက်ပါတယ် “ဆရာဘိုးဘိုး... ဒီအကြောင်းတွေကို သိတယ်ဆိုရင် ကျွန်တော့်ကို ဘာလို့ လက်ခံသေးတာလဲ” မုရုံချီဟာ အရင်လို တက်တက်ကြွကြွမရှိတော့ပဲ စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။
“မင်းက ငါ့တပည့်ဖြစ်လာဖို့ နှစ်ပေါင်းများစွာ ဒူးထောက်ခဲ့တာ မဟုတ်ဘူးလား” မုရုံချီက အပြုံးနဲ့ မေးလိုက်ပါတယ်။
မုရုံချီဟာ ဟန်ကျွယ် မေးခွန်းကြောင့် အရင်ဆုံး ကြက်သေသေသွားပြီးမှ မဲ့ပြုံးပြုံးလိုက်ပါတယ် “ကျွန်တော်က ဆရာဘိုးဘိုးက ဒီအရှုပ်ထဲ ဝင်ပါစေမိပြီ”
ဟန်ကျွယ်က နှာခေါင်းရှုံ့လိုက်ပါတယ် “မင်း ငါပြောတာကို နားမလည်ဘူးလား၊ မင်းက ငါ့ကို ဆရာဘိုးဘိုးအဖြစ် အသိအမှတ်ပြုတဲ့အတွက် ငါကလည်း မင်းကို ကာကွယ်ပေးမယ်၊ ရှန်နန်းတော်ဆိုရင်တောင် ငါ မကြောက်ဘူး၊ ဝီရိယတောင်မှာပဲနေပြီး ကြိုးကြိုးစားစား ကျင့်ကြံချည်၊ မင်းမှာ လက်စားချေဖို့ အရည်အချင်း ပြည့်ဝပြီဆိုရင် ရှန်နန်းတော်ဆီ လူသတ်လမ်းခင်းပေတော့”
“ဒါပေမဲ့...”
“ဒါပေမဲ့ ဘာဖြစ်လဲ၊ မင်းက ရှန်နန်းတော်ရှေ့မှာ ငါက ပုရွက်ဆိတ်လေးလို့ ထင်နေတာလား”
“ကျွန်တော်...”
“စိတ်ချလက်ချ ကျင့်ကြံစမ်းပါ၊ ရှန်နန်းတော်သာ မင်းကို ရှာတွေ့နိုင်တယ်ဆိုရင် သူတို့တွေ ဒီလာတာ ကြာလှနေပြီ”
မုရုံချီဟာ တိတ်ဆိတ်သွားပါတယ်။
ဟန်ကျွယ်က အဓိပ္ပာယ်ရှိရှိ ပြောလိုက်ပါတယ် “မင်းက အရင်ဘဝမှာ အရမ်းစွမ်းအားကြီးတာ ဆိုခဲ့ပေမဲ့ ဒီနေရာမှာတော့ မင်းရဲ့ဘဝဟောင်းက ဒီလောက်ကြီး ထူးချွန်နေတာ မဟုတ်ဘူး၊ တစ်ချို့လူတွေက မင်းထက် ပိုပြီးတော့တောင် ယုတ္တိမတန်ဘူး”
မုရုံချီဟာ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး တစ်ခြားသူတွေကို ကြည့်လိုက်ပါတယ်။ တစ်ခြားသူတွေလည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ်။
ငရဲကြက်နက်ဟာ ဘဝခိုက်သွားပါတယ် “ဟုတ်တယ်၊ ငါက ဖီးနစ်ပဲ၊ ဖီနစ်းရဲ့ မူလဇာစ်မြစ်ကို မင်းတို့ သိကြလား”
လုံဟောင်က ဂုဏ်ယူစွာ ပြောလိုက်ပါတယ် “ဆရာတူတပည့်လေး... မင်း ဘာကြောက်နေတာလဲ၊ ရှန်နန်းတော်က ဘယ်လောက်တောင် အင်အားကြီးနေလို့လဲ၊ ငါက ကောင်းကင်ဧကရာဇ်ရဲ့ သားတော်ပဲ၊ ငါ ကောင်းကင်ဧကရာဇ်ဖြစ်... ဘာပဲဖြစ်ဖြစ် နောက်ကျရင် ငါ မင်းအတွက် လက်စားချေပေးမယ်”
မုရုံချီက ပြုံးပြီး ဂုဏ်ယူစွာ ပြောလိုက်ပါတဘ် “ကျွန်တော်က ရှန်နန်းတော်က မကြောက်ပါဘူး၊ ကျန်တဲ့လူတွေကို ဝင်ပါစေမိမှာ ကြောက်တာပါ၊ ဆရာဦးလေး ဘာမှလုပ်စရာ မလိုပါဘူး၊ နောက်ကျရင် ကျွန်တော်တစ်ယောက်တည်း ရှန်နန်းတော်ကို စိန်ခေါ်တိုက်ခဲ့ပြီး အဲဒီမှာရှိတဲ့ အမတဧကရာဇ်တွေ အားလုံးကို ဖျက်ဆီးပစ်မယ်”
ဟန်ကျွယ်ဟာ မုရုံချီကို သေချာကြည့်လိုက်ပြီး မုရုံချီက မပြောင်းလဲသေးဘူးလို့ ခံစားလိုက်ရပါတယ်။ မုရုံချီဟာ သူစိမ်းတစ်ယောက်လို လုံးဝပြောင်းလဲသွားခြင်း မရှိပါဘူး။ ဖြစ်နိုင်တာက မုရုံချီဟာ မှတ်ဉာဏ်တွေပဲ ပြန်ရလိုက်တာကြောင့် စရိုက်မပြောင်းတာ ဖြစ်ပါလိမ့်မယ်။
“ဆရာသခင်... ကောင်းကင်ရုံးတော်နဲ့ ဆရာသခင်က ဘယ်လိုဆက်ဆံရေးရှိလဲ” မုရုံချီက ရုတ်တရက် မေးလိုက်ပါတယ်။
“မင်း ဆန္ဒရှိရင် ကောင်းကင်ရုံးတော်ကို သွားဖို့ ငါ ကူညီပေးနိုင်တယ်”
မုရုံချီဟာ ဟန်ကျွယ်စကားရဲ့ ဆိုလိုရင်းကို နားလည်လိုက်ပါတယ်။ အဲဒီနောက်မှာတော့ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်သွားပါတယ်။
လူတိုင်းဟာ မုရုံချီကို ဝန်းရံပြီး မုရုံချီရဲ့ အတိတ်ဘဝအကြောင်း ဝိုင်းမေးကြပါတယ်။ ဒါပေမဲ့ မုရုံချီဟာ ရွှင်ချန်အန်းလိုပဲ သူ့အတိတ်ဘဝအကြောင်းကို တစ်ခွန်းမှ မဟပါဘူး။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်နောက်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်ပါတယ်။ ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ပြန်ရောက်တဲ့အခါမှာတော့ ဝူတောက်ကျန့်ဟာ သိချင်စိတ်ကို မြိုသိပ်မထားနိုင်တော့ဘဲ မေးလိုက်ပါတယ် “သခင်... သူ့သရုပ်မှန်က ဘာလဲ၊ ကျွန်မကို ပြောပြပါလား၊ ကျွန်မ ဘယ်သူ့ကိုမှ မပြောပြပါဘူး”
ဟန်ကျွယ်ဟာ အိပ်ရာပေါ်မှထိုင်လိုက်ပြီး မုရုံချီအကြောင်းကို သူသိထားသမျှ ပြောပြလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်စကားကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားပါတယ်။ မုရုံချီက အတိတ်ဘဝမှာ ဒီလောက်ထိ စွမ်းအားကြီးလိမ့်မယ်လို့ ဝူတောက်ကျန့် ဘယ်တုန်းကမှ မထင်ထားခဲ့ပါဘူး။
‘တော်တော် ကြောက်ဖို့ကောင်းတာပဲ’
ဟန်ကျွယ်က အလေးအနက် ပြောလိုက်ပါတယ် “ဒီကိစ္စကို သူများတွေသိလို့ မဖြစ်ဘူး၊ ဒီအထဲမှာ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေလည်း ပါတယ်”
ဝူတောက်ကျန့်ဟာ ဒီကိစ္စက ပေါ့သေးသေးကိစ္စ မဟုတ်မှန်း သိတာကြောင့် အလေးအနက် ခေါင်းညိတ်လိုက်ပါတယ်။
[ကိုးမြီးနတ်ဆိုးဧကရီသည် သင့်အား မုန်းတီးသွားပါပြီ။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
စာကြောင်းတစ်ကြောင်း ဟန်ကျွယ်ရှေ့မှာ ရုတ်တရက် ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး လူမှုဆက်ဆံရေးကနေ ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[ကိုးမြီးနတ်ဆိုးဧကရီ: မဟာညီညွှတ်မှု ရွှေအမတ နောက်ဆုံးအဆင့်၊ နတ်ဆိုးရုံးတော်၏ နတ်ဆိုးဧကရီတစ်ပါးဖြစ်ပြီး အိမ်ရှေ့မင်းသား တျန်ဇယ်၏ မယ်တော်ဖြစ်သည်။ သူ့သားအား သင်သတ်လိုက်ကြောင်း သိလိုက်ရသောအခါ ကိုးမြီးနတ်ဆိုးဧကရီသည် သင့်အား အလွန်မုန်းတီးသွားပြီး သင့်မသေမချင်း လိုက်လံလက်စားချေမည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ လက်ရှိ မုန်းတီးမှု: ကြယ်ခြောက်ပွင့်။]
ဟန်ကျွယ်ဟာ မျက်မှောင် ပိုကြုတ်သွားပါတယ် ‘ဒီကိစ္စက ဖြစ်လာသေးတာပဲ’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ချက်ချင်းထုတ်ယူလိုက်ပြီး ကိုးမြီးနတ်ဆိုးဧကရီကို ကျိန်စာတိုက်ပါတော့တယ်။ ကိုးမြီးနတ်ဆိုးဧကရီကို ငါးရက်ကြာ ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ တစ်ခြားရန်သူတွေကို ဆက်ပြီးတော့ ကျိန်စာတိုက်ပါတယ်။
‘မင်းတို့ကောင်တွေ အပြစ်တင်ချင်ရင် ကိုးမြီးနတ်ဆိုးဧကရီကိုသာ အပြစ်တင်ကြတော့’ ဟန်ကျွယ်ဟာ သူ့ရန်သူတွေကို စိတ်ထဲမှာ ပြောလိုက်ပါတယ်။
လေးငါးခြောက်လ အကြာ ဟန်ကျွယ် ကျိန်စာတိုက်လို့ မပြီးခင်မှာပဲ တိထိုက်ပိုင်ရဲ့ နတ်အာရုံဟာ ကောင်းကင်တာအို တိုကင်ကနေတစ်ဆင့် ဆက်သွယ်လာပါတယ်။ ဟန်ကျွယ်ဟာ ချက်ချင်းပဲ နတ်အာရုံကို အသုံးပြုပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။
“နောက်ကျရင် ကောင်းကင်ရုံးတော် နယ်မြေထဲက မထွက်နဲ့” တိထိုက်ပိုင်ရဲ့အသံဟာ လေးလံလွန်းလှပါတယ်။
ဟန်ကျွယ်ဟာ မထွက်ဘူးလို့ ကတိပြန်ပေးလိုက်ပါတယ် ‘လာနောက်နေတာလား၊ ငါက ဘာကိစ္စနဲ့ အပြင်ထွက်ရမှာလဲ’
တိထိုက်ပိုင်က မေးလိုက်ပါတယ် “ငါ ဘာလို့ ဒီလိုပြောလဲဆိုတာကို မသိချင်ဘူးလား”
“မေးစရာလိုသေးလို့လား၊ အိမ်ရှေ့မင်းသားတျန်ဇယ်ကြောင့်ပဲပေါ့” ဟန်ကျွယ်ဟာ မတက်နိုင်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ တိထိုက်ပိုင်က အလုပ်များပြီး မှတ်ဉာဏ်မကောင်းတော့ဘူးလို့ ခံစားလိုက်ရပါတယ်။
တိထိုက်ပိုင်က သက်ပြင်းချလိုက်ပါတယ် “ဒီကိစ္စကြောင့် မဟုတ်ဘူး၊ ဒီထက်ပိုဆိုးတဲ့ကိစ္စ ဖြစ်လာပြီ”
မြန်မာပြည် ငြိမ်းချမ်းပါစေ။