ဟန်ကျွယ်ရဲ့စရိုက်၊ နတ်ရွှေကျီးမျိုးနွယ်စု၏ ပါရမီရှင်
Vol. 17 Ch. 220
အခန်း (၂၂၀) ဟန်ကျွယ်ရဲ့စရိုက်၊ နတ်ရွှေကျီးမျိုးနွယ်စု၏ ပါရမီရှင်
“ကောင်းကင်ရုံးတော် ပြဿနာမတက်မချင်း ကျွန်တော် ဒီမှာဆက်နေပြီးတော့ ကျင့်ကြံလို့မရဘူးလား၊ ကျွန်တော် ပြဿနာတွေ မတက်ချင်သေးဘူး”
ဟန်ကျွယ်ဟာ ကောင်းကင်ရုံးတော်ကို တကယ်မသွားချင်ပါဘူး။ လူများလေ ပြဿနာများလေပါပဲ။ လောကကြီးမှာ ဆက်ဆံရေးကွန်ရက်တစ်ခုပါ။ ဟန်ကျွယ်ဟာ ဒီဆက်ဆံရေးကွန်ရက်ကို အချိန်ကုန်လူပန်းခံပြီး မစီမံချင်ပါဘူး။
တစ်ယောက်တည်းနေတာတောင် ပြဿနာတွေက တံခါးဝရောက်လာတာ ကောင်းကင်ရုံးတော်ကိုသာ သွားလိုက်ရင် ပြဿနာတံခါးတွေကို လိုက်ခေါက်သလိုမျိုး ဖြစ်သွားမှာပါ။
တိထိုပိုက်က ခေါင်းရှုပ်သွားပါတယ် “မင်းဘာလို့ ဒီလောက်ကြောက်နေတာလဲ၊ မင်း နာမည်မကျော်ကြားချင်ဘူးလား၊ ဒါမှမဟုတ် လူမသိသူမသိ အင်မော်တယ် လုပ်မလို့လား”
“မင်းနောက်မှာ ကောင်းကင်ရုံးတော်နဲ့ အရှင်မင်းကြီး ရှိပါတယ်၊ ဘယ်သူမှ မင်းကို ရန်စရဲမှာ မဟုတ်ဘူး၊ ရှန်စစ်သူကြီးလိုမျိုးပေါ့” တိထိုက်ပိုင် ဘာမှမပြောရင် ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ရှန်စစ်သူကြီးကို ညွှန်းဆိုလိုက်တာကြောင့် ဟန်ကျွယ်ဟာ အလန့်တကြား ဖြစ်သွားပါတယ်။
ရှန်စစ်သူကြီးက သနားစရာကောင်းတဲ့ အလုပ်သမားတစ်ဦးပါ။ ဂုဏ်သိက္ခာမြင့်မားတယ်ဆိုပေမဲ့ မကြာခဏ အပြင်းအထန် ဒဏ်ရာရတာချည်းပါပဲ။ ဒါကြောင့် ဟန်ကျွယ်ဟာ ရှန်စစ်သူကြီးလို လုံးဝ မဖြစ်ချင်ပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းခါပြီး ပြောလိုက်ပါတယ် “ကျွန်တော် ကျော်ကြားမှုရော ကံကောင်းမှုရော မလိုချင်ဘူး၊ အေးအေးဆေးဆေးပဲ ရှင်သန်ချင်တာ၊ ကောင်းကင်ရုံးတော်က ကျွန်တော်ကို ဒီလောက်ထိ အကူအညီပေးထားတာ ကျွန်တော် ပြန်ပေးဆပ်မှာပါ၊ ကောင်းကင်ရုံးတော်ရဲ့ အရေးကြီးဆုံးအချိန်မှာ ကူညီဖို့ ကျွန်တော် အဆင်သင့်ရှိနေမှာပါ၊ ကျွန်တော်က ကောင်းကင်ရုံးတော်ရဲ့ ကာကွယ်စောင့်ရှောက်သူပဲ ဖြစ်ချင်တယ်၊ ရှန်စစ်သူကြီးလိုမျိုး နယ်မြေမချဲ့ထွင်ချင်ဘူး”
တိထိုက်ပိုင်ဟာ မတက်နိုင်တဲ့အပြုံး ပြုံးလိုက်ပါတယ် ‘ဒီကောင်လေးက တကယ်ကို သတ္တိမရှိတာပဲ၊ ဒီလောက်ကြောက်တက်တဲ့ ပါရမီရှင်ကို ငါ့ဘဝမှာ ပထမဆုံး တွေ့ဖူးတာပဲ’
တိထိုက်ပိုင်တွေးတာက ဟုတ်တော့လည်း ဟုတ်ပါတယ်။ ဘယ်ကမ္ဘာမှာများ ဒီလိုစရိုက်ရှိတဲ့ ပါရမီရှင် ရှိလို့ပါလဲ။
တိထိုက်ပိုင်ဟာ ခေါင်းခါလိုက်ပါတယ် “ကောင်းကင်ရုံးတော်နဲ့ နတ်ဆိုးရုံးတော်ရဲ့ စစ်ပွဲပြီးရင် ကောင်းကင်ရုံးတော်က တာအိုဂိုဏ်းမှာ သွားလေ့လာသင်ယူဖို့ ပါရမီရှင်ဆယ်ယောက်ကို ရွေးချယ်လိမ့်မယ်၊ အဲဒီမှာ မဟာတာအိုသခင်က တာအိုဟောကြားလိမ့်မယ်၊ အရှင်မင်းကြီးက မင်းကို နေရာတစ်နေရာ ပေးထားတယ်၊ မင်း သွားချင်လား”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်ပြီး ပြောလိုက်ပါတယ် “ထားလိုက်ပါတော့၊ တစ်ခြားသူတွေကိုသာ ပေးလိုက်ပါ၊ ကျွန်တော် အရည်အချင်းက ဒီလောက်ထူးချွန်နေတာ ဒီအခွင့်အရေးကို တစ်ခြားသူတစ်ယောက်ဆီ ပေးလိုက်ရင် ကျွန်တော်က ကောင်းကင်ရုံးတော်ရဲ့ တိုက်ခိုက်စွမ်းအားကို ကူညီပေးရာရောက်တာပေါ့”
“ဒီက ရှားပါးတဲ့အခွင့်အရေးတစ်ခုနော်၊ အင်မော်တယ်ဧကရာဇ်တာအိုကို ဘယ်လိုယူရမလဲဆိုတာ သင်ပေးမှာ”
“ကျွန်တော်အတွက် ဒါက အသုံးဝင်တယ်ဆိုပေမဲ့ မဖြစ်မနေ လိုအပ်တာ မဟုတ်ဘူး”
“ကောင်းပြီလေ”
တိထိုက်ပိုင်ဟာ မျက်မှောင်ကြုတ်သွားပြီး ဟန်ကျွယ်က ဘဝမြင့်လွန်းတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်အရည်အချင်းက ပြန်တွေးမိပြီး ဘဝမြင့်ဖို့ အရည်အချင်းရှိတယ်လို့ တွေးလိုက်ပါတယ်။
တိထိုက်ပိုက်က ဆက်ပြောပါတယ် “အိမ်ရှေ့မင်းသား ပြန်ရောက်လာပြီး နဂါးစစ်မျိုးနွယ်စုကို သွားလည်ပတ်ဖို့ လုပ်နေတယ်၊ အဲဒီကိုရော မင်းသွားချင်လား၊ နဂါးစစ်မျိုးနွယ်စုမှာ နတ်လက်နက်တွေ အများကြီးရှိတယ်၊ မင်းကြိုက်တာတစ်ခုကို ရွေးယူနိုင်တယ်”
“ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ လောလောဆယ်မှာ ကျွန်တော် နတ်လက်နက် မလိုသေးဘူး”
‘ဒီကောင်လေးက သေမျိုးကမ္ဘာကနေ မထွက်ချင်ဘူးပဲ’
အဲဒီနောက် သူတို့နှစ်ဦးဟာ ရောက်တက်ရာရာ ပြောဆိုကြပြီး အတန်ကြာမှာပဲ တိထိုက်ပိုင် ထွက်ခွာသွားပါတယ်။
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘ငါ့တာအိုနှလုံးသာကိုး လာမနှောင့်ယှက်နဲ့’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
တိထိုက်ပိုင် ထွက်ခွာသွားတဲ့အခါမှာတော့ ဝူတောက်ကျန့်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်လာပြီး စပ်စုလိုက်ပါတယ် “အဲဒီအဘိုးကြီး ဘာလို့ စိတ်ဆိုးပုံပေါက်နေတာလဲ”
“ဘယ်သူသိမှာလဲ” ဟန်ကျွယ်က ဝတ်ကျေတမ်းကျေ ဖြေလိုက်ပါတယ်။
“သခင်... ကျွန်မကို ကောင်းကင်ဓားတာအို ဒုတိယအဆင့် ဆက်သင်ပေးလို့ရမလား၊ ကျွန်မ အဲဒီရွှေကျီးကန်းကို အနိုင်မယူနိုင်ဘူး၊ ဘယ်လောက်တောင် စိတ်တိုဖို့ကောင်းလိုက်လဲ”
ဟန်ကျွယ်ဟာ မျက်လုံးပင့်တက်သွားပါတယ် “မင်းအဆင့်က နိမ့်လွန်းတယ်”
“ဒါပေမဲ့...”
“မင်း ကောင်းကင်ဘုံဝင်အဆင့်ကို ရောက်ရင် ငါ့တစ်ဆင့်ချင်း သင်ပေးမယ်”
“တကယ်လား”
“အင်း”
ဝူတောက်ကျန့်ဟာ ချက်ချင်းဆိုသလို ကျေနပ်အားရစွာ ပြုံးလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ဝူတောက်ကျန့်ကို ဂရုမစိုက်တော့ဘဲ ဆက်လက်ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ အင်မော်တယ်ဧကရာဇ် ဖြစ်ချင်နေပါပြီ။ ဒါမှ သူ့ကိုယ်သူ ကာကွယ်နိုင်မှာပါ။
ကောင်းကင်ရုံးတော်ထဲက ဝင်းခြံတစ်ခုရဲ့ ကျောက်သားဇရပ်တစ်ဆောင်။
ကောင်းကင်ဧကရာဇ်ဟာ လက်ဖက်ရည်သောက်ရင်း သာမန်ကာလျှံကာ မေးလိုက်ပါတယ် “သူ အဲဒီလိုပဲ ပြောခဲ့တာလား”
တိထိုက်ပိုင်ဟာ ဦးညွှတ်လိုက်ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက်ပါတယ် “ဟုတ်ပါတယ်၊ သူက သေမျိုးကမ္ဘာပဲနေပြီး အေးအေးချမ်းချမ်း ကျင့်ကြံချင်ပါတယ်တဲ့”
ကောင်းကင်ဧကရာဇ်ဟာ ခေါင်းခါပြီး ရယ်မောလိုက်ပါတယ် “ဟားဟား... သူက ရွှေအင်မော်တယ် ဖြစ်နေပြီ”
“အား... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
“ငါက မဟုတ်တာပြောပါ့မလား”
“အား... ဒါဆို...” တိထိုက်ပိုင်ဟာ လန့်သွားပြီး ခေါင်းထဲကို အတွေးမျိုးစုံ ဝင်လာပါတယ် ‘ဒီကောင်လေးက ကျင့်ကြံမှုကို ဖုံးကွယ်ပြီး ကောင်းကင်ရုံးတော်ကို မလာချင်တာက တစ်ခုခုရှိနေလို့လား’
ကောင်းကင်ဧကရာဇ်က ပြောလိုက်ပါတယ် “အများကြီးမတွေးနဲ့၊ ဒီကောင်လေးက တကယ်ကို သတိကြီးလွန်းတယ်၊ ဒါလည်း ကောင်းပါတယ်၊ ငါတို့ကောင်းကင်ရုံးတော်မှာ မဟာညီညွှတ်မှု ရွှေအင်မော်တယ်တွေ မရှားဘူး၊ အင်မော်တယ်ဧကရာဇ်၊ ပြိုင်ဘက်ကင်း အင်မော်တယ်ဧကရာဇ် အထူးသဖြင့် နတ်မင်းအဆင့် ကျင့်ကြံသူတွေ ရှားတာ”
တိထိုက်ပိုင်ဟာ ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်အောင် ကြိုးစားလိုက်ပါတယ်။
“ဖန်းလျန်ရော ဘယ်လိုနေလဲ” ကောင်းကင်ဧကရာဇ်က ဆက်မေးပါတယ်။
“ဖန်းလျန်က မိုးမြေသားတော်လို ခေါ်ထိုက်ပါပေတယ်၊ သူ တိုးတက်လာတာ အရမ်းမြန်တယ်၊၊ တစ်ခြားမိုးမြေသားတော်တွေထက်ကို မြန်တာ၊ ဒီတစ်ခေါက် တာအိုဂိုဏ်းဆီသွားမဲ့ အဖွဲ့မှာ သူပါလို့ရတယ်”
“ဟုတ်ပြီ၊ ကြည့်ရတာ ဟန်ကျွယ်ရဲ့ ကံတရားက မဆိုးဘူးပဲ၊ သူ့မြေးတပည့်တွေကိုတောင် ကောင်းချီးပေးနိုင်တယ်”
“ဝီရိယတောင်မှာရှိတဲ့ တိတ်ဆိတ်ဂိုဏ်းရဲ့ တစ်ခြားတပည့်တွေကလည်း မဆိုးပါဘူး၊ ဟန်ကျွယ်က တပည့်တွေကို ဘယ်လိုရွေးချယ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်”
“ကံတရား အထောက်အပံ့ ကြီးကြီးမားမား ရှိသူတွေက တစ်ယောက်ကို တစ်ယောက် ဆွဲဆောင်ကြတယ်၊ မဟုတ်ရင် ပါရမီရှင်တွေက ဘုံပျံမတက်ခင် အချင်းချင်း အားပြိုင်တိုက်ခိုက်ကြပါ့မလား”
“ဟုတ်ပါတယ်”
ကောင်းကင်ဧကရာက ဘာမှဆက်မပြောတော့ဘဲ တိထိုက်ပိုင်ကို ထွက်ခွာဖို့ အချက်ပြလိုက်ပါတယ်။
တိထိုက်ပိုင် ထွက်သွားပြီး အတန်ကြာမှာတော့ ကောင်းကင်ဧကရာဇ်ဟာ စားပွဲကို လက်နဲ့ ခေါက်လိုက်ပါတယ်။ ကောင်းကင်ဧကရာဇ်ဘေးနားက အာကသဟာ ရေလှိုင်းလို လှုပ်ခတ်သွားပါတယ်။
သေမျိုးကမ္ဘာမှာ ၂၇ နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် ကျင့်စဉ်ရဲ့ ရွှေအင်မော်တယ်အခန်းကို လုံးဝတတ်မြောက်သွားပါပြီ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဆန်းကြယ်စွမ်းအား အသစ်ကို သိမြင်နားလည်ခြင်းမရှိဘဲ သေခြင်းရှင်ခြင်း မဟာတာအိုကိုသာ ပိုပြီးတော့ ထိန်းချုပ်နိုင်လာပါတယ်။
ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ်ကျင့်စဉ်ဟာ အင်မော်တယ်ဧကရာဇ် ကျင့်စဉ်ဖြစ်တာကြောင့် အင်မော်တယ်ဧကရာဇ်ဖြစ်လာအောင် ကျင့်ကြံဖို့ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ ဒီထက်မြင့်တဲ့ အဆင့်ကို တက်ချင်ရင်တော့ ဒီထက်မြင့်တဲ့ကျင့်စဉ်ကို ကျင့်ကြံရမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်အတွက်တော့ လောလောဆယ်မှာ အင်မော်တယ်ဧကရာဇ်အဆင့်နဲ့တောင် အလှမ်းဝေးနေသေးတာမို့ ဒီကိစ္စကို ခေါင်းထဲမထည့်သေးပါဘူး။
ဟန်ကျွယ်ရဲ့ နားလည်ထားသလောက်ဆိုရင် အင်မော်တယ်ဧကရာဇ်က အင်မော်တယ်ကမ္ဘာရဲ့ ပထမတန်းစား ကျင့်ကြံသူတွေပါ။
ဒီနေမှာတော့ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ကံတရားအထောက်အပံ့ရှိသူအား ရှာဖွေတွေ့ရှိထားသည်။ မူလဇစ်မြစ်ကို စစ်ဆေးနေသည်။]
ဟန်ကျွယ်ဟာ နှလုံးခုန်သံ မြန်သွားပါတယ် ‘နောက်ထပ် ရန်သူလား’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ စစ်ဆေးလိုက်ပါတယ်။
[ကျန်းယွီ:မဟာညီညွှတ်မှု ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်၊ ပဋိပက္ခအရိုးစုဖြင့် မွေးဖွားလာသူဖြစ်ပြီး ပဋိပက္ခနတ်ဘီလူးဝင်စားသူအဖြစ် ထင်မှတ်ခံရသူ ဖြစ်သည်။ သူသည် နတ်ရွှေကျီးကန်းမျိုးနွယ်စု၏ ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်၏။ မွေးဖွားလာသည့်အချိန်မှစ၍ သူ့မျိုးဆက်တွင် ပြိုင်ဘက်ကင်းပြီး တစ်ခါမှ မရှုံးနိမ်ဖူးချေ။ ကောင်းကင်ရုံးတော်တွင် သင်ရှိနေသောကြောင့် သင့်အား အထူးတလည် လာရောက် ရှာဖွေခြင်းတည်း။]
‘အား... ဒီကျန်းယီက ဓားတာအိုမြစ်မှာ ငါတွေ့ခဲ့တဲ့လူလား’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒီကောင်က ငါ့ကို ဘာကိစ္စနဲ့ လာရှာတာလဲ’
ကျန်းယီရဲ့ ဟန်ကျွယ်အပေါ် မျက်နှာပေးမှုက ကြယ်တစ်ပွင့်တည်းပါ။
ဟန်ကျွယ်ဟာ ကျန်းယီရဲ့ တည်နေရာကို စစ်ဆေးလိုက်တဲ့အခါ ကြက်သွေးရောင် တိမ်ကမ္ဘာအပြင်ဘက်က ဟင်းလင်းပြင်မှာ ရပ်တန့်နေတာကို တွေ့လိုက်ရပါတယ်။ ကျန်းယီက သူ ထွက်လာတာကို စောင့်နေပုံပါပဲ။ ဟန်ကျွယ်ဟာ အသွင်တူလက်ရည်စမ်းပွဲကို အသုံးပြုပြီး ကျန်းယီနဲ့ လက်ရည်စမ်းကြည့်လိုက်ပါတယ်။
ငါးမိနစ်ကြာပြီးနောက်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်နှာတစ်ခုလုံး လေးနက်တည်ကြည်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတာ့ ကျန်းယွီကို မသတ်နိုင်ဘဲ သရေကျသွားလို့ပါ။ ဟန်ကျွယ်ဟာ ဒီရလဒ်ကြောင့် ထိတ်လန့်သွားပါတယ်။ ဒါဟာ ဟန်ကျွယ်အတွက် အဆင့်တူချင်း သရေကျတာ ပထမဆုံးပါပဲ။
‘ဒီကောင်က တကယ်အံဖွယ်ပဲ’
ဟန်ကျွယ်ဟာ တစ်ခဏတွေးတောလိုက်ပြီးနောက် ကျန်းယီနဲ့ ထွက်တွေ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟန်ကျွယ် ဟင်းလင်းပြင်ကို ရောက်တဲ့အခါမှာတော့ ကျန်းယီက အပြုံးနဲ့ နှုတ်ဆက်လိုက်ပါတယ်။ ကျန်းယီဟာ နေမီးလျှံစစ် တောက်လောင်နေတဲ့ ရွှေဝတ်ရုံကို ဝတ်ဆင်ထားပြီး အဖြူရောင်ဆံနွယ်တွေက ဟင်းလင်းပြင်ထဲမှာ တဖျပ်ဖျပ်ခတ်နေပါတယ်။
“စီးမာယိ... မင်းက ငါတို့ နတ်ရွှေကျီးကန်းမျိုးနွယ်စုဝင်အချို့ကို ကျွေးမွေးထားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
ဟန်ကျွယ်က သတိမပြတ်ဘဲ မေးလိုက်ပါတယ် “မင်း သူတို့ကို သိတာလား”
“သူတို့က ငါ့ဝမ်းကွဲတွေ၊ အရည်အချင်းက ညံဖျင်းလွန်းတယ်၊ သူတို့ဘယ်သူလဲဆိုတာ ငါသိတယ်၊ ဒါပေမဲ့ ဒါတွေက အရေးမကြီးပါဘူး၊ မင်းကို ငါလာရှာတာ လောကဦးဓားနယ်မြေကို အတူဝင်ဖို့ လာဖိတ်တာပဲ”
“လောကဦးဓားနယ်မြေက ဘာလဲ”
“လောကဦးဓားနယ်မြေက တာအိုဂိုဏ်းရဲ့ လူသားကျောင်းတော် ကျောင်းအုပ် ဖန်တီးခဲ့တဲ့ ကမ္ဘာတစ်ခုပဲ၊ ဒီနယ်မြေက အနန္တကပ်ဘေးမှာ သေဆုံးသွားတဲ့ဝိညာဉ်တွေကို စုပ်ယူတယ်၊ အဲဒီဝိညာဉ်တွေက ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲကို ပြန်မဝင်နိုင်တဲ့အတွက် လောကဦးဓားနယ်မြေထဲပဲ ဖိနှိပ်ထားရတယ်၊ လူသားကျောင်းတော် ကျောင်းအုပ် ကွယ်လွန်ပြီးကတည်းက ဒီလောကဦးဓားနယ်မြေက ပိုင်ရှင်မဲ့တဲ့နေရာတစ်နေရာ ဖြစ်လာတယ်၊ ဒီအထဲမှာ လူသားကျောင်းတော် ကျောင်းအုပ်ရဲ့ အမွေအနှစ် အထူးသဖြင့် သူ့ဓားတာအို ရှိနေတယ်”
“ဖိတ်ခေါ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ငါ ဒီနေရာကနေ မထွက်သွားချင်သေးဘူး၊ ဒီကမ္ဘာကို ကာကွယ်ရအုန်းမယ်”
“မင်းအရည်အချင်းနဲ့ သေမျိုးကမ္ဘာကို ကာကွယ်စောင့်ရှောက်သူ ဖြစ်လာတာလား၊ ကောင်းကင်ရုံးတော်က အဲဒီလောက်တောင် မျက်စိကန်းသွားပြီလား”
“မဟုတ်ပါဘူး၊ ဒီတာဝန်ကို ငါ့ဘာသာ ယူထားတာ” ဟန်ကျွယ်ဟာ ယဉ်ယဉ်ကျေးကျေးပဲ ပြန်ဖြေလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျန်းယီ ရုတ်တရက် တိုက်ခိုက်လာရင် တန်ပြန်ဖို့အတွက် အသင့်ပြင်ထားပါတယ်။
ကျန်းယီဟာ ဟန်ကျွယ်ကို စိုက်ကြည့်ပြီး ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ဒီလိုစိုက်ကြည့်ခံရတာကြောင့် ရင်ထဲ မသက်မသာ ဖြစ်သွားပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။