Chapters

ကံတရားက ရန်သူများနဲ့ ဆုံတွေ့စေတယ်

Vol. 01 Ch. 37

ကံတရားက ရန်သူများနဲ့ ဆုံတွေ့စေတယ်

Vol. 01 Ch. 37

“ခွေးမသား … မင်း သေချင်နေတာလား။ မင်း $လုံးကန်း နေတာလားကွဟေ။ ဒါမှမဟုတ် ဘာလားကွ။ ချီးတဲ့မှပဲ။”

“မင်း ကားတိုက်မိချင် ဟန်ဆောင်ပြီး အလျော်လိုချင် နေတာလား။ မင်းဖေဖေကြီး ကတော့ တိုက်မိတယ်လို့ မယုံဘူး ဟိတ်ကောင်ရေ။ ငါကတော့ တစ်ပြားမှ မပေးနိုင်ဘူး။”

“ချီးပဲကွာ။ ငါတကယ့်ကို ကံမကောင်းပါလား။ ငါသာ ဘရိတ်အုပ် မမြန်ခဲ့ရင် သွေးတွေ ဒီနေ့ မြင်နေရပြီ။ လောင်းကစားလည်း ရှုံးနိုင်တယ်။ ကံကောင်းလို့ အပြင်မထွက်ခင် အဝါရောင် ပြက္ခဒိန်လေး မြင်လာခဲ့မိလို့ သတိအမြဲ ပေးခံနေရတာ။”

ထန်ရှုသည် အရေးပေါ် ဘရိတ်ဆွဲသံအား ကြားလိုက်ရသောအခါ ထိုကျယ်လောင်သော မြည်သံကြီးသည် သူ၏စိတ်အာရုံထဲတွင် ပေါက်ကွဲ သွားသကဲ့သို့ ဖြစ်ပြီး သူကားမတော်တဆ ဖြစ်ခဲ့စဉ်က နာကျင်ဖွယ် ကောင်းသော အတိတ်ဖြစ်ရပ်များအား ပြန်လည်ခံစား မိလာသည်။ နာကျင်မှု ဒဏ်အား မခံစားနိုင်သကဲ့သို့ သူ၏နဖူးမှ ပုတီးစေ့အရွယ်ခန့် ချွေးသီးချွေးပေါက်များ ကျလာပြီး မျက်နှာမှာလည်း ရှုံ့မဲ့လာကာ သူ့အား ကျိန်ဆဲနေသော လင်ရိုဗာကားမောင်းသူ၏ အသံကိုပင် မကြားရသကဲ့သို့ ရှိလေသည်။

“ဟိတ်ကောင် … မကြားသိလို လုပ်မနေနဲ့။ ကားမောင်းတာကို ရိုက်တဲ့ဗွီဒီယို ငါတပ်ထားပြီးပြီ။ မင်းကို စစ်ဆေးပေးဖို့ အကောင်းဆုံး ဆေးရုံကို ငါခေါ် သွားပေးမယ်။ မင်း ငါ့ကိုငွေညှစ်လို့ မရဘူး။”

လင်ရိုဗာ ကားမောင်းသူသည် ထန်ရှုမျက်နှာမှ ခံစားနေရသည်များအား မြင်သောအခါ ချက်ချင်း ကြောက်လန့်သွားပြီးလျှင် ယခင်ကဲ့သို့ အထက်စီးကျကျ မပြောဝံ့တော့ဘဲ ဆုတ်ယုတ် သွားလေသည်။

ထိုအချိန်သည် လူစည်ကားနေသော အချိန်ဖြစ်သည်။ ယာဉ်မတော်တဆ တိုက်မှုဖြစ်သောအခါ လူအများ ဝိုင်းအုံလာကြသည်။ ထိုသူများသည် ထန်ရှုတစ်ကိုယ်လုံးမှ ပုတီးစေ့အရွယ်ခန့် ချွေးသီးချွေးပေါက်များ ကျလာပြီး မျက်နှာမှာလည်း ရှုံ့မဲ့လာသည်ကို တွေ့မြင်နေရသဖြင့် သူ့အား ပြင်းပြင်းထန်ထန် ကားတိုက်မိခဲ့သည်ဟု ထင်သွား ခဲ့ကြသည်။ လင်ရိုဗာ ကားမောင်းသူက ထန်ရှုအား ကျိန်ဆဲကာ အထက်စီးဆန်ဆန် ပြုမူနေသည်ကို မြင်သောအခါ လူအုပ်ကြီးသည် ဒေါသူပုန်ထ လာကြတော့သည်။

“ချီးပဲကွာ … သူဋ္ဌေးတွေက တကယ်မကောင်းတဲ့ ချီးထုပ်တွေပဲ။”

“ဟမ့်… ဒါဒုတိယမျိုးဆက် ချမ်းသာတဲ့ သူတစ်ယောက်တဲ့လားကွ။ လူတိုင်း ဓာတ်ပုံရိုက်ထားကြ။ အင်တာနက်ပေါ် တင်ကြမယ်။ ဒါမှ လူတိုင်း သူတို့ရဲ့ လုပ်ရပ်ကို သိနိုင်တယ်။”

“ဒီချီးထုပ် ဘယ်သူလဲကွ။ သူက သေချာပေါက် အသက်၂၀အောက်ပဲ ရှိဦးမယ်။ သူမောင်းလာတာက ယွမ်တစ်သန်းတန်တဲ့ ကားကြီးကွ။ ဒီကားကို သူဘယ်က ရတာလဲ ဆိုတာ ဘုရားပဲ သိလိမ့်မယ်။ သူ့မိဘတွေက အကျင့်ပျက် လာဘ်စားထားတာလည်း ဖြစ်နိုင်တယ်။”

***

လင်ရိုဗာကား မောင်းသူသည် လူအုပ်ကြီး၏ ပြောသံများအား ကြားရသောအခါ ကြောက်ရွံ့တုန်လှုပ် သွားသည်။

သူ၏အာဏာနှင့် လွှမ်းမိုးတတ်၊ အနိုင်ကျင့်တတ်သော အကျင့်အတိုင်း ထန်ရှုအား ပြောဆိုနေခြင်း ဖြစ်ပေရာ အနားတွင် လူအုပ်ကြီး ရှိနေသည်ကို လုံးဝမေ့လျော့ သွားခဲ့သည်။ ထိုလူအုပ်ကြီးသည် ထန်ရှုကဲ့သို့ အခြေခံ လူတန်းစားများပင် ဖြစ်ပေရာ အားနည်းသော သူအား ကိုယ်ချင်းစာစိတ် ရှိကြသည်မှာ သဘာဝပင် ဖြစ်ချေသည်။ လင်ရိုဗာ ကားမောင်း သူသည် ရိုးရိုးသားသားရှိပြီး ငွေကြေးပေးခဲ့မည် ဆိုပါက သူထွက်သွား နိုင်ပေလိမ့်မည်။ ထိုသို့မလုပ်ဘဲ သူသည် အနိုင်ကျင့်သည့်ဟန်ဖြင့် ဆဲဆိုနေပေရာ လူထုကြီး၏ ပြောဆိုအော်ဟစ်ခြင်းအား ခံရပေတော့သည်။

“ကျန်းယုံကျင်း … မင်းဒေါသတွေ မင်းထိန်းနိုင်တယ်ဆို။ ခုထိ နစ်နာကြေး မပေးရသေးဘူး။ သူပိုက်ဆံလိုရင် မင်းပေးလိုက်ရင် ဒီဟာ ရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ တောင်နံရံများနှင့် ရွာလေး ကိစ္စမှာသာ မင်းအဲလို လက်နှေးနေရင် မင်း ပိုက်ဆံ ဘယ်လောက်ရှိရှိ အဲဒါ အဆင်ပြေမှာ မဟုတ်ဘူး။” လင်ရိုဗာ ကားမောင်းသူသည် ကျဉ်းထဲကြပ်ထဲ ရောက်နေစဉ်တွင် ကြည်လင် ပြတ်သားသော အသံသည် ရုတ်တရက် သူ၏နောက်မှ ထွက်လာပြီး သူ့အနေဖြင့် ရေနစ်သူ ကောက်ရိုးတစ်မျှင် ရလိုက် သကဲ့သို့နှယ် ခံစားလိုက်ရသည်။

“မင်း …”

“မင်းပဲလား …”

နောက်ဆုံးတွင် ထန်ရှုသည် နာကျင်မှု အတိတ်ဟောင်းမှ နိုးထ လာခဲ့သည်။ ထို့နောက် လင်ရိုဗာ ကားမောင်းသူ၏ နောက်မှ ပန်းပွင့်များပါသည့် ရှပ်အင်္ကျီ ဝတ်ဆင်ထားသူအား တွေ့လိုက် ရသောအခါ သူ၏ မျက်ခုံးများ တွန့်သွားရပြီး သူ၏ပါးစပ်သည် ဟသွားကာ အံ့သြစွာဖြင့် အော်မိလိုက်သည်။

တစ်ချိန်တည်းမှာပင် ထိုသူမှလည်း ထန်ရှုအား မှတ်မိ သွားလေတော့သည်။

***