ရန်ပွဲအတွက် အိုကေတယ်
Vol. 01 Ch. 38
လင်ရိုဗာကားမောင်းသူနှင့် ပန်းပွင့်ရှပ်အင်္ကျီ ဝတ်ဆင်ထားသော လူငယ်၂ယောက်မှာ ဒုတိယ မျိုးဆက် ချမ်းသာသော သခင်လေးများ ဖြစ်ကြပြီး ထန်ရှုနှင့် တောင်ပေါ်တွင် ဆုံခဲ့ကြသူများ ဖြစ်သည်။ ပန်းပွင့်ရှပ်အင်္ကျီ ဝတ်ဆင်ထားသော လူရွယ်သည် ရွှဲ့ရန်ဖေးဖြစ်ပြီး အရာရာအား ငွေနှင့် ဖြေရှင်းတတ်သည့် လူချမ်းသာလေး တစ်ယောက် ဖြစ်ကြောင်း ထန်ရှု မှတ်မိနေသည်။ ပုဇွန်ဦးနှောက်နှင့် အနိုင်ကျင့်ရန် အမြဲလုပ်နေတတ်သူမှာ ကျန်းယုံကျင်းပင် ဖြစ်တော့သည်။
“ချာတိတ် … အင်း ဘယ်လောက် လိုချင်တာလဲ။ သိပ်အလွန်အကျူးကြီး မဟုတ်ရင် ငါတို့ ပေးလိုက်မယ်။ ဒါပေမဲ့ ငါသတိ ပေးလိုက်မယ်။ သိပ်တရားလွန် မဖြစ်စေနဲ့။ နို့မို့ဆိုရင် မင်း ငါတို့ဆီက တစ်ပြား တစ်ချပ်မှ မရတဲ့အပြင် ထောင်ပါ ကျသွားလိမ့်မယ်။” ရွှဲ့ရန်ဖေးသည် ထန်ရှုအား ကြာရှည်စွာ တစ်ချက်စိုက်ကြည့် လိုက်ပြီး အထင်သေးစွာ ပြောလိုက်သည်။
ပထမတွင် ကျန်းယုံကျင်းသည် ဝင်ပြောရန် ဟန်ပြင် လိုက်သေးသည်။ သို့သော် လူအုပ်ကြီး၏ စူးရှသော အကြည့်များကြောင့် တစ်လုံးမျှ ဝင်မပြောတော့ဘဲ ရွှဲ့ရန်ဖေးကိုသာ ထန်ရှုနှင့် ညှိနှိုင်းရန် အတွက် လွှဲထား လိုက်တော့သည်။
“ငါဘာမှမဖြစ်ဘူး။ မင်းတို့ သွားလို့ရတယ်။” ထန်ရှုသည် ရွှဲ့ရန်ဖေး၏ လေသံနှင့် သဘောထားအား မနှစ်သက်သော်လည်း အကြောင်းပြချက် မရှိဘဲ သူတစ်ဖက်သားအား ဒုက္ခရောက်အောင် ဖန်တီးတတ်သော လူစားမျိုး မဟုတ်သောကြောင့် ခေါင်းကို ခါလိုက်ကာ မထူးခြားသော လေသံဖြင့် ပြောလိုက်သည်။
ထန်ရှု၏ အဖြေစကားသည် ရွှဲ့ရန်ဖေးနှင့် ကျန်းယုံကျင်း တို့အား အထင်နှင့် အမြင်လွဲမှား စေခဲ့သည့်နည်းတူ စောင့်ကြည့်နေသည့် လူအုပ်ကြီး သည်လည်း သူတို့အကြား အာရုံများ ချို့ယွင်း သွားသည်လားဟုပင် ထင်မြင်မိ သွားကြသည်။
သူ၏ ကိုယ်လုံးမှ ချွေးသီးချွေးပေါက်များ ကျဆင်းပြီး အမှန်တကယ် နာကျင်မှုအား ခံစားနေရသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်နေရပါလျက် သူတို့အား သွားခွင့်ပေးပြီး သူတို့ပေးသော ပိုက်ဆံအား ငြင်းဆန်သည်မှာ ဘာကြောင့်ပါနည်း။
“ဟေ့ ကောင်လေး … ငါတို့ကို လှည့်စားချင် နေတာလား။ ငါတို့ကို သွားခွင့်ပေးပြီးရင် မင်းက ရဲဌာနသွားပြီး ကားတိုက်ပြီး ထွက်ပြေး သွားပါတယ်လို့ လုပ်ချင်နေတာလား။” တစ်ခဏမျှ တိတ်ဆိတ် သွားပြီးနောက် မနှစ်မြို့ဖွယ်ကောင်းသော အသံတစ်သံသည် ရွှဲ့ယွမ်ဖေး၏ အနောက်ရှိ လူအုပ်ကြီးထဲမှ ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူငယ်ဆီမှ ပေါ်ထွက်လာခဲ့သည်။
ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူငယ်၏ စကားအား ကြားလိုက်ရသော ရွှဲ့ရန်ဖေးသည် တစ်စုံတစ်ခုအား နားလည်သွားဟန် ဖြစ်သွားသကဲ့သို့ လူအုပ်ကြီးထံမှလည်း ဝတ်စုံပြည့် လူငယ်သည် ထန်ရှု၏ ရည်ရွယ်ချက်အား မှန်းဆသည်မှာ မှန်သွားသည်ဟု ထင်မြင်သည့်အတိုင်း “အိုး”ဟူသော အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။
“ချာတိတ် … ငါမှတ်မိသွားပြီ မင်းက တောင်ပေါ်မှာတွေ့ခဲ့တဲ့ စိတ်ပုပ်တဲ့ ကောင်လေးပဲ။ မင်းက ဒီကောင်လေး ဖြစ်လိမ့်မယ်လို့ ငါမမျှော်လင့် ထားမိဘူး။ မင်းကို ငါမဆုံးမနိုင်ဘူး ဆိုတာ ငါမယုံသေးဘူးကွ။”
ကျန်းယုံကျင်းသည် ထန်ရှုအား ကြည့်လိုက်သောအခါ သူ၏မျက်လုံးများ ပြူးကျယ်သွားကာ သူ၏ လက်တို့ဆန့်တန်းလျက် ထန်ရှု၏ ကော်လာစအား ဆွဲဆုက်ကိုင်ရန် ကြိုးပမ်းလာပြီး ပါးစပ်မှလည်း ကျယ်လောင်စွာ ပြောဆိုလိုက်သည်။
ကားနှင့် တိုက်မိလုနီးပါး ဖြစ်သွားစဉ်က ထန်ရှုသည် ငူငူငိုင်ငိုင် ဖြစ်သွားခဲ့သော်လည်း ယခုမူ သူသည် ပြန်လည်ကောင်းမွန်သော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူ့အား ဖမ်းရန်ဆိုသည်မှာ မဖြစ်နိုင်သော လုပ်ရပ်ပင် ဖြစ်ချေသည်။
ကျန်းယုံကျင်း၏ လက်ဖဝါးသည် သူ့အား ဆုပ်ကိုင်ရန် ဆန့်တန်းလာသည်ကို မြင်လိုက်ရသဖြင့် အေးစက်စက် အရိပ်တစ်ခု ထန်ရှု၏ မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားပြီး နောက်သို့ ခြေတစ်လှမ်းဆုပ်ကာ လွတ်လွတ်ကင်းကင်း ရှောင်ပေးလိုက်သည်။
“လခွမ်းတဲ့မှပဲ။ မင်းက ကားတိုက်မိချင် ဟန်ဆောင်ပြီး ငွေညှစ်ချင်နေတာပဲ။” ကျန်းယုံကျင်းသည် သူ၏အနိုင်ကျင့်မှု ကျရှုံးသွားသည့်အခါ တစ်ခဏမျှ ကြောင်အသွားခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ပြော လိုက်သည်။
ထန်ရှု၏ လှုပ်ရှားမှုသည် သွက်လက်လှသဖြင့် ဒဏ်ရာရရှိနေသော သူဆိုရင် ထိုကဲ့သို့ လှုပ်ရှားနိုင်မည် မဟုတ်ချေ။ ထို့ပြင် ထန်ရှုသည် နောက်သို့ဆုတ် လိုက်စဉ်အခါက ထန်ရှုအား ကားဖြင့် တိုက်မိခဲ့သော ဒဏ်ရာဒဏ်ချက်များအား သူမတွေ့ မိလိုက်ချေ။
“လခွမ်းတဲ့မှပဲ။ မင်းက တကယ်ကြီးကို ကားတိုက်မိချင် ဟန်ဆောင်ပြီး ငွေညှစ်ချင် နေတာပဲ။ မင်းရဲ့ အန်ကယ်ကြီးက မင်းကို ပေးမှာ မဟုတ်ဘူးကွ။”
ကျန်းယုံကျင်းသည် အစပိုင်းတွင် ထန်ရှုအား တိုက်မိသည်၊ မတိုက်မိသည်ဟု သေချာမသိသောကြောင့် အပြစ်အနည်းငယ် ရှိသည်ဟု သူ့ကိုယ်သူ ခံစားနေရသည်။ သူထန်ရှုအား မတိုက်ခဲ့မိကြောင်း သေချာသွားသောအခါ ချက်ချင်း ဒေါသထွက်လာကာ ထန်ရှုဆီ ပြေးလွှား သွားတော့သည်။
ရွှဲ့ရန်ဖေးနှင့် ဟုဝမ်ကျွင်းတို့သည် ကျန်းယုံကျင်း၏ ဒေါသတကြီး အမူအရာအား တွေ့လိုက် ရသောအခါ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်း လိုက်ကြသည်။ ကျန်းယုံကျင်း၏ အကျင့်စရိုက်အား သူတို့ ကောင်းကောင်းကြီး သိကြသည်။ သူသည် စိတ်သဘောထား သေးသိမ်ပြီး နည်းနည်းလေးမှ သေးသေးတင် မခံသော လူစားမျိုး ဖြစ်သည်။ ထန်ရှုကြောင့် ကျန်းယုံကျင်းသည် လူအုပ်ကြီး၏ အထင်သေးအမြင်သေး အကြည့်ခံနေရသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့ရသည်။ ထန်ရှု မသေခဲ့ရင်တောင်မှ သူသည် အရေခွံဆုတ်ပစ်ချင်သည်ထိ ဒေါသထွက် နေခဲ့ပေသည်။
ဟုဝမ်ကျွင်းသည် သူ၏ လက်ကိုမြှောက်ကာ နာရီကို ကြည့်လိုက်သည်။ စိတ်လှုပ်ရှား ပူပန်မှုနှင့်အတူ ရွှဲ့ရန်ဖေးအား သူမေးလိုက်သည်။ “အားဖေး … ဒီကလေးက အမှန်တကယ် ကားတိုက်မိချင် ဟန်ဆောင်ပြီး ငွေညှစ်ချင်တာလို့ မင်းထင်လား။”
“သူမဖြစ်နိုင်လောက်ဘူး။ သူ့ပုံစံလေးကြည့်ရတာ ဆင်းရဲနွမ်းပါးတဲ့ ပုံပေါက်ပေမဲ့ ရိုးသားတဲ့ပုံ ပေါ်ပါတယ်။ သူငါတို့ကို အလျော် မတောင်းဘူးလေ။ တကယ်လို့သာ သူ ကားတိုက်မိချင် ဟန်ဆောင်ပြီး ငွေညှစ်ချင်တယ် ဆိုရင် အစောကြီး ကတည်းက ငါတို့ကို တောင်းမှာပေါ့ကွ။ ဒီလိုငါတို့ ထွက်သွား ခိုင်းပါ့မလဲ။” ရွှဲ့ရန်ဖေးသည် ခေါင်းကိုယမ်းလျက် တုံ့ဆိုင်းသောလေသံဖြင့် ပြောလိုက်သည်။
“အာ … ငါ့ပါးစပ်ကိုက ဆတ်ဆော့ မိတာပါ။ မနေ့က တောင်ပေါ်မှာ ငါတို့ကို သူလှည့်စား သွားတော့ အတော် ဒေါသထွက်ခဲ့တာ။ အဲဒါကြောင့် မရည်ရွယ်ပေမဲ့ ခုနကလို စကားတွေကို ပြောလိုက်မိတယ်ကွာ။” ရွှဲ့ရန်ဖေး၏ စူးစမ်းသော အကြည့်အောက်တွင် ဟုဝမ်ကျွင်းသည် အပြစ်ရှိသော ပုံစံဖြင့် ရှင်းပြလိုက်သည်။
“မင်း … အာ … ဉာဏ်ကောင်းတဲ့မင်း … ဒီတစ်ခါတော့ ဘယ်လိုဖြစ်နေ ကြတုန်းကွ။ တောင်နံရံများနှင့် ရွာကလေး စီမံကိန်းက အရမ်းအရေးကြီးပါတယ် ဆိုမှပဲကွာ။ မင်းရဲ့ဒေါသတွေ အဲကလေးဆီမှ ဖွင့်ချဖို့ ထိုက်တန်တယ် ထင်လို့လား။” ရွှဲ့ယွမ်ဖေးသည် ပြသာနာအား မည်သို့ ရှင်းရမည်အား စဉ်းစားနေစဉ် ဟုဝမ်ကျွင်းထံမှ ရုတ်တရက် ထိုစကားများ ထွက်လာသည်။ ထို့နောက် ဟုဝမ်ကျွင်းသည် မြေပြင်သို့ လဲကျလုနီးပါး ဖြစ်သွားသောကြောင့် သူ၏ မျက်ဝန်းများ နက်မှောင် သွားရသည်။
“ငါတို့ ဒီမှာ နောက်ကျနေရင် အစ်မကြီးက ငါတို့ကို ဖယ်ရှား ပစ်လိမ့်မယ်။” ရွှဲ့ရန်ဖေးသည် ဟုဝမ်ကျွင်းအား စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်ပြီး သူ၏ကားဆီသို့ လှည့်ထွက် သွားတော့သည်။
“ဟေ့ … မင်း ထွက်မသွားနဲ့ဦးလေ။ မင်း ထွက်သွားရင် ငါတို့ ဒီပြသာနာကို ဘယ်လို ရှင်းရမှာတုန်း။” ရွှဲ့ရန်ဖေး သူ၏ကားဆီသို့ လှည့်ထွက်သွားသည်ကို ဟုဝမ်ကျွမ်း ကြည့်ရင်း ကြောင်တောင်တောင် ဖြစ်သွားရသည်။
“ငါဟိုတယ်ကို အရင် သွားနှင့်လိုက်မယ်။ မင်းဒီမှာ ဗလကြီးကို သူ့ပြသာနာ ရှင်းတာ ကူညီဖို့ နေပေးလိုက်။ အဲဒီကောင် အများကြီး လျှောက်မလုပ်ဖို့ပဲ ငါမျှော်လင့်တယ်။ တကယ်လို့ သူသာ အခြားသူတွေရဲ့ အသက်တွေနဲ့ ကစားချင်နေခဲ့တယ် ဆိုရင် မင်းကံမကောင်းတော့ဘူးလို့ ဆိုနိုင်တယ်။” ရွှဲ့ရန်ဖေးသည် ပြုံးလိုက်ပြီး သူ၏ ဝရမ်ဂလာဂျစ်ကားအား စက်နှိုးလိုက်သည်။
ခဏအကြာတွင် ရွှဲ့ရန်ဖေး၏ အပြုံးသည် ပျောက်ကွယ်သွားခဲ့ပြီး အံ့အားသင့် သွားသောကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
“အားဖေး … ဘာဖြစ်လို့လဲ … ဟာ …” ဟုဝမ်ကျွင်းသည် ထပ်ပြီး မေးလို သေးသော်လည်း တစ်ချိန်တည်းမှာပင် ရွှဲ့ရန်ဖေး ကြည့်သည်နောက်သို့ လိုက်ကြည့် မိလိုက်သောကြောင့် သူ၏ လည်ပင်း ရှည်သွားသကဲ့သို့ ဖြစ်သွားပြီး ထူးဆန်းသော အသံများပင် ထွက်လာရကာ မျက်လုံး များသည်လည်း အံ့အားသင့်စွာဖြင့် ဝိုင်းစက်လျက် ရှိနေပေသည်။
သူတို့၂ယောက်အား အံ့အားသင့် သွားစေသော မြင်ကွင်းသည် ၁.၉မီတာ အရပ်ရှိသော ကျန်းယုံကျင်းသည် ၁.၇မီတာ အရပ်သာရှိသော ထန်ရှု၏ချုပ်ကိုင်မှုကို ခံထားနေရသည့် မြင်ကွင်းပင် ဖြစ်တော့သည်။ ကျန်းယုံကျင်း၏ လက်မောင်းများအား ထန်ရှု၏ ချုပ်ကိုင်ထားပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသကဲ့သို့ ရှိနေပေသည်။ ကျန်းယုံကျင်း၏ မျက်နှာသည် နီရဲနေပြီး မည်သို့မျှ မလှုပ်ရှားနိုင်တော့ဘဲ အကူအညီ မဲ့နေသကဲ့သို့ ဖြစ်နေပေသည်။
“မင်းအမှား မရှိဘူးလို့ မင်းပြောတယ်ပေါ့။ ပြောစမ်းပါဦး မင်းကားနဲ့ ငါတိုက်မိမလို ဖြစ်သွားရတဲ့ အကြောင်းလေး။ ငါက သဘောထားကြီးကြီးနဲ့ သွားခွင့် ပေးတာတောင်မှ ငါ့ကို စိတ်အနှောင့်အယှက် လာပေးနေသေးတယ်။ ကြည့်ရတာ မင်းက ထမင်းအစား ကိုယ့်ရှူရှူးတွေ သောက်ချင်လို့ ငါ့ကို လုပ်ခိုင်းနေတဲ့ပုံပဲ။” ကျန်းယုံကျင်း၏ တင်ပါးအား ထန်ရှုသည် ပိတ်ကန်လိုက်ပြီး စိတ်ပေါက်ပေါက်နှင့် ပြောဆိုလိုက်သည်။
အနက်ရောင် စပါးအုံးကြီး၏သွေးအား အများကြီး သူသောက်မိပြီးစဉ် ကတည်းက သူ၏ခွန်အား မည်မျှထိ တိုးတက်လာသည်ကို စစ်ဆေးရန် အတွက် ထန်ရှု အခွင့်အရေး မရခဲ့ပေ။ ရုတ်တရက် လူထွားကြီးတစ်ဦးက သူ့အား စမ်းသပ်ရန် စတင် တံခါးခေါက် လာသောအခါ ထန်ရှုသည် ပျော်ပျော်ကြီး ဝန်ဆောင်မှုပေးလိုက်တော့သည်။
“ချီးပဲ။ မင်းတကယ် အနိုင်ရတယ်လို့ ငါမထင်သေးဘူး။ မင်းသတ္တိရှိရင် ငါ့ကို လွှတ်ပေး လိုက်စမ်းပါ။
ငါမင်းကို လုံး၀ ဆော်ပလော် တီးပစ်လိုက်မယ်။” ထန်ရှု၏ ချုပ်ကိုင် ထားမှုကို ခံနေရသော်လည်း ကျန်းယုံကျင်းသည် စိတ်မလျှော့သေးဘဲ ကျယ်လောင်စွာ ဒေါသတကြီး အော်ပြော လိုက်သည်။
“ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ ဝက်ဝံကြီးလဲ။ အဲဒါကြောင့် ဆိုရိုးရှိတာ “ခွန်အားကြီးတဲ့ သူတိုင်း ဦးနှောက် မရှိဘူး”တဲ့ ဒီစကားက မင်းအတွက် အမှန် ဖြစ်ပုံရတယ်။ ငါက ဘာလို့ မင်းကို လွှတ်ပေး ရမှာတုန်း။ အရူးမှ လွှတ်ပေးလိမ့်မယ်။ ဒူးထောက်ပြီး မင်းရဲ့ အမှားတွေကို ဝန်ခံရင် ငါသွားခွင့် ပေးလိုက်မယ်။ အဲလိုမှ မဟုတ်ရင် မင်းဒီမှာ တစ်နေ့လုံး ဒူးထောက် နေပေတော့။” ထန်ရှုသည် ကျန်းယုံကျင်းအား သရော်တော်တော် ကြည့်လိုက်ပြီး အညှာအတာ ကင်းမဲ့စွာ ပြောလိုက်သည်။
“သူတောင်းစား … ငါတကယ် စိတ်မဆိုးခင် ငါ့ကို လွှတ်ပေး။ အမြန်လွှတ်ပေး လိုက်စမ်း။ အဲလိုမှ မဟုတ်ဘဲ မင်းနောက်မှ ငါ့ကို လွှတ်ရင် အဲဒါနောက်ကျ လွန်းနေပြီ။” ထန်ရှု၏ စကားများအား ကြားပြီး ကျန်းယုံကျင်းသည် ဒေါသတကြီး ဆဲဆိုအော်ဟစ်ကာ သီးမတတ်ပင် ဖြစ်သွားရသည်။
“ဝက်ဝံကြီး … ကြည့်ရတာ မင်းရဲ့စိတ်က လွတ်သွားပြီ ထင်တယ်။ ငါကပဲ မင်းစိတ်ပြန်ငြိမ်အောင် လုပ်ပေး ရမှာပေါ့။” ထန်ရှုသည် ကျန်းယုံကျင်း၏ အထက်စီးဆန်သော စရိုက်အား အလွန်မုန်းသောကြောင့် ဤကဲ့သို့ အခြေအနေအား သူသဘောကျသည်။ သူသည် လှောင်ပြောင် ပြောဆိုကာ ကျန်းယုံကျင်း၏ လက်များအား ဖိနှိပ်ကာ ဦးခေါင်းအား နိုင်လွန် လမ်းမဆီသို့ နှိမ့်ပစ်လျက် အရှက်တကွဲ ဖြစ်စေလိုက်သည်။
ကျန်းယုံကျင်းသည် ကျယ်လောင်စွာ ဆဲဆိုနေစဉ် သူ၏ခေါင်းသည် နိုင်လွန်လမ်းမနှင့် ရိုက်မိသောကြောင့် ကျယ်လောင်သော အသံများ ကြားလိုက်ရပြီး သူ၏ပါးစပ်မှ မိုးသီးမိုးပေါက်များပမာ တရစပ် ထွက်လာသော ဆဲဆိုသံ များသည် နာကျင်မှုကြောင့် ညည်းတွားသံများ အဖြစ်သို့ ပြောင်းလဲ သွားရသည်။
“သူတောင်းစား … မင်းသေရမှာ။ မင်းက သေရမယ့် အကောင်ပဲ။” နာကျင်မှုနှင့် ညည်းတွားသံ ရောနှောလျက် ကျန်းယုံကျင်းသည် ဆဲဆိုခြိမ်းခြောက်နေပေသေးသည်။
“ကောင်းပြီလေ။ အဲလိုဆိုမှတော့ အဆုံးသတ်မှာ ဘယ်သူ အရင်သေမလဲ ကြည့်ကြ သေးတာပေါ့။” ထန်ရှုသည် အဆုံးတွင် ဒေါသ ထွက်လာကာ ကျန်းယုံကျင်း၏ ဦးခေါင်းအား ထပ်ကာထပ်ကာ ဖိ ဖိချတော့သည်။
“ကြည့်ထား …”
“ရပ်လိုက် …”
ကျန်းယုံကျင်း၏ ဦးခေါင်းသည် နိုင်လွန်လမ်းမနှင့် ထပ်ကာထပ်ကာ ရိုက်ခြင်း ခံနေရသည်ကို မြင်နေရသောကြောင့် အသံနှစ်သံသည် ထန်ရှုနောက်မှ ရုတ်တရက် ထွက်ပေါ်လာကာ သူ၏ ပါးဆီသို့ ဝင်ရောက်လာသော ကြိုးနှစ်ချောင်း၏ လေတိုးသံများအား ကြားလိုက် ရတော့သည်။
ယခုကဲ့သို့ အရေးကြီးသော အခြေအနေမျိုးတွင် ဟန်ကျင်းဝူသည် ရွေးချယ်စရာ မရှိတော့ဘဲ သူ၏ သက်တော်စောင့်များအား လှုပ်ရှားရန်နှင့် ကျန်းယုံကျင်းအား ကယ်တင်ရန် အမိန့်ပေး လိုက်ရတော့သည်။ ကျန်းယုံကျင်းနှင့် ထန်ရှုတို့၏ ရန်ဖြစ်ပွဲတွင် ကျန်းယုံကျင်း အရေးနိမ့် နေသည်ကို မြင်ရပြီး တစ်စုံတစ်ခုသာ သူ့အပေါ်တွင် ဖြစ်ပွားခဲ့ပါလျှင် ဖြစ်ပေါ်လာသည့် အကျိုးဆက်အား ဟုဝမ်ကျွမ်း တာဝန်ယူ ရမည်ဖြစ်သောကြောင့် ကျန်းယုံကျင်း ခံစားရမှု သက်သာစေရန် အလို့ငှာ တတ်နိုင်သမျှ မြန်မြန် ကယ်နိုင်မည့် နည်းလမ်းသာ ရှိတော့သည်။
ကျန်းယုံကျင်း၏ ဒေါသအား ချွေးသိပ်ရန်အလို့ငှာ ဟန်ဝူကျွင်းသည် သူ၏ သက်တော်စောင့် များအား ထန်ရှု၏ လက်မောင်းအား ချိုးပစ်ရန်ပင် အမိန့်ပေးခဲ့သည်။ ကျန်းယုံကျင်း၏ ပုံစံသည် ကာယဗလကြီးပြီး ဉာဏ်မရှိသည့်ဟန် ထင်ရသော်လည်း အမှန်တကယ် ထိုသို့ မဟုတ်သည်ကို ဟုဝမ်ကျွင်း ကောင်းကောင်း သိသည်။ သူသည် မကြာထဏ သူ၏ဦးနှောက်အား အသုံးပြုရန် အတွက် ပျင်းနေခြင်းသာ ဖြစ်သည်။ သို့သော် သူအသုံးပြုလိုက်သော တစ်ကြိမ်သည် အခြားသူများထက် များစွာ သာပေသည်။
ကျန်းယုံကျင်း ထိုသို့ သူ၏ ဦးနှောက်အား အသုံးပြုရန် ပျင်းနေရခြင်း အကြောင်းရင်းမှာ သူ၏မိသားစု၏ လွှမ်းမိုးနိုင်မှု အာဏာသည် အလွန်ကြီးမားသောကြောင့် ဉာဏ်ကစားမှု၊ ဉာဏ်များမှုတို့သည် အသုံးမဝင်တော့ဘဲ အရာရာ လွယ်ကူစွာ ဖြေရှင်း နိုင်နေပေသည်။
ကျန်းယုံကျင်းသည် ရွှဲ့ရန်ဖေး၊ ဟုဝမ်ကျွင်းတို့နှင့် သူငယ်ချင်း ဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီး မကြာခဏ အတူတကွ ကစားကြသော်လည်း သူတို့နှစ်ယောက်စလုံး၏ မိသားစု ပိုင်ဆိုင်မှုသည် ကျန်းမိသားစု ပိုင်ဆိုင်မှု၏ ဆယ်ပုံတစ်ပုံသာလျှင် ရှိသည်ကို သူတို့ အသေအချာ သဘောပေါက် ထားကြပေသည်။
သူ၏ သက်တော်စောင့် ၂ယောက်သည် ထန်ရှုအား ဖမ်းမိတော့မည်ကို မြင်ရသောအခါ ဟုဝမ်ကျွင်း၏ မျက်နှာထက်တွင် ရက်စက်သော အပြုံးတစ်ပွင့် ပေါ်ထွက် လာပေတော့သည်။ ကျန်းယုံကျင်း မည်ကဲ့သို့ အချုပ်ခံလိုက် ရသည်ကို ဟုဝမ်ကျွင်း မသိသော်လည်း သူ၏သက်တော်စောင့် နှစ်ယောက်၏ စွမ်းရည်အား အပြည့်အ၀ သူယုံကြည်ချက် ရှိလေသည်။ ထိုသူများသည် သာမန်လူများ မဟုတ်ဘဲ နှစ်ပေါင်းများစွာ တိုက်ပွဲများစွာ အတွေ့အကြုံ ရှိခဲ့ဖူးသော စစ်မှုထမ်းဟောင်းများ ဖြစ်ကြသည်။ သူတို့၏ သိုင်းပညာသည် ပြီးပြည့်စုံသော ကျွမ်းကျင်ပညာရှင် အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ မိနစ်ပိုင်းအတွင်း အနိုင်ချကာ ပွဲသိမ်းနိုင်သော သူတို့၏ စွမ်းရည်အား မျက်မြင် ကိုယ်တွေ့ကြုံတွေ့ပြီး ဖြစ်သောကြောင့် သူတို့၏ ယခုအလုပ်အား မပြီးမြောက်မည်ကို ဟုဝမ်ကျွင်း စိတ်ပူပန်ခြင်း မရှိပေ။
***