ပြိုင်ဘက်၏လှုပ်ရှားမှုအား သင်ယူခြင်း
Vol. 01 Ch. 42
တစ်ခဏအကြာတွင် လုံခန်းမ၏ ဝန်ထမ်းသည် သေသပ်လှပသော အန်စာတုံး များနှင့်အတူ ရောက်လာသည်။
ကျားလွေဒေါင်သည် ၎င်းတို့အား သေချာစွာ စစ်ဆေးပြီးနောက် အန်စာတုံး တစ်စုံအား ရွေးချယ် လိုက်သည်။
အန်စာတုံးများအား လုံခန်းမမှ ပံ့ပိုးသည်ကို ထန်ရှု တွေ့လိုက်သဖြင့် ကျားလွေဒေါင် ရွေးချယ်လိုက်သော အန်စာတုံးများအား စစ်ဆေးခြင်း မပြုလုပ်တော့ဘဲ ကျန်သော အန်စာတုံးများကိုသာ အကြမ်းဖျင်း စစ်ဆေး လိုက်သည်။
အန်စာတုံး လောင်းကစားနည်းသည် အလွန် ရိုးရှင်းလှသည်။ ကစားမည့်သူ တစ်ယောက်စီသည် ခွက်တစ်ခုနှင့်အတူ အန်စာတုံး တစ်စုံစီသာ လိုအပ်သည်။ အန်စာတုံးများအား လှုပ်ယမ်းကာ ခွက်ထဲသို့ ပစ်ထည့်ခြင်းမှ ရရှိလာသော နံပါတ်များအနက် စုစုပေါင်း အကြီးဆုံး နံပါတ်ဂဏန်း ရရှိသူသည် အနိုင်ရရှိသူ ဖြစ်သည်။ အချိန်အနည်းငယ်ဖြင့်ပင် ထိုကစားနည်းအား လေ့လာနိုင်သည်။ ထိုကစားနည်းသည် ဘားများ၊ ကာရာအိုကေ၊ ကေတီဗွီနှင့် အခြား စိတ်အပန်းဖြေစရာ နေရာများတွင် လူသိ များပေသည်။
သာမန်လူများ အတွက် ကံပေါ်တွင် မူတည်ကာ ကစားရပြီး သင်ကံကောင်းပါက အနိုင်ရရှိမည်ဖြစ်ကာ ကံမကောင်းပါက ရှုံးနိမ့်သူ ဖြစ်လေမည်။
သို့သော် လောင်းကစား ဘုရင်အတွက် ဒီဟာသည် ကံပေါ်တွင် မူတည်မနေဘဲ ကစားမည့် နည်းလမ်းပေါ်တွင်သာ မူတည်သည်။
အန်စာတုံးအား ပစ်ရန်ပြင်ဆင်သည့် အချိန်တွင် လောင်းကစား ဘုရင်သည် အန်စာတုံး နံပါတ်အား အတိအကျ ထိန်းချုပ်နိုင်သည်။ ဆိုလိုသည်မှာ အန်စာတုံး နံပါတ်များသည် ကံပေါ်တွင် မူမတည်ဘဲ သူတို့၏ ကျွန်းကျင်မှုနှင့် တွက်ချက်မှုပေါ်တွင် အခြေခံကာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။
“အကြီးအကဲလုံ … ဒီကစားနည်းကို ငါနဲ့ ကစားမှာ သေချာရဲ့လား။ ကိုယ့်ကိုကိုယ် ကြံစည်နေတာတော့ မဟုတ်လောက်ပါဘူးနော်။ ကံကောင်းတာချင်းယှဉ်ရင် အကြီးအကဲလုံက ပိုကံကောင်းရင် ကောင်းမှာပေါ့ ဟုတ်တယ် မဟုတ်လား။” ကျားလွေဒေါင်သည် အန်စာတုံးအား ခွက်ထဲမှ အန်စာတုံးများအား လှုပ်ယမ်းနေရင်း လုံကျန့်လုအား စိုက်ကြည့်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။
“ဆရာကြီးကျား … ကံအပေါ်ဆောင်ရွက်ရတဲ့ အရာတွေက ရှင်းလင်းမှု မရှိတတ်ဘူး ဆိုတာ ဆရာကြီးလည်း ရှင်းရှင်းလင်းလင်း သိနေတာပဲ။ ဒါပေမဲ့ ခုလတ်တလောမှာတော့ ဒီလုံက ဘဝကြီးကို ကျေနပ် နှစ်သိမ့်နေတယ်ဗျာ။ ကျွန်တော့်ရဲ့ လောင်းကစား ကံကောင်းမှုလေး ကလည်း မရှိတော့ဘူး ဆိုတော့ ညီအစ်ကိုထန်ကို ကျွန်တော့်အစား ကစားဖို့ အကူအညီ တောင်းလိုက် ရတာပါပဲ။” လွေကျားဒေါင်၏ ခနဲ့တဲ့တဲ့ ပြောစကားအား လုံကျန့်ယုသည် စိတ်ထဲမထားဘဲ တုံ့ပြန်လိုက်သည်။
“ဒါဆိုရင်တော့ဖြင့် တောင်နံရံများနှင့် ရွာကလေးကို အကြီးအကဲလုံ လွှဲပေးတာ စောင့်နေရတော့မှာပဲ။”
လုံကျန့်ယုမှ ရည်ရွယ်ချက်ရှိရှိ ငြင်းဆို လိုက်သောကြောင့် ကျားလွေဒေါင်သည် မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ သူသည် အေးစက်စက် နှာမှုတ်သံ တစ်ချက်ပြု လိုက်လျက် အန်စာတုံး ထည့်ထားသောခွက်အား လှုပ်ယမ်းလိုက်ကာ စတင် လှုပ်ရှားလိုက်သည်။
ကျားလွေဒေါင်သည် နှစ်ပေါင်းများစွာ လောင်းကစားနည်းများနှင့် အကျွမ်းတဝင် ရှိသဖြင့် သူ့ကိုယ်သူ စိတ်ကြီးဝင်လျက် ရှိသည်။ သူ၏ကစားပုံ ကစားနည်းများသည် များသောအားဖြင့် အမြင့်ဆုံးနှင့် ဆရာကြီးအဆင့်တွင် ရှိပေသည်။
ကျားလွေဒေါင်၏ လက်ကောက်ဝတ် လှုပ်ရှားသည့်အလျောက် အန်စာတုံးခွက်သည် လေထဲတွင် ပျံဝဲနေသကဲ့သို့ ရှိနေပြီး လူအများ၏ အာရုံအား ဆွဲဆောင်နေလျက် ရှိသည်။ ထို့နောက် အံစာခွက်သည် ရပ်တန့်သွားပြီး မှောက်လျက် ရှိနေသည်။ သူ၏လှုပ်ရှားမှုသည် နဝမမြောက် ကောင်းကင်ဘုံမှ ဆင်းသက်လာသကဲ့သို့ ရှိနေပြီး ထိုအရာသည် လေထဲတွင် အတော်မြင့်မြင့် ပျံဝဲလျက် ကြည့်ကောင်း လှပေသည်။
ခွက်ထဲမှ အန်စာတုံးများသည် ကပ်နေပါလျှင် မည်သည့်အသံမျှ ထွက်ပေါ်မည် မဟုတ်ချေ။ သို့သော် လူတိုင်းသည် ကျားလွေဒေါင်မှ ခွက်ထဲသို့ အန်စာတုံးများ ထည့်လိုက်သည်ကို သေချာမြင်လိုက် ရသောကြောင့် လေထဲတွင် မှောက်နေသော ခွက်ထဲ၌ အန်စာတုံးများပင် ရှိပါသေး၏ လောဟုပင် သံသယ ဖြစ်လာကြသည်။
“ဒီအဖိုးကြီးက စွမ်းရည်တချို့တော့ ရှိသားပဲ။” ထန်ရှု၏အာရုံသည် အံစာခွက်တွင် မရှိဘဲ ကျားလွေဒေါင်၏ ကစားပုံ ကစားနည်းထံတွင် စူးစိုက်လျက်ရှိကာ တိတ်ဆိတ်စွာ အကဲခတ်လျက် ရှိသည်။
ထန်ရှုသည် လောင်းကစားနည်းတွင် အတော်ကြီး အတွေ့အကြုံ နည်းသော်လည်း “မျက်စိရှင်ရှင် နားရှင်ရှင်နှင့် လက်ကလည်း မြန်ဆန်ရမည်” ဟူသော ဆောင်ပုဒ်အား သိထားခဲ့သည်။
ကျားလွေဒေါင်၏ ကစားပုံ ကစားနည်းများသည် အလွန်ကျွမ်းကျင်မှု ရှိပြီး ထူးချွန်ပြောင်မြောက် လှပေသည်။ သူ၏လက်မောင်းများက မလှုပ်ရှားဘဲ လက်ကောက်ဝတ်သာလျှင် လှုပ်ရှားသွားသည်။ သည်လို လှုပ်ရှားခြင်းဖြင့် အရှိန်မြှင့်နိုင်ရုံ သာမက ရုပ်ပိုင်းဆိုင်ရာ ခွန်အားအား အများကြီး အသုံးမပြုနိုင်ရန် ချွေတာပြီးရာလည်း ရောက်ပေသည်။
ကျားလွေဒေါင်၏ မျက်လုံးများသည် အန်စာတုံးခွက်သို့လည်း မရောက်၊ စားပွဲထိပ်သို့လည်း မရောက်ဘဲ အခန်းထဲမှ လူအုပ်ကြီးဆီသို့ အကြည့်တစ်ချက် ရောက်လာသည်။ အထူးသဖြင့် လုံကျန့်ယုနှင့် ထန်ရှုတို့အား အချိန်အတန်ကြာအောင် စူးစိုက်ကြည့် လိုက်သည်။
သို့သော် ကျားလွေဒေါင်၏ နားရွက်များသည် အချိန်နှင့်အမျှ မသိမသာ လှုပ်ရှား သွားသည်။ လူတိုင်းသည် သူ၏ လက်များသို့သာ အာရုံစိုက်နေသောကြောင့် ကျားလွေဒေါင်၏ နားများ လှုပ်ရှားနေသည်ကို မည်သူမျှ သတိမထားမိကြချေ။
ကျားလွေဒေါင် လက်ထဲရှိ အံစာခွက်သည် လုံလောက်စွာ လှုပ်ခါပြီးသောအခါ လူအများအား ခြိမ်းခြောက်လျက် ရှိပေသည်။
ကံမကောင်းစွာဖြင့် ကျားလွေဒေါင်၏ ပြိုင်ဘက်မှာ ထန်ရှု ဖြစ်နေသည်။ ထန်ရှု၏ အာရုံခံမှုသည် သာမန်လူ တစ်ယောက်ထက် အဆ၁၀၀မက သာလွန်ပြီး သူ၏ ဦးနှောက်မှ တွက်ချက်မှု နှုန်းသည်လည်း ထိုစံနှုန်းအတိုင်းပင် ဖြစ်ပေသည်။ ကျားလွေဒေါင်၏ နားရွက်များ မသိမသာ လှုပ်ရှား သွားသည်ကိုလည်း ထန်ရှုသည် သတိထားမိထားသည်။
ကစားပွဲ စတင်သောအခါ ထန်ရှုသည် ကျားလွေဒေါင်၏ နားရွက် လှုပ်ရှားမှုသည် မတော်တဆ တိုက်ဆိုင်မှုဟု ထန်ရှုထင်ခဲ့သောကြောင့် ထိုအရာအား အာရုံမစိုက်ခဲ့ချေ။ သို့သော် ထိုလှုပ်ရှားမှုသည် ပုံမှန် ပုံသဏ္ဌာန်အတိုင်း ဖြစ်ဟန်ရှိပြီး မသိမသာဖြင့် အဆက်မပြတ် လှုပ်ရှား နေသောကြောင့် သူသည် ထိုအရာအား ချက်ချင်း အာရုံစိုက်ခဲ့သည်။
“မဟုတ်သေးဘူး။ အံစာခွက်ထဲမှာ အန်စာတုံးသံ ထွက်မလာဘူး ဆိုတာ မဟုတ်ဘူး။ အသံက အရမ်းတိုးပြီး သဲသဲကွဲကွဲ မဖြစ်လို့ လူတွေ မကြားနိုင်ကြတာ။” ကျားလွေဒေါင်သည် အံစာခွက်ထဲမှ အန်စာတုံး အသံအား နားထောင်လျက် သူ၏လက်ကောက်ဝတ် လှုပ်ရှားမှုအား ပြုလုပ်နေခြင်း ဖြစ်မည်ဟု ထန်ရှု ကောက်ချက် ချလိုက်သည်။
ထို့နောက် ထန်ရှုသည် လည်နေသော အန်စာတုံးများ၏ အသံအား အပြည့်အ၀ အာရုံစိုက် ထားလိုက်သည်။
သည်ဟာသည် တစ်စုံတစ်ယောက်နှင့် အထူးသဖြင့် လောင်းကစား ဘုရင်နှင့် ပထမဆုံး အကြိမ်အဖြစ် အန်စာတုံး ကစားခြင်း ဖြစ်သည်။ ထို့ကြောင့် လုံညီအစ်ကို၏ မျှော်လင့်ချက်အား မရိုက်ချိုးမိစေရန်နှင့် စိတ်ဝိညာဉ်စွမ်းအင သွေးကြော တည်ရှိရာနေရာအား ရရှိရန်အတွက် သူသည် နည်းနည်းလေးမျှပင် မပေါ့ဆရဲပါချေ။
အခြားတစ်ဖက်တွင် ကျားလွေဒေါင်၏ ရင်သပ်ရှုမောဖွယ် လှုပ်ရှားမှုအား ကြည့်ရင်း အံ့သြစိတ်လှုပ်ရှားသော ခံစားမှုသည် ကျန်းသဲကျင်၊ ကျန်းယုံကျင်း၊ ဟုဝမ်ကျွင်းနှင့် ရွှဲ့ရန်ဖေးတို့တွင် ဖြစ်ပေါ်လျက် ရှိသည်။ ထန်ရှု၏ မျက်နှာထက်တွင် ဇဝေဇဝါနှင့် ကြောင်ငေးနေသော အမူအရာအား မြင်ရသည့်အခါတွင် သူတို့သည် ပိုမို ပျော်ရွှင် လာကြသည်။ ကျန်းသဲဂျင်နှင့် အဖွဲ့သည် ချန်ပီယံ ဖြစ်သူမှ ရှုံးနိမ့်သူများအား ကြည့်သော ဟန်ပန်ဖြင့် လုံကျန့်ယုနှင့် လုံကျန့်လင်း တို့အား သနားဂရုဏာ သက်စွာဖြင့် ကြည့်လိုက်ကြသည်။ တောင်နံရံများနှင့် ရွာကလေးသည် သူတို့ လက်ထဲသို့ ရောက်ရှိမည်ဟု အပိုင်တွက်ထားသည့် ဟန်ရလေသည်။
တစ်ချိန်တည်းမှာပင် လုံကျန့်ယုနှင့် လုံကျန့်လင်း တို့သည် အမှန်တကယ်ပင် သွေးပျက် ချောက်ချား နေကြသည်။ ကျားလွေဒေါင်၏ လှုပ်ရှားမှုသည် အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိလှပြီး သူ၏ပြိုင်ဘက်မှာ ဒီလောကသား မဟုတ်ဘဲ အပြင်လောက သားဖြစ်သည်ကို ဂရုမစိုက်တော့ဘဲ လုံးဝရှင်းထုတ် ပစ်မည့်သဘော သက်ရောက်နေသည်။ ကျားလွေဒေါင်၏ သွင်ပြင်အား ကြည့်ပြီး လုံညီအစ်ကို နှစ်ယောက်သည် စိုးရိမ်တုန်လှုပ်လျက် ရှိနေသည်။
သည်ဟာသည် ဒီလောကမှ မဟုတ်သော အပြင်လူ တစ်ယောက်အား သူနှင့် ကစားရန် ဖိတ်ခေါ်မိခြင်း အတွက် ကျားလွေဒေါင်မှ စိတ်ဆိုးခဲ့ခြင်းပေလော။
“ရပ်လိုက်ပါဦး။” ကျားလွေဒေါင်၏ လှုပ်ရှားမှုသည် အခန်းထဲရှိ လေထုတစ်ခုလုံးအား လွှမ်းမိုးလျက် ရှိနေစဉ် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာပြီး လူတိုင်းအား တုန်လှုပ်သွားစေခဲ့ပြီး ကျားလွေဒေါင်၏ လှုပ်ရှားမှုသည် နှေးကွေးသွားခဲ့ကာ မူလက ကပ်နေသော အန်စာတုံးများသည် အံစာခွက်နံရံအား ရိုက်ခတ်ပြီး ကြမ်းပေါ်သို့ ကျသွားခဲ့သည်။
ဤကဲ့သို့ အရေးကြီးသော အခြေအနေအား ထိုးဖောက်လိုက်သော အသံပိုင်ရှင်မှာ ထန်ရှုဖြစ်သည်။
ထန်ရှုသည် ကျားလွေဒေါင်၏ လှုပ်ရှားမှုသည် ကြည့်နေရင်းဖြင့် ပို၍ ပို၍ ကောင်းလာသည်ကို သူသိလာရသည်။ ဤအခြေအနေတိုင်းသာ ကျားလွေဒေါင်အား ခွင့်ပြုလိုက်ပါလျှင် ယနေ့တွင် သူရှုံးရန် အခွင့်အလမ်း များနေပေသည်။ ထို့ကြောင့် လွေဒေါင်၏ စည်းချက်ညီနေမှုအား သူချိုးဖြတ်လိုက်ရခြင်း ဖြစ်သည်။
“ဆရာကြီးကျားက လောင်းကစားစွမ်းရည်မှာ အလွန်ကျွမ်းကျင် လှပါပေတယ်။ ကျွန်တော်တို့ ကစားရမည့် ပွဲအရေအတွက်ကို ၅ပွဲကစား ၃ပွဲနိုင်ကနေ ၃ပွဲကစား ၂ပွဲနိုင်ဆိုတာကို ပြောင်းလိုက်ရင်ရော ဘယ်လိုလဲ။” ကျားလွေဒေါင်၏ မီးဝင်းဝင်း တောက်နေသော အကြည့်အောက်တွင် ထန်ရှုသည် သင့်တင့်မျှတသော ဟန်ပန်ဖြင့် အေးဆေးစွာ ပြောလိုက်သည်။
ထန်ရှုစကားအား ကြားလိုက်ရသော ကျားလွေဒေါင်သည် ဓားတစ်ချောင်းယူကာ သူ့အား ဒေါသတကြီး ထိုးချင်စိတ် ပေါက်သွားသည်။ “၃ပွဲကစား ၂ပွဲနိုင်ဆိုရင် တစ်ပွဲတည်းနဲ့ အနိုင်ရသူကို ဆုံးဖြတ်မယ့်သဘောလား။”
ကျားလွေဒေါင်၏ ခနဲ့သော စကားအား ရင်ဆိုင်ရသော ထန်ရှုသည် သူ့အား ခဏရှောင်ရန် ရွေးချယ်လိုက်သည်။
ကျားလွေဒေါင်၏ စည်းချက်ညီမှုကို ချိုးဖြတ်လိုက်သော ထန်ရှု၏ ၅ပွဲကစား ၃ပွဲနိုင်ကနေ ၃ပွဲကစား ၂ပွဲနိုင်သည် အမှန်တကယ်တော့ ဘာမျှ မဟုတ်သော်လည်း တစ်ပွဲတည်းဖြင့် အနိုင်အရှုံး ဆုံးဖြတ်ရန်ဆိုသည်မှာ စွန့်စားရာကျလွန်းသဖြင့် သူသဘော မတူလှပေ။
“ကဲ … ဆရာကြီး ပြောတဲ့အတိုင်း ဒီလောင်းကစားကို မြန်မြန် အဆုံးသတ်လိုက် ကြရအောင်။ ၃ပွဲကစား ၂ပွဲနိုင်က ပိုကောင်းပါတယ်။” ထန်ရှုသည် ကျေးဇူးတင်သော အမူအရာဖြင့် ပြုံးကာ ပြောလိုက်သည်။
“သူမြန်မြန် ပွဲပြီးသွားမှာကို မကြောက်တာလား။ ၅ပွဲကစား ၃ပွဲနိုင်က ကံကောင်းရင် နိုင်နိုင်သေးတယ်။ သူတကယ့်ကို ၃ပွဲပဲ ကစားချင် နေတာလား။”
“ငါ … ငါကတော့ သူ့အတွေးကို နားလည်တယ်။ မည်သည့် အကြောင်းနဲ့မဆို သူရှုံးနိုင်တယ်။
သူ့ဆန္ဒအတိုင်း ပျော်ပျော်ကြီးကစားပြီး မြန်မြန်ရှုံးသွား အေးတာပဲ။ သူလည်း သိပ်မခံစား ရတော့ဘူးပေါ့။”
“ဘယ်လိုကစား ကစား ငါ့အတွက်တော့ အဆင်ပြေတယ်။ လူတွေ အချိန် သိပ်မကုန်တော့ဘူး။ သူ စိတ်လှုပ်ရှားနေလို့ သူ့ကိုယ်က အဆင်မပြေဘူး ထင်တယ်။”
***
ထန်ရှု ဘာကြောင့် အဲလိုပြောရသည့် အကြောင်းအား မည်သူမျှ မသိနိုင်ကြချေ။ သူတို့တွေးထင် ကြသည်မှာ ထန်ရှုသည် ကြောက်ရွံ့နေသောကြောင့် သည်စိတ်ပင်ပန်းနေရသော အခြေအနေမှ တတ်နိုင်သမျှ မြန်မြန်ထွက်ခွာချင် သည်ဟူ၍ပင်။ ထို့ကြောင့် သူည် ကျားလွေဒေါင်၏ အန်စာတုံးခေါက်သည့် လှုပ်ရှားမှုအား နှောင့်ယှက်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ကျားလွေဒေါင်သည် ထန်ရှုအား အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ၏ အန်စာတုံးများအား ပြန်ခေါက်လိုက်သည်။
သို့သော် သည်တစ်ကြိမ်တွင်တော့ ကျားလွေဒေါင်သည် စိတ်အနည်းငယ် တိုနေသောကြောင့် ပထမအကြိမ်လောက် လှုပ်ရှားမှု မမြန်ဆန်တော့ဘဲ နှေးသွားခဲ့သည်။
စက္ကန့်အနည်းငယ်ကြာသော် ကျားလွေဒေါင်၏ လက်များသည် အန်စာတုံးများအား စားပွဲသို့ ဖွင့်ချလိုက်လေရာ အခန်းထဲရှိ လူတိုင်း၏ မျက်လုံးများသည် အံစာခွက်ဆီသို့ ရောက်သွား ကြတော့သည်။
လူအများ၏ အာရုံစိုက်မှုအောက်တွင် ကျားလွေဒေါင်သည် အံစာခွက်အား ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး အန်စာတုံး နံပါတ်များအား ဖော်ပြ လိုက်လေသည်။
“ဝိုး … ၆ပွင့် … ဆရာကြီးကျားက ၆ပွင့်ရတယ်။ ငါတို့နိုင်ပြီ။”
“လောင်းကစားဘုရင်က လောင်းကစား ဘုရင်လို့ကို အခေါ်ခံ ထိုက်ပါပေတယ်။ လိုချင်တဲ့ နံပါတ်ကြီးအတိုင်း အတိအကျ ကျလာတော့တာပဲ။”
“ငါ့မှာသာ ဆရာကြီးလို စွမ်းရည်မျိုးရှိရင် သိပ်ကောင်းမှာပဲ။ အသာလေး နိုင်စားသွားရုံပဲ။”
အံ့စာတုံးပေါ်မှ ပွိုင့်များအား တွေ့မြင်ရသောအခါ ကျန်းယုံကျင်းတို့ ၃ယောက်သည် မနေနိုင်တော့ဘဲ အံ့သြတကြီး ကျယ်လောင်စွာ အော်ပြော မိကြသည်။ ကျန်းသဲဂျင်၏ မျက်နှာထက် တွင်လည်း ကျေနပ်အားရသော အပြုံးတစ်ပွင့် ဆင်မြန်းလျက် ရှိသည်။
အခြားတစ်ဖက်တွင် လုံကျန့်ယုနှင့် လုံကျန့်လင်း တို့သည် မျက်စိ မျက်နှာပျက် လျက်ရှိပြီး ထန်ရှုသည်လည်း လေးနက်သောပုံစံဖြင့် ရှိနေသည်။
ကျားလွေဒေါင်၏ လောင်းကစား စွမ်းရည်ကြောင့် လုံညီအစ်ကိုနှစ်ယောက် ချောက်ချား တုန်လှုပ်နေစဉ် ယခုကဲ့သို့ ဒေါသထွက်နေသော အခြေအနေမျိုး၌ပင် ကျားလွေဒေါင်သည် ဂဏန်း အကြီးဆုံး ရရန် လှုပ်နိုင်လိမ့်မည်ဟု မထင်ထားသော ထန်ရှုသည် အံ့အားသင့်လျက် ရှိနေသည်။
“ကောင်လေး … မင်းရဲ့အံစာကို ပုဝါပေါ် တိုက်ရိုက် ပစ်ထည့်လိုက်ချင်လား ဒါမှမဟုတ် မင်းရဲ့ကံကို ဆက်စမ်းချင်သေးလား။” ကျားလွေဒေါင်သည် ထန်ရှုအား ကြည့်လိုက်ပြီး အထင်သေးစွာ ပြောလိုက်သည်။
“လူအိုကြီး … စစ်သားတွေကို စစ်မတိုက်ဘဲ လက်နက် ချစေချင်တာလား။ နားလိုက်စမ်းပါ။ ခင်ဗျားမှာ ဒီလိုအရည်အချင်း မရှိသေးပါဘူး။”
ထန်ရှုသည် ကျားလွေဒေါင်အား ပြန်ကြည့်လိုက်ပြီး အံစာခွက်အား ကောက်ယူ လိုက်သည်။ သူသည် အန်စာတုံးအား ခွက်ထဲသို့ ထည့်ကာ ဖြည်းညင်းစွာ လှုပ်ယမ်း လိုက်သည်။
ထန်ရှု၏ နှေးကွေးပြီး မသေသပ်သော လှုပ်ရှားမှုအား ကြည့်ကာ ကျားလွေဒေါင်၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ချက် ပေါ်ထွက်လာခဲ့သည့် နည်းတူ ကျန်းသဲဂျင် သည်လည်း စိတ်သက်သာရာ ရသွားဟန်ရှိသည်။
“ဟားဟားဟား … ငါရယ်ရတာ အူနာလို့ သေတော့မှာပဲ။ သူက အန်စာတုံးကို ဘယ်လိုလှုပ်ရလဲ ဆိုတာတောင် မသိပဲနဲ့ လောင်းကစားဘုရင်ရဲ့ရှေ့မှာ ဟန်ထုတ်ရဲ သေးတယ်ပေါ့လေ။”
“ဒီကောင်ရဲ့ လောင်းကစားနည်းက ငါ့ထက် ညံ့တယ်ဆိုပေမဲ့ သူ့ရဲ့မျက်နှာ ထူချက်ကတော့ ငါ့ထက် အများကြီးသာတယ်ဟ။”
“ဒီဟာက အကြီးအကဲလုံကို တကယ် ခက်ခဲစေမှာပဲ။ ဒါပေမဲ့ သူက သာမန် လူတွေထက် သာတဲ့သူကို ရှာလာနိုင်တော့ ကောင်းပါတယ်။ မျက်နှာမပျက်ရဘူး ဆိုပေမဲ့ စိတ်ထဲမှာ အတော်တုန်လှုပ် နေလောက်ပြီကွ။”
အခြားလူများသည် ထန်ရှု၏ လောင်းကစားသည့် ပုံဟန်မှာ ကြည့်ရ ဆိုးနေသော်လည်း မည်သို့မျှ မပြောကြချေ။ သို့သော် ကျန်းယုံကျင်းတို့ ၃ယောက်သည် ထိုအခြင်းအရာအား မြင်ကြသောအခါ မအောင့်နိုင်တော့ဘဲ ဟားတိုက် ရယ်မောကာ ကဲ့ရဲ့ကြကုန်သည်။
“မင်းတို့ လောင်းကစား ခန်းမထဲမှာ ဒီလိုအနှောင့်အယှက်တွေ ပေးနေရင် ငါမင်းတို့ကို အခန်းထဲကနေ ဆွဲထုတ် ရလိမ့်မယ်။” ကျန်းယုံကျင်းတို့ ၃ယောက်၏ ရယ်မောသံနှင့် ဆူညံသံများမှာ နားမခံသာကာ အနှောင့်အယှက် ပေးနေသကဲ့သို့ ရှိနေသောကြောင့် လုံကျန့်ယုသည် အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
လုံကျန့်ယု၏ စကားများသည် မမြင်နိုင်သော လူထွားကြီး နှစ်ယောက်မှ လည်ပင်း လာညှစ်သကဲ့သို့ ကျန်းယုံကျင်းတို့၃ယောက်အား အသံပင် မထွက်နိုင် ဖြစ်သွားစေသည်။
ထန်ရှု၏အန်စာတုံး ခေါက်သည့် စွမ်းရည်သည် အလွန် ညံ့ဖျင်းလှသော်လည်း လောင်းကစားပွဲမှာ စနှင့်နေပြီ ဖြစ်သောကြောင့် လောင်းကစား ခန်းမတွင် မည်သည့် ဆူညံခြင်းမှ မပြုရန် တားမြစ်ထားသည်။ ထိုတားမြစ်ချက်အား ကျန်းယုံကျင်းတို့ ၃ယောက်သည် ချိုးဖောက် ပြုလုပ်ခဲ့သည်။
ဘေးမှ လူများ၏ လွှမ်းမိုးမှုသည် ကစားသမားများအား ရိုက်ခတ်စေပါက ထိုကစားပွဲသည် မျှတတော့မည် မဟုတ်သောကြောင့် လောင်းကစား ခန်းမတွင် သည်အချက်များအား ပိတ်ပင်ထားသည်။ ထို့ကြောင့် လုံကျန့်ယု၏ စကားများသည် လုံးဝသက်ရောက်မှု ရှိသည်။
ကျန်းယုံကျင်းတို့ ၃ယောက်၏ ဒေါသကြောင့် နီရဲလာသော မျက်နှာများအား ကြည့်ရင်း ထန်ရှုသည် ကျေနပ်စွာ ပြုံးလိုက်ကာ သူ၏အန်စာတုံး လှုပ်ယမ်းနေသော အရှိန်သည် တဖြည်းဖြည်း မြန်လာ ခဲ့လေတော့သည်။
***