← Chapters

နတ်ဆိုးငယ်၏ အငြိုးတရား

Vol. 11-16 Ch. 157

နတ်ဆိုးငယ်၏ အငြိုးတရား

Vol. 11-16 Ch. 157

အခန်း (၁၅၇)  : နတ်ဆိုးငယ်၏ အငြိုးတရား

လိပ်နက်ဒိုင်းကာကို သိမ်းလိုက်ပြီးနောက် ရှန်ထျန်းက ဝိညာဉ်စမ်းရေထဲ ခုန်ဆင်းချလိုက်သည်။ သူက ရုတ်တရက် လက်ဆန့်ထုတ်ကာ အံ့ဖွယ်ဝါးမျိုနွယ်ပင် အသေးလေး မြေကြီးထဲ လုံးဝဝင်မသွားခင် သူ့အမြစ်အား ဆွဲထားလိုက်သည်။ ထို့နောက် ရှန်ထျန်းက အားကုန်သုံး၍ နွယ်ပင်အသေးလေးအား မြေကြီးထဲမှ တစတစချင်းစီ ဆွဲထုတ်လိုက်သည်။

အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ အင်အားသည် အတော်လေး အားကောင်းလှကာ ရှန်ထျန်းနှင့် လက်ရည်တူ လိုက်နိုင်၏။

ရှန်ထျန်းက မီးစာ ကိုယ်ထည်မာကျင့်စဉ်ကို ကျင့်ကြံထားသည့်အပြင် ဓာတ်ငါးပါး ယန်နတ်မိုးကြိုးငယ်ကိုပါ ဖွဲ့စည်းထားနိုင်သည်။ ထို့ကြောင့် သူ့အင်အားက အဆင့်တူအတွင်း ပြိုင်ဖက်ကင်းသည်ဟု ဆိုနိုင်ပေသည်။

အကယ်၍ အင်အားချင်းသပ်သပ် ယှဉ်ပြိုင်ပါက ရွှေအမြုတေ ကျင့်ကြံသူပင် ရှန်ထျန်းအား အနိုင်ရမည် မဟုတ်ပေ။

သို့သော်လည်း လက်ရှိ ရှန်ထျန်းက အားအပြည့်ထုတ်သုံးထားသော်လည်း တစ်မီတာမျှ ရှိသည့် နွယ်ပင်ကို ဆွဲမထုတ်နိုင်ပေ။ ဤနွယ်ပင် အသေးစားလေးက ထူးခြားပြီး ထိပ်သီးနွယ်ပင် အမျိုးအစား ဖြစ်နေသည်မှာ သိသာလှသည်။

ရှန်ထျန်းက အလွန်စိတ်လှုပ်ရှားလာကာ နွယ်ပင်အား တင်းတင်းကျပ်ကျပ် ကိုင်ဆွဲထားလိုက်သည်။ ဤသည်မှာ ရတနာခုနှစ်သွယ် နတ်ဘူးသီးထက် အဖိုးတန်သော အံ့ဖွယ်ဝါးမျိုနွယ်ပင် ဖြစ်၏။ အကယ်၍ သူသာ ဤနွယ်ပင်ကို အထွတ်အမြတ်မြေဆီ ပြန်ယူသွားနိုင်လျှင် အကျိုးမြတ်မကြီးပေဘူးလား။ ဤသို့မဟုတ်လျှင်လည်း အနည်းဆုံး ပိုက်ဆံနှင့် ရောင်းချနိုင်သေး၏။ သူ့အတွက် အရှုံးမရှိပေ။

အရိုးသားဆုံးပြောရလျှင် ရှန်ထျန်းက သူ့အတွက်သူ သိမ်းထားဖို့ရာ မတွေးရဲပေ။ ဤနွယ်ပင်က လုကျီနှင့် ဆက်နွယ်နေသည် မဟုတ်ပါလော။ အကယ်၍ ထိုနွယ်ပင် အသေးလေးက လုကျီ၏ နိဗာနကိုယ်ထည် ဖြစ်နေလျှင် မည်သို့ဖြစ်သွားမည်နည်း။ သူ ပြုစုစောင့်ရှောက်ပြီးမှ ကြီးလာသည့်အခါ သူ့ကို ခမ်းခြောက်အောင် စုပ်ယူပစ်လျှင် မည်သို့လုပ်ရမည်နည်း။

ရှန်ထျန်းက သူ့ကံကြမ္မာရောင်ဝါ၏ ကန့်သတ်ချက်ကို ကောင်းကောင်း သိထားသည်။ အစိမ်းပုတ်ရောင် ရောင်ဝါက ကောင်းသော်လည်း “ ကံကြမ္မာသားတော်” ဟု ခေါ်ဆိုနိုင်ဖို့ရာ အလှမ်းကွာနေသေး၏။ သူ့အနေနှင့် ထိုထိပ်တန်းနွယ်ပင်ကြီးက အချိန်တစ်ခုအထိ သူနှင့်အတူတူရှိပြီးနောက် သူ့အပေါ် ခံစားချက်ရှိလာကာ လိုလိုလားလား ခစားလာမည်ဟု မမျှော်လင့်ရဲပေ။ သူ့အသက်လေးကို အလောင်းအစားပြုရမည် မဟုတ်ပါလော။

ရှန်ထျန်းက ဖြစ်နိုင်ခြေအားလုံး တွေးလိုက်ပြီးနောက် ထိုနတ်ဆိုးငယ်လေးကို ထုတ်ယူပြီးသည်နှင့် အထွတ်အမြတ်မြေဆီ ချက်ချင်း ရောင်းချရန် ဆုံးဖြတ်လိုက်တော့သည်။ မာတာနွယ်ပင်ကြီးက မည်မျှ အားကောင်းနေစေကာမူ ဂိုဏ်းချုပ်နှင့် မည်သို့ယှဉ်နိုင်မည်နည်း။

သူမသာ ဆရာလက်ထဲ ရောက်သွားသည်နှင့် ဆရာတွင် သူမကို ထိန်းချုပ်ရန် နည်းလမ်းများစွာ ရှိပေမည်။

……….....

အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ နူးနူးညံ့ညံ့ ကိုယ်ထည်လေးက ဆက်တိုက် ရုန်းနေလေ၏။

ရှန်ထျန်း တစ်ကိုယ်လုံးတွင် ငွေရောင်အရည်များ ရွဲနေကာ သိပ်သည်းနေသော ဝိညာဉ်ချီများလည်း ပြန့်နှံ့လာလေသည်။ ရှန်ထျန်းက သရေအနေအထားကို ဆက်မဖြစ်စေတော့ပေ။ သူ့မျက်ခုံးစပ်ရှိ  ဓာတ်နှော နတ်မိုးကြိုး အမှတ်အသားက စတင် လင်းလက်လာသည်။ နဂို ဆံပင်အမည်းရောင်လည်း ဖြည်းဖြည်းချင်း ရွှေရောင် ပြောင်းလဲလာကာ ဆံပင်များ ထောင်မတ်လာသည်နှင့် သူ့အရှိန်အဝါလည်း သိသိသာသာ ပြောင်းလဲသွားသည်။

ရှန်ထျန်းက အားရပါးရ ဟစ်ကြွေးလိုက်သည်။ သူ့တစ်ကိုယ်လုံး ရွှေရောင်အလင်းများ လွှမ်းခြုံထားပြီး သူ့လက်မှ အင်အားသည်လည်း တိုးမြင့်လာကာ နွယ်ပင်ကို ဆွဲထုတ်လိုက်သည်။

တစ်လက်မ … နှစ်လက်မ … သုံးလက်မ …

အံ့ဖွယ်ဝါးမျိုနွယ်ပင်က အကောင်းဆုံး ကြိုးစား၍ ရုန်းနေသော်လည်း စူပါဆိုင်ယန် အခြေအနေရောက်ရှိနေသည့် ရှန်ထျန်းနှင့် ရင်ဆိုင်ရသည့်အခါ လုံးဝ မခုခံနိုင်တော့ပေ။

သူ့ခန္ဓာကိုယ်က မြေကြီးထဲမှ လုံးဝဆွဲထုတ်ခံရလုနီးပါး ဖြစ်နေသည်ကို မြင်ကာ စိတ်ဓာတ်ကျလာမိသည်။

ဂျွတ်  …

အသံတစ်သံ ထွက်ပေါ်လာပြီးနောက် ရှန်ထျန်း လက်၌ ခုခံမှုကို မခံစားမိတော့ပေ။ သူက နောက်ဆုတ်လိုက်ရသောကြောင့် ပြန်လဲကျလုမတတ် ဖြစ်သွားကာ သူ့လက်ထဲ၌ နွယ်ပင် သုံးပုံ နှစ်ပုံကို ကိုင်ဆောင်ထားလေ၏။

ထိုစဉ် တစ်ဖက်တွင် ၂၅ စင်တီမီတာမျှသာ ရှိသော အခြားသုံးပုံတစ်ပုံ နွယ်ပင်လေးက မြေကြီးထဲ အမြန်အဆန် တိုးဝင်သွားလေသည်။

ဟုတ်တယ် … အိမ်မြှောင်တစ်ကောင် အမြီးဖြတ်ပြေးသွားသကဲ့သို့ ထွက်ပြေးသွားလေသည်။

ရှန်ထျန်းက နောက်တစ်ခါ ဆွဲထုတ်ချင်သော်လည်း ဤတစ်ကြိမ်၌ အံ့ဖွယ်ဝါးမျိုနွယ်ပင်က မြေကြီးထဲ ဝင်ရောက်ဖို့ အားအကုန်ထုတ်သုံးသွားဟန် ပေါ်သည်။

လုကျီက သူမအဆီအနှစ်အားလုံးနှင့် လဲလှယ်၍ ရရှိလာသော ပြန်လည်မွေးဖွားခြင်း အခွင့်အရေးမှာ ဤသို့ဖြစ်သွားလိမ့်မည်ဟု တစ်ခါမှ မတွေးထားမိပေ။

သူမ နဂိုအကြံအစည်အရ ရက်ပိုင်းလေးအတွင်း ဤနိဗာနတော်ဝင်အရည်များကို ခမ်းခြောက်နေအောင် စုပ်ယူပစ်မည် ဖြစ်၏။ သို့သော်လည်း သူမက အရည်များကို မစုပ်ယူနိုင်ခင် ခန္ဓာကိုယ်ကို ပိုင်းဖြတ်ကာ ထွက်ပြေးခဲ့ရသည်။

ပြောရလျှင် ကျင့်ကြံရေးလောက၌ ဝဋ်ကြွေး အမှန်တကယ် ရှိပေသည်။

ကောင်းကင်ဘုံနှင့် လုံးဝ မဆန့်ကျင်သင့်ပေ။

လုကျီအား နမူနာအနေနှင့် ကြည့်ပါလေ …

သူမက နိဗာနခံယူပြီးနောက် ပြန်လာမည်ဟု ဟစ်ကြွေးသွားခဲ့သည်။ ထိုအခါ မည်သူကများ သူမကို တားဆီးနိုင်မည်နည်း။ အဆုံးသတ်၌ ရှန်ထျန်း ပေါ်လာခဲ့လေသည်။ သူက သူမ ပိုင်ဆိုင်မှုကို ယူသွားရုံသာမက သူမ ခန္ဓာကိုယ်ပင် လိုချင်နေသေးသည် မဟုတ်ပါလော။

သူမက အလွန်ကံဆိုးလွန်းလှပေသည်။

…………...

ရှန်ထျန်းက ထိုနွယ်ပင်လေး ထွက်ပြေးသွားသည့် အပေါက်ငယ်လေးကိုသာ တိတ်တဆိတ် ထိုင်ကြည့်နေမိသည်။

အရှင်းဆုံးပြောရလျှင် သူ ထုတ်သုံးလိုက်သည့် ပေါင်းစပ်မှုက မချောမွေ့သေးကြောင်း ပြန်သုံးသပ်နေမိသည်။ ဤသို့မဟုတ်ပါက သူ့အနေနှင့် ကျန်ရှိနေသော အံ့ဖွယ်ဝါးမျိုနွယ်ပင်လေးကို ထွက်ပြေးခွင့် မပေးဘဲ ဆွဲထုတ်နိုင်ခဲ့လိမ့်မည်။

ယခု အံ့ဖွယ်ဝါးမျိုနွယ်ပင် တစ်ဝက်လောက် လွတ်သွားလေရာ နောက်ပိုင်း မည်သို့ဆက်ဖြစ်လာမည်ကို မည်သူသိမည်နည်း။ ပြဿနာ များလွန်းလှပေမည်။

ကံကောင်းတာ ငါက ဇာမဏီငှက်မွေး မျက်နှာဖုံး ဝတ်ထားတုန်းဆိုတော့ မျက်နှာတင် ဖုံးထာတာ မဟုတ်ဘူး။ အငွေ့အသက်ကိုလည်း လုံးဝ ကာကွယ်ပေးထားတာ …

 ပြီးတော့ ငါက နတ်ရေစင် ဝိညာဉ်အသျှင်ရဲ့ ချပ်ဝတ်လဲ ဝတ်ထားတာဆိုတော့ အံ့ဖွယ်ဝါးမျိုနွယ်ပင်က ငါ့ကို ယောကျ်ားတစ်ယောက်လို့ မထင်လောက်ဘူးမလား …

ထိုအတွေးဖြင့် ရှန်ထျန်းတစ်ယောက် စိတ်သက်သာရာရသွားလေသည်။

သူက လက်ထဲမှ အံ့ဖွယ်ဝါးမျိုနွယ်ပင် တစ်ပိုင်းကို ကြည့်လိုက်သည်။

မဆိုးပါဘူး …

အံ့ဖွယ်ဝါးမျိုနွယ်ပင်က တစ်မီတာမျှ ရှိလေရာ သူ့ဆီတွင် ရှိနေသော အပိုင်းက ၇၅ စင်တီမီတာလောက် ရှိပေသည်။

ပိုင်းပြတ်သွားသော အပိုင်းမှ နို့နှစ်ရောင် အရည်များ ဖြည်းဖြည်းချင်း စိမ့်ထွက်နေလေ၏။ ဤသည်မှာ ကြည်လင်တောက်ပနေသေး၏။

ရုတ်ချည်းဆိုသလို ရှန်ထျန်း၏ မီးစာကျမ်းမှ အားကောင်းသော ဆန္ဒများ ထွက်ပေါ်လာပြန်သည်။ ရှန်ထျန်းက ဤနွယ်ပင်ကို စားချင်နေကြောင်း သတိထားမိလိုက်သည်။

ဒီဟာက အရမ်းအရသာရှိမဲ့ပုံလေး …

မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက စိတ်ခံစားချက်ကို အလိုလိုက်မည့် ပေါ့ပျက်ပျက်လူ မဟုတ်ပေ။ ယခု သူ လုပ်ရမည့် အရေးကြီးသည့်အရာကို သိပေသည်။ ထို့ကြောင့် သူက ခန်းမင်လက်စွပ်ထဲမှ ပုလင်းများကို ထုတ်ယူလိုက်သည်။

ထိုပုလင်းများက ဝိညာဉ်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ဆေးလုံးများကို အာနိသင်မပျောက်မပျက် သိမ်းဆည်းဖို့အတွက် အသုံးပြုကြသည်။

ရှန်ထျန်းက နိဗာနဝိညာဉ်စမ်းရေသည် မည်သို့အသုံးဝင်ကြောင်း မသိသေးသော်လည်း သေချာပေါက် ရတနာတစ်ခု ဖြစ်ကြောင်း သိထားသည်။  ထို့ကြောင့် နောက်ဆုံးရေစက်အထိ သေချာသိမ်းဆည်းထားရမည်။

နိဗာနဝိညာဉ်စမ်းရေကန်က ၂၀ ကုဗမီတာကျော် ရှိလေရာ ပမာဏမည်မျှ ရှိမည်ကို စိတ်ကူးကြည့်၍ မရပေ။ တွေးကြည့်ရုံဖြင့် ပါးစပ်ဟောင်းလောင်း ဖြစ်သွားနိုင်သည်။

ဤပုလင်းများကို  သူတို့နဂိုအကျယ်ထက် တိုးပေးနိုင်သည့် နေရာချဲ့အစီအရင်ဖြင့် ရေးထွင်းထားလျှင်ပင် ရှန်ထျန်းအနေနှင့် ဤဝိညာဉ်စမ်းရေများကို သိမ်းဆည်းဖို့အတွက် အနည်းဆုံး ပုလင်းရာချီ၍ သုံးရပေမည်။

…………....

ရေများကို သိမ်းဆည်းပြီးနောက် ရှန်ထျန်းက စမ်းရေဖြင့် စိုစွတ်နေသည့် မြေကြီးကို တစ်ချက် ကြည့်လိုက်မိသည်။ ထိုအရာသည်လည်း ရတနာဟု ခံစားလာရသည်။ ဝိညာဉ်စမ်းရေသည် အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ ကိုယ်ထည်မှ ဖြစ်ပေါ်လာခြင်း ဖြစ်သောကြောင့် မြေကြီးသည်လည်း တစ်လောကလုံး၌ သေချာပေါက် အာဟာရအကြွယ်ဝဆုံး ဖြစ်ပေလိမ့်မည်။

အကယ်၍ သူသာ ဤမြေကြီးကို သူတော်စင်တောင်ဆီ ပြန်သယ်သွားပြီး ပန်းပင်၊ ဆေးပင်၊ ဂျင်ဆင်းတို့ စိုက်ပျိုးလျှင် အာနိသင် ပို၍ ကောင်းမလာစေနိုင်လောက်ဘူးလား …

ထို့ကြောင့် ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ ဂေါ်ပြားကို ထုတ်ကာ မြေကြီးကိုပါ တူးယူလိုက်တော့သည်။

အဆုံးသတ်၌ ကန်အောက်ခြေရှိ မြေကြီးတို့က တစတစ လျော့နည်းလာသည်။ ရှန်ထျန်းက ရေတစ်စက်မှ မကျန်တော့သည့်အထိ တူးယူပြီးနောက် ရပ်တန့်လိုက်သည်။

ထိုစဉ် ဟာရီတီ ပုတီးက အသာတုန်ခါလာကာ  “ သခင် … အနီးအနားမှာ အငြိုးတရား ရှိနေတယ် ”

အငြိုးတရားလား …

ရှန်ထျန်းက အစပိုင်း ကြောင်သွားခဲ့သော်လည်း သိပ်မကြာခင် တွေးမိသွားလေသည်။ သူ့ဉာဏ်ရည်နှင့် ခံစားနိုင်စွမ်းရော မြင့်မားလေရာ ဤနေရာ၌ မည်သူကများ အငြိုးတရား ရှိမည်နည်း။ ဤသည်မှာ အံ့ဖွယ်ဝါးမျိုနွယ်ပင်လေးသာ ဖြစ်ရမည်။

နတ်ဆိုးလေး ထွက်မသွားသေးဘူးပဲ … ဒီလိုဆိုမှတော့ ငါ လုပ်တာကို လာအပြစ်မတင်နဲ့ …

သူက နတ်ဘုရားအသိစိတ်ကို သုံးကာ အသာပြောလိုက်သည်

“ ကျိုးအာ ငြိမ်ငြိမ်လေးနေပြီးတော့ တုန်လှုပ်မသွားနဲ့။ ဒီနေရာမှာ အံ့ဖွယ်ဝါးမျိုနွယ်ပင် ရှိနေတယ်။ အငြိုးတရား ဘယ်ကနေ ထွက်လာတာလဲဆိုတာ ပြော … အနီးကပ်သွားပြီးတော့ ရုတ်တရက် ဖမ်းလိုက်ချင်လို့။ အဲလိုဆို လုံးဝ ထွက်ပြေးနိုင်မှာ မဟုတ်တော့ဘူး ”

ကျိုးအာက ပြန်ဖြေလိုက်သည်  “ ဟုတ် … သခင်ရဲ့ အရှေ့တောင်ဘက်မှာ ရှိနေတဲ့ ကျောက်တုံးနောက်မှာ ရှိနေတာ ”

ရှန်ထျန်းက အသက်ပြင်းပြင်းရှုကာ ထိုနေရာကို လှည့်မကြည့်လိုက်ပေ။ ထို့အစား သူက ဖြည်းဖြည်းချင်း နတ်ဘုရားအသိစိတ်ကို ထုတ်လွှင့်လိုက်သည်။

ကျောက်တုံးနောက်၌ မြစိမ်းရောင် နွယ်ပင်လေး ရှိနေပြီး ခေါင်းပြူကာ ရှန်ထျန်းအား ချောင်းကြည့်နေလေ၏။

ထိုစဉ် ထိုအရာလေးက တစ်ခုခုကို ခံစားမိဟန်ဖြင့် မြေကြီးထဲ အလျှင်အမြန် တိုးဝင်သွားလေသည်။

ထွက်ပြေးချင်သေးတာလား … နာနာခံခံနဲ့ အဖမ်းခံလိုက်စမ်းပါ …

ရှန်ထျန်းက သူ့ဓားသခင် အမှတ်အသားပြား၊ ကြာပစ်ခွင်း သေနတ်နှင့် နတ်ဆိုးဖောက်ခွင်း သေနတ်ကိုးလက်တို့ကို ရုတ်ချည်း အသက်သွင်းချလိုက်သည်။

သိပ်သည်းလွန်းသော တိုက်ခိုက်မှုများက ထိုနေရာဆီ ဦးတည်လျက် ထွက်သွားကြသည်။

သို့သော် ထိုအခိုက်အတန့်လေး၌ မြေပြန့်ကား ဖောက်ခွဲခံလိုက်ရလေသည်။

All Chapters