← Chapters

ရှန်နွယ်ပင်ထျန်း

Vol. 11-16 Ch. 158

ရှန်နွယ်ပင်ထျန်း

Vol. 11-16 Ch. 158

အခန်း (၁၅၈)  :  ရှန်နွယ်ပင်ထျန်း

ဝုန်း ဝုန်း ဝုန်း …

ထိုကျောက်တုံးဆီ ဝိညာဉ်သံမဏိအလုံး ရိုက်ခတ်မိသည်နှင့် တစစီ ကျိုးပဲ့သွားတော့သည်။ ကျန်ရှိနေသော ကျည်ဆန်တို့ဖြင့်လည်း မြေကြီးဆီ တောက်လျှောက် ပစ်ခတ်လိုက်သည်။

ဓားသခင် အမှတ်အသားပြားမှ ဓားဝိညာဉ် တိုက်ခိုက်မှု၏ ပြင်းအားက ပို၍ အားပြင်းပေသည်။

လက်ရှိ ဓားသခင် အမှတ်အသားပြားက ဝိညာဉ်ကျောက်တုံး လုံလုံလောက်လောက် စုပ်ယူထားသောကြောင့် အားအကောင်းဆုံး ရိုက်ချက်ကို ထုတ်လွှင့်နိုင်လေ၏။ ဤတစ်ခါ ဓားသခင် အမှတ်အသားပြားက ဝိညာဉ်ကျောက်တုံး ငါးထောင်လောက် စုပ်ယူသွားခဲ့သောကြောင့် တိုက်ခိုက်စွမ်းမှာ ပိုထူးခြားနေသေးသည်။ အားနည်းသော ကနဦးဝိညာဉ်အဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် ဤဓားချက် ခံယူလိုက်ပါက သေလုနီးပါး ဖြစ်သွားနိုင်လေသည်။

အဆုံးမဲ့ ဓားအငွေ့အသက်တို့ ဆင်းသက်လာသည့်အခါ နေရာတစ်ခုလုံး ကော်ထုတ်လိုက်သလိုမျိုး ဖြစ်သွားသည်။ ထိုစဉ် လေထဲ၌ ဖုန်မှုန့်များကိုသာ မြင်တွေ့နိုင်သည်။

“ လိပ်နက်ချပ်ဝတ် ပေါင်းစပ်စမ်း … လိပ်နက်ဒိုင်းကာ အသက်ဝင်စမ်း ”

ရှန်ထျန်းက အပြည့်အစုံ ဝတ်ဆင်လိုက်ပြီးနောက် ထိုနေရာဆီ သတိထားကာ ဦးတည်သွားလိုက်သည် “ ကျိုးအာ အငြိုးတရား ခံစားမိသေးလား ”

ကျိုးအာ၏ အသံပဲ့တင်ထွက်လာသည် “ ရှင်းရှင်းကြီးတော့ မခံစားမိတော့ဘူး။ ကြည့်ရတာ အငြိုးတရား ပျောက်သွားတာမျိုး ဒါမှမဟုတ် ထွက်ပြေးသွားပြီ ထင်တယ် ”

ရှန်ထျန်းက အတွေးများလာမိသည်။ သူက အံ့ဖွယ်ဝါးမျိုနွယ်ပင် နဂိုရှိခဲ့ဖူးသည့်နေရာဆီ ရောက်လာပြီး ဖုန်မှုန့်များ ရှင်းထုတ်ချလိုက်သည်။ ထိုအခါ သူ့တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုအောက်တွင် ဧရာမအပေါက်ကြီးတစ်ခု မြင်လိုက်ရသည်။ ထိုအပေါက်အလယ်၌ နွယ်ပင်လေး ရှိနေသည်။ သို့သော်လည်း ထိုနွယ်ပင်လေးတွင် ဒဏ်ရာအပြည့် ဖြစ်နေပြီး နို့နှစ်ရည်များလည်း စီးကျနေလေ၏။

နို့နှစ်ရည်မှ ရှန်ထျန်း၏ လိုအင်ဆန္ဒကို တိုးမြင့်ပေးနိုင်သော ရနံ့သင်းသင်းလေး ထုတ်လွှင့်နေသည်။

ရှန်ထျန်းက ကြာပစ်ခွင်း သေနတ်ဖြင့် အချိန်မရွေး ပစ်ခတ်နိုင်ရန် သတိထားကာ ချိန်ဆလိုက်ပြီးနောက် နွယ်ပင်လေးအား လှုပ်ရှားမှု ရှိသေးလားဟု ထိကြည့်လိုက်သည်။

လှုပ်ရှားမှု မရှိတော့ကြောင်း အတည်ပြုပြီးနောက် နွယ်ပင်လေးကို ကောက်ယူလိုက်သည် “ ဘာလို့များ ပြန်လာဖို့ ရွေးချယ်လိုက်တာတုန်း ”

အရှင်းဆုံးပြောရလျှင် သူမအမြင်မှကြည့်လျှင် သူမနှင့် ရှန်ထျန်းကြားတွင် အမုန်းတရား မရှိခဲ့သောကြောင့် သူမ မမှားပေ။ သို့သော်လည်း ကျင့်ကြံရေးလောက၌ မှန်သည်၊ မှားသည် ဆွေးနွေးဖို့ကား လုကျီက လူများကို စားပစ်နေသည့် နတ်ဆိုးမ ဖြစ်နေသောကြောင့် အသုံးမဝင်ချေ။

ရှန်ထျန်းက ဤနွယ်ပင်လေးသည် သူမ နိဗာနကျော်ဖြတ်ရန် သို့မဟုတ် သူမ ဖန်ဆင်းထားသည့် မျိုးဆက်ဖြစ်ကြောင်း ဘာကိုမှ မသိပေ။ မည်သို့ပင်ဆိုစေကာမူ ရှန်ထျန်းက တောင်ကြားထဲ မတော်တဆ ရောက်ရှိလာသောကြောင့် သူတို့နှစ်ယောက်ကြား ကံစပ်မှုတော့ ရှိပေသည်။ ထို့ကြောင့် သူ့တွင် ထိုကံကို မြန်မြန်အဆုံးသတ်ပစ်ဖို့ နည်းလမ်းတစ်ခုသာ ရွေးချယ်စရာ ရှိတော့သည်။

အကယ်၍ သူသာ ဤကံကို အဆုံးမသတ်ပစ်နိုင်လျှင် သူက အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို အဆုံးသတ်ပစ်သင့်သည်။

ဆွေမျိုးမိတ်ဆွေ မဟုတ်တဲ့သူက စိတ်နှလုံးသားချင်းတော့ တူမှာ မဟုတ်ဘူး …. ငါ့အသက်လေးကို စတေးရတော့မယ် …

နွယ်ပင်မှ ရနံ့သင်းသင်းလေး ထုတ်လွှင့်နေသော်လည်း ရှန်ထျန်းက စားသင့်၊ မစားသင့် တွေဝေနေဆဲ ဖြစ်၏။ ထိုအရာက အရသာရှိဟန် ပေါ်နေကာ မီးစာကျမ်းကလည်း အတော်လေး တောင့်တနေလေသည်။ ပို၍ အရေးကြီးည်က ရှန်ထျန်းက အံ့ဖွယ်ရစ်ပတ်နွယ်ပင် အရည်တော်တော်များများကို သောက်သုံးထားပြီးပြီ ဖြစ်ရာ သူတို့က အဆိပ်တော့ မရှိပေ။ ထို့ကြောင့် အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို စားလိုက်လည်း  ဘာမှမဖြစ်လောက်ပေ။

ထိုအတွေးဖြင့် ရှန်ထျန်းက နည်းနည်း မြည်းကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူသာ အဆင်ပြေပါက ထပ်စားနိုင်သေးသည် မဟုတ်ပါလော။

သူက အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ နို့နှစ်ရည်လေးအား အနည်းငယ် သောက်သုံးကြည့်လိုက်သည်။

အင်း … ချိုချိုချဉ်ချဉ်လေး … နို့အရသာလေး နည်းနည်းပါပြီးတော့ နျူထြီ ဒိန်ချဉ်ရဲ့ သစ်ခွအရသာလေးလိုပဲ …

နို့နှစ်ရည်ကို သောက်သုံးလိုက်သည်နှင့် ရှန်ထျန်း ခန္ဓာကိုယ်အတွင်း စွမ်းအားတစ်ခု ပေါက်ထွက်လာလေသည်။ ဤသည်မှာ သစ်သားဓာတ်၏ ဝိညာဉ်ချီစွမ်းအား ဖြစ်နေသည်။ ထိုအရာတွင် သူ့အား သက်တောင့်သက်သာ ဖြစ်သွားစေသည့် အင်မတန် ကြွယ်ဝသော အသက်ဓာတ်တို့ ပါဝင်နေသည်။

ရှန်ထျန်းက ကျင့်ကြံနိုင်သေးသော်လည်း ချီဖောက်ပြန်မှု ၈၈ ကြိမ် ခံစားဖူးခဲ့သောကြောင့် အတွင်းဒဏ်ရာတချို့ ကျန်ရှိနေဆဲ ဖြစ်၏။ တကယ်တော့ ရှန်ထျန်း၏ ခန္ဓာကိုယ်နှင့် စွမ်းအင်ဗဟိုချက်တို့က အတွင်းဒဏ်ရာအသီးသီး ရထားလေသည်။ ဤသို့သော အတွင်းဒဏ်ရာမျိုးက အင်မတန် ဒုက္ခများပြီး ကုသဖို့ ခက်ခဲလှပေသည်။

သို့သော်လည်း နွယ်ပင်အရည်ကို သောက်သုံးပြီးနောက် ရှန်ထျန်းက သူ့အတွင်းဒဏ်ရာများ ပျောက်ကင်းလာကြောင်း ခံစားမိလိုက်သည်။

နွယ်ပင်အရည်က အသက်စွမ်းအား အဆီအနှစ်ကဲ့သို့ သူ့တစ်ကိုယ်လုံးအနှံ့ ပြန့်နှံ့သွားသည်။ ထိုစွမ်းအား ဖြတ်သန်းစီးဆင်းသွားသည့်နေရာတိုင်း အတွင်းဒဏ်ရာများက ပြန်ကောင်းသွားလေသည်။ ပမာဏက အလွန်နည်းသောကြောင့် သိပ်တော့ မလုံလောက်သေးပေ။

ရှန်ထျန်းက အသေးစိတ် လိုက်အာရုံခံပြီးနောက် သတိပြုမိသွားသည်။ ဤအရည်မှာ ဘေးဥပါဒ်မရှိဘဲ အကျိုးရှိလေသည်။ ထို့ကြောင့် သူက အသက်ပြင်းပြင်းရှုကာ အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို သေချာဝါးစားပစ်လိုက်တော့သည်။

ပြောရလျှင် ထိုနွယ်ပင်လေး၏ အရသာမှာ အံ့ဖွယ်ရစ်ပတ်နွယ်ပင်များထက် အရသာပိုကောင်းလေသည်။

နွယ်ပင်ကို အသာကိုက်လိုက်ပြီးနောက် နူးနူးညံ့ညံ့ နို့နံ့သင်းသင်း အရည်က ပါးစပ်ထဲ အပြည့်ဖြစ်သွားလေသည်။ ထို့နောက် သူ့ခန္ဓာကိုယ်အနှံ့ စွမ်းအားတစ်ခု ဖြတ်ဆင်းသွားလေသည်။

ထိုစဉ် ရှန်ထျန်းက သုခဘုံရောက်နေသကဲ့သို့ ခံစားနေရသည်။ သိပ်မကြာခင် ရှန်ထျန်းက အံ့ဖွယ်ဝါးမျိုနွယ်ပင်တစ်ခုလုံးကို စားပြီးသွားလေပြီ။ သူက ဆိုးကျိုးရှိလား သေချာစစ်ဆေးကြည့်လိုက်သေး၏။ ရှန်ထျန်းက ကသိကအောက်မဖြစ်ဘဲ သက်တောင့်သက်သာ ပေါ့ပါးနေသလိုသာ ခံစားနေရသည်။

သူ့ခန္ဓာကိုယ်အနှံ့ စွမ်းအားဖြတ်ဆင်းသွားပြီးနောက် သူ့အသည်းနေရာဆီ စုစည်းသွားကြောင်း ခံစားမိလိုက်သည်။

ထိုခံစားချက်မျိုုးက ရှန်ထျန်းအတွက် ရင်းနှီးလှပေသည်။ လေးလံအဆီအနှစ် ရေစင်ကို ဝါးမျိုခဲ့စဉ်အခါကလိုမျိုး ဖြစ်ကာ ယခုအခါ ပိုမိုညင်သာပေသည်။

နောက်ဆုံးတွင် ရှန်ထျန်းက စိတ်အေးလက်အေးဖြင့် ခြေချိတ်ထိုင်လိုက်ပြီး ယခင်နွယ်ပင်များကို ထုတ်ယူလိုက်သည်။ ထို့နောက် ခန်းမင်လက်စွပ်ထဲမှ နတ်ဆိုးအသားများနှင့် အသီးတချို့ကိုလည်း ထုတ်ယူလိုက်သည်။

ကျောက်သေတ္တာလေးကို ထုတ်လိုက်ပြီးနောက် နန်မင်လီ မီးလျှံဇစ်မြစ်ကို ထုတ်လိုက်သည်။ ထို့နောက် သူက အသားကို ဂရုတစိုက် ကင်လိုက်သည်။ သူက မီးအကွာအဝေးနှင့် အပူချိန်ကို သေချာထိန်းချုပ်ထားသောကြောင့် အသားအပေါ်ယံ၌ ရွှေရောင်အရည်စက်လေးများ စိမ့်ထွက်လာလေ၏။

ရှန်ထျန်းက အသားပေါ် ငရုတ်မှုန့်၊ ဇီရာစေ့စသော ဟင်းခတ်အမွှေးအကြိုင်များကို ထည့်လိုက်သည်။ ချက်ချင်းဆိုသလို အသားကင်နံ့မွေးမွေးလေး ထွက်ပေါ်လာသည်။

ထို့နောက် သူက လေးလံအဆီအနှစ် ရေစင်ကို ကျောက်စိမ်းရေစင် ဓားနှင့် ပေါင်းစပ်ကာ ဝိညာဉ်သစ်သီးများနှင့် နွယ်ပင်များကို ပိုင်းဖြတ်လိုက်သည်။ ရှန်ထျန်းရှေ့တွင် လတ်လတ်ဆက်ဆက် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပေါ်လာကာ သရေယိုစရာကောင်းလှသည်။

အသား၊ အသီးအရွက်၊ သစ်သီးတို့ပေါင်းစပ်လိုက်သည့်အခါ အဆင့်မြင့် ဟင်းပွဲ ဖြစ်လာရသည်။ ရှန်ထျန်းက ခန်းမင်လက်စွပ်ထဲမှ စားပွဲတစ်လုံးထုတ်ကာ အစားအစာများကို တင်လိုက်သည်။ အရှင်းဆုံးပြောရလျှင် ကိစ္စတော်တော်များများ ဖြစ်သွားခဲ့သည့်အတွက် ရှန်ထျန်းက အတော်လေး ပင်ပန်းနေလေပြီ။ ထို့ကြောင့် သူ့အောင်မြင်မှုအသီးအပွင့်ကို ခံစားရမည့် အချိန်ရောက်လာပြီ မဟုတ်ပါလော။

အသားကို တစ်လုတ်စားလိုက်ပြီးနောက် သစ်သီးနှင့် နွယ်ပင်ကို စားလိုက်သည်။ သူက ကနဦးဝိညာဉ်အဆင့် အံ့ဖွယ်ရစ်ပတ်နွယ်ပင်များကို ဖျော်ရည် လုပ်သောက်နေလေသည်။

ဤသည်မှာ စားတော်ပွဲကြီးဟု ဆိုနိင်ပေသည်။ အကယ်၍ ကျင့်ကြံရေးလောကရှိ အခြားလူများသာ ဤမြင်ကွင်းကို မြင်တွေ့သွားခဲ့လျှင် အံ့ဩလွန်း၍ ပါးစပ်ဟောင်းလောင်း ဖြစ်သွားလောက်၏။ အခြားလူများဆိုလျှင် ဤနွယ်ပင်များကို ဂရုတစိုက် သိမ်းဆည်းကာ ဓမ္မအသုံးအဆောင်အဖြစ် သန့်စင်ကြပေလိမ့်မည်။

သူတို့က အံ့ဖွယ်ရစ်ပတ်နွယ်ပင်များကို စားလျှင်ပင် အံ့ဖွယ်ရစ်ပတ်နွယ်ပင်အား အခြားသော ရှားရှားပါးပါး ရတနာများနှင့် ပေါင်းစပ်ပြီး ထိပ်တန်းဆေးလုံးအဖြစ် ဖော်စပ်ကြလိမ့်မည်။

သို့သော်လည်း ရှန်ထျန်းက ကန်စွန်းဥများကဲ့သို့ စားပစ်နေပြီး အရည်ပင် ဖျော်ရည်လုပ်သောက်နေသေး၏။ ဤသည်မှာ နှမြောဖို့ကောင်းလွန်းလှသည်။ ဤမြင်ကွင်းကြောင့် အထွတ်အထိပ်ရှင်ပင် နှလုံးသွေးယိုသွားနိုင်သည်။

………....

ရှန်ထျန်းက အံ့ဖွယ်ရစ်ပတ်နွယ်ပင်များ စားသုံးပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအားမှာ ကန့်သတ်ချက်ရောက်သွားကြောင်း ခံစားမိလိုက်သည်။ သူ့အသည်းဆီ အင်မတန် သန့်စင်သော စွမ်းအား စိမ့်ဝင်သွားပြီးနောက် အသည်းအား ဗဟိုချက်ထားကာ နေရာအဖက်ဖက်သို့ ပြန့်နှံ့သွားလေသည်။

ထိုစဉ် ရှန်ထျန်း၏ ညာဘက်လက်မှ မြစိမ်းရောင် နွယ်ပင်လေး ထွက်ပေါ်လာကာ မြေကြီးဆီ ဝုန်းခနဲ ဝင်ရောက်သွားသည်။

ဝုန်း …

မြေကြီး၌ လှံနှင့် ထိုးစိုက်လိုက်သည့်အလား အပေါက်ငယ်လေး တစ်ခု ဖြစ်ပေါ်လာလေ၏။ ရှန်ထျန်းက သူ့ရိုက်ချက်သည် ထိပ်တန်း အခြေတည်အဆင့် ကျင့်ကြံသူနှင့်ပင် ယှဉ်နိုင်ကြောင်း ခံစားမိလိုက်သည်။ ဤသည်မှာ သာမန်ကာလျှံကာ ရိုက်ချက်လေး ဖြစ်ပြီး အားအပြည့် ထုတ်မသုံးထားပေ။

သူ့တွင် ရှိနေသော စွမ်းအားကား သူ့လက်ကဲ့သို့ အသုံးပြုနိုင်ကာ အင်မတန် နာခံလွယ်ကြောင်း  အတည်ပြုလိုက်နိုင်သည်။

ရှန်ထျန်းက စွမ်းအားသုံးနိုင်မည့် နည်းလမ်းများကို စတင်ရှာဖွေပြီး ဉာဏ်အလင်းပွင့်လာခဲ့သည်။ သူက အသက်ပြင်းပြင်းရှုလိုက်ပြီး ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည့်အခါ မြစိမ်းရောင်နွယ်ပင်လေးက ကြာပွတ်သဖွယ် ထွက်ပေါ်လာသည်။ မျက်နှာပြင်အထက်၌ လေးလံအဆီအနှစ် ရေစင်၏ ဂုဏ်သတ္တိဖြစ်သည့် ငွေဖြူရောင် အလင်းတစ်လွှာဖြင့် ဖုံးအုပ်ထားလေသည်။

ရေက သစ်သားကို အားဖြည့်ပေးတယ် …

ထိုစဉ် အံ့ဖွယ်ဝါးမျိုနွယ်ပင်က ကြာပွတ်နှင့် လှံတစ်ချောင်းသဖွယ် ပိုအားကောင်းလာသည်။

သူက ဝေ့ယမ်းလိုက်သည့်အခါ မြေကြီးတစ်ခုလုံး တုန်ခါသွားလေသည်။ ရှန်ထျန်းပင် သူ့စွမ်းအားသူ အံ့အားသင့်သွားရသည်။ အကြောင်းမှာ ဤသာမန်ရိုက်ချက်လေးကပင် ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးကို ဒဏ်ရာအပြင်းအထန် ရစေနိုင်လောက်ကြောင်း ခံစားမိလိုက်၍ ဖြစ်သည်။

All Chapters