← Chapters

ဝိညာဉ်ကျောက်သွေးကြော၊ အံ့ဖွယ်သေရည်

Vol. 11-16 Ch. 160

ဝိညာဉ်ကျောက်သွေးကြော၊ အံ့ဖွယ်သေရည်

Vol. 11-16 Ch. 160

အခန်း (၁၆၀)  : ဝိညာဉ်ကျောက်သွေးကြော၊ အံ့ဖွယ်သေရည်

ရှန်ထျန်းက ပုံစံသွင်ပြင်အသစ်တချို့ကို ဖမ်းဆုပ်မိခဲ့သော်လည်း လျို့ဝှက်ထားဖို့သာ ဆုံးဖြတ်လိုက်သည်။ ကျင့်ကြံရေးလောက၌ ကြီးနိုင်ငယ်ညှင်း သဘောရှိသည် မဟုတ်ပါလော။ ထို့ကြောင့် သူ့ဝှက်ဖဲများကို ဖော်ပြမည် မဟုတ်ပေ။ သူ့တွင် ဝှက်ဖဲများလေလေ အသက်ရှင်နိုင်ခြေ ပိုမြင့်လေလေ ဖြစ်၏။

အကယ်၍ အခြေတည်အဆင့် စွမ်းအားကို ပြထားလျှင် အန္တရာယ်ကြုံတွေ့သည့်အခါ ရွှေအမြုတေအဆင့် စွမ်းအားလောက်မှ လုံလောက်ပေမည်။

အကယ်၍ ရှန်ထျန်းသာ သူ့စွမ်းအားအကုန် ဖော်ပြထားပါက တစ်ယောက်ယောက်သာ သူ့ကို ပစ်မှတ်ထားလာခဲ့လျှင် သူ့အတွက် ကပ်ဘေး ဖြစ်သွားပေလိမ့်မည်။

မြူခိုးဟင်းလင်းပြင်ထဲ တွေ့ကြုံသွားပြီးနောက် ရှန်ထျန်းက မတုန်မလှုပ်နေပြီး အားနည်းချက်ကို ဖုံးကွယ်ထားဖို့က မည်မျှအရေးပါကြောင်း နားလည်လာခဲ့သည်။ အကယ်၍ သူသာ နောက်ထပ် အခွင့်အရေးရလာခဲ့လျှင် ရတနာရှာဖို့ရာ တစ်ယောက်တည်း ဘယ်တော့မှ မလာတော့ပေ။

ရှန်ထျန်းက စားကောင်းသောက်ဖွယ် စားသောက်ပြီးသွားနောက် သူ ရရှိထားသော အကျိုးမြတ်များကို စီရီကာ ထွက်သွားဖို့ ပြင်လိုက်သည်။

ထိုစဉ် သူ့ခေါင်းက ထိုးကိုက်လာပြီး ဆန်းကြယ်သွေးမျိုးဆက် မှတ်ဉာဏ်တစ်ခု ပေါ်ထွက်လာသည်။

ရှန်ထျန်းက သူကိုယ်တိုင် ကောင်းကင်တမျှ ထိုးထွက်နေသည့် ဧရာမ နွယ်ပင် ဖြစ်လာသလို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကိုလည်း မြူခိုးအလွှာများဖြင့် ဖုံးလွှမ်းထားသောကြောင့် သူ့အား ဆန်းကြယ်နက်နဲကာ ခန့်မှန်းလို့မရအောင် လုပ်ပေးနေသည်။

သူသာ အလိုရှိပါက သူ့စိတ်ကြိုက် မြေကြီးထဲ ရွေ့လျားသွားလာနိုင်သလို သူ့အမြန်နှုန်းမှာလည်း နတ်ဆိုးသားရဲများထက်ပင် မြန်ဆန်နေသေးသည်။ ဤသို့သော ခံစားချက်မျိုးက အလွန်ထူးဆန်းသောကြောင့် ရှန်ထျန်းက ထိုစွမ်းရည် ရလာလား၊ မရသွားလား ဝိုးတိုးဝါးတား ဖြစ်နေမိသည်။

ရှန်ထျန်း မျက်လုံးပြန်ဖွင့်လာသည့်အခါ အချိန်မည်မျှကုန်ဆုံးသွားမှန်းပင် မသိတော့ပေ။ သူက စိတ်ထဲမှ အမှတ်အသားကို ပေါင်းစပ်ဖို့ ကြိုးစားလိုက်ပြီး သူ့ညာလက်ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်လိုက်ကာ အံ့ဖွယ်ဝါးမျိုနွယ်ပင် ထုတ်လွှင့်လိုက်သည်။ သိပ်မကြာခင် သူ့ခန္ဓာကိုယ်တစ်ခုလုံး မြူခိုးများနှင့် ပြည့်နှက်သွားလေ၏။

ရှန်ထျန်းက သူ ထုတ်လွှင့်လိုက်သည့် မြူခိုးပမာဏမှာ မြူခိုးဟင်းလင်းပြင်ထက် အလွန်နည်းပါးနေမှန်း ရှင်းရှင်းလင်းလင်း ခံစားမိသော်လည်း မြူခိုး၏ သဘာဝက အတူတူပင် ဖြစ်၏။ ဤအရာက ကျင့်ကြံသူများ၏ အာရုံခံနိုင်စွမ်းကို တားမြစ်ပိတ်ပင်ထားနိုင်ပြီး ခန္ဓာကိုယ်ကို လုံးဝဖုံးကွယ်ထားနိုင်သည်။

အံ့ဖွယ်ဝါးမျိုနွယ်ပင်နှင့် လေးလံအဆီအနှစ်တို့ ပေါင်းစပ်နေမှုက အားကောင်းနေပြီးသား ဖြစ်သောကြောင့် ရှန်ထျန်းအား အံ့အားသင့်သွားစေသည်။ ယခု မြူခိုး၏ ထောက်ပံ့ပေးမှုဖြင့် နဂို ဆန်းကြယ်ရေနွယ်ပင်၏ တိုက်ခိုက်မှုက ပို၍ ကြောက်စရာကောင်းသွားသည်။

ရှန်ထျန်းက တိုက်ပွဲတိုက်သည့်အခါ မြူခိုးများကို ထုတ်လွှင့်ပြီး ရန်သူကို လွှမ်းခြုံထားလိုက်လျှင် သူ့အား အနိုင်ယူနိုင်တော့မည် မဟုတ်ကြောင်း စိတ်ကူးယဉ်ကြည့်မိသွားသည်။ သူက မြူခိုးအတွင်း ပုန်းအောင်းကာ လေးလံရေစင်နှင့် အံ့ဖွယ်ဝါးမျိုနွယ်ပင်များဖြင့် ချောင်းမြောင်းလုပ်ကြံလိုက်မည်။ ထိုအခါ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖြစ်နေလျှင်ပင် သူတို့အား အလွယ်လေး အနိုင်ယူနိုင်သွားလိမ့်မည်။

ဤသည်မှာ ရှန်ထျန်းတစ်ယောက် အံ့ဖွယ်ဝါးမျိုနွယ်ပင်ကို စားပစ်ပြီးနောက် ပထမဆုံး ရရှိလာသည့် မြူခိုးလွင့်ထုတ်ခြင်း စွမ်းရည် ဖြစ်ပြီး အကျိုးသက်ရောက်မှုက အတော်လေး ကောင်းလှသည်။

ထိုစဉ် ရှန်ထျန်း ရရှိသွားသော ဒုတိယစွမ်းရည်မှာ မြေလျိုးခြင်း ဖြစ်၏။

မြေဓာတ် ကျင့်ကြံသူအများစုက ထွက်ပြေးလွတ်မြောက်ဖို့အတွက် မြေရွေ့လျားခြင်း ဓမ္မပညာရပ်ကို ရွေးချယ်လေ့ရှိကြသည်။ သို့သော်လည်း မြေဓာတ် ရွေ့လျားခြင်း ပညာရပ်တိုင်း၏ အမြန်နှုန်းက သိပ်မမြန်ကြချေ။ တချို့မှာ အလွန်နှေးကွေးကြသေး၏။

ရှန်ထျန်း၏ စွမ်းရည်က သူ့အား အံ့ဖွယ်ဝါးမျိုနွယ်ပင်တစ်ပင်အလား မြေကြီးထဲ သွားလာနိုင်စေသလို အမြန်နှုန်းမှာလည်း ဓားပျံစီးနင်းခြင်းနှင့်ပင် ယှဉ်နိုင်သည်။ အကယ်၍ သူက အားကောင်းသော ရန်သူများနှင့် ကြုံတွေ့ပြီး ကောင်းကင်မှ ထွက်မပြေးနိုင်တော့လျှင် မြေကြီးမှတဆင့် ထွက်ပြေးနိုင်သေး၏။

“ ငါ့အသက်လေးကို ကယ်ပေးမဲ့ စွမ်းရည်လေးပဲ … ကောင်းတယ် ကောင်းတယ် ”

ရှန်ထျန်းက ဤပညာရပ်သည် မိုးကြိုးဖောက်ခွဲရေး ချီထက်ပင် အရေးပါကြောင်း ထင်လိုက်မိသည်။ အကြောင်းမှာ သူက စွန့်စားရသည်ကို မနှစ်သက်၍ ဖြစ်၏။ ထို့အစား ကြိုတင်ကာကွယ်ခြင်းက အရေးကြီးဆုံး မဟုတ်ပါလော။

နောင်အနာဂတ်၌ သူ ရင်မဆိုင်နိုင်သည့်အရာနှင့် ကြုံတွေ့လျှင် မြူခိုးများ အသုံးပြုကာ ပုန်းအောင်းလိုက်ပြီး မြေလျိုးကာ ထွက်ပြေးနိုင်ပေသည်။ တစ်ဖက်လူက အထွတ်အထိပ်ရှင်နှင့် ယှဉ်နိုင်နေလျှင်ပင် အချိန်တိုအတွင်း ရှန်ထျန်းနောက် လိုက်ဖမ်းနိုင်မည် မဟုတ်ချေ။

ရှန်ထျန်းက လက်တွေ့သမား ဖြစ်သည့်အတွက် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

သူက သူ့စိတ်ထဲမှ အမှတ်အသားပြရာအတိုင်း လိုက်သွားလိုက်ပြီး စွမ်းအားကို စုစည်းထားလိုက်သည်။ ထိုစဉ် ရှန်ထျန်းက သူ့ခြေထောက်အောက်ရှိ မြေကြီးသည် အရည်အဖြစ် ပြောင်းလဲသွားသလို ခံစားမိလိုက်သည်။ အံ့ဖွယ်ဝါးမျိုနွယ်ပင်၏ လမ်းညွှန်မှုအောက်တွင် သူ့ခန္ဓာကိုယ်မှာ မြေကြီးထဲ အတားအဆီးမရှိ ဝင်ရောက်သွားလေ၏။

ရှန်ထျန်းက သူ့မြေလျိုးပညာရပ် အမြန်နှုန်းက ဓားပျံသန်းခြင်းထက် ပိုမြန်ကြောင်း အာရုံခံလိုက်မိသည်။ သူက လောကကြီးသည် ကျယ်ပြောလွန်း၍ မည်သည့်အရာမှ သူ့အား ထပ်အံ့ဩသွားအောင် မလုပ်နိုင်တော့ကြောင်း တွေးလိုက်မိသေး၏။

အကယ်၍ သူတော်စင်နယ်ပယ်အဆင့် တက်လှမ်းပြီး အတိဒုက္ခလွန်အဆင့် ကျော်ဖြတ်ချင်နေသည့် လုကျီ၏ စိတ်ဆန္ဒကြောင့်သာ မဟုတ်လျှင် အရှေ့ပိုင်းလွင်ပြင်၌ သူမကို ခြိမ်းခြောက်နိုင်သည့်သူ လက်ချိုးရေတွက်၍ ရပေသည်။ သူမအနေနှင့် ထိုလူများကို အနိုင်မပိုင်းနိုင်လျှင်ပင် လွတ်မြောက်နိုင်သေး၏။ အခုတော့ ရှန်ထျန်း လက်ထဲ ရောက်သွားသည့်အတွက် အံ့ဖွယ်ဝါးမျိုနွယ်ပင်အနေနှင့် သနားစရာကောင်းလှပေသည်။

ရှန်ထျန်းက အားအပြည့်သုံးကာ မြေလျိုးပညာရပ်ကို အသက်သွင်းလိုက်သောကြောင့် လုံးဝပျောက်ကွယ်သွားလေသည်။ သူက မြေကြီးတစ်လျှောက် အတားအဆီးမရှိ မြန်မြန် ရွေ့လျားနေလေသည်။ ဤအတွေ့အကြုံမှာ ထူးကဲလွန်းလှသည်။

ရှန်ထျန်းက ရုတ်ချည်းဆိုသလို တစ်စုံတစ်ခုကို တောင့်တလာပြန်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ မီးစာကျမ်းက တစ်ခုခုကို အာရုံခံမိဟန်ဖြင့် တက်ကြွလာသည်။

ရှန်ထျန်းက အတွေးနက်နေလေ၏။ သူက အကာအကွယ်အပြည့် ထုတ်သုံးပြီးနောက် ထိုနေရာဆီ ဦးတည်လိုက်သည်။ သူ နီးကပ်လာလေလေ မြေကြီးအတွင်း သွားလာဖို့ ခက်ခဲနှုန်းက တိုးမြင့်လာလေလေ ဖြစ်သည်။ သူက စိမ့်တောအတွင်း သွားနေရသလိုမျိုး တစ်လှမ်းချင်းအတွက် ခက်ခက်ခဲခဲ လှမ်းနေရသည်။ သူက နည်းနည်းသွားနိုင်ဖို့ အတွင်းအားများများ ထုတ်သုံးနေရသည်။

နောက်ဆုံးတွင် သူက မမြင်နိုင်သည့် အကာအရံအလွှာတစ်ခုကို ချိုးဖောက်သွားကာ ကျောက်နံရံအတွင်း ဝင်ရောက်သွားပြီး နေရာကျယ်ကြီးတစ်ခုဆီ ရောက်ရှိသွားသည်။ ဤသည်မှာ မီတာရာချီ ကျယ်ဝန်းသည့် မြေအောက်အခန်းတစ်ခု ဖြစ်ပြီး ကျောက်မာများဖြင့် လုံးဝ ဖုံးအုပ်ထားသည်။

ရှန်ထျန်းက ထိုအခန်းဘေးတွင် ဧရာမ ဝိညာဉ်ကျောက်သွေးကြောကြီးကို မြင်လိုက်ရသည်။

ဟုတ်ပေသည် … ဝိညာဉ်ကျောက်သွေးကြော ဖြစ်၏။

အထွတ်အမြတ်မြေများအနေနှင့်ပင် ဝိညာဉ်ကျောက်သွေးကြောအား ပင်မအရင်းအမြစ်တစ်ခုအဖြစ် မှတ်ယူထားကြသည်။

ဤသို့သော ဝိညာဉ်ကျောက်သွေးကြောက မြူခိုးဟင်းလင်းပြင်အောက်ထဲ ရှိနေသည့်အကြောင်းကို တွေးကြည့်လိုက်ပါလျှင် …

အရွယ်အစားက အံ့ဖွယ်မိုးကောင်းကင် အထွတ်အမြတ်မြေရှိ သွေးကြောများနှင့် မယှဉ်နိုင်သော်လည်း တန်ဖိုးကား တိုင်းတာ၍ မရပေ။

အကြောင်းမှာ လုကျီက နှစ်ထောင်ချီ ဝိညာဉ်ချီများ စုပ်ယူခဲ့သေးသည် မဟုတ်ပါလော။ ထိုအရာက သူမအား အတိဒုက္ခလွန်အဆင့် စမ်းသပ်ချက်ကို ကျော်ဖြတ်ဖို့ တစ်ဖက်တစ်လှမ်း ကူညီပေးခဲ့သည်သာ ဖြစ်ရမည်။

အကယ်၍ သူသာ ဤဝိညာဉ်ကျောက်သွေးကြောကို ယူဆောင်နိုင်လျှင် လက်ရှိ ရှန်ထျန်းအတွက် သေချာပေါက် အကျိုးမြတ်ကြီးကြီး ဖြစ်ထွန်းပေလိမ့်မည်။

ရှန်ထျန်းက ထိုသွေးကြောကို သူ့အတွက်သူ သိမ်းထားဖို့ စိတ်ကူးမရှိပေ။ ဤသည်မှာ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူများပင် ရွေ့လျားနိုင်ဖို့ သိပ်မလွယ်ကူလှပေ။ ထို့ကြောင့် လျို့ဝှက်ချက်အဖြစ် သိမ်းထားပြီး နောင်အနာဂတ်၌ ကံစပ်သူများ၏ လုယူခြင်းကို ခံရမည်ထက် အထွတ်အမြတ်မြေဆီ တိုက်ရိုက်တင်ပြလိုက်သည်က ပိုကောင်းပေမည်။

အထွတ်အမြတ်မြေ၏ အားကောင်းသော ပုဂ္ဂိုလ်များကို ယူခိုင်းလိုက်ပါလေ … နောင်မှ အကျိုးမြတ်နည်းနည်း ပြန်တောင်းလိုက်မယ်လေ …

ရှန်ထျန်းက ပိုက်ဆံ လိုအပ်သော်လည်း ပိုက်ဆံကား သူ့အတွက် နံပါတ်တစ်ခုသာ ဖြစ်ပြီး ဘေးကင်းလုံခြုံမှုက အဓိကဦးစားပေး ဖြစ်၏။

သူက သေချာလျှောက်ပတ်သွားလိုက်ပြီးနောက် ဤသည်မှာ လုကျီ နေထိုင်ခဲ့သည့် နေရာ ဖြစ်ကြောင်း သေချာသွားတော့သည်။

ရှန်ထျန်းက လျို့ဝှက်မြေအောက်ခန်းထဲ ဝင်လိုက်ပြီးနောက် နောက်ထပ် အခန်းတစ်ခန်းကို တွေ့လိုက်ရသည်။

လုကျီက အစီအရင်များ မည်သို့ခင်းကျင်းရမည်ကို မသိ၍လား ဒါမှမဟုတ် သူမ နေထိုင်နေသည့်အတွက် ပြဿနာမရှိကြောင်း ယူဆထား၍လား မသိရသော်လည်း ကာကွယ်ရေး အစီအရင်များ မရှိနေချေ။

အခန်းထဲ၌ မြောက်များစွာသော အံ့ဖွယ်သေရည်ကရားများဖြင့် ပြည့်နေသည်။

ရှန်ထျန်းက ကရားတစ်ခု ဖွင့်ကြည့်လိုက်သည့်အခါ နို့နှစ်ရောင် အရည်များဖြင့် ပြည့်နေပြီး ဆန်အရက် အနံ့သင်းသင်းလေး ထုတ်လွှင့်နေသည်။ ဤသည်မှာ အံ့ဖွယ်ဝါးမျိုနွယ်ပင် အရည်များကို အသုံးပြု၍ ချက်လုပ်ထားသည့် သေရည် ဖြစ်ရမည်။

ရှန်ထျန်းက အကြမ်းဖျင်းတွက်ကြည့်လိုက်ပြီးနောက် ကရားပေါင်း ရာချီရှိနေကြောင်း သိလိုက်ရ၏။

ဝိညာဉ်ချီ အလျှံပယ်နှင့် အံ့ဖွယ်သေရည်က ကျင့်ကြံသူများအတွက် အကျိုးများလှသည်။ ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့် ဓားအသျှင် ချန်းယန်ပင် အံ့ဖွယ်သေရည်ကို တပ်မက်သည် မဟုတ်ပါလော။ ထိုကရားများက အတော်လေး အဖိုးတန်လိမ့်မည်။

ရှန်ထျန်းက တစ်ခွက်ဖြင့် မူးတတ်သည့် လူစားမျိုး ဖြစ်သောကြောင့် သေရည်မသောက်ရဲသည်မှာ နှမြောစရာ ကောင်းလှသည်။ သူ မူးသွားပါက ထိုအချိန်အတွင်း ဘာလုပ်ခဲ့သည်ကို သတိမရတော့သည်မှာ ဒုက္ခများလှ၏။

ငါက သေရည်က သောက်ရတာ မကြိုက်ပေမဲ့ ပစ္စည်းကောင်းလေးတွေ စုထားတာ ကောင်းပါတယ် … ငါ အကုန်ယူထားလိုက်မယ်

ရှန်ထျန်းက ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် ကရားများကို ခန်းမင်လက်စွပ်ထဲ တစ်ခုပြီးတစ်ခု ထည့်သိမ်းလိုက်သည်။

ရှန်ထျန်းက လီချန်းကောသည် သေရည်ကြိုက်ကြောင်း သတိရလိုက်သောကြောင့် သူ့အဖေ လီခန်းလန်သည်လည်း သေရည်ကြိုက်လောက်၏။

အကယ်၍ သူက သေရည်ကြိုက်လျှင် သူနှင့် တွေ့ဆုံသည့်အခါ ကရားနှစ်ခုလောက် ထုတ်ပေးလိုက်လျှင် မျက်နှာပန်းလှမည် မဟုတ်ပါလော။

အံ့ဖွယ်သေရည်ကရားများက ဧည့်သည်များကို ဧည့်ခံရာတွင်၎င်း၊ လက်ဆောင်အဖြစ် ပေးရာတွင်၎င်း အသုံးတည့်လှသည်။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ဝိညာဉ်သစ်သား စာရင်း၌ အဆင့် ၉ ဖြစ်သော အံ့ဖွယ်ဝါးမျိုနွယ်ပင်မှ ချက်လုပ်ထားခြင်း မဟုတ်ပါလော။

ကျင့်ကြံရေးလောကရှိ လူအနည်းငယ်သာ ဤသို့အခွင့်အရေးမျိုး ခံစားနိုင်ကြလိမ့်မည်။

ငါ့ရောင်ဝါ အစိမ်းရောင် ဖြစ်လာပြီးတော့ ကံပိုကောင်းလာတာပဲ … ဒီလိုအဖိုးတန် ရတနာလေးတောင် ရလာတယ် …

……………....

ရှန်ထျန်းက တောင်ကြားအတွင်း ရတနာများကို အရူးအမူး လိုက်သိမ်းနေလေသည်။ ထိုစဉ် တောင်ကြားအပြင်ဘက် ကုန်းမြင့်တစ်ခု၌ ငါးစင်တီမီတာမျှ ရှိသော နွယ်ပင်လေးက အငြိုးတရားများ ထုတ်လွှင့်နေလေ၏။ ထိုအရာလေးက နတ်ဘုရားအသိစိတ်မှတဆင့် တောင်ကြားကို စူးစူးဝါးဝါး ကြည့်နေသည်။

“ ဒီရွံ့စရာကောင်းတဲ့ မိန်းမ … နင့်အငွေ့အသက်တွေ ဖုံးကွယ်ထားရုံနဲ့ အဆင်ပြေပြီ ထင်မနေနဲ့။ ငါ့မှတ်ဉာဏ်ထဲမှာ နင့်ကို စွဲနေအောင် မှတ်ထားလိုက်ပြီ … ချပ်ဝတ်အပြာနဲ့ အနီရောင် မျက်နှာဖုံး … ငါ့နိဗာနတော်ဝင်ရေတွေကိုတောင် လုယူရဲသေးတယ်။ အား …. ငါ နင့်ကို သေချာပေါက် လက်စားချေမယ်။  ”

ထိုငါးစင်တီမီတာ နွယ်ပင်လေးက ဒေါသတကြီး ခုန်ပေါက်နေပြီး ဒေါသကြီးနေသည်မှာ အတိုင်းသား ပေါ်လွင်နေလေ၏။

All Chapters