← Chapters

တားမြစ်နယ်မြေများ

Vol. 2 Ch. 27

တားမြစ်နယ်မြေများ

Vol. 2 Ch. 27

အခန်း (၂၇) : တားမြစ်နယ်မြေများ

ဤစစ်ဆေးမှု ပြီးသွားသည့်အခါ ဝမ်ဝေ့က သူ့အတွက် အရေးကြီးသောအရာများကို သင်ယူလိုက်ရသည်။ သူ၏ နှိမ့်ချတတ်သော ပုံစံအပြင် သူ့အရိုးထဲတွင် နက်နဲစွာ ဖုံးကွယ်နေသည့် များပြားသော ဂုဏ်မောက်မှုနှင့် မာနကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

ဂုဏ်မောက်မှုကို မျက်နှာနှင့် အပြုအမူပေါ်တွင် ပြသသည့် သူများနှင့် မတူဘဲ ဝမ်ဝေ့၏ ဂုဏ်မောက်မှုက သာမန်လူများ သို့မဟုတ် သူနှင့် အဆင့်တူခြင်းမရှိဟု ယုံကြည်ထားသူများအပေါ်တွင် စိမ်းကားခြင်းမျိုး ဖြစ်သည်။

ဥပမာအားဖြင့် ဝမ်ဝေ့က တစ်စုံတစ်ယောက်ကို ယဉ်ကျေးသော စကားလုံးများနှင့် သက်တောင့်သက်သာ ရှိသောအပြုံးဖြင့် စကားပြောနေသော်လည်း သူ့ထက် အဆင့်နိမ့်သောသူများနှင့် ဘယ်တော့မှ မိတ်ဆွေလုပ်မည် မဟုတ်ပေ။

တခြားသူများနှင့် စကားပြောသည့်အခါ ယဉ်ကျေးရသည့် အကြောင်းအရင်းက သူ့ပညာကြောင့် ဖြစ်သည်။ ယဉ်ကျေးခြင်းနှင့် သက်တောင့်သက်သာ ရှိသောအပြုံးက သူများထံ ကောင်းမွန်သော ပုံရိပ် မြင်စေရန်အတွက် သူ့ဆွဲဆောင်မှုကို ပြသရန်နှင့် ဩဇာညောင်းစေရန် နည်းလမ်းတစ်ခု ဖြစ်သည်။

ကံမကောင်းစွာဖြင့် ထိုယဉ်ကျေးသော အပြုံးနောက်တွင် မာနနှင့် မောက်မာထောင်လွှားမှုတို့ ရှိနေသည်။ ထိုမောက်မာမှုက တစ်နေ့ သူက အဆုံးမဲ့ဖြစ်တည်မှုများအားလုံး သူ့ကို ဦးညွှတ်လာစေရန် လုပ်နိုင်မည့် စွမ်းအားကြီး ဖြစ်တည်မှုတစ်ခု ဖြစ်လာမည်ဟု ယုံကြည်စေသည်။

မျှော်နန်းဆောင် စစ်ဆေးမှုကြောင့်သာ မဟုတ်ပါက ဝမ်ဝေ့က သူ့ကို အန္တရာယ်ဖြစ်စေနိုင်မည့် မာနကို ကျန်ရှိသည့် ဘဝတစ်လျှောက်လုံး ဂရုမစိုက်ဘဲ နေသွားချင်သည်။

ဝမ်ဝေ့ ခြောက်ခုမြောက် စစ်ဆေးမှုတွင် အချိန်အများကြီး သုံးနေသည့် ကိစ္စက လွယ်လွယ်နှင့် ပြီးမသွားပေ။ ဂိုဏ်းထဲရှိ တပည့်များက ဂိုဏ်းချုပ်ငယ်လေး ဒီထက်ပိုပြီး မလုပ်နိုင်တော့တာလားဆိုသည့် အကြောင်းကို ဆွေးနွေးနေကြသည်။

သူ့ကို အရှက်ရစေရန် တစ်စုံတစ်ယောက်က တိတ်တဆိတ် ကောလဟာလများ ဖြန့်နေသည်ကို ဝမ်ဝေ့ သတိထားမိသွားသည်။ ထို့ကြောင့် သူက ချက်ချင်း ဖြေရှင်းဖို့ ပြင်ဆင်လိုက်သည်။

သူ အဲဒါကို ဘယ်လိုလုပ်ပြီးတော့ လုပ်မှာလဲ

ရိုးရှင်းပါတယ်။ သူက နှစ်လတောင် သူများထက် နောက်ကျထားပေမဲ့ ခုနစ်ခုမြောက် စစ်ဆေးမှုကို အရင်အောင်မြင်အောင် လုပ်လိုက်မယ်လေ

ခုနစ်ခုမြောက် စစ်ဆေးမှုက ရိုးရှင်းသလို တစ်ချိန်တည်းမှာပဲ အခက်ခဲဆုံး ဖြစ်နေပြန်သည်။ ထိုစစ်ဆေးမှုတွင် ဘာသာရေး မှိုင်းတိုက်ခံရခြင်းမျိုး ပါဝင်သည်။

ဤကမ္ဘာပေါ်တွင် ကျင့်ကြံဖို့နည်းလမ်းအဖြစ် လူအများ၏ ယုံကြည်မှုအပေါ် မှီခိုရသော စွမ်းအားကြီး ဘာသာနှင့် ကိုးကွယ်မှုများစွာ ရှိသည်။ လူအများက သူတို့၏ ဘာသာရေးကို ယုံကြည်ကိုင်းရှိုင်းကာ တစ်ဘဝလုံးမြှုပ်နှံထားပါက လူအများကို မှိုင်းတိုက်မည့် နည်းစနစ်များ တိုးတက်လာကာ သူတို့စိတ်၊ မှတ်ဉာဏ်နှင့် အကျင့်ကိုပါ ပျက်ပြားသွားစေသည်။

အကျော်ကြားဆုံးက ဗုဒ္ဓဘာသာ ဖြစ်သည်။ အသင်္ချေအင်ပါယာကမ္ဘာတွင် ဗုဒ္ဓဘာသာ ထွန်းကားသည့် အချိန်တစ်ခု ရှိခဲ့သည်။ မဟာဗုဒ္ဓဧကရာဇ်များစွာက ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဂိုဏ်းအမျိုးမျိုးမှ မွေးဖွားလာခဲ့ကြသည်။ သူတို့၏ ဧကရာဇ်ကျမ်းဖြစ်သော အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ် ဆိုသည့် ဗုဒ္ဓကျမ်းမှာ ကမ္ဘာပေါ်ရှိ စွမ်းအားအကြီးဆုံး ကျမ်းများထဲမှ တစ်ခုဖြစ်ကြောင်း လူသိများသည်။

ကံမကောင်းစွာဖြင့် ဗုဒ္ဓတိုင်း၏ သဘာဝကို ပြောင်းလဲပစ်သည့် အရာတစ်ခု ဖြစ်သွားခဲ့သည်။ ဉာဏ်အလင်းပွင့်အောင် လုပ်ရမည့်အစား ဗုဒ္ဓဂိုဏ်းများက ယုံကြည်ကိုးကွယ်သူများမှတစ်ဆင့်  စတင်စုဆောင်းတော့သည်။ သူတို့က အလျင်အမြန် ကျင့်ကြံနိုင်စေရန်အတွက် သာမန်လူများနှင့် ကျင့်ကြံသူများကို ဘာသာရေးမှိုင်းတိုက်ခဲ့သည်။

ထိုအချိန်အတွင်း တာအိုအခွင့်အလမ်းဂိုဏ်းတွင် မှတ်တမ်းများ သိပ်ပြီး မကျန်ရှိတော့ပေ။ ပိုမိုရှင်းလင်းအောင် ပြောရမည်ဆိုပါက တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ယောက်က ဗုဒ္ဓဂိုဏ်းအားလုံးကို ကမ္ဘာမှ ရှင်းထုတ်ပစ်ရုံသာမက မှတ်တမ်းအများစုကိုပါ ဖျက်ပစ်လိုက်သည်။

ဤကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာနှင့် ဆက်စပ်နေသည့် တစ်ခုတည်းသောအရာက အနောက်ပိုင်းသန့်စင် ကောင်းချီနယ်မြေ၏ တားမြစ်နယ်မြေ ခြောက်ခုတွင် ရှိနေသည်။

တားမြစ်နယ်မြေဟူသော နာမည်အတိုင်း အသင်္ချေအင်ပါယာကမ္ဘာတွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့ပြီး ဆန်းကြယ်နေဆဲဖြစ်ကာ အန္တရာယ်များဖြင့် ပြည့်နှက်နေသည့် နေရာများဖြစ်သည်။

တားမြစ်နယ်မြေဟု ခေါင်းစဉ်အတပ်ခံရဖို့အတွက် တစ်ခုတည်းသော လိုအပ်ချက်က ထိုနေရာများသို့ သွားလည်ရင်း အနည်းဆုံး ဧကရာဇ်တစ်ပါး သေခြင်း သို့မဟုတ် အပြင်းအထန် ဒဏ်ရာရခြင်းမျိုး ဖြစ်ရမည်။

ထာဝရရှင်သန်ခြင်းကို ရရှိထားသည့် မဟာဧကရာဇ်တစ်ပါး ဤတားမြစ်နယ်မြေထဲတွင် သေသွားခဲ့သည်။ ဤကမ္ဘာထဲရှိ ကိစ္စများက နက်နဲလှသည်။

တားမြစ်နယ်မြေ ခြောက်ခုထဲတွင် အနောက်ပိုင်းသန့်စင်ကောင်းချီးနယ်မြေက အန္တရာယ်အရှိဆုံး တစ်ခုထဲတွင် ပါဝင်သည်။ ဝမ်ဝေ့ စာကြည့်တိုက်ထဲတွင် ဖတ်ခဲ့သည့် မိတ်ဆက်အရ အနောက်ပိုင်းသန့်စင် ကောင်းချီးနယ်မြေကို လာလည်ခဲ့သည့် ဧကရာဇ်များစွာရှိကြောင်း သိခဲ့ရသည်။

တာအိုကို သက်သေပြပြီးသည့် ဧကရာဇ်များက တားမြစ်နယ်မြေများကို ဖျက်စီးဖို့အတွက် လာရောက်လည်ပတ်လေ့ ရှိသည်။

ဘာလို့ အဲလိုမျိုး ဒုက္ခခံပြီး စွန့်စားနေရတာလဲ 

သေချာပေါက် ဂုဏ်သိက္ခာနဲ့ အသိအမှတ်ပြုမှုအတွက်ပေါ့။ အသင်္ချေအင်ပါယာကမ္ဘာက ဧကရာဇ်အရေအတွက် အများကြီးကို မွေးထုတ်ပေးခဲ့တာ။ အဲဒီအထဲမှာမှ စွမ်းအားကြီးဧကရာဇ်နဲ့ အားနည်းတဲ့ ဧကရာဇ်ဆိုပြီးတော့ ခွဲထားသေးတယ်

ဧကရာဇ်များအနေဖြင့် သူတို့ကိုယ်သူတို့ ခွဲခြားရန် အသုံးပြုသည့် နည်းလမ်းများထဲမှတစ်ခုက တားမြစ်နယ်မြေကို ဖျက်စီးပစ်ခြင်း ဖြစ်သည်။ မှတ်တမ်းများအရ တားမြစ်နယ်မြေ ၁၈ ခု ရှိခဲ့သော်လည်း ယခု ခြောက်ခုသာ ကျန်ရှိတော့သည်။ တချို့တားမြစ်နယ်မြေများက ပထမဆုံးဧကရာဇ်ဖြစ်သည့် ကောင်းကင်အခွင့်အလမ်း ဧကရာဇ် ဤကမ္ဘာပေါ်တွင် မမွေးဖွားလာခင်ကတည်းက တည်ရှိနေသည်။

အနောက်ပိုင်းသန့်စင် ကောင်းချီးနယ်မြေက ဧကရာဇ်အများအပြားအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့သည်။ ပင်မနေရာသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် သေခြင်း၊ ဒဏ်ရာအပြင်းအထန်ရခြင်းနှင့် မဟာမတ္တရီ မယ်တော်ကို ယုံကြည်လာစေရန် ဘာသာရေး မှိုင်းတိုက်ခံရခြင်း စသည့် အခြေအနေသုံးခုက စောင့်ဆိုင်းနေသည်။

သူတို့၏ ယုံကြည်မှု ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် ထိုဧကရာဇ်များ ကျင့်ကြံခဲ့သည့် တာအိုတွင် ဗုဒ္ဓ၏ မူလရင်းမြစ်ပါဝင်စေရန် ပြန်လည် ပြုပြင်ခံရမည်ဖြစ်သည်။

ဝမ်ဝေ့ ထိုအကြောင်းကို သိလိုက်ရသည့်အချိန်တွင် လုံးဝ ကြောက်လန့်သွားခဲ့သည်။

ဧကရာဇ်ရဲ့တာအိုကို ပြုပြင်ဖို့ သူ့ထက် ပိုပြီး စွမ်းအားကြီးနေမှ ရမှာ မဟုတ်လား

စာကြည့်တိုက်ထဲတွင် ထိုအကြောင်းကို ဖတ်ပြီးနောက် သူ့အဖေဆီ ချက်ချင်းသွားကာ ထိုအကြောင်းကို မေးမြန်းခဲ့သည်။ သို့သော် ယခင်ကနှင့်မတူဘဲ ဝမ်ဝေ့က သူ့သားကို အချက်အလက်များအကြောင်းပြောဖို့ ငြင်းဆန်လိုက်သည်။

သူ့အဖေပြောသော စကားလုံးများအရ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့်သူပင် အမှန်တရားအကြောင်း သိဖို့ အရည်အချင်းမပြည့်မှီသည့်အတွက် သူ့သားဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

ထိုအချိန်အတွင်း ဝမ်ဝေ့က အနာဂတ်အကြောင်း စိတ်ပူရင်း အိပ်ရေးပျက်သည့် ညများခဲ့သည်။ ဧကရာဇ်ဖြစ်ခြင်းက ကျင့်ကြံရေးလမ်းကြောင်း၏ အဆုံးသတ်မဟုတ်ဘဲ နောက်ထပ်စတင်မှုတစ်ခုဖြစ်ကြောင်းကို ဝမ်ဝေ့ သတိထားမိသွားသည်။

ဝမ်ဝေ့ လွတ်လပ်မှု နယ်ပယ်အဆင့်ကို အောင်မြင်ချင်ပါက မဟာဧကရာဇ်နယ်ပယ်အဆင့်က မလုံလောက်သေးပေ။ ကျယ်ပြန့်သော စကြဝဠာ၊ အကန့်အသတ်မရှိသော ကမောက်ကမဖြစ်မှုများထဲတွင် မဟာဧကရာဇ်က အစစ်အမှန်စွမ်းအားကြီး ကျင့်ကြံသူများအတွက် ပိုပြီးကြီးသော ပုရွက်ဆိတ်တစ်ကောင်အဆင့်သာ ရှိနိုင်သည်။

ထိုကဲ့သို့ တွေးတောပြီးနောက် ဝမ်ဝေ့ ကိုယ့်ကိုယ်ကို စိတ်ငြိမ်အောင် လုပ်ကာ ထိုမှတ်ဉာဏ်နှင့် အတွေးများက သူ့စိတ်၏ အနက်နဲဆုံးနေရာတွင် ထည့်ထားလိုက်သည်။

သူက ဧကရာဇ်တစ်ပါး မဟုတ်သလို ကျင့်ကြံသူတောင် မဟုတ်ဘူးလေ။ ဧကရာဇ်တစ်ပါးရဲ့ ကြီးကျယ်မြင့်မြတ်မှုကို ဘယ်လိုလုပ်ပြီးတော့ စဉ်းစားနိုင်မှာလဲ

ထိုအစဦးပိုင်း ကြောက်ရွံ့မှုများအားလုံးကို ဖယ်ထုတ်လိုက်ပြီး တစ်နေ့တွင် ထိုတားမြစ်နယ်မြေများ၏ လျှို့ဝှက်ချက်နှင့် ဆန်းကြယ်မှုများအားလုံးကို ဖော်ထုတ်နိုင်ရမည်ဟု ဝမ်ဝေ့ စိတ်ထဲမှတ်ထားလိုက်သည်။

All Chapters