အမြဲတမ်း ရှေ့ဆက်ဖို့အတွက် မယိမ်းယိုင်သော ယုံကြည်မှု
Vol. 2 Ch. 28
အခန်း (၂၈) : အမြဲတမ်း ရှေ့ဆက်ဖို့အတွက် မယိမ်းယိုင်သော ယုံကြည်မှု
ဝမ်ဝေ့ မျှော်နန်းဆောင်ထဲသို့ ဝင်သွားသည့်အခါ အခန်းလွတ်တစ်ခုထဲတွင် တရားထိုင်သည့် အခင်းတစ်ခုကို တွေ့လိုက်ရသည်။ သူ ထိုအခင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
သူ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ကြီးကျယ်သိမ်မွေ့သော တီးတိုးသံကို သူ့စိတ်ထဲတွင် ကြားနေရသည်။ ထိုအသံက မူလတွင် ဝိုးတဝါးဖြစ်နေရာမှ ခဏအကြာတွင် ဆိုလိုသည့်အဓိပ္ပာယ်ကို ဝမ်ဝေ့ စတင်နားလည်လာသည်။
ခမ်းနားသော စွမ်းအားအကြောင်း ရွတ်ဆိုနေသည့်အသံဖြစ်ပြီး ဝမ်ဝေ့သာ ထိုအရာတွင် ယုံကြည်ပါက သူ့ကို ချမ်းသာမှု၊ စွမ်းအားနှင့် ထာဝရအသက်ကိုပင် ပေးမည်ဖြစ်ကြောင်း ပြောနေသည်။
သိမ်မွေ့သောအသံမှ ပြောနေသော စကားလုံးများတွင် ပြင်းထန်သော ဆွဲဆောင်မှုစွမ်းအား ပါနေပုံရသည်။ စကားလုံးတစ်လုံးချင်းစီက လူများ၏ ဝိညာဉ်အမြုတေပေါ်တွင် အမှတ်အသား လုပ်နိုင်ပုံပေါ်သည်။
ဝမ်ဝေ့က ထိုအသံကို လျစ်လျူရှုဖို့ ကြိုးစားကာ စိတ်ပျံ့လွင့်ခြင်းအဖြစ် တခြားအရာ၊ တခြားမှတ်ဉာဏ်များကို စဉ်းစားဖို့ ကြိုးစားကြည့်နေသည်။ သို့သော် ထိုနည်းလမ်းက မအောင်မြင်ပေ။
သူ ဘယ်လိုမျိုးပဲ လုပ်နေပါစေ သူ့စိတ်ထဲတွင် ကျန်ရှိခဲ့သည့် တစ်ခုတည်းသောအရာက ထိုအသံ၏ ကတိနှင့် ဆွဲဆောင်မှုပင် ဖြစ်သည်။
ထိုသိမ်မွေ့သောအသံနှင့် သုံးနာရီလောက် တိုက်ခိုက်ပြီးနောက် သူက ကံကြမ္မာနှောင်ကြိုးလွတ် စွမ်းအားကြီးအရှင်၏ ယုံကြည်သူဖြစ်နေကြောင်း သိရှိလိုက်ရသည်။ ထိုအရာကို ယုံကြည်မှသာ ဧကရာဇ်ဖြစ်ချင်သော အိပ်မက်ပန်းတိုင်ကို အစစ်အမှန်ရရှိနိုင်ပြီး ဘဝ၏ ထိပ်ဆုံးသို့ ရောက်ရှိနိုင်မည်။
သက်ဝင်ယုံကြည်သူ တစ်ယောက်ဖြစ်လာပြီးနောက် တစ်စုံတစ်ယောက်က လျှို့ဝှက်ခန်းတံခါးကို ဖွင့်လိုက်သည်။ သူက ကံကြမ္မာနှောင်ကြိုးလွတ် စွမ်းအားကြီးအရှင်က ယဇ်ပူဇော်မှုတစ်ခုကို လိုအပ်ကြောင်းပြောသည့် ကိုးကွယ်သောဘာသာ၏ ရဟန်းမင်းကြီးနှင့် တွေ့ဆုံရန် ဝမ်ဝေ့ကို ခေါ်ဆောင်သွားသည်။
ဝမ်ဝေ့က တွေဝေခြင်း လုံးဝမရှိဘဲ ဓားတစ်ချောင်းကို ဆွဲယူကာ ရင်ဘတ်တွင် အပေါက်ဖောက်ကာ လက်ကို ရင်ဘတ်ထဲနှိုက်ပြီး နှလုံးသားကို ထုတ်ယူကာ ရဟန်းမင်းကြီးထံ ပေးလိုက်သည်။
သူ လုပ်လိုက်သည့်အချိန်တွင် ရပ်တန့်ခြင်း၊ တွေဝေခြင်း၊ နာကျင်၍ အော်ဟစ်ခြင်း လုံးဝ မရှိပေ။ လူသားအားလုံး၏ ကံကြမ္မာကို ထိန်းချုပ်ထားသည့် အထွတ်အထိပ်နတ်ဘုရားကိုသာ စိုက်ကြည့်လိုက်သည်။
ရဟန်းမင်းကြီးက အတည်ပြုကြောင်း ခေါင်းညိတ်ပြကာ ဝမ်ဝေ့၏ လက်ထဲမှ နှလုံးသားကို ယူလိုက်သည်။ ထို့နောက် ဝမ်ဝေ့ ကြမ်းပြင်ပေါ်တွင် လဲကျသေဆုံးသွားကာ ခုနစ်ခုမြောက် စစ်ဆေးမှု ကျရှုံးသွားသည့်အတွက် မျှော်နန်းဆောင်ထဲမှ အထုတ်ခံလိုက်ရသည်။
စစ်ဆေးမှုမှ ထွက်သွားပြီးနောက် ဝမ်ဝေ့၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ မှန်ကန်သော စိတ်ထားကို ပြန်လည်ရရှိဖို့ မိနစ်အနည်းငယ် အချိန်ယူလိုက်ရသည်။ ထို့နောက် အစေခံခေါင်းဆောင်နှင့်အတူ အိမ်ပြန်သွားသည်။
ထိုစစ်ဆေးမှုကို ဘယ်လိုမျိုး မှန်ကန်စွာ ဖြတ်ကျော်ရမလဲဆိုတာကို တစ်ညလုံးစဉ်းစားရင်း အချိန်ကုန်နေသည်။ သူ စဉ်းစားလို့ရသည့် နည်းလမ်းက ခုခံဖို့ သူ၏ ပြင်းထန်သော ဆန္ဒကို အသုံးပြုရမည်ဟုပင် ဖြစ်သည်။
နောက်တစ်နေ့တွင် ထိုအကြံကို လက်တွေ့ အကောင်အထည်ဖော်တော့သည်။ သိမ်မွေ့သောအသံ၏ ကျူးကျော်ဝင်ရောက်လာမှုကို သူ၏ ပြင်းထန်သောဆန္ဒဖြင့် ခုခံဖို့ ကြိုးစားကြည့်သည်။ ယခုတစ်ခေါက် သူ မရှုံးနိမ့်ခင် ဆယ့်နှစ်နာရီကျော် ကြာခဲ့သည်။ သူက တခြားတပည့်များထက် နှစ်လနောက်ကျနေသည်ကို သိနေသည့်အချိန်တွင် ယခုနည်းလမ်းက ရှေ့ဆက်သွားဖို့ အကောင်းဆုံးနည်းလမ်းမဟုတ်ကြောင်း ဝမ်ဝေ့သိသည်။
ကံကြမ္မာနှောင်ကြိုးလွတ် စွမ်းအားကြီးအရှင်၏ ချိုသာသော ဆွဲဆောင်မှုက ပြင်းထန်သောစိတ်အားထက်သန်မှုနှင့် ခုခံရခြင်းက အရမ်းနှေးကွေးသော ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ကံမကောင်းစွာဖြင့် အချိန်က ဝမ်ဝေ့ဘက်တွင် မရှိခဲ့ပေ။
ဝမ်ဝေ့က နောက်ထပ်အစီအစဉ်တစ်ခုဖြစ်သော ယုံကြည်မှုကို ယုံကြည်မှုနှင့် တိုက်ခိုက်ခြင်းကို အကောင်အထည်ဖော်လိုက်သည်။ ကံကြမ္မာနှောင်ကြိုးလွတ်စွမ်းအားကြီးအရှင်က သူ့ကို ယုံကြည်စေချင်နေလျှင် သူ့ကို ဆန့်ကျင်ယုံကြည်မှုအဖြစ် ပြောင်းလဲလိုက်မည်။
ဤနည်းအားဖြင့် တခြားတစ်ဖက်၏ ကျူးကျော်မှုကို တိုက်ခိုက်ရမည်။ ဝမ်ဝေ့ သူ့ကိုယ်ပိုင်ယုံကြည်မှုတွင် ပိုမိုအားကောင်းလာကာ သူ့တစ်ဘဝလုံး ယုံကြည်ရမည့်အရာကိုလည်း ရသွားနိုင်သည်။
ဘယ်ယုံကြည်မှုကို ကိုးကွယ်ရမလဲ
ရိုးရှင်းပါတယ်။ သူ တစ်နေ့ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းမဲ့သွားမယ်ဆိုတဲ့ ယုံကြည်မှုပေါ့။ တစ်နေ့ သူ ကံကြမ္မာစီးကြောင်းထဲမှာ ရေကူးပြီး အချိန်စီးကြောင်းထဲမှာ ငါးမျှားမယ်။ ပြီးတော့ မရဏးနတ်ဘုရားမနဲ့ အီစီကလီလုပ်ပြီးတော့ ထာဝရသစ်ပင်က အသက်စမ်းချောင်းထဲမှာ ရေချိုးမယ်
ထိုစိတ်နှင့် ဝမ်ဝေ့က ခုနစ်ခုမြောက် စစ်ဆေးမှုအတွက် မျှော်နန်းဆောင်ထဲကို ထပ်ပြီး ဝင်သွားပြန်သည်။ သူ အခင်းပေါ်တွင် ထိုင်လိုက်သည်နှင့် ဆွဲဆောင်ခြင်းနှင့် ကျူးကျော်ခြင်းတို့ စတင်လာသည်။
ဝမ်ဝေ့က တစ်နေ့ ကံကြမ္မာနှောင်ကြိုးလွတ် စွမ်းအားကြီးအရှင်ထက် ပိုပြီး ကြီးမြတ်သည့် အထွတ်အထိပ်ရှင်တစ်ယောက် ဖြစ်လာနိုင်သည်ဟု စိတ်ထဲတွင် ယုံကြည်စွာဖြင့် ရွတ်ဆိုနေတော့သည်။
အသံက ဘယ်လောက်ထိ ဆွဲဆောင်နေပါစေ၊ ဘယ်လောက်ထိ ကောင်းမွန်သော ကမ်းလှမ်းချက်တွေ ပေးနေပါစေ ဝမ်ဝေ့ စိတ်မဝင်စားပေ။
ဝမ်ဝေ့က သူတစ်နေ့ ပန်းတိုင်ကို ရောက်ရမည်ဆိုသည့် မယိမ်းယိုင်သော ယုံကြည်မှုကိုသာ စိတ်ထဲမှတ်နေသည်။ သူ လုပ်ရမည့်အရာက ကြိုတင်ဆုံးဖြတ်ထားသော လမ်းကြောင်းပေါ်တွင် ဖြည်းညှင်းစွာ၊ နည်းလမ်းကျစွာ လျှောက်လှမ်းဖို့ ဖြစ်သည်။
သူက ပိုပြီးအဆင့်မြင့်သော ဖြစ်တည်မှု၏ စိတ်စွမ်းအင် သို့မဟုတ် မှီခိုမှုကို မလိုအပ်ခဲ့ပေ။ သူ၏ သန်မာပြီး စွမ်းအားကြီးသော ဆုံးဖြတ်ချက်က သူ၏ မှီခိုနိုင်သော စိတ်စွမ်းအင်ဖြစ်လာပြီး ကျန်တာကို မလိုအပ်တော့ပေ။
ဤစစ်ဆေးမှု၏ ပထမအပိုင်းကို ဖြတ်ကျော်နိုင်ဖို့အတွက် စုစုပေါင်း ၁၅ရက် ကြာခဲ့သည်။
ဤစစ်ဆေးမှု၏ ဒုတိယအပိုင်းတွင် များပြားသော ကျင့်စဉ်နှင့် ကျမ်းများ ဖတ်ရခြင်း ပါဝင်ပြီး ဘယ်တစ်ခုတွင် စိတ်ကိုလွှမ်းမိုးနိုင်သည့်အရာ ပါလဲဆိုတာကို ဝမ်ဝေ့ ခွဲခြားရမည်ဖြစ်သည်။
ကျင့်ကြံရေးကမ္ဘာမှာ မနာလိုမှုများဖြင့် ပြည့်နှက်နေနိုင်သည်။ ဆင်းရဲသော လူယုတ်မာတချို့က ပြိုင်ဘက်ကင်းကျမ်းတစ်ခု တွေ့ရုံဖြင့် ကံကောင်းသည်ဟု တွေးနိုင်သည်။ ထို့နောက် ထိုကျမ်းက လူအများကို သူတို့၏ ကျွန်အဖြစ် ပြောင်းလဲကာ သူတို့ကို သစ္စာခံကိုးကွယ်သူများဖြစ်လာပြီး သူတို့ကို ပျိုးထောင်ကာ ခန္ဓာကိုယ်ကို လုယူရန် ပိုမိုလွယ်ကူစေသည်။
မျှော်နန်းဆောင်၏ ခုနစ်ခုမြောက် စစ်ဆေးမှုက တပည့်များအား ကျမ်းနှင့် ကျင့်စဉ်များ ဘယ်လိုမှတ်မိအောင် လုပ်ရမလဲဆိုတာ လေ့ကျင့်ပေးဖို့အတွက် အကြီးအကဲများက စီစဉ်ထားခြင်း ဖြစ်သည်။
တချို့ကျမ်းများတွင် ကျင့်ကြံသူများအား ပြီးပြည့်စုံသော တာအိုရရှိအောင် ဘယ်လိုလေ့ကျင့်ရမလဲဆိုသည့် လမ်းညွှန်များ ပါဝင်သည်။ သူတို့ ဘာဉာဏ်အလင်းပွင့်မှုမှ မလိုအပ်ဘဲ ကျမ်းကို ကျင့်ကြံပြီး စည်းမျဉ်းနှင့် တာအိုကို ကျင့်ကြံနိုင်သည်။ သို့သော် ကျမ်းအများစုက ခန္ဓာကိုပိုင်ဆိုင်ဖို့အတွက် ပြီးပြည့်စုံသည့် ခန္ဓာကျင့်ကြံရန် ငါးစာတစ်ခုသာ ဖြစ်သည်။
ကျင့်ကြံသူများ ပိုမိုစွမ်းအားကြီးလာစေရန် သူတို့၏ ကျင့်ကြံရေးခရီးစဉ်တွင် ကံကောင်းသော တွေ့ဆုံမှုရှိဖို့ လိုအပ်သည်ဆိုတာ မှန်ကန်သည်။ ထိုအရာက သူတို့၏ ကိုယ်ပိုင်ချီကံကောင်းမှုအတွက် သိသာထင်ရှားအောင် လုပ်ခြင်းဖြစ်သည်။ သို့သော် ကျင့်ကြံသူတစ်ယောက်သာ ဂရုမစိုက်ပါက တခြားကျင့်ကြံသူများ တွက်ချက်ဖို့ အတော်လေး လွယ်ကူသွားမည်ဖြစ်သည်။
တစ်ခါတစ်ရံ ကောင်းကင်တာအိုပင် တိကျသော ကျင့်ကြံသူများကို တွက်ချက်သည်။ ကောင်းကင်တာအိုက ခံစားချက်မဲ့သော အစီအစဉ်တစ်ခု ဖြစ်သော်လည်း ကမ္ဘာအတွက် ခြိမ်းခြောက်တစ်ခုဟု ယူဆသော ကျင့်ကြံသူများကို စစ်ဆေးထိန်းညှိပေးရသည်။
ကောင်းကင်တာအိုကိုယ်တိုင်က လူများကို တိုက်ရိုက် မတိုက်ခိုက်နိုင်သော်လည်း တခြားနည်းလမ်းဖြင့် စော်ကားနိုင်သည်။ ဥပမာအားဖြင့် ကောင်းကင်မိုးကြိုးစမ်းသပ်ချက်၏ ခွန်အားကို မြှင့်တင်ခြင်းနှင့် ကံကောင်းသောတွေ့ဆုံမှုများကို အကွက်ချခြင်းတို့ကို လုပ်နိုင်သည်။
ဝမ်ဝေ့ ခုနစ်ခုမြောက် စစ်ဆေးမှုကို အောင်မြင်ဖို့ ဆယ်ရက်ကျော်ကြာခဲ့သည်။ သို့သော် သူစီစဉ်ထားသကဲ့သို့ ပထမဆုံး အောင်မြင်သူ ဖြစ်နေဆဲ ဖြစ်သည်။
သူ စစ်ဆေးမှု ဖြတ်ကျော်သွားသည့်အခါ ဂိုဏ်းထဲမှ လူများလည်း အသံတိတ်သွားသည်။ တိတ်တဆိတ် ပြဿနာရှာနေကြသောသူများလည်း ငြိမ်ကျသွားသည်။
ဝမ်ဝေ့က ဂိုဏ်းထဲတွင် ဂုဏ်တက်ဖို့အတွက် ဤအခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။ ရက်ပိုင်းအတွင်းမှာ ဂိုဏ်းတပည့်များ၏ ပါးစပ်မှ သူ ကောင်းကြောင်းသတင်းများကို ကြားခဲ့ရသည်။