နောက်ဆုံးစစ်ဆေးမှု
Vol. 3 Ch. 30
အခန်း (၃၁) : နောက်ဆုံးစစ်ဆေးမှု
ဒုတိယအကြိမ် ကြိုးစားပြီးနောက် ဝမ်ဝေ့က စိတ်ဝိညာဉ်ကို ရက်ပိုင်းလောက် အနားပေးလိုက်ပြီး ရှေ့ဆက် ဘယ်လိုလုပ်ရမည်ကို စဉ်းစားခဲ့သည်။ သူ မျှော်နန်းဆောင်အတွက် ပုံကြမ်းဆွဲခဲ့စဉ်အခါက နောက်ဆုံး စစ်ဆေးမှုအတွက် ဘာအစီအစဉ်မှ မရှိခဲ့ပေ။ သူက အကြီးအကဲများအား စစ်ဆေးမှုကို ခက်ခဲကာ ကူကယ်ရာမဲ့မှု ပါဝင်သင့်ကြောင်းသာ ပြောခဲ့သည်။
အသေးစိတ်နှင့် အကြောင်းအရာအားလုံးကိုတော့ သူက မသိထားပေ။ စစ်ဆေးမှုက ပါဝင်စစ်ဆေးခံသူများကို ကူညီပေးရန် ဖြစ်သည့်အတွက် အရာအားလုံး သိထားခြင်းက နစ်နာစေလိမ့်မည်။
ရက်ပိုင်းလောက် အနားယူပြီးနောက် ဝမ်ဝေ့က ကိုးခုမြောက် စစ်ဆေးမှုအတွက် မျှော်နန်းဆောင်ထဲ ထပ်ဝင်သွားသည်။
သူ့တတိယအကြိမ်မြောက် ကြိုးစားမှုတွင် ဝမ်ဝေ့က ငါးခုမြောက် စစ်ဆေးမှုလိုမျိုး တူညီသည့် လမ်းကြောင်းကို ရွေးချယ်ခဲ့သည်။ သူက ဝါးမျိုခြင်းတာအိုကို ကျင့်ကြံသည့် နတ်ဆိုး ဖြစ်လာသည်။ သွေးသားနှင့် ဝိညာဉ်များစွာကို ဝါးမျိုခြင်းဖြင့် ဝမ်ဝေ့၏ ကျင့်ကြံဆင့်က ဒုတိယအကြိမ်နှင့် မယှဉ်နိုင်လောက်အောင် နယ်ပယ်အဆင့်ဆီ ရောက်ရှိသွားသည်။
သူ့မိဘများကိုတော့ သူက လေဟာနယ် ပြိုပျက်ကာ ကူးသန်းသွားလာဖို့ မဖြစ်နိုင်သည့် နေရာ၌ ဝှက်ထားလိုက်သည်။ ထို့နောက် သူက တူညီသည့် တောင်ပေါ်၌ ရန်သူကို ထပ်စောင့်နေလိုက်သည်။
ဆုံတွေ့ရမည့် အချိန်အခါ ရောက်လာသည့်အခါ အင်မတန် ကြီးမားသော လက်ကြီးက ကောင်းကင်မှ ဝမ်ဝေ့ဆီ ကျရောက်လာသည်။ ထိုအရာနှင့် ယှဉ်လိုက်ပါက ဝမ်ဝေ့သည် မတော်တဆ တက်နင်းခံရနိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။
သို့သော်လည်း ကိစ္စများက အရင်တစ်ခါကလို မဟုတ်ပေ။ လက်ကြီးက ဝမ်ဝေ့ဆီ ရောက်မလာဘဲ သူ့မိဘများကို ဝှက်ထားသည့် နေရာဆီ ဦးတည်သွားလေသည်။ ဝမ်ဝေ့က ထိုအရာကို သတိပြုမိကာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားလေ၏။ သူက ဒေါသတကြီးဖြင့် မီတာသုံးထောင် မြင့်မားသည့် ဧရာမလူကြီးအဖြစ် ပြောင်းလဲကာ လက်ကြီးဆီ ပျံသန်းသွားလိုက်သည်။
သူ ပျံသန်းလိုက်သည်နှင့် စက္ကန့်ပိုင်းလောက်အတွင်း ပေါက်ကွဲသံများစွာ ထွက်ပေါ်လာသည်။ ဝမ်ဝေ့၏ ပျံသန်းနှုန်း အရှိန်ကြောင့် သူ့လမ်းရှိ အရာအားလုံးကို ဖျက်စီးပစ်လေသည်။
သစ်အမျိုးမျိုးနှင့် ဆောက်လုပ်ထားသည့် အိမ်တို့ ပြိုကျပျက်စီးသွားကာ လေပြင်းပြင်းက လူများစွာအား အစိတ်စိတ်အပိုင်းပိုင်း ပြတ်သွားစေသည်။ တချို့ကံဆိုးသူများက ဧရာမ ဝမ်ဝေ့ ဖောက်ခွဲနေသည့် လမ်းကြောင်းထဲ ရောက်သွားကာ သွေးများ နေရာအနှံ့ ပြန့်ကျဲသွားသည်။
ဝမ်ဝေ့ လမ်းကြောင်း၌ ကျန်ရစ်ခဲ့သည်မှာ ပျက်စီးမှုနှင့် သေဆုံးမှုများ ဖြစ်၏။ လူများစွာက အိမ်ပြိုကျကာ သေဆုံးကြရသည်။ မြေပေါ်တွင် ပြန့်ကျဲနေသော အရိုးများပင် မြင်တွေ့နိုင်လေ၏။
ထို့အပြင် မီတာထောင်ချီ သွေးကြောင်းရာကြီးက အပေါ်စီးမှ ကြည့်လိုက်လျှင် ထင်းထွက်နေသည်။ ဤလမ်းက ဝမ်ဝေ့၏ မိဘများဆီ ဦးတည်နေသည်။
ဝမ်ဝေ့က ဒေါသတကြီးဖြင့် သူ့မိဘများဆီ ပျံသန်းသွားသည်။ သူက ဒီလက်ကြီးသည် သူ့မိဘများကို တန်းတိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်မထားပေ။ သူ့အတွက် ကံဆိုးသည်က သူ မည်မျှပျံသန်းနေစေကာမူ သူ့မိဘများဆီ အချိန်မီ မရောက်နိုင်ပေ။ လက်ကြီးက သူတို့ကို အဆုံးသတ်လိုက်ပြီးနောက် ဝမ်ဝေ့အား ရင်ဆိုင်လိုက်သည်။
ဝမ်ဝေ့က လက်ကြီးဆီ ရောက်သည့်အခါ တည့်တိုးဝင်တိုက်လိုက်သည်။ သူက မှော်စွမ်းအား အားလုံးကို ထုတ်သုံးလိုက်ပြီး လက်သီးပြင်းပြင်း ထိုးချလိုက်သည်။
ဤအားကောင်းလှသည့် လက်သီးချက်ဖြင့် ဝမ်ဝေ့အနားမှ လေဟာနယ်က ကွဲကြေသွားကာ အက်ကြောင်းများ ပေါ်ထွက်လာသည်။
ထိုလက်သီးချက်တွင် ဝမ်ဝေ့၏ အဆုံးမဲ့ ဒေါသကို ပေါက်ကွဲပစ်လိုစိတ်တို့ ကိန်းအောင်းနေသည်။ ထိုလက်သီးတစ်ချက်က အသက် သန်းပေါင်းများစွာကို ဖျက်စီးပစ်နိုင်ပြီး မြောက်အမေရိကလောက် ကြီးမားသည့် ကုန်းမြေကိုပင် နှစ်မြှပ်သွားအောင် လုပ်နိုင်သည်။
သို့သော်လည်း ထိုလက်သီးက မည်မျှအားကောင်းနေစေကာမူ သက်ရောက်မှု ကန့်သတ်ချက် ရှိနေသည်။ ထိုလက်သီးချက် ခံယူပြီးနောက် လက်ကြီးက အနည်းငယ်သာ တုန်သွားကာ စက္ကန့်ပိုင်းမျှသာ ရပ်တန့်သွားသည်။ ထို့နောက် ဝမ်ဝေ့ဆီ အဆုံးသတ်ပစ်ရမည့် သူ့တာဝန်ကို ထမ်းဆောင်ဖို့ ရောက်ရှိလာသည်။
ဝမ်ဝေ့က ထိုလက်သီးချက် သက်ရောက်မှု နည်းပါးသောကြောင့် သတ္တိမကြောင်သွားပေ။ လက်သီးတစ်ချက်က အလုပ်မဖြစ်လျှင် ဆယ်ချက် ဒါမှမဟုတ် အကြိမ်တစ်ရာ ဒါမှမဟုတ် အကြိမ်တစ်ထောင် ထိုးပစ်ရမည်။
ဘန်း ဘန်း ဘန်း
ကမ္ဘာအနှံ့ တုန်ခါသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ သက်ရှိအားလုံးက မီတာသုံးထောင်အမြင့်ရှိ ဧရာမလူသားကြီးသည် ဧရာမလက်ကြီးကို ဆက်တိုက် ထိုးနှက်နေကြောင်း မြင်တွေ့နေရသည်။ လက်သီးတစ်ချက်စီတိုင်းက ပေါက်ကွဲသံများကို ထွက်ပေါ်လာစေပြီး မြေပြင်ကို တုန်ခါသွားစေသည်။ ကမ္ဘာတစ်လွှားလုံး ထိုလက်သီးချက်များကြောင့် အံ့ဩတုန်လှုပ်နေကြ၏။
ထိုစဉ် ကောင်းကင်က ယခင်လို ငြိမ်းချမ်းဖွယ် အပြာရောင် မဟုတ်တော့ဘဲ အက်ကြောင်းအပြည့်နှင့် ထိတွေ့မိသူမှန်သမျှ ဖျက်ဆီးပစ်နိုင်သည့် ခရမ်းရောင်စွမ်းအားများ ထွက်ပေါ်နေသည်။
ဝေဟင်ထဲ ဝမ်ဝေ့ မျက်နှာမှ ချွေးများ စတင်စီးကျလာသည်။ လက်သီးအရေအတွက် တိုးမြင့်လိုက်သောကြောင့် သူ့သက်လုံ လျော့ကျလာရသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်ထဲမှ မှော်စွမ်းအားက ပြတ်လပ်တော့မည် ဖြစ်သော်လည်း လက်ကြီးအား ရပ်တန့်ဖို့ မပြောနှင့် ဒဏ်ရာပင် မပေးနိုင်သေးပေ။
ဝမ်ဝေ့က ဒီစစ်ဆေးမှုကို အောင်မြင်မည် မဟုတ်ကြောင်း ချက်ချင်း သဘောပေါက်သွားသည်။ သူ့အား စောင့်ကြိုနေသည့် တစ်ခုတည်းသောအရာမှာ သေခြင်းတရားသာ ဖြစ်၏။ ထိုအရာများ ဖြစ်လာလျှင်ပင် သူက လက်လျော့မည် မဟုတ်ပေ။ သူ ရှင်သန်နေသည့် စက္ကန့်တိုင်း နောက်ကြိုးစားမှုအတွက် အချက်အလက်ကို ပိုစုဆောင်းနိုင်လိမ့်မည်။
ကံဆိုးစွာဖြင့် သူက ကြာကြာမနေလိုက်ရပေ။ ဝမ်ဝေ့တစ်ယောက် သက်လုံကုန်ခမ်းသွားသည်နှင့် လက်ကြီး၏ စွမ်းအားက ကြောက်ခမန်းလိလိ တိုးလာကာ သူ့အား ရိုက်ချလိုက်သည်။
ဤတစ်ကြိမ် ဝမ်ဝေ့က အမှုန်အမွှားလေးအဖြစ် ပြောင်းသွားပြီး လေထဲ ပျောက်ကွယ်သွားခြင်းမျိုး မဟုတ်ပေ။ ဤတစ်ကြိမ် သေဆုံးမှုက ပိုနာကျင်ရ၏။
လက်ကြီးက သူ့ကို ရိုက်လိုက်သည့်အခါ သူ့အရည်ပြားက လောင်ကျွမ်းသွားပြီး ကြွက်သားအားလုံးက အစိတ်စိတ်အမြွာြမွာ စုတ်ပြဲကုန်သည်။ သူ့အရိုး ၂၀၆ ချောင်းလုံးလည်း အမှုန့်ဖြစ်သွားလေသည်။ ဦးနှောက်အပါအဝင် သူ့အတွင်းအင်္ဂါများက အရည်ပျော်ကျသွား၏။
ထိုအရာတွေအပြင် ဝမ်ဝေ့က ချက်ချင်း မသေသွားပေ။ သူ့အားကောင်းလှသည့် ခန္ဓာကိုယ် သို့မဟုတ် အတိအကျဆိုရလျှင် ခန္ဓာကိုယ် အကြွင်းအကျန်က သူ ဒဏ်ရာအပြင်းအထန် ရထားစေသော်လည်း အသက်ရှင်လျက် ထိန်းထားပေးသည်။
ဝမ်ဝေ့က ယိုယွင်းပျက်စီးနေသည့် ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ဒီလိုနာကျင်မှုမျိုးက ငရဲကြီး ၁၈ ထပ်၌ နှိပ်စက်မှုအမျိုးမျိုး ကြုံတွေ့လာရသည့် သူ့အတွက် ဘာမှမဟုတ်တော့ပေ။ သို့သော်လည်း သူ့အား နာကျင်မှုများစွာ ပေး၏။
ထို့နောက် ခေါင်းကွဲမတတ် ခေါင်းကိုက်မှုမျိုး ဖြစ်လာသည်။ သူက သူ့အစိတ်အပိုင်းတစ်ခု စုတ်ပြဲသွားသလိုမျိုး ခံစားလိုက်ရသည်။ သူ့အတွေ့အကြုံအရ ဒီနာကျင်မှုက ဝိညာဉ်ဆီ တိုက်ခိုက်၍ ဖြစ်လာမှန်း သိထားသည်။
သူက ခန္ဓာကိုယ်ကို လေ့လာလိုက်ရင်း သူ မသေခင် ဒီနာကျင်မှုကို အတော်အတန် ခံရဦးမည် ဖြစ်ကြောင်း သိလိုက်သည်။ ဝမ်ဝေ့က ထိုလက်ကြီးသည် သူ့အား မသတ်ခင် တတ်နိုင်သမျှ များများ ခံစားရအောင် လုပ်နေသည်ဟု မှန်းဆမိ၏။
ထိုအရာကို သိကာ ဝမ်ဝေ့သည် သူ့အား ကြည့်နေသည့် ကောင်းကင်ဘုံ အမျက်ဒေါသအား ကျေနပ်သွားစေအောင် လူးလိမ့်ခြင်းမျိုး လုပ်ဖို့ ငြင်းဆန်သည်။ ထိုလက်ကြီးဆီ သူသာ ဝပ်တွားခယတောင်းဆိုလိုက်လျှင် သဘောကျလောက်သည်။
သို့သော်လည်း ဝမ်ဝေ့က အရှုံးကို ဝန်ခံဖို့ ငြင်းဆန်မိသည်။ သူက နောက်ဆုံးအင်အားလေးဖြင့် သူ့ဝိညာဉ်ကို တိုက်ရိုက်ဖျက်ဆီးကာ သတ်သေပစ်လိုက်သည်။