အပိုင်း (၂၈၁) - ငါ့ကို ဆရာလို့သာခေါ်တော့
Vol. 003 Ch. 281
ရှီမာယူယူသည် လီမူကိုအနိုင်ရသောကြောင့် ထိုအခြေအနေသည် နဂါးတန်ပြန်မြို့တော်၏ တုန့်ပြန်မှုမှာ ရူးမတက်ဖြစ်နေကြသည်။ အကြောင်းမှာ အားလုံးသည် လောင်းကြေးအတွက် ပိုက်ဆံဆုံးရှုံးလိုက်ခြင်းကြောင့် မဟုတ်ပဲ အသက်၂၂နှစ်အရွယ် အဂ္ဂိရတ်ပညာရှင်သည် အဆင့် ၄ ရှိသော လီမူထက် အဆင့်မြင့်နေသောကြောင့် ပင်။ ကောင်းကင်မှပေးသော အရည်အချင်းတစ်ခုပင်။
ရှီမာမျိုးနွယ်သည် သူ့အား ထိုနှစ်တွေမှာ ဘာကြောင့် ဖွက်ထားသလဲဆိုသည်ကို အားလုံး ခန့်မှန်းနေကြသည်။ မဟုတ်ရင် သူတို့ ဘယ်လိုလုပ် ဒီလူအကြောင်းကို မသိစရာ အကြောင်းမရှိဘူးလေ။
သူတို့ ဇစ်မြစ်လိုက်လေလေ ရှီမာယူယူ၏ အကြောင်းမှာ ပေါ်လေဖြစ်သည်။
“ဘာ.. သူက လွန်ခဲ့တဲ့ ၂နှစ်က ရှီမာမျိုးနွယ်တစ်ခုလုံးကို ပြောင်းလဲပေးလိုက်တဲ့ ကလေးဟုတ်လား”
“သူက ဒုံချန်းတိုင်းပြည်က ဟုတ်လား”
“ဘုရားရေ လွန်ခဲ့တဲ့ ၂နှစ်က သူက ၁၉နှစ်ပဲရှိသေးတာ၊ သူ ဆိုဖီယာတောင်တန်းကိုတောင် ဖြတ်ရဲတယ်”
သူတို့အဖွဲ့ကလူတွေက အဂ္ဂိရတ်ပညာရှင်တင်မဟုတ်ပဲ လက်နက်ပညာရှင်ရော၊ သားရဲထိန်းကျောင်းသူ သခင်ရော ပါတယ်ဆိုပဲ၊ ဒီစုပေါင်းမှုကတော့ တကယ်ကြောက်ဖို့ကောင်းတယ်”
“ဟူး ယှဉ်လိုက်ရင်တော့ သေလောက်တယ်”
“အခုချိန်မှာ စိတ်ဓာတ်ကျနေတဲ့သူကတော့ လီမူပဲ သူ့ကိုတွေ့တိုင်း အစ်ကိုကြီးလို့ခေါ်ရတော့မယ်၊ ဟားဟား ကောင်းလိုက်တာ”
“အမှန်ပဲ သူက အမြဲဘဝင်မြင့်နေတာ၊ ဒီတစ်ခါတော့ မြေကြီးပေါ်ရောက်တာပဲ”
“တကယ် နေရထိုင်ရတာ ကောင်းသွားတာပဲ”
ရှီမာယူယူသည် နဂါးတန်ပြန်မြို့တွင် ဂယက်များ ဖန်တီးခဲ့သော်လည်း သူမသည် ထိုအကြောင်းများကို လုံးဝစိတ်မဝင်စားပေ။ သူမသည် စခန်းချရာနေရာသို့ ရှီမာမျိုးနွယ်ဝင်များနှင့် လာပြီး ဗိုက်ဖြည့်နေလေသည်။ စားရန်အချိန်ရောက်ပြီလေ။
“ဟူး ငါကျင့်ကြံနေတုန်းတော့ ဗိုက်မဆာပေမယ့် မကျင့်ကြံတာနဲ့ အချိန်ကျရင် ဗိုက်ဆာတာပဲ၊ ဘယ်လိုတွေဖြစ်နေတာလဲ” သူမ ညည်းညူလိုက်သည်။
“ဟူး… မင်း မင်းကတော့ အံ့ဖွယ်အဆင့်ရောက်တာတောင် အစားကြိုက်သေးတယ်”
ရုတ်တရက်ပင် နူးညံ့၍ ကြင်နာတတ်သောအသံထွက်ပေါ်လာရာ ရုတ်တရက် သူမ ခြေလှမ်းများ ရပ်တန့်သွားတော့သည်။
“ယူယူ ဘာဖြစ်တာလဲ” ဘေဂုံထန်မေးလိုက်သည်။
ရှီမာယူယူ သူမ စိတ်တွင် အနည်းငယ်နာကျင်ခြင်းကို ခံစားရ၍ ဘေဂုံထန်အားကြည့်ကာ ပြောလိုက် သည် “ဘာမှ မဟုတ်ပါဘူး၊ ငါရုတ်တရက် လူတစ်ယောက်ကို စဉ်းစားမိလိုက်လို့ပါ”
“ယူယူ မင်းရဲ့ ရုတ်တရက်ပြောင်းပြောင်းသွားတဲ့ စိတ်က ကြောက်ဖို့ကောင်းတယ်” ဖက်တီးကျူပြောလိုက်သည်။
“ငါဘယ်တုန်းကပြောင်းလို့လဲ ငါ အဆင်ပြေနေတာပဲမလား” ရှီမာယူယူ အတင်းပြုံးပြပြီး သက်ပြင်းချ ကာ ပြောလိုက်သည် “သွားရအောင် ဒီနေ့ည ငါ စားပွဲသောက်ပွဲလုပ်ချင်တယ် ဂုဏ်ပြုပွဲပေါ့”
“ကောင်းတယ် ကောင်းတယ်”
စားပွဲအပြည့် စားဖွယ်များပြင်ဆင်ရန် ရှီမာယူယူ အချိန်အတော်ကုန်ဆုံးလိုက်ရသည်။ ရှီမာမျိုးနွယ်ဝင် များသည် စားပွဲ ၂ခုအပြည့် အစားအသောက်များကို ပျော်ရွှင်စွာစားသောက်ကြလေသည်။ သူမသည်သာ ဟင်းရွက်များကို မှင်တက်စွာကြည့်နေမိသည်။
“ယူယူ ဒီဟင်းတွေက မင်းအမေကြိုက်တဲ့ဟင်းတွေပဲ” ဟိန်းသံလေးသည် စားပွဲတွင်ထိုင်ကာ အရိုးကိုက်ရင်း သူမအား တိတ်တိတ်လေးပြောလေသည်။
ရှီမာယူယူသည် စားပွဲအပြည့်ဟင်းများကို ကြည့်လိုက်သည်။ ဒီနေ့ ထိုကဲ့သို့အကြောင်းအရာများကို တွေးမိနေသလဲဆိုသည်ကို သူမ မသိတော့ပါ။ ထို့ကြောင့် သူမ စားချင်စိတ်မရှိတော့ပေ။
“အမေ….” သူမသည် ပန်းကန်လုံးထဲရှိ စွတ်ပြုတ်အားကြည့်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်သည်။
ရှီမာယူယူတွင် နာကျင်မှုဖြစ်ပေါ်နေသည်ကို အားလုံးခံစားရသဖြင့် သူမ ဘာဖြစ်နေသည်ကို နားမလည်ကြတော့ပေ။
“အမလေး မွှေးလိုက်တာ” လူအိုကြီး၏ အသံကွဲအက်အက်သည် လေထဲမှထွက်ပေါ်လာကာ ရှီမာယူယူ ၏ အာရုံကို ဖမ်းစားလိုက်သည်။
အားလုံးသည် အသံလာရာကိုကြည့်လိုက်ရာ ပိန်ပါးသောအဘိုးအိုသည် သူတို့တည်ဆောက်မှုကို လွယ်ကူစွာ ဖြတ်လာလေသည်။
“အဘိုးက ဘယ်သူလဲ” ရှီမာယူယန်သည် မတ်တတ်ရပ်ရင်း မေးလေသည်။
“ငါက ဒီအတိုင်း လူအိုတစ်ယောက်ပါပဲ” အဘိုးအိုသည် လျှောက်လာကာ စားပွဲအပြည့် ဟင်းပွဲများကို တွေ့သောအခါ သူ့မျက်လုံးများတောက်ပလာလေသည်။
ရှီမာယူယူ ခေါင်းထောင်လာကာ သူ့အားတွေ့သည်နှင့် အံ့သြစွာ အော်မိလေသည်။ “အဘိုးလား”
“အာ… မင်းက ဒီမှာလား” အဘိုးအိုသည် ရှီမာယူယူအားကြည့်ကာ လျှောက်သွားလေသည်။ သူသည် သူမ ဘေးတွင်ထိုင်နေသော ရှီမာယူလီအားဆွဲကာ ထိုင်ချလေသည်။ သူသည် တူကိုင်ကာ အသားတစ်တုံးကို ကောက်စားလိုက်လေသည်။
ရှီမာယူလီသည် အဆွဲခံလိုက်ရချိန်တွင် ဘာမှမတုန့်ပြန်မှုမရှိပေ။ သူသည် တစ်စုံတစ်ရာပြောချင် သော်လည်း ရှီမာယူယူခေါင်းရမ်းပြသဖြင့် စားပွဲဘေးသို့သာ သွားလိုက်သည်။
“အဘိုး ဒီကို ဘယ်လိုရောက်လာတာလဲ”
အဘိုးအိုသည် သန့်ရှင်းနေသော ဘေးသို့ အရိုးကိုပစ်ပြီး ပြောလိုက်လေသည် “မင်း သူများနဲ့ပြိုင်တဲ့ ပြိုင်ပွဲကို ငါစောင့်ကြည့်နေတာ၊ မင်းက အဂ္ဂိရတ်ပညာနဲ့ပတ်သက်ပြီး တော်မယ်လို့ထင်မထားဘူး၊ ပြီးတော့ ငါ မင်းကိုရှာဖို့ ငါမြို့ထဲလျှောက်သွားသေးတယ် ဒီရောက်နေမယ် ထင်မထားဘူး”
“ကျွန်တော့်ကို ရှာနေတာလား” ရှီမာယူယူ သူ့အား မျက်လုံးပြူးကာ ကြည့်ပြီး မေးလိုက်သည် “အဘိုး ကျွန်တော့်ကို ဘာလို့ရှာတာလဲ”
“မင်း ဆရာဘယ်သူလဲမေးချင်လို့ မင်းရဲ့ဆေးဖော်တဲ့နည်းလမ်းက အရမ်းထူးခြားတယ် သာမာန်လူ မဟုတ်ဘူးနဲ့ တူတယ်” အဘိုးအိုပြောလိုက်သည်။
“ကျွန်တော့်မှာ ဆရာမရှိပါဘူး၊ ကျွန်တော် ကံကောင်းလို့ မထင်မှတ်ပဲ ဆေးဖော်တဲ့နည်းလမ်းကို ရှာတွေ့ထားပါ” ရှီမာယူယူ ပြန်ဖြေသည်။
အဘိုးအိုသည် သူမအား စိုက်ကြည့်လိုက်သည်။ သူသည် စကားဆက်မပြောပေ။ အစားကိုသာ အာရုံစိုက်စားနေလေသည်။
သူ့တပည့်သာ ဒါကိုမြင်ပါက အစားအသောက်မက်တဲ့သူလို့ သေချာပေါက်ပြောမည်။
“ယူယူ ဒါဘယ်သူလဲ” ရှီမာယူယန် မေးလိုက်သည်။
“သူက ငါဒီနေ့တွေ့ခဲ့တဲ့ အဘိုး” ရှီမာယူယူ ပြောလိုက်သည် “ဘာမှမဟုတ်ပါဘူး အားလုံး ဆက်စားကြ”
အဘိုးအိုသည် မြင့်မြတ်သည့်လောကတွင် ရှိစဉ်ကပင် အစားအသောက်များစားခဲ့သည်။ ထို့ကြောင့် ဒီတစ်ခေါက် အစားအသောက်များရှေ့တွင် ပြေပြစ်နေခဲ့သည်။
သူသည် ပိန်ပါး၍ လူကောင်သေးသော်လည်း သူ၏ စားသောက်နိုင်စွမ်းမှာ ကြောက်စရာပင်ဖြစ်သည်။ အစားအစာ စားပွဲတစ်ဝက်လောက်မှာ သူ့ဗိုက်ထဲရောက်သွားပြီဖြစ်သည်။
“အရသာမဆိုးဘူး၊ ဘယ်သူလုပ်ထားတာလဲ” သူဗိုက်ပြည့်အောင်စားပြီးသောအခါ ဗိုက်ပွတ်ကာ မေးလိုက်သည်။
“ကျွန်တော် လုပ်ထားတာ” ရှီမာယူယူ ပြောလိုက်သည် “အဘိုးက လူကောင်သာသေးတာ ဘယ်လိုလုပ် အဲအစားအစာတွေအားလုံးကို ဘယ်လိုစားလိုက်တာလဲ”
“မင်းချက်ထားတာလား အားလုံးလား” အဘိုးအိုမေးလိုက်သည်။
“အကုန်တော့မဟုတ်ဘူး၊ ဘေဂုံထန်နဲ့ တခြားသူတွေလည်း ကူလုပ်ပေးထားတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
“မဆိုးဘူး မဆိုးဘူး” အဘိုးအို ခေါင်းညိတ်သည်။
“အဘိုး အဘိုးဘယ်သူလဲဆိုတာ ကျွန်တော်မသိသေးဘူး” သူမ မေးလိုက်သည်။
“တခြားသူတွေကတော့ နတ်ဆိုးအဘိုးလို့ခေါ်ကြတယ်” အဘိုးအို ပြောလိုက်သည်။
“အဘိုးက နတ်ဆိုးမျိုးနွယ်ကလား” ရှီမာယူယူသည် အံ့သြစွာမေးလိုက်သည်။
“မဖြစ်နိုင်တာ၊ ငါက နတ်ဆိုးမျိုးနွယ်က လူနဲ့တူနေလို့လား” အဘိုးအိုသည် စိတ်တိုလေသည်။
“အာ…မဟုတ်ပါဘူး မဟုတ်ပါဘူး” ရှီမာယူယူသည် အပြုံးဖြင့် မြှောက်ပင့်ပြောလေသည်။ ထို့နောက် သူမ ထပ်မေးလိုက်သည် “အဘိုးနတ်ဆိုး သုံးယွမ်ဆေးကိုဘယ်တော့ ဖော်တော့မှာလဲ”
“ဘာလို့လဲ” အဘိုးအိုသည် သွားကြားထိုးတံထုတ်ကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။
“ဟီး ဟီး ကျွန်တော်သိချင်လို့မရဘူးလား၊ သုံးယွမ်ဆေးဖော်တာ မမြင်ဖူးလို့” ရှီမာယူယူ ပြောလိုက်သည် “အဘိုးနတ်ဆိုး ဒီသုံးယွမ်ဆေးက ဖော်ရတာရှုပ်တယ်မလား၊ အကူလိုသေးလား”
“မင်းက ငါ့အကူလုပ်ချင်လို့လား” အဘိုးနတ်ဆိုးသည် သူမအား စိုက်ကြည့်လိုက်သည်။
ရှီမာယူယူခေါင်းညိတ်ကာ အားရပါးရပြုံးပြပြီး “ကျွန်တော် အရသာရှိတာတွေတောင်ချက်နိုင်တယ်၊ အဲဟင်းတွေက အရမ်းအရမ်း အရသာရှိတာ”
“မင်းက ငါ့ဆေးဖော်နည်းကို ယူချင်လို့လား” ရှီမာယူယူသည်၏ စိတ်အားထက်သန်မှုကိုမေးလိုက်သည်။
“ဟုတ်တယ် နတ်ဆိုးအဘိုး သဘောတူလား” ရှီမာယူယူ မငြင်းပေ။
“မင်းငါ့အတွက် အရသာရှိတာတွေ ထပ်ချက်ပေးနိုင်လား” အဘိုးအိုမေးလိုက်သည်။
“သဘောတူတယ်ဆိုရင် ငါလည်း သဘောတူတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမယ့် ငါဆေးဖော်တာကို ဘယ်သူ့မှအကြည့်မခံဘူး” အဘိုးနတ်ဆိုး ပြောလိုက်သည် “မင်း ငါ့ကို ဆရာလို့ခေါ်ပါလား၊ မင်း အရည်အချင်းအဆင့်က ငါ့တပည့်ဖြစ်ဖို့တော့ လုံလောက်ပါတယ်”
“ဟင်” ရှီမာယူယူ မှင်တက်သွားသည် “အဘိုးကို ဆရာတင်ရမှာလား”
“ဘာလို့လဲ ငါ့လို အဆင့် ၉ အဂ္ဂိရတ်ပညာရှင်က မင်းဆရာဖြစ်ဖို့ မလောက်သေးဘူးလား” အဘိုးနတ်ဆိုး မေးလိုက်သည်။
“မဟုတ်ပါဘူး မဟုတ်ပါဘူး” ရှီမာယူယူ ဘယ်လိုလုပ် ငြင်းရဲမလဲ။ “ကျွန်တော်တို့က ဒီနေ့ပဲတွေ့ရသေးတာလေ၊ ကျွန်တော် ဆရာတင်ဖို့ မမြန်လွန်းဖူးလား”
“ငါ့လို အဘိုးအိုကတော့ မင်းကို အဆင်ပြေတယ်ထင်တော့ တပည့်အဖြစ်လက်ခံနိုင်တယ်၊ ဟင်၊ ငါ့အံ့ဖွယ်နတ်ဆိုးတောင်ကြားကို ဝင်ချင်တဲ့သူများနေတာ ဒါပေမယ့် မဝင်ကြရဘူး” အဘိုးနတ်ဆိုး ပြောလိုက်သည်။
သူတို့ဘေးတွင်ထိုင်နေသော ဘေဂုံထန်သည် ရုတ်တရက်ခေါင်းထောင်ကာ အံ့သြစွာအော်လိုက်လေသည် “အံ့ဖွယ်နတ်ဆိုးတောင်ကြားဟုတ်လား”